" နွဲ့ဆိုးဗိုလ် "

DarkSideProduction द्वारा

282K 2.9K 33

ရေးသားသူ - Min Lwin Myue Hein တစ်​​ခေတ်​တစ်​ခါက mlgbts website တွင်​ နာမည်​ကြီးခဲ့​သော အခန်းဆက်​ဝတ္ထုရှည်​... अधिक

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
ဇာတ်​သိမ်းခန်း
UNICODE
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁ - ဇာတ်သိမ်းပိုင်း

၂၁

2.7K 34 0
DarkSideProduction द्वारा

( ၂၁ )

ကိုလင်း မရှိတော့တဲ့နောက် .. ဗိုလ်ဗိုလ့် ကို ဆက်ခံသူက .. Anjali ပါ။ မြန်မာလို ဆိုရင်တော့ အဉ္ဇလီပေါ့။ ဗိုလ်ဗိုလ် ၁၀တန်းအောင်ရေး .. ဆိုတာကြီးကိုပါ အမွေရယူ လိုက်သူပါ။

အဉ္ဇလီ့ကို .. ကိုလင်းရဲ့  အသင်းတော် ဂီတသင်တန်းမှာ .. စ တွေ့ တာပါ။ သူ တို့  မျိုးရိုးစဉ်ဆက်က .. အိန္ဒိယ တိုင်းရင်းအနွယ်တွေပါ။ အဉ္ဇလီ့ကို မွေးပြီးတာနဲ့  .. သူ့ မိခင် တိမ်းပါးသွားတာမို့  .. အဖေတစ်ယောက် .. အစ်ကိုတစ်ယောက် နဲ့  ကြီးပြင်းလာရတဲ့ အဉ္ဇလီ ဟာ .. ယောက်ျားနည်းနည်းဆန်ပါ တယ်။

အဉ္ဇလီ ဟာ .. ကိုလင်း အစား .. ဗိုလ်ဗိုလ့် ရဲ့  ပြေးဖော်ပြေးဘက် .. စက်ဘီး စီးဖော် စီးဘက် ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ဗိုလ်နဲ့  အတူ .. လမ်းလျှောက်တယ် .. ပြေးတယ် .. စက်ဘီးစီးတယ်။ ဗိုလ်ဗိုလ် ကလည်း .. ကိုလင်း အစားရခဲ့တဲ့ .. သူငယ်ချင်း ဆိုပြီး .. အဉ္ဇလီ့ကို ခင်ပါတယ်။

ဗိုလ်ဗိုလ်က ယောက်ျားလေးမို့  .. စက်ဘီး စီးကြရင် .. အဉ္ဇလီ့ ကို .. စက်ဘီး အနောက်က တင်စီးတယ်၊ အဉ္ဇလီ သွားချင်ရာ ကို .. အဖော်လိုက်ပေးပါတယ်။

အဉ္ဇလီ အတွက်လည်း .. ဗိုလ်ဗိုလ် ဟာ ယောက်ျားလေး အဖော် သူငယ်ချင်း တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။

အသင်းတော်ပေါင်းစုံ မိတ်သဟာယ အားကစားပွဲ လုပ်လို့  .. အဉ္ဇလီ တို့  ရန်ကုန် အသင်းတော်ဘက် က .. ဗိုလ်ဗိုလ် ဘောလုံးဝင်ကန်ရင် .. အဉ္ဇလီ က ဂိုးစောင့်နေသေးလို့  တစ်ဘက်အသင်းက ထပြီး ကန့် ကွက်ပါတယ်။ အဉ္ဇလီ့ကို .. ဘေးထွက် ထိုင်နေခိုင်းရပါတယ်။

လွိုင်ကော်ကို Camp သွားကြတော့လည်း .. ဗိုလ်ဗိုလ်က အသင်းတော်က .. ကရင်လေး ခွားလေးနဲ့  .. ယောက်ျားလေး အချင်းချင်း .. တစ်ခန်းထဲ အိပ်ရတယ်။ ခွားလေးနဲ့  အတူတူ ဖက်အိပ်ကြဘို့  ဟန်ပြင်နေခါမှ .. အခန်းတံခါး ကို လာခေါက်လို့  ဖွင့်ကြည့်လိုက်တော့  အဉ္ဇလီ .. .. ..

“အော် .. ဗိုလ်ဗိုလ် .. နင်က ဒီမှာ လာအိပ်နေတယ် .. ငါက .. ဘယ်မှာ .. သွားအိပ်ရမှာလဲ .. .. နင် ငါ့ကို ခွဲခြားခွဲခြား မလုပ်နဲ့ လေ။”

ဟာ .. ပြဿနာပဲ။

“အဉ္ဇလီ .. နင် .. ငါ့နဲ့  လာအိပ်ရအောင် .. နင့်မှာ .. ငါတို့ လို .. ဟိုဟာပါလို့ လား .. .. .. .. ဟင်း .. ငါ ပြောလိုက်ရ မကောင်း ဖြစ်ကုန်တော့မယ် နော။ တော် .. တော် .. .. အဉ္ဇလီ .. နင် .. ယောက်ျားလေး ဆိုရင် ငါ့နဲ့  လာအိပ်။”

အဲ့လို ပြောလိုက်မှပဲ .. အဉ္ဇလီ .. ချာကနဲ လှည့်ထွက်သွားပါတော့တယ်။

နောက်ဆုံး အဉ္ဇလီ က .. မြန်မာဆန်ဆန် ဟင်းတွေ ချက်တတ်ချင်တယ် ဆိုလို့  ဗိုလ်ဗိုလ်က မေမေ့ကို ပြောပြပြီး အဉ္ဇလီ့ ကို .. ဗိုလ်ဗိုလ် တို့  အိမ်မှာ ဟင်းချက်နည်း လက်တွေ့  အတတ်သင်တန်း တက်စေပါ တော့တယ်။ သင်တန်းကာလ အတွင်းမှာတော့ ဗိုလ်ဗိုလ် တစ်ယောက် .. အမေ့ ဈေးခြင်းတောင်း .. ကိုင်လိုက်စရာ မလိုတော့ဘူးပေါ့။

အဉ္ဇလီ နဲ့  တွဲလွန်းလို့  ဖေဖေက ..

“ငါ့သား ဘာသာခြားနဲ့  ညားသွားဦးမယ်နော်”

လို့  စိုးရိမ်ပြပါသေးတယ်။ ချစ်သူငယ်ချင်း သီဟန်ကတော့ ..

“ဗိုလ်ဗိုလ် .. မင်းမှာတွဲစရာ စော်ရှားသွားပြီလား”

တဲ့။

ဗိုလ်ဗိုလ် ပြုံးလို့ ပဲ နေလိုက်ပါတယ်။

ကိုယ့်ကိုယ်ကို ကိုယ်အသိဆုံးပါ။

အဉ္ဇလီ က ဗိုလ်ဗိုလ်ထက် ၂နှစ်ငယ်လို့  .. အတန်း ၂တန်းလည်း နောက်ကျတာမို့  .. အခုမှ ၁၀တန်း တက်တာပါ။ အဲ့တော့ .. အဉ္ဇလီ့ ဆီမှာ .. ကျောင်းစာ လတ်လတ်ဆတ်ဆတ် အသစ်တွေ ရှိတယ် .. စုံတယ်လေ။ ဒီတော့ .. ဗိုလ်ဗိုလ် .. အဉ္ဇလီ့ အိမ်ကို သွားပြီး .. စာသွားကြည့်ရတယ်ပေါ့။

ဗိုလ်ဗိုလ် တစ်ယောက် .. ကိုလင်း ကလည်း မရှိတော့ဘူး .. ၁၀တန်းကလည်း ထပ်ကျပြန်တော့ .. စိတ်က တော်တော်ကြီးကို .. လေသွားပြီ။ လူလည်း ဂျလေဘီ ဖြစ်မှန်းမသိ ဖြစ်နေပြီ။

သီဟန် တစ်ယောက်သာ .. ဗိုလ်ဗိုလ့် ကို အနီးကပ် ထိန်းပေး နေတာပါ။ Maths မေဂျာ ယူထားတဲ့ သီဟန်က .. ဗိုလ်ဗိုလ့် ဆီကို တကူးတက လာပြီး .. Maths ကို Guide လာလုပ် ပေးပါတယ်။

သီဟန် တော်ပါတယ်။ ဗိုလ်ဗိုလ့်ကို တကယ် ချစ်တာပါ။ ဆိုခဲစေ မြဲစေ သီဟန် ပါ။ ကိုလင်းနဲ့  သူ့  နဲ့  တစ်ယောက်ယောက်ကိုရွေး .. ဆိုပြီး သီဟန် .. မိုက်ကန်းကန်း တောင်းဆိုခဲ့တုန်းက .. ဗိုလ်ဗိုလ် က .. သီဟန့်  ကို ငြင်းပယ်ခဲ့တယ်လေ။ အဲ့တုန်းက သီဟန်က ..

“ငါကတော့ မင်းကို အမြဲ ခင်သွားမှာ ..”

တဲ့လေ။

ဒီနှစ်တော့ .. ဗိုလ်ဗိုလ် .. ၁၀တန်း အောင်တယ်။

ဗိုလ်ဗိုလ် ကျွတ်သွားပြီ။ ကျွတ်တာမှ ၀တ်ထားတဲ့ ပုဆိုးပါ ကျွတ်တာ။ ဗိုလ်ဗိုလ် ထခုန်လိုက်လို့  လေ။

“ဟိတ်ကောင် .. .. စိတ်ထိန်းဦး။ ဖင်ပေါ်နေပြီ။ မင်းဘေးမှာ လူတွေ အများကြီး။”

အောင်စာရင်း အဖော်လိုက်ကြည့်ပေးတဲ့ သီဟန်က ဗိုလ်ဗိုလ့် ကို သတိပေးရတဲ့ အထိ ဗိုလ်ဗိုလ် ပျော်သွားတာပါ။

“တွေ့ လား .. ဗိုလ်ဗိုလ် .. မင်းကို .. ငါ စာပြပေးလို့  .. မင်း အောင်တာ။ ငါ့ကို အာဘွားပေး။”

လုပ်နေပြန်ပြီ .. သီဟန်။ သူ့ ပါးကို .. လက်ညှိုးနဲ့ ထောက်ပြနေတယ်။

ကိုလင်း မရှိတော့လို့  .. ငါ့မှာ ငတ်နေတာနော် .. သီဟန်။ ဒီတစ်ခါ .. မင်း .. ပစ်မှတ် ဖြစ်သွားမယ်။

“လာ .. လာ .. အိမ်ပြန်လိုက်ခဲ့။ အိမ်ရောက်မှ .. မင်းကို ပေးမယ်။ ဒုတ်။”

“ဟား .. ဟား .. ဟေ့ရောင် .. မင်း .. ယောက်ကရှာမလေးရော .. အောင်လား။”

“အော် .. အေး .. ငါ ဖုံးဆက်ကြည့်လိုက်ဦးမယ်။ သူတို့  ဘေးအခန်းမှာ ဖုံးရှိတယ်။”

ဗိုလ်ဗိုလ် ဖုံးပြောလို့ အပြီး .. ဗိုလ်ဗိုလ်ရဲ့  အပျော်တွေဟာ .. ခေတ္တခနတာပဲ ခံလိုက်ပါတယ်။

“အဉ္ဇလီ ကျတယ်ကွ ..”

“အိုး အို .. .. ဘယ်လို ဖြစ်သွားတာလဲ။ .. .. .. သွား.. သွား .. ဟေ့ရောင်ရေ .. သွားတော့ ..

မင်း .. ဘောပြားမလေးကို .. သွားချော့ချည်တော့။ ငါ မလိုက်တော့ဘူး။ ငါ့ကို နောက်မှ .. တစ်ခုခု လိုက်ကျွေး။ ငါလစ်ပြီ။”

အဉ္ဇလီ က ဗိုလ်ဗိုလ့်လို .. ပြည့်စုံသူ မဟုတ်လို့  .. ၁၀တန်းကျတယ် ဆိုတာနဲ့  ကျောင်းပြန်မတက်တော့ဘဲ .. ကုမ္ပဏီ တစ်ခုမှာ .. ရတဲ့ အဆင့်နဲ့  အလုပ်ဝင်လိုက်ပါတယ်။ ၁၀တန်းကိုတော့ .. ပြင်ပဖြေပဲ ဖြေမယ်လို့  .. ဆိုတယ်။

ဗိုလ်ဗိုလ့်မှာ .. တစ်လှည့် တာဝန်ရှိသွားပြန် တာပေါ့။

ဗိုလ်ဗိုလ် .. တက္ကသိုလ် တက်နေချိန်မှာ .. အဉ္ဇလီက ကုမ္ပဏီဝန်ထမ်းတစ်ပိုင်း .. ၁၀တန်းကျောင်းသူ တစ်ပိုင်းပါ။ ဗိုလ်ဗိုလ် .. အဉ္ဇလီ အလုပ်လုပ်တဲ့ ရုံးကို .. လမ်းကြုံတယ် ဆိုရင် ၀င်ဖြစ်ပါတယ်။ အဉ္ဇလီ့ အိမ်ကိုလည်း .. မကြာမကြာ သွားဖြစ်ပါတယ်။ လိုအပ်မယ် ထင်တာကို .. ကူညီပေးပါတယ်။ သူငယ်ချင်းဟာ သူငယ်ချင်းပဲလေ။ ၁၀တန်းကျဘူးတဲ့ ဗိုလ်ဗိုလ် .. ကောင်းကောင်း ကိုယ်ချင်းစာ တတ်တာပေါ့။

အဉ္ဇလီ လည်း .. ကုမ္ပဏီဝန်ထမ်းဖြစ်သွားမှ .. တော်တော်ပြောင်းလဲသွားတယ်။ ယောက်ျားလေး စိတ်မျိုး မထားတော့ဘဲ .. မိန်းခလေးအသွင်ကို ယူလာတယ်။ အပြောအဆို အနေအထိုင် အသွားအလာ .. ဆင်မ ယဉ်သာ မဟုတ်သော်လည်း .. ကျားကျားလျားလျား .. ဇို့ ဇို့ ဇောင့်ဇောင့် ကျားသွား သွားတာ မျိုးတော့ .. မဟုတ်တော့ဘူးပေါ့။

နောက်နှစ်မှာတော့ .. အဉ္ဇလီ ၁၀တန်း အောင်သွားပါတယ်။ လက်ရှိ အလုပ်လည်း မြဲသွားတယ်ပေါ့။

အဲ .. မကြာမတင်မှာပဲ .. အဉ္ဇလီ အိမ်ထောင်ပြုပါတယ်။ သူ့  အထက်က တာဝန်ခံ တစ်ယောက်နဲ့  တဲ့။ အဉ္ဇလီ့ ရုံးကို ချောင်းပေါက်အောင် လာနေတဲ့ .. ဗိုလ်ဗိုလ့်ကို ရုံးက စာရေးမတွေက  ပြုံးစိပြုံးစိလုပ်ပြီး ..

“နင်နောက်ကျသွားပြီ ဗိုလ်ဗိုလ်။”

တဲ့။

မဆီရေးတယ်မှ မဆိုင်။ အလကား ဘေးတီး တွေပါ။ ရုပ်ရှင်တွေထဲက အတင်းပြောပြောနေကြတဲ့ ဇာတ်ပို့ ဇာတ်ရံ မမတွေလိုပေါ့။ အဉ္ဇလီနဲ့  ဗိုလ်ဗိုလ်တို့ ကြားက ဖြူစင်တဲ့ ခင်မင်မှုကို အရောင်နဲ့  မြင်နေကြတာလေ။ အင်းလေ .. သူတို့ က .. နေကာမျက်မှန် တပ်ကြည့်ကြလို့ .. နေမှာပေါ့။

တကယ်တော့ .. အဉ္ဇလီ .. အားကိုးရှာလိုက်တာပါ။

မိသားစု အပေါ် .. လစ်လျုရှုထားတဲ့ .. အစ်ကိုအရင်း ရဲ့  ဒဏ်ကို .. ပြေလည်ချင်တာရယ် .. ပင်စင်စား ဖခင်အိုကြီးကို .. ကြည့်ရှုစောင့်ရှောက်ချင်တာရယ် ကြောင့် .. အဉ္ဇလီ .. သူ့ ရဲ့  ဆရာ .. ဌာနတာဝန်ခံ ဆိုသူနဲ့  .. ယူလိုက်တာပါ။

သူတို့  .. တရားရုံးမှာ လက်ထပ်ကြတော့ .. ဗိုလ်ဗိုလ် ကိုယ်တိုင် လိုက်သွားပြီး ဓါတ်ပုံရိုက်ပေးရပါသေး တယ်။ သူ့  အမျိုးသား က .. အဉ္ဇလီ နဲ့ တော့ .. ယုံကြည်ကိုးကွယ်ရာ ဘာသာ မတူပြန်ဘူး။ ဗိုလ်ဗိုလ် တို့ လို .. မိရိုးဖလာ ယုံကြည်သူပါ။

သူ့  အမျိုးသားက တော်ရှာပါတယ်။ အဉ္ဇလီ့ ဖခင်အိုကြီးကို အိမ်ပေါ် ခေါ်တင်ထားပြီး .. ကြည်ကြည်ဖြူဖြူ ပဲ လက်သင့်ခံပါတယ်။

အဲ .. .. .. သူ လက်မခံတာကတော့ .. ဗိုလ်ဗိုလ့် ကို .. .. .. ဇော်ဇော်ဗိုလ် ကိုပါ။

အဉ္ဇလီ ထက် ၁၀နှစ်လောက်ကြီးတဲ့ .. သူ့  အမျိုးသားက .. အဉ္ဇလီ နဲ့  ၂နှစ်လောက်ပဲ ကွာတဲ့ .. ဗိုလ်ဗိုလ်ကို မကြည်ဖြူပါဘူး။ လူကြီးပီပီ ဖွင့်ဟ မပြောပေမယ့် .. အဉ္ဇလီ တို့  အိမ်ကို .. ဗိုလ်ဗိုလ် ရောက်သွားရင် .. ဗိုလ်ဗိုလ့်ကို စကားမပြောတာတို့  .. ထသွားတာတို့  .. မျက်နှာပျက်ပြတာတို့  တွေ ကြိမ်ဖန်များစွာ .. လုပ်ပြလာပါတယ်။

ဗိုလ်ဗိုလ်က ယောက်ျားလေးပဲ။ ယောက်ျား .. ယောက်ျား ချင်း .. သိတာပေါ့။ တီကောင် .. တီကောင်ချင်း တော့ .. ခြေမြင်တယ်ပေါ့။

အဉ္ဇလီ့ အိမ်ဟာ .. ဗိုလ်ဗိုလ် ၀င်ထွက်သွားလာနေကျအိမ်လေ။ စားအိမ် သောက်အိမ်လေ။ ဗိုလ်ဗိုလ် ကြိုက်တတ်တဲ့ ပဲကုလားဟင်းတို့  .. ဆိတ်ပဲတို့  စားချင်ရင် .. အဉ္ဇလီ့ကို တောင်းဆိုလိုက်ရုံပဲ၊ အဉ္ဇလီက ချက်ပြီပဲ။

နောက်ဆုံး ကျောင်းစာတွေစုံတဲ့ .. အဉ္ဇလီနဲ့  စာအတူတူကျက်ကြ .. ဆွေးနွေးတိုင်ပင်ကြ .. တွက်ကြချက်ကြလို့  .. ဗိုလ်ဗိုလ် ၁၀တန်းအောင်တာလေ။

ကဲ .. စကားကုန် ပြောကြကြေးဆိုရင် .. အဉ္ဇလီနဲ့  ဗိုလ်ဗိုလ်နဲ့  မညားကြလို့  .. သူ့ နဲ့  ညားတာလေ။

“သူ့ မိန်းမကို သိပ်မလုပ်နိုင်လို့ .. မင်းနဲ့  စွပ်စွဲတာနေမှာပေါ့ .. ဟား .. ဟား .. ဟား ..”

သီဟန်က ပက်ပက်စက်စက် မှတ်ချက်ပေးလိုက်တာပါ။

“ဟာကွာ .. မင်းကလည်း တစ်မှောင့်။”

“ဟုတ်တယ်လေကွာ .. သူ ယောက်ျားရသွားမှ .. မင်းက ဘာဖြစ်လို့  သူတို့  အိမ်ကို သွားနေရဦးမှာလဲ ကွ။ .. ဘာလဲ .. မင်းက .. မင်းဘောပြားမလေး .. ဘယ်နားနာသွား .. .. .. .. ”

“ဟေ့ရောင် .. တော်ကွာ .. တော်ကွာ .. ပေါက်ကရတွေ ပြောမနေနဲ့ တော့။”

 

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

516K 18.2K 56
နှစ်ယောက်လုံးကိုချစ်တယ် ...... နှစ်ယောက်လုံးကလဲချစ်တယ်...... #KaiHun #ChanHun #Threesome *********************************** {Unicode} နှစ်ယောက်လုံး...
356K 14K 26
ကျင့်ရီ စစ်ကျွေးနဲ့ ဂျင်းလင်တို့ကို 3some ရေးမှာပါ😷
861K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
564K 20.2K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...