အပိုင်း ၁၇ +🔞

7.9K 245 2
                                    

မျှော်လင့်မထားသောအခြေအနေ...

ကိုယ်ရင်ခုန်ရတဲ့သူဆီကနေ ဂရုစိုက်မှုနဲ့ နွေးထွေးမှုလေးတွေ ရနေတာကို ကျွန်တော်သဘောကြ​သည် ဒီရင်ခုန်မှုလေးဟာ အချစ်လို့ ခေါင်းစဉ်မတပ်နိုင်သေးပေမဲ့လည်းပေါ့ ဒီအနေအထားလေးက တစ်ယောက်နဲ့တစ်ယောက် သဘောကျ နေတာလေးကိုလည်း သိနေသည် ။သို့သော် ဒီလို သိနေတာလေးကို ဖွင့်ထုတ်မပြသေးတဲ့ အနေအထားလေး။တစ်ယောက်နဲ့တစ်ယောက်  မသိမသာလေးရော သိသိသာသာလေးရော ဂရုစိုက်ပေးနေတာမျိုးလေး။ဘာလို့လဲဆိုတော့ကျွန်တော်က ကလေးစိတ်ကမကုန်သေးဘူး ဂရုစိုက်ခံချင်နေသေးတာ အချစ်ခံချင်နေသေးတာ ။နွေးထွေးတဲ့ ဆုံးမစကားလေးတွေ ကြားရရင်ကို ချက်ချင်း ကျိုးနွံ့နာခံတတ်တာမျိုး။ဒါ့ကြောင့်ကျွန်တော့်ကို အလေးအနက်ထားပေးပြီး စိတ်ပူပေးနေတာလေးကို သိပ် သဘောကျသည် အစပိုင်းနွေးထွေးပြီး   နောက်ပိုင်းအေးစက်သွားတဲ့ ဆက်ဆံရေးကြီးတော့  မဖြစ်စေချင်ဘူး။ကိုယ်သည်  ဇာတ်မျောကြီးတွေကိုလည်းမကြိုက်တတ်ဘူး။

အခုအခြေကရော မူးနေတဲ့လူတစ်ယောက်ကို နမ်းလိုက်တယ် ထိုလူဘက်ကလည်း သိသိသာသာတုံ့ပြန်တယ် ဒီလိုနဲ့ ကျွန်တော်sarawatရဲ့အနမ်းတွေမှာ နောက်တစ်ကြိမ်ကျရှုံးသွားပါပြီ။

"Tine" အနမ်းတွေရပ်တန့်ပြီး မူး​ေ၀​ေ၀အကြည့်တွေနဲ့ ကျွန်တော့်ကိုကြည့်တယ်။

"အင်းပြောဘာလဲ"

"ကျေးဇူးပြုပြီးငါ"

ကျွန်တော်တကယ်ပြုံးမိတယ် ဘာလို့လဲဆိုတော့ အခုကျွန်တော်မြင်နေရတဲ့ ကောင်လေးက ခလေးလေးတစ်ယောက် မုန့်တောင်းသလို အကြည့်လေးနဲ့ ဗိုက်ကလည်းဆာတယ် မုန့်ကလဲ မတောင်းရဲဘူး မပေးဘူးဆိုလဲ မရရအောင် တောင်းမဲ့ရုပ်လေး။ တကယ်ချစ်ဖို့ကောင်းတယ်။

"ငါက ခေါင်းခါရင်ရော မင်းကမယူဘူးလား"

မျက်နှာလေး ငုံပြီး ငိုမဲ့မဲ့ဖြစ်သွားပြီ ဟူး ဒါဘာကောင်လေးလဲ ကျွန်တော့်ယောကျာ်းရော ဟုတ်ရဲ့လား?

ကျွန်တော်အသည်းယားလွန်းလို့ သူ့နှာခမ်းတွေကို ဆွဲနမ်းလိုက်တယ် ကျွန်တော်အသက် ၂၂ နှစ်မှာ မရေတွက်နိုင်အောင် မိန်းခလေးအများကြီးနဲ့ နမ်းဘူးတယ် ဒါပေမဲ့ အခုကျွန်တော်နမ်းနေတဲ့ နှာခမ်းတွေလောက် ဆွဲဆောင်မှုမရှိချိုမှိန်မှူမရှိပါ။

Be My BoyfriendWhere stories live. Discover now