Be My Boyfriend
Per Myatthazin_kyaw
155K 7.7K 119
2gether (Sarawattine) ကိုအခြေခံ ရေးထားပါတယ် 💗+ But လုံး၀ကြီးတူနေတာမျိုး မဟုတ်ဘဲ ဇာတ်အိမ်ကို ကွဲထွက်နေအောင် ရ... Més
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇ + Special Part 16+
အပိုင်း ၈
အပိုင်း ၉ + Special part 🔞
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇ +🔞
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၆
အပိုင်း ၂၇ (ဇာတ်သိမ်း) 🔞
အပိုင်း ၂၅
4.1K 243 4
Per Myatthazin_kyaw
အချိန်တွေ ရပ်တန့်သွားသလိုပဲ ကျွန်တော်မြင်နေရတဲ့ Tine ဟာ ကျွန်တော့်ကို စွန့်ခွါသွားတဲ့ Tine နဲ့မတူတော့ဘဲ အခြားတစ်ယောက်လိုခံစားရတယ်။ သူဘာတွေ တွေးနေလဲ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ မျက်နှာခြင်းဆိုင် အနေအထားမှာ ရှိနေပေမဲ့ ကျွန်တော်ဘာလုပ်ရမလဲ မသိဘူး။
"Tine"
ကျွန်တော်ခေါ်လိုက်တယ် ကျွန်တော့်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ ကျွန်တော်ပြန်လိုချင်တယ် အရင်က ကျွန်တော့်ရင်ခွင်ထဲ ခလေးလေးလို အိပ်တက်တဲ့ကောင်လေးကို ပြန်လိုချင်တယ်။
"Tine ငါ!"
ရုတ်တရက်ပြေးဖက်လိုက်တယ် ကျွန်တော့်ကိုဖက်လိုက်တာနော် သူကျွန်တော့်ကို ဖက်လိုက်တာပါ။ ကျွန်တော်အရမ်းပျော်လို့ မျက်ရည်တောင်ကျလာပါတယ်။ ဆုံးရှုံးသွားတဲ့ အရာတစ်ခုကို ပြန်ပိုင်ဆိုင်ရတာ ဒီလောက်ပျော်ဖို့ကောင်း မှန်းမသိခဲ့ဘူး။ ကျွန်တော့်တို့အားလုံးက ဆုံးရှုံးသွားရင် ပြန်မလိုချင်တော့ဘူး ဆုံးရှုံးရတဲ့ ခေါင်းစဥ်ကိုမကြိုက်လို့ စွန့်ပစ်ခြင်းအနေနဲ့ သတ်မှတ်ပီး ပြန်မလိုချင်ကြတော့ဘူး။ ကျွန်တော်ကတော့ အားလုံးနဲ့ မတူဘူး ကျွန်တော်ကအရာအားလုံးကို တန်ဖိုးထားတက်ချင်မှ ထားတက်ပေမဲ့ Tine ကတော့ ကျွန်တော့်ဘ၀ရဲ့ တန်ဖိုးအထားဆုံး လူတစ်ယောက်ပဲ ကျွန်တော်ဆုံးရှုံးရမှာအရမ်းကြောက်ခဲ့တာ စွန့်လွှတ်ဖို့လည်း မကြိုးစားခဲ့ဘူး။ ပိုင်ဆိုင်ရဖို့ပဲ အမြဲပြန်ကြိုးစားနေခဲ့တာ။
အခုတော့ ကျွန်တော်ပြန်ပိုင်ဆိုင်လိုက်ရပြီ ထင်ပါတယ်။ကျွန်တော်ချစ်တဲ့ လူတစ်ယောက်ကို...
"Tine ငါ မင်းကိုအရမ်းချစ်တယ်"
ကျွန်တော့်လက်တွေက သူ့ကိုပြန်ဖက်လိုက်တယ်။ ပြီးတော့ ကျွန်တော်အပြောချင်ဆုံး စကားတစ်ခွန်းကို ပြောလိုက်တယ် မျက်ရည်တွေလည်း ရပ်တန့်သွားချင်း မရှိစီးကျလျက်ပါပဲ။
"အင်း ငါလည်းမင်းကိုချစ်တယ် "
နောက်ဆုံးတော့..နောက်ဆုံးတော့ ကျွန်တော် သူ့စီကျ ချစ်တယ်ဆိုတဲ့ စကားကိုကြားရပီ အရင်တစ်ခါက လမ်းခွဲတဲ့အချိန်မှ ကြားရပေမဲ့ အခုကတော့ ကျွန်တော်တို့ ​လမ်းခွဲစရာအကြောင်း မရှိတော့ပါဘူး ဘာအကြောင်းနဲ့ဖြစ်ဖြစ် မင်းအနားက ငါထွက်မသွားတော့ဘူး Tine
"Tine ငါမင်းကို ထပ်ပီးတစ်ယောက်ထဲ ထားမသွားတော့ဘူးနော်"
"အင်း" ငိုလျက်
"ပြီးတော့ ပြီးတော့ " အရမ်းငိုနေမိသောကြောင့် ကျွန်တော်စကားမပြောန်ိုင်သေးဘူး။
"ပြီးတော့ ငါမင်းနားမှာပဲ တစ်သက်လုံးနေမယ်နော် "
"အင်း"
Tine ဆီက အခြားစကားသံတွေ မကြားရပေမဲ့ အင်းဆိုတဲ့ စကားတစ်လုံးကလည်း ကျွန်တော့်ကို အရမ်းပျော်စေပါတယ်။ ကျွန်တော်ရော သူရော အပြိုင်ငိုနေကြတာ တကယ်ချစ်ဖို့ကောင်းတဲ့ မြင်ကွင်းပဲ။
အချိန်အတော်လေး ငိုလို့၀တော့ ကျွန်တော့်ကို ကြည့်လာတဲ့ကောင်လေးက နှာခေါင်းနီနီ ပါးနီနီ မျက်လုံးမို့မို့လေးဖြစ်နေလို့ ဒါလား အရမ်းကြံခိုင်တဲ့ကောင်လေး။ Tine ရယ် မင်းကို ငါနောက်တစ်ခါငိုအောင်မလုပ်တော့ပါဘူး။ မင်းငိူရင်ချစ်ဖို့ကောင်းပေမဲ့လည်း ငါမကြည့်ရက်ဘူး မင်းကို အမြဲစိတ်ချမ်းသာအောင်ထားပေးမယ်။ မင်းကိုအရမ်းချစ်တယ်။
စိတ်မထိန်းနိုင်တဲ့အဆုံး နှာခမ်းဖောင်းဖောင်းလေးကို ငုံပြီးနမ်းလိုက်တယ် သူကတော့ တစ်ရှုန့်ရှုန့်ငိုနေတုန်းပေါ့။
ခဏလေးဖိကပ်ပြီးတော့ နှာဖူးကိုနမ်းလိုက်တယ်။ အဲ့တော့ပြုံးလာတဲ့ထိုကောင်လေးမှာ အရမ်းပင်ချစ်ဖို့ကောင်းလွန်းသည်။ နှာဖူးကို နမ်းပြီးတော့ ဖောင်းအစ်နေတဲ့ဘယ်ဘက် မျက်လုံးလေးကို နမ်းလိုက်တယ် ပြီးတော့ ညာဘက်ကို ဆက်နမ်းတယ်။ သူကတော့ တစ်ချက်ချက် ကျွန်တော်ဆွဲရကို အသာလေးလိုက်တယ်။ တကယ်ပါ ဒီကောင်လေးကိုမှမချစ်ရင် ကျွန်တော် ဘယ်သူ့ကိုချစ်ရမှာလဲ?
စိတ်တွေတစ်ကယ်မထိန်းနိုင်တော့ဘူး အခုပဲ ချီပိုးပြီး အိမ်ခေါ်သွားချင်ပေမဲ့ Tine ကတော့ ချစ်ဖို့ကောင်းစွာ ကျွန်တော့်ကိုကြောင်ကြည့်နေတယ်။
"အိမ်ပြန်ရအောင်"
ကျွန်တော် Tine ကို လက်ပေးလိုက်တယ်။ ခဏနေတော့ သူကျွန်တော့်လက်ကိုကြည့်တယ် ပီးတော့ ကျွန်တော့်ကိုကြည့်တယ် ပြီးတော့ သူ့ရဲ့ မျက်အိမ်လေး မှေးသွားတဲ့ အထိပြုံးပြီး ခေါင်းညိမ့်တယ် နောက်ဆုံးတော့ သူကျွန်တော့်လက်ကို ကိုင်ပြီး ကျွန်တော်နဲ့ အတူ အိမ်ပြန်လိုက်လာပါတယ်။
ကားမောင်းနေပေမဲ့ ကျွန်တော့်လက်တစ်ဖက်က သူ့လက်တစ်ဖက်ကို ကိုင်ထားဆဲပဲ တစ်ချက်ချက် သူ့လက်လေးကို ကိုင်ကိုင်နမ်းလိုက်သေးတယ်။ သူကတော့ ကျွန်တော့်ကိုကြည့်ပြီး အူယားနေရောပေါ့ တကယ်တော့ ကျွန်တော့်ဘေးမှာရယ်နေတဲ့ ထိုကောင်လေးကို ကျွန်တော် ဆွဲစားပြစ်လိုက်ချင်ပါပြီ။
အိမ်ရောက်တော့ ကျွန်တော် Tine ကို ဆွဲမ လိုက်တယ်။ ပြီးတော့ အိပ်ခန်းထဲကို ခေါ်လာလိုက်တယ် အသာလေးချလိုက်ပြီး မီးမှိန်မှိန်လေးမှာ ရှက်သွေးဖြာနေတဲ့ သူ့မျက်နှာလေးကို အသာလေးနမ်းပြီး ကျွန်တော်သူ့ခြေအိတ်လေးတွေ ချွတ်ပေးလိုက်တယ်။
"Tine ရေချိုးလိုက်အုံး"
အခန်းထဲ မီးအစုံဖွင့်ပြီး ထိုအကောင်လေးကို ရေသွားချိုးခိုင်းလိုက်တယ် တကယ်ပဲ ကျွန်တော်စိတ်တွေ အရမ်းလှုပ်ရှားပြီးသေတော့မှာပဲ။
________________________________________
Z+
"Tine"
"Tine ငါ!"
"အင်း" ငိုလျက်
"ပြီးတော့ ပြီးတော့ " အရမ်းငိုနေမိသောကြောင့် ကျွန်တော်စကားမပြောနိုင်သေးဘူး။
"အင်း"
"အိမ်ပြန်ရအောင်"
________________________________________
Continua llegint
You'll Also Like
10.6K 1.1K 11
မြို့ကလာတဲ့အင်ဂျင်နီယာတဲ့ဗျာ ဆဲလိုက်တာလဲလွန်ပါရော ရုပ်လေးနဲ့မှမလိုက် #Gemini သူကြီးသားတဲ့ စောက်ပေါက်ဆိုးချက်ကတော့လက်လန်တယ် #Fourth
26.9K 2.5K 22
Romance Popular ‌Model , Singer , DJ Bounနဲ့ သူ့ကိုအရူးအမူးဖြစ်နေတဲ့FanboyလေးPremတို့ ဘယ်လိုတွေ့ဆုံပီးချစ်ကြိုက်သွားကြမလဲ သီချင်းရေးဆ...
13.7K 1.2K 48
First : Daddy ဆီကဘယ်မှထွက်သွားလို့ မရအောင် Baby ကိုချုပ်နှောင်းထားမှာ Khaotung : daddy ကကျွန်တော်ရဲ့အပိုင်ပဲ ကျွန်တော် မှ မပိုင်ဆိုင်ရရင် daddy...
5K 175 19
Morro x reader After a mysterious figure takes Morro the Ninja are left confused when the figure tried to kill Lloyd's mother in the process. After t...