အပိုင်း ၆

4.7K 309 1
                                    

Unicode:

မနက်မိုးလင်းတာနဲ့ တစ်ပြိုင်နဲ့ Tine ကိုသွားခေါ်ဖို့ထွက်လာခဲ့တယ်။ ထုံးစံအတိုင်း ဒင်းက အိပ်ရာကနေတောင် မထသေးဘူး။ နေမကောင်းတာရော ပျင်းတာရော ပါတာနဲ့တူတယ် ကျွန်တော်လဲ သူ့ကိုနှိုးဖို့ သာလုပ်ရတော့တာပေါ့။

"Tine ထတော့ မင်းအတန်းနောက်ကျမယ်"

"အာ မင်းရောက်လာပြီလား ငါအတန်းမတက်ဘူး သွားစရာရှိတယ် လိုက်ပို့ပေး"

Tine ဘာတွေ ကြံစည်နေလဲ မသိပေမဲ့ သူ့သဘော အတိုင်းလုပ်ပေးဖို့ပဲလုပ်နေလိုက်တယ်။

"မနက်စာကရော အပြင်မှာစားမှာလား"

"အင်း ငါရေချိုးအုံးမယ် ခဏစောင့်"

သူကတော့ သပတ်အဖြူလေးယူပြီး ရေချိုးခန်းထဲ ၀င်သွားတယ်။ ကျွန်တော်လဲ အိပ်ယာပေါ် တက်လိုက်ပြီး Ig ဖွင့်ပြီး အပေါ်အောက်ဆွဲနေလိုက်တယ် အနည်းဆုံးတော့ စိတ်ချမ်းသာရတယ်လေ ကျွန်တော်က Tine တစ်ယောက်ထဲကို Follow ထားတော့ သူပုံတွေပဲတက်နေတာ။

"Wat မင်းဘာထိုင်လုပ်နေတာလဲ"

အသံကြားရမော့ကြည့်လိုက်တော့ Tine ခေါင်းပေါ်မှာလည်း ရေစို သပတ်လေးပတ်ထား ကျန်နေတဲ့ ရေလက်ကျန်ကလည်း ခေါင်းပေါ်ကနေ ခန္တာကိုယ် ပေါ်ထိစီးကျ အသားရည်ကလည်း ၀င်းနေပြီး ဆိုပြေနေတာပဲ။ ပြောသာပြောတာ Tine က ဗလကောင်းတယ် ကျွန်တော်ထပ်တောင်ပေါ် သူ့ကိုကောင်မလေးတွေ ကြွေကုန်တာလဲ ပြောမနေနဲ့။ သူ့ခန္တာကိုယ်ကို ထိတဲ့အရာတွေအားလုံးကို ကျွန်တော်သ၀န်တိုတယ် ကျွန်တော်ပဲထိချင်တယ် စိတ်ရှိတိုင်းသာဆိုရင် သူနေ့တိုင်း ၀တ်နေတဲ့ကျောင်း အင်္ကျီတွေ​တောင် ကျွန်တော် သိပ်ကြည့်ရတာမဟုတ်ဘူး။

"ဟေ့ရောင် Sarawat မင်းဘယ်ကိုကြည့်နေတာလဲ "

"မင်း ရင်ဘတ်ကိုလေ"

"မင်းအဖေ ဘိုးအေကို ငါ့ရင်ဘတ်ကိုကြည့် နှာဘူးကောင်!"

ထုံးစံအတိုင်းပေါ့ရှက်သွားပြီ ပြလဲပြချင်သေးတယ်ရှက်လဲ ရှက်သေးတယ် ဘာအထာမှန်းကိုမသိဘူး။(အနော်ရထာလေ 😂)

___________
" Tine ငါဘယ်ကိုမောင်းရမှာလဲပြော"

"ပုခတ်!"

Be My BoyfriendWhere stories live. Discover now