''Hello wife'' ** Myanmar Tra...

By Shu1999

38.2K 4.3K 135

ML....Wei Chu FML....SuLe Both Zawgyi and Unicode are available 😊 More

Chapter 1: ထြက္သြား လူလိမ္ေကာင္
Chapter 2 : ဘဝက သိပ္ကို ျပဇာတ္ဆန္တယ္
Chapter 3 : ေက်ာင္းသားေဟာင္းေတြ႔ဆံုပြဲ
Chapter 4 : တည္ၿငိမ္လွတဲ့အတန္းေဖာ္ SuLe
Chapter 6 : ဆြဲေဆာင္ျခင္း အစ
Chapter 7 : သူ႔အိမ္တြင္းဝင္ေရာက္ျခင္း
Chapter 8 : လွပေသာ အထင္လြဲမွားမႈတစ္ခု
Chapter 9 : အရမ္းေတြးေနမိတာလား?
story description
Chapter 10 : ေယာက်္ားေကာင္းမ်ား
Chapter 11 : လုပ္ငန္း႐ွင္ပါတီ
Chapter 12 : လုပ္ငန္း႐ွင္ပါတီ ဒုတိယပိုင္း
Chapter 13 : လုပ္ငန္း႐ွင္ပါတီ တတိယပိုင္း
Chapter 14 : ပိုက္ဆံလိုအပ္မေနဘူး
Chapter 15 : အေရထူတယ္
Chapter 16 : ျပံဳးေနတဲ့မ်က္ႏွာေလး

Chapter 5 : အရသာ

1.9K 262 3
By Shu1999

***Zawgyi***

SuLe အခန္းထဲကိုဝင္ဝင္ခ်င္းပဲ Chen Yue  အဲ့ဒီမိန္းမ ေထာင့္တစ္ေနရာမွာထိုင္ၿပီး ဖရဲေစ့ဝါးေနရင္း သူ႕ေဘးက ေယာက်္ားနဲ႕စကားလက္စုံက်ေနတာကို ေတြ႕လိုက္ရတယ္

SuLe ဝင္လာတာေတာင္ Chenyue မျမင္နိုင္ဘူးဆိုေတာ့ အဲ့ဒီလူက ေတာ္ေတာ္ေလး ၾကည့္ေကာင္းတဲ့လူျဖစ္ရမယ္

Chen Yue ဆီကို ေလွ်ာက္သြားၿပီး သူမေဘးမွာ SuLe ဝင္ထိုင္လိုက္ကာ ထိုေယာက်ာ္းကို ေသခ်ာ အကဲခတ္လိုက္တယ္ SuLe ဘယ္လိုပဲၾကည့္ၾကည့္ အဲ့ဒီလူက အရမ္းကိုရင္ႏွီးေနေပမယ့္ သူဘယ္သူလဲဆိုတာ SuLe စဥ္းစားလို႔မရဘူး

" အာ ChenYue ဒါက တကၠသိုလ္တုန္း နင့္ရဲ႕ သူငယ္ခ်င္းေကာင္း SuLe မဟုတ္လား '' ထိုလူက SuLe ကိုျမင္တာနဲ႕ ခ်က္ခ်င္းပဲ မွတ္မိသြားတယ္

''SuLe မေတြ႕ရတာၾကာၿပီေနာ္ မင္းဒီၿမိဳ႕မွာရွိေနမယ္လို႔ မထင္ခဲ့ဘူး ''

အဲ့ဒီအခ်ိန္ထိ ဒီလူကဘယ္သူဆိုတာ SuLe မမွတ္မိဘူး ဒါေပမယ့္ ChenYue ရဲ႕ပုံစံကို ၾကည့္လိုက္ေတာ့ သူ နဲ႕ ChenYue က မိတ္ေဆြေတြပဲျဖစ္ရမယ္ SuLe လည္းပဲ ၿပဳံးကာ ေခါင္းညိတ္ျပလိုက္တယ္ '' ဟုတ္တယ္ ကြၽန္မဘြဲ႕ရၿပီးထဲက အလုပ္လုပ္ဖို႔ ဒီၿမိဳ႕မွာပဲ အၿမဲေနတာ ဒါေပမယ့္ ရွင္လည္း ဒီမွာရွိေနမယ္လို႔ မထင္ထားဘူး ''

"အာ ေနာက္ဆုံးတစ္ေခါက္ ကိုယ္ၾကားတုန္းက မင္းက မင္းမိဘအိမ္နားမွာပဲ အလုပ္လုပ္ခ်င္ခဲ့တာေလ အဲ့တာေၾကာင့္ မင္းဒီမွာ ဘယ္လိုေနျဖစ္သြားတာလဲ '' ထိုလူက SuLe ကို ေဖ်ာ္ရည္တစ္ခြက္ကမ္းေပးလာတယ္ '' အဲ့ဒီတုန္းကဆို မင္းအဲ့လိုဆုံးျဖတ္လိုက္လို႔ သနားခဲ့တဲ့လူတစ္ေယာက္ ရွိခဲ့ေသးတယ္''

SuLe အံ့ၾသသြားတယ္ သူမမိဘအိမ္ကိုျပန္ဖို႔ဆုံးျဖတ္ထားတာကို ဒုတိယႏွစ္တုန္းက ေျပာခဲ့တာ ဆိုေတာ့ ဒီလူ ဒါကိုသိေနပုံအရဆို သူမ ဒုတိယႏွစ္တုန္းက သူနဲ႕ေတြ႕ဖူးမယ္လို႔ ထင္တယ္ SuLe ဟာ အေျဖရွာဖို႔အတြက္ ChenYue ကိုလွည့္ၾကည့္လိုက္တယ္

Cao Yu Dong ဟာ SuLe နဲ႕ Zhaung Wei ၾကားကကိစၥကို မွတ္မိသြားတာေၾကာင့္ သိပ္မေဝးတဲ့ေနရာမွာ ရပ္ေနတဲ့ WeiChu ကို လွည့္ၾကည့္လိုက္တယ္ Cao Yu dong ၿပဳံးလိုက္ကာ ကြၽမ္းက်င္စြာနဲ႕ တစ္ျခားေခါင္းစဥ္တစ္ခုကို ေျပာင္းလိုက္တယ္

SuLe ဟာ ChenYue နဲ႕ Cao YuDong ရဲ႕စကားဝိုင္းကို နားေထာင္ေနၿပီးမွ တစ္ျဖည္းျဖည္း Cao YuDong ကဘယ္သူဆိုတာကို မွတ္မိလာေတာ့တယ္ သူက သူတို႔ဌာနရဲ႕ ေက်ာင္းသားကိုယ္စားလွယ္ မဟုတ္လား ၿပီးေတာ့ သူထြက္သြားေတာ့မွ Zhaung Wei က သူ႕ေနရာကို လႊဲယူဖို႔ အေ႐ြးခံလိုက္ရတာေလ

ZhaungWei အေၾကာင္းေတြးလိုက္မိရင္း SuLe သူမမ်က္ခုံးေတြ တြန႔္လိုက္မိၿပီး ေဖ်ာ္ရည္ကိုဖြင့္ဖို႔လုပ္လိုက္ေပမယ့္ သူမလက္ေတြ အနည္းငယ္တုန္ခါသြားတာကို ခံစားလိုက္ရတယ္

"ကိုယ္ ကူေပးမယ္ '' တစ္စုံတစ္ေယာက္ဟာ သူမလက္ထဲက ေဖာ္ရည္ကိုယူသြားၿပီးေနာက္ အဖုံးဖြင့္သံကို သူမၾကားလိုက္ရတယ္ ထိုလူဟာ သူမေဘးမွာဝင္ထိုင္ကာ အဆင္ေျပေျပပဲ ေဖ်ာ္ရည္ထဲ ပိုက္ထည့္ၿပီး သူမဆီျပန္ကမ္းေပးခဲ့တယ္

"ေက်းဇူးပါပဲ '' SuLe ဟာ ေဖ်ာ္ရည္ကိုလက္ခံကာ Wei Chu ကိုၿပဳံးျပလိုက္ၿပီး ChenYue ဘက္ကို တိုးထိုင္လိုက္တယ္

ChenYue နဲ႕ Cao Yu Dong ဟာ စကားေျပာေနတာကိုရပ္လိုက္ၿပီး ေဘးကႏွစ္ေယာက္ဆီကို အာ႐ုံေျပာင္းလိုက္တယ္ ChenYue က အံ့ၾသစြာနဲ႕ေမးလိုက္တယ္ '' စီနီယာ Wei မေန႕ကမနက္က ညီမဖုန္းဆက္ေတာ့ စီနီယာပဲမလာဘူးဆို ''

Wei Chu က ChenYue ကို ၿပဳံးျပကာ '' ဒီေန႕လည္ကပဲ တစ္ခ်ိဳ႕အလုပ္ကိစၥေလးေတြ ျပတ္သြားတယ္ေလ အဲ့တာေၾကာင့္ ကိုယ္ ဒီည လာနိုင္တာ ''

SuLe က ChenYue ကို မ်က္စိမွိတ္ျပလိုက္တယ္ အစကဆို ဒီည WeiChu အေသအခ်ာကိုလာမွာလို႔ေျပာခဲ့တာ ဘယ္သူမ်ားပါလိမ့္ ေနာက္ဆုံးေတာ့ သူ႕အလုပ္ၿပီးလို႔သာ သူကပြဲလာတက္တာတဲ့ေလ ChenYue အဲ့ဒီမိန္းမစကားေတြက တကယ္ အားကိုးလို႔မရသလို အျပည့္အဝယုံလို႔လည္းမရဘူး

Cao Yu Dong ဟာ ကို႔ယို႔ကားယားနိုင္စြာနဲ႕ ၿပဳံးလိုက္ကာ Wei Chu ကို ၾကည့္လိုက္ၿပီးေနာက္ ဘူးအဖုံးကို ဆြဲဖြင့္လိုက္တယ္ '' ဒီညေတြ႕ဆုံပြဲကိုတက္နိုင္ဖို႔အတြက္ WeiChu ခင္မ်ာမွာ မေန႕ညက အခ်ိန္ပိုလုပ္ၿပီး ဒီေန႕ ေန႕လည္စာ အငတ္ခံခဲ့ရတယ္ေလ ''

"စီနီယာ Wei က လူေတြနဲ႕ဆက္ဆံေရးကို တကယ္ဂ႐ုစိုက္တာပဲ '' ChenYue ခ်ီးက်ဴးလိုက္တယ္

Cao YuDong ေခါင္းညိတ္လိုက္တယ္ '' သူက တစ္ခ်ိဳ႕ေက်ာင္းေနဖက္ေတြကို တစ္ကယ္ ဂ႐ုစိုက္တာ '' WeiChu ရဲ႕သူငယ္ခ်င္း အေနနဲ႕ သေဘာထားႀကီးစြာ ေထာက္ခံေပးလိုက္တယ္

လူတိုင္းလိုလိုေရာက္ၿပီဆိုေတာ့ အဖြဲ႕လိုက္ စားေသာက္ဆိုင္ရဲ႕ငါးလႊာကို တက္သြားၿပီး ဟင္းလ်ာေတြမွာဖို႔ ဘိုကင္လုပ္ထားတဲ့အခန္းထဲဝင္လိုက္ၾကတယ္ SuLe ေဘးမွာထိုင္ေနတဲ့ Li Xuan Ran ဟာ ႐ုတ္တရက္ ရင္းႏွီးတဲ့မိတ္ေတြတစ္ေယာက္ကိုေတြ႕လိုက္တဲ့အတြက္ သူမနဲ႕ထိုင္ဖို႔ထြက္သြားေလတယ္ ဆယ္စကၠန႔္ေလာက္အၾကာမွာေတာ့ SuLe ေဘးက ခုံအလြတ္ဟာ နာမည္ႀကီးWeiChu နဲ႕ျပည့္သြားေလေတာ့တယ္

သူဟာ SuLe အမူအရာမဲ့ေနတာကို သတိထားမိပုံနဲ႕ ေၾကာ့ေမာ့စြာေမးလာတယ္ '' ကိုယ္ မင္းေဘးမွာလာထိုင္တာကို အသားမက်ဘဴးလား ''

SuLe ႏႈတ္ခမ္းေတြတြန႔္ေကြးသြားတယ္ ''မဟုတ္ပါဘူး ကြၽန္မကဂုဏ္ေတာင္ယူမိေနတာ '' သူမရဲ႕လက္ထဲမွာ မီႏူးကို ခိုင္ခိုင္မာမာကိုင္ထားၿပီး သူမ မႏွစ္သက္ေလတဲ့ ဟင္းလ်ာတစ္ခုကို ႀကဳံရာက်ပန္းေ႐ြးခ်ယ္လိုက္တယ္

"မင္းက ၾကက္ဟင္းခါးသီးနဲ႕ၾကက္ဥ ေမႊေၾကာ္တာကို ႀကိဳက္တယ္ေပါ့ ''WeiChu ဟာ SuLe လက္လွမ္းမွီတဲ့ေနရာမွာ သူမအတြက္ လ္ဘက္ရည္ခြက္ကို ခ်ေပးလိုက္တယ္

SuLe ဟာ တစ္ျခားဟင္းလ်ာတစ္ခုကို ႀကဳံသလိုေ႐ြးခ်ယ္လိုက္ၿပီး WeiChu ဆီ မီႏူးလွမ္းေပးလိုက္တယ္ သူမ ၾကက္ဟင္းခါးသီးကိုမႀကိဳက္ေပမယ့္ ေ႐ြးခ်ယ္ၿပီးသြားၿပီေလ ၿပီးေတာ့ဒီမွာလူေတြအမ်ားႀကီး တစ္ေယာက္ေယာက္ေတာ့ႀကိဳက္မွာေသခ်ာပါတယ္ သူမ Wei Chu ကိုၿပဳံးျပလိုက္တယ္ '' တစ္ခါတစ္ေလ လူတစ္ေယာက္ရဲ႕အႀကိဳက္ကို ေျပာင္းလဲတာက ေကာင္းပါတယ္ ''

WeiChu ဟာ စီခြၽမ္းအစားအစာအနည္းငယ္ကို ေ႐ြးခ်ယ္လိုက္တာျမင္ေတာ့ SuLe ရယ္ေမာကာ '' ကြၽန္မတို႔ရဲ႕အႀကိဳက္ေတြ တူေနလိမ့္မယ္လို႔ လုံးဝမထင္ထားဘူး ''

"တကယ္လား '' WeiChu ဟာ အနည္းငယ္အံံအားသင့္သြားပုံရၿပီး သူေဘးကလူဆီ မီႏူးကမ္းေပးလိုက္ကာ ရွင္းျပေလတယ္'' ကိုယ့္အဖြားက စီခြၽမ္းကေလ သူက စီခြၽမ္းစာေတြခ်က္တာ ေတာ္ေတာ္ေကာင္းတယ္''

SuLe မ်က္ဝန္းေတြလက္သြားတယ္ '' ကြၽန္မလည္း စီခြၽမ္းစာေတြက ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ထင္တယ္ ''

WeiChu ဟာ တင့္တယ္စြာၿပဳံးကာ ေျပာတယ္ ''ကိုယ္လည္း ကိုယ့္အဖြားဆီက ဟင္းခ်က္နည္းတစ္ခ်ိဳ႕သင္ထားဖူးတယ္ မင္းမွာအခ်ိန္ရွိရင္ ကိုယ္ခ်က္ေကြၽးမယ့္စီခြၽမ္းစာေတြကို လာျမည္းစမ္းၾကည့္လို႔ရတယ္ ''

SuLe ဟာ ေတာက္ပစြာၿပဳံးကာ '' ဟုတ္ၿပီေလ အခြင့္ရရင္ေတာ့ အေသအခ်ာကိုလာျမည္းမယ္ '' SuLe ဟာ WeiChu ဟင္းခ်က္တတ္တာကိုသိၿပီး တကယ္ကိုအံ့ၾသသြားခဲ့ေပမယ့္ ႐ုတ္တရက္ဖိတ္ၾကားခ်က္တစ္ခုကို အတည္ေပါက္ႀကီးမွတ္ယူလိုက္ဖို႔ထိေတာ့ မ႐ူးမိုက္ေလဘူး မိန္းမတစ္ေယာက္အေနနဲ႕ သူမဟာ အထက္ျမက္ဆုံးမဟုတ္ရင္ေတာင္မွ မတူညီတဲ့အေျခအေနေတြကို ဘယ္လိုကိုင္တြယ္ရမယ္ဆိုတာေတာ့ အနည္းဆုံးသိသင့္တာေပါ့

SuLe ဟာ သူရဲ႕ဖိတ္ၾကားခ်က္ကို အတည္မယူမွန္း WeiChu ျမင္နိုင္ေလေတာ့ ထိုအေၾကာင္းအရာကိုဆက္မေျပာေတာ့ပဲ ေခါင္းစဥ္ေျပာင္းလိုက္တယ္ '' မင္း အလုပ္ထြက္စာတင္လိုက္တယ္လို႔ ကိုယ္ ChenYue ဆီက ၾကားတယ္ ကိုယ့္ကုမၸဏီမွာအလုပ္လာလုပ္ဖို႔ စိတ္ဝင္စားလား ''

SuLe ဟာ ႐ုတ္တရက္လန႔္သြားေပမယ့္လည္း ခ်က္ခ်င္း အၿပဳံးေလးနဲ႕ျငင္းလိုက္တယ္ '' ေက်းဇူးတင္ပါတယ္ စီနီယာ Wei ဒါေပမယ့္ ကြၽန္မက အခုထိအလုပ္ရွာဖို႔ကို အလ်င္လိုမေနပါဘူး ကြၽန္မဘာသာအရင္ အခ်ိန္ယူၿပီး ရွာၾကည့္ပါဦးမယ္ '' ေျပာၿပီးေနာက္ SuLe ႏွလုံးသားဟာ တင္းၾကပ္သြားတယ္ အႏွေးနဲ႕အျမန္ ChenYue နဲ႕ပါးစပ္ကို ခ်ဳပ္ပစ္ဖို႔လိုေနၿပီ

သူမ အလုပ္လုပ္ေနတုန္းက သူမရဲ႕လစာက သိပ္မျမင့္ေပမယ့္ သူမဟာ တစ္ျခားအတန္းေဖာ္ေတြလို အိမ္ငွါးခေပးစရာမလိုေလေတာ့ ပိုက္ဆံနည္းနည္းစုမိထားခဲ့တယ္ ထပ္ေပါင္းရရင္ သူမဟာဝင္ေငြအနည္းငယ္ရတဲ့ အြန္လိုင္းဝတၳဳေရးရတာကို သေဘာက်ေလေတာ့ အခုထိ လအနည္းေလာက္ကေတာ့ သူမအသက္႐ွင္ေနထိုင္ဖို႔ သိပ္ျပႆနာမ႐ွိဘူး

WeiChuရဲ႕ ဖိတ္ၾကားမႈကိုတြက္လိုက္ရင္ အစက႐ုတ္တရက္မို႔ အံံ့ၾသသြားခဲ့ေပမယ့္ သူမ ခပ္ျမန္ျမန္ပဲ ျပင္လို႔ရလိုက္ေလတယ္ အဲ့တာက သာမာန္ေက်ာင္းေနဖက္ေတြၾကားက ယဥ္ေက်းတဲ့စကားဝိုင္းတစ္ခုသက္သက္ပဲေလ သူမအတည္ေပါက္မွတ္ယူစရာမွ မလိုတာ သူမ တကယ္ပဲ WeiChu ကုမၸဏီကို ဝင္ခ်င္ရင္ေတာင္မွ အဆက္အသြယ္ေတြကေနမဟုတ္ပဲ သာမာန္အင္တာဗ်ဴးကေနပဲ ဝင္မွာ

Chen Yue ေဘးမွာထိုင္ေနတဲ့ Cao Yu Dong ဟာ ေမးေစ့ကိုပြတ္ရင္း ေျပာတယ္ '' Chen Yue ဒီေန႕ WeiChu တစ္ေယာက္ စကားေတာ္ေတာ္ေျပာၿပီး သိပ္ကိုေပ်ာ္ေနတယ္လို႔ မင္းမထင္ဘူးလား''

ChenYue ထိုႏွစ္ေယာက္ကို လွမ္းၾကည့္လိုက္ေတာ့ WeiChuဟာ SuLe ရဲ႕ဇြန္းကိုသုတ္ေပးေနတာ ေတြ႕လိုက္ရတယ္ သူမဟာ အၾကည့္ကို႐ုတ္လိုက္ကာ ေျပာတယ္ '' ခ်က္က်က်ေျပာရရင္ ကြၽန္မတို႔ သက္သက္ အျမင္မွားေန႐ုံပါ '' SuLe အဲ့ဒီအ႐ူးမ WeiChu က သူ႕အတြက္ အဲ့ေလာက္ထိ လုပ္ေပးေနတာကို လက္ခံရတယ္လို႔ စီနီယာ Wei က သူမကိုလိုက္ခ်စ္ေရးဆိုေနက် အဲ့ဒီလူငယ္ေကာင္ေလးေတြနဲ႕တူတယ္လို႔မ်ား ထင္ေနတာလား အဲ့ဒီအ႐ူးမ ဘာေတြေတြးေနတာလဲ

ဟင္းလ်ာေတြဟာ စားပြဲေပၚကို ျမန္ျမန္ပဲေရာက္လာၿပီး အကုန္လုံးဟာ သိပ္ကိုေကာင္းမြန္ပုံရေလတယ္ SuLe ေ႐ြးခ်ယ္ထားတဲ့ ဟင္းလ်ာ '' ေထာင္ခ်ီေသာ ေငြခ်ည္မွ်င္မ်ား '' ဟာ တကယ္တမ္းေတာ့ ၾကာဆံကို တစ္ခ်ိဳ႕အေအးစာေတြနဲ႕ေရာထားတာႀကီးျဖစ္ေနတယ္ ဟင္းလ်ာကိုျမည္းၾကည့္လိုက္ၿပီး သူမဟာ တည္ၿငိမ္စြာနဲ႕ တူေတြကို ခ်လိဳက္တယ္ ဒီစားေသာက္ဆိုင္မွာ ဟင္းလ်ာေတြအတြက္ ေပးထားတဲ့နာမည္ေတြက ခါတိုင္းလိုပဲ  သိပ္ကိုသိမ္ေမြ႕ေလေပမယ့္ အရသာကေတာ့ သာမာန္ပဲ... သိပ္မႀကီးက်ယ္ေနဘူး

စားပြဲေပၚက က်န္တဲ့ဟင္းလ်ာေတြအကုန္လုံး ၾကည့္ရတာေတာ့ သိပ္အျမင္တင့္ေပမယ့္ အရသာကေတာ့ ဘာမွ သိပ္ထူးျခားမေနဘူး

''လိပ္ ေတာင္ရႈခင္း '' စြပ္ျပဳတ္အရသာက ေရအတိုင္းပဲ
'' နဂါးဂိတ္ဝကိုခုန္ထြက္မယ့္ ငါး ''ကေတာ့ ငါးရဲ႕လတ္ဆတ္တဲ့အရသာေပ်ာက္ေနတယ္
ကင္းမြန္နဲ႕ ပင္လယ္ခ႐ုရဲ႕အရသာကေတာ့ ဘာစကားလုံးနဲ႕မွ ေဖာ္ျပလို႔ရနိုင္မယ္မထင္ဘူး
SuLe အတြက္ အေကာင္းဆုံးဟင္းလ်ာကေတာ့ ရွာလကာရည္နဲ႕ေၾကာ္ထားတဲ့ တ႐ုတ္မုန႔္ညင္းပဲ ျဖစ္လိမ့္မယ္ အနည္းဆုံးေတာ့ အဲ့တာက တ႐ုတ္မုန႔္ညင္းအရသာထြက္ေသးတယ္ေလ

"ဒီ ေကာင္းကင္ယံကဇာမဏီ ဟင္းလ်ာကို ျမည္းၾကည့္ မွိုအရသာက အဆင္ေျပတယ္ '' WeiChu ဟာ ဟင္းလ်ာေတြ SuLe ေရွ႕မေရာက္ခင္အထိ လည္ေနတဲ့ စားပြဲႀကီးကို လွည့္လိုက္ကာ တည္ၾကည္ေလးနက္စြာေျပာလာတယ္ ''အနည္းဆုံးေတာ့ စားလိုက္ရင္ မွိုအရသာကို ခံစားလို႔ရနိုင္ေသးတယ္ေလ ''

SuLe ဟာ ရယ္မိမလိုေတာင္ျဖစ္သြားတယ္ ၿပီးမွ ၾကက္ဝမ္းဗိုက္ထဲက မွိုကိုယူဖို႔ တူကိုေကာက္ကိုင္လိုက္တယ္ ထို႔ေနာက္ '' အဲ့တာက ၾကက္စြပ္ျပဳတ္မဟုတ္ဘူးလား ဘာလို႔ ေကာင္းကင္ယံက ဇာမဏီလို႔ ေခၚတာလဲ ''

WeiChu ဟာ SuLe ပန္းကန္လုံးထဲသို႔ ဟင္းရည္တစ္ခ်ိဳ႕ ခပ္ထည့္ေပးကာ ''ျမန္ျမန္ေသာက္လိုက္ မၾကာခင္ အရက္ကို အငမ္းမရ ေသာက္ၾကမယ့္အခ်ိန္ ေရာက္လာေတာ့မယ္ '' WeiChu ဟာ အနည္းငယ္ၿပဳံးရင္း ေျပာလာတယ္

SuLe ဟာ ေခါင္းငုံ႕ထားလ်က္ပဲ ၾကက္စြပ္ျပဳတ္ကိုေသာက္ေနရင္း ဒီစီနီယာ Wei ဟာ ေကာလဟာလေတြထဲကလို တစ္သီးတစ္ျခားနိုင္ၿပီး လက္လွမ္းမမွီ အထက္စီးဆန္တဲ့ပုံေပါက္မေနဘူးလို႔ မေတြးမိပဲမေနနိုင္ေတာ့ဘူး

SuLe နဲ႕ WeiChu  အျပန္အလွန္ဆက္ဆံပုံေတြကို ျမင္ေတာ့ ZhaungWei မ်က္လုံးဟာေမွးစင္းသြားတယ္

SuLe စြပ္ျပဳတ္ကိုေသာက္ရင္း ခင္ပြန္းရွာဖို႔ ေနာက္ထပ္စံခ်ိန္တစ္ခု ထပ္ထည့္လိုက္တယ္ သူမလူဟာ ဟင္းခ်က္တတ္ဖို႔လို႐ုံမကပဲ အရက္နည္းနည္းပဲေသာက္တဲ့လူျဖစ္ရမယ္

အစားအေသာက္ေတြ ဆက္စားေနရင္း WeiChu တားေနရင္းနဲ႕မွ SuLe ဟာ အတင္း အရက္တိုက္ခံရတယ္ SuLe ေတာက္ေလွ်ာက္ပ်က္ရယ္ျပဳခဲ့တဲ့ SuLe နဲ႕ WeiChu ရဲ႕ ပတ္သက္မႈကို စေနာက္ၾကတဲ့လူေတြလည္းရွိလာတယ္ သူမနဲ႕ WeiChu က ပတ္သက္မႈတစ္ခုရွိတယ္ဆိုၿပီး ေျပာတာက ZhaungWei က သူမဆီကို မ်က္ရည္လည္႐ြဲနဲ႕ သူမွားပါၿပီ သူမဆီျပန္လာခြင့္ေပးပါလို႔ ေျပာမွာထက္ေတာ့ ပိုေကာင္းပါတယ္

လူတိုင္း က်သင့္ေငြရွင္းဖို႔သြားခါမွသာ ZhaungWei ဟာ အကုန္ရွင္းၿပီးသြားတာကို သိလိုက္ၾကရတယ္ LinQi ရဲ႕မ်က္ႏွာေပၚက ဘဝင္ေလဟပ္ေနတဲ့ အၾကည့္ကို SuLe ျမင္ေတာ့ သူမနဖူးေၾကာကိုႏွိပ္ေန႐ုံမွလြဲ မတတ္နိုင္ေလဘူး ထို႔ေနာက္ အခ်ိန္ၾကည္ဖို႔ အိတ္ထဲကဖုန္းကိုထုတ္လိုက္တယ္

သူမ သီခ်င္းဆိုရဖို႔အခြင့္အလမ္းကသိပ္မရွိေပမယ့္ သူမ ေတာ္ေတာ္ေလး ရီေဝေဝျဖစ္ေနတယ္လို႔ ခံစားေနရတယ္ သီခ်င္းဆိုခိုင္းရင္ေတာင္မွ သူမဆိုနိုင္ပါဦးမလား

"SuLe ေတာ္ေတာ္ေလးမူးေနၿပီ ငါ အိမ္ျပန္လိုက္ပို႔လိုက္ေတာ့မယ္ မင္းတို႔ သီခ်င္းသြားဆိုၾက ငါတို႔မလိုက္ေတာ့ဘူး'' SuLe မျငင္းဆန္နိုင္ေသးခင္ WeiChu ဟာေျပာၿပီးသြားၿပီ
SuLe မ်က္လုံးေတြတြန႔္ေကြးသြားတယ္ ညီအစ္ကို သ႐ုပ္ေဆာင္တာကို အဲ့ေလာက္ထိစိတ္ႏွစ္စရာမလိုပါဘူး ရွင့္ကိုယ္ရွင္ ကြၽန္မ ေကာင္ေလးလို႔မ်ား တကယ္ေတြ  ထင္ေနတာလား SuLe တုန္တက္သြားတယ္ ဒီလိုလူမ်ိဳး က သူမရည္စားသာဆို တစ္ျခား မိန္းမေတြ က်ိန္စာတိုက္လို႔ ေသမွာအေသအခ်ာပဲ

SuLe တုန္သြားတာကိုျမင္ေတာ့ WeiChu ေမးလိုက္တယ္ ''ဘာျဖစ္လို႔လဲ ေအးလို႔လား '' သူဟာ SuLe ဝတ္လာတဲ့ အဝတ္အစားေတြကိုတစ္ခ်က္ၾကည့္လိုက္ၿပီး သူမေဘး ေလလာရာဘက္မွာ ပိတ္ရပ္လိုက္ကာ ခိုင္မာစြာေျပာလာတယ္ ''ကိုယ္ မင္းကိုအိမ္လိုက္ပို႔ေပးမယ္ ''

ရွိသမွ်လူတိုင္း ထိုျမင္ကြင္းကိုျမင္သြားၿပီး ေလွာင္ေျပာင္ၾကတယ္ Wei Chu က သူ႕ေကာင္မေလးကို သိပ္ခ်စ္ၿပီး သူတို႔SuLe ကို ဘယ္လိုအားက်တယ္ဆိုေၾကာင္းေတြ ေျပာေနေလတယ္ အကုန္လုံး SuLe က ZhaungWei ေကာင္မေလး ျဖစ္ခဲ့ဖူးတာကို ေမ့သြားၾကသလိုမ်ိဳး

SuLe ကအဲ့ဒီစကားေတြကို စိတ္ထဲမထည့္ပါဘူး ဒီအခြင့္အေရးကိုယူၿပီး ဒီကထြက္သြားခ်င္လို႔ WeiChu အႀကံျပဳခ်က္ကို လက္ခံလိုက္တာေလ WeiChu က သူမရဲ႕ ''အလွအပ '' ကို ႏွစ္သက္ၿပီး သူမနဲ႕ႏွစ္ေယာက္ထဲ ဟိုဟိုဒီဒီကိစၥေတြလုပ္နိုင္ဖို႔ တမင္သက္သက္ ႀကိဳးစားေနတာ ဟုတ္ခ်င္ဟုတ္ မဟုတ္ခ်င္ေန SuLe ဟာ လုံးဝကိုစိတ္ပူမေနဘူး

ဘာလို႔ဆို ပထမအခ်က္.....WeiChu ရဲ႕အႀကိဳက္ဟာ ဒီေလာက္ထိဆိုး႐ြားမွာမဟုတ္ဘူးလို႔ သူမခိုင္ခိုင္မာမာ ယုံၾကည္ထားလို႔
ဒုတိယအခ်က္.... သူမကို လူေတြအမ်ားႀကီးေရွ႕ကေခၚထုတ္ၿပီး တစ္ခုခုလုပ္ဖို႔ေလာက္ထိ WeiChu က မ႐ူးမိုက္လို႔
တတိယအခ်က္.....A တကၠသိုလ္က ဂုဏ္သေရရွိလူတစ္ေယာက္အေနနဲ႕ သူက အဲ့ေလာက္ထိ လူၿပိန္းဆန္ေနမွာ မဟုတ္တာ အေသအခ်ာပဲ

အဲ့ေတာ့ ရွိေနတဲမိန္းမေတြရဲ႕ အားက်တဲ့အၾကည့္ေတြေအာက္မွာတင္ပဲ SuLe ဟာ WeiChu နဲ႕အတူထြက္သြားတယ္ ေသခ်ာတာေပါ့ Zhuang Wei ရဲ႕မ်က္ႏွာေပၚမွာခ်ိတ္ဆြဲေနတဲ့ အက်ည္းတန္တဲ့မ်က္ႏွာထားကို သူမလုံးဝမျမင္လိုက္ဘူးေလ...

TBC....

ဟင္းအမည္ေတြက အဆင္ေျပသလို ျပန္ထားတာပါ
ဖတ္ရတာ အဆင္ေျပဖို႔ ေမွ်ာ္လင့္ပါတယ္

***Unicode***

SuLe အခန်းထဲကိုဝင်ဝင်ချင်းပဲ Chen Yue  အဲ့ဒီမိန်းမ ထောင့်တစ်နေရာမှာထိုင်ပြီး ဖရဲစေ့ဝါးနေရင်း သူ့ဘေးက ယောကျ်ားနဲ့စကားလက်စုံကျနေတာကို တွေ့လိုက်ရတယ်

SuLe ဝင်လာတာတောင် Chenyue မမြင်နိုင်ဘူးဆိုတော့ အဲ့ဒီလူက တော်တော်လေး ကြည့်ကောင်းတဲ့လူဖြစ်ရမယ်

Chen Yue ဆီကို လျှောက်သွားပြီး သူမဘေးမှာ SuLe ဝင်ထိုင်လိုက်ကာ ထိုယောကျာ်းကို သေချာ အကဲခတ်လိုက်တယ် SuLe ဘယ်လိုပဲကြည့်ကြည့် အဲ့ဒီလူက အရမ်းကိုရင်နှီးနေပေမယ့် သူဘယ်သူလဲဆိုတာ SuLe စဉ်းစားလို့မရဘူး

" အာ ChenYue ဒါက တက္ကသိုလ်တုန်း နင့်ရဲ့ သူငယ်ချင်းကောင်း SuLe မဟုတ်လား '' ထိုလူက SuLe ကိုမြင်တာနဲ့ ချက်ချင်းပဲ မှတ်မိသွားတယ်

''SuLe မတွေ့ရတာကြာပြီနော် မင်းဒီမြို့မှာရှိနေမယ်လို့ မထင်ခဲ့ဘူး ''

အဲ့ဒီအချိန်ထိ ဒီလူကဘယ်သူဆိုတာ SuLe မမှတ်မိဘူး ဒါပေမယ့် ChenYue ရဲ့ပုံစံကို ကြည့်လိုက်တော့ သူ နဲ့ ChenYue က မိတ်ဆွေတွေပဲဖြစ်ရမယ် SuLe လည်းပဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်တယ် '' ဟုတ်တယ် ကျွန်မဘွဲ့ရပြီးထဲက အလုပ်လုပ်ဖို့ ဒီမြို့မှာပဲ အမြဲနေတာ ဒါပေမယ့် ရှင်လည်း ဒီမှာရှိနေမယ်လို့ မထင်ထားဘူး ''

"အာ နောက်ဆုံးတစ်ခေါက် ကိုယ်ကြားတုန်းက မင်းက မင်းမိဘအိမ်နားမှာပဲ အလုပ်လုပ်ချင်ခဲ့တာလေ အဲ့တာကြောင့် မင်းဒီမှာ ဘယ်လိုနေဖြစ်သွားတာလဲ '' ထိုလူက SuLe ကို ဖျော်ရည်တစ်ခွက်ကမ်းပေးလာတယ် '' အဲ့ဒီတုန်းကဆို မင်းအဲ့လိုဆုံးဖြတ်လိုက်လို့ သနားခဲ့တဲ့လူတစ်ယောက် ရှိခဲ့သေးတယ်''

SuLe အံ့သြသွားတယ် သူမမိဘအိမ်ကိုပြန်ဖို့ဆုံးဖြတ်ထားတာကို ဒုတိယနှစ်တုန်းက ပြောခဲ့တာ ဆိုတော့ ဒီလူ ဒါကိုသိနေပုံအရဆို သူမ ဒုတိယနှစ်တုန်းက သူနဲ့တွေ့ဖူးမယ်လို့ ထင်တယ် SuLe ဟာ အဖြေရှာဖို့အတွက် ChenYue ကိုလှည့်ကြည့်လိုက်တယ်

Cao Yu Dong ဟာ SuLe နဲ့ Zhaung Wei ကြားကကိစ္စကို မှတ်မိသွားတာကြောင့် သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ WeiChu ကို လှည့်ကြည့်လိုက်တယ် Cao Yu dong ပြုံးလိုက်ကာ ကျွမ်းကျင်စွာနဲ့ တစ်ခြားခေါင်းစဉ်တစ်ခုကို ပြောင်းလိုက်တယ်

SuLe ဟာ ChenYue နဲ့ Cao YuDong ရဲ့စကားဝိုင်းကို နားထောင်နေပြီးမှ တစ်ဖြည်းဖြည်း Cao YuDong ကဘယ်သူဆိုတာကို မှတ်မိလာတော့တယ် သူက သူတို့ဌာနရဲ့ ကျောင်းသားကိုယ်စားလှယ် မဟုတ်လား ပြီးတော့ သူထွက်သွားတော့မှ Zhaung Wei က သူ့နေရာကို လွှဲယူဖို့ အရွေးခံလိုက်ရတာလေ

ZhaungWei အကြောင်းတွေးလိုက်မိရင်း SuLe သူမမျက်ခုံးတွေ တွန့်လိုက်မိပြီး ဖျော်ရည်ကိုဖွင့်ဖို့လုပ်လိုက်ပေမယ့် သူမလက်တွေ အနည်းငယ်တုန်ခါသွားတာကို ခံစားလိုက်ရတယ်

"ကိုယ် ကူပေးမယ် '' တစ်စုံတစ်ယောက်ဟာ သူမလက်ထဲက ဖော်ရည်ကိုယူသွားပြီးနောက် အဖုံးဖွင့်သံကို သူမကြားလိုက်ရတယ် ထိုလူဟာ သူမဘေးမှာဝင်ထိုင်ကာ အဆင်ပြေပြေပဲ ဖျော်ရည်ထဲ ပိုက်ထည့်ပြီး သူမဆီပြန်ကမ်းပေးခဲ့တယ်

"ကျေးဇူးပါပဲ '' SuLe ဟာ ဖျော်ရည်ကိုလက်ခံကာ Wei Chu ကိုပြုံးပြလိုက်ပြီး ChenYue ဘက်ကို တိုးထိုင်လိုက်တယ်

ChenYue နဲ့ Cao Yu Dong ဟာ စကားပြောနေတာကိုရပ်လိုက်ပြီး ဘေးကနှစ်ယောက်ဆီကို အာရုံပြောင်းလိုက်တယ် ChenYue က အံ့သြစွာနဲ့မေးလိုက်တယ် '' စီနီယာ Wei မနေ့ကမနက်က ညီမဖုန်းဆက်တော့ စီနီယာပဲမလာဘူးဆို ''

Wei Chu က ChenYue ကို ပြုံးပြကာ '' ဒီနေ့လည်ကပဲ တစ်ချို့အလုပ်ကိစ္စလေးတွေ ပြတ်သွားတယ်လေ အဲ့တာကြောင့် ကိုယ် ဒီည လာနိုင်တာ ''

SuLe က ChenYue ကို မျက်စိမှိတ်ပြလိုက်တယ် အစကဆို ဒီည WeiChu အသေအချာကိုလာမှာလို့ပြောခဲ့တာ ဘယ်သူများပါလိမ့် နောက်ဆုံးတော့ သူ့အလုပ်ပြီးလို့သာ သူကပွဲလာတက်တာတဲ့လေ ChenYue အဲ့ဒီမိန်းမစကားတွေက တကယ် အားကိုးလို့မရသလို အပြည့်အဝယုံလို့လည်းမရဘူး

Cao Yu Dong ဟာ ကို့ယို့ကားယားနိုင်စွာနဲ့ ပြုံးလိုက်ကာ Wei Chu ကို ကြည့်လိုက်ပြီးနောက် ဘူးအဖုံးကို ဆွဲဖွင့်လိုက်တယ် '' ဒီညတွေ့ဆုံပွဲကိုတက်နိုင်ဖို့အတွက် WeiChu ခင်မျာမှာ မနေ့ညက အချိန်ပိုလုပ်ပြီး ဒီနေ့ နေ့လည်စာ အငတ်ခံခဲ့ရတယ်လေ ''

"စီနီယာ Wei က လူတွေနဲ့ဆက်ဆံရေးကို တကယ်ဂရုစိုက်တာပဲ '' ChenYue ချီးကျူးလိုက်တယ်

Cao YuDong ခေါင်းညိတ်လိုက်တယ် '' သူက တစ်ချို့ကျောင်းနေဖက်တွေကို တစ်ကယ် ဂရုစိုက်တာ '' WeiChu ရဲ့သူငယ်ချင်း အနေနဲ့ သဘောထားကြီးစွာ ထောက်ခံပေးလိုက်တယ်

လူတိုင်းလိုလိုရောက်ပြီဆိုတော့ အဖွဲ့လိုက် စားသောက်ဆိုင်ရဲ့ငါးလွှာကို တက်သွားပြီး ဟင်းလျာတွေမှာဖို့ ဘိုကင်လုပ်ထားတဲ့အခန်းထဲဝင်လိုက်ကြတယ် SuLe ဘေးမှာထိုင်နေတဲ့ Li Xuan Ran ဟာ ရုတ်တရက် ရင်းနှီးတဲ့မိတ်တွေတစ်ယောက်ကိုတွေ့လိုက်တဲ့အတွက် သူမနဲ့ထိုင်ဖို့ထွက်သွားလေတယ် ဆယ်စက္ကန့်လောက်အကြာမှာတော့ SuLe ဘေးက ခုံအလွတ်ဟာ နာမည်ကြီးWeiChu နဲ့ပြည့်သွားလေတော့တယ်

သူဟာ SuLe အမူအရာမဲ့နေတာကို သတိထားမိပုံနဲ့ ကြော့မော့စွာမေးလာတယ် '' ကိုယ် မင်းဘေးမှာလာထိုင်တာကို အသားမကျဘူးလား ''

SuLe နှုတ်ခမ်းတွေတွန့်ကွေးသွားတယ် ''မဟုတ်ပါဘူး ကျွန်မကဂုဏ်တောင်ယူမိနေတာ '' သူမရဲ့လက်ထဲမှာ မီနူးကို ခိုင်ခိုင်မာမာကိုင်ထားပြီး သူမ မနှစ်သက်လေတဲ့ ဟင်းလျာတစ်ခုကို ကြုံရာကျပန်းရွေးချယ်လိုက်တယ်

"မင်းက ကြက်ဟင်းခါးသီးနဲ့ကြက်ဥ မွှေကြော်တာကို ကြိုက်တယ်ပေါ့ ''WeiChu ဟာ SuLe လက်လှမ်းမှီတဲ့နေရာမှာ သူမအတွက် လ်ဘက်ရည်ခွက်ကို ချပေးလိုက်တယ်

SuLe ဟာ တစ်ခြားဟင်းလျာတစ်ခုကို ကြုံသလိုရွေးချယ်လိုက်ပြီး WeiChu ဆီ မီနူးလှမ်းပေးလိုက်တယ် သူမ ကြက်ဟင်းခါးသီးကိုမကြိုက်ပေမယ့် ရွေးချယ်ပြီးသွားပြီလေ ပြီးတော့ဒီမှာလူတွေအများကြီး တစ်ယောက်ယောက်တော့ကြိုက်မှာသေချာပါတယ် သူမ Wei Chu ကိုပြုံးပြလိုက်တယ် '' တစ်ခါတစ်လေ လူတစ်ယောက်ရဲ့အကြိုက်ကို ပြောင်းလဲတာက ကောင်းပါတယ် ''

WeiChu ဟာ စီချွမ်းအစားအစာအနည်းငယ်ကို ရွေးချယ်လိုက်တာမြင်တော့ SuLe ရယ်မောကာ '' ကျွန်မတို့ရဲ့အကြိုက်တွေ တူနေလိမ့်မယ်လို့ လုံးဝမထင်ထားဘူး ''

"တကယ်လား '' WeiChu ဟာ အနည်းငယ်အံံအားသင့်သွားပုံရပြီး သူဘေးကလူဆီ မီနူးကမ်းပေးလိုက်ကာ ရှင်းပြလေတယ်'' ကိုယ့်အဖွားက စီချွမ်းကလေ သူက စီချွမ်းစာတွေချက်တာ တော်တော်ကောင်းတယ်''

SuLe မျက်ဝန်းတွေလက်သွားတယ် '' ကျွန်မလည်း စီချွမ်းစာတွေက တော်တော်လေးကောင်းတယ်လို့ ထင်တယ် ''

WeiChu ဟာ တင့်တယ်စွာပြုံးကာ ပြောတယ် ''ကိုယ်လည်း ကိုယ့်အဖွားဆီက ဟင်းချက်နည်းတစ်ချို့သင်ထားဖူးတယ် မင်းမှာအချိန်ရှိရင် ကိုယ်ချက်ကျွေးမယ့်စီချွမ်းစာတွေကို လာမြည်းစမ်းကြည့်လို့ရတယ် ''

SuLe ဟာ တောက်ပစွာပြုံးကာ '' ဟုတ်ပြီလေ အခွင့်ရရင်တော့ အသေအချာကိုလာမြည်းမယ် '' SuLe ဟာ WeiChu ဟင်းချက်တတ်တာကိုသိပြီး တကယ်ကိုအံ့သြသွားခဲ့ပေမယ့် ရုတ်တရက်ဖိတ်ကြားချက်တစ်ခုကို အတည်ပေါက်ကြီးမှတ်ယူလိုက်ဖို့ထိတော့ မရူးမိုက်လေဘူး မိန်းမတစ်ယောက်အနေနဲ့ သူမဟာ အထက်မြက်ဆုံးမဟုတ်ရင်တောင်မှ မတူညီတဲ့အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာတော့ အနည်းဆုံးသိသင့်တာပေါ့

SuLe ဟာ သူရဲ့ဖိတ်ကြားချက်ကို အတည်မယူမှန်း WeiChu မြင်နိုင်လေတော့ ထိုအကြောင်းအရာကိုဆက်မပြောတော့ပဲ ခေါင်းစဉ်ပြောင်းလိုက်တယ် '' မင်း အလုပ်ထွက်စာတင်လိုက်တယ်လို့ ကိုယ် ChenYue ဆီက ကြားတယ် ကိုယ့်ကုမ္ပဏီမှာအလုပ်လာလုပ်ဖို့ စိတ်ဝင်စားလား ''

SuLe ဟာ ရုတ်တရက်လန့်သွားပေမယ့်လည်း ချက်ချင်း အပြုံးလေးနဲ့ငြင်းလိုက်တယ် '' ကျေးဇူးတင်ပါတယ် စီနီယာ Wei ဒါပေမယ့် ကျွန်မက အခုထိအလုပ်ရှာဖို့ကို အလျင်လိုမနေပါဘူး ကျွန်မဘာသာအရင် အချိန်ယူပြီး ရှာကြည့်ပါဦးမယ် '' ပြောပြီးနောက် SuLe နှလုံးသားဟာ တင်းကြပ်သွားတယ် အနှေးနဲ့အမြန် ChenYue နဲ့ပါးစပ်ကို ချုပ်ပစ်ဖို့လိုနေပြီ

သူမ အလုပ်လုပ်နေတုန်းက သူမရဲ့လစာက သိပ်မမြင့်ပေမယ့် သူမဟာ တစ်ခြားအတန်းဖော်တွေလို အိမ်ငှါးခပေးစရာမလိုလေတော့ ပိုက်ဆံနည်းနည်းစုမိထားခဲ့တယ် ထပ်ပေါင်းရရင် သူမဟာ ဝင်ငွေအနည်းငယ်ရတဲ့ အွန်လိုင်းဝတၳုရေးရတာကို သဘောကျလေတော့ အခုထိ လအနည်းငယ်လောက်တော့ သူမအသက်ရှင်ဖို့ သိပ်ပြဿနာမရှိဘူး WeiChuရဲ့ ဖိတ်ကြားမှုကိုတွက်လိုက်ရင် အစကရုတ်တရက်မို့ အံံ့သြသွားခဲ့ပေမယ့် သူမ ခပ်မြန်မြန်ပဲ ပြင်လို့ရလိုက်လေတယ် အဲ့တာက သာမာန်ကျောင်းနေဖက်တွေကြားက ယဉ်ကျေးတဲ့စကားဝိုင်းတစ်ခုသက်သက်ပဲလေ သူမအတည်ပေါက်မှတ်ယူစရာမှ မလိုတာ သူမ တကယ်ပဲ WeiChu ကုမ္ပဏီကို ဝင်ချင်ရင်တောင်မှ အဆက်အသွယ်တွေကနေမဟုတ်ပဲ သာမာန်အင်တာဗျူးကနေပဲ ဝင်မှာ

Chen Yue ဘေးမှာထိုင်နေတဲ့ Cao Yu Dong ဟာ မေးစေ့ကိုပွတ်ရင်း ပြောတယ် '' Chen Yue ဒီနေ့ WeiChu တစ်ယောက် စကားတော်တော်ပြောပြီး သိပ်ကိုပျော်နေတယ်လို့ မင်းမထင်ဘူးလား''

ChenYue ထိုနှစ်ယောက်ကို လှမ်းကြည့်လိုက်တော့ WeiChuဟာ SuLe ရဲ့ဇွန်းကိုသုတ်ပေးနေတာ တွေ့လိုက်ရတယ် သူမဟာ အကြည့်ကိုရုတ်လိုက်ကာ ပြောတယ် '' ချက်ကျကျပြောရရင် ကျွန်မတို့ သက်သက် အမြင်မှားနေရုံပါ '' SuLe အဲ့ဒီအရူးမ WeiChu က သူ့အတွက် အဲ့လောက်ထိ လုပ်ပေးနေတာကို လက်ခံရတယ်လို့ စီနီယာ Wei က သူမကိုလိုက်ချစ်ရေးဆိုနေကျ အဲ့ဒီလူငယ်ကောင်လေးတွေနဲ့တူတယ်လို့များ ထင်နေတာလား အဲ့ဒီအရူးမ ဘာတွေတွေးနေတာလဲ

ဟင်းလျာတွေဟာ စားပွဲပေါ်ကို မြန်မြန်ပဲရောက်လာပြီး အကုန်လုံးဟာ သိပ်ကိုကောင်းမွန်ပုံရလေတယ် SuLe ရွေးချယ်ထားတဲ့ ဟင်းလျာ '' ထောင်ချီသော ငွေချည်မျှင်များ '' ဟာ တကယ်တမ်းတော့ ကြာဆံကို တစ်ချို့အအေးစာတွေနဲ့ရောထားတာကြီးဖြစ်နေတယ် ဟင်းလျာကိုမြည်းကြည့်လိုက်ပြီး သူမဟာ တည်ငြိမ်စွာနဲ့ တူတွေကို ချလိုက်တယ် ဒီစားသောက်ဆိုင်မှာ ဟင်းလျာတွေအတွက် ပေးထားတဲ့နာမည်တွေက ခါတိုင်းလိုပဲ  သိပ်ကိုသိမ်မွေ့လေပေမယ့် အရသာကတော့ သာမာန်ပဲ... သိပ်မကြီးကျယ်နေဘူး

စားပွဲပေါ်က ကျန်တဲ့ဟင်းလျာတွေအကုန်လုံး ကြည့်ရတာတော့ သိပ်အမြင်တင့်ပေမယ့် အရသာကတော့ ဘာမှ သိပ်ထူးခြားမနေဘူး

''လိပ် တောင်ရှုခင်း '' စွပ်ပြုတ်အရသာက ရေအတိုင်းပဲ
'' နဂါးဂိတ်ဝကိုခုန်ထွက်မယ့် ငါး ''ကတော့ ငါးရဲ့လတ်ဆတ်တဲ့အရသာပျောက်နေတယ်
ကင်းမွန်နဲ့ ပင်လယ်ခရုရဲ့အရသာကတော့ ဘာစကားလုံးနဲ့မှ ဖော်ပြလို့ရနိုင်မယ်မထင်ဘူး
SuLe အတွက် အကောင်းဆုံးဟင်းလျာကတော့ ရှာလကာရည်နဲ့ကြော်ထားတဲ့ တရုတ်မုန့်ညင်းပဲ ဖြစ်လိမ့်မယ် အနည်းဆုံးတော့ အဲ့တာက တရုတ်မုန့်ညင်းအရသာထွက်သေးတယ်လေ

"ဒီ ကောင်းကင်ယံကဇာမဏီ ဟင်းလျာကို မြည်းကြည့် မှိုအရသာက အဆင်ပြေတယ် '' WeiChu ဟာ ဟင်းလျာတွေ SuLe ရှေ့မရောက်ခင်အထိ လည်နေတဲ့ စားပွဲကြီးကို လှည့်လိုက်ကာ တည်ကြည်လေးနက်စွာပြောလာတယ် ''အနည်းဆုံးတော့ စားလိုက်ရင် မှိုအရသာကို ခံစားလို့ရနိုင်သေးတယ်လေ ''

SuLe ဟာ ရယ်မိမလိုတောင်ဖြစ်သွားတယ် ပြီးမှ ကြက်ဝမ်းဗိုက်ထဲက မှိုကိုယူဖို့ တူကိုကောက်ကိုင်လိုက်တယ် ထို့နောက် '' အဲ့တာက ကြက်စွပ်ပြုတ်မဟုတ်ဘူးလား ဘာလို့ ကောင်းကင်ယံက ဇာမဏီလို့ ခေါ်တာလဲ ''

WeiChu ဟာ SuLe ပန်းကန်လုံးထဲသို့ ဟင်းရည်တစ်ချို့ ခပ်ထည့်ပေးကာ ''မြန်မြန်သောက်လိုက် မကြာခင် အရက်ကို အငမ်းမရ သောက်ကြမယ့်အချိန် ရောက်လာတော့မယ် '' WeiChu ဟာ အနည်းငယ်ပြုံးရင်း ပြောလာတယ်

SuLe ဟာ ခေါင်းငုံ့ထားလျက်ပဲ ကြက်စွပ်ပြုတ်ကိုသောက်နေရင်း ဒီစီနီယာ Wei ဟာ ကောလဟာလတွေထဲကလို တစ်သီးတစ်ခြားနိုင်ပြီး လက်လှမ်းမမှီ အထက်စီးဆန်တဲ့ပုံပေါက်မနေဘူးလို့ မတွေးမိပဲမနေနိုင်တော့ဘူး

SuLe နဲ့ WeiChu  အပြန်အလှန်ဆက်ဆံပုံတွေကို မြင်တော့ ZhaungWei မျက်လုံးဟာမှေးစင်းသွားတယ်

SuLe စွပ်ပြုတ်ကိုသောက်ရင်း ခင်ပွန်းရှာဖို့ နောက်ထပ်စံချိန်တစ်ခု ထပ်ထည့်လိုက်တယ် သူမလူဟာ ဟင်းချက်တတ်ဖို့လိုရုံမကပဲ အရက်နည်းနည်းပဲသောက်တဲ့လူဖြစ်ရမယ်

အစားအသောက်တွေ ဆက်စားနေရင်း WeiChu တားနေရင်းနဲ့မှ SuLe ဟာ အတင်း အရက်တိုက်ခံရတယ် SuLe တောက်လျှောက်ပျက်ရယ်ပြုခဲ့တဲ့ SuLe နဲ့ WeiChu ရဲ့ ပတ်သက်မှုကို စနောက်ကြတဲ့လူတွေလည်းရှိလာတယ် သူမနဲ့ WeiChu က ပတ်သက်မှုတစ်ခုရှိတယ်ဆိုပြီး ပြောတာက ZhaungWei က သူမဆီကို မျက်ရည်လည်ရွဲနဲ့ သူမှားပါပြီ သူမဆီပြန်လာခွင့်ပေးပါလို့ ပြောမှာထက်တော့ ပိုကောင်းပါတယ်

လူတိုင်း ကျသင့်ငွေရှင်းဖို့သွားခါမှသာ ZhaungWei ဟာ အကုန်ရှင်းပြီးသွားတာကို သိလိုက်ကြရတယ် LinQi ရဲ့မျက်နှာပေါ်က ဘဝင်လေဟပ်နေတဲ့ အကြည့်ကို SuLe မြင်တော့ သူမနဖူးကြောကိုနှိပ်နေရုံမှလွဲ မတတ်နိုင်လေဘူး ထို့နောက် အချိန်ကြည်ဖို့ အိတ်ထဲကဖုန်းကိုထုတ်လိုက်တယ်

သူမ သီချင်းဆိုရဖို့အခွင့်အလမ်းကသိပ်မရှိပေမယ့် သူမ တော်တော်လေး ရီဝေဝေဖြစ်နေတယ်လို့ ခံစားနေရတယ် သီချင်းဆိုခိုင်းရင်တောင်မှ သူမဆိုနိုင်ပါဦးမလား

"SuLe တော်တော်လေးမူးနေပြီ ငါ အိမ်ပြန်လိုက်ပို့လိုက်တော့မယ် မင်းတို့ သီချင်းသွားဆိုကြ ငါတို့မလိုက်တော့ဘူး'' SuLe မငြင်းဆန်နိုင်သေးခင် WeiChu ဟာပြောပြီးသွားပြီ SuLe မျက်လုံးတွေတွန့်ကွေးသွားတယ် ညီအစ်ကို သရုပ်ဆောင်တာကို အဲ့လောက်ထိစိတ်နှစ်စရာမလိုပါဘူး ရှင့်ကိုယ်ရှင် ကျွန်မ ကောင်လေးလို့များ တကယ်တွေ  ထင်နေတာလား SuLe တုန်တက်သွားတယ် ဒီလိုလူမျိုး က သူမရည်စားသာဆို တစ်ခြား မိန်းမတွေ ကျိန်စာတိုက်လို့ သေမှာအသေအချာပဲ

SuLe တုန်သွားတာကိုမြင်တော့ WeiChu မေးလိုက်တယ် ''ဘာဖြစ်လို့လဲ အေးလို့လား '' သူဟာ SuLe ဝတ်လာတဲ့ အဝတ်အစားတွေကိုတစ်ချက်ကြည့်လိုက်ပြီး သူမဘေး လေလာရာဘက်မှာ ပိတ်ရပ်လိုက်ကာ ခိုင်မာစွာပြောလာတယ် ''ကိုယ် မင်းကိုအိမ်လိုက်ပို့ပေးမယ် ''

ရှိသမျှလူတိုင်း ထိုမြင်ကွင်းကိုမြင်သွားပြီး လှောင်ပြောင်ကြတယ် Wei Chu က သူ့ကောင်မလေးကို သိပ်ချစ်ပြီး သူတို့SuLe ကို ဘယ်လိုအားကျတယ်ဆိုကြောင်းတွေ ပြောနေလေတယ် အကုန်လုံး SuLe က ZhaungWei ကောင်မလေး ဖြစ်ခဲ့ဖူးတာကို မေ့သွားကြသလိုမျိုး

SuLe ကအဲ့ဒီစကားတွေကို စိတ်ထဲမထည့်ပါဘူး ဒီအခွင့်အရေးကိုယူပြီး ဒီကထွက်သွားချင်လို့ WeiChu အကြံပြုချက်ကို လက်ခံလိုက်တာလေ WeiChu က သူမရဲ့ ''အလှအပ '' ကို နှစ်သက်ပြီး သူမနဲ့နှစ်ယောက်ထဲ ဟိုဟိုဒီဒီကိစ္စတွေလုပ်နိုင်ဖို့ တမင်သက်သက် ကြိုးစားနေတာ ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ SuLe ဟာ လုံးဝကိုစိတ်ပူမနေဘူး

ဘာလို့ဆို ပထမအချက်.....WeiChu ရဲ့အကြိုက်ဟာ ဒီလောက်ထိဆိုးရွားမှာမဟုတ်ဘူးလို့ သူမခိုင်ခိုင်မာမာ ယုံကြည်ထားလို့
ဒုတိယအချက်.... သူမကို လူတွေအများကြီးရှေ့ကခေါ်ထုတ်ပြီး တစ်ခုခုလုပ်ဖို့လောက်ထိ WeiChu က မရူးမိုက်လို့
တတိယအချက်.....A တက္ကသိုလ်က ဂုဏ်သရေရှိလူတစ်ယောက်အနေနဲ့ သူက အဲ့လောက်ထိ လူပြိန်းဆန်နေမှာ မဟုတ်တာ အသေအချာပဲ

အဲ့တော့ ရှိနေတဲမိန်းမတွေရဲ့ အားကျတဲ့အကြည့်တွေအောက်မှာတင်ပဲ SuLe ဟာ WeiChu နဲ့အတူထွက်သွားတယ် သေချာတာပေါ့ Zhuang Wei ရဲ့မျက်နှာပေါ်မှာချိတ်ဆွဲနေတဲ့ အကျည်းတန်တဲ့မျက်နှာထားကို သူမလုံးဝမမြင်လိုက်ဘူးလေ...

TBC....

ဟင်းနာမည်တွေက အဆင်ပြေသလို ပြန်ထားတာပါ
ဖတ်ရတာ အဆင်ပြေဖို့မျှော်လင့်ပါတယ်

Continue Reading

You'll Also Like

475K 40.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
328K 18K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
481K 11.5K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."