''Hello wife'' ** Myanmar Tra...

By Shu1999

38.2K 4.3K 135

ML....Wei Chu FML....SuLe Both Zawgyi and Unicode are available 😊 More

Chapter 1: ထြက္သြား လူလိမ္ေကာင္
Chapter 2 : ဘဝက သိပ္ကို ျပဇာတ္ဆန္တယ္
Chapter 3 : ေက်ာင္းသားေဟာင္းေတြ႔ဆံုပြဲ
Chapter 4 : တည္ၿငိမ္လွတဲ့အတန္းေဖာ္ SuLe
Chapter 5 : အရသာ
Chapter 6 : ဆြဲေဆာင္ျခင္း အစ
Chapter 7 : သူ႔အိမ္တြင္းဝင္ေရာက္ျခင္း
Chapter 8 : လွပေသာ အထင္လြဲမွားမႈတစ္ခု
Chapter 9 : အရမ္းေတြးေနမိတာလား?
story description
Chapter 10 : ေယာက်္ားေကာင္းမ်ား
Chapter 11 : လုပ္ငန္း႐ွင္ပါတီ
Chapter 12 : လုပ္ငန္း႐ွင္ပါတီ ဒုတိယပိုင္း
Chapter 14 : ပိုက္ဆံလိုအပ္မေနဘူး
Chapter 15 : အေရထူတယ္
Chapter 16 : ျပံဳးေနတဲ့မ်က္ႏွာေလး

Chapter 13 : လုပ္ငန္း႐ွင္ပါတီ တတိယပိုင္း

1.3K 228 4
By Shu1999

***Zawgyi***

"SuLe တိုက္ဆိုင္လိုက္တာ ''
ZhaungWei ဟာ LinQi နဲ႔ ေဘးခ်င္းယွဥ္ ထိုင္မယ့္အစား SuLe နဲ႔မ်က္ႏွာခ်င္းဆိုင္က ဆိုဖာေပၚမွာ ထိုင္လိုက္တယ္

SuLe ကေတာ့ တိုက္ဆိုင္မႈလို႔မခံစားရဘူး
LinQi နဲ႔ၾကံဳတာကို သူမက ကံဆိုးမႈလို႔ပဲေခၚတယ္ ဒါေပမယ့္ ႏွစ္ေယာက္လံုးကိုတစ္ခ်ိန္ထဲျမင္ရေတာ့ သူမရဲ႕ကံကေတာ္ေတာ္ေလးကို ဆိုးရြားေနတယ္လို႔ သူမထင္မိတယ္

ဒီေလာကႀကီးမွာ ကိုယ္မုန္းတဲ့သူက ကိုယ့္ေ႐ွ႕မွာဆက္တိုက္ေပၚလာရင္ ျဖစ္တတ္တဲ့ တစ္မ်ိဳးတစ္ဖံုေသာ စိတ္ဒုကၡကို လူေတြခံစားရတယ္
အဲ့တာကို ကံမေကာင္း ဆိုးရြားတဲ့ဆက္ႏြယ္မႈလို႔ လူသိမ်ားတယ္....ZhaungWei ကို ျပန္မေျပာခင္ SuLe ဟာ သူမက ယဥ္ေက်းၿပီး အေတြ႕အၾကံဳရင့္တဲ့သူလို႔ သူမစိတ္ထဲမွာ ထပ္တလဲလဲေျပာေနမိတယ္

"ဟုတ္ပါ့
တိုက္ဆိုင္လိုက္တာ ''

"မင္းက WeiChu ရဲ႕အေဖာ္အေနနဲ႔ ဒီပါတီကိုလာတာလား ''
ZhaungWei ရဲ႕အသံေနအသံထားဟာ စစ္ေမးေနတဲ့အရိပ္အေယာင္ေတြပါေလတယ္

ဒီေမးခြန္းကိုဘယ္လိုေျဖရမလဲ ခ်င့္ခ်ိန္ေနရင္း SuLe မ်က္ေတာင္ခတ္ကာ
"႐ွင္က ကြၽန္မရဲ႕ကိုယ္ေရးကိုယ္တာကို စိတ္ဝင္စားလို႔လား '' ေလွာင္ရယ္မႈအလင္းတန္းဟာ သူမမ်က္လံုးထဲ ဖ်က္ေျပးသြားတယ္

ဒီကိုလာၿပီး သူမကိုေလွာင္ရေအာင္ ZhaungWei ဆိုတဲ့သူ႔မွာ ဘာအရည္အခ်င္းေတြမ်ား႐ွိလို႔လဲ......?

LinQi ကစေျပာလာတာေၾကာင့္ ZhaungWei ေျပာခ်င္တာေတြဟာ ရပ္တန္႔ခံလိုက္ရတယ္
"SuLe နင့္ႏွလံုးသားထဲမွာ ငါ့ကိုမုန္းေနမွန္း ငါသိပါတယ္ ဒါေပမယ့္ လူတစ္ေယာက္ကို သူ႔ေနာက္ကြယ္မွာ ထိခိုက္ေအာင္လုပ္တာကေတာ့ အရမ္းလြန္သြားၿပီ ''.

"ငါက နင့္ကိုဘာလို႔မုန္းရမွာလဲ ''
SuLe သေရာ္လိုက္တယ္ သူမရဲ႕ေလွာင္ေျပာင္မႈကိုလည္း မဖံုးကြယ္ပဲ ဆက္ေျပာတယ္
"တစ္ျခားလူေတြက နင့္ကိုမႀကိဳက္တာက ငါနဲ႔ကဘာဆိုင္သြားလို႔လဲ ''
SuLe ဟာ LinQi ကိုအထက္ေအာက္ၾကည့္ၿပီး ZhaungWei ကိုျပန္လွည့္ကာေျပာလိုက္တယ္
"႐ွင့္အႀကိဳက္က တကယ္ပဲ သိပ္မဆိုးလွပါဘူး''

ZhaungWei မ်က္ႏွာထားဟာ အႀကိမ္မ်ားစြာ ေျပာင္းလဲသြားတယ္ LinQi ဝတ္စားလာပံုနဲ႔ မိတ္ကပ္ျပင္လာပံုဟာ ဒီညပြဲအတြက္ မသင့္ေတာ္ေလဘူး...ဒါေပမယ့္ သူ႔ကို SuLe ဒီလိုေျပာတာကိုၾကားရေတာ့ သူမ်က္ႏွာပ်က္တယ္လို႔ ခံစားလိုက္ရတယ္....

ZhaungWei မ်က္ႏွာထားမွာ ေျပာင္းလဲမႈေတြကိုျမင္ေတာ့ SuLe တစ္စကၠန္႔ေလာက္ ေပါ့ေပါ့ပါးပါး ရယ္မိသြားတယ္ ၿပီးမွ LinQi ကိုေအးစက္စက္ျပန္ၾကည့္ၿပီး ဒီညအတြက္ ပထမဆံုးအႀကိမ္အေနနဲ႔ SuLe ဟာ ၾကမ္းတမ္းတဲ့စကားေတြကိုေျပာလိုက္တယ္

"နင့္ကိုယ္နင္ ထူးျခားတယ္လို႔ ထင္မေနနဲ႔
ေနာက္ဆံုးမွာ နင္က ဒီတိုင္းကစားစရာေလးပဲ ၿပီးေတာ့ နင္က နင့္ကိုယ္နင္ေတာင္မေလးစားမွေတာ့ ငါ့ေ႐ွ႕မွာဘယ္ေတာ့မွ ထပ္ေပၚမလာနဲ႔
နင္က ZhaungWei ရဲ႕မိန္းမ ျဖစ္လာႏိုင္မွာ မဟုတ္ဘူး တကယ္လို႔ ျဖစ္ခဲ့ရင္ေတာင္ နင္ကငါ့ထက္သာဦးမွာ မဟုတ္ေသးဘူး ''

Zhaungမိသားစုထဲက အႀကီးႏွစ္ေယာက္က LinQi လိုလူမ်ိဳးကို Zhaung မိသားစုထဲ လံုးဝေပးဝင္မွာမဟုတ္ဘူး SuLe က ဒီကိစၥကို LinQi ထက္ပိုျပီး ႐ွင္း႐ွင္းလင္းလင္းသိတယ္

SuLe ဟာ ZhaungWei ကိုေရာ LinQi ကိုေရာ က်ိန္စာတိုက္လိုက္တယ္ ZhaungWei ရဲ႕မ်က္ႏွာကို ေျမႀကီးေပၚပစ္ခ်ၿပီး နင္းေခ်လိုက္သလိုပဲ ZhaungWei မ်က္ႏွာေပၚက အမူအရာဟာ ေတာ္ေတာ္ေလးကို ႐ုပ္ဆိုးေနတယ္

LinQi ဟာ ဆက္ၿပီး သည္းမခံႏိုင္ေတာ့ေလဘူး
"WeiChu ေပၚမွီခိုေနတဲ့ နင့္ကိုယ္နင္ေရာ အရမ္းအံ့ျသစရာေကာင္းတယ္လို႔မ်ား ထင္ေနတာလား''
LinQi ဟာ စူးစူးဝါးဝါး ေျပာလိုက္တယ္

"မတူတဲ့လူေတြကေတာ့ ကိစၥရပ္ေတြကို မတူတဲ့နည္းနဲ႔ျမင္မွာပဲ
လူတိုင္းကို နင္နဲ႔တူတူပဲလို႔ ထင္ေနတာလား အငယ္အေႏွာင္းလုပ္တယ္ တစ္ျခားသူေတြရဲ႕ဆက္ဆံေရးကိုဖ်က္ဆီးတယ္
ခ်မ္းသာတဲ့လူအေပၚ မွီခိုတယ္ '' SuLe ဟာ ေအးစက္စြာ ေထ့ေငါ့လိုက္တယ္
" လူေတြကို အ႐ွက္ရေအာင္လုပ္ဖို႔
နင့္ရဲ႕ေပါ့တန္မႈ မိုက္မဲမႈေတြကို ေဖာ္ထုတ္မေနနဲ႔''
SuLe ရပ္လိုက္ၿပီး ထြက္သြားဖို႔ျပင္လိုက္တယ္

မဲေမွာင္ေနတဲ့မ်က္ႏွာနဲ႔ LinQi ဟာ SuLe ကို႐ိုက္ဖို႔ လက္ကိုေျမႇာက္လိုက္ေပမယ့္ SuLe ဟာ အခ်ိန္မွီတံု႔ျပန္လိုက္ႏိုင္ၿပီး LinQi ရဲ႕လက္ေကာက္ဝတ္ကို ဖမ္းကိုင္လိုက္တယ္ သူမရဲ႕ဆုပ္ကိုင္မႈထဲ ဖိအားထည့္ရင္း SuLe ဟာ ေအာင္ေအာင္ျမင္ျမင္နဲ႔ LinQi ရဲ႕မ်က္ႏွာကို ျဖဴေဖ်ာ့သြားေအာင္ လုပ္လိုက္ေလတယ္ ခ်က္ခ်င္းထရပ္လာေလတဲ့ ZhaungWei ကို တည္ၿငိမ္စြာၾကည့္ရင္း SuLe ေျပာလိုက္တယ္

"ရွင့္မိန္းမကို ေသခ်ာထိန္းထား
ထြက္လာၿပီး ႐ူး႐ူးႏွမ္းႏွမ္းေတြ လုပ္ခြင့္မေပးစမ္းနဲ႔
မ်က္ႏွာပ်က္ရမွာက ကြၽန္မ မဟုတ္ပဲ ရွင္တို႔Zhaung မိသားစု ေနာ္ ''

SuLe ဟာ LinQi လက္ေကာက္ဝတ္ကို ပစ္ခ်လိုက္ၿပီး သူမကို ယိုင္သြားေစခဲ့တယ္

LinQi ဟာ ေဒါသတႀကီးနဲ႔ SuLe ကို႐ိုက္ဖို႔ ထပ္မံလက္ေျမႇာက္လိုက္ေပမယ့္ သူမဟာ ထပ္ၿပီး အတားခံရျပန္တယ္ ဒီတစ္ခါေတာ့ သူမကို တားတဲ့လူဟာ WeiChuပဲ ျဖစ္တယ္....

WeiChu က အျမဲလိုလို လူေတြအာရံုစိုက္တာ ခံေနရတဲ့ လူတစ္ေယာက္ဆိုေတာ့ WeiChu ရဲ႕ အျပဳအမူကို တစ္ျခားလူေတြ သတိထားမိသြားေလတယ္ ျပႆနာျဖစ္ေစတဲ့အမ်ိဳးသမီးဟာ အေဖာ္အခြၽတ္မယ္တစ္ေယာက္လို ဝတ္စားလာေလတဲ့ ZhaungWei ရဲ႕အေဖာ္ဆိုတာကို ျမင္ေတာ့ သူတို႔အားလံုးဟာ ႐ွင္းျပမယ့္သူေတာင္မလိုပဲ အလိုလိုသိနားလည္သြားၾကတယ္

Liang Quang ေဘးမွာရပ္ေနတဲ့ TangYao ကေတာ့ မ်က္ခံုးပင့္ကာ ေျပာေလတယ္
"အဲ့ဒီမိန္းမရဲ႕အျပဳအမူေတြက သိကၡာကိုမ႐ွိဘူး
ေစာေစာက ကြၽန္မတို႔အခ်င္းခ်င္း စကားေျပာေနတုန္းကလည္း လံုးဝ ယဥ္ေက်းမႈ မ႐ွိဘူး သူကဘာလို႔ SuLe လို ေပါင္းရသင္းရလြယ္တဲ့လူကိုမွ ပါးခ်ဖို႔ ၾကိဳးစားေနရတာလဲ ''

TangYao ေျပာတာကိုၾကားလိုက္တဲ့ တစ္ျခားဧည့္သည္ေတြအကုန္လံုးက သူတို႔ရဲ႕အေတြးကိုယ္စီနဲ႔ LinQi နဲ႔ ZhaungWei ကို ထူးဆန္းစြာၾကည့္ေလတယ္

ဒီလူ႔အသိုင္းအဝိုင္းမွာ ေနသားက်ေနၿပီျဖစ္တဲ့ ZhaungWei ဟာေတာ့ ဘာေတြျဖစ္ေနၿပီ ဆိုတာကို အလိုအေလ်ာက္ နားလည္လိုက္တာေၾကာင့္ LinQi ကို ေအးစက္စက္ၾကည့္ကာ
"မင္း မူးေနၿပီ အိမ္ျပန္ေတာ့ ''

LinQi ဟာ ZhaungWei ဘက္လွည့္ကာ မ်က္ႏွာမူလိုက္ရင္း
" ZhaungWei
အခုလက္႐ွိ ႐ွင့္ခ်စ္သူက ကြၽန္မေနာ္''

လူတိုင္းဟာ ႐ုတ္တရက္ နားလည္သြားတဲ့အၾကည့္ေတြ ျဖစ္တည္လာေပမယ့္ SuLe ရဲ႕တည္ၿငိမ္လွတဲ့အမူအရာကို ၾကည့္လိုက္ျပန္ေတာ့လည္း သူတို႔ကိုယ္သူတို႔ သံသယဝင္ၿပီး သူတို႔မွန္းတာ မွားသြားၿပီလားလို႔ ေတြးမိလိုက္ၾကတယ္

WeiChu ဟာ ျဖစ္ပ်က္ေနတဲ့ ပြဲကို နည္းနည္းေလးမွ အာရံုမစိုက္ပဲ လက္လွမ္းကာ SuLe ပုခံုးကိုကိုင္လိုက္တယ္ ၿပီးေတာ့ သူ႔ရဲ႕တစ္ျခားလက္တစ္ဖက္ကို သံုးၿပီး သစ္သီးတစ္ပန္းကန္ကို SuLe ဆီေပးရင္း
"ေစာေစာက မင္း သစ္သီးစားခ်င္တယ္လို႔ေျပာလို႔
ကိုယ္ မင္းအတြက္ နည္းနည္းယူလာခဲ့တယ္ ''

SuLe ျပံဳးကာ ကီဝီသီးတစ္စိတ္ကို သူမပါးစပ္ထဲထည့္ရင္း
"ေက်းဇူးပါ ''

SuLe ရဲ႕စိတ္အေျခအေနဟာ ေကာင္းမြန္ေနေသးမွန္း WeiChu ဆန္းစစ္ၿပီးတာနဲ႔ ZhaungWei ဘက္လွည့္ၾကည့္ရင္း
"သခင္ေလး Zhaung
ကြၽန္ေတာ့္ရဲ႕အေဖာ္က သခင္ေလးရဲ႕ေကာင္မေလးကို လူေတြကိုပါး႐ိုက္ေစတဲ့အထိ ဘယ္လိုအမွားေတြ လုပ္ခဲ့မိလဲ မသိပါဘူး ''

ZhaungWei ဟာ စိတ္ပ်က္ေနတဲ့မ်က္ႏွာထားနဲ႔ ျပန္ေျဖေလတယ္
"ကြၽန္ေတာ္ တကယ္ စိတ္မေကာင္းပါဘူး
သူက တကယ္ေတာ့ ကြၽန္ေတာ့္အတြင္းေရးမႉးပါ
တကယ္ႀကီး ဒီလိုေတြျဖစ္လာမယ္လို႔ ကြၽန္ေတာ္လံုးဝမေတြးခဲ့မိဘူး
သူ႔ကို မနက္ျဖန္က် အလုပ္ထုတ္လိုက္ပါ့မယ္
ဥကၠ႒ Wei က ဟာသလို႔ပဲျမင္ေပးပါ ''

"ဒါဆို ဒီလိုျဖစ္သြားတာေပါ့
ကိုယ္ တကယ္ထင္ေနတာက ဒီပံုမွန္မဟုတ္တဲ့စိတ္ေနစိတ္ထားနဲ႔ မိန္းကေလးက မင္းရဲ႕ေကာင္မေလးလို႔ေလ ''
ေျပာၿပီးတာနဲ႔ WeiChu ရဲ႕အၾကည့္ေတြဟာ LinQi ဆီေရာက္သြားတယ္
"SuLe က စိတ္သေဘာထား သိမ္ေမြ႔တဲ့လူပါ
အဲ့တာေၾကာင့္ သူက မင္းကိုတစ္ခုခု အမွားလုပ္ခဲ့မိရင္ မိန္းကေလးကပဲ သေဘာထားႀကီးႀကီးနဲ႔ ခြင့္လႊတ္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္''

စစ္ခ်ီဖို႔ ဆုတ္ခြာျပတယ္
တိုက္ခိုက္ဖို႔ ကာကြယ္ျပတယ္

(ေျခႏွစ္လွမ္းလွမ္းဖို႔ ေျခတစ္လွမ္းဆုတ္တယ္)

ေတာင္းပန္တဲ့သူဟာ WeiChu ဆိုေပမယ့္လည္း ဒီေတာင္းပန္မႈကိုၾကားတဲ့ဘယ္သူမဆို ZhaungWei ရဲ႕အေဖာ္က ပံုမက်ဘူးလို႔ပဲ ေတြးမွာ
TangYao ဟာ စိတ္ထဲက သက္ျပင္းခ်လိုက္တယ္
WeiChu က LinQi အတြက္ ထြက္ေပါက္ခ်န္ထားဖို႔ စီစဥ္မေနဘူးဆိုတာ သိသာေနတယ္ ၾကည့္ရတာ SuLe က သူ႔အတြက္ ေတာ္ေတာ္ကိုအေရးပါပံုပဲ

"SuLe နဲ႔ WeiChu ၾကားက ဆက္ဆံေရးက ဘာမ်ားလဲ''
LiangGuang ဟာ TangYao ကိုတိတ္ဆိတ္စြာ ေမးလိုက္တယ္

"ကြၽန္မလည္း အဲ့တာကို သိပ္ေတာ့မ႐ွင္းဘူး
ဒါေပမယ့္ WeiChu က SuLe ကို သေဘာက်ေနတယ္ ဆိုတာေတာ့ က်ိန္းေသတယ္''
TangYao ဟာ မ်က္ေမွာင္က်ံဳ႕လိုက္တယ္
"ၿပီးေတာ့ ZhaungWei က ဘာေတြေတြးေနတာလဲ ကြၽန္မ မသိေတာ့ဘူး
သူ႔ကိုမ်က္ႏွာပ်က္ေစရံုပဲ႐ွိတဲ့ အဲ့လိုမိန္းမမ်ိဳးကို ေခၚလာတယ္ ဒီပါတီရဲ႕ၿငိမ္းခ်မ္းမႈေလးကို ဖ်က္ဆီးတယ္ ''

"သူကိုက မ်က္ႏွာပ်က္ခ်င္လို႔ အဲ့အမ်ိဳးသမီးကို ေခၚလာခ်င္တာေလ ကိုယ္တို႔တားလို႔မွမရတာ''
Liang Guang ဟာ ေလွာင္ျပံဳးျပံဳးလိုက္တယ္
"Zhaung မိသားစုက ဒီလိုပဲဆိုတာ ေပၚသြားတာေပါ့''

WeiChu ရဲ႕စကားေတြမွာ တစ္ျခားအဓိပၸါယ္ေတြ႐ွိတယ္ဆိုတာ LinQi သိတယ္ သူမက SuLe ကို ေငးၾကည့္ၿပီး ေျခာက္ကပ္ကပ္ရယ္ကာ
"သူသာ စိတ္သေဘာထား သိမ္ေမြ႔မေနရင္
အထားခဲ့ခံရမွာလည္း မဟုတ္ဘူး ''

ထိုစကားလံုးေတြက ေတာ္ေတာ္ေလးကို႐ွက္စရာေကာင္းၿပီး မေလ်ာ္ကန္တဲ့ခံစားခ်က္ကို ေပးစြမ္းေနတယ္ WeiChu ဟာ မ်က္ေမွာင္က်ံဳ႕လိုက္တယ္ Zhaung Wei ရဲ႕မ်က္ႏွာထားဟာေတာ့ ဆိုးလြန္းလို႔ ဒီထက္ပိုဆိုးစရာေတာင္ မ႐ွိေတာ့ဘူး

LinQi ဟာ ဒရမ္မာေတြ ေတာ္ေတာ္ၾကည့္ထားတာပဲလို႔ SuLe ေတြးလိုက္တယ္ မဟုတ္ရင္ လုပ္ငန္း႐ွင္ပါတီကိုတက္ဖို႔နဲ႔ ဒီလိုမ်ိဳးေတြ ဘာလို႔ဝတ္လာမွာလဲ ? ဒီမွာ ဒီလိုေတြျဖစ္ပ်က္ေအာင္ ဘာလို႔လုပ္မွာလဲ? ႐ွိေနတဲ့လူေတြအကုန္လံုးက ဂုဏ္သေရ႐ွိလူေတြ
အဲ့ဒီေတာ့ ဒီမွာမ်က္ႏွာပ်က္တာက အနည္းဆံုး ေနာက္ႏွစ္အနည္းငယ္ေလာက္ေနတာ့ ဒီလူ႔အသိုင္းအဝိုင္းထဲကို ျပန္လာႏိုင္ေတာ့မွာ မဟုတ္ေလာက္ဘူး ဆိုတဲ့သေဘာပဲ
တစ္ျခားလူေတြ သူမကိုမွတ္မိၿပီး သူမရဲ႕စ႐ိုက္က ျပႆနာ႐ွိတယ္လို႔သာ ေျပာပါၿပီရဲ႕ ဒါဆို သူမက ဒီလူ႔အသိုင္းအဝိုင္းထဲကို ဘယ္မ်က္ႏွာနဲ႔ ျပန္လာရဲေတာ့မွာလဲ

"SuLe''
ChenYue ဟာ ႐ုတ္တရက္ တစ္ေနရာရာက ေပၚလာတယ္ သူမဟာ အရင္ဆံုး WeiChu ကို ႏႈတ္ဆက္လိုက္ၿပီး LinQi နဲ႔ ZhaungWei ကို အံ့အားသင့္စြာ ၾကည့္လိုက္တယ္
"ZhaungWei နင္ ဘာလို႔ SuLe ကို အေႏွာင့္အယွက္ေပးေနေသးတာလဲ
သူနင့္ကိုမႀကိဳက္ဘူးလို႔ ေျပာၿပီးသားေလ
ၿပီးေတာ့ LinQi နင္ကေရာဘာျဖစ္ေနတာလဲ
ဘာလို႔ SuLe ကိုပဲ ဆက္တိုက္ အေႏွာင့္အယွက္ေပးေနတာလဲ နင္တို႔က တစ္ၿမိဳ႕သားထဲေတြမို႔ SuLe က နင့္အေပၚသည္းခံေပးရင္ေတာင္မွ LinQi နင္ဘက္က အရမ္းလြန္လြန္က်ဴးက်ဴးေတြ မျပဳမူသင့္ပါဘူး''

ဘဝက ျပဇာတ္ဆန္တယ္
နင္က ဇာတ္ဟန္ပါပါ မျပဳမူရင္ ငါလုပ္မယ္ ၿပီးေတာ့
ဘယ္သူမွ ဇာတ္ဟန္ပါပါျပဳမူမေနရင္ တစ္ေယာက္ေယာက္ နင္အဲ့လိုလုပ္ဖို႔ အေၾကာင္းျပခ်က္ေပးလိမ့္မယ္
သူမကို ChenYue က ကာကြယ္ေနတာကို SuLe နားေထာင္ေနၿပီး ႐ုတ္တရက္ေတြးလိုက္တယ္.....ဒါက ေတာ္ေတာ္ႀကီးကို ဇာတ္လမ္းဆန္လြန္းသြားၿပီ

ဒါေပမယ့္လည္း သူမကိုကာကြယ္ေပးလို႔ ChenYue ဟာ သူ႔အေဖအတြက္ ျပႆနာျဖစ္ေအာင္လုပ္မိမွာကိုလည္း SuLe စိတ္ပူတယ္

အဲ့ဒီေတာ့ ဒါက ဒီလိုကိုး...........
လူတိုင္းဟာ အၾကည့္ပံုစံအမ်ိဳးမ်ိဳးနဲ႔ LinQi နဲ႔ ZhaungWei ကို ၾကည့္ေနေလတယ္
မသကၤာတဲ့အၾကည့္ေတြ
ထင္ျမင္ယူဆခ်က္အၾကည့္ေတြ
ရမ္းသန္းမွန္းဆတဲ့အၾကည့္ေတြ

ေနာက္ဆံုးေတာ့ ZhaungWei ဟာ လံုးဝကို ဆက္ထိန္းမထားႏိုင္ေတာ့ပဲ LinQi ဘက္လွည့္ကာ မ်က္ႏွာခ်င္းဆိုင္ရင္း ေျပာလိုက္တယ္
" မင္းကို အလုပ္ျဖဳတ္လိုက္ၿပီ
မနက္ျဖန္က်ရင္ HR ဌာနကို မင္းအတြက္ ထုတ္ပယ္စာ ထုတ္ေပးဖို႔ ငါ အသိေပးလိုက္မယ္''

LinQi ကိုေျပာၿပီးတာနဲ႔ လွည့္ကာ SuLe ကိုေျပာျပန္တယ္
"SuLe ကိုယ္ေတာင္းပန္ပါတယ္
တကယ္တမ္း LinQi က ဒီလိုလူမ်ိဳးဆိုတာ ကိုယ္မသိခဲ့ဘူး သူက ကိုယ့္ရဲ႕အတြင္းေရးမႉး ဆိုရင္ေတာင္မွပဲ ကိုယ္တို႔Zhaung မိသားစုက အဲ့လိုဝန္ထမ္းမ်ိဳးကို ဆက္ထားမွာမဟုတ္ဘူး ''

ZhaungWei ရဲ႕လုပ္ေဆာင္ခ်က္က အရမ္းကို ရက္စက္လြန္းတယ္ Zhaung မိသားစုကိုမ်က္ႏွာမပ်က္ေစခ်င္တာနဲ႔ LinQi ကိုပဲ ေခ်ာက္တြန္းခ်လိုက္တယ္

SuLe ဟာ ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာထားနဲ႔ LinQi ကို ၾကည့္လိုက္ၿပီး စိတ္ထဲကပဲ သက္ျပင္းခ်လိုက္တယ္
ခ်မ္းသာတဲ့လူေတြက ဒီလိုပံုပဲ
နင္နဲ႔ကစားေနတဲ့အခ်ိန္ေတာ့ နင့္ကိုနာမည္ႀကီးတံဆိပ္နဲ႔ လက္ဝတ္လက္စားေတြ ကားေတြ လက္ေဆာင္ေပးလိမ့္မယ္ ဒါေပမယ့္ သူတို႔ နင့္ကို ထပ္ၿပီးအလိုမ႐ွိေတာ့တာနဲ႔ နင္က ပုပ္သိုးေနတဲ့ စိတ္ပ်က္စရာ အ႐ုပ္တစ္႐ုပ္သာသာပဲ
အဲ့ဒီအခ်ိန္က်ရင္ နင့္ကို သူတို႔မ်က္စိေ႐ွ႕ကေန ခ်က္ခ်င္း ေပ်ာက္ကြယ္သြားဖို႔ ဆုေတာင္းေနလိမ့္မယ္

LinQi သာ နည္းနည္းေလးပိုၿပီး လိမၼာပါးနပ္ခဲ့ရင္ ဒီအဆင့္ထိ ျပဳတ္က်သြားမွာမဟုတ္ဘူး
အနည္းဆံုးေတာ့ ZhaungWei သူမကို အလိုမ႐ွိေတာ့ရင္ေတာင္ ဒီလိုမ်ိဳးေတာ့ အ႐ွက္ခြဲမွာ မဟုတ္ဘူး......

"ဒါက နားလည္မႈလြဲတာသက္သက္ရယ္ပါ
သခင္ေလးZhaung က အရမ္းႀကီး စိတ္ထဲထည့္ထားစရာမလိုပါဘူး ''
SuLe ဟာ LinQi ကို ကူညီဖို႔ေလာက္ထိ အရမ္းႀကီး သေဘာထားမႀကီးေလတာေၾကာင့္ တစ္ဖက္လွည့္ကာ ChenYue လက္ကိုဆြဲလိုက္ရင္း
"နင္လည္း ဒီမွာ႐ွိေနမယ္ဆိုတာသာ
ငါေစာေစာက သိခဲ့ရင္ ဟိုးအရင္ထဲက နင့္ကိုအေသအခ်ာ လိုက္႐ွာေနၿပီ
လာ တစ္ေနရာရာသြားၿပီး စကားေျပာရေအာင္ ''
သူမ ChenYue နဲ႔ထြက္သြားေတာ့ WeiChu ေပးခဲ့တဲ့ သစ္သီးပန္ကန္ကိုယူသြားဖို႔ပါ SuLe သတိရေလတယ္

ေ႐ွာင္ေျပးဖို႔ ေကာင္းလိုက္တဲ့အခြင့္အေရး
႐ူးႏွမ္းေနတဲ့လူေတြသာ ဆက္ေနမွာ
LinQi သာ ထပ္ၿပီး ႐ူးသြပ္သြားဖို႔ ဆံုးျဖတ္လိုက္ရင္
SuLe မ်က္ႏွာမပ်က္ရင္ေတာင္မွ ခံစားရဦးမွာပဲ
Zhaung Wei နဲ႔ WeiChu က ေနာက္ဆက္တြဲေတြကို ဘယ္လို ကိုင္တြယ္မလဲ ဆိုတာကေတာ့ သူတို႔ရဲ႕ကိစၥျဖစ္သြားၿပီ

ေထာင့္တစ္ေနရာက ဆိုဖာေပၚမွာထိုင္ၿပီးေနာက္ SuLe သက္ျပင္းတစ္ခ်က္ မႈတ္ထုတ္လိုက္တယ္
"မိဖုရားေခါင္ႀကီး႐ွင့္ အ႐ွင္ေရာက္လာတာ ကြၽန္ေတာ္မ်ိဳးမအတြက္ေတာ့ တကယ္ကို ကံေကာင္းေထာက္မတာပါပဲ မဟုတ္ရင္ အဲ့တာကို ဘယ္လိုအဆံုးသတ္ရမလဲ ကြၽန္ေတာ္မ်ိဳးမ သိဦးမွာမဟုတ္ဘူး ''

"နင္ဘာေတြေၾကာက္ေနတာလဲ
နင့္ကိုကူညီဖို႔ စီနီယာ Wei ႐ွိေနေသးတာပဲကို ''
ChenYue ဟာ ႏွင္းသစ္ေတာ္သီး တစ္စိတ္ကို ပါးစပ္ထဲ ထည့္ရင္း
"ၿပီးေတာ့လည္း LinQi က ေတာ္ေတာ္ေလး အ႐ွက္မ႐ွိတာပဲ ငါေဘးမွာလာမရပ္ေနခင္ကဆို တစ္ျခားလူေတြ သူ႔ကို ေလွာင္ေနတာၾကားခဲ့ရတယ္''

SuLe မ်က္ခံုးပင့္လိုက္ေပမယ့္ ဘာမွတ္ခ်က္မွေတာ့မေပးေလဘူး

" ZhaungWei ကပဲ LinQi ကို အေတာ္ေလး ရက္ရက္စက္စက္ ဆက္ဆံခဲ့တယ္ ''
ChenYue သက္ျပင္းခ်လိုက္တယ္
"ဒါေပမယ့္ ZhaungWei လည္း မွားတာပဲ
LinQi ဒီလိုဝတ္စားလာတာျမင္ရင္ သူက ပိုၿပီးသင့္ေတာ္တဲ့တစ္ခုခုေျပာင္းဝတ္ခိုင္းခဲ့သင့္တာ အခုေတာ့ အဲ့ဒီအစား သူ႔အေပၚ တက္နင္းခ်သြားတယ္ ''

"သူ႔ကိုပ်င္းသြားလို႔ေနမွာေပါ့ ''
SuLe ေလွာင္ျပံဳးျပံဳးကာ ႏွင္းသစ္ေတာ္သီး တစ္စိတ္ကို သူမပါးစပ္ထဲထည့္လိုက္ျပန္တယ္
Mmmmmmm တကယ္ကို ခ်ိဳလိုက္တာ

#TBC

***Unicode***

"SuLe တိုက်ဆိုင်လိုက်တာ ''
ZhaungWei ဟာ LinQi နဲ့ ဘေးချင်းယှဉ် ထိုင်မယ့်အစား SuLe နဲ့မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်

SuLe ကတော့ တိုက်ဆိုင်မှုလို့မခံစားရဘူး
LinQi နဲ့ကြုံတာကို သူမက ကံဆိုးမှုလို့ပဲခေါ်တယ် ဒါပေမယ့် နှစ်ယောက်လုံးကိုတစ်ချိန်ထဲမြင်ရတော့ သူမရဲ့ကံကတော်တော်လေးကို ဆိုးရွားနေတယ်လို့ သူမထင်မိတယ်

ဒီလောကကြီးမှာ ကိုယ်မုန်းတဲ့သူက ကိုယ့်ရှေ့မှာဆက်တိုက်ပေါ်လာရင် ဖြစ်တတ်တဲ့ တစ်မျိုးတစ်ဖုံသော စိတ်ဒုက္ခကို လူတွေခံစားရတယ်
အဲ့တာကို ကံမကောင်း ဆိုးရွားတဲ့ဆက်နွယ်မှုလို့ လူသိများတယ်....ZhaungWei ကို ပြန်မပြောခင် SuLe ဟာ သူမက ယဉ်ကျေးပြီး အတွေ့အကြုံရင့်တဲ့သူလို့ သူမစိတ်ထဲမှာ ထပ်တလဲလဲပြောနေမိတယ်

"ဟုတ်ပါ့
တိုက်ဆိုင်လိုက်တာ ''

"မင်းက WeiChu ရဲ့အဖော်အနေနဲ့ ဒီပါတီကိုလာတာလား ''
ZhaungWei ရဲ့အသံနေအသံထားဟာ စစ်မေးနေတဲ့အရိပ်အယောင်တွေပါလေတယ်

ဒီမေးခွန်းကိုဘယ်လိုဖြေရမလဲ ချင့်ချိန်နေရင်း SuLe မျက်တောင်ခတ်ကာ
"ရှင်က ကျွန်မရဲ့ကိုယ်ရေးကိုယ်တာကို စိတ်ဝင်စားလို့လား '' လှောင်ရယ်မှုအလင်းတန်းဟာ သူမမျက်လုံးထဲ ဖျက်ပြေးသွားတယ်

ဒီကိုလာပြီး သူမကိုလှောင်ရအောင် ZhaungWei ဆိုတဲ့သူ့မှာ ဘာအရည်အချင်းတွေများရှိလို့လဲ......?

LinQi ကစပြောလာတာကြောင့် ZhaungWei ပြောချင်တာတွေဟာ ရပ်တန့်ခံလိုက်ရတယ်
"SuLe နင့်နှလုံးသားထဲမှာ ငါ့ကိုမုန်းနေမှန်း ငါသိပါတယ် ဒါပေမယ့် လူတစ်ယောက်ကို သူ့နောက်ကွယ်မှာ ထိခိုက်အောင်လုပ်တာကတော့ အရမ်းလွန်သွားပြီ ''.

"ငါက နင့်ကိုဘာလို့မုန်းရမှာလဲ ''
SuLe သရော်လိုက်တယ် သူမရဲ့လှောင်ပြောင်မှုကိုလည်း မဖုံးကွယ်ပဲ ဆက်ပြောတယ်
"တစ်ခြားလူတွေက နင့်ကိုမကြိုက်တာက ငါနဲ့ကဘာဆိုင်သွားလို့လဲ ''
SuLe ဟာ LinQi ကိုအထက်အောက်ကြည့်ပြီး ZhaungWei ကိုပြန်လှည့်ကာပြောလိုက်တယ်
"ရှင့်အကြိုက်က တကယ်ပဲ သိပ်မဆိုးလှပါဘူး''

ZhaungWei မျက်နှာထားဟာ အကြိမ်များစွာ ပြောင်းလဲသွားတယ် LinQi ဝတ်စားလာပုံနဲ့ မိတ်ကပ်ပြင်လာပုံဟာ ဒီညပွဲအတွက် မသင့်တော်လေဘူး...ဒါပေမယ့် သူ့ကို SuLe ဒီလိုပြောတာကိုကြားရတော့ သူမျက်နှာပျက်တယ်လို့ ခံစားလိုက်ရတယ်....

ZhaungWei မျက်နှာထားမှာ ပြောင်းလဲမှုတွေကိုမြင်တော့ SuLe တစ်စက္ကန့်လောက် ပေါ့ပေါ့ပါးပါး ရယ်မိသွားတယ် ပြီးမှ LinQi ကိုအေးစက်စက်ပြန်ကြည့်ပြီး ဒီညအတွက် ပထမဆုံးအကြိမ်အနေနဲ့ SuLe ဟာ ကြမ်းတမ်းတဲ့စကားတွေကိုပြောလိုက်တယ်

"နင့်ကိုယ်နင် ထူးခြားတယ်လို့ ထင်မနေနဲ့
နောက်ဆုံးမှာ နင်က ဒီတိုင်းကစားစရာလေးပဲ ပြီးတော့ နင်က နင့်ကိုယ်နင်တောင်မလေးစားမှတော့ ငါ့ရှေ့မှာဘယ်တော့မှ ထပ်ပေါ်မလာနဲ့
နင်က ZhaungWei ရဲ့မိန်းမ ဖြစ်လာနိုင်မှာ မဟုတ်ဘူး တကယ်လို့ ဖြစ်ခဲ့ရင်တောင် နင်ကငါ့ထက်သာဦးမှာ မဟုတ်သေးဘူး ''

Zhaungမိသားစုထဲက အကြီးနှစ်ယောက်က LinQi လိုလူမျိုးကို Zhaung မိသားစုထဲ လုံးဝပေးဝင်မှာမဟုတ်ဘူး SuLe က ဒီကိစ္စကို LinQi ထက်ပိုပြီး ရှင်းရှင်းလင်းလင်းသိတယ်

SuLe ဟာ ZhaungWei ကိုရော LinQi ကိုရော ကျိန်စာတိုက်လိုက်တယ် ZhaungWei ရဲ့မျက်နှာကို မြေကြီးပေါ်ပစ်ချပြီး နင်းချေလိုက်သလိုပဲ ZhaungWei မျက်နှာပေါ်က အမူအရာဟာ တော်တော်လေးကို ရုပ်ဆိုးနေတယ်

LinQi ဟာ ဆက်ပြီး သည်းမခံနိုင်တော့လေဘူး
"WeiChu ပေါ်မှီခိုနေတဲ့ နင့်ကိုယ်နင်ရော အရမ်းအံ့သြစရာကောင်းတယ်လို့များ ထင်နေတာလား''
LinQi ဟာ စူးစူးဝါးဝါး ပြောလိုက်တယ်

"မတူတဲ့လူတွေကတော့ ကိစ္စရပ်တွေကို မတူတဲ့နည်းနဲ့မြင်မှာပဲ
လူတိုင်းကို နင်နဲ့တူတူပဲလို့ ထင်နေတာလား အငယ်အနှောင်းလုပ်တယ် တစ်ခြားသူတွေရဲ့ဆက်ဆံရေးကိုဖျက်ဆီးတယ်
ချမ်းသာတဲ့လူအပေါ် မှီခိုတယ် '' SuLe ဟာ အေးစက်စွာ ထေ့ငေါ့လိုက်တယ်
" လူတွေကို အရှက်ရအောင်လုပ်ဖို့
နင့်ရဲ့ပေါ့တန်မှု မိုက်မဲမှုတွေကို ဖော်ထုတ်မနေနဲ့''
SuLe ရပ်လိုက်ပြီး ထွက်သွားဖို့ပြင်လိုက်တယ်

မဲမှောင်နေတဲ့မျက်နှာနဲ့ LinQi ဟာ SuLe ကိုရိုက်ဖို့ လက်ကိုမြှောက်လိုက်ပေမယ့် SuLe ဟာ အချိန်မှီတုံ့ပြန်လိုက်နိုင်ပြီး LinQi ရဲ့လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်တယ် သူမရဲ့ဆုပ်ကိုင်မှုထဲ ဖိအားထည့်ရင်း SuLe ဟာ အောင်အောင်မြင်မြင်နဲ့ LinQi ရဲ့မျက်နှာကို ဖြူဖျော့သွားအောင် လုပ်လိုက်လေတယ် ချက်ချင်းထရပ်လာလေတဲ့ ZhaungWei ကို တည်ငြိမ်စွာကြည့်ရင်း SuLe ပြောလိုက်တယ်

"ရှင့်မိန်းမကို သေချာထိန်းထား
ထွက်လာပြီး ရူးရူးနှမ်းနှမ်းတွေ လုပ်ခွင့်မပေးစမ်းနဲ့
မျက်နှာပျက်ရမှာက ကျွန်မ မဟုတ်ပဲ ရှင်တို့Zhaung မိသားစု နော် ''

SuLe ဟာ LinQi လက်ကောက်ဝတ်ကို ပစ်ချလိုက်ပြီး သူမကို ယိုင်သွားစေခဲ့တယ်

LinQi ဟာ ဒေါသတကြီးနဲ့ SuLe ကိုရိုက်ဖို့ ထပ်မံလက်မြှောက်လိုက်ပေမယ့် သူမဟာ ထပ်ပြီး အတားခံရပြန်တယ် ဒီတစ်ခါတော့ သူမကို တားတဲ့လူဟာ WeiChuပဲ ဖြစ်တယ်....

WeiChu က အမြဲလိုလို လူတွေအာရုံစိုက်တာ ခံနေရတဲ့ လူတစ်ယောက်ဆိုတော့ WeiChu ရဲ့ အပြုအမူကို တစ်ခြားလူတွေ သတိထားမိသွားလေတယ် ပြဿနာဖြစ်စေတဲ့အမျိုးသမီးဟာ အဖော်အချွတ်မယ်တစ်ယောက်လို ဝတ်စားလာလေတဲ့ ZhaungWei ရဲ့အဖော်ဆိုတာကို မြင်တော့ သူတို့အားလုံးဟာ ရှင်းပြမယ့်သူတောင်မလိုပဲ အလိုလိုသိနားလည်သွားကြတယ်

Liang Quang ဘေးမှာရပ်နေတဲ့ TangYao ကတော့ မျက်ခုံးပင့်ကာ ပြောလေတယ်
"အဲ့ဒီမိန်းမရဲ့အပြုအမူတွေက သိက္ခာကိုမရှိဘူး
စောစောက ကျွန်မတို့အချင်းချင်း စကားပြောနေတုန်းကလည်း လုံးဝ ယဉ်ကျေးမှု မရှိဘူး သူကဘာလို့ SuLe လို ပေါင်းရသင်းရလွယ်တဲ့လူကိုမှ ပါးချဖို့ ကြိုးစားနေရတာလဲ ''

TangYao ပြောတာကိုကြားလိုက်တဲ့ တစ်ခြားဧည့်သည်တွေအကုန်လုံးက သူတို့ရဲ့အတွေးကိုယ်စီနဲ့ LinQi နဲ့ ZhaungWei ကို ထူးဆန်းစွာကြည့်လေတယ်

ဒီလူ့အသိုင်းအဝိုင်းမှာ နေသားကျနေပြီဖြစ်တဲ့ ZhaungWei ဟာတော့ ဘာတွေဖြစ်နေပြီ ဆိုတာကို အလိုအလျောက် နားလည်လိုက်တာကြောင့် LinQi ကို အေးစက်စက်ကြည့်ကာ
"မင်း မူးနေပြီ အိမ်ပြန်တော့ ''

LinQi ဟာ ZhaungWei ဘက်လှည့်ကာ မျက်နှာမူလိုက်ရင်း
" ZhaungWei
အခုလက်ရှိ ရှင့်ချစ်သူက ကျွန်မနော်''

လူတိုင်းဟာ ရုတ်တရက် နားလည်သွားတဲ့အကြည့်တွေ ဖြစ်တည်လာပေမယ့် SuLe ရဲ့တည်ငြိမ်လှတဲ့အမူအရာကို ကြည့်လိုက်ပြန်တော့လည်း သူတို့ကိုယ်သူတို့ သံသယဝင်ပြီး သူတို့မှန်းတာ မှားသွားပြီလားလို့ တွေးမိလိုက်ကြတယ်

WeiChu ဟာ ဖြစ်ပျက်နေတဲ့ ပွဲကို နည်းနည်းလေးမှ အာရုံမစိုက်ပဲ လက်လှမ်းကာ SuLe ပုခုံးကိုကိုင်လိုက်တယ် ပြီးတော့ သူ့ရဲ့တစ်ခြားလက်တစ်ဖက်ကို သုံးပြီး သစ်သီးတစ်ပန်းကန်ကို SuLe ဆီပေးရင်း
"စောစောက မင်း သစ်သီးစားချင်တယ်လို့ပြောလို့
ကိုယ် မင်းအတွက် နည်းနည်းယူလာခဲ့တယ် ''

SuLe ပြုံးကာ ကီဝီသီးတစ်စိတ်ကို သူမပါးစပ်ထဲထည့်ရင်း
"ကျေးဇူးပါ ''

SuLe ရဲ့စိတ်အခြေအနေဟာ ကောင်းမွန်နေသေးမှန်း WeiChu ဆန်းစစ်ပြီးတာနဲ့ ZhaungWei ဘက်လှည့်ကြည့်ရင်း
"သခင်လေး Zhaung
ကျွန်တော့်ရဲ့အဖော်က သခင်လေးရဲ့ကောင်မလေးကို လူတွေကိုပါးရိုက်စေတဲ့အထိ ဘယ်လိုအမှားတွေ လုပ်ခဲ့မိလဲ မသိပါဘူး ''

ZhaungWei ဟာ စိတ်ပျက်နေတဲ့မျက်နှာထားနဲ့ ပြန်ဖြေလေတယ်
"ကျွန်တော် တကယ် စိတ်မကောင်းပါဘူး
သူက တကယ်တော့ ကျွန်တော့်အတွင်းရေးမှူးပါ
တကယ်ကြီး ဒီလိုတွေဖြစ်လာမယ်လို့ ကျွန်တော်လုံးဝမတွေးခဲ့မိဘူး
သူ့ကို မနက်ဖြန်ကျ အလုပ်ထုတ်လိုက်ပါ့မယ်
ဥက္ကဋ္ဌ Wei က ဟာသလို့ပဲမြင်ပေးပါ ''

"ဒါဆို ဒီလိုဖြစ်သွားတာပေါ့
ကိုယ် တကယ်ထင်နေတာက ဒီပုံမှန်မဟုတ်တဲ့စိတ်နေစိတ်ထားနဲ့ မိန်းကလေးက မင်းရဲ့ကောင်မလေးလို့လေ ''
ပြောပြီးတာနဲ့ WeiChu ရဲ့အကြည့်တွေဟာ LinQi ဆီရောက်သွားတယ်
"SuLe က စိတ်သဘောထား သိမ်မွေ့တဲ့လူပါ
အဲ့တာကြောင့် သူက မင်းကိုတစ်ခုခု အမှားလုပ်ခဲ့မိရင် မိန်းကလေးကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်''

စစ်ချီဖို့ ဆုတ်ခွာပြတယ်
တိုက်ခိုက်ဖို့ ကာကွယ်ပြတယ်

(ခြေနှစ်လှမ်းလှမ်းဖို့ ခြေတစ်လှမ်းဆုတ်တယ်)

တောင်းပန်တဲ့သူဟာ WeiChu ဆိုပေမယ့်လည်း ဒီတောင်းပန်မှုကိုကြားတဲ့ဘယ်သူမဆို ZhaungWei ရဲ့အဖော်က ပုံမကျဘူးလို့ပဲ တွေးမှာ
TangYao ဟာ စိတ်ထဲက သက်ပြင်းချလိုက်တယ်
WeiChu က LinQi အတွက် ထွက်ပေါက်ချန်ထားဖို့ စီစဉ်မနေဘူးဆိုတာ သိသာနေတယ် ကြည့်ရတာ SuLe က သူ့အတွက် တော်တော်ကိုအရေးပါပုံပဲ

"SuLe နဲ့ WeiChu ကြားက ဆက်ဆံရေးက ဘာများလဲ''
LiangGuang ဟာ TangYao ကိုတိတ်ဆိတ်စွာ မေးလိုက်တယ်

"ကျွန်မလည်း အဲ့တာကို သိပ်တော့မရှင်းဘူး
ဒါပေမယ့် WeiChu က SuLe ကို သဘောကျနေတယ် ဆိုတာတော့ ကျိန်းသေတယ်''
TangYao ဟာ မျက်မှောင်ကျုံ့လိုက်တယ်
"ပြီးတော့ ZhaungWei က ဘာတွေတွေးနေတာလဲ ကျွန်မ မသိတော့ဘူး
သူ့ကိုမျက်နှာပျက်စေရုံပဲရှိတဲ့ အဲ့လိုမိန်းမမျိုးကို ခေါ်လာတယ် ဒီပါတီရဲ့ငြိမ်းချမ်းမှုလေးကို ဖျက်ဆီးတယ် ''

"သူကိုက မျက်နှာပျက်ချင်လို့ အဲ့အမျိုးသမီးကို ခေါ်လာချင်တာလေ ကိုယ်တို့တားလို့မှမရတာ''
Liang Guang ဟာ လှောင်ပြုံးပြုံးလိုက်တယ်
"Zhaung မိသားစုက ဒီလိုပဲဆိုတာ ပေါ်သွားတာပေါ့''

WeiChu ရဲ့စကားတွေမှာ တစ်ခြားအဓိပ္ပါယ်တွေရှိတယ်ဆိုတာ LinQi သိတယ် သူမက SuLe ကို ငေးကြည့်ပြီး ခြောက်ကပ်ကပ်ရယ်ကာ
"သူသာ စိတ်သဘောထား သိမ်မွေ့မနေရင်
အထားခဲ့ခံရမှာလည်း မဟုတ်ဘူး ''

ထိုစကားလုံးတွေက တော်တော်လေးကိုရှက်စရာကောင်းပြီး မလျော်ကန်တဲ့ခံစားချက်ကို ပေးစွမ်းနေတယ် WeiChu ဟာ မျက်မှောင်ကျုံ့လိုက်တယ် Zhaung Wei ရဲ့မျက်နှာထားဟာတော့ ဆိုးလွန်းလို့ ဒီထက်ပိုဆိုးစရာတောင် မရှိတော့ဘူး

LinQi ဟာ ဒရမ်မာတွေ တော်တော်ကြည့်ထားတာပဲလို့ SuLe တွေးလိုက်တယ် မဟုတ်ရင် လုပ်ငန်းရှင်ပါတီကိုတက်ဖို့နဲ့ ဒီလိုမျိုးတွေ ဘာလို့ဝတ်လာမှာလဲ ? ဒီမှာ ဒီလိုတွေဖြစ်ပျက်အောင် ဘာလို့လုပ်မှာလဲ? ရှိနေတဲ့လူတွေအကုန်လုံးက ဂုဏ်သရေရှိလူတွေ
အဲ့ဒီတော့ ဒီမှာမျက်နှာပျက်တာက အနည်းဆုံး နောက်နှစ်အနည်းငယ်လောက်နေတာ့ ဒီလူ့အသိုင်းအဝိုင်းထဲကို ပြန်လာနိုင်တော့မှာ မဟုတ်လောက်ဘူး ဆိုတဲ့သဘောပဲ
တစ်ခြားလူတွေ သူမကိုမှတ်မိပြီး သူမရဲ့စရိုက်က ပြဿနာရှိတယ်လို့သာ ပြောပါပြီရဲ့ ဒါဆို သူမက ဒီလူ့အသိုင်းအဝိုင်းထဲကို ဘယ်မျက်နှာနဲ့ ပြန်လာရဲတော့မှာလဲ

"SuLe''
ChenYue ဟာ ရုတ်တရက် တစ်နေရာရာက ပေါ်လာတယ် သူမဟာ အရင်ဆုံး WeiChu ကို နှုတ်ဆက်လိုက်ပြီး LinQi နဲ့ ZhaungWei ကို အံ့အားသင့်စွာ ကြည့်လိုက်တယ်
"ZhaungWei နင် ဘာလို့ SuLe ကို အနှောင့်အယှက်ပေးနေသေးတာလဲ
သူနင့်ကိုမကြိုက်ဘူးလို့ ပြောပြီးသားလေ
ပြီးတော့ LinQi နင်ကရောဘာဖြစ်နေတာလဲ
ဘာလို့ SuLe ကိုပဲ ဆက်တိုက် အနှောင့်အယှက်ပေးနေတာလဲ နင်တို့က တစ်မြို့သားထဲတွေမို့ SuLe က နင့်အပေါ်သည်းခံပေးရင်တောင်မှ LinQi နင်ဘက်က အရမ်းလွန်လွန်ကျူးကျူးတွေ မပြုမူသင့်ပါဘူး''

ဘဝက ပြဇာတ်ဆန်တယ်
နင်က ဇာတ်ဟန်ပါပါ မပြုမူရင် ငါလုပ်မယ် ပြီးတော့
ဘယ်သူမှ ဇာတ်ဟန်ပါပါပြုမူမနေရင် တစ်ယောက်ယောက် နင်အဲ့လိုလုပ်ဖို့ အကြောင်းပြချက်ပေးလိမ့်မယ်
သူမကို ChenYue က ကာကွယ်နေတာကို SuLe နားထောင်နေပြီး ရုတ်တရက်တွေးလိုက်တယ်.....ဒါက တော်တော်ကြီးကို ဇာတ်လမ်းဆန်လွန်းသွားပြီ

ဒါပေမယ့်လည်း သူမကိုကာကွယ်ပေးလို့ ChenYue ဟာ သူ့အဖေအတွက် ပြဿနာဖြစ်အောင်လုပ်မိမှာကိုလည်း SuLe စိတ်ပူတယ်

အဲ့ဒီတော့ ဒါက ဒီလိုကိုး...........
လူတိုင်းဟာ အကြည့်ပုံစံအမျိုးမျိုးနဲ့ LinQi နဲ့ ZhaungWei ကို ကြည့်နေလေတယ်
မသင်္ကာတဲ့အကြည့်တွေ
ထင်မြင်ယူဆချက်အကြည့်တွေ
ရမ်းသန်းမှန်းဆတဲ့အကြည့်တွေ

နောက်ဆုံးတော့ ZhaungWei ဟာ လုံးဝကို ဆက်ထိန်းမထားနိုင်တော့ပဲ LinQi ဘက်လှည့်ကာ မျက်နှာချင်းဆိုင်ရင်း ပြောလိုက်တယ်
" မင်းကို အလုပ်ဖြုတ်လိုက်ပြီ
မနက်ဖြန်ကျရင် HR ဌာနကို မင်းအတွက် ထုတ်ပယ်စာ ထုတ်ပေးဖို့ ငါ အသိပေးလိုက်မယ်''

LinQi ကိုပြောပြီးတာနဲ့ လှည့်ကာ SuLe ကိုပြောပြန်တယ်
"SuLe ကိုယ်တောင်းပန်ပါတယ်
တကယ်တမ်း LinQi က ဒီလိုလူမျိုးဆိုတာ ကိုယ်မသိခဲ့ဘူး သူက ကိုယ့်ရဲ့အတွင်းရေးမှူး ဆိုရင်တောင်မှပဲ ကိုယ်တို့Zhaung မိသားစုက အဲ့လိုဝန်ထမ်းမျိုးကို ဆက်ထားမှာမဟုတ်ဘူး ''

ZhaungWei ရဲ့လုပ်ဆောင်ချက်က အရမ်းကို ရက်စက်လွန်းတယ် Zhaung မိသားစုကိုမျက်နှာမပျက်စေချင်တာနဲ့ LinQi ကိုပဲ ချောက်တွန်းချလိုက်တယ်

SuLe ဟာ ဖြူဖျော့နေတဲ့မျက်နှာထားနဲ့ LinQi ကို ကြည့်လိုက်ပြီး စိတ်ထဲကပဲ သက်ပြင်းချလိုက်တယ်
ချမ်းသာတဲ့လူတွေက ဒီလိုပုံပဲ
နင်နဲ့ကစားနေတဲ့အချိန်တော့ နင့်ကိုနာမည်ကြီးတံဆိပ်နဲ့ လက်ဝတ်လက်စားတွေ ကားတွေ လက်ဆောင်ပေးလိမ့်မယ် ဒါပေမယ့် သူတို့ နင့်ကို ထပ်ပြီးအလိုမရှိတော့တာနဲ့ နင်က ပုပ်သိုးနေတဲ့ စိတ်ပျက်စရာ အရုပ်တစ်ရုပ်သာသာပဲ
အဲ့ဒီအချိန်ကျရင် နင့်ကို သူတို့မျက်စိရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားဖို့ ဆုတောင်းနေလိမ့်မယ်

LinQi သာ နည်းနည်းလေးပိုပြီး လိမ္မာပါးနပ်ခဲ့ရင် ဒီအဆင့်ထိ ပြုတ်ကျသွားမှာမဟုတ်ဘူး
အနည်းဆုံးတော့ ZhaungWei သူမကို အလိုမရှိတော့ရင်တောင် ဒီလိုမျိုးတော့ အရှက်ခွဲမှာ မဟုတ်ဘူး......

"ဒါက နားလည်မှုလွဲတာသက်သက်ရယ်ပါ
သခင်လေးZhaung က အရမ်းကြီး စိတ်ထဲထည့်ထားစရာမလိုပါဘူး ''
SuLe ဟာ LinQi ကို ကူညီဖို့လောက်ထိ အရမ်းကြီး သဘောထားမကြီးလေတာကြောင့် တစ်ဖက်လှည့်ကာ ChenYue လက်ကိုဆွဲလိုက်ရင်း
"နင်လည်း ဒီမှာရှိနေမယ်ဆိုတာသာ
ငါစောစောက သိခဲ့ရင် ဟိုးအရင်ထဲက နင့်ကိုအသေအချာ လိုက်ရှာနေပြီ
လာ တစ်နေရာရာသွားပြီး စကားပြောရအောင် ''
သူမ ChenYue နဲ့ထွက်သွားတော့ WeiChu ပေးခဲ့တဲ့ သစ်သီးပန်ကန်ကိုယူသွားဖို့ပါ SuLe သတိရလေတယ်

ရှောင်ပြေးဖို့ ကောင်းလိုက်တဲ့အခွင့်အရေး
ရူးနှမ်းနေတဲ့လူတွေသာ ဆက်နေမှာ
LinQi သာ ထပ်ပြီး ရူးသွပ်သွားဖို့ ဆုံးဖြတ်လိုက်ရင်
SuLe မျက်နှာမပျက်ရင်တောင်မှ ခံစားရဦးမှာပဲ
Zhaung Wei နဲ့ WeiChu က နောက်ဆက်တွဲတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကတော့ သူတို့ရဲ့ကိစ္စဖြစ်သွားပြီ

ထောင့်တစ်နေရာက ဆိုဖာပေါ်မှာထိုင်ပြီးနောက် SuLe သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တယ်
"မိဖုရားခေါင်ကြီးရှင့် အရှင်ရောက်လာတာ ကျွန်တော်မျိုးမအတွက်တော့ တကယ်ကို ကံကောင်းထောက်မတာပါပဲ မဟုတ်ရင် အဲ့တာကို ဘယ်လိုအဆုံးသတ်ရမလဲ ကျွန်တော်မျိုးမ သိဦးမှာမဟုတ်ဘူး ''

"နင်ဘာတွေကြောက်နေတာလဲ
နင့်ကိုကူညီဖို့ စီနီယာ Wei ရှိနေသေးတာပဲကို ''
ChenYue ဟာ နှင်းသစ်တော်သီး တစ်စိတ်ကို ပါးစပ်ထဲ ထည့်ရင်း
"ပြီးတော့လည်း LinQi က တော်တော်လေး အရှက်မရှိတာပဲ ငါဘေးမှာလာမရပ်နေခင်ကဆို တစ်ခြားလူတွေ သူ့ကို လှောင်နေတာကြားခဲ့ရတယ်''

SuLe မျက်ခုံးပင့်လိုက်ပေမယ့် ဘာမှတ်ချက်မှတော့မပေးလေဘူး

" ZhaungWei ကပဲ LinQi ကို အတော်လေး ရက်ရက်စက်စက် ဆက်ဆံခဲ့တယ် ''
ChenYue သက်ပြင်းချလိုက်တယ်
"ဒါပေမယ့် ZhaungWei လည်း မှားတာပဲ
LinQi ဒီလိုဝတ်စားလာတာမြင်ရင် သူက ပိုပြီးသင့်တော်တဲ့တစ်ခုခုပြောင်းဝတ်ခိုင်းခဲ့သင့်တာ အခုတော့ အဲ့ဒီအစား သူ့အပေါ် တက်နင်းချသွားတယ် ''

"သူ့ကိုပျင်းသွားလို့နေမှာပေါ့ ''
SuLe လှောင်ပြုံးပြုံးကာ နှင်းသစ်တော်သီး တစ်စိတ်ကို သူမပါးစပ်ထဲထည့်လိုက်ပြန်တယ်
Mmmmmmm တကယ်ကို ချိုလိုက်တာ

#TBC

Continue Reading

You'll Also Like

68.9K 9.9K 74
ဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှ...
463K 39.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
321K 17.7K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
398K 3.1K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...