အပိုင်း ၂၅

4K 243 4
                                    

အချိန်တွေ ရပ်တန့်သွားသလိုပဲ ကျွန်တော်မြင်နေရတဲ့ Tine ဟာ ကျွန်တော့်ကို စွန့်ခွါသွားတဲ့ Tine နဲ့မတူတော့ဘဲ အခြားတစ်ယောက်လိုခံစားရတယ်။ သူဘာတွေ တွေးနေလဲ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ မျက်နှာခြင်းဆိုင် အနေအထားမှာ ရှိနေပေမဲ့ ကျွန်တော်ဘာလုပ်ရမလဲ မသိဘူး။

"Tine"

ကျွန်တော်ခေါ်လိုက်တယ် ကျွန်တော့်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ ကျွန်တော်ပြန်လိုချင်တယ် အရင်က ကျွန်တော့်ရင်ခွင်ထဲ ခလေးလေးလို အိပ်တက်တဲ့ကောင်လေးကို ပြန်လိုချင်တယ်။

"Tine ငါ!"

ရုတ်တရက်ပြေးဖက်လိုက်တယ် ကျွန်တော့်ကိုဖက်လိုက်တာနော် သူကျွန်တော့်ကို ဖက်လိုက်တာပါ။ ကျွန်တော်အရမ်းပျော်လို့ မျက်ရည်တောင်ကျလာပါတယ်။ ဆုံးရှုံးသွားတဲ့ အရာတစ်ခုကို ပြန်ပိုင်ဆိုင်ရတာ ဒီလောက်ပျော်ဖို့ကောင်း မှန်းမသိခဲ့ဘူး။ ကျွန်တော့်တို့အားလုံးက ဆုံးရှုံးသွားရင် ပြန်မလိုချင်တော့ဘူး ဆုံးရှုံးရတဲ့ ခေါင်းစဥ်ကိုမကြိုက်လို့ စွန့်ပစ်ခြင်းအနေနဲ့ သတ်မှတ်ပီး ပြန်မလိုချင်ကြတော့ဘူး။ ကျွန်တော်ကတော့ အားလုံးနဲ့ မတူဘူး ကျွန်တော်ကအရာအားလုံးကို တန်ဖိုးထားတက်ချင်မှ ထားတက်ပေမဲ့ Tine ကတော့ ကျွန်တော့်ဘ၀ရဲ့ တန်ဖိုးအထားဆုံး လူတစ်ယောက်ပဲ ကျွန်တော်ဆုံးရှုံးရမှာအရမ်းကြောက်ခဲ့တာ စွန့်လွှတ်ဖို့လည်း မကြိုးစားခဲ့ဘူး။ ပိုင်ဆိုင်ရဖို့ပဲ အမြဲပြန်ကြိုးစားနေခဲ့တာ။

အခုတော့ ကျွန်တော်ပြန်ပိုင်ဆိုင်လိုက်ရပြီ ထင်ပါတယ်။ကျွန်တော်ချစ်တဲ့ လူတစ်ယောက်ကို...

"Tine ငါ မင်းကိုအရမ်းချစ်တယ်"

ကျွန်တော့်လက်တွေက သူ့ကိုပြန်ဖက်လိုက်တယ်။ ပြီးတော့ ကျွန်တော်အပြောချင်ဆုံး စကားတစ်ခွန်းကို ပြောလိုက်တယ် မျက်ရည်တွေလည်း ရပ်တန့်သွားချင်း မရှိစီးကျလျက်ပါပဲ။

"အင်း ငါလည်းမင်းကိုချစ်တယ် "

နောက်ဆုံးတော့..နောက်ဆုံးတော့ ကျွန်တော် သူ့စီကျ ချစ်တယ်ဆိုတဲ့ စကားကိုကြားရပီ အရင်တစ်ခါက လမ်းခွဲတဲ့အချိန်မှ ကြားရပေမဲ့ အခုကတော့ ကျွန်တော်တို့ ​လမ်းခွဲစရာအကြောင်း မရှိတော့ပါဘူး ဘာအကြောင်းနဲ့ဖြစ်ဖြစ် မင်းအနားက ငါထွက်မသွားတော့ဘူး Tine

Be My BoyfriendWhere stories live. Discover now