***Zawgyi***
ထြက္လာၿပီးေနာက္ WeiChu ဟာ တကၠစီတစ္စီးကိုတားလိုက္တယ္ ညစာစားေနတုန္းက သူလည္း အရက္နည္းနည္းေသာက္ထားတာမို႔ ကိုယ္တိုင္ ကားေမာင္းဖို႔အစီအစဥ္မရွိေလဘူး
WeiChu က SuLe အတြက္ တကၠစီကားတံခါးကိုဖြင့္ေပးဖို႔ျပင္ေနစဥ္မွာပဲ SuLe က ကိုယ့္ဘာသာကိုယ္ဖြင့္ကာ တကၠစီထဲဝင္ထိုင္လိုက္တယ္ လုံးဝကို နည္းနည္းေလးမွေတာင္ ရွက္႐ြံမႈကိုမခံစားေနရဘူး
WeiChu က တခစ္ခစ္ရယ္ကာ တကၠစီထဲဝင္လိုက္တယ္ SuLe ရဲ႕ခြၽန္ျမေနတဲ့ေမးဖ်ားေလးကို ျမင္ေတာ့ သူ႕မ်က္ခုံးေတြကို အနည္းငယ္ တြန႔္လိုက္မိတယ္
SuLe က ယာဥ္ေမာင္းကို သူမလိပ္စာေျပာျပၿပီးတာနဲ႕ ေခါင္းကိုလွည့္ကာ WeiChu နဲ႕မ်က္ႏွာခ်င္းဆိုင္လိုက္တယ္
'' ဒီညအတြက္ တကယ္ကိုေက်းဇူးတင္ပါတယ္ ရွင့္ေၾကာင့္သာမဟုတ္ရင္ ကြၽန္မကို သီခ်င္းဆိုဖို႔ဆြဲေခၚသြားတာ ခံရမွာ ''
သူမရဲ႕အနည္းငယ္ရီေဝေနတဲ့ နဖူးျပင္ကို ႏွိပ္ႏွယ္ေနရင္း SuLe တခဏေလာက္ရပ္တန႔္ၿပီးမွ ထပ္ေျပာတယ္'' ရွင့္အကူအညီသာမရွိရင္ ကြၽန္မကိုဝိုင္းပစ္မွတ္ထားေနၾကေတာ့မွာ ''
ZhaungWei အေၾကာင္းစဥ္းစားမိေတာ့ သူမမ်က္ခုံးေတြ ထပ္မံတြန႔္သြားတယ္
" မင္း ကိုယ့္ကိုတကယ္ေက်းဇူးတင္ရင္ ထမင္းတစ္ႏွပ္ေလာက္လိုက္ဝယ္ေကြၽးေလ ''
WeiChu ၿပဳံးကာ သူ႕ဖုန္းကိုထုတ္လိုက္တယ္ '' မင္းဖုန္းနံပါတ္က ဘာလဲ''
SuLe အမူအရာေတာင့္တင္းသြားၿပီးမွ သူမဖုန္းကိုထုတ္ရင္း ေျခာက္ကပ္စြာရယ္လိုက္တယ္ ''134xxxxxxx ပါ''
ဒီWeiChu က သူမ ဒီအတိုင္း ယဥ္ေက်းျပေနတာကို နားမလည္ဘူးလား သူမက သူ႕ကိုေက်းဇူးတင္ခ်င္႐ုံသက္သက္ပဲကို သူက ထမင္းေကြၽးေစခ်င္တယ္ အခု အရင္းရွင္ႀကီးက ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ေခါင္းပုံျဖတ္ဖို႔အခြင့္အေရးကို လက္လြတ္မခံဘူးပဲ
သူမ ဖုန်းနံပါတ်ကို ရိုက်ထည့်နေရင်း Wei Chu ကသွားပေါ်သည်အထိပြုံးကာ ပြောလာတယ်
'' မင်း မနက်ဖြန်ည အားလား
အားရင္ မနက္ျဖန္ စားၾကရေအာင္ေလ ''
"အာ ဟုတ္ၿပီေလ ''
SuLe က ဖုန္းကို အိတ္ထဲျပန္ထည့္လိုက္တယ္
သူမ ဘယ္တုန္းကမ်ား သူ႕ကိုထမင္းလိုက္ဝယ္ေကြၽးဖို႔ သေဘာတူလိုက္တာလဲ...
တခဏေလာက္ ေတြးၿပီးေနာက္ သူ႕ေတာင္းဆိုမႈကိုသေဘာတူလိုက္တာကို မမွတ္မိေလဘူး
ဒီWeiChu က ကုမၸဏီတစ္ခုပိုင္တယ္ မဟုတ္ဘူးလား.....?
ဘာလို႔ ႏုံခ်ာလွတဲ့ ထမင္းတစ္ပြဲကိုပဲ အသည္းအသန္ စားခ်င္ေနရတာတုန္း.....?
SuLe ဟာ ယာယီအိမ္ကိုေရာက္ရွိၿပီးေနာက္ တကၠစီတံခါးကို ခပ္ျမန္ျမန္ပဲဖြင့္ကာထြက္လိုက္ၿပီး WeiChu ကိုေက်းဇူးတင္လိုက္တယ္ ၿပီးေတာ့ WeiChu က သူ႕ႏႈတ္ခမ္းကိုဟဖို႔ ျပင္ေနစဥ္မွာပဲ SuLeဟာ သူမေနာက္က တံခါးကိုပိတ္ပစ္လိုက္တယ္ ဒီလူက သူမဆီက တစ္ခြက္ေလာက္ေသာက္ဖို႔ အဖိတ္ခံခ်င္ေနရင္ ဘယ္လိုလုပ္မလဲ အဲ့လိုျပႆနာမ်ိဳးမႀကဳံခ်င္ပါဘူး
WeiChu ကေတာ့ ခပ္ေဝးေဝးေရာက္သြားၿပီျဖစ္တဲ့ SuLe ေနာက္ေက်ာျပင္ကိုသာ အကူအညီမဲ့စြာ ၾကည့္ေနခဲ့ရေတာ့တယ္ သူဟာ ယာဥ္ေမာင္းကို သူ႕အိမ္လိပ္စာမေပးခင္ SuLe ဖုန္းနံပါတ္မွတ္ထားတ့ဲ ဖုန္းကိုထုတ္လိုက္တယ္
" လူငယ္ေလး မင္း အဲ့မိန္းကေလးကို ဆြဲေဆာင္ေနတာလား ''
ယာဥ္ေမာင္းမွာ ေနာက္ၾကည့္မွန္မွတစ္ဆင့္ သပ္ရပ္စြာဝတ္ဆင္ထားတဲ့ WeiChu ကို ၾကည့္လိုက္ကာ အေတြ႕အႀကဳံရင့္သန္ေနတဲ့သူကဲ့သို႔ ေျပာလာတယ္
'' မိန္းကေလးတစ္ေယာက္ကို ဆြဲေဆာင္ေနရင္ မင္း အရည္ထူမွရမယ္
မဟုတ္ရင္ မင္းဘယ္ေလာက္ပဲေခ်ာေမာေနပါေစ အရည္ထူတဲ့လူနဲ႕ ယွဥ္လို႔မရနိုင္ဘူး ''
WeiChu ၿပဳံးကာ မ်က္လုံးေတြက ႐ႊန္းဆိုသြားတယ္ ဘယ္မိန္းမမဆို အခု သူ႕ပုံစံကိုသာျမင္လိုက္ရင္ ေႂကြက်သြားၾကမွာ အေသအခ်ာပဲ
ယာဥ္ေမာင္းဟာ တက္ႂကြစြာနဲ႕ ခရီးစဥ္အေတာအတြင္းမွာ WeiChu ကို ေယာက္်ားတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကို ဆြဲေဆာင္ဖို႔ နည္းလမ္းအျဖာျဖာကို ရွင္းျပေနခဲ့တယ္
တကၠစီဟာ သူ႕အိမ္ေရွ႕ကိုေရာက္လို႔ သူ ကားေပၚကဆင္းၿပီးသည္ထိေတာင္မွ ယာဥ္ေမာင္းဟာဆက္ေျပာေနဆဲပဲ
" လူငယ္ေလး မိန္းကေလးတစ္ေယာက္ကိုဆြဲေဆာင္ဖို႔ အေရးအႀကီးဆုံးက အေရထူဖို႔ပဲ.
အဲ့တာကို မေမ့လိုက္နဲ႕ေနာ္ ''
တု႔ံျပန္တဲ့အေနနဲ႕ WeiChu က ဆက္ၿပဳံးျပေနတယ္ တကၠစီ ျမင္ကြင္းကေပ်ာက္ကြယ္သြားသည္ထိေအာင္ သူၿပဳံးေနဆဲပဲ ထိုအခ်ိန္မွာပဲ ဖုန္းျမည္လာတယ္ ဖုန္းေခၚသူအမည္ကို တစ္ခ်က္ၾကည့္လိုက္တယ္
"Yu Dong... ZhaungWei နဲ႕ SuLe ၾကား ဘာေတြျဖစ္ခဲ့တာလဲ ''
ခဏကြာတော့ WeiChu က သူ့မျက်ဝန်းတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်တယ်
" ဟုတ္ၿပီ ငါနားလည္ၿပီ ''
သူ ပထမတစ္ခါ အခြင့္အေရးကို လက္လႊတ္ခဲ့ရလို႔ ေနာင္တရခဲ့တယ္.......
ဒုတိယအႀကိမ္ေတာ့ သူလက္လႊတ္မခံေတာ့ဘူး....
သူ႕ contact ထဲက SuLe ဆိုတဲ့နာမည္ကို ၾကည့္ကာ WeiChu ၿပဳံးလိုက္တယ္ SuLe...SuLe... မင္းကိုခ်စ္မိသြားတဲ့လူေတြက အလိုလိုရႈံးၿပီးသားပဲ မဟုတ္လား....
ChenYue အိမ္ျပန္ေရာက္လာေတာ့ ေနာက္ျပေနၿပီျဖစ္တယ္ ရီေဝေဝနဲ႕ပဲ ZhaungWei နဲ႕ပတ္သတ္ၿပီး တစ္ခုခုကို ChenYue ေျပာတာ SuLe ၾကားလိုက္ရတယ္ SuLe တကယ္ကို ဂ႐ုမစိုက္ခဲ့ဘူး သူမ တစ္ဖက္ကိုလွည့္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေတာ့တယ္
"နင္က ဉာဏ္ေကာင္းတာလား မိုက္မဲလြန္းတာလား ငါတကယ္ကို မသိေတာ့ဘူး '' ေခါင္းဦးကိုပိုက္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတဲ့ SuLe ကို ChenYue ၾကည့္လိုက္ကာ သက္ျပင္းခ်လိဳက္ၿပီး အိပ္ဖို႔ အိပ္ရာေပၚကိုတက္လိုက္တယ္
ေနာက္တစ္ေန႕မွာေတာ့ SuLe မနက္ ၁၀နာရီမွထခဲ့တယ္...ျဖည္းျဖည္းခ်င္း သူမရဲ႕ မနက္ခင္းပုံမွန္လုပ္ရိုးလုပ္စဥ္ေတြကို လုပ္ေဆာင္ၿပီးေနာက္ ၁၁နာရီထိုးသြားခဲ့ၿပီ SuLe အဝတ္လဲၿပီးေနာက္ ဖုန္းျမည္လာတယ္ အမည္မသိဖုန္းနံပါတ္ပဲ....
"ဟယ္လို '' SuLe ဟာေပါင္မုန႔္တစ္ခ်ပ္ကို ပါးစပ္မွာကိုက္ကာ ကြန္ပ်ဴတာဖြင့္ဖို႔ စားပြဲဆီသြားလိုက္တယ္..
"ေန႕လည္စာ စားၿပီးၿပီလား '' ဖုန္းထဲကအသံဟာ ေပ်ာ္႐ႊင္ေနပုံရသည္...SuLe စိတ္ဟာ တခဏေတာ့ ဗလာျဖစ္သြားတယ္ အသံက ရင္းႏွီးေနတယ္...SuLe မ်က္ေတာင္ပုတ္ခတ္ ပုတ္ခတ္လုပ္လိုက္ၿပီး ဒါဟာ WeiChu ဖုန္းနံပါတ္ျဖစ္ရမယ္လို႔ သတိရမိသြားတယ္....မေန႕ညက သူ႕ဖုန္းနံပါတ္ကို contact ထဲထည့္ဖို႔ သူမေမ့သြားခဲ့တယ္
"မစားရေသးပါဘူး စီနီယာ Wei
ကြၽန္မကို ဖုန္းေခၚတာ တစ္ခုခုေျပာစရာရွိလို႔လား '' SuLe ေပါင္မုန႔္ကို တစ္ကိုက္ ကိုက္ကာ ၿမိဳခ်လိဳက္တယ္ လည္ေခ်ာင္းကေျခာက္ကပ္ကပ္ ျဖစ္ေနတာေၾကာင့္ ေရခဲေသတၱာဆီ လမ္းေလွ်ာက္သြားလိုက္တယ္...
ကားထဲမွာထိုင္ေနရင္း WeiChu ဟာ တစ္ဖက္ဖုန္းလိုင္းဆီမွ လႈပ္ရွားသံတစ္ခ်ိဳ႕ၾကားလိုက္ရေတာ့ ၿပဳံးကာ
'' ကိုယ္အခု ေအာက္ထပ္မွာ ေရာက္ေနတယ္
ေန႕လည္စာ တူတူစားၾကရေအာင္ေလ
ကိုယ္ဝယ္ေကြၽးပါ့မယ္''
သူ ေျပာၿပီးတာနဲ႕ ဖုန္းကိုျမန္ျမန္ပဲခ်ပစ္လိုက္တယ္
SuLe ဟာ ဖုန္းေခၚဆိုမႈ ၿပီးဆုံးသြားေၾကာင္း ျပေနတဲ့ ဖုန္းမ်က္ႏွာျပင္ကို စိတ္ရႈပ္ေထြးစြာစိတ္ၾကည့္လိုက္ၿပီး ကြန္ပ်ဴတာ မ်က္ႏွာျပင္ကို ေခါင္းလွည့္ၾကည့္ကာ ပ်င္းရိမႈအျပည့္ျဖင့္ ေတာက္ပစြာနဲ႕ ၿပဳံးေလတယ္ က်န္ရွိေနတဲ့ ေပါင္မုန႔္ကို ေအာက္ခ်လိဳက္ၿပီး သူမ အိတ္ကိုဆြဲယူကာ တိုက္ေအာက္သို႔ ခပ္ျမန္ျမန္ေျပးဆင္းလိုက္တယ္ .....
WeiChu ဘာလုပ္ခ်င္ေနတာလဲဆိုတာကို သူမစိတ္မဝင္စားေပမယ့္ ထမင္းတစ္ႏွပ္ေတာ့ အလကား စားခ်င္တယ္....
SuLe ေအာက္ထပ္ေရာက္ေတာ့ Audi ကားေဘးမွာရပ္ေနတဲ့ WeiChu ကို ျမင္လိုက္ရၿပီး အားက်စြာျဖင့္ သူမ ေတြးလိုက္တယ္
သူတို႔ေတြက တူညီတဲ့တကၠသိုလ္ကေန ဘြဲ႕ရခဲ့ၾကေပမယ့္ သူမက Benben Mini ကိုေတာင္မတတ္နိုင္နဲ႕အခ်ိန္မွာ WeiChu ကေတာ့ ေနာက္ဆုံးေပၚ Audi ပိုင္ရွင္ျဖစ္ေနၿပီ.....
သူတို႔ၾကားက ကြာျခားမႈက ဘာလို႔အဲ့ေလာက္ေတာင္ႀကီးေနရတာလဲ......
SuLe ကို ျမင္ေတာ့ WeiChu ၿပဳံးကာ ကားတံခါးကိုဖြင့္ေပးလိုက္တယ္
" အထဲဝင္လိုက္
Nan hua လမ္းထဲမွာ အခုတေလာကမွ ဖြင့္ထားတဲ့ ျပင္သစ္စားေသာက္ဆိုင္အသစ္တစ္ခု ရွိတယ္
ကိုယ္တို႔ အဲ့ကိုသြားၿပီး အစားအေသာက္ေတြ ျမည္းၾကည့္ၾကမလား? "
SuLe ဟာ ခရီးသည္ခုံမွာထိုင္လိုက္ၿပီး လုံၿခဳံေရးခါးပတ္ ပတ္ကာ တုံ႕ဆိုင္းစြာနဲ႕ ေျပာတယ္
"ကြၽန္မတို႔ ျပင္သစ္စာစားမွ ျဖစ္မွာလား ''
ကား စေမာင္းေနရင္း WeiChu အၿပဳံးဟာ လုံးဝရပ္တန႔္မသြားေလပဲ ေျပာလာတယ္
"မင္း ဘာစားခ်င္လို႔လဲ ''
SuLe ရႈံးနိမ့္သြားတယ္
သူမက ဧည့္သည္တစ္ေယာက္အေနနဲ႕ Wei Chu ရဲ႕အႀကံေပးမႈကို လက္ခံလိုက္သင့္လား ဒါမွမဟုတ္
သူမက နိုင္ငံရပ္ျခားက အခ်က္အျပဳတ္ေတြစိတ္မဝင္စားပဲ တ႐ုတ္က အခ်က္အျပဳတ္ေတြကိုသာ ပိုႏွစ္သက္တယ္ဆိုတာ WeiChu ကို ေျပာျပလိုက္သင့္လား
"ျပင္သစ္စာ မႀကိဳက္ဘူးလား''
WeiChu ဟာ စတီယာတိုင်ကို ဆုပ်ကိုင်ထားရင်း
"ဒါဆို မင္း စီခြၽမ္းစာ စားခ်င္လား''
SuLe ေခါင္းညိတ္လိုက္တယ္ သူမက ငယ္ငယ္ထဲက စီခြၽမ္းမွာေနလာတာ တကၠသိုလ္တက္ေတာ့ သူမအလြမ္းဆုံးက စီခြၽမ္းစာေတြပဲ
ကံမေကာင္းခ်င္ေတာ့ သူမ အရမ္းေခ်းမ်ားေနမိမလား မသိေပမယ့္ ဒီေနရာတစ္ဝိုက္က စီခြၽမ္းဟင္းလ်ာေတြက တစ္ခုခုလိုေနတယ္
" ကိုယ္ ခ်က္ေကြၽးမယ္ဆိုရင္ေရာ ဘယ္လိုလဲ
ကိုယ္လုပ္တဲ့ စီခြၽမ္းဟင္းလ်ာေတြက သိပ္မဆိုးပါဘူး ''
သူ စတီယာတိုင္ကို လွည့္လိုက္တယ္
"အရင္ဆုံး ပါဝင္ပစၥည္းေတြဝယ္ဖို႔ စူပါမားကတ္ကို သြားၾကရေအာင္ေလ အဆင္ေျပမလား ''
SuLe မ်က္ခုံးကို ပင့္လိုက္တယ္
'' ရွင္ ဟင္းခ်က္တာက တကယ္ကိုအရသာေကာင္းတယ္ေပါ့ ''
WeiChu ေခါင္းညိတ္လိုက္တယ္
"မေန႕ညက အစားအေသာက္ေတြထက္ ပိုေကာင္းတယ္ ''
သူမရဲ႕စိုးရိမ္မႈအနည္းငယ္ကို ေခ်ဖ်က္ရင္းနဲ႕ SuLe ေမးလိုက္တယ္ '' ရွင့္အိမ္က သီးသန႔္ဆန္လား ''
TN.... WeiChu အိမ္က ေဘးပတ္ဝန္းက်င္နဲ႕ အလွမ္းေဝးၿပီး တစ္သီးတစ္သန႔္ျဖစ္ေနလားလို႔ ေမးတာပါ...
WeiChu ေသေသခ်ာခ်ာစဥ္းစားကာ
"Zijin က ဗီလာေတြက သီးသန႔္ဆန္တယ္လို႔ သတ္မွတ္လို႔မရေလာက္ဘူး ''
SuLe တိတ္ဆိတ္သြားတယ္
သူ႕အိမ္က သီးသန႔္ဆန္တဲ့ေနရာမွာ ရွိမေနဘူး
ခ်က္က်က်ေျပာရရင္ အဲ့ဒီေနရာက ထိပ္တန္းေနရာပဲ
သူက ဗီလာတစ္ခုမွာေန ေနခ်ိန္ သူမက တိုက္ခန္းတစ္ခုေတာင္ မပိုင္ေလဘူး
"ဒါဆို ေတာ္ေသးတာေပါ့ ''
"ဘာကို ေတာ္ေသးတာလဲ '' WeiChu ကေပါ့ပါးစြာ ရယ္လိုက္တယ္ သူ႕အသံက cello သံလို တိုးလ်ကာ ၾသရွေနတယ္ သိသာမေနေပမယ့္လည္း စကားနဲ႕ေဖာ္ျပလို႔မရတဲ့ သဲလြန္စတစ္ခ်ိဳ႕ ပါဝင္ေနေလတယ္
"ရွင္ ကြၽန္မကိုတစ္ခုခုလုပ္ဖို႔ မႀကံစည္ထားလို႔ စိတ္ေအးသြားတာေလ '' SuLe သူမဖုန္းကိုထုတ္လိုက္ကာ ChenYue ဆီ စာတစ္ေစာင္ပို႔လိုက္တယ္ ၿပီးေတာ့ သူမ ေကာင္းေကာင္းၿပဳံးကာ ေျပာလာတယ္ '' ရွင့္ဆီမွာ ခႏၶာကိုယ္ေတြကို ခြဲျခမ္းစိတ္ျဖာတာမ်ိဳးလို တစ္ျခား ဆန္းၾကယ္တဲ့ဝါသနာေတြရွိရင္ ဘယ္လိုလုပ္မလဲ ''
WeiChu ခင္မ်ာ ေျပာစရာစကားမရွိေတာ့ေပ
ဒီကေလးမရဲ႕အေတြးေတြက ပိုပိုၿပီး အဓိပၸါယ္မဲ့လာတယ္...
ဒါက ဝတၳဳေရးလို႔ျဖစ္လာတဲ့ ေဘးထြက္ဆိုးက်ိဳးပဲလား......?
စူပါမားကတ္တြင္ ကားပါကင္ထိုးဖို႔ေနရာလြတ္ရွာေတြ႕သြားၿပီးေနာက္ ႏွစ္ေယာက္သား ပါဝင္ပစၥည္းေတြဝယ္ယူဖို႔အတြက္ လက္တြန္းလွည္းေလးအား အသီးအ႐ြက္ႏွင့္ အသား ရွိရာေနရာဘက္သို႔ တြန္းသြားလိုက္တယ္
"နံရိုးကင္ စားခ်င္လား '' WeiChu ေမးလိုက္ေတာ့ SuLe သြားရည္က်ကာ ေခါင္းညိတ္လိုက္တယ္
စႏၵယားပညာရွင္တစ္ေယာက္ရဲ႕လက္ေတြလို သြယ္လ်ေနတဲ့သူ႕လက္ေတြက အဆီနည္းတဲ့ နံရိုးေတြကို ေ႐ြးခ်ယ္ေနေလတယ္
"ဝက္သားလႊာျပဳတ္ဆိုရင္ေရာ ''
ထပ္မံ ေခါင္းညိတ္ျပန္တယ္
" မွိုနဲ႕ ဝက္ေပါင္ေျခာက္ စြပ္ျပဳတ္ ႀကိဳက္လား ''
SuLe ဟာ WeiChu တြန္းလွည္းကို တြန္းၿပီး ပါဝင္ပစၥည္းေတြ ဂ႐ုတစိုက္ေ႐ြးခ်ယ္ေနတာကို ၾကည့္ေနရင္း ေနာင္တရမိသြားတယ္....
WeiChu သာ ဒီေလာက္ခ်မ္းသာၿပီး ခန႔္ညားမေနရင္ ဒီလူကိုဖမ္းထားနိုင္ဖို႔ သူမနည္းမ်ိဳးစုံသုံးမိမွာအေသအခ်ာပဲ....
ရိုးရိုးသားသားေျပာရရင္ မိန္းမတစ္ေယာက္ရဲ႕ႏွလုံးသားကို အပိုင္ယူဖို႔ သူမအစာအိမ္ကတစ္ဆင့္ ေက်ာ္ျဖတ္ရမယ္တဲ့(အစာအိမ္လမ္းေၾကာင္းမွတစ္ဆင့္ ႏွလုံးသားဆီသို႔)
တြန္းလွည္းထဲက အသားေတြကို SuLe ၾကည့္ရင္း အခုခ်က္ခ်င္း သူမေရွ႕မွာ အရသာရွိတဲ့ဟင္းလ်ာေတြျမင္ေနရေတာ့တယ္......
ေကာင္တာကိုေရာက္ေတယ့ SuLe က အတင္း ေငြရွင္းဖို႔လုပ္ေနေတာ့ WeiChu သူမကို မတားေလဘူး...သူတို႔ကားထဲေရာက္ေတာ့ WeiChu ဟာ ၾကက္ေမာက္သီးတစ္ထုတ္ကို SuLe ဆီ ကမ္းေပးကာ
''ဒါေတြကို အရင္စားႏွင့္လိုက္ မၾကာခင္အိမ္ေရာက္မယ္ ''
SuLe အသီးကို အခြံခြာေနရင္း အနည္းငယ္ ပေဟဠိျဖစ္သြားတယ္ ဘာလို႔ အဲ့ဒီစကားက နည္းနည္းလက္မခံနိုင္စရာျဖစ္တယ္လို႔ သူမခံစားေနရတာလဲ ဒါေပမယ့္ ဘယ္ေနရာကမ်ား လြန္ေနလို႔လဲ
TN.... ခင္ပြန္းက ဇနီးကို ေျပာသလို ေျပာလိုက္လို႔ပါ......3
TBC.......
ဒီအပိုင္းနဲ႔ပတ္သတ္ျပီး ေတြးမိတာကေတာ့
SuLe = ထက္သေလာက္ တုံးတဲ့ အငတ္မ
WeiChu = ပါဖက္ ခင္ပြန္းေလာင္း ....3
***Unicode***
ထွက်လာပြီးနောက် WeiChu ဟာ တက္ကစီတစ်စီးကိုတားလိုက်တယ် ညစာစားနေတုန်းက သူလည်း အရက်နည်းနည်းသောက်ထားတာမို့ ကိုယ်တိုင် ကားမောင်းဖို့အစီအစဉ်မရှိလေဘူး
WeiChu က SuLe အတွက် တက္ကစီကားတံခါးကိုဖွင့်ပေးဖို့ပြင်နေစဉ်မှာပဲ SuLe က ကိုယ့်ဘာသာကိုယ်ဖွင့်ကာ တက္ကစီထဲဝင်ထိုင်လိုက်တယ် လုံးဝကို နည်းနည်းလေးမှတောင် ရှက်ရွံမှုကိုမခံစားနေရဘူး
WeiChu က တခစ်ခစ်ရယ်ကာ တက္ကစီထဲဝင်လိုက်တယ် SuLe ရဲ့ချွန်မြနေတဲ့မေးဖျားလေးကို မြင်တော့ သူ့မျက်ခုံးတွေကို အနည်းငယ် တွန့်လိုက်မိတယ်
SuLe က ယာဉ်မောင်းကို သူမလိပ်စာပြောပြပြီးတာနဲ့ ခေါင်းကိုလှည့်ကာ WeiChu နဲ့မျက်နှာချင်းဆိုင်လိုက်တယ်
'' ဒီညအတွက် တကယ်ကိုကျေးဇူးတင်ပါတယ် ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မကို သီချင်းဆိုဖို့ဆွဲခေါ်သွားတာ ခံရမှာ ''
သူမရဲ့အနည်းငယ်ရီဝေနေတဲ့ နဖူးပြင်ကို နှိပ်နှယ်နေရင်း SuLe တခဏလောက်ရပ်တန့်ပြီးမှ ထပ်ပြောတယ်'' ရှင့်အကူအညီသာမရှိရင် ကျွန်မကိုဝိုင်းပစ်မှတ်ထားနေကြတော့မှာ ''
ZhaungWei အကြောင်းစဉ်းစားမိတော့ သူမမျက်ခုံးတွေ ထပ်မံတွန့်သွားတယ်
" မင်း ကိုယ့်ကိုတကယ်ကျေးဇူးတင်ရင် ထမင်းတစ်နှပ်လောက်လိုက်ဝယ်ကျွေးလေ ''
WeiChu ပြုံးကာ သူ့ဖုန်းကိုထုတ်လိုက်တယ် '' မင်းဖုန်းနံပါတ်က ဘာလဲ''
SuLe အမူအရာတောင့်တင်းသွားပြီးမှ သူမဖုန်းကိုထုတ်ရင်း ခြောက်ကပ်စွာရယ်လိုက်တယ် ''134xxxxxxx ပါ''
ဒီWeiChu က သူမ ဒီအတိုင်း ယဉ်ကျေးပြနေတာကို နားမလည်ဘူးလား သူမက သူ့ကိုကျေးဇူးတင်ချင်ရုံသက်သက်ပဲကို သူက ထမင်းကျွေးစေချင်တယ် အခု အရင်းရှင်ကြီးက ဘယ်အချိန်ပဲဖြစ်ဖြစ် ခေါင်းပုံဖြတ်ဖို့အခွင့်အရေးကို လက်လွတ်မခံဘူးပဲ
သူမ ဖုန်းနံပါတ်ကို ရိုက်ထည့်နေရင်း Wei Chu ကသွားပေါ်သည်အထိပြုံးကာ ပြောလာတယ်
'' မင်း မနက်ဖြန်ည အားလား
အားရင် မနက်ဖြန် စားကြရအောင်လေ ''
"အာ ဟုတ်ပြီလေ ''
SuLe က ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်တယ်
သူမ ဘယ်တုန်းကများ သူ့ကိုထမင်းလိုက်ဝယ်ကျွေးဖို့ သဘောတူလိုက်တာလဲ...
တခဏလောက် တွေးပြီးနောက် သူ့တောင်းဆိုမှုကိုသဘောတူလိုက်တာကို မမှတ်မိလေဘူး
ဒီWeiChu က ကုမ္ပဏီတစ်ခုပိုင်တယ် မဟုတ်ဘူးလား.....?
ဘာလို့ နုံချာလှတဲ့ ထမင်းတစ်ပွဲကိုပဲ အသည်းအသန် စားချင်နေရတာတုန်း.....?
SuLe ဟာ ယာယီအိမ်ကိုရောက်ရှိပြီးနောက် တက္ကစီတံခါးကို ခပ်မြန်မြန်ပဲဖွင့်ကာထွက်လိုက်ပြီး WeiChu ကိုကျေးဇူးတင်လိုက်တယ် ပြီးတော့ WeiChu က သူ့နှုတ်ခမ်းကိုဟဖို့ ပြင်နေစဉ်မှာပဲ SuLeဟာ သူမနောက်က တံခါးကိုပိတ်ပစ်လိုက်တယ် ဒီလူက သူမဆီက တစ်ခွက်လောက်သောက်ဖို့ အဖိတ်ခံချင်နေရင် ဘယ်လိုလုပ်မလဲ အဲ့လိုပြဿနာမျိုးမကြုံချင်ပါဘူး
WeiChu ကတော့ ခပ်ဝေးဝေးရောက်သွားပြီဖြစ်တဲ့ SuLe နောက်ကျောပြင်ကိုသာ အကူအညီမဲ့စွာ ကြည့်နေခဲ့ရတော့တယ် သူဟာ ယာဉ်မောင်းကို သူ့အိမ်လိပ်စာမပြောခင် SuLe ဖုန်းနံပါတ်မှတ်ထားတ့ဲ ဖုန်းကိုထုတ်လိုက်တယ်
" လူငယ်လေး မင်း အဲ့မိန်းကလေးကို ဆွဲဆောင်နေတာလား ''
ယာဉ်မောင်းမှာ နောက်ကြည့်မှန်မှတစ်ဆင့် သပ်ရပ်စွာဝတ်ဆင်ထားတဲ့ WeiChu ကို ကြည့်လိုက်ကာ အတွေ့အကြုံရင့်သန်နေတဲ့သူကဲ့သို့ ပြောလာတယ်
'' မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နေရင် မင်း အရည်ထူမှရမယ်
မဟုတ်ရင် မင်းဘယ်လောက်ပဲချောမောနေပါစေ အရည်ထူတဲ့လူနဲ့ ယှဉ်လို့မရနိုင်ဘူး ''
WeiChu ပြုံးကာ မျက်လုံးတွေက ရွှန်းဆိုသွားတယ် ဘယ်မိန်းမမဆို အခု သူ့ပုံစံကိုသာမြင်လိုက်ရင် ကြွေကျသွားကြမှာ အသေအချာပဲ
ယာဉ်မောင်းဟာ တက်ကြွစွာနဲ့ ခရီးစဉ်အတောအတွင်းမှာ WeiChu ကို ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်ဖို့ နည်းလမ်းအဖြာဖြာကို ရှင်းပြနေခဲ့တယ်
တက္ကစီဟာ သူ့အိမ်ရှေ့ကိုရောက်လို့ သူ ကားပေါ်ကဆင်းပြီးသည်ထိတောင်မှ ယာဉ်မောင်းဟာဆက်ပြောနေဆဲပဲ
" လူငယ်လေး မိန်းကလေးတစ်ယောက်ကိုဆွဲဆောင်ဖို့ အရေးအကြီးဆုံးက အရေထူဖို့ပဲ.
အဲ့တာကို မမေ့လိုက်နဲ့နော် ''
တု့ံပြန်တဲ့အနေနဲ့ WeiChu က ဆက်ပြုံးပြနေတယ် တက္ကစီ မြင်ကွင်းကပျောက်ကွယ်သွားသည်ထိအောင် သူပြုံးနေဆဲပဲ ထိုအချိန်မှာပဲ ဖုန်းမြည်လာတယ် ဖုန်းခေါ်သူအမည်ကို တစ်ချက်ကြည့်လိုက်တယ်
"Yu Dong... ZhaungWei နဲ့ SuLe ကြား ဘာတွေဖြစ်ခဲ့တာလဲ ''
ခဏကြာတော့ WeiChu က သူ့မျက်ဝန်းတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်တယ်
" ဟုတ်ပြီ ငါနားလည်ပြီ ''
သူ ပထမတစ်ခါ အခွင့်အရေးကို လက်လွှတ်ခဲ့ရလို့ နောင်တရခဲ့တယ်.......
ဒုတိယအကြိမ်တော့ သူလက်လွှတ်မခံတော့ဘူး....
သူ့ contact ထဲက SuLe ဆိုတဲ့နာမည်ကို ကြည့်ကာ WeiChu ပြုံးလိုက်တယ် SuLe...SuLe... မင်းကိုချစ်မိသွားတဲ့လူတွေက အလိုလိုရှုံးပြီးသားပဲ မဟုတ်လား....
ChenYue အိမ်ပြန်ရောက်လာတော့ နောက်ပြနေပြီဖြစ်တယ် ရီဝေဝေနဲ့ပဲ ZhaungWei နဲ့ပတ်သတ်ပြီး တစ်ခုခုကို ChenYue ပြောတာ SuLe ကြားလိုက်ရတယ် SuLe တကယ်ကို ဂရုမစိုက်ခဲ့ဘူး သူမ တစ်ဖက်ကိုလှည့်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့တယ်
"နင်က ဉာဏ်ကောင်းတာလား မိုက်မဲလွန်းတာလား ငါတကယ်ကို မသိတော့ဘူး '' ခေါင်းဦးကိုပိုက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ SuLe ကို ChenYue ကြည့်လိုက်ကာ သက်ပြင်းချလိုက်ပြီး အိပ်ဖို့ အိပ်ရာပေါ်ကိုတက်လိုက်တယ်
နောက်တစ်နေ့မှာတော့ SuLe မနက် ၁၀နာရီမှထခဲ့တယ်...ဖြည်းဖြည်းချင်း သူမရဲ့ မနက်ခင်းပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို လုပ်ဆောင်ပြီးနောက် ၁၁နာရီထိုးသွားခဲ့ပြီ SuLe အဝတ်လဲပြီးနောက် ဖုန်းမြည်လာတယ် အမည်မသိဖုန်းနံပါတ်ပဲ....
"ဟယ်လို '' SuLe ဟာပေါင်မုန့်တစ်ချပ်ကို ပါးစပ်မှာကိုက်ကာ ကွန်ပျူတာဖွင့်ဖို့ စားပွဲဆီသွားလိုက်တယ်..
"နေ့လည်စာ စားပြီးပြီလား '' ဖုန်းထဲကအသံဟာ ပျော်ရွှင်နေပုံရသည်...SuLe စိတ်ဟာ တခဏတော့ ဗလာဖြစ်သွားတယ် အသံက ရင်းနှီးနေတယ်...SuLe မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး ဒါဟာ WeiChu ဖုန်းနံပါတ်ဖြစ်ရမယ်လို့ သတိရမိသွားတယ်....မနေ့ညက သူ့ဖုန်းနံပါတ်ကို contact ထဲထည့်ဖို့ သူမမေ့သွားခဲ့တယ်
"မစားရသေးပါဘူး စီနီယာ Wei
ကျွန်မကို ဖုန်းခေါ်တာ တစ်ခုခုပြောစရာရှိလို့လား '' SuLe ပေါင်မုန့်ကို တစ်ကိုက် ကိုက်ကာ မြိုချလိုက်တယ် လည်ချောင်းကခြောက်ကပ်ကပ် ဖြစ်နေတာကြောင့် ရေခဲသေတ္တာဆီ လမ်းလျှောက်သွားလိုက်တယ်...
ကားထဲမှာထိုင်နေရင်း WeiChu ဟာ တစ်ဖက်ဖုန်းလိုင်းဆီမှ လှုပ်ရှားသံတစ်ချို့ကြားလိုက်ရတော့ ပြုံးကာ
'' ကိုယ်အခု အောက်ထပ်မှာ ရောက်နေတယ်
နေ့လည်စာ တူတူစားကြရအောင်လေ
ကိုယ်ဝယ်ကျွေးပါ့မယ်''
သူ ပြောပြီးတာနဲ့ ဖုန်းကိုမြန်မြန်ပဲချပစ်လိုက်တယ်
SuLe ဟာ ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားကြောင်း ပြနေတဲ့ ဖုန်းမျက်နှာပြင်ကို စိတ်ရှုပ်ထွေးစွာစိတ်ကြည့်လိုက်ပြီး ကွန်ပျူတာ မျက်နှာပြင်ကို ခေါင်းလှည့်ကြည့်ကာ ပျင်းရိမှုအပြည့်ဖြင့် တောက်ပစွာနဲ့ ပြုံးလေတယ် ကျန်ရှိနေတဲ့ ပေါင်မုန့်ကို အောက်ချလိုက်ပြီး သူမ အိတ်ကိုဆွဲယူကာ တိုက်အောက်သို့ ခပ်မြန်မြန်ပြေးဆင်းလိုက်တယ် .....
WeiChu ဘာလုပ်ချင်နေတာလဲဆိုတာကို သူမစိတ်မဝင်စားပေမယ့် ထမင်းတစ်နှပ်တော့ အလကား စားချင်တယ်....
SuLe အောက်ထပ်ရောက်တော့ Audi ကားဘေးမှာရပ်နေတဲ့ WeiChu ကို မြင်လိုက်ရပြီး အားကျစွာဖြင့် သူမ တွေးလိုက်တယ်
သူတို့တွေက တူညီတဲ့တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ကြပေမယ့် သူမက Benben Mini ကိုတောင်မတတ်နိုင်နဲ့အချိန်မှာ WeiChu ကတော့ နောက်ဆုံးပေါ် Audi ပိုင်ရှင်ဖြစ်နေပြီ.....
သူတို့ကြားက ကွာခြားမှုက ဘာလို့အဲ့လောက်တောင်ကြီးနေရတာလဲ......
SuLe ကို မြင်တော့ WeiChu ပြုံးကာ ကားတံခါးကိုဖွင့်ပေးလိုက်တယ်
" အထဲဝင်လိုက်
Nan hua လမ်းထဲမှာ အခုတလောကမှ ဖွင့်ထားတဲ့ ပြင်သစ်စားသောက်ဆိုင်အသစ်တစ်ခု ရှိတယ်
ကိုယ်တို့ အဲ့ကိုသွားပြီး အစားအသောက်တွေ မြည်းကြည့်ကြမလား? "
SuLe ဟာ ခရီးသည်ခုံမှာထိုင်လိုက်ပြီး လုံခြုံရေးခါးပတ် ပတ်ကာ တုံ့ဆိုင်းစွာနဲ့ ပြောတယ်
"ကျွန်မတို့ ပြင်သစ်စာစားမှ ဖြစ်မှာလား ''
ကား စမောင်းနေရင်း WeiChu အပြုံးဟာ လုံးဝရပ်တန့်မသွားလေပဲ ပြောလာတယ်
"မင်း ဘာစားချင်လို့လဲ ''
SuLe ရှုံးနိမ့်သွားတယ်
သူမက ဧည့်သည်တစ်ယောက်အနေနဲ့ Wei Chu ရဲ့အကြံပေးမှုကို လက်ခံလိုက်သင့်လား ဒါမှမဟုတ်
သူမက နိုင်ငံရပ်ခြားက အချက်အပြုတ်တွေစိတ်မဝင်စားပဲ တရုတ်က အချက်အပြုတ်တွေကိုသာ ပိုနှစ်သက်တယ်ဆိုတာ WeiChu ကို ပြောပြလိုက်သင့်လား
"ပြင်သစ်စာ မကြိုက်ဘူးလား''
WeiChu ဟာ စတီယာတိုင်ကို ဆုပ်ကိုင်ထားရင်း
"ဒါဆို မင်း စီချွမ်းစာ စားချင်လား''
SuLe ခေါင်းညိတ်လိုက်တယ် သူမက ငယ်ငယ်ထဲက စီချွမ်းမှာနေလာတာ တက္ကသိုလ်တက်တော့ သူမအလွမ်းဆုံးက စီချွမ်းစာတွေပဲ
ကံမကောင်းချင်တော့ သူမ အရမ်းချေးများနေမိမလား မသိပေမယ့် ဒီနေရာတစ်ဝိုက်က စီချွမ်းဟင်းလျာတွေက တစ်ခုခုလိုနေတယ်
" ကိုယ် ချက်ကျွေးမယ်ဆိုရင်ရော ဘယ်လိုလဲ
ကိုယ်လုပ်တဲ့ စီချွမ်းဟင်းလျာတွေက သိပ်မဆိုးပါဘူး ''
သူ စတီယာတိုင်ကို လှည့်လိုက်တယ်
"အရင်ဆုံး ပါဝင်ပစ္စည်းတွေဝယ်ဖို့ စူပါမားကတ်ကို သွားကြရအောင်လေ အဆင်ပြေမလား ''
SuLe မျက်ခုံးကို ပင့်လိုက်တယ်
'' ရှင် ဟင်းချက်တာက တကယ်ကိုအရသာကောင်းတယ်ပေါ့ ''
WeiChu ခေါင်းညိတ်လိုက်တယ်
"မနေ့ညက အစားအသောက်တွေထက် ပိုကောင်းတယ် ''
သူမရဲ့စိုးရိမ်မှုအနည်းငယ်ကို ချေဖျက်ရင်းနဲ့ SuLe မေးလိုက်တယ် '' ရှင့်အိမ်က သီးသန့်ဆန်လား ''
TN.... WeiChu အိမ်က ဘေးပတ်ဝန်းကျင်နဲ့ အလှမ်းဝေးပြီး တစ်သီးတစ်သန့်ဖြစ်နေလားလို့ မေးတာပါ...
WeiChu သေသေချာချာစဉ်းစားကာ
"Zijin က ဗီလာတွေက သီးသန့်ဆန်တယ်လို့ သတ်မှတ်လို့မရလောက်ဘူး ''
SuLe တိတ်ဆိတ်သွားတယ်
သူ့အိမ်က သီးသန့်ဆန်တဲ့နေရာမှာ ရှိမနေဘူး
ချက်ကျကျပြောရရင် အဲ့ဒီနေရာက ထိပ်တန်းနေရာပဲ
သူက ဗီလာတစ်ခုမှာနေ နေချိန် သူမက တိုက်ခန်းတစ်ခုတောင် မပိုင်လေဘူး
"ဒါဆို တော်သေးတာပေါ့ ''
"ဘာကို တော်သေးတာလဲ '' WeiChu ကပေါ့ပါးစွာ ရယ်လိုက်တယ် သူ့အသံက cello သံလို တိုးလျကာ သြရှနေတယ် သိသာမနေပေမယ့်လည်း စကားနဲ့ဖော်ပြလို့မရတဲ့ သဲလွန်စတစ်ချို့ ပါဝင်နေလေတယ်
"ရှင် ကျွန်မကိုတစ်ခုခုလုပ်ဖို့ မကြံစည်ထားလို့ စိတ်အေးသွားတာလေ '' SuLe သူမဖုန်းကိုထုတ်လိုက်ကာ ChenYue ဆီ စာတစ်စောင်ပို့လိုက်တယ် ပြီးတော့ သူမ ကောင်းကောင်းပြုံးကာ ပြောလာတယ် '' ရှင့်ဆီမှာ ခန္ဓာကိုယ်တွေကို ခွဲခြမ်းစိတ်ဖြာတာမျိုးလို တစ်ခြား ဆန်းကြယ်တဲ့ဝါသနာတွေရှိရင် ဘယ်လိုလုပ်မလဲ ''
WeiChu ခင်မျာ ပြောစရာစကားမရှိတော့ပေ
ဒီကလေးမရဲ့အတွေးတွေက ပိုပိုပြီး အဓိပ္ပါယ်မဲ့လာတယ်...
ဒါက ဝတၳုတွေရေးလို့ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးပဲလား......?
စူပါမားကတ်တွင် ကားပါကင်ထိုးဖို့နေရာလွတ်ရှာတွေ့သွားပြီးနောက် နှစ်ယောက်သား ပါဝင်ပစ္စည်းတွေဝယ်ယူဖို့အတွက် လက်တွန်းလှည်းလေးအား အသီးအရွက်နှင့် အသား ရှိရာနေရာဘက်သို့ တွန်းသွားလိုက်တယ်
"နံရိုးကင် စားချင်လား '' WeiChu မေးလိုက်တော့ SuLe သွားရည်ကျကာ ခေါင်းညိတ်လိုက်တယ်
စန္ဒယားပညာရှင်တစ်ယောက်ရဲ့လက်တွေလို သွယ်လျနေတဲ့သူ့လက်တွေက အဆီနည်းတဲ့ နံရိုးတွေကို ရွေးချယ်နေလေတယ်
"ဝက်သားလွှာပြုတ်ဆိုရင်ရော ''
ထပ်မံ ခေါင်းညိတ်ပြန်တယ်
" မှိုနဲ့ ဝက်ပေါင်ခြောက် စွပ်ပြုတ် ကြိုက်လား ''
SuLe ဟာ WeiChu တွန်းလှည်းကို တွန်းပြီး ပါဝင်ပစ္စည်းတွေ ဂရုတစိုက်ရွေးချယ်နေတာကို ကြည့်နေရင်း နောင်တရမိသွားတယ်....
WeiChu သာ ဒီလောက်ချမ်းသာပြီး ခန့်ညားမနေရင် ဒီလူကိုဖမ်းထားနိုင်ဖို့ သူမနည်းမျိုးစုံသုံးမိမှာအသေအချာပဲ....
ရိုးရိုးသားသားပြောရရင် မိန်းမတစ်ယောက်ရဲ့နှလုံးသားကို အပိုင်ယူဖို့ သူမအစာအိမ်ကတစ်ဆင့် ကျော်ဖြတ်ရမယ်တဲ့(အစာအိမ်လမ်းကြောင်းမှတစ်ဆင့် နှလုံးသားဆီသို့)
တွန်းလှည်းထဲက အသားတွေကို SuLe ကြည့်ရင်း အခုချက်ချင်း သူမရှေ့မှာ အရသာရှိတဲ့ဟင်းလျာတွေမြင်နေရတော့တယ်......
ကောင်တာကိုရောက်တေယ့ SuLe က အတင်း ငွေရှင်းဖို့လုပ်နေတော့ WeiChu သူမကို မတားလေဘူး...သူတို့ကားထဲရောက်တော့ WeiChu ဟာ ကြက်မောက်သီးတစ်ထုတ်ကို SuLe ဆီ ကမ်းပေးကာ
''ဒါတွေကို အရင်စားနှင့်လိုက် မကြာခင်အိမ်ရောက်မယ် ''
SuLe အသီးကို အခွံခွာနေရင်း အနည်းငယ် ပဟေဠိဖြစ်သွားတယ် ဘာလို့ အဲ့ဒီစကားက နည်းနည်းလက်မခံနိုင်စရာဖြစ်တယ်လို့ သူမခံစားနေရတာလဲ ဒါပေမယ့် ဘယ်နေရာကများ လွန်နေလို့လဲ
TN.... ခင်ပွန်းက ဇနီးကို ပြောသလို ပြောလိုက်လို့ပါ......3
TBC.......
ဒီအပိုင်းနဲ့ပတ်သတ်ပြီး တွေးမိတာကတော့
SuLe = ထက်သလောက် တုံးတဲ့ အငတ်မ
WeiChu = ပါဖက် ခင်ပွန်းလောင်း....3