အပိုင်း ၂၀

4.3K 243 4
                                    

ချစ်နေရတာ ပင်ပန်းလားမေးရင် ကျွန်တော် ဟင်းအင်း လိုပဲဖြေမိမှာပဲ။ဘာလို့လဲဆိုတော့ Tine ကိုချစ်ခဲ့တဲ့ နှစ်တွေ အာလုံးကိုပင်ပန်းတယ်လို့ကို မခံစားရပါဘူး။ ကျွန်တော့်သူ့ကို ချစ်တယ် သူပျော်နေတာကို ပဲမြင်ချင်တယ်။ အခုတော့ ကျွန်တော်ပါ ပျော်ရွှင်နေရပြီ Tine ဆီကချစ်တယ်လို့တော့ မကြားပေမဲ့ သူ့ကိုပိုင်ဆိုင်နေရတယ်လို့ခံစားရတယ်။

မနက်မိုးလင်းနေတာသိသလို Tine ကြော်နေတဲ့ ထမင်းကြော်အနံ့လေးကလည်း မွှေးနေတာပဲ။ မျက်လုံး ဖွင့်တာနဲ့ မြင်လိုက်ရတာ Tineပါ။ ကျွန်တော့်ကိုနောက်ကြောပေးပြီး မနက်စာလုပ်နေတယ် ။သူ့နောက်ကြောလေးကို ဖက်လိုက်တယ် မနက်ခင်းလေးက နွေးထွေးနေတာပဲ။ tine ရဲ့ အနံ့ကလည်း မွှေးတယ်။

"Tine"

"အင်း နိုးပီလား"

"အင်း ဖက်ထားမယ်နော် ခဏလောက်"

"သွား ရေချိုးတော့ "

"ခဏလေးပါပဲ"

"မရဘူး သွားရေ ချိုးတော့"

သူကတော့ ကျွန်တော့်ကို ငြင်းဆန်နေပေမဲ့ ကျွန်တော်က တော့လုံး၀မလွှတ်ချင်ပါဘူး။

ရေချိုးပြီးတော့ မနက်စာ အဆင်သင့်လုပ်ပီးသားပဲ ချစ်လိုက်တာ အခု လက်ထပ်ပီးခါစ လင်မယားနဲ့ တူတယ်။

"Wat ဘာတွေ ပြုံးနေတာလဲ"

"ပျော်လို့ပါ"

"ဘာကို"

"မင်းကို မနက်တိုင်းတွေ့နေရရင်ကောင်းမှာပဲ အရမ်းပျော်မိမှာ"

" ဟုတ်ပါပီ ရော့ မင်းကြိုက်တက်တဲ့ ပုဇွန်"

"အင်း"

အခုချိန် ကျွန်တော့် မျက်နှာကို ခဗျားတို့ မြင်နိုင်လား ကျွန်တော်အရမ်းပျော်နေတယ်ဗျ။
အရမ်းလည်းငိုချင်တယ်။ချစ်ရတာ ပျော်ဖို့ကောင်းတယ်ဗျ။အရမ်းချစ်တယ် သူ့ကို...
________________
"Hummm မင်းတို့ နှစ်ယောက် တူတူလာတာလား"

"အင်း"

"ဟျောင့် Saralaeee မင်းမနေ့က ဖုန်းဘာလို့ စက်ပိတ်ထားတာလဲ ငါတို့က မွေးနေ့လုပ်ပေး မလို့ကို ဒီခွေးကောင် မိန်းမနဲ့ပျော်နေတယ်ပေါ့"

Be My BoyfriendWhere stories live. Discover now