အပိုင်း ၃

5.3K 356 3
                                    

Unicode:

Jannine ရဲ့ Away သီချင်းထဲကလို ငါဒီမှာရှိနေတာတောင် မင်းငါ့ကိုမမြင်ဘူးလား Tine ရယ် မင်းကိုချစ်ရတာ ငါအရမ်းပင်ပန်းနေပြီကွာ..

သူငယ်ချင်းတစ်ယောက်ကို ခိုးချစ်ရတာ အရမ်းပင်ပန်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ကျွန်တော်အခု Tine ရဲ့သူငယ်ချင်းမဖြစ်ချင်တော့ဘူး Tine ရဲ့ယောကျာ်းပဲဖြစ်ချင်တယ် သူသာကျွန်တော့် မိန်းမ မဖြစ်ခဲ့ရင် သူနဲ့ကျွန်တော်က အရင်းနှီးဆုံးသူစိမ်းပဲ။ သူနဲ့ကျွန်တော်သူငယ်ချင်းကတော့ လုံး၀မဖြစ်နိုင်ဘူး။

*Phone ring

"အေး Man ပြော"

"....."

"ငါမသွားချင်ပါဘူး"

"....."

"မင်းပြောလိုပြီးပြီလား"

"..."

Manကကျွန်တော့် အရင်းနှီးဆုံးသူငယ်ချင်းပါ သူက အူကြောင်ကြောင်နိုင်ပေမဲ့ အားကိုရတယ်။ အခုလည်း ကျွန်တော့်ကို ကောင်မလေးတွေနဲ့ မိတ်ဆက်ပေးဖို့ ဖုန်းဆက်လှမ်းခေါ်သတဲ့။

"Sarawat!"

ကျွန်တော့်ကို ခေါ်သံကြားလို့ ကြည့်လိုက်တော့ Dew! သူ့ကိုမှတ်မိတယ်မဟုတ်လား! Tine အခုလိုက်နေတဲ့ကောင်မလေးလေ ကျွန်တော်အခုလက်ရှိ မျက်စိဆူးနေတဲ့ မိန်းခလေးပေါ့ Tine သဘော​ကျတဲ့ မိန်းခလေးတိုင်းကို ကျွန်တော်ကြည့်မရတာ မဆန်းပါ။

"အင်း Dew!"
ခပ်အေးအေးနဲ့ပဲ ကျွန်တော်ပြန်ဖြေလိုက်တယ်။

"ရှင် Tine ကိုတွေ့မိသေးလား သူကျွန်မကို ရှောင်နေသလို ခံစားရလို့"

"မသိဘူးလေ"

"အေးပါ Tine ကိုတွေ့ရင် ကျွန်မရှာနေတယ်လို့ စကား​လမ်းကြုံပြောပေးပါအုံး"

ကျွန်တော် ခေါင်းနဲနဲငြိမ့်ပြပြီး ထွက်လာလိုက်တယ်။
__
ညနေရောက်နေတာတောင် အခုထိ Tine ကိုမတွေ့ရသေး Tine တစ်နေ့လုံးပျောက်နေတာတော့ ကျွန်တော်လဲရိပ်မိပါတယ်။ ဖုန်းဆက်လည်း ဖုန်းမကိုင်ဘူး သူဘာဖြစ်နေလဲ မသိဘူး။ ကျွန်တော်အရမ်း စိတ်ပူနေပြီ။

*phone ring

တောက် မင်းအဖေဖိုးအေပဲ အခုထိဖုန်းမကိုင်ဘူး။

Be My BoyfriendWhere stories live. Discover now