အပိုင်း ၁

17K 534 11
                                    

Unicod3:

"ရင်ခုန်သံတွေ မရပ်သရွေ့မင်းကို ငါချစ်နေအုံးမှာပဲ"

"...."

နီးကပ်လာသော နှာခမ်းများနဲ့အတူ နူးညံတဲ့ သူ့ရဲ၀င်လေထွက်လေ ကိုလည်း ခံစားနေရတယ်။ အခုချိန် ရင်ခုန်လွန်ပြီး အသက်ထွက်သွားမဲ့သူက ကျွန်တော်ပဲဖြစ်လိမ့်မယ်။

နူးညံ့တဲ့နှာခမ်းလေး ကျွန်တော့် နှာခမ်းသားကို ထိကပ်လိုက်ပြီ သေချာတယ် ကျွန်တော့်လောကကြီး တိတ်ဆိတ် ငြိမ်သက်သွားပြီ။

"Sarawat! Sarawat! Hey wat!"

"Sarawatttt!!!!!"

Oh! ကျွန်တော့်မျက်လုံးတွေဖွင့်လိုက်တဲ့ အချိန်မှာ မြင်လိုက်ရတာ Tine သေချာတယ် ကျွန်တော်အိမ်မက်မက်နေတာပဲ!

ချီးပဲ အိမ်မက်ကောင်းရင် လာဖျက်ပြီမြေနိုး ခပ်ရိုင်းရိုင်းမဆဲချင်ပေမဲ့ ကျွန်တော့်အိမ်မက်က အရမ်းဇာတ်ရှိန်တက်နေပြီ။

"ငါအိမ်မက်ကောင်းနေတယ်လေကွာ မင်းကဘာလုပ်တာလဲ"

"ဘာအိမ်မက်မက်နေလို့လဲ"

"ချီးပဲ မင်းက မနက်အစောကြီး ငါ့အိမ်ဘာလာလုပ်တာလဲလို့"

"မင်းနဲ့ငါ ဒီနေ့ ဂီတာသွား၀ယ်ဖို့ပြောထားတယ်လေ"

"အော် အင်း ငါရေသွားချိုးအုံးမယ်"
ကျွန်တော်ခပ်ပြုံးပြုံးနဲ့ ရေချိုးခန်းထဲသွားမို့ ထပြင်နေတုန်း..

"ခဏ မင်း အတွင်းခံမ၀တ်ထားရင် စောင်ပတ်သွား ဒီတိုင်းထမသွားနဲ့ မင်းဟာမြင်ရတာ ငါအရမ်းစိတ်ပျက်နေပြီ"

"၀တ်ထားတယ် တွေ့လားဒီမှာ" ကျွန်တော့်ရဲ့ အငယ်ကောင်ဖောင်းပွပွလေးကို ကာထားတော့ အဖြူရောင် ခပ်ပါးပါးဘောင်းဘီကို ပြလိုက်ပြီး
ကျွန်တော် သူ့ခေါင်းကို ခပ်ပြင်းပြင်းလေး ပွတ်ပီး ရေချိုးခန်းထဲကို ၀င်လာလိုက်တယ်။

စလိုက်ရတာ အရသာရှိလိုက်တာ..

ကျွန်တော်ကတော့ Sarawat! ကျွန်တော့်နာမည်ကို အမေဘာသဘောနဲ့ ပေးလဲမသိပေမဲ့ ကျွန်တော့်ညီကတော့ သူ့နာမည်ကိုသူကြိုက်ရှာတယ်။

အော် ခုနက ကျွန်တော့်အိမ်မက်တွေလာ ဖျက်စီးတဲ့တစ်ယောက်က Tine! Tine~~~အသံဆွဲခေါ်လို့ကောင်းတယ်နော်ဟီးဟီး ..သူကကျွန်တော့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဆိုလည်း မမှားပါဘူး။ကျွန်တော်တို့ နှစ်ယောက်လုံးက အထက်တန်းမှာ စတွေ့ခဲ့တာလေ။ Tine ကကျွန်တော့်သူငယ်ချင်းလဲ ဖြစ်သလို ကျွန်တော်ချစ်တဲ့ တစ်ဦးတည်းသော သူဆိုလည်း မမှားပါဘူး။

Be My BoyfriendWhere stories live. Discover now