အပိုင္း ၄၀
Zawgyi
"မင္းဟာက ဟုတ္ရဲ႕လား မင္းစိတ္က ထင္ေနတာ ျဖစ္မွာပါ။မင္းအဲ့လိုပဲ စိတ္ထဲထင္ၿပီး သား နဲ႔ တူတဲ့ ေကာင္ေလးေတြျမင္တိုင္း ဟိုဆြဲဒီဆြဲ လိုက္လုပ္ေနတာ မဟုတ္လား"
ၿဖိဳးေမာင္သင္း ေျပာတာလည္း ဟုတ္ပါသည္။သူ႔ရဲ႕စိတ္ျပင္းျပမႈေတြဟာ တစ္ခါတေလ ဆိုးသထက္ဆိုးလာသည္။
ဟိန္းစစ္ ႐ွိကို႐ွိေနသည္။သူ႔ပတ္ဝန္းက်င္နားမွာ မေပ်ာက္ကြယ္ဘူး ဆိုတဲ့ စိတ္ႀကီးကလည္း ႀကီးစိုးေနသည္။ဒါေၾကာင့္လည္း ႏိုင္ငံတိုင္း ေနရာတိုင္းမွာ မ်က္စိဖြင့္နားစြင့္ လိုက္႐ွာေနဆဲျဖစ္သည္။
"ငါလည္း ငါ့သားကို စိတ္တိုတာပါပဲကြာ။ဒါေပမဲ့ ငါ့အျမင္ေျပာရရင္ မင္း ငါ့သားကို ႐ွာတာေတြ ရပ္တန္းက ရပ္သင့္ၿပီ မင္းရဲ႕ အသက္အရြယ္ကိုလည္း မင္းဘက္က လက္ခ်ိဳးေရၾကည့္ဦး။အသက္က တစ္ဖက္လွမ္းေနၿပီ။ငါ့သားကို ေစာင့္ေနမယ့္အစား စပယ္နဲ႔ပဲ လက္ထပ္လိုက္ပါေတာ့ကြာ။မင္းမိဘေတြကိုလည္း သနားဦး ေဟ့ေကာင္"
"ငါမွ ညီငယ့္ကို ေမ့မရဘဲ ၿဖိဳးေမာင္သင္း ။အဲ့ဒီ့စိတ္နဲ႔ အျခားသူကို ဘယ္လိုလက္ထပ္ၿပီးေနရမလဲ။မင္း ငါ့ဘက္ကိုလည္း ငဲ့ၿပီးေျပာပါဦးကြာ"
"ငါက မင္းကို သူငယ္ခ်င္း အရင္းႀကီးမို႔လို႔ မင္းကို ငဲ့ၿပီး ေျပာေနတာ ေခါင္ထက္။ဟိန္းစစ္ က ငါ့သားပါ။မိဘကိုေတာင္ မငဲ့ဘဲ လုပ္ခ်င္တာလုပ္သြားတာကို ငါကေကာ စိတ္ေက်နပ္မယ္ မင္းထင္သလား။ငါ့ကို လွည့္မၾကည့္ရင္ေတာင္ သူ႔ဘဝနဲ႔ရင္းျပီး ခ်စ္တဲ့အေမကိုေတာ့ ဥေပကၡာ မျပဳထားခဲ့သင့္ဘူးေလ။"
ၿဖိဳးေမာင္သင္း ေျပာတာမွန္သည္။ေရာဂါသည္အေမကိုေတာင္ မငဲ့ဘဲ ထားသြားရက္သူကို မုန္းဖို ့ႀကိဳးစားသင့္သည္။မုန္းခြင့္မေပးတဲ့ ႏွလုံးသားကိုလည္း ေဒါသျဖစ္မိသည္။္
"မင္း ငါ ေျပာသလိုသာ လုပ္စမ္းပါ။"
"ငါ့ကို ဖိအားမေပးပါနဲ႔။ငါ ညီငယ့္ ကို ေစာင့္လို႔ ရခ်ိန္ထိ ေစာင့္ခ်င္ေသးတယ္။အဲ့ဒီ့ ဂ်ပန္ဆိုင္ကိုလည္း ငါေန႔တိုင္းသြားၾကည့္မယ္။ငါတို႔ ေရစက္ မကုန္ေသးရင္ေတာ့ တစ္ေန႔ ျပန္ဆုံၾကဦးမွာပါ။"
"ေျပာမရလည္း သေဘာကြာ။အခုေတာ့ မုန္႔သြားစားရေအာင္။လာ. . ေအာက္ထပ္ဆင္းမယ္။"
"မင္းသြားႏွင့္"
"အဲ့တာဆိုလည္း ဒီအခန္းထဲမွာ အၾကာႀကီးမေနနဲ႔။ၿပီးရင္ လိုက္ခဲ့ေနာ္"
"ေအးပါ"
ေခါင္ထက္ တစ္ေယာက္ ဟိန္းစစ္ ကို သတိရတိုင္း ဟိန္းစစ္ ေနခဲ့တဲ့ အခန္းကို လာလည္ျဖစ္သည္။ၿဖိဳးေမာင္သင္းကလည္း ခြင္႕ျပဳေပးသည္။ဟိန္းစစ္ရဲ႕ အေငြ႔အသက္ ႐ွိေနတဲ့ အခန္းထဲက သူအိပ္ခဲ့တဲ့ ကုတင္ေပၚမွာ သူျခဳံခဲ့တဲ့ ေစာင္ကို ျခဳံရင္း လြမ္းဆြတ္မႈေတြေၾကာင့္ မ်က္ရည္က်ခဲ့ရတာလဲ အခါခါ။
ဟိန္းစစ္ ဘာ့ေၾကာင့္ ထားသြားရလဲ ဆိုတဲ့ အေျဖကို စဥ္းစားတိုင္းလည္း ရလဒ္ထြက္မလာခဲ့ပါ။ဟိန္းစစ္ ထြက္သြားၿပီးကတည္းက ျဖတ္သန္းရတဲ့ ေန႔ရက္တိုင္းဟာ အဓိပၸါယ္ မဲ့ ေနသည္ဟု ခံစားရသည္။
**********
"ညီေလး ေမးစရာ႐ွိလို႔"
"ဟုတ္ကဲ့ "
ထုံးစံအတိုင္း ေခါင္ထက္တစ္ေယာက္ ဟိန္းစစ္ လို႔ ထင္သူကို ေတြ႔ခဲ့တဲ့ ဂ်ပန္အစားအစာ ေရာင္းတဲ့ဆိုင္ကို ေရာက္လာၿပန္သည္။အစားစားတာက နည္းနည္း စပ္စုတာက မ်ားမ်ား လာလုပ္သည္။
အစားအစာ လာခ်တဲ့ စားပြဲထိုး ေကာင္ေလးကို သိခ်င္စိတ္နဲ႔ ေမးလိုက္ရသည္။အၾကမ္းနည္းနဲ႔ေတာ့ မရဘဲ သိခ်င္တာကို ေခ်ာ့ေမာ့ေမးမွ ရေပလိမ့္မည္။စားပြဲထိုး ေကာင္းေလးေတြကလည္း သူ ေန႔တိုင္း လာေနလို႔ မွတ္မိေနပုံရသည္။လာတိုင္းလည္း စားပြဲထိုး ေကာင္ေလးေတြကို ဟိန္းစစ္ အေၾကာင္း ေမးလြန္းလို႔ သူတို႔လည္း အျမင္ကတ္ေနပုံရသည္။မသိဘူး ေျပာတဲ့သူက မ်ားေတာ့ ရက္ၾကာလာေတာ့ စိတ္ပ်က္မိသည္။သူတို႔ပုံစံက မသိဘူး ဆိုတာ တစ္ခုခုကို ဖုန္းကြယ္ထားသလို ခံစားရသည္။ ဒီတစ္ခါမွ မေမးဘူးတဲ့ စားပြဲထိုးေကာင္ေလးကို ေမးၾကည့္လိုက္သည္။သိပ္မျမင္ဖူးဘူး။အသစ္လားေတာ့မသ္ိ။
"ညီေလး . . ညီေလး. . .ခဏ"
"ဟုတ္ကဲ့ . . ဘာထပ္မွာဦးမလဲခင္ဗ်"
"မမွာပါဘူး။ေမးစရာေလး ႐ွိလို႔ပါ"
"ဟုတ္ကဲ့ ေမးပါဗ်"
"ဒီဆိုင္မွာ စည္သူဟိန္းစစ္ ဆိုတဲ့ တစ္ေယာက္ အလုပ္လုပ္လား"
"ဗ်ာ. . ဆရာ့ ကို ေျပာတာလား"
"ဆရာ ဟုတ္လား။ဆရာ ဆိုတာ ဘယ္သူလဲ"
"ကြၽန္ေတာ္တို႔ ဆရာေလ။ဒီဆိုင္ ပိုင္႐ွင္ေပါ့"
"ဆိုင္ပိုင္႐ွင္။ဆိုင္ပိုင္႐ွင္နာမည္က ဘယ္သူလဲ "
"ကိုစည္သူဟိန္းစစ္ ေလဗ်။ဂ်ပန္အစားအစာ ေရာင္းေပမယ့္ ပိုင္႐ွင္က ျမန္မာလူမ်ိဳး ပါပဲ"
ေခါင္ထက္ ဝမ္းသာလုံးေတာင္ဆို႔ေအာင္ ဝမ္းသာသြားသည္။စားပြဲထိုးေကာင္ေလးရဲ႕ စကားဟာ ေခါင္ထက္ က္ို သိန္းဆုႀကီး ေပါက္သလိုပါပဲ။အရင္က ဘယ္သူ႔ေမးေမး မသိဘူးပဲ ေျပာေနၿပီး အခုေတာ့ ဒီညီေလးက သိတယ္ ဆိုေတာ့ ေပ်ာ္လိုက္ျခင္း ဆိုတာ ထိုင္ရာကေန ထမိရက္သား ျဖစ္သြားၿပီး စားပြဲထိုးေလး လက္ေမာင္းကို ဆြဲကိုင္မိရက္သားျဖစ္သြားသည္။
ညႇစ္လိုက္တဲ့အ႐ွိန္နဲ႔ နာသြားလို႔ ထင္ပါရဲ႕။ ႐ွံဳမဲ့သြားတဲ့ စားပဲြထိုးေလး မ်က္ႏွာေၾကာင့္ လက္ကို ျပန္လႊတ္လိုက္ရသည္။
"ညီေလး.. အစ္ကို႔ကို ညီေလး ဆရာနဲ႔ ေပးေတြ႔လို႔ရမလား"
"ဗ်ာ. .အဲ့ဒါကေတာ့ သူေဌး ကို ေမးၾကည့္ရဦးမယ္ဗ်။သူ႔ခြင့္ျပဳခ်က္မရဘဲ ကြၽန္ေတာ္ ဆရာ့ဆီ ေခၚသြားမေပးရဲဘူး"
"အခု သူ ဒီဆိုင္ထဲမွာ ႐ွိေနတာလား။"
"ဟုတ္ကဲ့ ႐ွိတယ္ဗ်။ဒါနဲ႔ အစ္ကိုႀကီးက ဆရာနဲ႔ ဘယ္လိုသိတာလဲ။ဘာ့ေၾကာင့္ ေတြ႔ခ်င္တာလဲဗ်"
စားပြဲထိုးေကာင္ေလး ရဲ႕ အေမးစကားကို ေျဖဖို္႔အေတာ္ခက္ေနပါသည္။ခ်စ္သူ၅ႏွစ္တာ ေပ်ာက္ဆုံးသြားတဲ့ ခ်စ္သူ လို႔ ေျပာျပဖို႔ အင္အားမ်ိဳး သူ႔မွာ မ႐ွိဘဲေလ။
"ဟို . . အရင္တုန္းက အသိေတြပါ။မေတြ႔တာၾကာလို႔ ေတြ႔ခ်င္လို႔ပါ ညီေလး"
"ဪ. . ဟုတ္ကဲ့ ဒါဆိုရင္လည္း
ခဏေလးေစာင့္ေနာ္။သြားေမးၾကည့္လိုက္ဦးမယ္ဗ်"
ေခါင္ထက္ ပါးစပ္ျပန္မစိႏိုင္ေအာင္ ေပ်ာ္မိသည္။
သူ တကယ္ ခ်စ္သူကို ျပန္ေတြ႔ရေတာ့မွာေပါ့။ေမွ်ာ္လင့္ေစာင့္စားေနရတဲ့အခ်ိန္ေတြ၊ တမ္းတေနရတဲ့အခ်ိန္ေတြ ကုန္ဆုံးရေတာ့မွာေပါ့။
၅ႏွစ္အတြင္း မျမင္ရတဲ့ ခ်စ္သူဟာ အနီးကပ္ ျမင္ရရင္ အခုဆို ဘယ္လိုပုံစံ ျဖစ္ေနမလဲ။အနည္းငယ္ ရင့္က်က္လာမလား။ပိုၿပီး ခ်စ္စရာေကာင္းလာမလား။အရင္ကထက္ အဆေပါင္းမ်ားစြာ ပိုၿပီး မာနႀကီးသူ ျဖစ္ေနမလား။ေခါင္ထက္ ကို ျမင္ရင္ ေႏြးေႏြးေထြးေထြး ဆက္ဆံပါ့မလား။စိမ္းကားတဲ့အၾကည့္ေတြနဲ႔ ေခါင္ထက္ ႏွလုံးသား နာက်င္ေစမယ့္ စကားလုံး ေတြ သုံးၿပီး ကတ္ကတ္လန္ ရန္ေတြ႔ဦးမလား။ဟိန္းစစ္ က ဒီဆိုင္ ပိုင္႐ွင္ ျဖစ္ေနေတာ့ အရင္ကထက္ ပိုၿပီး မာနၾကီး ေနမလား။အေတြးေပါင္းစုံနဲ႔ ေစာင့္စားေနခ်ိန္
စားပြဲထိုးေလး သြားေျပာတာ ၾကာလိုက္ေနသည္လို႔ ခံစားေနရသည္။အနားျပန္ေရာက္လာဖို႔ အခ်ိန္အၾကာႀကီးေစာင့္ရသည္။ ဖင္တႂကြႂကြ လည္တေမာ့ေမာ့နဲ႔ပါ။ေစာင့္စားေနတုန္း စားပြဲထိုးေကာင္ေလး သူ႔နားျပန္ေရာက္လာသည္။
"ဆရာ က ေတြ႔လို႔ ရတယ္ ေျပာတယ္။ကြၽန္ေတာ္နဲ႔ လိုက္ခဲ့ပါ"
စားပြဲထိုးေကာင္ေလး ဦးေဆာင္ရာေနာက္ကို လိုက္သြားလိုက္သည္။စားသုံးသူ စားပြဲေတြရဲ႕ အေက်ာ္ ေငြ႐ွင္းေကာင္တာအဆုံးမွာေတာ့ မီးဖိုေခ်ာင္နဲ႔ကပ္လ်က္မွာ ေသးငယ္သင့္တင့္တဲ့အခန္းေလး႐ွိေနသည္။
"ဆရာ. . ဝင္ခြင့္ျပဳပါ"
စားပြဲထိုးေကာင္ေလး ရဲ႕ တံခါးေခါက္သံဟာ ေခါင္ထက္ရဲ႕ ရင္ကို႐ိုက္ခတ္လိုက္သလိုပါပဲ။ဒီတံခါးခ်ပ္ပြင့္သြားၿပီးတဲ့ တစ္ဖက္မွာ ခ်စ္သူ႐ွိေနသည္ ဆိုတဲ့အသိဟာ ရင္ခုန္သံကို ထိန္းမရေစဘူး။အထဲက ဝင္ခဲ့ဆိုတဲ့ ခြင့္ျပဳသံကိုေတာင္ မၾကားရေတာ့ဘဲ တံခါးဖြင့္တာကိုပဲ အာ႐ုံစိုက္ေနမိသည္။
အခန္းထဲ ဝင္လိုက္သည့္တိုင္ အခန္းထဲမ်က္လုံး ေဝ့ၾကည့္လိုက္ခ်ိန္ ဟိန္းစစ္ နဲ႔တူတဲ့သူဆိုတာ တစ္ေယာက္မွ မေတြ႔ရဘဲ အလုပ္စားပြဲေပၚမွာ ထိုင္ေနတဲ့ ေကာင္ေလး တစ္ေယာက္ကိုသာ ေတြ႔ရသည္။ေခါင္ထက္ ကို ျမင္ေတာ့ သူျပဳံးျပသည္။အရြယ္ကေတာ့ ဟိန္းစစ္ အရြယ္ေလာက္ပါပဲ။အသားခပ္လတ္လတ္ ခႏၶာကိုယ္
ခပ္ျပည့္ျပည့္ ေကာင္ေလး ျဖစ္သည္။
"ထိုင္ပါခင္ဗ်။ကြၽန္ေတာ့္ကို ေတြ႔ခ်င္တယ္ ဆိုလို႔ ဘာကိစၥလဲဗ်"
"အစ္ကို ေတြ႔ခ်င္တာ စည္သူဟိန္းစစ္ ကိုပါ။ညီေလး ကို မဟုတ္ပါဘူး။ "
"ဪ. . အစ္ကိုကလည္း မ်က္စိလည္ေအာင္ လုပ္ေနၿပီ။
ကြၽန္ေတာ္ က စည္သူဟိန္းစစ္ ပါဗ်။အစ္ကို က ဘယ္ စည္သူဟိန္းစစ္ ကိုမ်ား ေတြ႔ခ်င္လို႔လဲ"
"ညီေလးက တကယ့္ စည္သူဟိန္းစစ္ အစစ္ပါေနာ္။"
"ဟုတ္ပါတယ္ဗ်ာ"
"ဒီဆိုင္ပိုင္႐ွင္ ဆိုတာလည္း ညီေလး ပဲလား"
"ဟုတ္ကဲ့ပါဗ်"
ေခါင္ထက္ စိတ္ဓာတ္ေတြ အလုံးလိုက္က်ဆင္းသြားပါသည္။ေနရာမွာတင္ ပုံလဲက်ခ်င္သြားေအာင္ စိတ္ဓာတ္ေတြက်သြားသည္။မ်က္လုံးေထာင့္မွာ ျမင္ခဲ့ရတဲ့ အရိပ္ေလးတစ္ခုကို ဟိန္းစစ္ အမွတ္နဲ႔ အရမ္း ေမ်ွာ္လင့္ခဲ့ရတာပါ။အခုေတာ့ ေခါင္ထက္မသိတဲ့ သူစိမ္း တစ္ေယာက္က စည္သူဟိန္းစစ္ တဲ့။ဒါဆို သူ ျမင္ခဲ့တဲ့ အရိပ္က ပုံရိပ္ေယာင္ ျဖစ္ျပန္ၿပီေပါ့ေလ။
"အစ္ကို ႐ွာေနတဲ့ သူက ကြၽန္ေတာ္ ဟုတ္ပုံမရဘူး"
"ေဆာရီးပါ ညီေလး။အစ္ကို လူမွားသြားလို႔ပါ။"
"ေလာကမွာ နာမည္တူမ႐ွားလူတူမ႐ွားေတြ အမ်ားႀကီးပဲေလ။အစ္ကို ႐ွာေနသူက ကြၽန္ေတာ္ မဟုတ္တဲ့အတြက္ စိတ္မေကာင္းပါဘူး"
ေခါင္ထက္ စိတ္ဓာတ္ေတြ အမ်ားႀကီး ထိုးက်သည္။ဒီတစ္ႀကိမ္ေတာ့ ဟိန္းစစ္နဲ႔ ဆုံေတြ႔ရၿပီလို႔ အေသအခ်ာ ယုံၾကည္ခဲ့တာ။အခုေတာ့ . .
"ေတာင္းပန္ပါတယ္ ။အစ္ကို႔ကို ခြင့္ျပဳပါဦး"
အင္အားမဲ့စြာ လွည့္ထြက္လိုက္ခ်ိန္မွာေတာ့ က်ဆင္းသြားတဲ့ စိတ္ဓာတ္နဲ႔ ကိုယ့္ဒူးကိုယ္ မခိုင္ခ်င္ေတာ့ဘဲ အနည္းငယ္ယိုင္နဲ႔သြားတဲ့ ခႏၶာကိုယ္ ကို တစ္ေယာက္ေယာက္က လာထိန္းေပးသည္။
"အစ္ကို . . ရရဲ႕လား"
"ရတယ္ ညီေလး ေက်းဇူးတင္ပါတယ္။အစ္ကို လူမွားသြားတာပါ။ေတာင္းပန္ပါတယ္"
ယိုင္နဲ႔နဲ႔ ေျခလွမ္းေတြနဲ႔ အခန္းထဲက ထြက္သြားသူကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္သြားသူက သီဟ သာျဖစ္သည္။ဒါေပမဲ့လည္း သူ ဘာတတ္ႏိုင္မွာလဲ။အရာအားလုံးဟာ ဟိန္းစစ္ အလိုက်ပဲ မဟုတ္လား။
ဟိန္းစစ္ ခိုင္းသမွ်လိုက္လုပ္ေပးဖို႔က အမိန္႔မဟုတ္တဲ့ သီဟ ရဲ႕ တာဝန္ပဲေလ။ဆက္ၿပီး စည္သူဟိန္းစစ္ အျဖစ္ ဟန္ေဆာင္ေပးဖို႔ကလည္း သီဟရဲ႕ ေနာက္ထပ္ တာဝန္ တစ္ခုသာ ျဖစ္ေလသည္။
အခန္းေထာင့္ အကြယ္တစ္ေနရာမွာ ပုန္းေနတဲ့ သူရဲ့ ႐ိွဳက္သံတစ္ခ်က္ခ်င္းစီကို ၾကားလိုက္ရေတာ့ သီဟ လည္း အေတာ္ စိတ္မေကာင္း ျဖစ္သြားသည္။ဟိန္းစစ္ ငိုေနျပန္ၿပီေပါ့။တစ္ေယာက္က စိတ္ဓာတ္ေတြ အလြန္အမင္း က်ဆင္းၿပီး မ်က္စိမ်က္ႏွာပ်က္နဲ႔ အခန္းထဲက ထြက္သြားသည္။တစ္ေယာက္က အခန္းေထာင့္ရဲ႕ အကြယ္တစ္ေနရာမွာ လူမသိသူမသိ ငိုေနသည္။အတိတ္က
ျပႆနာ အေတာ္မ်ားမ်ားကို သိထားသူ သီဟ တစ္ေယာက္ကေတာ့ အရာအားလုံးကို ၾကားခံေျဖ႐ွင္းေပးခ်င္စိတ္ ႐ွိေနတာေတာင္ ဟိန္းစစ္ ရဲ႕ ခြင့္မျပဳေပးမွဳေၾကာင့္ ေရငုံႏွဳတ္ပိတ္ေနရသည္။
အခုလို ဦးေခါင္ထက္ညီေနာင္ ကိို အျပင္မွာ မ်က္စိထင္႐ွားျမင္လိုက္ရခ်ိန္မွာေတာ့ ဟိန္းစစ္ အေပၚထားတဲ့ သူ႔အခ်စ္ကို ပိုၿပီး အံ့ျသမိသည္။သူ႔အသက္အရြယ္ကိုမွ မေထာက္ဘဲ အခုခ်ိန္ထိ ဟိန္းစစ္မွ ဟိန္းစစ္ ျဖစ္ေနၿပီး အသည္းအသန္ လိုက္လံ႐ွာေဖြေနတာကို သိရေတာ့ ပိုၿပီး အံ့ၾသမိရသည္။
ဟိန္းစစ္ ေျပာဖူးတဲ့ စကားတစ္ခြန္းကို သီဟ သြားၿပီး သတိရမိသည္။
"အခ်ိန္တန္ရင္ သူ ငါ့ကို ေမ့သြားမွာပါ" တဲ့ေလ
ဒီစကားဟာ တက္တက္စင္လြဲေနသည္ ဆိုတာ ေစာနက ျဖစ္သြားတဲ့ ဦးေခါင္ထက္ညီေနာင္ ရဲ႕ ပုံစံကို ၾကည့္ျမင္ျခင္းအားျဖင့္ ၅ႏွစ္ ဆိုတဲ့ အခ်ိန္ဟာ ဟိန္းစစ္ ကို ေမ့ဖို႔ လုံေလာက္တဲ့အခ်ိန္တစ္ခု မဟုတ္ဘူး ဆိုတာ
သက္ေသတစ္ခုသာ ျဖစ္သည္ပဲ မဟုတ္လားေလ။
18.4.2020 saturday
5:30 pm
****************
သာယာတဲ့ေန႔ရက္ေလးျဖစ္ပါေစ။
.*********
အပိုင်း ၄၀
Unicode
"မင်းဟာက ဟုတ်ရဲ့လား မင်းစိတ်က ထင်နေတာ ဖြစ်မှာပါ။မင်းအဲ့လိုပဲ စိတ်ထဲထင်ပြီး သား နဲ့ တူတဲ့ ကောင်လေးတွေမြင်တိုင်း ဟိုဆွဲဒီဆွဲ လိုက်လုပ်နေတာ မဟုတ်လား"
ဖြိုးမောင်သင်း ပြောတာလည်း ဟုတ်ပါသည်။သူ့ရဲ့စိတ်ပြင်းပြမှုတွေဟာ တစ်ခါတလေ ဆိုးသထက်ဆိုးလာသည်။
ဟိန်းစစ် ရှိကိုရှိနေသည်။သူ့ပတ်ဝန်းကျင်နားမှာ မပျောက်ကွယ်ဘူး ဆိုတဲ့ စိတ်ကြီးကလည်း ကြီးစိုးနေသည်။ဒါကြောင့်လည်း နိုင်ငံတိုင်း နေရာတိုင်းမှာ မျက်စိဖွင့်နားစွင့် လိုက်ရှာနေဆဲဖြစ်သည်။
"ငါလည်း ငါ့သားကို စိတ်တိုတာပါပဲကွာ။ဒါပေမဲ့ ငါ့အမြင်ပြောရရင် မင်း ငါ့သားကို ရှာတာတွေ ရပ်တန်းက ရပ်သင့်ပြီ မင်းရဲ့ အသက်အရွယ်ကိုလည်း မင်းဘက်က လက်ချိုးရေကြည့်ဦး။အသက်က တစ်ဖက်လှမ်းနေပြီ။ငါ့သားကို စောင့်နေမယ့်အစား စပယ်နဲ့ပဲ လက်ထပ်လိုက်ပါတော့ကွာ။မင်းမိဘတွေကိုလည်း သနားဦး ဟေ့ကောင်"
"ငါမှ ညီငယ့်ကို မေ့မရဘဲ ဖြိုးမောင်သင်း ။အဲ့ဒီ့စိတ်နဲ့ အခြားသူကို ဘယ်လိုလက်ထပ်ပြီးနေရမလဲ။မင်း ငါ့ဘက်ကိုလည်း ငဲ့ပြီးပြောပါဦးကွာ"
"ငါက မင်းကို သူငယ်ချင်း အရင်းကြီးမို့လို့ မင်းကို ငဲ့ပြီး ပြောနေတာ ခေါင်ထက်။ဟိန်းစစ် က ငါ့သားပါ။မိဘကိုတောင် မငဲ့ဘဲ လုပ်ချင်တာလုပ်သွားတာကို ငါကကော စိတ်ကျေနပ်မယ် မင်းထင်သလား။ငါ့ကို လှည့်မကြည့်ရင်တောင် သူ့ဘဝနဲ့ရင်းပြီး ချစ်တဲ့အမေကိုတော့ ဥပေက္ခာ မပြုထားခဲ့သင့်ဘူးလေ။"
ဖြိုးမောင်သင်း ပြောတာမှန်သည်။ရောဂါသည်အမေကိုတောင် မငဲ့ဘဲ ထားသွားရက်သူကို မုန်းဖို့ကြိုးစားသင့်သည်။မုန်းခွင့်မပေးတဲ့ နှလုံးသားကိုလည်း ဒေါသဖြစ်မိသည်။်
"မင်း ငါ ပြောသလိုသာ လုပ်စမ်းပါ။"
"ငါ့ကို ဖိအားမပေးပါနဲ့။ငါ ညီငယ့် ကို စောင့်လို့ ရချိန်ထိ စောင့်ချင်သေးတယ်။အဲ့ဒီ့ ဂျပန်ဆိုင်ကိုလည်း ငါနေ့တိုင်းသွားကြည့်မယ်။ငါတို့ ရေစက် မကုန်သေးရင်တော့ တစ်နေ့ ပြန်ဆုံကြဦးမှာပါ။"
"ပြောမရလည်း သဘောကွာ။အခုတော့ မုန့်သွားစားရအောင်။လာ. . အောက်ထပ်ဆင်းမယ်။"
"မင်းသွားနှင့်"
"အဲ့တာဆိုလည်း ဒီအခန်းထဲမှာ အကြာကြီးမနေနဲ့။ပြီးရင် လိုက်ခဲ့နော်"
"အေးပါ"
ခေါင်ထက် တစ်ယောက် ဟိန်းစစ် ကို သတိရတိုင်း ဟိန်းစစ် နေခဲ့တဲ့ အခန်းကို လာလည်ဖြစ်သည်။ဖြိုးမောင်သင်းကလည်း ခွင့်ပြုပေးသည်။ဟိန်းစစ်ရဲ့ အငွေ့အသက် ရှိနေတဲ့ အခန်းထဲက သူအိပ်ခဲ့တဲ့ ကုတင်ပေါ်မှာ သူခြုံခဲ့တဲ့ စောင်ကို ခြုံရင်း လွမ်းဆွတ်မှုတွေကြောင့် မျက်ရည်ကျခဲ့ရတာလဲ အခါခါ။
ဟိန်းစစ် ဘာ့ကြောင့် ထားသွားရလဲ ဆိုတဲ့ အဖြေကို စဉ်းစားတိုင်းလည်း ရလဒ်ထွက်မလာခဲ့ပါ။ဟိန်းစစ် ထွက်သွားပြီးကတည်းက ဖြတ်သန်းရတဲ့ နေ့ရက်တိုင်းဟာ အဓိပ္ပါယ် မဲ့ နေသည်ဟု ခံစားရသည်။
**********
"ညီလေး မေးစရာရှိလို့"
"ဟုတ်ကဲ့ "
ထုံးစံအတိုင်း ခေါင်ထက်တစ်ယောက် ဟိန်းစစ် လို့ ထင်သူကို တွေ့ခဲ့တဲ့ ဂျပန်အစားအစာ ရောင်းတဲ့ဆိုင်ကို ရောက်လာပြန်သည်။အစားစားတာက နည်းနည်း စပ်စုတာက များများ လာလုပ်သည်။
အစားအစာ လာချတဲ့ စားပွဲထိုး ကောင်လေးကို သိချင်စိတ်နဲ့ မေးလိုက်ရသည်။အကြမ်းနည်းနဲ့တော့ မရဘဲ သိချင်တာကို ချော့မော့မေးမှ ရပေလိမ့်မည်။စားပွဲထိုး ကောင်းလေးတွေကလည်း သူ နေ့တိုင်း လာနေလို့ မှတ်မိနေပုံရသည်။လာတိုင်းလည်း စားပွဲထိုး ကောင်လေးတွေကို ဟိန်းစစ် အကြောင်း မေးလွန်းလို့ သူတို့လည်း အမြင်ကတ်နေပုံရသည်။မသိဘူး ပြောတဲ့သူက များတော့ ရက်ကြာလာတော့ စိတ်ပျက်မိသည်။သူတို့ပုံစံက မသိဘူး ဆိုတာ တစ်ခုခုကို ဖုန်းကွယ်ထားသလို ခံစားရသည်။ ဒီတစ်ခါမှ မမေးဘူးတဲ့ စားပွဲထိုးကောင်လေးကို မေးကြည့်လိုက်သည်။သိပ်မမြင်ဖူးဘူး။အသစ်လားတော့မသိ။
"ညီလေး . . ညီလေး. . .ခဏ"
"ဟုတ်ကဲ့ . . ဘာထပ်မှာဦးမလဲခင်ဗျ"
"မမှာပါဘူး။မေးစရာလေး ရှိလို့ပါ"
"ဟုတ်ကဲ့ မေးပါဗျ"
"ဒီဆိုင်မှာ စည်သူဟိန်းစစ် ဆိုတဲ့ တစ်ယောက် အလုပ်လုပ်လား"
"ဗျာ. . ဆရာ့ ကို ပြောတာလား"
"ဆရာ ဟုတ်လား။ဆရာ ဆိုတာ ဘယ်သူလဲ"
"ကျွန်တော်တို့ ဆရာလေ။ဒီဆိုင် ပိုင်ရှင်ပေါ့"
"ဆိုင်ပိုင်ရှင်။ဆိုင်ပိုင်ရှင်နာမည်က ဘယ်သူလဲ "
"ကိုစည်သူဟိန်းစစ် လေဗျ။ဂျပန်အစားအစာ ရောင်းပေမယ့် ပိုင်ရှင်က မြန်မာလူမျိုး ပါပဲ"
ခေါင်ထက် ဝမ်းသာလုံးတောင်ဆို့အောင် ဝမ်းသာသွားသည်။စားပွဲထိုးကောင်လေးရဲ့ စကားဟာ ခေါင်ထက် ကို သိန်းဆုကြီး ပေါက်သလိုပါပဲ။အရင်က ဘယ်သူ့မေးမေး မသိဘူးပဲ ပြောနေပြီး အခုတော့ ဒီညီလေးက သိတယ် ဆိုတော့ ပျော်လိုက်ခြင်း ဆိုတာ ထိုင်ရာကနေ ထမိရက်သား ဖြစ်သွားပြီး စားပွဲထိုးလေး လက်မောင်းကို ဆွဲကိုင်မိရက်သားဖြစ်သွားသည်။
ညှစ်လိုက်တဲ့အရှိန်နဲ့ နာသွားလို့ ထင်ပါရဲ့။ ရှုံမဲ့သွားတဲ့ စားပွဲထိုးလေး မျက်နှာကြောင့် လက်ကို ပြန်လွှတ်လိုက်ရသည်။
"ညီလေး.. အစ်ကို့ကို ညီလေး ဆရာနဲ့ ပေးတွေ့လို့ရမလား"
"ဗျာ. .အဲ့ဒါကတော့ သူဌေး ကို မေးကြည့်ရဦးမယ်ဗျ။သူ့ခွင့်ပြုချက်မရဘဲ ကျွန်တော် ဆရာ့ဆီ ခေါ်သွားမပေးရဲဘူး"
"အခု သူ ဒီဆိုင်ထဲမှာ ရှိနေတာလား။"
"ဟုတ်ကဲ့ ရှိတယ်ဗျ။ဒါနဲ့ အစ်ကိုကြီးက ဆရာနဲ့ ဘယ်လိုသိတာလဲ။ဘာ့ကြောင့် တွေ့ချင်တာလဲဗျ"
စားပွဲထိုးကောင်လေး ရဲ့ အမေးစကားကို ဖြေဖို့်အတော်ခက်နေပါသည်။ချစ်သူ၅နှစ်တာ ပျောက်ဆုံးသွားတဲ့ ချစ်သူ လို့ ပြောပြဖို့ အင်အားမျိုး သူ့မှာ မရှိဘဲလေ။
"ဟို . . အရင်တုန်းက အသိတွေပါ။မတွေ့တာကြာလို့ တွေ့ချင်လို့ပါ ညီလေး"
"ဪ. . ဟုတ်ကဲ့ ဒါဆိုရင်လည်း
ခဏလေးစောင့်နော်။သွားမေးကြည့်လိုက်ဦးမယ်ဗျ"
ခေါင်ထက် ပါးစပ်ပြန်မစိနိုင်အောင် ပျော်မိသည်။
သူ တကယ် ချစ်သူကို ပြန်တွေ့ရတော့မှာပေါ့။မျှော်လင့်စောင့်စားနေရတဲ့အချိန်တွေ၊ တမ်းတနေရတဲ့အချိန်တွေ ကုန်ဆုံးရတော့မှာပေါ့။
၅နှစ်အတွင်း မမြင်ရတဲ့ ချစ်သူဟာ အနီးကပ် မြင်ရရင် အခုဆို ဘယ်လိုပုံစံ ဖြစ်နေမလဲ။အနည်းငယ် ရင့်ကျက်လာမလား။ပိုပြီး ချစ်စရာကောင်းလာမလား။အရင်ကထက် အဆပေါင်းများစွာ ပိုပြီး မာနကြီးသူ ဖြစ်နေမလား။ခေါင်ထက် ကို မြင်ရင် နွေးနွေးထွေးထွေး ဆက်ဆံပါ့မလား။စိမ်းကားတဲ့အကြည့်တွေနဲ့ ခေါင်ထက် နှလုံးသား နာကျင်စေမယ့် စကားလုံး တွေ သုံးပြီး ကတ်ကတ်လန် ရန်တွေ့ဦးမလား။ဟိန်းစစ် က ဒီဆိုင် ပိုင်ရှင် ဖြစ်နေတော့ အရင်ကထက် ပိုပြီး မာနကြီး နေမလား။အတွေးပေါင်းစုံနဲ့ စောင့်စားနေချိန်
စားပွဲထိုးလေး သွားပြောတာ ကြာလိုက်နေသည်လို့ ခံစားနေရသည်။အနားပြန်ရောက်လာဖို့ အချိန်အကြာကြီးစောင့်ရသည်။ ဖင်တကြွကြွ လည်တမော့မော့နဲ့ပါ။စောင့်စားနေတုန်း စားပွဲထိုးကောင်လေး သူ့နားပြန်ရောက်လာသည်။
"ဆရာ က တွေ့လို့ ရတယ် ပြောတယ်။ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
စားပွဲထိုးကောင်လေး ဦးဆောင်ရာနောက်ကို လိုက်သွားလိုက်သည်။စားသုံးသူ စားပွဲတွေရဲ့ အကျော် ငွေရှင်းကောင်တာအဆုံးမှာတော့ မီးဖိုချောင်နဲ့ကပ်လျက်မှာ သေးငယ်သင့်တင့်တဲ့အခန်းလေးရှိနေသည်။
"ဆရာ. . ဝင်ခွင့်ပြုပါ"
စားပွဲထိုးကောင်လေး ရဲ့ တံခါးခေါက်သံဟာ ခေါင်ထက်ရဲ့ ရင်ကိုရိုက်ခတ်လိုက်သလိုပါပဲ။ဒီတံခါးချပ်ပွင့်သွားပြီးတဲ့ တစ်ဖက်မှာ ချစ်သူရှိနေသည် ဆိုတဲ့အသိဟာ ရင်ခုန်သံကို ထိန်းမရစေဘူး။အထဲက ဝင်ခဲ့ဆိုတဲ့ ခွင့်ပြုသံကိုတောင် မကြားရတော့ဘဲ တံခါးဖွင့်တာကိုပဲ အာရုံစိုက်နေမိသည်။
အခန်းထဲ ဝင်လိုက်သည့်တိုင် အခန်းထဲမျက်လုံး ဝေ့ကြည့်လိုက်ချိန် ဟိန်းစစ် နဲ့တူတဲ့သူဆိုတာ တစ်ယောက်မှ မတွေ့ရဘဲ အလုပ်စားပွဲပေါ်မှာ ထိုင်နေတဲ့ ကောင်လေး တစ်ယောက်ကိုသာ တွေ့ရသည်။ခေါင်ထက် ကို မြင်တော့ သူပြုံးပြသည်။အရွယ်ကတော့ ဟိန်းစစ် အရွယ်လောက်ပါပဲ။အသားခပ်လတ်လတ် ခန္ဓာကိုယ်
ခပ်ပြည့်ပြည့် ကောင်လေး ဖြစ်သည်။
"ထိုင်ပါခင်ဗျ။ကျွန်တော့်ကို တွေ့ချင်တယ် ဆိုလို့ ဘာကိစ္စလဲဗျ"
"အစ်ကို တွေ့ချင်တာ စည်သူဟိန်းစစ် ကိုပါ။ညီလေး ကို မဟုတ်ပါဘူး။ "
"ဪ. . အစ်ကိုကလည်း မျက်စိလည်အောင် လုပ်နေပြီ။
ကျွန်တော် က စည်သူဟိန်းစစ် ပါဗျ။အစ်ကို က ဘယ် စည်သူဟိန်းစစ် ကိုများ တွေ့ချင်လို့လဲ"
"ညီလေးက တကယ့် စည်သူဟိန်းစစ် အစစ်ပါနော်။"
"ဟုတ်ပါတယ်ဗျာ"
"ဒီဆိုင်ပိုင်ရှင် ဆိုတာလည်း ညီလေး ပဲလား"
"ဟုတ်ကဲ့ပါဗျ"
ခေါင်ထက် စိတ်ဓာတ်တွေ အလုံးလိုက်ကျဆင်းသွားပါသည်။နေရာမှာတင် ပုံလဲကျချင်သွားအောင် စိတ်ဓာတ်တွေကျသွားသည်။မျက်လုံးထောင့်မှာ မြင်ခဲ့ရတဲ့ အရိပ်လေးတစ်ခုကို ဟိန်းစစ် အမှတ်နဲ့ အရမ်း မျှော်လင့်ခဲ့ရတာပါ။အခုတော့ ခေါင်ထက်မသိတဲ့ သူစိမ်း တစ်ယောက်က စည်သူဟိန်းစစ် တဲ့။ဒါဆို သူ မြင်ခဲ့တဲ့ အရိပ်က ပုံရိပ်ယောင် ဖြစ်ပြန်ပြီပေါ့လေ။
"အစ်ကို ရှာနေတဲ့ သူက ကျွန်တော် ဟုတ်ပုံမရဘူး"
"ဆောရီးပါ ညီလေး။အစ်ကို လူမှားသွားလို့ပါ။"
"လောကမှာ နာမည်တူမရှားလူတူမရှားတွေ အများကြီးပဲလေ။အစ်ကို ရှာနေသူက ကျွန်တော် မဟုတ်တဲ့အတွက် စိတ်မကောင်းပါဘူး"
ခေါင်ထက် စိတ်ဓာတ်တွေ အများကြီး ထိုးကျသည်။ဒီတစ်ကြိမ်တော့ ဟိန်းစစ်နဲ့ ဆုံတွေ့ရပြီလို့ အသေအချာ ယုံကြည်ခဲ့တာ။အခုတော့ . .
"တောင်းပန်ပါတယ် ။အစ်ကို့ကို ခွင့်ပြုပါဦး"
အင်အားမဲ့စွာ လှည့်ထွက်လိုက်ချိန်မှာတော့ ကျဆင်းသွားတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ဒူးကိုယ် မခိုင်ချင်တော့ဘဲ အနည်းငယ်ယိုင်နဲ့သွားတဲ့ ခန္ဓာကိုယ် ကို တစ်ယောက်ယောက်က လာထိန်းပေးသည်။
"အစ်ကို . . ရရဲ့လား"
"ရတယ် ညီလေး ကျေးဇူးတင်ပါတယ်။အစ်ကို လူမှားသွားတာပါ။တောင်းပန်ပါတယ်"
ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ အခန်းထဲက ထွက်သွားသူကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားသူက သီဟ သာဖြစ်သည်။ဒါပေမဲ့လည်း သူ ဘာတတ်နိုင်မှာလဲ။အရာအားလုံးဟာ ဟိန်းစစ် အလိုကျပဲ မဟုတ်လား။
ဟိန်းစစ် ခိုင်းသမျှလိုက်လုပ်ပေးဖို့က အမိန့်မဟုတ်တဲ့ သီဟ ရဲ့ တာဝန်ပဲလေ။ဆက်ပြီး စည်သူဟိန်းစစ် အဖြစ် ဟန်ဆောင်ပေးဖို့ကလည်း သီဟရဲ့ နောက်ထပ် တာဝန် တစ်ခုသာ ဖြစ်လေသည်။
အခန်းထောင့် အကွယ်တစ်နေရာမှာ ပုန်းနေတဲ့ သူရဲ့ ရှိုက်သံတစ်ချက်ချင်းစီကို ကြားလိုက်ရတော့ သီဟ လည်း အတော် စိတ်မကောင်း ဖြစ်သွားသည်။ဟိန်းစစ် ငိုနေပြန်ပြီပေါ့။တစ်ယောက်က စိတ်ဓာတ်တွေ အလွန်အမင်း ကျဆင်းပြီး မျက်စိမျက်နှာပျက်နဲ့ အခန်းထဲက ထွက်သွားသည်။တစ်ယောက်က အခန်းထောင့်ရဲ့ အကွယ်တစ်နေရာမှာ လူမသိသူမသိ ငိုနေသည်။အတိတ်က
ပြဿနာ အတော်များများကို သိထားသူ သီဟ တစ်ယောက်ကတော့ အရာအားလုံးကို ကြားခံဖြေရှင်းပေးချင်စိတ် ရှိနေတာတောင် ဟိန်းစစ် ရဲ့ ခွင့်မပြုပေးမှုကြောင့် ရေငုံနှုတ်ပိတ်နေရသည်။
အခုလို ဦးခေါင်ထက်ညီနောင် ကို အပြင်မှာ မျက်စိထင်ရှားမြင်လိုက်ရချိန်မှာတော့ ဟိန်းစစ် အပေါ်ထားတဲ့ သူ့အချစ်ကို ပိုပြီး အံ့သြမိသည်။သူ့အသက်အရွယ်ကိုမှ မထောက်ဘဲ အခုချိန်ထိ ဟိန်းစစ်မှ ဟိန်းစစ် ဖြစ်နေပြီး အသည်းအသန် လိုက်လံရှာဖွေနေတာကို သိရတော့ ပိုပြီး အံ့သြမိရသည်။
ဟိန်းစစ် ပြောဖူးတဲ့ စကားတစ်ခွန်းကို သီဟ သွားပြီး သတိရမိသည်။
"အချိန်တန်ရင် သူ ငါ့ကို မေ့သွားမှာပါ" တဲ့လေ
ဒီစကားဟာ တက်တက်စင်လွဲနေသည် ဆိုတာ စောနက ဖြစ်သွားတဲ့ ဦးခေါင်ထက်ညီနောင် ရဲ့ ပုံစံကို ကြည့်မြင်ခြင်းအားဖြင့် ၅နှစ် ဆိုတဲ့ အချိန်ဟာ ဟိန်းစစ် ကို မေ့ဖို့ လုံလောက်တဲ့အချိန်တစ်ခု မဟုတ်ဘူး ဆိုတာ
သက်သေတစ်ခုသာ ဖြစ်သည်ပဲ မဟုတ်လားလေ။
18.4.2020 saturday
5:30 pm
****************
သာယာတဲ့နေ့ရက်လေးဖြစ်ပါစေ။