ညီငယ္ (ညီငယ် ) Zawgyi and...

By myanaykyalsin17

258K 15.8K 1.1K

Note စာဖတ္‌သူမ်ား ခ်စ္‌ပရိသတ္‌မ်ား မဂၤလာပါ ဒီ ဝတၳဳ ကို စဥ္‌းစားထားတာ ၾကာ‌ေပမယ္‌့ မ‌ေရးျဖစ္‌ခဲ့ဘူး။ ‌ေရးျဖစ္‌ျ... More

အပိုင္း ၁ **
အပိုင္း ၂ **
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈ * * *
အပိုင္း ၉
အပိုင္း ၁၀
အပိုင္း ၁၁
အပိုင္း ၁၂
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္း ၁၆
အပိုင္း ၁၇
‌ေက်းဇူးတင္‌လႊာ (ကျေးဇူးတင်‌လွှာ)
အပိုင္‌း ၁၈
အပိုင္‌း ၁၉ **
‌ေတာင္‌းပန္‌လႊာ
အပိုင္‌း ၂၀
အပိုင္‌း ၂၁
အပိုင္‌း ၂၂
အပိုင္‌း ၂၃
အပိုင္‌း ၂၄
အပိုင္‌း ၂၅
အပိုင္‌း ၂၆
အပိုင္‌း ၂၇
အပိုင္‌း ၂၈
အပိုင္‌း ၂၉
အပိုင္‌း ၃၀
အပိုင္‌း ၃၁
အပိုင္‌း ၃၂
အပ္ိုင္‌း ၃၃
အပိုင္‌း ၃၄
အပိုင္‌း ၃၅
အပိုင္‌း ၃၆
အပိုင္‌း ၃၇ *
အပိုင္‌း ၃၈
အပိုင္‌း ၃၉
အပိုင္‌း ၄၀
အပိုင္‌း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
တောင်းပန်လွှာ
အပိုင်း ၄၈
အပိုင်း ၅၀ end
ကျေးဇူးတင်လွှာ
Notice!
Present for readers.Extra part 51
New Fiction

အပိုင်း ၄၉

3.1K 217 10
By myanaykyalsin17

အပိုင်း ၄၉

Unicode

"မောင်ဖြိုး...ငါ မင်းရဲ့သားကို တရားဝင် လက်ထပ်ချင်တယ်။ခွင့်ပြုပေးပါလား။"

ဒီနေ့တော့ ဖြိုးမောင်သင်းရဲ့ ဆိုင်ကိုသွားပြီး ဟိန်းစစ်နဲ့
သူ့ကို လက်ထပ်ခွင့်ပေးဖို့ ဖြိုးမောင်သင်း ကို အပူကပ်ရပါသည်။ဟိန်းစစ် ကို လက်ထပ်ခွင့်ရဖို့ အရဲစွန့်ကာ ကြိုးစားရသည်။

"ဘာ...ဘာပြောတယ် ခေါင်ထက် ။မင်းက ငါ့သားကို လက်ထပ်မယ် ဟုတ်လား။"

"ဘာဖြစ်လို့ အံ့ဩသွားတာလဲ။ငါ ညီငယ့်ကို ဘယ်လောက်ချစ်သလဲ ဆိုတာလဲ မင်းအသိ။
ညီငယ့်ကို
လက်ထပ်ယူချင်တယ် ဆိုတာလည်း မင်းရဲ့ အသိပဲလေ။"

"ငါ သိပါတယ်။အဲ့ဒါက အရင်က အခြေအနေလေ။အခုက မင်းရဲ့မိဘတွေ မင်းအနားမှာ ရှိနေတယ်။သူတို့က မင်းနဲ့ငါ့သားရဲ့ လက်ထပ်ပွဲကို ခွင့်ပြုမယ် ထင်နေလား။ပြီးတော့ စပယ်။မင်းမိဘတွေ မင်းနဲ့သဘောတူ စေ့စပ်ပေးထားတဲ့ စပယ်။သူ့ကို မေ့ထားလို့ ရပါ့မလား။အခြေအနေက အရင်နဲ့ မတူတော့ဘူးဆိုတာကို မင်း နားလည်သင့်တယ်။"

"စပယ် က ငါနဲ့ တရားဝင်စေ့စပ်ထားတာမှ မဟုတ်တာ။စပယ့် ကို ညီမလေးတစ်ယောက်လို လုပ်ဖော်ကိုင်ဖက် တစ်ယောက်လိုပဲ သဘောထားတာပါ။ငါ ချစ်တဲ့သူမှ မဟုတ်တာကွာ။"

"လူသိရှင်ကြား စေ့စပ်ထားတာ မဟုတ်ပေမယ့် မင်းကုမ္ပဏီ ကလူတွေ တိုးတိုးတိတ်တိတ် သိထားကြတယ် မဟုတ်လား။
ပြီးတော့ ငါ့သားက ယောင်္ကျားလေးလေ။အများအမြင်မှာ လက်ထပ်ဖို့ ဆိုတာက စိတ်ကူးယဉ်လို့ပဲ ကောင်းတဲ့အရာပါ။လက်တွေ့ အကောင်အထည်ဖော်ဖို့ဆိုတာ အတွေးလောက်မလွယ်ဘူး ခေါင်ထက်"

"မင်းက ညီငယ်နဲ့ငါ့ကို သဘောမတူလို့ အဲ့လို စကားပြောတာလား ဖြိုးမောင်သင်း။"

"မင်းနဲ့သားရဲ့အကြောင်းကို ငါက အတော်များများ သိထားတဲ့သူပဲလေ။အခုချိန်မှာ ချစ်သူ၊ရည်းစား ဖြစ်နေရင်လည်း ငါမကန့်ကွက်ပါဘူး။ဒါဟာ မင်းတို့ရဲ့ လွတ်လပ်မှု၊ သားရဲ့ ရွေးချယ်မှုပဲလေ။လက်ထပ်တာကတော့ အရမ်းကျယ်ပြန့်သွားပြီ။ငဲ့ကြည့်စရာတွေလည်း များသွားပြီ။မင်းမိဘအသိုင်းအဝိုင်းရှိမယ်။နောက်ပြီး သားရဲ့အမေ။သူ့သဘောထားက အရေးကြီးတယ်။"

"မင်းကကော ငါနဲ့ညီငယ့်ကို သဘောတူလား။"

"ရှင်းရှင်းပြောရရင် သားတစ်ယောက်အဖေ အနေနဲ့ ကိုယ့်သားက ယောက်ျားလေးတစ်ယောက်နဲ့ လက်ထပ်မှာကို လက်မခံနိုင်တာတော့ အမှန်ပဲ။တစ်ဖက်က ကြည့်ရင် မင်းက ငါ့သူငယ်ချင်း။မင်း ငါ့သားကို ဘယ်လောက်ထိချစ်သလဲဆိုတာ ငါအသိပဲလေ။မင်းတို့နှစ်ယောက်အပေါ် ချစ်တဲ့စိတ်နဲ့ ငဲ့ကွက်ပြီးပြောရမယ် ဆိုရင် ငါက သားရဲ့သဘောအတိုင်းပါ။သားက မင်းကိုမှ လက်ထပ်ချင်တယ်ဆိုရင်လည်း ငါက ကြည်ဖြူပေးနိုင်ဖို့ ကြိုးစားမယ်။ငါက သားရဲ့ သဘောအတိုင်းပဲလိုက်လျောပေးမှာပါ။"

"ကျေးဇူးတင်ပါတယ် မောင်ဖြိုး။"

"သူ့အမေရဲ့သဘောထားက ပိုအရေးကြီးတယ်။မင်းလည်း သိတာပဲလေ။သူတို့သားအမိနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို။သားက သူ့အမေ စိတ်ဆင်းရဲစေမယ့်အရာကို နောင်ဆို ပိုပြီးရှောင်မယ်လို့ ထင်တယ်။သူ့အမေကို ၅နှစ်လုံးလုံး သူပစ်ထားခဲ့မိလို့ သားက အတော်လေးနောင်တရနေတာ။နောင်အနာဂတ်မှာတော့ သူ့အမေ စိတ်ဆင်းရဲစေမယ့်ကိစ္စ၊ သူ နောင်တရစေမယ့်အရာတွေကို သတိထား ဆင်ခြင်
လာမယ်လို့ ငါထင်တယ်။"

ခေါင်ထက်အနေနဲ့ ဟိန်းစစ်ကို ပိုင်ဆိုင်ရရှိဖို့ အခက်အခဲများစွာကို ဖြတ်သန်းရမယ်ဆိုတာကို နားလည်ပါတယ်။စစ်မဖြစ်ချင်ကလည်း မြားမကုန်ချင်ပါ။ဒါ့ကြောင့် သူ အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ဟိန်းစစ်နဲ့ တစ်ကြိမ်ခွဲခွာပြီးကတည်းက နောင်တစ်ကြိမ် ခွဲရမယ်ဆိုတဲ့ နေ့ရက်တွေကို တွေးရင်းနဲ့တောင် ကြောက်‌နေတာပါ။

"သားကိုကော မင်းက လက်ထပ်ခွင့် တောင်းပြီးပြီလား။"

"ဟင့်အင်း။လွန်ခဲ့တဲ့ ၅နှစ်လောက်တော့ လက်ထပ်ခွင့်ပေးဖို့အတွက် တစ်ခါပြောဖူးတယ်။အခု ပြန်တွေ့ချိန်မှာတော့ ခွင့်မတောင်းရသေးဘူး။အခုက
လက်ထပ်ခွင့်တောင်းဖို့နေနေသာသာ ညီငယ်က ငါ့ကို ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းကိုတောင် တစ်ခါမှ မပြောဖူးဘူး မောင်ဖြိုး။ငါကသာ အကြိမ်ပေါင်းစွာ ပြောနေရတာပါ။
"

"ဒါဆို မင်းတို့နှစ်ယောက်ရဲ့ အခြေအနေက အခု ဘယ်လိုပုံစံလဲ။"

ဖခင်တစ်ယောက်အနေနဲ့ သားရဲ့အချစ်ရေးကို သားရဲ့ချစ်သူဆီ မေးရတာကတော့ အနည်းငယ်မျက်နှာပူမိသည်။သားရဲ့ကိစ္စ ဆိုတော့လည်း ရှေ့မျက်နှာနောက်ထားပြီး မေးရပါသည်။

"ငါလည်းမသိဘူးလေ။အခု ညီငယ် က ငါ့ကို လက်ခံပေးတယ်။ငါ့အလိုကိုလိုက်ပေးတယ်။ငါ့စိတ်ကြိုက် သူနေပေးမယ်။ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး။ချစ်သူလို့ပဲဆိုရမလား။ရည်းစားလို့ပဲ သတ်မှတ်ရမလား။အတူနေချစ်သူလို့ပဲ နားလည်ပေးရမလားဆိုတာ ငါလည်း သေချာမသိဘူး။
ဒါပေမဲ့ ငါကြောက်တယ် မောင်ဖြိုး။အခုချိန်မှာ သူငါ့ကို လက်ခံနေပေမယ့် တစ်ချိန်ချိန် ခွဲသွားပြီး ငါ့အနားက ထပ်ပြီးထွက်သွားမှာကို ငါကြောက်တယ်။အဲ့ဒါကြောင့်လည်းညီငယ့်ကို တရားဝင် လက်ထပ်ထားချင်တာ။ပြီးတော့ ညီငယ့်ကို ငါ့ဘက်က ပြန်ပြီး ပေးဆပ်ခွင့်ရချင်တယ်။ငါ့အချစ်တွေကို သက်သေပြဖို့က လက်ထပ်ခြင်းတစ်ခုပဲ ရှိတယ်လေ မောင်ဖြိုး"

"ယောင်္ကျားလေးနှစ်‌ယောက်
လက်ထပ်တယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။ ခေါင်ထက်။အပြောလွယ်သလောက် အလုပ်ခက်တယ်။"

"ငါသိပါတယ်။ဒါ့ကြောင့် ညီငယ့်ကို လက်ထပ်ခွင့်ရဖို့အတွက် အရာရာတိုင်းကို နှစ်ဆကြိုးစားမှာပါ။ပြီးတော့ ညီငယ့်ကို အရင်ကထက် အဆပေါင်းများစွာ ပိုပြီးချစ်မယ်လို့လည်း ငါကတိပေးပါတယ်။"

"ဒါ ငါ့ကို ပေးရမယ့် ကတိမဟုတ်ဘူးလေ။သားကို ပေးရမယ့် ကတိပါ။ မင်းငါ့ကို ပေးရမယ့် ကတိက မင်းကြောင့် သား ဘယ်တော့မှ စိတ်ဆင်းရဲစေရဘူး။သား ကို မျက်ရည်ကျအောင် မလုပ်ဘူး ဆိုတဲ့ ကတိ မင်းငါ့ကို ပေးပါ။"

"စိတ်ချပါ။ညီငယ် စိတ်ဆင်းရဲစေမယ့်အလုပ်၊ မျက်ရည်ကျစေမယ့်ကိစ္စကို ငါဘယ်တော့မှ မလုပ်ဘူးလို့ မင်းကို ကတိပေးပါတယ်။"

ဟိန်းစစ် မေးခဲ့ဖူးတဲ့ "ကျွန်တော် လုပ်ပေးခဲ့တဲ့ အရာတိုင်းဟာ ဆရာ့အတွက် တန်ဖိုး မရှိခဲ့ဘူးလား"
ဆိုတဲ့ စကားအပေါ် အတော်လေး စိတ်မကောင်း ဖြစ်မိခဲ့ပါတယ်။သူ ပြောခဲ့တာက စကားလုံးရွေးချယ်မှု မှားခဲ့တာပါ။ဟိန်းစစ် ကို တန်ဖိုးမထားခဲ့တာ မဟုတ်ဘူး။ဟိန်းစစ်နဲ့ပတ်သက်ရင် အသေးအမွှားလေးက အစ တန်ဖိုးထားတတ်သူပါ။ဦးရဲပိုင်မြတ် က ဟိန်းစစ် ကို ခြိမ်းခြောက်ထားပါသည် ဆိုတဲ့ ရှယ်ယာပမာဏဟာ ခေါင်ထက် စည်းစိမ်နဲ့ယှဉ်ရင်
ဒီပမာဏလောက်လေးနဲ့ ဟိန်းစစ်ဘဝ တစ်ခုလုံး ထိုးအပ်ခဲ့ရလောက်အောင်မတန်ပါဘူး။ဟိန်းစစ် အတွက် မချင့်မရဲ ဖြစ်မိတဲ့စိတ်နဲ့ ပြောခဲ့မိတဲ့ ခေါင်ထက်ရဲ့ အမှားတစ်ခုပါ။အဲ့ဒီ့နေ့က ဟိန်းစစ် စိတ်ပြေဖို့ အတော်လေး ချော့ယူခဲ့ရပါသည်။သီဟ
ဆီမှာ နောက်မှ သိရတာ
သူတို့နှစ်ယောက် ချစ်နေကြတဲ့အချိန်ကို ခိုးရိုက်ထားတဲ့ video ကိစ္စ။ အဲ့ဒီ့ကိစ္စကို သိသွားပြီးမှ ခေါင်ထက်ရဲ့ စကားဟာ ဟိန်းစစ်အပေါ် စော်ကားရာကျနေသလို ယူကြုံးမရလည်း ပိုပြီး ဖြစ်မိသည်။ခေါင်ထက် အပေါ် ဟိန်းစစ်ရဲ့ အနစ်နာခံမှုတွေဟာ ခေါင်ထက်ဘက်က ပေးဆပ်လို့ မကုန်နိုင်အောင် များပြားလွန်းသည်။ဟိန်းစစ် ကို တစ်ခုခု လုပ်ပေးချင်သည်။မာနကြီးသူ ဟိန်းစစ် က သူ့စည်းစိမ်ပုံပေးလည်း  လက်ခံပေးမည့်သူမဟုတ်။သူ့ခွန်သူ့အားနဲ့ ရတဲ့အရာကို တန်ဖိုးထားတတ်သူ။

ဟိန်းစစ် အပေါ် ခေါင်ထက်ဘက်က ဘယ်လောက် တန်ဖိုးထားလဲ ဆိုတာ ပြသဖို့ နည်းလမ်းတစ်ခု ပဲရှိသည်။ လူသိရှင်ကြား တင့်တင့်တယ်တယ်
လက်ထပ်ယူခြင်းသာ ဖြစ်သည်။ဘယ်လိုအခက်အခဲပဲရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကြိုးစားပြီး ‌ဟိန်းစစ်အပေါ် ထားတဲ့ ခေါင်ထက်ရဲ့အချစ်တွေကို
သက်သေပြချင်ပါသည်။

*****************

"စပယ် ကျွန်တော့်ကို တွေ့ချင်တဲ့ကိစ္စက ဘာများလဲ မသိဘူး။"

ဆိုင်ဝန်ထမ်းကောင်လေးတစ်ယောက်က ဟိန်းစစ် ရှိရာ မီးဖိုချောင်ထဲက ၀င်လာပြီး ဧည့်သည်တစ်ယောက် တွေ့ဖို့ လာစောင့်နေသည် ပြောတာနဲ့ လုပ်လက်စရပ်ပြီး အပြင်ကို ထွက်ကြည့်လိုက်တော့ မထင်မှတ်ထားသူကို တွေ့ရသည်။စပယ် ဖြစ်နေသည်။ဘာ့ကြောင့် ဟိန်းစစ်ဆီ ရောက်လာသလဲဆိုတာ သိသည်ပေါ့။အခုချိန်ကလည်း
မနက်ပိုင်းလည်းဖြစ်
ဆိုင်မှာ လူနည်းနည်း ရှင်းနေချိန်ဖြစ်လို့ စကားအေးအေးပြောဖို့တော့ အဆင်ပြေသည်။

"အစ်ကို့ကို လာတွေ့ရတဲ့ အကြောင်းအရင်းကို အစ်ကို သိမှာပါ။စပယ်တို့ ၃ယောက်ရဲ့ ကိစ္စပါ။အခု ကျွန်မ လာတာကလည်း အားလုံးကို သိပြီးမှ လာတာပါ။"

"အဲ့ဒီ့တော့ စပယ့်ဘက်က ဘာများဖြစ်ချင်လို့လဲ။"

"အစ်ကို ဘက်က နောက်ဆုတ်ပေးပါ။"

"ဘာ"

"အစ်ကို က ယောင်္ကျားလေးပါ။ဆရာ နဲ့ ကွဲသွားလို့လည်း နစ်နာစရာ အကြောင်းမရှိပါဘူး။ဒါ့ကြောင့် အစ်ကို့ဘက်က နောက်ဆုတ်ပေးပါ။"

"အစ်ကိုက အစ်ကို့ဖာသာ နေ‌တာပါ။သူကသာ အစ်ကို့ဆီလာနေတာပါ။နောက်ပြီး ဆရာ က ကလေး မဟုတ်ဘူး အသိဉာဏ် ရှိတဲ့သူပါ။သူ့စိတ်နဲ့သူ ကိစ္စတိုင်းကို ဆုံးဖြတ်တာပါ။အစ်ကို့ဘက်က သူ့စိတ်ကို ထိန်းချုပ်လို့ မရပါဘူး။"

"ဆရာ က အစ်ကို့ကို အသည်းအသန် ဖြစ်နေတာ အစ်ကိုဘက်က လက်ခံထားလို့ပါ။အစ်ကို့သာ သူ့ကို နှင်လွှတ်ရင် ဆရာက အစ်ကို့ဆီ ဘယ်တော့မှ လာမှာ မဟုတ်ပါဘူး။"

"အဲ့လိုတော့ တစ်ဖက်သတ်မပြောစေချင်ဘူး ညီမ။အစ်ကို သူ့ကို ဆွဲထားတာ မဟုတ်ဘူး။တစ်ခုတော့ရှိတယ်။အခုချိန်ကစပြီး အစ်ကို ဆီ လာနေတဲ့ သူ့ကို ဘယ်တော့မှ နှင်လွှတ်မှာ မဟုတ်ဘူး။သူလာချင်တဲ့ ဆန္ဒရှိရင် သူလာလိမ့်မယ်။သူ ထွက်သွားချင်တဲ့ ဆန္ဒ ရှိလာရင်လည်း ထွက်သွားတာကို အစ်ကို တားမှာ မဟုတ်ဘူး။ဆရာ့သဘောအတိုင်းပဲ ခွင့်ပြုပေးထားမှာပါ။အစ်ကို သူ့ကို ထိန်းချုပ်ထားတာ မဟုတ်တဲ့အတွက် ကျန်တဲ့ကိစ္စ ဆရာပဲ ဆုံးဖြတ်ပါလိမ့်မယ်။"

"အစ်ကို ဆိုလိုတာက အစ်ကို့ဘက်က ဘယ်လိုမှ အလျော့မပေးဘူး ဆိုတဲ့သဘောလား။အစ်ကို အနိုင်လိုချင်တာလား။"

"အနိုင်၊အရှုံးခွဲရအောင် အစ်ကိုတို့က ယှဉ်ပြိုင်နေကြတာမှ မဟုတ်ဘဲ "

"တစ်ခုလောက်မေးပါရစေ။
ယှဉ်ပြိုင်ခြင်းတစ်ခုမှာ ယောက်ျားလေးနဲ့မိန်းကလေး ယှဉ်ရင် ဘယ်သူနိုင်မယ်လို့ အစ်ကို ထင်လဲ။ဆရာ့ မိဘတွေကကော အစ်ကိုနဲ့ဆရာ့ကို သဘောတူကြည်ဖြူမယ်လို့ထင်ထားလို့လား။"

"ယောက်ျားလေးနှစ်ယောက်ရဲ့ချစ်ခရီးလမ်းဟာ ထင်ထားတာထက် ပိုပြီး ကြမ်းတမ်းတယ်ဆိုတာ သိပြီးသားပါ။အခက်အခဲတွေအများကြီးကို ဖြတ်ကျော်ရမယ်ဆိုတာကိုလည်း သိပါတယ်။ယောက်ျားလေးနဲ့မိန်းကလေးရဲ့ ယှဉ်ပြိုင်ခြင်းမှာ ဘယ်သူနိုင်မယ်။ဘယ်သူရှုံးမယ်ဆိုတာကိုတော့ မသိပါဘူး။အစ်ကို သိတာက ဆရာနဲ့အစ်ကိုတို့ နှစ်ယောက်စလုံးက အပြန်အလှန် နားလည်မှုနဲ့ ချစ်နေကြတယ်။ဒါ့ကြောင့် ဖြစ်လာသမျှ အခက်အခဲကို နှစ်ယောက်အတူ လက်တွဲဖြေရှင်းရင် အရာအားလုံးကို ကျော်ဖြတ်နိုင်မယ်ဆိုတာကိုတော့ အစ်ကို့ဘက်က ယုံကြည်တယ်။"

ဟိန်းစစ်ရဲ့ စကားတွေဟာ တစ်ဖက်သတ်အချစ်ကိုသာ ပိုင်ဆိုင်ထားတဲ့ စပယ့် ကို နာနာနဲ့ ရိုက်ချလိုက်သလိုပါပဲ။
စပယ့်ဘက်က ဟိန်းစစ် ကို စိတ်ခုသွားသည်ဆိုတာ သိသာပါသည်။
ဒေါသတွေကို အပြင်မထွက်ဘဲ ဟန်ဆောင်မှုနဲ့ ထိန်းချုပ်ထားတတ်တဲ့ စပယ့်ရဲ့ အမူအယာကို လည်း ဟိန်းစစ် ပထမဦးဆုံးမြင်လိုက်ရပါတော့သည်။

*********************

"အဲ့ဒါ ဘာလုပ်နေတာလဲ"

ဆိုင်က မီးဖိုချောင်ထဲ ဝင်ဝင်ချင်း ဟိန်းစစ် ရင်ကို ဆို့သွားစေတဲ့ မြင်ကွင်းကတော့ ဟင်းသီးဟင်းရွက်တွေကို ဓားနဲ့ စိတ်ကြိုက်ခုတ်နေသူကြောင့်ပါ။အခြားသူမဟုတ်ဘဲ ခေါင်ထက် ဖြစ်နေပါသည်။

"ငါလုပ်ချင်တာလုပ်နေတာလေ။ဘာဖြစ်လဲ"

မေးတော့လည်း ဘုကလန့် ပြန်ပြောသည်။မီးဖိုချောင်ထဲမှာ ဝန်ထမ်းတွေရှိနေသည်။သူတို့နှစ်ယောက်ကို ကြည့်နေသည်မို့ ဒီမှာ ဆက်ပြီး စကားပြောဖို့ အဆင်မပြေ။ဝန်ထမ်းတွေကလည်း ဟိန်းစစ် တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တစ်စွန်းတစ်စ သိထားသည်မို့ လုပ်ချင်တာ လုပ်ခွင့်ပြုထားတာ ဖြစ်မည်။သီဟ က ဆိုင်မှာ မရှိ အပြင်ကိစ္စရှိလို့ မနက်ကတည်းက ထွက်သွားတာ ပြန်မလာသေးပေ။အပေါ်ထပ်တက်ပြီး ရေခဏလေး တက်ချိုးရုံရှိသေး။သူ ရောက်လာပြီး အောက်ထပ်မှာ လုပ်ချင်တာ လုပ်နေတာဖြစ်သည်။

"ဆရာ လုပ်နေပုံက မဟုတ်သေးဘူးနော်။"

"ငါ့ကို ဆရာ လို့ မခေါ်နဲ့လို့ မင်းကိုငါပြောထားတယ်နော်။"

"အိုကေ။အိုကေ။ဟုတ်ပြီ။အခု ဘာလုပ်နေတာလဲ။
ဟင်းသီးဟင်းရွက်တွေကို ဘာဖြစ်လို့ ဓားနဲ့ လျှောက် ခုတ်နေတာလဲ။အဲဒါ အလဟဿဖြစ်အောင် ဖြုန်းတီးတာနော်။"

"ငါလည်း ငါလုပ်ချင်တာလုပ်တာ ဘာဖြစ်လဲ။ မင်းလည်း မင်းလုပ်ချင်တာ မင်းလုပ်တယ် မဟုတ်လား။"

သေချာသည်။ခေါင်ထက်ရဲ့ ပုံစံက ပြင်းထန်ပေါက်ကွဲနေပုံအရ တစ်ခုခု ဖြစ်ထားသည်။ဝန်ထမ်းတွေရှေ့ သူတို့နှစ်ယောက်ဆက်ပြီး စကားဆက်ပြောနေဖို့ အဆင်မပြေတော့။

"သားငယ်ရေ.....ပွနေတဲ့ ဟင်းရွက်တွေကို အစ်ကို့အစား ရှင်းထားပေးပါ။ပြန်ပြီးချက်စားလို့ ရနိုင်တဲ့ အကောင်းတွေ ရှိရင် အိတ်တစ်လုံးနဲ့ ထည့်ပြီး သိမ်းထားပေး။အစ်ကို ညနေကျ ကြော်စားလိုက်မယ်။
အစ်ကို အိမ်ပေါ်ခဏတက်လိုက်ဦးမယ်နော်။သီဟ လည်း မရှိတော့ ဆိုင်ကို သေချာ ဂရုစိုက်။ customer ရဲ့ အမှာစာတွေ ဂရုစိုက်။ order ပွဲတွေ စားပွဲမှားမချမိစေနဲ့နော်။"

"ဟုတ်ကဲ့.....ကျွန်တော် လုပ်ထားပါ့မယ်။စိတ်ချပါ။
ဆိုင်အတွက်လည်း စိတ်ချပါ။"

မှာစရာရှိတာမှာပြီး သူ့လက်ကို ဆွဲကာ အပေါ်ထပ်ကို တက်လာခဲ့သည်။အခန်းထဲရောက်တော့ သူ့လက်ကို လွှတ်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။

"ကဲ.....ပြော။  ကလေးဆန်တဲ့ အလုပ်တွေ ဆရာ
လုပ်နေရတဲ့ အကြောင်းအရင်း ကျွန်တော် သိချင်တယ်။"

"ငါ့ကို ဆရာ လို့ မခေါ်ဖို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ"

"ကျွန်တော့်ကိုကျ ဆရာ လို့ မခေါ်နဲ့ ဆိုပြီး ကျွန်‌ေတာ့်ကို ကျတော့ မင်းနဲ့ငါနဲ့ ပြောရတာကို အဆင်ပြေလား။ထားပါတော့ ဒါတွေပြောနေလဲ အပိုပါပဲ။အခု ကျွန်တော်လုပ်ချင်တာလုပ်တယ် ဆိုတာ ဘာကိုဆိုလိုတာလဲ။ကျွန်တော် ဘာများလုပ်နေလို့လဲ"

"ဘာများလုပ်နေလို့လဲ ဟုတ်လား။မနက်က ဆိုင်မှာ ကောင်မလေးတစ်ယောက်နဲ့ အကြာကြီးစကားပြောနေတယ်ဆို။အစ်ကို သဝန်တိုတတ်တယ် ဆိုတာ ညီငယ် သိရဲ့သားနဲ့ တမင်လုပ်တာ မဟုတ်လား။"

မနက်က ဆိုင်မှာ စပယ်နဲ့ နှစ်ယောက်တည်းထိုင်းပြီး စကားပြောနေတဲ့ကိစ္စကို
ဆိုင်က ဝန်ထမ်းတစ်ယောက်ယောက်က သူ့ကို ပြောပြလိုက်ပုံရပါသည်။

"အဲ့ဒီ့ကိစ္စသိပြီး
မီးဖိုချောင်ထဲမှာ ကလေးဆန်ဆန်တွေ လုပ်ပြီး သောင်းကျန်းထားတာပေါ့လေ။"

"ဟုတ်တယ်"

စားပွဲပေါ်ကို လက်တစ်ဖက်ထောက်ပြီး တစ်ဖက်က ခါးထောက်ကာ စိတ်ပျက်လက်ပျက်ပုံစံနဲ့ ခေါင်ထက် ကို သေချာကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"အခု ကိုကို့ အသက် ဘယ်လောက်ရှိပြီလဲ။စိတ်ဆိုးတာကို အကြောင်းပြပြီး အခုလို အစားအသောက်တွေကို ဖြုန်းတီးနေတာကကော ကိုကို့ လုပ်ရပ်မှန်တယ်လို့ ထင်သလား။"

ကိုကို ဆိုတဲ့ ခေါ်သံနောက်မှာ ခေါင်ထက် နှလုံးသားတွေ အရည်ပျော်ကာသွားပါပြီ။စကားတွေလည်းအထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်ပြီ။

"ဟို.......ဒါက.......အဲ့ဒါက"

"စိတ်ဆိုးနေရင်လည်း ကျွန်တော့်ကို တိုက်ရိုက်ပြောပါ။ကျွန်တော်နဲ့ပဲ တိုက်ရိုက်ဖြေရှင်းပါ။အစားအစာတွေကို အလဟဿ မဖြုန်းတီးပါနဲ့။ကျွန်တော် မကြိုက်ဘူး။"

"အစ်ကို မှားသွားပါတယ်။စိတ်မဆိုးပါနဲ့‌ေနာ်။နောင် အဲ့လို မဖြစ်စေရပါဘူး။ညီငယ်နဲ့ customer မဟုတ်တဲ့
ကောင်မလေး တစ်ယောက် အကြာကြီး မျက်နှာချင်းဆိုင် စကားပြောနေကြတယ်လို့ သိရ , ရချင်း စိတ်တိုသွားလို့ပါတယ်။နောက်ပြီး သဝန်တိုသွားမိလို့ လုပ်မိလုပ်ရာတွေ လျှောက်လုပ်မိတာ ခွင့်လွှတ်ပါနော်။"

ခါးထောက်ထားတဲ့ လက်တစ်ဖက်ကို အသာဆွဲယူပြီး ချော့မြူသလိုနဲ့ ညင်ညင်သာသာလေး ပွတ်သပ်ကာ ခွင့်လွှတ်ပေးဖို့  မျက်နှာချိုသွေးနေမိသည်။
ခပ်တည်တည်မျက်နှာက အနည်းငယ်ပျော့ပြောင်းလာချိန်မှာတော့ စကားပြောနေသူ ဘယ်သူလဲဆိုတာ ချော့မော့ကာ မေးရပါတော့သည်။

"စပယ်....မနက်က စပယ် ကျွန်တော့်ကို လာတွေ့သွားတယ်။"

"ဘာ...စပယ် ဟုတ်လား။ဒီကောင်မလေး ညီငယ့်ကို တွေ့ပြီး ဘာတွေပြောသွားတာလဲ"

တကယ်ဆို စပယ် ပြောခဲ့တဲ့ စကားတွေကို ခေါင်ထက် ကို ပြန်မပြောချင်ပါ။မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာကို လေးစားရမည်။သူ့နောက်ကွယ်မှာ ဘာမှပြန်မပြောသင့်ဟု ဟိန်းစစ် ယူဆသည်။

"ကျွန်တော့်ရဲ့ လုပ်ရပ်တွေဟာ ဆရာ့မိဘတွေနဲ့ စပယ့် အပေါ် တရားရဲ့လားဟင်။"

"ဆရာ လို့ ပြန်ခေါ်ပြန်ပြီလား။"

"အထအန မကောက်ပါနဲ့။ကိုကို လို့ တစ်ချိန်လုံးခေါ်ဖို့ ကတော့ အချိန်ယူရဦးမှာမို့ပါ။"

ဒီတစ်ခါ အမှားက ခေါင်ထက် အမှားဖြစ်နေတဲ့အတွက် သူ အထွန့်မတက်ရဲပါ။

"အခြားကိစ္စတွေ ခေါင်းထဲက ထုတ်ပေးထားပါလား ညီငယ်။အခုချိန်မှာ ညီငယ်နဲ့ အစ်ကို့ အကြောင်းပဲ တွေးကြရအောင်။စပယ် ကလည်း အစ်ကို့ အတွက် ညီမလေး တစ်ယောက်ပါ။ ဒီလောကတစ်ခုလုံးမှာ အစ်ကို ချစ်တာ ညီငယ် တစ်ယောက်ပဲ ရှိပါတယ်။ယုံပါ။"

ဟိန်းစစ် လက်ဖမိုးကို အသာနမ်းရှိုက်ကာ ပြောလိုက်သည်။ဒီတစ်ခါ ကြွေဆင်းသွားသူက ဟိန်းစစ် သာ ဖြစ်သည်။

"ညီငယ်"

"ဗျာ"

"အစ်ကို တစ်ခုလောက် မေးချင်တယ်။"

"ဟုတ်ကဲ့"

"အစ်ကို့ကို ချစ်လားဟင်။"

ဟိန်းစစ် ဘာစကားမှ မဆိုဘဲ ခေါင်းငုံသွားသည်။

"အစ်ကို မေးတာဖြေပါဦး။အစ်ကို့ ကို ချစ်လားလို့"

"အခုလို အခြေအနေတောင် ရောက်နေပြီ။
ပြောဖို့လိုသေးလို့လား။ကျွန်တော့်သဘောထားကို အခုချိန်ထိ မသိ‌ေသးဘူးလား။"

"သိပါတယ်။ဒါပေမဲ့ ညီငယ့် နှုတ်ဖျားက ချစ်တယ် ဆိုတဲ့ စကားကို တစ်ခါလောက်တော့ အစ်ကို ကြားချင်လို့ပါ။

"ချစ်တယ် ဆိုတဲ့ စကားကို ပါးစပ်က  ပြောနေမှ မဟုတ်ပါဘူး။ကျွန်တော့်ရဲ့ လုပ်ရပ်တိုင်းဟာ ကျွန်တော့်နှလုံးသားထဲက လာတဲ့
သက်ရောက်မှုတွေပါ။ဆရာ့အပေါ်ထားတဲ့ စိတ်သဘောထား သက်ရောက်မှုလည်း အတူတူပါပဲ။"

"ဘာပဲဖြစ်ဖြစ် ချစ်တယ် ဆိုတဲ့ စကားလေးတော့ ညီငယ့်ဆီက ကြားချင်တယ် လေ။ဒါမှ အစ်ကိုတို့ နှစ်ယောက်ရဲ့ ပတ်သက်မှု တိတိကျကျကိုလည်း သိခွင့်ရမှာ‌ေလ။အခု အစ်ကိုက ညီငယ့်ချစ်သူ မဟုတ်လားဟင်"

"ကျွန်တော် မေးပါဦးမယ်။ချစ်သူတွေက နှစ်ယောက်တည်း တွေ့ကြရင် ဘယ်လိုနေကြလဲ။တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအပြုအမူတွေ ဖလှယ်ကြလဲ။"

"လက်တွေ့ပြရမှာလား။"

ခေါင်ထက် ပီပီ အခွင့်အရေးလေး နည်းနည်းလောက်ယူလိုက်ချင်သေးသည်။လှမ်းလိုက်တဲ့ လက်အစုံကို ရိုက်ချခံလိုက်ရမှ ငြိမ်သွားသည်။

"ကျွန်တော်က သိတယ်။လက်တွေ့ပြစရာမလိုဘူး။
ဆရာ သိဖို့ ပြောနေတာ။
ကျွန်တော်တို့ နှစ်ယောက်က ချစ်သူ‌ေတွ အဆင့်ထက်တောင် ဖြတ်ကျော်ပြီးနေကြပြီ မဟုတ်လား။"

"ဒါဆို အစ်ကိုတို့နှစ်ယောက်က ချစ်သူတွေ ဖြစ်သွားပြီပေါ့နော်။"

"အင်း"

"ချစ်သူချင်းဆိုရင် ချစ်တယ် ဆိုတဲ့စကားကို အပြန်အလှန်ပြောကြတယ် မဟုတ်လား။ညီငယ့် နှုတ်ဖျားက ချစ်တယ် ဆိုတဲ့ စကားကို တရားဝင်လေးတော့ ကြားပါရစေ။အခု
အစ်ကို က ကြားချင်တယ် ဆိုရင်ကော။ပြောပေးမလား။"

တကယ်ဆိုရင် ချစ်တယ် ဆိုတဲ့ စကားကို သူသိအောင် ပြောပေးချင်ပါသည်။လွန်ခဲ့တဲ့ ၅နှစ်က သူနဲ့နောက်တစ်ကြိမ်ပြန်တွေ့ကြရင် ပြောပေးမယ်လို့ သူ့ကို ပေးခဲ့တဲ့ ကတိကိုလည်း အမှတ်ရနေပါသည်။
ဒါပေမဲ့ တကယ်တမ်းပြောဖို့ရာ နှုတ်ထွက်စကားမရဲတာမို့ အလိုလိုထွက်လာတဲ့ စကားလုံးကိုသာ ဟိန်းစစ် ကိုယ်တိုင်လည်း စောင့်ရပါမည်။

"မပြောပေးနိုင်ဘူး ။ကျွန်တော် ပြောချင်တဲ့နေ့ သူ့အလိုလို ပါးစပ်က ထွက်လာလိမ့်မယ်။အခုတာ့ ကျွန်တော့်ရဲ့ ခံစားချက်ကို
ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါ ဆိုတဲ့
ပုံစံခွက်ထဲ ကျွန်တော့်ကို မထည့်ပါနဲ့။ပုံစံခွက်ထဲမှာ ထိန်းချုပ်ခံရတဲ့ ဘဝကို ကျွန်တော် မုန်းတယ်။ကျွန်တော့်ကို လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ပေးပါ။"

"ဆောရီးပါ ညီငယ်။အစ်ကိုက အစ်ကို လိုချင်တာ တစ်ခုထဲကိုပဲ ကြည့်ပြီး ညီငယ့် ဘက်ကို မတွေးလိုက်မိလို့ပါ။မပြောချင်တာကို အစ်ကို့ဘက်က နောက်ကို မတောင်းဆိုတော့ပါဘူး။အခုလို ချစ်သူ ဖြစ်ခွင့်ရတာကိုလည်း အစ်ကို့ဘက်က အရမ်းဝမ်းသာပါတယ်။အစ်ကို့ကို အခွင့်အရေးပေးခဲ့တဲ့အတွက်လည်း ညီငယ့်ကို ကျေးဇူးတင်ပါတယ်။"

ဟိန်းစစ် ဆီက ချစ်တယ် ဆိုတဲ့ စကားလေးတစ်ခွန်းလောက်ကြားချင်သော်လည်း ပေးသူကမပေးတော့ အတင်းတောင်းယူလို့ မရပြန်ပါ။
ချစ်သူ ဆိုတဲ့ ဝေါဟာရလေးနဲ့ပဲ ကျေနပ်လိုက်သည်။
ဟိန်းစစ် စိတ်ဆင်းရဲအောင် မလုပ်ပါဘူးဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ပေးထားတဲ့ ကတိကို မဖျက်ချင်တာကြောင့် နှုတ်ဆိတ်ကာ နေလိုက်မိပါတော့သည်။ချစ်တယ် ဆိုတဲ့ စကားကို ခဏကျော်ပြီး လက်ထပ်ခွင့်တောင်းဖို့ ကိစ္စကိုသာ အထူးစဉ်းစားရပါတော့မည်။

25.5.2020 (Monday)
2:00 am

********************
ချစ်ခင်စိတ်နဲ့
ဖတ်ရှုပေးသူ ချစ်မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။
ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။
************

အပိုင္း ၄၉

Zawgyi

"ေမာင္ၿဖိဳး...ငါ မင္းရဲ႕သားကို တရားဝင္ လက္ထပ္ခ်င္တယ္။ခြင့္ျပဳေပးပါလား။"

ဒီေန႕ေတာ့ ၿဖိဳးေမာင္သင္းရဲ႕ ဆိုင္ကိုသြားၿပီး ဟိန္းစစ္နဲ႕
သူ႕ကို လက္ထပ္ခြင့္ေပးဖို႔ ၿဖိဳးေမာင္သင္း ကို အပူကပ္ရပါသည္။ဟိန္းစစ္ ကို လက္ထပ္ခြင့္ရဖို႔ အရဲစြန႔္ကာ ႀကိဳးစားရသည္။

"ဘာ...ဘာေျပာတယ္ ေခါင္ထက္ ။မင္းက ငါ့သားကို လက္ထပ္မယ္ ဟုတ္လား။"

"ဘာျဖစ္လို႔ အံ့ဩသြားတာလဲ။ငါ ညီငယ့္ကို ဘယ္ေလာက္ခ်စ္သလဲ ဆိုတာလဲ မင္းအသိ။
ညီငယ့္ကို
လက္ထပ္ယူခ်င္တယ္ ဆိုတာလည္း မင္းရဲ႕ အသိပဲေလ။"

"ငါ သိပါတယ္။အဲ့ဒါက အရင္က အေျခအေနေလ။အခုက မင္းရဲ႕မိဘေတြ မင္းအနားမွာ ရွိေနတယ္။သူတို႔က မင္းနဲ႕ငါ့သားရဲ႕ လက္ထပ္ပြဲကို ခြင့္ျပဳမယ္ ထင္ေနလား။ၿပီးေတာ့ စပယ္။မင္းမိဘေတြ မင္းနဲ႕သေဘာတူ ေစ့စပ္ေပးထားတဲ့ စပယ္။သူ႕ကို ေမ့ထားလို႔ ရပါ့မလား။အေျခအေနက အရင္နဲ႕ မတူေတာ့ဘူးဆိုတာကို မင္း နားလည္သင့္တယ္။"

"စပယ္ က ငါနဲ႕ တရားဝင္ေစ့စပ္ထားတာမွ မဟုတ္တာ။စပယ့္ ကို ညီမေလးတစ္ေယာက္လို လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္လိုပဲ သေဘာထားတာပါ။ငါ ခ်စ္တဲ့သူမွ မဟုတ္တာကြာ။"

"လူသိရွင္ၾကား ေစ့စပ္ထားတာ မဟုတ္ေပမယ့္ မင္းကုမၸဏီ ကလူေတြ တိုးတိုးတိတ္တိတ္ သိထားၾကတယ္ မဟုတ္လား။
ၿပီးေတာ့ ငါ့သားက ေယာကၤ်ားေလးေလ။အမ်ားအျမင္မွာ လက္ထပ္ဖို႔ ဆိုတာက စိတ္ကူးယဥ္လို႔ပဲ ေကာင္းတဲ့အရာပါ။လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႔ဆိုတာ အေတြးေလာက္မလြယ္ဘူး ေခါင္ထက္"

"မင္းက ညီငယ္နဲ႕ငါ့ကို သေဘာမတူလို႔ အဲ့လို စကားေျပာတာလား ၿဖိဳးေမာင္သင္း။"

"မင္းနဲ႕သားရဲ႕အေၾကာင္းကို ငါက အေတာ္မ်ားမ်ား သိထားတဲ့သူပဲေလ။အခုခ်ိန္မွာ ခ်စ္သူ၊ရည္းစား ျဖစ္ေနရင္လည္း ငါမကန႔္ကြက္ပါဘူး။ဒါဟာ မင္းတို႔ရဲ႕ လြတ္လပ္မႈ၊ သားရဲ႕ ေ႐ြးခ်ယ္မႈပဲေလ။လက္ထပ္တာကေတာ့ အရမ္းက်ယ္ျပန႔္သြားၿပီ။ငဲ့ၾကည့္စရာေတြလည္း မ်ားသြားၿပီ။မင္းမိဘအသိုင္းအဝိုင္းရွိမယ္။ေနာက္ၿပီး သားရဲ႕အေမ။သူ႕သေဘာထားက အေရးႀကီးတယ္။"

"မင္းကေကာ ငါနဲ႕ညီငယ့္ကို သေဘာတူလား။"

"ရွင္းရွင္းေျပာရရင္ သားတစ္ေယာက္အေဖ အေနနဲ႕ ကိုယ့္သားက ေယာက္်ားေလးတစ္ေယာက္နဲ႕ လက္ထပ္မွာကို လက္မခံနိုင္တာေတာ့ အမွန္ပဲ။တစ္ဖက္က ၾကည့္ရင္ မင္းက ငါ့သူငယ္ခ်င္း။မင္း ငါ့သားကို ဘယ္ေလာက္ထိခ်စ္သလဲဆိုတာ ငါအသိပဲေလ။မင္းတို႔ႏွစ္ေယာက္အေပၚ ခ်စ္တဲ့စိတ္နဲ႕ ငဲ့ကြက္ၿပီးေျပာရမယ္ ဆိုရင္ ငါက သားရဲ႕သေဘာအတိုင္းပါ။သားက မင္းကိုမွ လက္ထပ္ခ်င္တယ္ဆိုရင္လည္း ငါက ၾကည္ျဖဴေပးနိုင္ဖို႔ ႀကိဳးစားမယ္။ငါက သားရဲ႕ သေဘာအတိုင္းပဲလိုက္ေလ်ာေပးမွာပါ။"

"ေက်းဇူးတင္ပါတယ္ ေမာင္ၿဖိဳး။"

"သူ႕အေမရဲ႕သေဘာထားက ပိုအေရးႀကီးတယ္။မင္းလည္း သိတာပဲေလ။သူတို႔သားအမိႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာကို။သားက သူ႕အေမ စိတ္ဆင္းရဲေစမယ့္အရာကို ေနာင္ဆို ပိုၿပီးေရွာင္မယ္လို႔ ထင္တယ္။သူ႕အေမကို ၅ႏွစ္လုံးလုံး သူပစ္ထားခဲ့မိလို႔ သားက အေတာ္ေလးေနာင္တရေနတာ။ေနာင္အနာဂတ္မွာေတာ့ သူ႕အေမ စိတ္ဆင္းရဲေစမယ့္ကိစၥ၊ သူ ေနာင္တရေစမယ့္အရာေတြကို သတိထား ဆင္ျခင္
လာမယ္လို႔ ငါထင္တယ္။"

ေခါင္ထက္အေနနဲ႕ ဟိန္းစစ္ကို ပိုင္ဆိုင္ရရွိဖို႔ အခက္အခဲမ်ားစြာကို ျဖတ္သန္းရမယ္ဆိုတာကို နားလည္ပါတယ္။စစ္မျဖစ္ခ်င္ကလည္း ျမားမကုန္ခ်င္ပါ။ဒါ့ေၾကာင့္ သူ အတတ္နိုင္ဆုံး ႀကိဳးစားမွာပါ။ဟိန္းစစ္နဲ႕ တစ္ႀကိမ္ခြဲခြာၿပီးကတည္းက ေနာင္တစ္ႀကိမ္ ခြဲရမယ္ဆိုတဲ့ ေန႕ရက္ေတြကို ေတြးရင္းနဲ႕ေတာင္ ေၾကာက္‌ေနတာပါ။

"သားကိုေကာ မင္းက လက္ထပ္ခြင့္ ေတာင္းၿပီးၿပီလား။"

"ဟင့္အင္း။လြန္ခဲ့တဲ့ ၅ႏွစ္ေလာက္ေတာ့ လက္ထပ္ခြင့္ေပးဖို႔အတြက္ တစ္ခါေျပာဖူးတယ္။အခု ျပန္ေတြ႕ခ်ိန္မွာေတာ့ ခြင့္မေတာင္းရေသးဘူး။အခုက လက္ထပ္ခြင့္ေတာင္းဖို႔ေနေနသာသာ ညီငယ္က ငါ့ကို ခ်စ္တယ္ ဆိုတဲ့ စကားတစ္ခြန္းကိုေတာင္ တစ္ခါမွ မေျပာဖူးဘူး ေမာင္ၿဖိဳး။ငါကသာ အႀကိမ္ေပါင္းစြာ ေျပာေနရတာပါ။
"

"ဒါဆို မင္းတို႔ႏွစ္ေယာက္ရဲ႕ အေျခအေနက အခု ဘယ္လိုပုံစံလဲ။"

ဖခင္တစ္ေယာက္အေနနဲ႕ သားရဲ႕အခ်စ္ေရးကို သားရဲ႕ခ်စ္သူဆီ ေမးရတာကေတာ့ အနည္းငယ္မ်က္ႏွာပူမိသည္။သားရဲ႕ကိစၥ ဆိုေတာ့လည္း ေရွ႕မ်က္ႏွာေနာက္ထားၿပီး ေမးရပါသည္။

"ငါလည္းမသိဘူးေလ။အခု ညီငယ္ က ငါ့ကို လက္ခံေပးတယ္။ငါ့အလိုကိုလိုက္ေပးတယ္။ငါ့စိတ္ႀကိဳက္ သူေနေပးမယ္။ခ်စ္တယ္ ဆိုတဲ့ စကားတစ္ခြန္းမွ ထြက္မလာခဲ့ဘူး။ခ်စ္သူလို႔ပဲဆိုရမလား။ရည္းစားလို႔ပဲ သတ္မွတ္ရမလား။အတူေနခ်စ္သူလို႔ပဲ နားလည္ေပးရမလားဆိုတာ ငါလည္း ေသခ်ာမသိဘူး။
ဒါေပမဲ့ ငါေၾကာက္တယ္ ေမာင္ၿဖိဳး။အခုခ်ိန္မွာ သူငါ့ကို လက္ခံေနေပမယ့္ တစ္ခ်ိန္ခ်ိန္ ခြဲသြားၿပီး ငါ့အနားက ထပ္ၿပီးထြက္သြားမွာကို ငါေၾကာက္တယ္။အဲ့ဒါေၾကာင့္လည္းညီငယ့္ကို တရားဝင္ လက္ထပ္ထားခ်င္တာ။ၿပီးေတာ့ ညီငယ့္ကို ငါ့ဘက္က ျပန္ၿပီး ေပးဆပ္ခြင့္ရခ်င္တယ္။ငါ့အခ်စ္ေတြကို သက္ေသျပဖို႔က လက္ထပ္ျခင္းတစ္ခုပဲ ရွိတယ္ေလ ေမာင္ၿဖိဳး"

"ေယာကၤ်ားေလးႏွစ္‌ေယာက္
လက္ထပ္တယ္ဆိုတာ လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ဘူး။ ေခါင္ထက္။အေျပာလြယ္သေလာက္ အလုပ္ခက္တယ္။"

"ငါသိပါတယ္။ဒါ့ေၾကာင့္ ညီငယ့္ကို လက္ထပ္ခြင့္ရဖို႔အတြက္ အရာရာတိုင္းကို ႏွစ္ဆႀကိဳးစားမွာပါ။ၿပီးေတာ့ ညီငယ့္ကို အရင္ကထက္ အဆေပါင္းမ်ားစြာ ပိုၿပီးခ်စ္မယ္လို႔လည္း ငါကတိေပးပါတယ္။"

"ဒါ ငါ့ကို ေပးရမယ့္ ကတိမဟုတ္ဘူးေလ။သားကို ေပးရမယ့္ ကတိပါ။ မင္းငါ့ကို ေပးရမယ့္ ကတိက မင္းေၾကာင့္ သား ဘယ္ေတာ့မွ စိတ္ဆင္းရဲေစရဘူး။သား ကို မ်က္ရည္က်ေအာင္ မလုပ္ဘူး ဆိုတဲ့ ကတိ မင္းငါ့ကို ေပးပါ။"

"စိတ္ခ်ပါ။ညီငယ္ စိတ္ဆင္းရဲေစမယ့္အလုပ္၊ မ်က္ရည္က်ေစမယ့္ကိစၥကို ငါဘယ္ေတာ့မွ မလုပ္ဘူးလို႔ မင္းကို ကတိေပးပါတယ္။"

ဟိန္းစစ္ ေမးခဲ့ဖူးတဲ့ "ကြၽန္ေတာ္ လုပ္ေပးခဲ့တဲ့ အရာတိုင္းဟာ ဆရာ့အတြက္ တန္ဖိုး မရွိခဲ့ဘူးလား"
ဆိုတဲ့ စကားအေပၚ အေတာ္ေလး စိတ္မေကာင္း ျဖစ္မိခဲ့ပါတယ္။သူ ေျပာခဲ့တာက စကားလုံးေ႐ြးခ်ယ္မႈ မွားခဲ့တာပါ။ဟိန္းစစ္ ကို တန္ဖိုးမထားခဲ့တာ မဟုတ္ဘူး။ဟိန္းစစ္နဲ႕ပတ္သက္ရင္ အေသးအမႊားေလးက အစ တန္ဖိုးထားတတ္သူပါ။ဦးရဲပိုင္ျမတ္ က ဟိန္းစစ္ ကို ၿခိမ္းေျခာက္ထားပါသည္ ဆိုတဲ့ ရွယ္ယာပမာဏဟာ ေခါင္ထက္ စည္းစိမ္နဲ႕ယွဥ္ရင္
ဒီပမာဏေလာက္ေလးနဲ႕ ဟိန္းစစ္ဘဝ တစ္ခုလုံး ထိုးအပ္ခဲ့ရေလာက္ေအာင္မတန္ပါဘူး။ဟိန္းစစ္ အတြက္ မခ်င့္မရဲ ျဖစ္မိတဲ့စိတ္နဲ႕ ေျပာခဲ့မိတဲ့ ေခါင္ထက္ရဲ႕ အမွားတစ္ခုပါ။အဲ့ဒီ့ေန႕က ဟိန္းစစ္ စိတ္ေျပဖို႔ အေတာ္ေလး ေခ်ာ့ယူခဲ့ရပါသည္။သီဟ
ဆီမွာ ေနာက္မွ သိရတာ
သူတို႔ႏွစ္ေယာက္ ခ်စ္ေနၾကတဲ့အခ်ိန္ကို ခိုးရိုက္ထားတဲ့ video ကိစၥ။ အဲ့ဒီ့ကိစၥကို သိသြားၿပီးမွ ေခါင္ထက္ရဲ႕ စကားဟာ ဟိန္းစစ္အေပၚ ေစာ္ကားရာက်ေနသလို ယူႀကဳံးမရလည္း ပိုၿပီး ျဖစ္မိသည္။ေခါင္ထက္ အေပၚ ဟိန္းစစ္ရဲ႕ အနစ္နာခံမႈေတြဟာ ေခါင္ထက္ဘက္က ေပးဆပ္လို႔ မကုန္နိုင္ေအာင္ မ်ားျပားလြန္းသည္။ဟိန္းစစ္ ကို တစ္ခုခု လုပ္ေပးခ်င္သည္။မာနႀကီးသူ ဟိန္းစစ္ က သူ႕စည္းစိမ္ပုံေပးလည္း  လက္ခံေပးမည့္သူမဟုတ္။သူ႕ခြန္သူ႕အားနဲ႕ ရတဲ့အရာကို တန္ဖိုးထားတတ္သူ။

ဟိန္းစစ္ အေပၚ ေခါင္ထက္ဘက္က ဘယ္ေလာက္ တန္ဖိုးထားလဲ ဆိုတာ ျပသဖို႔ နည္းလမ္းတစ္ခု ပဲရွိသည္။ လူသိရွင္ၾကား တင့္တင့္တယ္တယ္
လက္ထပ္ယူျခင္းသာ ျဖစ္သည္။ဘယ္လိုအခက္အခဲပဲရွိရွိ ရင္ဆိုင္ေျဖရွင္းနိုင္ေအာင္ ႀကိဳးစားၿပီး ‌ဟိန္းစစ္အေပၚ ထားတဲ့ ေခါင္ထက္ရဲ႕အခ်စ္ေတြကို
သက္ေသျပခ်င္ပါသည္။

*****************

"စပယ္ ကြၽန္ေတာ့္ကို ေတြ႕ခ်င္တဲ့ကိစၥက ဘာမ်ားလဲ မသိဘူး။"

ဆိုင္ဝန္ထမ္းေကာင္ေလးတစ္ေယာက္က ဟိန္းစစ္ ရွိရာ မီးဖိုေခ်ာင္ထဲက ၀င္လာၿပီး ဧည့္သည္တစ္ေယာက္ ေတြ႕ဖို႔ လာေစာင့္ေနသည္ ေျပာတာနဲ႕ လုပ္လက္စရပ္ၿပီး အျပင္ကို ထြက္ၾကည့္လိုက္ေတာ့ မထင္မွတ္ထားသူကို ေတြ႕ရသည္။စပယ္ ျဖစ္ေနသည္။ဘာ့ေၾကာင့္ ဟိန္းစစ္ဆီ ေရာက္လာသလဲဆိုတာ သိသည္ေပါ့။အခုခ်ိန္ကလည္း
မနက္ပိုင္းလည္းျဖစ္
ဆိုင္မွာ လူနည္းနည္း ရွင္းေနခ်ိန္ျဖစ္လို႔ စကားေအးေအးေျပာဖို႔ေတာ့ အဆင္ေျပသည္။

"အစ္ကို႔ကို လာေတြ႕ရတဲ့ အေၾကာင္းအရင္းကို အစ္ကို သိမွာပါ။စပယ္တို႔ ၃ေယာက္ရဲ႕ ကိစၥပါ။အခု ကြၽန္မ လာတာကလည္း အားလုံးကို သိၿပီးမွ လာတာပါ။"

"အဲ့ဒီ့ေတာ့ စပယ့္ဘက္က ဘာမ်ားျဖစ္ခ်င္လို႔လဲ။"

"အစ္ကို ဘက္က ေနာက္ဆုတ္ေပးပါ။"

"ဘာ"

"အစ္ကို က ေယာကၤ်ားေလးပါ။ဆရာ နဲ႕ ကြဲသြားလို႔လည္း နစ္နာစရာ အေၾကာင္းမရွိပါဘူး။ဒါ့ေၾကာင့္ အစ္ကို႔ဘက္က ေနာက္ဆုတ္ေပးပါ။"

"အစ္ကိုက အစ္ကို႔ဖာသာ ေန‌တာပါ။သူကသာ အစ္ကို႔ဆီလာေနတာပါ။ေနာက္ၿပီး ဆရာ က ကေလး မဟုတ္ဘူး အသိဉာဏ္ ရွိတဲ့သူပါ။သူ႕စိတ္နဲ႕သူ ကိစၥတိုင္းကို ဆုံးျဖတ္တာပါ။အစ္ကို႔ဘက္က သူ႕စိတ္ကို ထိန္းခ်ဳပ္လို႔ မရပါဘူး။"

"ဆရာ က အစ္ကို႔ကို အသည္းအသန္ ျဖစ္ေနတာ အစ္ကိုဘက္က လက္ခံထားလို႔ပါ။အစ္ကို႔သာ သူ႕ကို ႏွင္လႊတ္ရင္ ဆရာက အစ္ကို႔ဆီ ဘယ္ေတာ့မွ လာမွာ မဟုတ္ပါဘူး။"

"အဲ့လိုေတာ့ တစ္ဖက္သတ္မေျပာေစခ်င္ဘူး ညီမ။အစ္ကို သူ႕ကို ဆြဲထားတာ မဟုတ္ဘူး။တစ္ခုေတာ့ရွိတယ္။အခုခ်ိန္ကစၿပီး အစ္ကို ဆီ လာေနတဲ့ သူ႕ကို ဘယ္ေတာ့မွ ႏွင္လႊတ္မွာ မဟုတ္ဘူး။သူလာခ်င္တဲ့ ဆႏၵရွိရင္ သူလာလိမ့္မယ္။သူ ထြက္သြားခ်င္တဲ့ ဆႏၵ ရွိလာရင္လည္း ထြက္သြားတာကို အစ္ကို တားမွာ မဟုတ္ဘူး။ဆရာ့သေဘာအတိုင္းပဲ ခြင့္ျပဳေပးထားမွာပါ။အစ္ကို သူ႕ကို ထိန္းခ်ဳပ္ထားတာ မဟုတ္တဲ့အတြက္ က်န္တဲ့ကိစၥ ဆရာပဲ ဆုံးျဖတ္ပါလိမ့္မယ္။"

"အစ္ကို ဆိုလိုတာက အစ္ကို႔ဘက္က ဘယ္လိုမွ အေလ်ာ့မေပးဘူး ဆိုတဲ့သေဘာလား။အစ္ကို အနိုင္လိုခ်င္တာလား။"

"အနိုင္၊အရႈံးခြဲရေအာင္ အစ္ကိုတို႔က ယွဥ္ၿပိဳင္ေနၾကတာမွ မဟုတ္ဘဲ "

"တစ္ခုေလာက္ေမးပါရေစ။
ယွဥ္ၿပိဳင္ျခင္းတစ္ခုမွာ ေယာက္်ားေလးနဲ႕မိန္းကေလး ယွဥ္ရင္ ဘယ္သူနိုင္မယ္လို႔ အစ္ကို ထင္လဲ။ဆရာ့ မိဘေတြကေကာ အစ္ကိုနဲ႕ဆရာ့ကို သေဘာတူၾကည္ျဖဴမယ္လို႔ထင္ထားလို႔လား။"

"ေယာက္်ားေလးႏွစ္ေယာက္ရဲ႕ခ်စ္ခရီးလမ္းဟာ ထင္ထားတာထက္ ပိုၿပီး ၾကမ္းတမ္းတယ္ဆိုတာ သိၿပီးသားပါ။အခက္အခဲေတြအမ်ားႀကီးကို ျဖတ္ေက်ာ္ရမယ္ဆိုတာကိုလည္း သိပါတယ္။ေယာက္်ားေလးနဲ႕မိန္းကေလးရဲ႕ ယွဥ္ၿပိဳင္ျခင္းမွာ ဘယ္သူနိုင္မယ္။ဘယ္သူရႈံးမယ္ဆိုတာကိုေတာ့ မသိပါဘူး။အစ္ကို သိတာက ဆရာနဲ႕အစ္ကိုတို႔ ႏွစ္ေယာက္စလုံးက အျပန္အလွန္ နားလည္မႈနဲ႕ ခ်စ္ေနၾကတယ္။ဒါ့ေၾကာင့္ ျဖစ္လာသမွ် အခက္အခဲကို ႏွစ္ေယာက္အတူ လက္တြဲေျဖရွင္းရင္ အရာအားလုံးကို ေက်ာ္ျဖတ္နိုင္မယ္ဆိုတာကိုေတာ့ အစ္ကို႔ဘက္က ယုံၾကည္တယ္။"

ဟိန္းစစ္ရဲ႕ စကားေတြဟာ တစ္ဖက္သတ္အခ်စ္ကိုသာ ပိုင္ဆိုင္ထားတဲ့ စပယ့္ ကို နာနာနဲ႕ ရိုက္ခ်လိဳက္သလိုပါပဲ။
စပယ့္ဘက္က ဟိန္းစစ္ ကို စိတ္ခုသြားသည္ဆိုတာ သိသာပါသည္။
ေဒါသေတြကို အျပင္မထြက္ဘဲ ဟန္ေဆာင္မႈနဲ႕ ထိန္းခ်ဳပ္ထားတတ္တဲ့ စပယ့္ရဲ႕ အမူအယာကို လည္း ဟိန္းစစ္ ပထမဦးဆုံးျမင္လိုက္ရပါေတာ့သည္။

*********************

"အဲ့ဒါ ဘာလုပ္ေနတာလဲ"

ဆိုင္က မီးဖိုေခ်ာင္ထဲ ဝင္ဝင္ခ်င္း ဟိန္းစစ္ ရင္ကို ဆို႔သြားေစတဲ့ ျမင္ကြင္းကေတာ့ ဟင္းသီးဟင္း႐ြက္ေတြကို ဓားနဲ႕ စိတ္ႀကိဳက္ခုတ္ေနသူေၾကာင့္ပါ။အျခားသူမဟုတ္ဘဲ ေခါင္ထက္ ျဖစ္ေနပါသည္။

"ငါလုပ္ခ်င္တာလုပ္ေနတာေလ။ဘာျဖစ္လဲ"

ေမးေတာ့လည္း ဘုကလန႔္ ျပန္ေျပာသည္။မီးဖိုေခ်ာင္ထဲမွာ ဝန္ထမ္းေတြရွိေနသည္။သူတို႔ႏွစ္ေယာက္ကို ၾကည့္ေနသည္မို႔ ဒီမွာ ဆက္ၿပီး စကားေျပာဖို႔ အဆင္မေျပ။ဝန္ထမ္းေတြကလည္း ဟိန္းစစ္ တို႔ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို တစ္စြန္းတစ္စ သိထားသည္မို႔ လုပ္ခ်င္တာ လုပ္ခြင့္ျပဳထားတာ ျဖစ္မည္။သီဟ က ဆိုင္မွာ မရွိ အျပင္ကိစၥရွိလို႔ မနက္ကတည္းက ထြက္သြားတာ ျပန္မလာေသးေပ။အေပၚထပ္တက္ၿပီး ေရခဏေလး တက္ခ်ိဳး႐ုံရွိေသး။သူ ေရာက္လာၿပီး ေအာက္ထပ္မွာ လုပ္ခ်င္တာ လုပ္ေနတာျဖစ္သည္။

"ဆရာ လုပ္ေနပုံက မဟုတ္ေသးဘူးေနာ္။"

"ငါ့ကို ဆရာ လို႔ မေခၚနဲ႕လို႔ မင္းကိုငါေျပာထားတယ္ေနာ္။"

"အိုေက။အိုေက။ဟုတ္ၿပီ။အခု ဘာလုပ္ေနတာလဲ။
ဟင္းသီးဟင္း႐ြက္ေတြကို ဘာျဖစ္လို႔ ဓားနဲ႕ ေလွ်ာက္ ခုတ္ေနတာလဲ။အဲဒါ အလဟႆျဖစ္ေအာင္ ျဖဳန္းတီးတာေနာ္။"

"ငါလည္း ငါလုပ္ခ်င္တာလုပ္တာ ဘာျဖစ္လဲ။ မင္းလည္း မင္းလုပ္ခ်င္တာ မင္းလုပ္တယ္ မဟုတ္လား။"

ေသခ်ာသည္။ေခါင္ထက္ရဲ႕ ပုံစံက ျပင္းထန္ေပါက္ကြဲေနပုံအရ တစ္ခုခု ျဖစ္ထားသည္။ဝန္ထမ္းေတြေရွ႕ သူတို႔ႏွစ္ေယာက္ဆက္ၿပီး စကားဆက္ေျပာေနဖို႔ အဆင္မေျပေတာ့။

"သားငယ္ေရ.....ပြေနတဲ့ ဟင္း႐ြက္ေတြကို အစ္ကို႔အစား ရွင္းထားေပးပါ။ျပန္ၿပီးခ်က္စားလို႔ ရနိုင္တဲ့ အေကာင္းေတြ ရွိရင္ အိတ္တစ္လုံးနဲ႕ ထည့္ၿပီး သိမ္းထားေပး။အစ္ကို ညေနက် ေၾကာ္စားလိုက္မယ္။
အစ္ကို အိမ္ေပၚခဏတက္လိုက္ဦးမယ္ေနာ္။သီဟ လည္း မရွိေတာ့ ဆိုင္ကို ေသခ်ာ ဂ႐ုစိုက္။ customer ရဲ႕ အမွာစာေတြ ဂ႐ုစိုက္။ order ပြဲေတြ စားပြဲမွားမခ်မိေစနဲ႕ေနာ္။"

"ဟုတ္ကဲ့.....ကြၽန္ေတာ္ လုပ္ထားပါ့မယ္။စိတ္ခ်ပါ။
ဆိုင္အတြက္လည္း စိတ္ခ်ပါ။"

မွာစရာရွိတာမွာၿပီး သူ႕လက္ကို ဆြဲကာ အေပၚထပ္ကို တက္လာခဲ့သည္။အခန္းထဲေရာက္ေတာ့ သူ႕လက္ကို လႊတ္လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

"ကဲ.....ေျပာ။  ကေလးဆန္တဲ့ အလုပ္ေတြ ဆရာ
လုပ္ေနရတဲ့ အေၾကာင္းအရင္း ကြၽန္ေတာ္ သိခ်င္တယ္။"

"ငါ့ကို ဆရာ လို႔ မေခၚဖို႔ မင္းကို ဘယ္ႏွစ္ခါေျပာရမလဲ"

"ကြၽန္ေတာ့္ကိုက် ဆရာ လို႔ မေခၚနဲ႕ ဆိုၿပီး ကြၽန္‌ေတာ့္ကို က်ေတာ့ မင္းနဲ႕ငါနဲ႕ ေျပာရတာကို အဆင္ေျပလား။ထားပါေတာ့ ဒါေတြေျပာေနလဲ အပိုပါပဲ။အခု ကြၽန္ေတာ္လုပ္ခ်င္တာလုပ္တယ္ ဆိုတာ ဘာကိုဆိုလိုတာလဲ။ကြၽန္ေတာ္ ဘာမ်ားလုပ္ေနလို႔လဲ"

"ဘာမ်ားလုပ္ေနလို႔လဲ ဟုတ္လား။မနက္က ဆိုင္မွာ ေကာင္မေလးတစ္ေယာက္နဲ႕ အၾကာႀကီးစကားေျပာေနတယ္ဆို။အစ္ကို သဝန္တိုတတ္တယ္ ဆိုတာ ညီငယ္ သိရဲ႕သားနဲ႕ တမင္လုပ္တာ မဟုတ္လား။"

မနက္က ဆိုင္မွာ စပယ္နဲ႕ ႏွစ္ေယာက္တည္းထိုင္းၿပီး စကားေျပာေနတဲ့ကိစၥကို
ဆိုင္က ဝန္ထမ္းတစ္ေယာက္ေယာက္က သူ႕ကို ေျပာျပလိုက္ပုံရပါသည္။

"အဲ့ဒီ့ကိစၥသိၿပီး
မီးဖိုေခ်ာင္ထဲမွာ ကေလးဆန္ဆန္ေတြ လုပ္ၿပီး ေသာင္းက်န္းထားတာေပါ့ေလ။"

"ဟုတ္တယ္"

စားပြဲေပၚကို လက္တစ္ဖက္ေထာက္ၿပီး တစ္ဖက္က ခါးေထာက္ကာ စိတ္ပ်က္လက္ပ်က္ပုံစံနဲ႕ ေခါင္ထက္ ကို ေသခ်ာၾကည့္ကာ ေမးခြန္းထုတ္လိုက္သည္။

"အခု ကိုကို႔ အသက္ ဘယ္ေလာက္ရွိၿပီလဲ။စိတ္ဆိုးတာကို အေၾကာင္းျပၿပီး အခုလို အစားအေသာက္ေတြကို ျဖဳန္းတီးေနတာကေကာ ကိုကို႔ လုပ္ရပ္မွန္တယ္လို႔ ထင္သလား။"

ကိုကို ဆိုတဲ့ ေခၚသံေနာက္မွာ ေခါင္ထက္ ႏွလုံးသားေတြ အရည္ေပ်ာ္ကာသြားပါၿပီ။စကားေတြလည္းအထစ္ထစ္အေငါ့ေငါ့ ျဖစ္ကုန္ၿပီ။

"ဟို.......ဒါက.......အဲ့ဒါက"

"စိတ္ဆိုးေနရင္လည္း ကြၽန္ေတာ့္ကို တိုက္ရိုက္ေျပာပါ။ကြၽန္ေတာ္နဲ႕ပဲ တိုက္ရိုက္ေျဖရွင္းပါ။အစားအစာေတြကို အလဟႆ မျဖဳန္းတီးပါနဲ႕။ကြၽန္ေတာ္ မႀကိဳက္ဘူး။"

"အစ္ကို မွားသြားပါတယ္။စိတ္မဆိုးပါနဲ႕‌ေနာ္။ေနာင္ အဲ့လို မျဖစ္ေစရပါဘူး။ညီငယ္နဲ႕ customer မဟုတ္တဲ့
ေကာင္မေလး တစ္ေယာက္ အၾကာႀကီး မ်က္ႏွာခ်င္းဆိုင္ စကားေျပာေနၾကတယ္လို႔ သိရ , ရခ်င္း စိတ္တိုသြားလို႔ပါတယ္။ေနာက္ၿပီး သဝန္တိုသြားမိလို႔ လုပ္မိလုပ္ရာေတြ ေလွ်ာက္လုပ္မိတာ ခြင့္လႊတ္ပါေနာ္။"

ခါးေထာက္ထားတဲ့ လက္တစ္ဖက္ကို အသာဆြဲယူၿပီး ေခ်ာ့ျမဴသလိုနဲ႕ ညင္ညင္သာသာေလး ပြတ္သပ္ကာ ခြင့္လႊတ္ေပးဖို႔  မ်က္ႏွာခ်ိဳေသြးေနမိသည္။
ခပ္တည္တည္မ်က္ႏွာက အနည္းငယ္ေပ်ာ့ေျပာင္းလာခ်ိန္မွာေတာ့ စကားေျပာေနသူ ဘယ္သူလဲဆိုတာ ေခ်ာ့ေမာ့ကာ ေမးရပါေတာ့သည္။

"စပယ္....မနက္က စပယ္ ကြၽန္ေတာ့္ကို လာေတြ႕သြားတယ္။"

"ဘာ...စပယ္ ဟုတ္လား။ဒီေကာင္မေလး ညီငယ့္ကို ေတြ႕ၿပီး ဘာေတြေျပာသြားတာလဲ"

တကယ္ဆို စပယ္ ေျပာခဲ့တဲ့ စကားေတြကို ေခါင္ထက္ ကို ျပန္မေျပာခ်င္ပါ။မိန္းကေလးတစ္ေယာက္ရဲ႕ သိကၡာကို ေလးစားရမည္။သူ႕ေနာက္ကြယ္မွာ ဘာမွျပန္မေျပာသင့္ဟု ဟိန္းစစ္ ယူဆသည္။

"ကြၽန္ေတာ့္ရဲ႕ လုပ္ရပ္ေတြဟာ ဆရာ့မိဘေတြနဲ႕ စပယ့္ အေပၚ တရားရဲ႕လားဟင္။"

"ဆရာ လို႔ ျပန္ေခၚျပန္ၿပီလား။"

"အထအန မေကာက္ပါနဲ႕။ကိုကို လို႔ တစ္ခ်ိန္လုံးေခၚဖို႔ ကေတာ့ အခ်ိန္ယူရဦးမွာမို႔ပါ။"

ဒီတစ္ခါ အမွားက ေခါင္ထက္ အမွားျဖစ္ေနတဲ့အတြက္ သူ အထြန႔္မတက္ရဲပါ။

"အျခားကိစၥေတြ ေခါင္းထဲက ထုတ္ေပးထားပါလား ညီငယ္။အခုခ်ိန္မွာ ညီငယ္နဲ႕ အစ္ကို႔ အေၾကာင္းပဲ ေတြးၾကရေအာင္။စပယ္ ကလည္း အစ္ကို႔ အတြက္ ညီမေလး တစ္ေယာက္ပါ။ ဒီေလာကတစ္ခုလုံးမွာ အစ္ကို ခ်စ္တာ ညီငယ္ တစ္ေယာက္ပဲ ရွိပါတယ္။ယုံပါ။"

ဟိန္းစစ္ လက္ဖမိုးကို အသာနမ္းရွိုက္ကာ ေျပာလိုက္သည္။ဒီတစ္ခါ ေႂကြဆင္းသြားသူက ဟိန္းစစ္ သာ ျဖစ္သည္။

"ညီငယ္"

"ဗ်ာ"

"အစ္ကို တစ္ခုေလာက္ ေမးခ်င္တယ္။"

"ဟုတ္ကဲ့"

"အစ္ကို႔ကို ခ်စ္လားဟင္။"

ဟိန္းစစ္ ဘာစကားမွ မဆိုဘဲ ေခါင္းငုံသြားသည္။

"အစ္ကို ေမးတာေျဖပါဦး။အစ္ကို႔ ကို ခ်စ္လားလို႔"

"အခုလို အေျခအေနေတာင္ ေရာက္ေနၿပီ။
ေျပာဖို႔လိုေသးလို႔လား။ကြၽန္ေတာ့္သေဘာထားကို အခုခ်ိန္ထိ မသိ‌ေသးဘူးလား။"

"သိပါတယ္။ဒါေပမဲ့ ညီငယ့္ ႏႈတ္ဖ်ားက ခ်စ္တယ္ ဆိုတဲ့ စကားကို တစ္ခါေလာက္ေတာ့ အစ္ကို ၾကားခ်င္လို႔ပါ။

"ခ်စ္တယ္ ဆိုတဲ့ စကားကို ပါးစပ္က  ေျပာေနမွ မဟုတ္ပါဘူး။ကြၽန္ေတာ့္ရဲ႕ လုပ္ရပ္တိုင္းဟာ ကြၽန္ေတာ့္ႏွလုံးသားထဲက လာတဲ့
သက္ေရာက္မႈေတြပါ။ဆရာ့အေပၚထားတဲ့ စိတ္သေဘာထား သက္ေရာက္မႈလည္း အတူတူပါပဲ။"

"ဘာပဲျဖစ္ျဖစ္ ခ်စ္တယ္ ဆိုတဲ့ စကားေလးေတာ့ ညီငယ့္ဆီက ၾကားခ်င္တယ္ ေလ။ဒါမွ အစ္ကိုတို႔ ႏွစ္ေယာက္ရဲ႕ ပတ္သက္မႈ တိတိက်က်ကိဳလည္း သိခြင့္ရမွာ‌ေလ။အခု အစ္ကိုက ညီငယ့္ခ်စ္သူ မဟုတ္လားဟင္"

"ကြၽန္ေတာ္ ေမးပါဦးမယ္။ခ်စ္သူေတြက ႏွစ္ေယာက္တည္း ေတြ႕ၾကရင္ ဘယ္လိုေနၾကလဲ။တစ္ေယာက္နဲ႕တစ္ေယာက္ ဘယ္လိုအျပဳအမူေတြ ဖလွယ္ၾကလဲ။"

"လက္ေတြ႕ျပရမွာလား။"

ေခါင္ထက္ ပီပီ အခြင့္အေရးေလး နည္းနည္းေလာက္ယူလိုက္ခ်င္ေသးသည္။လွမ္းလိုက္တဲ့ လက္အစုံကို ရိုက္ခ်ခံလိုက္ရမွ ၿငိမ္သြားသည္။

"ကြၽန္ေတာ္က သိတယ္။လက္ေတြ႕ျပစရာမလိုဘူး။
ဆရာ သိဖို႔ ေျပာေနတာ။
ကြၽန္ေတာ္တို႔ ႏွစ္ေယာက္က ခ်စ္သူ‌ေတြ အဆင့္ထက္ေတာင္ ျဖတ္ေက်ာ္ၿပီးေနၾကၿပီ မဟုတ္လား။"

"ဒါဆို အစ္ကိုတို႔ႏွစ္ေယာက္က ခ်စ္သူေတြ ျဖစ္သြားၿပီေပါ့ေနာ္။"

"အင္း"

"ခ်စ္သူခ်င္းဆိုရင္ ခ်စ္တယ္ ဆိုတဲ့စကားကို အျပန္အလွန္ေျပာၾကတယ္ မဟုတ္လား။ညီငယ့္ ႏႈတ္ဖ်ားက ခ်စ္တယ္ ဆိုတဲ့ စကားကို တရားဝင္ေလးေတာ့ ၾကားပါရေစ။အခု
အစ္ကို က ၾကားခ်င္တယ္ ဆိုရင္ေကာ။ေျပာေပးမလား။"

တကယ္ဆိုရင္ ခ်စ္တယ္ ဆိုတဲ့ စကားကို သူသိေအာင္ ေျပာေပးခ်င္ပါသည္။လြန္ခဲ့တဲ့ ၅ႏွစ္က သူနဲ႕ေနာက္တစ္ႀကိမ္ျပန္ေတြ႕ၾကရင္ ေျပာေပးမယ္လို႔ သူ႕ကို ေပးခဲ့တဲ့ ကတိကိုလည္း အမွတ္ရေနပါသည္။
ဒါေပမဲ့ တကယ္တမ္းေျပာဖို႔ရာ ႏႈတ္ထြက္စကားမရဲတာမို႔ အလိုလိုထြက္လာတဲ့ စကားလုံးကိုသာ ဟိန္းစစ္ ကိုယ္တိုင္လည္း ေစာင့္ရပါမည္။

"မေျပာေပးနိုင္ဘူး ။ကြၽန္ေတာ္ ေျပာခ်င္တဲ့ေန႕ သူ႕အလိုလို ပါးစပ္က ထြက္လာလိမ့္မယ္။အခုတာ့ ကြၽန္ေတာ့္ရဲ႕ ခံစားခ်က္ကို
ဟိုလိုလုပ္ပါ ဒီလိုလုပ္ပါ ဆိုတဲ့
ပုံစံခြက္ထဲ ကြၽန္ေတာ့္ကို မထည့္ပါနဲ႕။ပုံစံခြက္ထဲမွာ ထိန္းခ်ဳပ္ခံရတဲ့ ဘဝကို ကြၽန္ေတာ္ မုန္းတယ္။ကြၽန္ေတာ့္ကို လြတ္လြတ္လပ္လပ္ ရွင္သန္ခြင့္ေပးပါ။"

"ေဆာရီးပါ ညီငယ္။အစ္ကိုက အစ္ကို လိုခ်င္တာ တစ္ခုထဲကိုပဲ ၾကည့္ၿပီး ညီငယ့္ ဘက္ကို မေတြးလိုက္မိလို႔ပါ။မေျပာခ်င္တာကို အစ္ကို႔ဘက္က ေနာက္ကို မေတာင္းဆိုေတာ့ပါဘူး။အခုလို ခ်စ္သူ ျဖစ္ခြင့္ရတာကိုလည္း အစ္ကို႔ဘက္က အရမ္းဝမ္းသာပါတယ္။အစ္ကို႔ကို အခြင့္အေရးေပးခဲ့တဲ့အတြက္လည္း ညီငယ့္ကို ေက်းဇူးတင္ပါတယ္။"

ဟိန္းစစ္ ဆီက ခ်စ္တယ္ ဆိုတဲ့ စကားေလးတစ္ခြန္းေလာက္ၾကားခ်င္ေသာ္လည္း ေပးသူကမေပးေတာ့ အတင္းေတာင္းယူလို႔ မရျပန္ပါ။
ခ်စ္သူ ဆိုတဲ့ ေဝါဟာရေလးနဲ႕ပဲ ေက်နပ္လိုက္သည္။
ဟိန္းစစ္ စိတ္ဆင္းရဲေအာင္ မလုပ္ပါဘူးဆိုတဲ့ ကိုယ့္ကိုယ္ကိုယ္ ေပးထားတဲ့ ကတိကို မဖ်က္ခ်င္တာေၾကာင့္ ႏႈတ္ဆိတ္ကာ ေနလိုက္မိပါေတာ့သည္။ခ်စ္တယ္ ဆိုတဲ့ စကားကို ခဏေက်ာ္ၿပီး လက္ထပ္ခြင့္ေတာင္းဖို႔ ကိစၥကိုသာ အထူးစဥ္းစားရပါေတာ့မည္။

25.5.2020 (Monday)
2:00 am

********************
ခ်စ္ခင္စိတ္နဲ႕
ဖတ္ရႈေပးသူ ခ်စ္မိတ္ေဆြမ်ားအားလုံးကို ေက်းဇူးတင္ပါတယ္ရွင့္။
ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ေန႕ရက္တိုင္းကို ပိုင္ဆိုင္နိုင္ၾကပါေစ။
************





Continue Reading

You'll Also Like

448K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.5M 62.4K 73
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
153K 19.5K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ