အပိုင်း ၁၈

5.3K 249 8
                                    

အိမ်ပြောင်းနေလို့ Up တာနောက်ကျ Laptop ကလည်းအရေးအကြောင်းဆို သုံးမရလို့ပါ။

တစ်ညလုံး အချိန်ဘယ်လောက်ကုန်သွားလဲတောင်မသိတော့ဘူး သေချာတာကတော့ ပျော်ရွှင်မှုဆိုတာတော့ ခံစားလိုက်ရတယ်။နာကျင်မှုနဲ့ အတူပေါ့။

"Wat ထတော့ ငါအတန်းသွားရမှာကွ မင်းလိုက်ပို့"

"အင်း..."

သူကတော့ မထတဲ့အပြင် ကျွန်တော့်ကို တောင်ဖက်ထားလိုက်သေးတယ်။

"Wat..."

"အင်းထမယ် ဒါနဲ့ Tine ငါအလေးအနက်နဲ့ မင်းကိုပြောချင်တယ် ငါ..."

မမျှော်လင့်ချင်ဘူး သူ့စီကဘာမှမလိုချင်ဘူး။မပြောစေချင်ဘူး နားမထောင်ချင်ဘူး။

"ငါမင်းရဲ့ တရား၀င်ချစ်သူဖြစ်ပါရစေ"

"မရဘူး"

ကျွန်တော် မြန်မြန်ငြင်းလိုက်တယ် တကယ်တော့ မငြင်းချင်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့တွဲဖို့ ဆိုတာ မဖြစ်နိုင်ဘူး သူကကျွန်တော့်အချစ်ဆုံးသူငယ်ချင်း သူငယ်ချင်းကနေ ချစ်သူဖြစ်ဖို့ကလွယ်ပေမဲ့ ချစ်သူကနေ သူငယ်ချင်းဖြစ်ဖို့ဆိုတာ လုံး၀မလွယ်ကူတဲ့ ကိစ္စပဲ။

"မင်း မထသေးဘူးလား ဒါဆို ငါ့ဘာသာသွားတော့မယ်"

"အင်းထမယ်"

Sarawat ကျွန်တော့်ကိုစိတ်ဆိုးသွားတာသိပါတယ် ကျွန်တော်တို့မဖြစ်နိုင်ဘူးလေ သူ့ကိုပိုင်ဆိုင်ရမှာထပ် ဆုံးရှုံးရမှာပို့တောင်ကြောက်တယ်။ လူတစ်ယောက်ကို ဆုံးရှုံးရမှာ အဲ့လောက် မကြောက်ပါဘူး ပြီးတော့ ကျွန်တော်က ခလေးဆန်ပေမဲ့ အစွဲအလမ်းမကြီးပါဘူး။ ဒါပေမဲ့ အဲ့ထဲမှာ wat မပါဘူး။ Wat က ကျွန်တော့်ရဲ့ အရေးပါတဲ့သူပဲ သူ့ကိုမဆုံးရှုံးချင်ဘူး။

ငါတောင်းပန်ပါတယ် Wat ငါတို့ ဒီတိုင်းလေးပဲ နေရအောင်။

ကျွန်တော်တို့ Friend zone ဆိုတဲ့ ဇာတ်ကားကို ကြည့်ဘူးကြတယ်မဟုတ်လား။ မင်းသမီးကို အားလုံးက နားမလည်ကြဘူး။ ဘာလို့ သူငယ်ချင်းလိုပဲနေပြီး အဆုံးအရှုံးမခံချင်ဘူးလို့ ပြောတာလဲပေါ့။ တကယ်တော့ ကျွန်တော် သူ့ကိုယ်ခြင်းစာ သလိုနားလည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ရုပ်ရှင်တွေမဟုတ်ကြဘူး။ ရုပ်ရှင်ထဲကလို ကြိုက်သွားပြီး Happy ending လိုအဆုံးမသတ်ကြပါဘူး။နောက်ရင်ဆိုင်ရမဲ့ အရာတွေအားလုံးက အများကြီးပါ။ တကယ်တော့ အချစ်ဆိုတာ အတူရှိချင်ကြတာပဲ။ အတူရှိရတာနေသားကြသွားရင် အချစ်ကနေ သံယောဇဥ် အဖြစ်သို့ပြောင်းလဲသွားကြတယ်။အဲ့တော့ အချိန်ကြာကြီး သံယောဇဥ်က ရော ပျော်ရွှင်မှုကိုပေးနိုင်မှာလား ယောကျာ်းလေးနှစ်ယောက်ရဲ့ အချစ်ကရော ဘယ်အချိန်ထိ တည်မြဲမှာလဲ ဒါတွေကို ကျွန်တော် ဂရုမစိုက်လို့မရဘူး။နောက်ဆက်တွဲရင်ဆိုင်ရမဲ့ အရာတွေအများကြီးပဲ ချစ်ရတာလွယ်ပါတယ် ပျော်ရွှင်မှုရဖို့သာ မလွယ်တာပါ။ ပြီးတော့ ဆုံးရှုံးရမှာလည်း မလိုချင်ဘူး။

Be My BoyfriendWhere stories live. Discover now