အပိုင်း ၄

4.9K 325 0
                                    

Unicode:

အခန်းထဲ ဓာတ်ပုံတစ်ချို့ကို ကြည့်ပြီး ညည်းညူမိတာကတော့ ကျွန်တော်အချိန်တွေ အများကြီး ကုန်ခဲ့တယ်ဆိုတာပဲ။ဘာလိုလိုနဲ့ ကျွန်တော်တို့ ဒုတိယနှစ်ရောက်လာပြီ ဘာအခြေအနေမှလည်း တိုးတက်မှု မရှိသေးဘူး။ သူကလည်းကောင်မလေးတွေနဲ့ တွဲလိုက်ပျက်လိုက်။ ကျွန်တော်ကလည်း သူ့နားမှာ သူ့ရဲ့ အရင်းနှီးဆုံး သူအဖြစ်ရှိနေလိုက်နဲ့ ကျွန်တော့်အချစ်က လေထဲရောက်သွားရင် အရည်ပျော်သွားသလိုပဲ။

အခန်းထဲ ဓာတ်ပုံတစ်ချို့ကို ကြည့်ပြီး ညည်းညူမိတာကတော့ ကျွန်တော်အချိန်တွေ အများကြီး ကုန်ခဲ့တယ်ဆိုတာပဲ။ဘာလိုလိုနဲ့ ကျွန်တော်တို့ ဒုတိယနှစ်ရောက်လာပြီ ဘာအခြေအနေမှလည်း တိုးတက်မှု မရှိသေးဘူး။ သူကလည်းကောင်မလေးတွေနဲ့ တွဲလိုက်ပျက်လိုက်။ ကျွန်တော်ကလည်း သူ့နာ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရေခဲသေတ္တာထဲက ကြက်ဥနဲ့ ဆန်နည်းနည်းနဲ့ ယူပြီး ဆန်ပြုတ်လုပ်နေလိုက်တယ်။ ကျွန်တော်လည်း ကျွမ်းကျင်တည့်ထဲ မပါပေမဲ့ ဒီလောက်တော့လုပ်တက်သေးတယ်လေ။ကျွန်တော့်ရဲ့ မိန်းမကိုပဲ အားကိုးလို့မရသေးဘူးလေ အခုပဲကြည့်သူဖျားနေတာ ကျွန်တော်ပဲလုပ်ပေးရမှာလေ။

*phone ring

Tine ရဲ့ဖုန်းအသံမြည်နေတာနဲ့ ကျွန်တော်ကိုင်လိုက်တော့ Man!

"Hello!"

"တံခါးလာဖွင့်အုံး!"

တံခါးလာဖွင့်ဖို့ပြောပြီးဖုန်းချသွားတော့ ကျွန်တော်လဲ တံခါးသွားဖွင့်လိုက်တယ်။ ကျွန်တော်တံခါးဖွင့်လိုက်တော့ Man တစ်ယောက်အံ့သြသွားတဲ့ပုံပဲ။

" ဒါနဲ့ Wat မင်းကဘာလို့"

"ဘာလို့လဲ Tine ဆီငါမလာရဘူးလား"

"ချစ်လှစွာသော သူငယ်ချင်းလေးကလည်း စိတ်ချည်ပဲ"

Man ကအဲ့လိုပဲ အူကြောင်ကြောင်နဲ့ ပြောင်စပ်စပ်လည်းနိုင်သေးတယ်။ သူဘာလို့ Tine ဆီလာလည်းမသိပေမဲ့ အရှုပ်အထုတ်ကို အိမ်ထဲကို မသွင်းချင်ဘူး။

" Tine နေမကောင်းဘူးလား Heyy Wat မင်းဘာလုပ်လိုက်တာလည်း ငါ့ယောက်ဖလေးကို" အပြေးအလွှားနဲ့ Tine ဆီပြေးသွားတယ် ကျွန်တော့်ထပ်တောင် သူ​က Tine ကိုပိုစိတ်ပူနေတာလား မသဲကွဲဘူး။

Be My BoyfriendWhere stories live. Discover now