''Hello wife'' ** Myanmar Tra...

By Shu1999

38.2K 4.3K 135

ML....Wei Chu FML....SuLe Both Zawgyi and Unicode are available 😊 More

Chapter 1: ထြက္သြား လူလိမ္ေကာင္
Chapter 2 : ဘဝက သိပ္ကို ျပဇာတ္ဆန္တယ္
Chapter 3 : ေက်ာင္းသားေဟာင္းေတြ႔ဆံုပြဲ
Chapter 4 : တည္ၿငိမ္လွတဲ့အတန္းေဖာ္ SuLe
Chapter 5 : အရသာ
Chapter 6 : ဆြဲေဆာင္ျခင္း အစ
Chapter 7 : သူ႔အိမ္တြင္းဝင္ေရာက္ျခင္း
Chapter 8 : လွပေသာ အထင္လြဲမွားမႈတစ္ခု
story description
Chapter 10 : ေယာက်္ားေကာင္းမ်ား
Chapter 11 : လုပ္ငန္း႐ွင္ပါတီ
Chapter 12 : လုပ္ငန္း႐ွင္ပါတီ ဒုတိယပိုင္း
Chapter 13 : လုပ္ငန္း႐ွင္ပါတီ တတိယပိုင္း
Chapter 14 : ပိုက္ဆံလိုအပ္မေနဘူး
Chapter 15 : အေရထူတယ္
Chapter 16 : ျပံဳးေနတဲ့မ်က္ႏွာေလး

Chapter 9 : အရမ္းေတြးေနမိတာလား?

1.5K 250 4
By Shu1999

***Zawgyi***

ရည္စားအလုခံထားရတဲ့ မိန္းမတစ္ေယာက္ အဲ့ဒီရည္စားေကာင္နဲ႕ သူ႕အငယ္အႏွောင္းမက သူမေရွ႕တည့္တည့္မွာထိုင္ေနတဲ့အခ်ိန္ SuLe ရဲ႕ အျပဳအမူက တကယ္ကို လုံးဝပညာရွင္မဆန္ဘူး

သူမမ်က္နွာေပၚကအျပံဳးေလး သူမရဲ့အပူအပင္ကင္းတဲ့အမူအရာ နဲ႔ သူမရဲ့ႏွင္းဆီေရာင္သန္းေနတဲ့ပါးျပင္ေလးက လက္ရွိ သူမဘဝက အရမ္းကိုေကာင္းမြန္ေနေၾကာင္း ထိုလူေတြကို ေဖာ္ျပေနတယ္

မ်က္ရည္ေတြ ေဒါသေတြ မရွိဘူး
သူမဘဝက ၿပီးဆုံးသြားသလို အသက္ဆက္မရွင္ခ်င္ေတာ့သလို ျပဳမူမေနဘူး

အဲ့တာေၾကာင့္ SuLe ေရွ႕တည့္တည့္မွာထိုင္ေနတဲ့ ထိုလူႏွစ္ေယာက္ဟာ စိတ္မသက္မသာျဖစ္ေနေလတယ္
အဆုံးမွာေတာ့ အငယ္အေႏွာင္းတစ္ေယာက္အေနနဲ႕ ဒီလိုမိန္းမမ်ိဳးကိုျမင္ရတာ သူမ ဘာကိုမွ မၿပီးေျမာက္နိုင္ခဲ့သလို ခံစားရေစတယ္

ရည္စားေဟာင္းတစ္ေယာက္အေနနဲ႕ေတာ့
ဒီလိုမိန္းမမ်ိဳးက သူဟာ သူမရဲ႕ႏွလုံးသားထဲမွာ သိပ္မရွိခဲ့ဖူးသလို ခံစားရေစတယ္

"SuLe မင္းကို ၾကည့္ရတာ အခုတေလာ
တကယ္ကို အဆင္ေျပေနပုံပဲ ''
ZhaungWei ဟာ သူ႕ပါးစပ္ထဲကို ပါးပါးလွီးထားတဲ့အမဲသား တစ္ဖက္ကို အားတင္းထည့္ဝါးရင္း ေျပာေလတယ္ သူ႕ပါးစပ္ထဲမွာ ခါးသက္သက္အရသာ သာျဖစ္က်န္ခဲ့တယ္
ဒီခံစားခ်က္ကို ေဖာ္ျပလို႔မရနိုင္တာ တကယ္ကို ခါးသက္လြန္းတယ္
"ငါ မင္းကို အၾကည့္မွားခဲ့တာပဲ ''

(TN... aww aww )

SuLe ဟာ နီရဲေနတဲ့ ငါးေပါင္းအခ်ိဳ႕ကို သူမပန္းကန္လုံးထဲထည့္လိုက္တယ္
ဒီလူဘာေတြေတြးေနတာလဲ သူမနားမလည္ေတာ့ဘူး
တကယ္ေတာ့ သူမကိုေဖာက္ျပန္သြားတာ သူ... ၿပီးေတာ့ သူမေကာင္းေကာင္းေနျပန္ေတာ့လည္း သူက မေက်နပ္ျပန္ဘူး !

မိန္းမတစ္ေယာက္ ပစ္ပယ္ခံရရင္
သူမက အဆုံးမရွိ ငိုယိုေနသင့္တယ္
ဘဝကို လူေသလို ျဖတ္သန္းၿပီး
အဲ့လူကို အရွက္မရွိတြယ္ကယ္ေနရမယ္ ဆိုတဲ့ ဥပေဒမ်ိဳး ဒီေလာကႀကီးမွာ ရွိတာလား?
ဒါေတြကအကုန္လုံးက အဲ့ဒီေသာက္က်ိဳးနည္းဒရမ္မာေတြသုံးတဲ့ ဇာတ္ကြက္ေတြ....မိန္းမတစ္ေယာက္က သူတို႔အတြက္ဆို ဘာမဆိုလုပ္ေပးမယ္ သူတို႔ကိုပစ္ခြာရင္ သူမဘဝရဲ႕အလင္းေရာင္ေလး ေပ်ာက္ကြယ္ၿပီး သူမဘဝႀကီး အေမွာင္က်သြားမွာေၾကာင့္ မပစ္ခြာနိုင္ဘူး လို႔ ေယာက္်ားေတြကို ယုံၾကည္ေအာင္ လုပ္ထားၾကတာ........

ေဒါသဟာ သူမရင္ထဲမွာ ေလာင္ကြၽမ္းေနေပမယ့္ LinQiရဲ႕မ်က္ႏွာထားကို တစ္ခ်က္ၾကည့္အၿပီးမွာေတာ့ သူမေဒါသကို ခ်က္ခ်င္း ခ်ိဳးႏွိမ္ပစ္လိုက္တယ္
ငါးတစ္ဖတ္ကို ေအးေအးေဆးေဆး ယူလိုက္စားၿပီး သူမႏႈတ္ခမ္းကို သုတ္ကာ SuLe ျဖည္းျဖည္းခ်င္း စကားေျပာလာတယ္
" ကြၽန္မတို႔ကမိတ္ေဆြေတြေလ
ရွင္က ကံေကာင္းၿပီး LinQi လို မိန္းမေကာင္းေလးကို ရွာေတြ႕ထားမွေတာ့
ကြၽန္မက သိပ္ကို အဆင္ေျပတာေပါ့''

တစ္ခါတစ္ေလက် ''ဖူးစာပါတဲ့အတြဲ'' ဆိုတဲ့စကားစုေလးကေတာင္ သိကၡာက်ေစတယ္
အဲ့ဒီစကားကိုၾကားၿပီး LinQi နဲ႕ ZhaungWei ရဲ႕အမူအရာေတြ ပိုပိုၿပီး ပ်က္ယြင္းလာပုံရေတာ့ အနည္းဆုံး သူတို႔အေပၚေတာ့ သက္ေရာက္မႈရွိပုံရတယ္

"နင္နဲ႕ စီနီယာ Wei တြဲျဖစ္သြားတာနဲ႕ယွဥ္ရင္
ဒါက အေသးအဖြဲေလးပါ ''
LinQi ရဲ႕ ေကာင္းမြန္တဲ့သြင္ျပင္မွာ ပ်က္ရယ္ျပဳလိုတဲ့ အရိပ္အႁမြက္ေတြ ပါဝင္ေနတယ္

"ငါတို႔က မိတ္ေဆြေတြဆိုေပမယ့္လည္း
နင္နဲ႕ စီနီယာWei တြဲျဖစ္ေနတာကိုေတာင္ ငါမသိခဲ့ဘူး ဘယ္တုန္းကတြဲျဖစ္သြားၾကတာလဲ ''

SuLe ၾကက္ေသေသသြားခဲ့တယ္
သူမနဲ႕ WeiChu ကဘယ္တုန္းက အတြဲေတြျဖစ္သြားၾကတာလဲ... ?
ဒီလို အေရးႀကီးတဲ့ကိစၥမ်ိဳး....
သူမက လူေတြေျပာေနၾကတဲ့အတြဲဆိုတဲ့ထဲက တစ္ေယာက္ျဖစ္ေနတာကို ဘာလို႔ ဘယ္သူမွ သူမကို သတိမေပးၾကတာလဲ....?

WeiChu ဟာ အမ်ားသုံးတူတစ္စုံကိုသုံးၿပီး
SuLe ပန္းကန္လုံးထဲကို အပိုနံရိုး၂ေခ်ာင္းထည့္ေပးလိုက္တယ္
" ကိုယ္အရင္က တစ္ခါမွ မင္းအေၾကာင္းကို
SuLe ေျပာတာ မၾကားဖူးဘူး
ဟုတ္သားပဲ မင္းလည္းကိုယ့္ကို စီနီယာလို႔ေခၚတာပဲ
မင္းက ကိုယ္တို႔ တကၠသိုလ္က ေက်ာင္းသူလား''

LinQi အၿပဳံးဟာ အနည္းငယ္ ရႈံ႕တြသြားတယ္
"စီနီယာ Wei မမွတ္မိဘူးလား
စီနီယာ ေက်ာင္းသားသမၼဂ ဥကၠ႒ အျဖစ္ရွိစဥ္ထဲက
ညီမက အဲ့က အဖြဲ႕ဝင္ေလ ''

WeiChu ဟာ sprite ကို ပါးစပ္အျပည့္ေသာက္လိုက္ၿပီး ယဥ္ေက်းပ်ဴငွါစြာ ၿပဳံးျပကာ
" စိတ္မရွိပါနဲ႕ ကိုယ္မမွတ္မိဘူး
အဲ့တုန္းက ကိုယ္နဲ႕အလုပ္လုပ္တဲ့သူေတြက အမ်ားႀကီး ၿပီးေတာ့ အဖြဲ႕ဝင္ေတြကလည္း အရမ္းမ်ားေတာ့ ေလ ''

LinQi ဟာ လုံးဝအသံတိတ္သြားေတာ့တယ္

နံရိုးကိုဝါးေနရင္း SuLe ဟာ
WeiChuက အထင္ကရ လူတစ္ေယာက္ျဖစ္ေနတာ အံ့ၾသစရာမ႐ွိဘူးလို႔ စာနာသနားစြာနဲ႔ ေတြးလိုက္မိတယ္
သူက ေသြးမထြက္ပဲ လူသတ္နိုင္တယ္......

LinQi ရဲ႕ရႈံ႕တြေနတဲ့မ်က္ႏွာထားကို တစ္ခ်က္ၾကည့္ၿပီးေနာက္ SuLe ရဲ႕ ပထမဆုံးေသာတုံ႕ျပန္မႈကေတာ့ ေနာက္ထပ္အပိုနံရိုး၂ေခ်ာင္းကို သူမပန္းကန္လုံးထဲ ခပ္ျမန္ျမန္ယူထည့္လိုက္တာပါပဲ

(TN.. ေအး နင္အဲ့မွာ ဆက္စားေနလိုက္ အငတ္မ)

ထိုအခ်င္းအရာေၾကာင့္ LinQi အေၾကာင္းျပခ်က္မရွိ ေဒါသထြက္ကာ စားျခင္းအမႈကို လက္စသတ္လိုက္တယ္
အဲ့လိုျဖစ္သြားရင္ အနည္းဆုံးေတာ့ သူမ အပိုနံရိုး၂ေခ်ာင္း စားရနိုင္ေလာက္ေသးတယ္

SuLe ဖုန္းမျမည္ခင္အထိ ထမင္းဝိုင္းဟာ တိတ္ဆိတ္ေနခဲ့တယ္ ခဏေတာ့ SuLe ဟာ ႐ုတ္တရက္ ဆူညံသံေၾကာင့္လန႔္သြားခဲ့ေပမယ့္ မထင္မွတ္စြာနဲ႕ သူမရဲ႕မူလက စိတ္ေအးလက္ေအးမ်က္ႏွာထားဟာ ခပ္ျမန္ျမန္ေျပာင္းလဲနိုင္ေလတယ္

"ဟင့္အင္း ဘာမွမဟုတ္ပါဘူး
ဒီည တစ္ခုတင္မွာ ''

" ျဖစ္မလာမွာ အေသအခ်ာပဲ
တာ့တာ အေခ်ာေလး ''
ဖုန္းခ်ၿပီးေနာက္ SuLe အသက္တစ္ခ်က္ရႉထုတ္လိုက္တယ္

WeiChu ဟာ ထိုဖုန္းေခၚဆိုမႈနဲ႕ပတ္သတ္ၿပီး ဘာမွမေမးပဲ SuLe ႀကိဳက္တဲ့ဟင္းလ်ာေတြအား သူမေရွ႕ လွည့္ေပးခဲ့တယ္ အစက ဟင္းနည္းနည္းယူဖို႔ တူကိုကိုင္ေျမႇာက္ထားတဲ့ ZhaungWei ဟာ ေလထဲမွာပဲ ရပ္တန႔္သြားေတာ့တယ္ သူ႕အၾကည့္ေတြဟာ အစားနဲ႕ပဲ နပမ္းလုံးေနတဲ့ SuLe ဆီမွာသာ ရစ္ဝဲေနကာ လြန္ခဲ့တဲ့၂ႏွစ္ သူနဲ႕SuLe တြဲေနစဥ္က သူဟာ အစပ္မႀကိဳက္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ စီခြၽမ္းစာကို လုံးဝမစားခဲ့ဖူးတာကို ႐ုတ္တရက္ အမွတ္ရသြားေတာ့တယ္

တစ္ခါတစ္ေလ SuLe အလုပ္အားတဲ့အခါ
သူမက ခ်က္ျပဳတ္ေပးတယ္
ဟင္းလ်ာေတြက ထူးထူးျခားျခားေတြ မဟုတ္ေပမယ့္လည္း သူ အၿမဲတမ္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စားခဲ့တယ္

သူ တစ္ျခားမိန္းမတစ္ေယာက္ စရွာခဲ့မိတာ ဘယ္အခ်ိန္ကလဲ....?

SuLe က သူ႕ပိုက္ဆံေတြမသုံးေတာ့တဲ့အခ်ိန္ကလား?
ခက္ခဲတဲ့အခ်ိန္ေတြရင္ဆိုင္ေနရတာေတာင္ SuLeဟာ သန္မာေနဆဲျဖစ္ေနတဲ့ အခ်ိန္ကလား ?
ဒါမွမဟုတ္ SuLe အလုပ္ကိစၥနဲ႕ခရီးထြက္သြားေတာ့ သူပ်င္းလာလို႔ မ်ားလား?
ဒါမွမဟုတ္ SuLe က သူနဲ႕ ေနာက္ဆုံးအဆင့္ထိတက္ဖို႔ ဆႏၵမရွိတဲ့အခ်ိန္ကလား?

အခ်ိန္အတိအက်ကို သူ မမွတ္မိေတာ့ဘူး
သူ မွတ္မိတာက အဆုံးမွာ
သူ တျဖည္းျဖည္းနဲ႕ SuLe အေပၚစိတ္ကုန္လာၿပီး မိန္းမေတြမွာ မ်ားေသာအားျဖင့္ရွိတတ္တဲ့ အရာတစ္ခု သူမမွာ ကင္းမဲ့ေနတယ္လို႔ ေတြးမိလာတယ္
အဲ့တာက ခ်စ္သူေကာင္ေလးျဖစ္တဲ့ သူ႕အဖို႔ ရႈံးနိမ့္သြားသလို ခံစားရေစတယ္
SuLe ဟာ သူနဲ႕ေနာက္ဆုံးအဆင့္ကိုမတက္ခင္ စကၠဴတစ္႐ြက္ရဖို႔ကိုပဲ ႀကိဳးစားေနတာကို သူနားမလည္ဘူး
သူက သူမရဲ႕ယုံၾကည္မႈနဲ႕မထိုက္တန္လို႔လား?

(TN..စကၠဴတစ္႐ြက္...လက္ထပ္စာခ်ဳပ္)

စားေသာက္ၿပီးခ်ိန္မွာေတာ့ တစ္ခ်ိဳ႕လူေတြ စိတ္ေက်နပ္ေနတဲ့အခ်ိန္ တစ္ခ်ိဳ႕ကေတာ့ အရသာကိုေတာင္ မမွတ္မိနိုင္ေလဘူး
အစက ရာသီဥတုဟာ ၾကည္လင္ၿပီး ေနသာေနေပမယ့္ အခုေတာ့ မိုးသည္းထန္စြာ႐ြာေနၿပီ ျဖစ္တယ္...ျပင္းထန္တဲ့မိုးေပါက္ေတြဟာ လူေတြကို ထိတ္လန႔္ေစလာတယ္

SuLe ေခါင္းေမာ့ကာ ေမွာင္မဲေနတဲ့ ေကာင္းကင္ႀကီးကိုၾကည့္ၿပီး တိုးတိုးေလး ညည္းလိုက္တယ္
"သိပ္ကို အိပ္လို႔ေကာင္းလိုက္မယ့္ ရာသီဥတု ''

SuLe ေျပာတာကိုၾကားတဲ့ Wei Chu ဟာ တခစ္ခစ္ရယ္ရင္း
'' ဒီမွာ ခဏေစာင့္ေန
ကိုယ္ဒီဘက္ကို ကားေမာင္းလာခဲ့မယ္''
ေျပာၿပီးေနာက္ သူဟာ မိုး႐ြာႀကီးထဲကေန ကားပါကင္ဆီသို႔ ေျပးထြက္သြားခဲ့တယ္
မိုးထဲမွာလည္း သူ႕ရဲ႕ေၾကာ့ရွင္းတဲ့ သြင္ျပင္ဟာ ပိုမို ခံ့ညားေနဆဲပဲ..

က်န္ရစ္ခဲ့တဲ့ ၃ေယာက္ၾကားက ေလထုဟာ ကို႔ရို႔ကားယားနိုင္ကာ ေနရခက္သြားေတာ့တယ္
SuLe ဟာ LinQi ...ZhaungWei တို႔နဲ႕ ထပ္ မပတ္သတ္ခ်င္ေတာ့သလို လက္ရွိအေနအထားနဲ႕လည္း ဆက္မေနခ်င္တာေၾကာင့္ သူတို႔ၾကားက အကြာအေဝးကို ခ်ဲ့ဖို႔ရာ ေျခလွမ္းနည္းနည္းခြာေလွ်ာက္လိုက္တယ္

ZhaungWei ဟာ SuLe အျပဳအမူကို သတိထားမိၿပီး ရႈံးနိမ့္သလို ခံစားရေပမယ့္ ထိုအရာကို ေျပာမထြက္တာေၾကာင့္ သူလည္း ထြက္သြားခဲ့ျပန္တယ္
"ကား သြားယူလိုက္ဦးမယ္ ''

LinQi နဲ႕ SuLe ၾကားမွာ ေျခလွမ္း ၅လွမ္းကြာေဝးေလတယ္
တစ္ေယာက္က ညာဘက္မွာရပ္ေနၿပီး တစ္ေယာက္က ဘယ္ဘက္မွာ...
SuLe ဟာ LinQi ကို တစ္ခ်က္မွမၾကည့္ေပမယ့္ LinQi ဟာေတာ့ SuLe မ်က္ႏွာေပၚက တစ္ခုခုကိုေလ့လာခ်င္ေနသလိုမ်ိဳး SuLe ဆီမွာသာ အၾကည့္အပ္ထားေလတယ္

SuLe ဟာ မိတ္ကပ္ျပင္ထားတိုင္း လန္းဆန္းၿပီး ျဖဴစင္တဲ့မိန္းမလွေလးအျဖစ္ အၿမဲလိုလို ေဖာ္ျပခံရေပမယ့္ အလြန္လွပၿပီး ဆြဲေဆာင္မႈရွိတဲ့သူလို႔ေတာ့ သူမကို မသတ္မွတ္ၾကေလဘူး

WeiChu ရဲ႕ဂုဏ္ပုဒ္ေတြနဲ႕ဆိုရင္ သူအရင္က အလွအပ မ်ိဳးစုံကို ျမင္ဖူးသင့္တဲ့အျပင္ SuLe ကလည္း ကမၻာေပၚမွာ အေခ်ာဆုံးမိန္းမ မဟုတ္တာ အေသအခ်ာပဲ
SuLe ရဲ႕စိတ္သေဘာထားေၾကာင့္ဆိုရင္လည္း သူမက ခ်မ္းသာတဲ့မိသားစုကေနေမြးဖြားလာတဲ့ မိန္းမေတြနဲ႕ေတာင္ ယွဥ္လို႔မရနိုင္ေသးဘူး
ဒါဆို WeiChu က SuLe ကို ဘာလို႔ အရမ္းကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေနရတာလဲ....?
ဘာအေၾကာင္းျပခ်က္ေၾကာင့္လဲ... ?

LinQi ခဏေလာက္ စိုက္ၾကည့္ေနခဲ့ေပမယ့္ သူမအေျဖမရွာနိုင္ေလတာေၾကာင့္ မေမးပဲမေနနိုင္ေတာ့ဘူး
"SuLe နင္နဲ႕ပတ္သတ္ၿပီး ဘာေတြမ်ား သိပ္ေကာင္းေနလို႔လဲ ''

SuLe ဟာ LinQi ကို မယုံသကၤာၾကည့္ကာ
" ငါက နင့္ေလာက္မေကာင္းပါဘူး ''
ခ်စ္သူရည္းစား အလုခံလိုက္ရတဲ့ သူတစ္ေယာက္အေနနဲ႕ သူမမွာ ထိုေမးခြန္းကိုေျဖဖို႔ တကယ္ကို အရည္အခ်င္းရွိမေနေလဘူး

မထင္မွတ္ထားပဲ LinQi ဟာ SuLe ကို ခါတိုင္းလိုေလွာင္ေျပာင္မေနေတာ့ပဲ ေခါင္းငုံ႕ကာ သူမလက္သည္းေတြကိုသာ ၾကည့္ေနေလေတာ့တယ္

ကားတစ္စီးဟာ သူတို႔ေရွ႕ထိုးရပ္လာတယ္
ကားျပတင္းမွန္ေအာက္က်သြားတဲ့အခါ WeiChu ဟာ ေခ်ာေမာလွတဲ့မ်က္ႏွာကို ေဖာ္ျပကာ
"SuLe ကားေပၚျမန္ျမန္တက္လိုက္
အခုက ေလထန္ေနေတာ့ အေအးမမိေအာင္ ဂ႐ုစိုက္ရမယ္ ''

SuLe လည္းတုံ႕ဆိုင္းမေနပဲ ကားတံခါးဖြင့္ကာ အထဲဝင္ထိုင္လိုက္တယ္
ကားထြက္သြားတာနဲ႕အတူ SuLe ေနာက္လွည့္ၾကည့္လိုက္ေတာ့ ZhaungWei ကားဟာ LinQi ေရွ႕ကိုထိုးရပ္လာတာ ျမင္လိုက္ရတယ္

........

ကားထဲထိုင္ခုံဟာ အလြန္ကိုသက္ေတာင့္သက္သာရွိတာေၾကာင့္ SuLe ထိုအေပၚမွာ အပန္းေျဖလိုက္တယ္
"ဒီေန႕ ရာသီဥတုက သိပ္ေကာင္းေနေပမယ့္လည္း
ညီမကေတာ့ တိုက္ခိုက္ရဦးမယ္ ''

WeiChu ဟာ ကားကိုျငင္သာစြာေမာင္းႏွင္ရင္း ေနာက္ၾကည့္မွန္ကေန သူမရဲ႕မ်က္ႏွာထားကို ၾကည့္ကာ သူမစိတ္အေျခအေန ပ်က္ယြင္းမေနတာကို အတည္ျပဳၿပီးမွသာ စကားစေျပာေလတယ္
"မင္း အလုပ္ထြက္လိုက္ၿပီဆို ''

SuLe ေခါင္းညိတ္လိုက္တယ္
" ထြက္လိုက္ေပမယ့္ ညီမမွာ ကိုယ္ပိုင္အလုပ္ရွိေသးတယ္ေလ ''

"Oh...'' မီးနီကိုျမင္ၿပီး WeiChu ကားရပ္ဖို႔ အရွိန္ေလွ်ာ့ကာ ပဲနို႔ပုလင္းကိုယူၿပီး SuLe ဆီကမ္းေပးလိုက္တယ္
"ကိုယ္တို႔ အခု အစပ္ေတြ အမ်ားႀကီး စားလာတာဆိုေတာ့ ဒါေလးနည္းနည္းေသာက္လိုက္ဦး ''

SuLe ပုလင္းယူတာကို ခဏေစာင့္ၿပီးမွ သူထပ္ေျပာလာတယ္
"မင္းက အလုပ္ထြက္လိုက္တာေတာင္ ဘာလို႔စိတ္ပူပင္မေနလဲလို႔ ကိုယ္အံ့ၾသေနတာ
အခုမွပဲ မင္းက အလုပ္ထြက္လိုက္ရင္ေတာင္ ငတ္မွာမဟုတ္ဘူးဆိုတာ သိေတာ့တယ္ ''

မီးစိမ္းလာေတာ့ WeiChu ဟာ ကားကိုဆက္ေမာင္းေလတယ္

"စီနီယာ Wei က ညီမကို ဆြဲေဆာင္ဖို႔ ႀကိဳးစားေနတာေတာ့ မဟုတ္ပါဘူးေနာ္ ''
အတန္းေဖာ္ SuLe ဟာ တည့္တိုးဆန္ေပမယ့္ လူေကာင္းေလးျဖစ္တာေၾကာင့္ WeiChu ဆီက ဂ႐ုစိုက္တဲ့ အျပဳအမူမ်ားစြာကို လက္ခံရရွိၿပီးေနာက္ ေျပာင္သာ ေမးခ်လိုက္ေလေတာ့တယ္

WeiChu အၿပဳံးဟာ မေျပာင္းလဲသြားပဲ
" မရဘူးလား ''
SuLe တကယ္ႀကီး ေခါင္းညိတ္ကာ
"ညီမ သိေစခ်င္တာက
စီနီယာက ညီမရွာေနတဲ့ခင္ပြန္းပုံစံ မဟုတ္ဘူး ''

" မင္းရဲ႕လိုအပ္ခ်က္ေတြက ဘာေတြမ်ားလဲ''

SuLe ညာဘက္လက္မက ပုလင္းဖုံးကိုသာလွည့္ဖြင့္ေနၿပီး
"ညီမ ရွာခ်င္တာက ပုံမွန္ျဖစ္ သစၥာရွိၿပီး သာမာန္႐ုပ္ရည္နဲ႕ ဟင္းခ်က္ေကာင္းမယ့္ လူမ်ိဳး ''

WeiChu မ်က္ခုံးေတြကို ပင့္လိုက္ကာ
"ကိုယ္က ဘယ္ေနရာမွာမ်ား မေကာင္းလို႔လဲ
ဘယ္လိုအပ္ခ်က္နဲ႕မ်ား မကိုက္ညီလို႔လဲ ''

" ဟင့္အင္း စီနီယာက ေကာင္းပါတယ္
ဒါေပမယ့္ ေကာင္းလြန္းလို႔ တစ္ျခားလူလုသြားမွာကို ညီမ လြယ္လြယ္နဲ႕ေၾကာက္မိလိမ့္မယ္
ညီမက ငပ်င္းဆိုေတာ့ အဲ့လိုခံစားခ်က္မ်ိဳးကို မႀကိဳက္ဘူး ''
SuLe ဟာ ႏႈတ္ခမ္းမ်ားကိုေကာ့ကာ ၿပဳံးျပလိုက္တယ္
"အဲ့ထက္ပိုတာက စီနီယာက အရမ္းေခ်ာလြန္းေနတယ္
ညီမက အရမ္းေခ်ာတဲ့ေယာက္်ားေတြဆို ေရွာင္ရတာပိုႀကိဳက္တယ္ ''

႐ုပ္ေခ်ာရတာက သိပ္ႀကီးက်ယ္တဲ့ကိစၥမဟုတ္ဘူးလို႔ WeiChu ထင္မိတာ ဒါပထမဆုံးပဲ
သူသက္ျပင္းခ်ကာ
"ေနာင္တရစရာဆိုေပမယ့္
ေတြ႕ဆုံပြဲထဲက အခုထိဆို ကိုယ္တို႔က အႀကိမ္နည္းနည္းပဲ ေတြ႕ဖူးေသးတာေလ
ဆိုေတာ့ ကိုယ္တို႔ခံစားခ်က္ေတြက ဘယ္အဆင့္ထိေရာက္ေနၿပီလို႔ ထင္လို႔လဲ ''

SuLe ခဏေတြးလိုက္ၿပီးေနာက္ သူ႕ရဲ႕တုံ႕ျပန္မႈေတြက ယုတၱိရွိတယ္လို႔ ထင္ေလတယ္
ဒါက လက္ေတြ႕ဘဝ စိတ္ကူးယဥ္ဝတၳဳမဟုတ္ဘူး
ဒါ့အျပင္ WeiChu မျမင္ဖူးတဲ့မိန္းမမ်ိဳး ရွိပါ့မလား
ဒီအထိေတြးၿပီးေတာ့ သူမ အနည္းငယ္ ရွက္သြားမိတယ္
'' အဲ့ဒီေတာ့ တကယ္တမ္း ညီမကပဲ အေတြးလြန္ေနမိတာေပါ့ ''
တကယ္ေတာ့ သူမ ေနာင္တအရမိဆုံးက သူမ ဘာလို႔မိုက္႐ူးရဲဆန္ၿပီး တကယ္ႀကီး အဲ့လိုေမးခြန္းေတြေမးမိတာကိုပဲ
ထမင္းေလးတစ္ဝိုင္းပဲေလ.....
သူမရဲ႕ IQ က ၆ႏွစ္အ႐ြယ္ကိုျပန္ေရာက္သြားတာလား.....?

WeiChu ဟာ သူမကို ၾကင္နာစြာ ႏွစ္သိမ့္ေလတယ္
"ကိစၥမရွိပါဘူး ကိုယ္ကခြင့္လႊတ္ေပးတတ္တဲ့ စီနီယာပါ''

SuLe ပါးေတြနီရဲသြားကာ ပုလင္းဖုံးကိုဖြင့္ၿပီး ပါးစပ္အျပည့္ေသာက္ခ်လိုက္ေတာ့တယ္
သူမ ရွက္႐ြံ႕စြာေတြးလိုက္တယ္
ထင္တဲ့အတိုင္းပဲ တကယ္မရွိတဲ့ တစ္ခုခုကို အေတြးလြန္ေနမိတာက လက္ခံနိုင္စရာမရွိဘူး
ဒါက ဝတၳဳေတြေရးတာကရလာတဲ့ ေဘးထြက္ဆိုးက်ိဳးမ်ားလား.... ?.

ေနာက္ၾကည့္မွန္မွတစ္ဆင့္ ထိုသိမ္ေမြ႕လွတဲ့အမ်ိဳးသမီးကို ၾကည့္ရင္း
WeiChu ႏႈတ္ခမ္းပါးမ်ား တြန႔္ေကြးသြားေတာ့တယ္

TBC......

SuLe နဲ႕ Wei Chu အသုံးအႏႈန္းကို
ရွင္ နဲ႕ ကြၽန္မသုံးတာကေန
စီနီယာ နဲ႕ ညီမလို႔ ေျပာင္းသုံးထားပါတယ္
အဆင္ေျပဖို႔ေမွ်ာ္လင့္ပါတယ္

***Unicode***

ရည်စားအလုခံထားရတဲ့ မိန်းမတစ်ယောက် အဲ့ဒီရည်စားကောင်နဲ့ သူ့အငယ်အနှောင်းမက သူမရှေ့တည့်တည့်မှာထိုင်နေတဲ့အချိန် SuLe ရဲ့ အပြုအမူက တကယ်ကို လုံးဝပညာရှင်မဆန်ဘူး

သူမမျက်နှာပေါ်ကအပြုံးလေး သူမရဲ့အပူအပင်ကင်းတဲ့အမူအရာ နဲ့ သူမရဲ့နှင်းဆီရောင်သန်းနေတ့ဲပါးပြင်လေးက လက်ရှိ သူမဘဝက အရမ်းကိုကောင်းမွန်နေကြောင်း ထိုလူတွေကို ဖော်ပြနေတယ်

မျက်ရည်တွေ ဒေါသတွေ မရှိဘူး
သူမဘဝက ပြီးဆုံးသွားသလို အသက်ဆက်မရှင်ချင်တော့သလို ပြုမူမနေဘူး

အဲ့တာကြောင့် SuLe ရှေ့တည့်တည့်မှာထိုင်နေတဲ့ ထိုလူနှစ်ယောက်ဟာ စိတ်မသက်မသာဖြစ်နေလေတယ်
အဆုံးမှာတော့ အငယ်အနှောင်းတစ်ယောက်အနေနဲ့ ဒီလိုမိန်းမမျိုးကိုမြင်ရတာ သူမ ဘာကိုမှ မပြီးမြောက်နိုင်ခဲ့သလို ခံစားရစေတယ်

ရည်စားဟောင်းတစ်ယောက်အနေနဲ့တော့
ဒီလိုမိန်းမမျိုးက သူဟာ သူမရဲ့နှလုံးသားထဲမှာ သိပ်မရှိခဲ့ဖူးသလို ခံစားရစေတယ်

"SuLe မင်းကို ကြည့်ရတာ အခုတလော
တကယ်ကို အဆင်ပြေနေပုံပဲ ''
ZhaungWei ဟာ သူ့ပါးစပ်ထဲကို ပါးပါးလှီးထားတဲ့အမဲသား တစ်ဖက်ကို အားတင်းထည့်ဝါးရင်း ပြောလေတယ် သူ့ပါးစပ်ထဲမှာ ခါးသက်သက်အရသာ သာဖြစ်ကျန်ခဲ့တယ်
ဒီခံစားချက်ကို ဖော်ပြလို့မရနိုင်တာ တကယ်ကို ခါးသက်လွန်းတယ်
"ငါ မင်းကို အကြည့်မှားခဲ့တာပဲ ''

(TN... aww aww )

SuLe ဟာ နီရဲနေတဲ့ ငါးပေါင်းအချို့ကို သူမပန်းကန်လုံးထဲထည့်လိုက်တယ်
ဒီလူဘာတွေတွေးနေတာလဲ သူမနားမလည်တော့ဘူး
တကယ်တော့ သူမကိုဖောက်ပြန်သွားတာ သူ... ပြီးတော့ သူမကောင်းကောင်းနေပြန်တော့လည်း သူက မကျေနပ်ပြန်ဘူး !

မိန်းမတစ်ယောက် ပစ်ပယ်ခံရရင်
သူမက အဆုံးမရှိ ငိုယိုနေသင့်တယ်
ဘဝကို လူသေလို ဖြတ်သန်းပြီး
အဲ့လူကို အရှက်မရှိတွယ်ကယ်နေရမယ် ဆိုတဲ့ ဥပဒေမျိုး ဒီလောကကြီးမှာ ရှိတာလား?
ဒါတွေကအကုန်လုံးက အဲ့ဒီသောက်ကျိုးနည်းဒရမ်မာတွေသုံးတဲ့ ဇာတ်ကွက်တွေ....မိန်းမတစ်ယောက်က သူတို့အတွက်ဆို ဘာမဆိုလုပ်ပေးမယ် သူတို့ကိုပစ်ခွာရင် သူမဘဝရဲ့အလင်းရောင်လေး ပျောက်ကွယ်ပြီး သူမဘဝကြီး အမှောင်ကျသွားမှာကြောင့် မပစ်ခွာနိုင်ဘူး လို့ ယောက်ျားတွေကို ယုံကြည်အောင် လုပ်ထားကြတာ........

ဒေါသဟာ သူမရင်ထဲမှာ လောင်ကျွမ်းနေပေမယ့် LinQiရဲ့မျက်နှာထားကို တစ်ချက်ကြည့်အပြီးမှာတော့ သူမဒေါသကို ချက်ချင်း ချိုးနှိမ်ပစ်လိုက်တယ်
ငါးတစ်ဖတ်ကို အေးအေးဆေးဆေး ယူလိုက်စားပြ သူမနှုတ်ခမ်းကို သုတ်ကာ SuLe ဖြည်းဖြည်းချင်း စကားပြောလာတယ်
" ကျွန်မတို့ကမိတ်ဆွေတွေလေ
ရှင်က ကံကောင်းပြီး LinQi လို မိန်းမကောင်းလေးကို ရှာတွေ့ထားမှတော့
ကျွန်မက သိပ်ကို အဆင်ပြေတာပေါ့''

တစ်ခါတစ်လေကျ ''ဖူးစာပါတဲ့အတွဲ'' ဆိုတဲ့စကားစုလေးကတောင် သိက္ခာကျစေတယ်
အဲ့ဒီစကားကိုကြားပြီး LinQi နဲ့ ZhaungWei ရဲ့အမူအရာတွေ ပိုပိုပြီး ပျက်ယွင်းလာပုံရတော့ အနည်းဆုံး သူတို့အပေါ်တော့ သက်ရောက်မှုရှိပုံရတယ်

"နင်နဲ့ စီနီယာ Wei တွဲဖြစ်သွားတာနဲ့ယှဉ်ရင်
ဒါက အသေးအဖွဲလေးပါ ''
LinQi ရဲ့ ကောင်းမွန်တဲ့သွင်ပြင်မှာ ပျက်ရယ်ပြုလိုတဲ့ အရိပ်အမြွက်တွေ ပါဝင်နေတယ်

"ငါတို့က မိတ်ဆွေတွေဆိုပေမယ့်လည်း
နင်နဲ့ စီနီယာWei တွဲဖြစ်နေတာကိုတောင် ငါမသိခဲ့ဘူး ဘယ်တုန်းကတွဲဖြစ်သွားကြတာလဲ ''

SuLe ကြက်သေသေသွားခဲ့တယ်
သူမနဲ့ WeiChu ကဘယ်တုန်းက အတွဲတွေဖြစ်သွားကြတာလဲ... ?
ဒီလို အရေးကြီးတဲ့ကိစ္စမျိုး....
သူမက ပြောနေကြတဲ့အတွဲဆိုတဲ့ထဲက တစ်ယောက်ဖြစ်နေတာကို ဘာလို့ ဘယ်သူမှ သူမကို သတိမပေးကြတာလဲ....?

WeiChu ဟာ အများသုံးတူတစ်စုံကိုသုံးပြီး
SuLe ပန်းကန်လုံးထဲကို အပိုနံရိုး၂ချောင်းထည့်ပေးလိုက်တယ်
" ကိုယ်အရင်က တစ်ခါမှ မင်းအကြောင်းကို
SuLe ပြောတာ မကြားဖူးဘူး
ဟုတ်သားပဲ မင်းလည်းကိုယ့်ကို စီနီယာလို့ခေါ်တာပဲ
မင်းက ကိုယ်တို့ တက္ကသိုလ်က ကျောင်းသူလား''

LinQi အပြုံးဟာ အနည်းငယ် ရှုံ့တွသွားတယ်
"စီနီယာ Wei မမှတ်မိဘူးလား
စီနီယာ ကျောင်းသားသမ္မဂ ဥက္ကဋ္ဌ အဖြစ်ရှိစဉ်ထဲက
ညီမက အဲ့က အဖွဲ့ဝင်လေ ''

WeiChu ဟာ sprite ကို ပါးစပ်အပြည့်သောက်လိုက်ပြီး ယဉ်ကျေးပျူငှါစွာ ပြုံးပြကာ
" စိတ်မရှိပါနဲ့ ကိုယ်မမှတ်မိဘူး
အဲ့တုန်းက ကိုယ်နဲ့အလုပ်လုပ်တဲ့သူတွေက အများကြီး ပြီးတော့ အဖွဲ့ဝင်တွေကလည်း အရမ်းများတော့ လေ ''

LinQi ဟာ လုံးဝအသံတိတ်သွားတော့တယ်

နံရိုးကိုဝါးနေရင်း SuLe ဟာ
WeiChuက အထင်ကရ လူတစ်ယောက်ဖြစ်နေတာ အံ့သြစရာမရှိဘူးလို့ စာနာသနားစွာန့ဲ တွေးလိုက်မိတယ်
သူက သွေးမထွက်ပဲ လူသတ်နိုင်တယ်......

LinQi ရဲ့ရှုံ့တွနေတဲ့မျက်နှာထားကို တစ်ချက်ကြည့်ပြီးနောက် SuLe ရဲ့ ပထမဆုံးသောတုံ့ပြန်မှုကတော့ နောက်ထပ်အပိုနံရိုး၂ချောင်းကို သူမပန်းကန်လုံးထဲ ခပ်မြန်မြန်ယူထည့်လိုက်တာပါပဲ

(TN.. အေး နင်အဲ့မှာ ဆက်စားနေလိုက် အငတ်မ)

ထိုအချင်းအရာကြောင့် LinQi အကြောင်းပြချက်မရှိ ဒေါသထွက်ကာ စားပွဲကိုသိမ်းလိုက်တယ်
အဲ့လိုဖြစ်သွားရင် အနည်းဆုံးတော့ သူမ အပိုနံရိုး၂ချောင်း စားရနိုင်လောက်သေးတယ်

SuLe ဖုန်းမမြည်ခင်အထိ ထမင်းဝိုင်းဟာ တိတ်ဆိတ်နေခဲ့တယ် ခဏတော့ SuLe ဟာ ရုတ်တရက် ဆူညံသံကြောင့်လန့်သွားခဲ့ပေမယ့် မထင်မှတ်စွာနဲ့ သူမရဲ့မူလက စိတ်အေးလက်အေးမျက်နှာထားဟာ ခပ်မြန်မြန်ပြောင်းလဲနိုင်လေတယ်

"ဟင့်အင်း ဘာမှမဟုတ်ပါဘူး
ဒီည တစ်ခုတင်မှာ ''

" ဖြစ်မလာမှာ အသေအချာပဲ
တာ့တာ အချောလေး ''
ဖုန်းချပြီးနောက် SuLe အသက်တစ်ချက်ရှူထုတ်လိုက်တယ်

WeiChu ဟာ ထိုဖုန်းခေါ်ဆိုမှုနဲ့ပတ်သတ်ပြီး ဘာမှမပေးပဲ SuLe ကြိုက်တဲ့ဟင်းလျာတွေအား သူမရှေ့ လှည့်ပေးခဲ့တယ် အစက ဟင်းနည်းနည်းယူဖို့ တူကိုကိုင်မြှောက်ထားတဲ့ ZhaungWei ဟာ လေထဲမှာပဲ ရပ်တန့်သွားတော့တယ် သူ့အကြည်တွေဟာ အစားနဲ့ပဲ နပမ်းလုံးနေတဲ့ SuLe ဆီမှာသာ ရစ်ဝဲနေကာ လွန်ခဲ့တဲ့၂နှစ် သူနဲ့SuLe တွဲနေစဉ်က သူဟာ အစပ်မကြိုက်တာကြောင့် သူတို့နှစ်ယောက် စီချွမ်းစာကို လုံးဝမစားခဲ့ဖူးတာကို ရုတ်တရက် အမှတ်ရသွားတော့တယ်

တစ်ခါတစ်လေ SuLe အလုပ်အားတဲ့အခါ
သူမက ချက်ပြုတ်ပေးတယ်
ဟင်းလျာတွေက ထူးထူးခြားခြားတွေ မဟုတ်ပေမယ့်လည်း သူ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် စားခဲ့တယ်

သူ တစ်ခြားမိန်းမတစ်ယောက် စရှာခဲ့မိတာ ဘယ်အချိန်ကလဲ....?

SuLe က သူ့ပိုက်ဆံတွေမသုံးတော့တဲ့အချိန်ကလား?
ခက်ခဲတဲ့အချိန်တွေရင်ဆိုင်နေရတာတောင် SuLeဟာ သန်မာနေဆဲဖြစ်နေတဲ့ အချိန်ကလား ?
ဒါမှမဟုတ် SuLe အလုပ်ကိစ္စနဲ့ခရီးထွက်သွားတော် သူပျင်းလာလို့ များလား?
ဒါမှမဟုတ် SuLe က သူနဲ့ နောက်ဆုံးအဆင့်ထိတက်ဖို့ ဆန္ဒမရှိတဲ့အချိန်ကလား?

အချိန်အတိအကျကို သူ မမှတ်မိတော့ဘူး
သူ မှတ်မိတာက အဆုံးမှာ
သူ တဖြည်းဖြည်းနဲ့ SuLe အပေါ်စိတ်ကုန်လာပြီး မိန်းမတွေမှာ များသောအားဖြင့်ရှိတတ်တဲ့ အရာတစ်ခု သူမမှာ ကင်းမဲ့နေတယ်လို့ တွေးမိလာတယ်
အဲ့တာက ချစ်သူကောင်လေးဖြစ်တဲ့ သူ့အဖို့ ရှုံးနိမ့်သွားသလို ခံစားရစေတယ်
SuLe ဟာ သူနဲ့နောက်ဆုံးအဆင့်ကိုမတက်ခင် စက္ကူတစ်ရွက်ရဖို့ကိုပဲ ကြိုးစားနေတာကို သူနားမလည်ဘူး
သူက သူမရဲ့ယုံကြည်မှုနဲ့မထိုက်တန်လို့လား?

(TN..စက္ကူတစ်ရွက်...လက်ထပ်စာချုပ်)

စားသောက်ပြီးချိန်မှာတော့ တစ်ချို့လူတွေ စိတ်ကျေနပ်နေတဲ့အချိန် တစ်ချို့ကတော့ အရသာကိုတောင် မမှတ်မိနိုင်လေဘူး
အစက ရာသီဥတုဟာ ကြည်လင်ပြီး နေသာနေပေမယ့် အခုတော့ မိုးသည်းထန်စွာရွာနေပြီ ဖြစ်တယ်...ပြင်းထန်တဲ့မိုးပေါက်တွေဟာ လူတွေကို ထိတ်လန့်စေလာတယ်

SuLe ခေါင်းမော့ကာ မှောင်မဲနေတဲ့ ကောင်းကင်ကြီးကိုကြည့်ပြီး တိုးတိုးလေး ညည်းလိုက်တယ်
"သိပ်ကို အိပ်လို့ကောင်းလိုက်မယ့် ရာသီဥတု ''

SuLe ပြောတာကိုကြားတဲ့ Wei Chu ဟာ တခစ်ခစ်ရယ်ရင်း
'' ဒီမှာ ခဏစောင့်နေ
ကိုယ်ဒီဘက်ကို ကားမောင်းလာခဲ့မယ်''
ပြောပြီးနောက် သူဟာ မိုးရွာကြီးထဲကနေ ကားပါကင်ဆီသို့ ပြေးထွက်သွားခဲ့တယ်
မိုးထဲမှာလည်း သူ့ရဲ့ကြော့ရှင်းတဲ့ သွင်ပြင်ဟာ ပိုမို ခံ့ညားနေဆဲပဲ..

ကျန်ရစ်ခဲ့တဲ့ ၃ယောက်ကြားက လေထုဟာ ကို့ရို့ကားယားနိုင်ကာ နေရခက်သွားတော့တယ်
SuLe ဟာ LinQi ...ZhaungWei တို့နဲ့ ထပ် မပတ်သတ်ချင်တော့သလို လက်ရှိအနေအထားနဲ့လည်း ဆက်မနေချင်တာကြောင့် သူတို့ကြားက အကွာအဝေးကို ချဲ့ဖို့ရာ ခြေလှမ်းနည်းနည်းခွာလျှောက်လိုက်တယ်

ZhaungWei ဟာ SuLe အပြုအမူကို သတိထားမိပြီး ရှုံးနိမ့်သလို ခံစားရပေမယ့် ထိုအရာကို ပြောမထွက်တာကြောင့် သူလည်း ထွက်သွားခဲ့ပြန်တယ်
"ကား သွားယူလိုက်ဦးမယ် ''

LinQi နဲ့ SuLe ကြားမှာ ခြေလှမ်း ၅လှမ်းကွာဝေးလေတယ်
တစ်ယောက်က ညာဘက်မှာရပ်နေပြီး တစ်ယောက်က ဘယ်ဘက်မှာ...
SuLe ဟာ LinQi ကို တစ်ချက်မှမကြည့်ပေမယ့် LinQi ဟာတော့ SuLe မျက်နှာပေါ်က တစ်ခုခုကိုလေ့လာချင်နေသလိုမျိုး SuLe ဆီမှာသာ အကြည့်အပ်ထားလေတယ်

SuLe ဟာ မိတ်ကပ်ပြင်ထားတိုင်း လန်းဆန်းပြီး ဖြူစင်တဲ့မိန်းမလှလေးအဖြစ် အမြဲလိုလို ဖော်ပြခံရပေမယ့် အလွန်လှပပြီး ဆွဲဆောင်မှုရှိတဲ့သူလို့တော့ သူမကို မသတ်မှတ်ကြလေဘူး

WeiChu ရဲ့ဂုဏ်ပုဒ်တွေနဲ့ဆိုရင် သူအရင်က အလှအပ မျိုးစုံကို မြင်ဖူးသင့်တဲ့အပြင် SuLe ကလည်း ကမ္ဘာပေါ်မှာ အချောဆုံးမိန်းမ မဟုတ်တာ အသေအချာပဲ
SuLe ရဲ့စိတ်သဘောထားကြောင့်ဆိုရင်လည်း သူမက ချမ်းသာတဲ့မိသားစုကနေမွေးဖွားလာတဲ့ မိန်းမတွေနဲ့တောင် ယှဉ်လို့မရနိုင်သေးဘူး
ဒါဆို WeiChu က SuLe ကို ဘာလို့ အရမ်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေရတာလဲ....?
ဘာအကြောင်းပြချက်ကြောင့်လဲ... ?

LinQi ခဏလောက် စိုက်ကြည့်နေခဲ့ပေမယ့် သူမအဖြေမရှာနိုင်လေတာကြောင့် မမေးပဲမနေနိုင်တော့ဘူး
"SuLe နင်နဲ့ပတ်သတ်ပြီး ဘာတွေများ သိပ်ကောင်းနေလို့လဲ ''

SuLe ဟာ LinQi ကို မယုံသင်္ကာကြည့်ကာ
" ငါက နင့်လောက်မကောင်းပါဘူး ''
ချစ်သူရည်းစား အလုခံလိုက်ရတဲ့ သူတစ်ယောက်အနေနဲ့ သူမမှာ ထိုမေးခွန်းကိုဖြေဖို့ တကယ်ကို အရည်အချင်းရှိမနေလေဘူး

မထင်မှတ်ထားပဲ LinQi ဟာ SuLe ကို ခါတိုင်းလိုလှောင်ပြောင်မနေတော့ပဲ ခေါင်းငုံ့ကာ သူမလက်သည်းတွေကိုသာ ကြည့်နေလေတော့တယ်

ကားတစ်စီးဟာ သူတို့ရှေ့ထိုးရပ်လာတယ်
ကားပြတင်းမှန်အောက်ကျသွားတဲ့အခါ WeiChu ဟာ ချောမောလှတဲ့မျက်နှာကို ဖော်ပြကာ
"SuLe ကားပေါ်မြန်မြန်တက်လိုက်
အခုက လေထန်နေတော့ အအေးမမိအောင် ဂရုစိုက်ရမယ် ''

SuLe လည်းတုံ့ဆိုင်းမနေပဲ ကားတံခါးဖွင့်ကာ အထဲဝင်ထိုင်လိုက်တယ်
ကားထွက်သွားတာနဲ့အတူ SuLe နောက်လှည့်ကြည့်လိုက်တော့ ZhaungWei ကားဟာ LinQi ရှေ့ကိုထိုးရပ်လာတာ မြင်လိုက်ရတယ်

........

ကားထဲထိုင်ခုံဟာ အလွန်ကိုသက်တောင့်သက်သာရှိတာကြောင့် SuLe ထိုအပေါ်မှာ အပန်းဖြေလိုက်တယ်
"ဒီနေ့ ရာသီဥတုက သိပ်ကောင်းနေပေမယ့်လည်း
ညီမကတော့ တိုက်ခိုက်ရဦးမယ် ''

WeiChu ဟာ ကားကိုငြင်သာစွာမောင်းနှင်ရင်း နောက်ကြည့်မှန်ကနေ သူမရဲ့မျက်နှာထားကို ကြည့်ကာ သူမစိတ်အခြေအနေ ပျက်ယွင်းမနေတာကို အတည်ပြုပြီးမှသာ စကားစပြောလေတယ်
"မင်း အလုပ်ထွက်လိုက်ပြီဆို ''

SuLe ခေါင်းညိတ်လိုက်တယ်
" ထွက်လိုက်ပေမယ့် ညီမမှာ ကိုယ်ပိုင်အလုပ်ရှိသေးတယ်လေ ''

"Oh...'' မီးနီကိုမြင်ပြီး WeiChu ကားရပ်ဖို့ အရှိန်လျှော့ကာ ပဲနို့ပုလင်းကိုယူပြီး SuLe ဆီကမ်းပေးလိုက်တယ်
"ကိုယ်တို့ အခု အစပ်တွေ အများကြီး စားလာတာဆိုတော့ ဒါလေးနည်းနည်းသောက်လိုက်ဦး ''

SuLe ပုလင်းယူတာကို ခဏစောင့်ပြီးမှ သူထပ်ပြောလာတယ်
"မင်းက အလုပ်ထွက်လိုက်တာတောင် ဘာလို့စိတ်ပူပင်မနေလဲလို့ ကိုယ်အံ့သြနေတာ
အခုမှပဲ မင်းက အလုပ်ထွက်လိုက်ရင်တောင် ငတ်မှာမဟုတ်ဘူးဆိုတာ သိတော့တယ် ''

မီးစိမ်းလာတော့ WeiChu ဟာ ကားကိုဆက်မောင်းလေတယ်

"စီနီယာ Wei က ညီမကို ဆွဲဆောင်ဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော် ''
အတန်းဖော် SuLe ဟာ တည့်တိုးဆန်ပေမယ့် လူကောင်းလေးဖြစ်တာကြောင့် WeiChu ဆီက ဂရုစိုက်တဲ့ အပြုအမူများစွာကို လက်ခံရရှိပြီးနောက် ပြောင်သာ မေးချလိုက်လေတော့တယ်

WeiChu အပြုံးဟာ မပြောင်းလဲသွားပဲ
" မရဘူးလား ''
SuLe တကယ်ကြီး ခေါင်းညိတ်ကာ
"ညီမ သိစေချင်တာက
စီနီယာက ညီမရှာနေတဲ့ခင်ပွန်းပုံစံ မဟုတ်ဘူး ''

" မင်းရဲ့လိုအပ်ချက်တွေက ဘာတွေများလဲ''

SuLe ညာဘက်လက်မက ပုလင်းဖုံးကိုသာလှည့်ဖွင့်နေပြီး
"ညီမ ရှာချင်တာက ပုံမှန်ဖြစ် သစ္စာရှိပြီး သာမာန်ရုပ်ရည်နဲ့ ဟင်းချက်ကောင်းမယ့် လူမျိုး ''

WeiChu မျက်ခုံးတွေကို ပင့်လိုက်ကာ
"ကိုယ်က ဘယ်နေရာမှာများ မကောင်းလို့လဲ
ဘယ်လိုအပ်ချက်နဲ့များ မကိုက်ညီလို့လဲ ''

" ဟင့်အင်း စီနီယာက ကောင်းပါတယ်
ဒါပေမယ့် ကောင်းလွန်းလို့ တစ်ခြားလူလုသွားမှာကို ညီမ လွယ်လွယ်နဲ့ကြောက်မိလိမ့်မယ်
ညီမက ငပျင်းဆိုတော့ အဲ့လိုခံစားချက်မျိုးကို မကြိုက်ဘူး ''
SuLe ဟာ နှုတ်ခမ်းများကိုကော့ကာ ပြုံးပြလိုက်တယ်
"အဲ့ထက်ပိုတာက စီနီယာက အရမ်းချောလွန်းနေတယ်
ညီမက အရမ်းချောတဲ့ယောက်ျားတွေဆို ရှောင်ရတာပိုကြိုက်တယ် ''

ရုပ်ချောရတာက သိပ်ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူးလို့ WeiChu ထင်မိတာ ဒါပထမဆုံးပဲ
သူသက်ပြင်းချကာ
"နောင်တရစရာဆိုပေမယ့်
တွေ့ဆုံပွဲထဲက အခုထိဆို ကိုယ်တို့က အကြိမ်နည်းနည်းပဲ တွေ့ဖူးသေးတာလေ
ဆိုတော့ ကိုယ်တို့ခံစားချက်တွေက ဘယ်အဆင့်ထိရောက်နေပြီလို့ ထင်လို့လဲ ''

SuLe ခဏတွေးလိုက်ပြီးနောက် သူ့ရဲ့တုံ့ပြန်မှုတွေက ယုတ္တိရှိတယ်လို့ ထင်လေတယ်
ဒါက လက်တွေ့ဘဝ စိတ်ကူးယဉ်ဝတၳုမဟုတ်ဘူး
ဒါ့အပြင် WeiChu မမြင်ဖူးတဲ့မိန်းမမျိုး ရှိပါ့မလား
ဒီအထိတွေးပြီးတော့ သူမ အနည်းငယ် ရှက်သွားမိတယ်
'' အဲ့ဒီတော့ တကယ်တမ်း ညီမကပဲ အတွေးလွန်နေမိတာပေါ့ ''
တကယ်တော့ သူမ နောင်တအရမိဆုံးက သူမ ဘာလို့မိုက်ရူးရဲဆန်ပြီး တကယ်ကြီး အဲ့လိုမေးခွန်းတွေမေးမိတာကိုပဲ
ထမင်းလေးတစ်ဝိုင်းပဲလေ.....
သူမရဲ့ IQ က ၆နှစ်အရွယ်ကိုပြန်ရောက်သွားတာလား.....?

WeiChu ဟာ သူမကို ကြင်နာစွာ နှစ်သိမ့်လေတယ်
"ကိစ္စမရှိပါဘူး ကိုယ်ကခွင့်လွှတ်ပေးတတ်တဲ့ စီနီယာပါ''

SuLe ပါးတွေနီရဲသွားကာ ပုလင်းဖုံးကိုဖွင့်ပြီး ပါးစပ်အပြည့်သောက်ချလိုက်တော့တယ်
သူမ ရှက်ရွံ့စွာတွေးလိုက်တယ်
ထင်တဲ့အတိုင်းပဲ တကယ်မရှိတဲ့ တစ်ခုခုကို အတွေးလွန်နေမိတာက လက်ခံနိုင်စရာမရှိဘူး
ဒါက ဝတၳုတွေရေးတာကရလာတဲ့ ဘေးထွက်ဆိုးကျိုးများလား.... ?.

နောက်ကြည့်မှန်မှတစ်ဆင့် ထိုသိမ်မွေ့လှတဲ့အမျိုးသမီးကို ကြည့်ရင်း
WeiChu နှုတ်ခမ်းပါးများ တွန့်ကွေးသွားတော့တယ်

TBC......

SuLe နဲ့ Wei Chu အသုံးအနှုန်းကို
ရှင် နဲ့ ကျွန်မသုံးတာကနေ
စီနီယာ နဲ့ ညီမလို့ ပြောင်းသုံးထားပါတယ်
အဆင်ပြေဖို့မျှော်လင့်ပါတယ်

Continue Reading

You'll Also Like

324K 17.8K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
259K 41.3K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
846K 39.7K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023