အပိုင်း ၁၂

4.5K 281 4
                                    

Unicode:

ညရောက်သွားပြီ တစ်နေ့လုံးလျောက်လည် ထားတော့ ပင်ပန်းနေပြီလေ Tine တစ်ယောက်ရောက်ကတည်းက အိပ်ယာပေါ်အိပ်နေတယ်။

"Tine ခြေလက်တွေဘာတွေ မဆေးဘူးလား"

ကျွန်တော်ပြောတာကို သူပြန်မဖြေဘူး သူတကယ်ပဲ အိပ်ပျော်သွားတာလား?

"Tine.. Tine... Tine..."

"ဟာကွာ ငါအရမ်းအိပ်ချင်နေပြီ ငါကိုယ်ကနံနေရင် မင်းဆိုဖာပေါ်မှာ သွားအိပ်"

"ငါဆေးကြောပေးမယ်"

ကျွန်တော်ရေသွားခပ်ပြီး Tine ရဲ့ ခြေထောက်တွေ လက်တွေကို ဆေးဖို့လုပ်နေလိုက်တယ်

"မင်းဘာလုပ်နေတာလဲ sarawat"

"ငါဆေးပေးမလို့လေ"

"မင်းရူးတာလား "

"..."

ငါမသိဘူး ငါဘာတွေလုပ်နေမိလဲဆိုတာ သေချာတာကတော့ မင်းကို ဂရုစိုက်ရတာကို ကြိုက်တယ် မင်းနဲ့ပတ်သက်ပြီး အရာအားလုံးကို အလေးထားတယ် ချစ်တယ် မင်းကိုလည်း ဆုံးရှုံးရမှာကြောက်တယ်။

"Tine "

"ဘာမှမပြောနဲ့ မင်းဆက်လုပ်နေရင် ငါ ဒီအခန်းထဲ မနေတော့ဘူးနော်"

"ဒါဆို ငါထွက်သွားပေးရမလား" ကျွန်တော်ချက်ချင်းပဲ ကောက်ထလိုက်တယ်

"ငါပြောချင်တာက ငါအရမ်းအိပ်ချင်တယ် sarawat မင်း အေးဆေးနေလို့ မရဘူးလား"

ဒါနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက်လုံး အိပ်ယာ ၀င်လိုက်တယ်။ Tine နဲ့ကျွန်တော်နဲ့ မတူတဲ့အချက်ကတော့ Tine က မီးဖွင့်အိပ်ရတာ မကြိုက်ဘူးလေ ကျွန်တော်က မီးဖွင့်မှ အိပ်ပျော်တယ်။

ဒီညတော့ မီးဖွင့်အိပ်ချင်တယ် မဟုတ်ရင် အိပ်မပျော်တော့ဘူး။

"wat မီးပိတ်ပေးလို့ မရဘူးလား? ငါအိပ်မပျော်လို့" Tine က ထပြောတယ်။

ကျွန်တော်ချက်ချင်းပဲ ဘေးကမီးအိမ်လေးကို မီးမှိတ်ပြီး အိပ်ပျော်အောင်အိပ်ဖို့ပဲ ကြိုးစားရတော့မယ်။

ခဏနေတော့ခံစားမိတာက Tine ရဲ့လက်တွေ ကျွန်တော့်ခါးကိုလာဖတ်ထားတာပဲ။

Be My BoyfriendWhere stories live. Discover now