ချစ်​ခြင်းကို​စေ.......💓

By Natpankalay

199K 15.5K 1.4K

#BOTH WITH ZAWGYI & UNICODE ဦးနှောက်က စေခိုင်းနိုင်တဲ့ အထဲမှာ ချစ်ခြင်း မပါတော့ ခက်သားလား ??? More

Prologue
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Part -19
Part-20
Part-21
Part-22
Part -23
Part-24
Part -25
Part-26
Part-27
Part-28
Part-30
Part-31
Part-32 Final Part
Extra

Part-29

5.5K 468 109
By Natpankalay

“Oon ထေတာ့ေလ--ကြ်န္ေတာ္--”

အိပ္ခ်င္မူးတူးစကားတုိ႕သည္ အသိ၀င္လာသည္ႏွင့္ရပ္တန္႕သြားသည္။ မ်က္လံုးေတြကုိ ဖြင့္လိုက္ေတာ့ ျမင္ေနက် သူ က ေဘးနားမွာမရွိ.။ဖက္ထားေနက် ေမႊးပ်ံ႕ပ်ံ႕ကုိယ္ေလးကလည္း Singto ရင္ခြင္ထဲတြင္ ၀င္မလာ။
ခြဲလာတာရက္ပိုင္းပဲ၇ွိေသးသည္။အမွန္တကယ္ဆို သူ ျပင္းျပင္းပ်ပ်လြမ္းဆြတ္ေနမိပါသည္။စိတ္က တကယ္ကုိလိုရာေစခိုင္းလို႕ မရဘူးပဲ။

ပြဲေန႕ျပီးေတာ့ Gun ကုိမဟူုရာစံအိမ္မွာပင္ထားခဲ့တာ ျပန္မေခၚရေသးေပ။ ဒီေန႕ေတာ့ ျပန္ေခၚဖုိ႕စဥ္းစားထားသည္မို႕ ေရမိုး ခ်ိဴးသန္႕စင္ကာ ေအာက္ထပ္ဆင္းလာခဲ့လိုက္သည္။ ေပါင္မုန္႕ကုိ ယိုသုတ္ကာ မီးကင္စက္ထဲထည့္ထားစဥ္ ဘဲလ္ျမည္သံေႀကာင့္ တံခါးဖြင့္ေပးလိုက္သည္။
ခဏမွ်ေတာ့ သူ ေငးခနဲျဖစ္သြားရပါသည္။

“အိမ္ထဲေတာ့ ေပး၀င္ပါလား.။မင္းလိုခ်င္တာ ငါယူလာတာပါ။”

Singto စကားမဆို.လမ္းဖယ္ေပးျပီး ၀င္ေစလိုက္သည္။ Krist က အိမ္ထဲ မ်က္လံုးေလးေ၀့ႀကည့္ရင္းက နံရံထက္က Singto Oak ႏွင့္ Gun တုိ႕သံုးေယာက္သားေပ်ာ္ျမဴးစြာ ရိုက္ထားသည့္ ဓာတ္ပံုကိုျမင္ေတာ့ Oak ထံတည့္တည့္ႀကည့္ကာ ေခါင္းေလးငံု႕ လိုက္သည္။ ေတာင္းပန္ပါတယ္ဟူေသာ စကားကို တုိးဖြဖြျဖင့္ ခဏခဏေရရြတ္လုိက္မိသည္။

“ေျပာစရာရွိတာ ေျပာျပီးရင္ျပန္ပါ.။”

“ဒီမွာ ကြာရွင္းစာခ်ဴပ္ ငါလက္မွတ္ထိုးျပီးျပီ.”

“ေကာင္းျပီ..ကြ်န္ေတာ္လက္မွတ္ထိုးျပီးရင္ ခင္ဗ်ားဆီတစ္ေစာင္ျပန္ပို႕ေပးလုိက္မယ္။္တံဆိပ္တံုးရံုးမွာက်န္ခဲ့တယ္.”

ႏွစ္ေယာက္သားသည္ ဧည့္ခန္းအလယ္တြင္မတ္တပ္ပဲျဖစ္သည္။ မည္သူမွထိုင္ဖုိ႕စကားမစ.။

“တစ္ခုေလာက္ေမးခ်င္တယ္။ ခင္ဗ်ား ဒီလိုေတြလုပ္ခဲ့တာေနာင္တမရဘူးလား ။ဘယ္သူ႕ကုိမွ အားနာစိတ္မျဖစ္ဘူးလား.။ကြ်န္ေတာ့္ရင္ခြင္ထဲ P’Arthit အျဖစ္ဟန္ေဆာင္ျပီးေနရတာ မရွက္မိဘူးလား.”

Krist မ်က္ႏွာသည္ တည္ေနသည့္ႀကားက ျဖတ္ခနဲျဖဴေဖ်ာ့သြားသည္။ျပီးေတာ့ ထံုးစံအတိုင္း Singto အျမင္ကတ္သည့္ အျပံဳးတစ္ခုျဖင့္ တံု႕ျပန္သည္။

“တစ္ေယာက္ေယာက္က ေထြးေပြ႕ႀကင္နာေပးတာကို လိုခ်င္မိတာ ငါမွားလား..။တအားပင္ပန္းလို႕ မွီတြယ္စရာတစ္ခုေလာက္ရွာခ်င္မိတာေရာ ငါမွားလား.။တစ္ခါတစ္ေလေလာက္ အနားမွာ ကေလးလိုပဲျဖစ္ျဖစ္ ေနခ်င္မိတာ ငါမွားတာလား..”

အျပံဳးလ်လ်ျဖင့္ ေျပာေနေသာ္ျငား ထိုအျပံဳးေတြထဲမွ နာက်င္ေနမႈကုိ ဘာေႀကာင့္ရယ္မသိ  Singto ခံစားေနမိရသည္။သူ ကိုယ္တိုင္လညး္  ထုိေမးခြန္းငယ္တုိ႕အတြက္ရင္ထဲလည္း ေအာင့္မ်က္နာက်င္သြားရ၏။

“ဘာပဲျဖစ္ျဖစ္ အားလံုးေရွ႕မွာ ခင္ဗ်ားသရုပ္ေဆာင္ခဲ့တာေတာ့အမွန္ပဲ။ေဆးရံုမွာ သတ္ေသဖုိ႕လုပ္တာေရာ ဟန္ေဆာင္တာပဲလား.”

“ဟင့္အင္း..တကယ္ေသခ်င္ခဲ့တာပါ။ ခုထိလည္း အဆံုးသတ္ခ်င္ေနမိတုန္းပဲ.။ဒါေပမယ့္ ငါအသက္ရွင္ေနရေသးတယ္..ဘာလို႕လဲ သိလား.. မျပီးျပတ္ေသးတဲ့ကိစၥေတြ..တာ၀န္ေက်ရမယ့္ ကိစၥေတြငါ့ဆီမွာ ရွိေနေသးတယ္။ မင္းတုိ႕လို ဘ၀ကို ပံုမွန္ေအးေဆးျဖတ္သန္းခ်င္ေပမယ့္ မတတ္ႏိုင္တဲ့ကိစၥေတြရွိတယ္။ ငါ အားလံုးကုိ ေသခ်ာမရွင္းျပတတ္ဘူး..Sing.။ဒါေပမယ့္--မင္းကုိ ငါ ဘယ္တုန္းကမွ မနာက်င္ေစခ်င္ခ့့ဲတာ စိတ္ရင္းအမွန္ပါ။”

စကားသံတို ေခတၱဆိတ္သုဥ္းသြားသည္။ Singto ၇င္ထဲတြင္ တေငြ႕ေငြ႕ေလာင္ျမိွဳက္ေနျခင္းသည္ မည္သုိ႕ေသာသေဘာတရား ပါနည္း။

“Off ကုိလည္း တမ်ိဴးမထင္ပါနဲ႕။ သူ လံုး၀မသိခဲ့ဘူး.။ မင္း ငါ့ကို Oon လို႕ေခၚတဲ့ခိ်န္မွ သူ သိသြားခဲ့တာ။ ျပီးေတာ့ Oon ဆုိတာ အစက Arthit နာမည္ေပမယ့္ က်န္းမာေရးမေကာင္းလို႕ ေဗဒင္သေဘာအေနနဲ႕ သူ႕နာမည္ကို ငါ့နာမည္အျဖစ္ေျပာင္းျဖစ္ခဲ့တာပါ။ Oon ဆိုတာ ငါ့နာမည္ပါ။ တျခားအရာေတြ ဟန္ေဆာင္ခ်င္ဟန္ေဆာင္ခဲ့မယ္ Sing.။ ခ်စ္ခဲ့တာေတာ့ မညာခဲ့ပါဘူး..”

Singto တစ္ကုိယ္လံုးေတာင့္တင္းသြားသည္။ ခဏေလာက္---- Krist ဘာေတြေျပာလိုက္တာလဲ။ဘယ္သူက ဘယ္သူ႕ကိုခ်စ္ တာလဲ။

“မင္း ေပါင္မုန္႕ေတြ ရေနျပီထင္တယ္။သြားေတာ့မယ္--ေႀသာ္--Gun ပစၥည္းေလးေတြ လာသိမ္းလိုက္ေလ.။ကေလးကုိေတာ့ ညေနက်မွ ငါလာပို႕ေပးလုိက္မယ္။”

Krist သည္ Singto ေနာက္က စားပြဲေပၚက ေပါင္မုန္႕မီးကင္စက္ကုိေက်ာ္ႀကည့္ကာသတိေပးလိုက္ျပီးမွ တံခါး၀ဆီျပန္သည္။ Singto မလႈပ္ဘဲရပ္ႀကည့္ေနမိဆဲ။

“တစ္ခုေလာက္ထပ္ေတာင္းဆိုပါရေစ.။ ကိစၥရွိတာေလးေတြ ျပီးျပတ္တာနဲ႕ ရဲစခန္းမွာ ငါကုိယ္တိုင္ ၀န္ခံေပးပါ့မယ္။အဲ့အခ်ိန္ထိေတာ့ ေက်းဇူးျပဳျပီး ငါ့ကို လႊတ္ထားေပးပါ။ Arthit မဟုတ္ေပမယ့္ တူတူရင္းႏွီးခဲ့ႀကတာကိုေထာက္ထားျပီးေတာ့ မ်က္ႏွာသာေလးနည္းနည္းေပးပါ.။ျပီးရင္ အားလံုး မင္းသေဘာအတိုင္းျဖစ္ေစရပါ့မယ္။”

Krist ထြက္သြားျပီးေတာ့ တံခါးျပန္ပိတ္သြားသည္ႏွင့္ အနားကထို္င္ခံုေပၚ ထုိင္ခ်ပစ္လုိက္သည္။ ဘာေတြလာေျပာသြားတာလဲ..။ဘာအတတ္ေတြနဲ႕ျပဳစားလို႕ သူ႕စိတ္က ညံ့သက္ခ်င္ေနရတာလဲ။ အလိမ္အညာေတြ.ဟန္ေဆာင္တာေတြလုိ႕ ကိုယ္က ဘယ္ေလာက္ယံုႀကည္ထားေပမယ့္ သူ႕မ်က္၀န္းေတြထဲမွာ အစစ္အမွန္ ေတြကုိ ဘာလို႕ေတြ႕ေနရတာလဲ..။

ခင္ဗ်ား တကယ္ကေ၀ဆုိးပဲ Krist..
-
-
-
“ကမ္းနားလမ္းမွာျဖစ္သြားတဲ့ကိစၥမွာ ေႀကးစားေတြဆီကသိရတာ Tak ဆုိတဲ့လူအေႀကာင္းပဲ Krist.။ သူ႕ပံုစံကုိေတာ့ တျခားသူေတြလည္း ေသခ်ာမျမင္ဖူးဘူးလို႕ေျပာတယ္။ ကံေကာင္းတာက ျမင္ဖူးတဲ့တစ္ေယာက္ေတာ့ရွိေနတယ္။ခဏေန သူ က Mail ပုိ႕လာေပးလိမ့္မယ္။”

“ေကာင္းတာေပါ့။ ငါတုိ႕ ဘယက္ကိစၥအစဆြဲထုတ္ႏိုင္မွာ.။ခုထိ ဘယက္ကဘယ္မွာ မွမေရာင္းရေသးတာ ေသခ်ာတယ္။”

Krist က အျဖဴေရာင္ရွပ္နဲ႕ ဂ်င္းပန္အျပာေပါ့ေပါ့ပါးပါးကိုပဲ၀တ္ဆင္ထားသည္။ Off က သူ႕ပံုစံကိုႀကည့္ကာ--

“ဦးငယ္နဲ႕ ျမိဳ႕ျပင္က ငါတို႕ေဆာက္လက္စ တုိက္ကုိသြားႀကည့္စရာရွိလုိ႕။ရပ္ဆဲထားတာႀကာျပီ ။ ဘာေႀကာင့္လဲဆိုတာ အေျခအေနလည္ နည္းနည္းႀကည့္ရမွာမို႕”

“အင္းပါ..ငါဒီမွာ Mail ပဲေစာင့္ေနဦးမယ္။ျပီးမွ လုိက္လာခဲ့မယ္။ မင္းလည္း ေကာင္းေကာင္းစား ေကာင္းေကာင္းအိပ္ဦးေနာ္.။မင္းကိုႀကည့္ျပီး ငါ အားမရဘူး.”

Krist သည္အမွန္ပင္ ေဖ်ာ့ေတာ့သည့္အသြင္ျဖင့္ မ်က္ကြင္းညိဳတို႕ျဖင့္သာျဖစ္သည္။ လန္းဆန္းဟန္ေဆာင္ထားသည့္ မ်က္ႏွာကုိေတာ့ မာန္တင္းေနသည္မွန္း Off အတပ္သိသည္။

“Laven တုိ႕ ကိစၥဘယ္လိုျဖစ္သြားလဲ”

“သူ--အခု ကုမၸဏီ ေငြ စာရင္းကြာမႈနဲ႕စစ္ေဆးခံေနရတယ္။ သူတုိ႕လွ်ိဴ႕၀ွက္ဂုိေထာင္လည္း မင္း လုပ္လို႕အဖမ္းခံရတယ္ေလ.။ Mr.Jor ကေတာ့ နယ္စပ္ဘက္ေရွာင္ေျပးေနတယ္ဆိုလား။ရဲေတြလုိက္ေနတယ္။”

“Mr.Jor က သမီးအတြက္နဲ႕ ငါ Sing ကုိအထင္လြဲေအာင္ မိန္းကေလးနဲ႕ျဖားေယာင္းဖုိ႕လုပ္ေသးတာ။Laven ကုိလည္း အမွန္အတုိင္းေျပာရင္ ငါမမုန္းပါဘူး။ ဒါေပမယ့္ Black Group မွာ တရားမ၀င္မႈေတြ အားလံုးေပ်ာက္ကြယ္သြားဖုိ႕အတြက္ ဘယ္သူ႕မွ ညွာလို႕မရဘူး.။”

“အင္း အားလံုးျပီးရင္ ငါတုိ႕ေအးေအးခ်မ္းခ်မ္းေနႀကရေအာင္ကြာ-”

Off ေရွ႕ေရး၀န္ေလးစြာေျပာလိုက္ေတာ့ Krist ကျပံဳးျပသည္။ ဖုန္းေလး ေဘာင္းဘီအိတ္ထဲေကာက္ထည့္ကာ အိမ္ထဲက ထြက္သြား၏။ Off ဆုိဖာမွာတင္ ေမာေမာလ်လ်ထိုင္မိဆဲ။ေခါင္းႀကည္ေအာင္သံပုရာရည္ေလး ကိုယ္တိုင္ပဲေဖ်ာ္လုိက္ျပီး ဧည့္ခန္းထဲ ျပန္ထြက္လာေတာ့ Singto ကေရာက္ေနသည္။

“Gun ရဲ႕ပစၥည္းနဲ႕ ကြ်န္ေတာ့္ပစၥည္းေတြ လာသိမ္းတာပါ။”

“အင္း တက္သြားလုိက္ေလ..။”

Off သာေအးေအးသာသာပင္ဆုိလ်က္ Laptop ေရွ႕တြင္သာအာရံုရေနသည္။ သိပ္မႀကာေသာအခ်ိန္တြင္ Singto က ခရီးေဆာင္အိတ္ႏွစ္လံုးႏွင့္ျပန္ထြက္လာသည္။ လက္တြင္လည္း Gun ၏ ပန္းခ်ီကားထည့္သည့္ဗူးငယ္ေလးကိုပါ သယ္လ်က္ ။

“Gun ေရာ--အခန္းထဲမွာလည္း မေတြ႕ဘူး.”

“အမ္--အခန္းထဲမွာ၇ွိေနတာပါ။ ဒုကၡပဲ ဘယ္ေရာက္သြား--ေႀသာ္ ကေလးငယ္-- Krist ေနာက္လိုက္သြားတယ္တဲ့”

ရုတ္တရက္ျပဴးျပဴးျပာျပာျဖစ္သြားေသာ Off က message ၀င္လာသည္ကိုဖတ္မိမွ စိတ္ေအးသြားရသည္။

“’ဒါဆုိ ညေနျပန္ပို႕ေပးလိုက္ပါ..။သြားျပီ ”

“ဟင္--”

ထြက္သြားမည္ႀကံျပီးမွ Off ၏အာေမၮိတ္သံခပ္က်ယ္က်ယ္ေႀကာင့္ Singto ေျခလွမ္းတို႕တုန္႕ကာ ေနာက္ျပန္လွည့္လ်က္ Laptop screen ကုိလိုက္ႀကည့္မိသည္။ လက္က ဗူးေလးကမေတာ္တဆ ျဖဳတ္ခနဲက်သြား သည္။

“Tak ပံုဆို ဘယ္လုိုလုပ္ကုိယ္၇ံေတာ္ Linn က-”

Singto က ေတာ့ နားမလည္တာမုိ႕ဒီတုိင္းႀကည့္ေနစဥ္ ေျခေထာက္က တစ္စံ့ုတစ္ခုကုိတက္နင္းမိသည္။ ႀကည့္လုိက္ေတာ့ ဗူးထဲက ထြက္လာပံုရေသာ Stick ေလး.။ ဒီပန္းခ်ီကားခ်ပ္ဗူး သည္ Oak တုိ႕အခင္းျဖစ္ရပ္ကတည္းက Singto ေသခ်ာသိမ္းလာ ေပးသည့္ပစၥည္းျဖစ္သည္ေႀကာင့္ အေႀကာင္းအရာတစ္ခု ကိုဆက္စပ္ေတြးမိသြားသည္။

“P’Off ဒါေလးခဏဖြင့္ႀကည့္..တစ္ခုခုသိရေလာက္မလားပဲ”

Singto ထုိးေပးသည့္ Stick ကုိခ်က္ခ်င္းယူကာ စက္ထဲထည့္လိုက္သည္။ ကင္မရာမွ မွတ္တမ္းတင္ထားေသာ ႀကည္လင္ေနသည့္ ဗီဒီယိုဖိုင္.။

ဘယက္သယ္ေဆာင္လာသည့္ကားႏွစ္စီးတြင္ ေရွ႕ကာ းကရုတ္တရက္ထိုးရပ္လုိက္သည္ေႀကာင့္ ေနာက္ကားက ကုိယ္ရံေတာ္ေလး ေယာက္ ဆင္းလာသည္။ေရွ႕ကားမွလူဆင္းလာေတာ့ ကုိယ္ရံေတာ္ေတြက ဂါရ၀ျပဳေခါင္းညႊတ္သည္။ မထင္မွတ္ေသာအျပဳအမူက ကို္ယ္ရံေတာ္ေလးေယာက္လံုးသည္ သူတို႕ဦးညႊတ္လိုက္ေသာသူ၏ အသံတိတ္ေသနတ္ျဖင့္ပစ္သတ္ျခင္းကုိ ရုတ္တရက္ခံလုိက္ရသည္။
ထို႕ေနာက္ေရွ႕ကားမွ ႏွစ္ေယာက္သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ဒဏ္ရာ ရေအာင္လုပ္ကာ ေက်နပ္အားရေနသည့္ မ်က္ႏွာျဖင့္ ကားထဲျပန္၀င္သည္။ ထိုမ်က္ႏွာကို Screen မွတစ္ဆင့္ ရွင္းရွင္းလင္းလင္းျမင္လို္က္ရပါေသာ Singto ႏွင့္ Off သည္ ႀကက္ေသေသ သြားရသည္။

“ဦးငယ္”

“အန္ကယ္ Chae..”

ေခါင္းထဲျမည္လာေသာ အခ်က္ေပးသံစံုႏွင့္အတူ Off ၀ုန္းခနဲထရပ္သည္။ဖုန္းကုိလည္းေတာက္ေလွ်ာက္ေခၚေတာ့ ဆက္သြယ္မႈျပင္ပေရာက္ေနသည္ႏွင့္သာတုိးသည္။

“P’Off ဘာျဖစ္တာလဲ ..ဘာျဖစ္လုိ႕လဲလို႕”

“Krist  -Krist က အန္ကယ္Chae နဲ႕ ျမိဳ႕ျပင္ လုိက္သြားတာကြ။Arthit လုိ႕ပဲ သူသိထားတာေလ..။Arthit ကုိ တစ္ခါမွ မေခၚဖူးဘဲနဲ႕လုိ႕ငါထူးဆန္းေနတာ.”

“ဘာ--ဒါဆုိ ဘာလုပ္ေနတာလဲ.ခ်က္ခ်င္းလုိက္သြားရမွာေပါ့”

“ေအး ဟုတ္တယ္--”

ကားေပၚအေဆာတလ်င္ေျပးတက္ႀကျပီးေနာက္ Singto က ေမာင္းကာ Off သည္ေခၚမရေသာ ဖုန္းေလးကို ေတာက္ေလွ်ာက္ေခၚသည္။ ေတာက္တစ္ခ်က္ေခါက္ကာစိုးရိမ္စိတ္ကလည္း ဒီေရအလား..။

ကံႀကမၼာသည္ေစစားႏို္င္ေပစြ..။

## With Heart
Just A dreamer

Unicod3

“Oon ထတော့လေ--ကျွန်တော်--”

အိပ်ချင်မူးတူးစကားတို့သည် အသိဝင်လာသည်နှင့်ရပ်တန့်သွားသည်။ မျက်လုံးတွေကို ဖွင့်လိုက်တော့ မြင်နေကျ သူ က ဘေးနားမှာမရှိ.။ဖက်ထားနေကျ မွှေးပျံ့ပျံ့ကိုယ်လေးကလည်း Singto ရင်ခွင်ထဲတွင် ၀င်မလာ။
ခွဲလာတာရက်ပိုင်းပဲ၇ှိသေးသည်။အမှန်တကယ်ဆို သူ ပြင်းပြင်းပျပျလွမ်းဆွတ်နေမိပါသည်။စိတ်က တကယ်ကိုလိုရာစေခိုင်းလို့ မရဘူးပဲ။

ပွဲနေ့ပြီးတော့ Gun ကိုမဟူုရာစံအိမ်မှာပင်ထားခဲ့တာ ပြန်မခေါ်ရသေးပေ။ ဒီနေ့တော့ ပြန်ခေါ်ဖို့စဉ်းစားထားသည်မို့ ရေမိုး ချိူးသန့်စင်ကာ အောက်ထပ်ဆင်းလာခဲ့လိုက်သည်။ ပေါင်မုန့်ကို ယိုသုတ်ကာ မီးကင်စက်ထဲထည့်ထားစဉ် ဘဲလ်မြည်သံကြောင့် တံခါးဖွင့်ပေးလိုက်သည်။
ခဏမျှတော့ သူ ငေးခနဲဖြစ်သွားရပါသည်။

“အိမ်ထဲတော့ ပေးဝင်ပါလား.။မင်းလိုချင်တာ ငါယူလာတာပါ။”

Singto စကားမဆို.လမ်းဖယ်ပေးပြီး ၀င်စေလိုက်သည်။ Krist က အိမ်ထဲ မျက်လုံးလေးဝေ့ကြည့်ရင်းက နံရံထက်က Singto Oak နှင့် Gun တို့သုံးယောက်သားပျော်မြူးစွာ ရိုက်ထားသည့် ဓာတ်ပုံကိုမြင်တော့ Oak ထံတည့်တည့်ကြည့်ကာ ခေါင်းလေးငုံ့ လိုက်သည်။ တောင်းပန်ပါတယ်ဟူသော စကားကို တိုးဖွဖွဖြင့် ခဏခဏရေရွတ်လိုက်မိသည်။

“ပြောစရာရှိတာ ပြောပြီးရင်ပြန်ပါ.။”

“ဒီမှာ ကွာရှင်းစာချူပ် ငါလက်မှတ်ထိုးပြီးပြီ.”

“ကောင်းပြီ..ကျွန်တော်လက်မှတ်ထိုးပြီးရင် ခင်ဗျားဆီတစ်စောင်ပြန်ပို့ပေးလိုက်မယ်။်တံဆိပ်တုံးရုံးမှာကျန်ခဲ့တယ်.”

နှစ်ယောက်သားသည် ဧည့်ခန်းအလယ်တွင်မတ်တပ်ပဲဖြစ်သည်။ မည်သူမှထိုင်ဖို့စကားမစ.။

“တစ်ခုလောက်မေးချင်တယ်။ ခင်ဗျား ဒီလိုတွေလုပ်ခဲ့တာနောင်တမရဘူးလား ။ဘယ်သူ့ကိုမှ အားနာစိတ်မဖြစ်ဘူးလား.။ကျွန်တော့်ရင်ခွင်ထဲ P’Arthit အဖြစ်ဟန်ဆောင်ပြီးနေရတာ မရှက်မိဘူးလား.”

Krist မျက်နှာသည် တည်နေသည့်ကြားက ဖြတ်ခနဲဖြူဖျော့သွားသည်။ပြီးတော့ ထုံးစံအတိုင်း Singto အမြင်ကတ်သည့် အပြုံးတစ်ခုဖြင့် တုံ့ပြန်သည်။

“တစ်ယောက်ယောက်က ထွေးပွေ့ကြင်နာပေးတာကို လိုချင်မိတာ ငါမှားလား..။တအားပင်ပန်းလို့ မှီတွယ်စရာတစ်ခုလောက်ရှာချင်မိတာရော ငါမှားလား.။တစ်ခါတစ်လေလောက် အနားမှာ ကလေးလိုပဲဖြစ်ဖြစ် နေချင်မိတာ ငါမှားတာလား..”

အပြုံးလျလျဖြင့် ပြောနေသော်ငြား ထိုအပြုံးတွေထဲမှ နာကျင်နေမှုကို ဘာကြောင့်ရယ်မသိ  Singto ခံစားနေမိရသည်။သူ ကိုယ်တိုင်လည်း  ထိုမေးခွန်းငယ်တို့အတွက်ရင်ထဲလည်း အောင့်မျက်နာကျင်သွားရ၏။

“ဘာပဲဖြစ်ဖြစ် အားလုံးရှေ့မှာ ခင်ဗျားသရုပ်ဆောင်ခဲ့တာတော့အမှန်ပဲ။ဆေးရုံမှာ သတ်သေဖို့လုပ်တာရော ဟန်ဆောင်တာပဲလား.”

“ဟင့်အင်း..တကယ်သေချင်ခဲ့တာပါ။ ခုထိလည်း အဆုံးသတ်ချင်နေမိတုန်းပဲ.။ဒါပေမယ့် ငါအသက်ရှင်နေရသေးတယ်..ဘာလို့လဲ သိလား.. မပြီးပြတ်သေးတဲ့ကိစ္စတွေ..တာဝန်ကျေရမယ့် ကိစ္စတွေငါ့ဆီမှာ ရှိနေသေးတယ်။ မင်းတို့လို ဘ၀ကို ပုံမှန်အေးဆေးဖြတ်သန်းချင်ပေမယ့် မတတ်နိုင်တဲ့ကိစ္စတွေရှိတယ်။ ငါ အားလုံးကို သေချာမရှင်းပြတတ်ဘူး..Sing.။ဒါပေမယ့်--မင်းကို ငါ ဘယ်တုန်းကမှ မနာကျင်စေချင်ခဲ့တာ စိတ်ရင်းအမှန်ပါ။”

စကားသံတို ခေတ္တဆိတ်သုဉ်းသွားသည်။ Singto ၇င်ထဲတွင် တငွေ့ငွေ့လောင်မြှိုက်နေခြင်းသည် မည်သို့သောသဘောတရား ပါနည်း။

“Off ကိုလည်း တမျိူးမထင်ပါနဲ့။ သူ လုံးဝမသိခဲ့ဘူး.။ မင်း ငါ့ကို Oon လို့ခေါ်တဲ့ချိန်မှ သူ သိသွားခဲ့တာ။ ပြီးတော့ Oon ဆိုတာ အစက Arthit နာမည်ပေမယ့် ကျန်းမာရေးမကောင်းလို့ ဗေဒင်သဘောအနေနဲ့ သူ့နာမည်ကို ငါ့နာမည်အဖြစ်ပြောင်းဖြစ်ခဲ့တာပါ။ Oon ဆိုတာ ငါ့နာမည်ပါ။ တခြားအရာတွေ ဟန်ဆောင်ချင်ဟန်ဆောင်ခဲ့မယ် Sing.။ ချစ်ခဲ့တာတော့ မညာခဲ့ပါဘူး..”

Singto တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ ခဏလောက်---- Krist ဘာတွေပြောလိုက်တာလဲ။ဘယ်သူက ဘယ်သူ့ကိုချစ် တာလဲ။

“မင်း ပေါင်မုန့်တွေ ရနေပြီထင်တယ်။သွားတော့မယ်--သြော်--Gun ပစ္စည်းလေးတွေ လာသိမ်းလိုက်လေ.။ကလေးကိုတော့ ညနေကျမှ ငါလာပို့ပေးလိုက်မယ်။”

Krist သည် Singto နောက်က စားပွဲပေါ်က ပေါင်မုန့်မီးကင်စက်ကိုကျော်ကြည့်ကာသတိပေးလိုက်ပြီးမှ တံခါးဝဆီပြန်သည်။ Singto မလှုပ်ဘဲရပ်ကြည့်နေမိဆဲ။

“တစ်ခုလောက်ထပ်တောင်းဆိုပါရစေ.။ ကိစ္စရှိတာလေးတွေ ပြီးပြတ်တာနဲ့ ရဲစခန်းမှာ ငါကိုယ်တိုင် ၀န်ခံပေးပါ့မယ်။အဲ့အချိန်ထိတော့ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ထားပေးပါ။ Arthit မဟုတ်ပေမယ့် တူတူရင်းနှီးခဲ့ကြတာကိုထောက်ထားပြီးတော့ မျက်နှာသာလေးနည်းနည်းပေးပါ.။ပြီးရင် အားလုံး မင်းသဘောအတိုင်းဖြစ်စေရပါ့မယ်။”

Krist ထွက်သွားပြီးတော့ တံခါးပြန်ပိတ်သွားသည်နှင့် အနားကထိုင်ခုံပေါ် ထိုင်ချပစ်လိုက်သည်။ ဘာတွေလာပြောသွားတာလဲ..။ဘာအတတ်တွေနဲ့ပြုစားလို့ သူ့စိတ်က ညံ့သက်ချင်နေရတာလဲ။ အလိမ်အညာတွေ.ဟန်ဆောင်တာတွေလို့ ကိုယ်က ဘယ်လောက်ယုံကြည်ထားပေမယ့် သူ့မျက်ဝန်းတွေထဲမှာ အစစ်အမှန် တွေကို ဘာလို့တွေ့နေရတာလဲ..။

ခင်ဗျား တကယ်ကဝေဆိုးပဲ Krist..
-
-
-
“ကမ်းနားလမ်းမှာဖြစ်သွားတဲ့ကိစ္စမှာ ကြေးစားတွေဆီကသိရတာ Tak ဆိုတဲ့လူအကြောင်းပဲ Krist.။ သူ့ပုံစံကိုတော့ တခြားသူတွေလည်း သေချာမမြင်ဖူးဘူးလို့ပြောတယ်။ ကံကောင်းတာက မြင်ဖူးတဲ့တစ်ယောက်တော့ရှိနေတယ်။ခဏနေ သူ က Mail ပို့လာပေးလိမ့်မယ်။”

“ကောင်းတာပေါ့။ ငါတို့ ဘယက်ကိစ္စအစဆွဲထုတ်နိုင်မှာ.။ခုထိ ဘယက်ကဘယ်မှာ မှမရောင်းရသေးတာ သေချာတယ်။”

Krist က အဖြူရောင်ရှပ်နဲ့ ဂျင်းပန်အပြာပေါ့ပေါ့ပါးပါးကိုပဲဝတ်ဆင်ထားသည်။ Off က သူ့ပုံစံကိုကြည့်ကာ--

“ဦးငယ်နဲ့ မြို့ပြင်က ငါတို့ဆောက်လက်စ တိုက်ကိုသွားကြည့်စရာရှိလို့။ရပ်ဆဲထားတာကြာပြီ ။ ဘာကြောင့်လဲဆိုတာ အခြေအနေလည် နည်းနည်းကြည့်ရမှာမို့”

“အင်းပါ..ငါဒီမှာ Mail ပဲစောင့်နေဦးမယ်။ပြီးမှ လိုက်လာခဲ့မယ်။ မင်းလည်း ကောင်းကောင်းစား ကောင်းကောင်းအိပ်ဦးနော်.။မင်းကိုကြည့်ပြီး ငါ အားမရဘူး.”

Krist သည်အမှန်ပင် ဖျော့တော့သည့်အသွင်ဖြင့် မျက်ကွင်းညိုတို့ဖြင့်သာဖြစ်သည်။ လန်းဆန်းဟန်ဆောင်ထားသည့် မျက်နှာကိုတော့ မာန်တင်းနေသည်မှန်း Off အတပ်သိသည်။

“Laven တို့ ကိစ္စဘယ်လိုဖြစ်သွားလဲ”

“သူ--အခု ကုမ္ပဏီ ငွေ စာရင်းကွာမှုနဲ့စစ်ဆေးခံနေရတယ်။ သူတို့လျှိူ့ဝှက်ဂိုထောင်လည်း မင်း လုပ်လို့အဖမ်းခံရတယ်လေ.။ Mr.Jor ကတော့ နယ်စပ်ဘက်ရှောင်ပြေးနေတယ်ဆိုလား။ရဲတွေလိုက်နေတယ်။”

“Mr.Jor က သမီးအတွက်နဲ့ ငါ Sing ကိုအထင်လွဲအောင် မိန်းကလေးနဲ့ဖြားယောင်းဖို့လုပ်သေးတာ။Laven ကိုလည်း အမှန်အတိုင်းပြောရင် ငါမမုန်းပါဘူး။ ဒါပေမယ့် Black Group မှာ တရားမ၀င်မှုတွေ အားလုံးပျောက်ကွယ်သွားဖို့အတွက် ဘယ်သူ့မှ ညှာလို့မရဘူး.။”

“အင်း အားလုံးပြီးရင် ငါတို့အေးအေးချမ်းချမ်းနေကြရအောင်ကွာ-”

Off ရှေ့ရေးဝန်လေးစွာပြောလိုက်တော့ Krist ကပြုံးပြသည်။ ဖုန်းလေး ဘောင်းဘီအိတ်ထဲကောက်ထည့်ကာ အိမ်ထဲက ထွက်သွား၏။ Off ဆိုဖာမှာတင် မောမောလျလျထိုင်မိဆဲ။ခေါင်းကြည်အောင်သံပုရာရည်လေး ကိုယ်တိုင်ပဲဖျော်လိုက်ပြီး ဧည့်ခန်းထဲ ပြန်ထွက်လာတော့ Singto ကရောက်နေသည်။

“Gun ရဲ့ပစ္စည်းနဲ့ ကျွန်တော့်ပစ္စည်းတွေ လာသိမ်းတာပါ။”

“အင်း တက်သွားလိုက်လေ..။”

Off သာအေးအေးသာသာပင်ဆိုလျက် Laptop ရှေ့တွင်သာအာရုံရနေသည်။ သိပ်မကြာသောအချိန်တွင် Singto က ခရီးဆောင်အိတ်နှစ်လုံးနှင့်ပြန်ထွက်လာသည်။ လက်တွင်လည်း Gun ၏ ပန်းချီကားထည့်သည့်ဗူးငယ်လေးကိုပါ သယ်လျက် ။

“Gun ရော--အခန်းထဲမှာလည်း မတွေ့ဘူး.”

“အမ်--အခန်းထဲမှာ၇ှိနေတာပါ။ ဒုက္ခပဲ ဘယ်ရောက်သွား--သြော် ကလေးငယ်-- Krist နောက်လိုက်သွားတယ်တဲ့”

ရုတ်တရက်ပြူးပြူးပြာပြာဖြစ်သွားသော Off က message ၀င်လာသည်ကိုဖတ်မိမှ စိတ်အေးသွားရသည်။

“’ဒါဆို ညနေပြန်ပို့ပေးလိုက်ပါ..။သွားပြီ ”

“ဟင်--”

ထွက်သွားမည်ကြံပြီးမှ Off ၏အာမေဍ္ဍိတ်သံခပ်ကျယ်ကျယ်ကြောင့် Singto ခြေလှမ်းတို့တုန့်ကာ နောက်ပြန်လှည့်လျက် Laptop screen ကိုလိုက်ကြည့်မိသည်။ လက်က ဗူးလေးကမတော်တဆ ဖြုတ်ခနဲကျသွား သည်။

“Tak ပုံဆို ဘယ်လိုလုပ်ကိုယ်၇ံတော် Linn က-”

Singto က တော့ နားမလည်တာမို့ဒီတိုင်းကြည့်နေစဉ် ခြေထောက်က တစ်စုံ့တစ်ခုကိုတက်နင်းမိသည်။ ကြည့်လိုက်တော့ ဗူးထဲက ထွက်လာပုံရသော Stick လေး.။ ဒီပန်းချီကားချပ်ဗူး သည် Oak တို့အခင်းဖြစ်ရပ်ကတည်းက Singto သေချာသိမ်းလာ ပေးသည့်ပစ္စည်းဖြစ်သည်ကြောင့် အကြောင်းအရာတစ်ခု ကိုဆက်စပ်တွေးမိသွားသည်။

“P’Off ဒါလေးခဏဖွင့်ကြည့်..တစ်ခုခုသိရလောက်မလားပဲ”

Singto ထိုးပေးသည့် Stick ကိုချက်ချင်းယူကာ စက်ထဲထည့်လိုက်သည်။ ကင်မရာမှ မှတ်တမ်းတင်ထားသော ကြည်လင်နေသည့် ဗီဒီယိုဖိုင်.။

ဘယက်သယ်ဆောင်လာသည့်ကားနှစ်စီးတွင် ရှေ့ကားကရုတ်တရက်ထိုးရပ်လိုက်သည်ကြောင့် နောက်ကားက ကိုယ်ရံတော်လေး ယောက် ဆင်းလာသည်။ရှေ့ကားမှလူဆင်းလာတော့ ကိုယ်ရံတော်တွေက ဂါရ၀ပြုခေါင်းညွှတ်သည်။ မထင်မှတ်သောအပြုအမူက ကိုယ်ရံတော်လေးယောက်လုံးသည် သူတို့ဦးညွှတ်လိုက်သောသူ၏ အသံတိတ်သေနတ်ဖြင့်ပစ်သတ်ခြင်းကို ရုတ်တရက်ခံလိုက်ရသည်။
ထို့နောက်ရှေ့ကားမှ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ဒဏ်ရာ ရအောင်လုပ်ကာ ကျေနပ်အားရနေသည့် မျက်နှာဖြင့် ကားထဲပြန်ဝင်သည်။ ထိုမျက်နှာကို Screen မှတစ်ဆင့် ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါသော Singto နှင့် Off သည် ကြက်သေသေ သွားရသည်။

“ဦးငယ်”

“အန်ကယ် Chae..”

ခေါင်းထဲမြည်လာသော အချက်ပေးသံစုံနှင့်အတူ Off ၀ုန်းခနဲထရပ်သည်။ဖုန်းကိုလည်းတောက်လျှောက်ခေါ်တော့ ဆက်သွယ်မှုပြင်ပရောက်နေသည်နှင့်သာတိုးသည်။

“P’Off ဘာဖြစ်တာလဲ ..ဘာဖြစ်လို့လဲလို့”

“Krist  -Krist က အန်ကယ်Chae နဲ့ မြို့ပြင် လိုက်သွားတာကွ။Arthit လို့ပဲ သူသိထားတာလေ..။Arthit ကို တစ်ခါမှ မခေါ်ဖူးဘဲနဲ့လို့ငါထူးဆန်းနေတာ.”

“ဘာ--ဒါဆို ဘာလုပ်နေတာလဲ.ချက်ချင်းလိုက်သွားရမှာပေါ့”

“အေး ဟုတ်တယ်--”

ကားပေါ်အဆောတလျင်ပြေးတက်ကြပြီးနောက် Singto က မောင်းကာ Off သည်ခေါ်မရသော ဖုန်းလေးကို တောက်လျှောက်ခေါ်သည်။ တောက်တစ်ချက်ခေါက်ကာစိုးရိမ်စိတ်ကလည်း ဒီရေအလား..။

ကံကြမ္မာသည်စေစားနိုင်ပေစွ..။

## With Heart
Just A dreamer

Continue Reading

You'll Also Like

40.9K 2.9K 72
ဖတ်ကြည့်နော်😉😉
103K 8.2K 27
Zawgyi အိမ္ေထာင္ေရး ေဖာက္ျပန္ေသာ ficပါ။ သာမန္အိမ္ေထာင္ေရးတစ္ခုကေန ေဖာက္ျပန္ေသာ ေယာက္်ားႏွစ္ေယာက္အေၾကာင္းပါ။ Unicode အိမ်ထောင်ရေး ဖောက်ပြန်သော ficပါ။...
87.6K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
2.6K 254 50
တစ်စုံတစ်ယောက်ကိုလွမ်းလို့ ရေးလိုက်မိတဲ့စာတိုတွေပါပဲ... ရင်ဘက်ချင်းတူရင် ဝင်ရောက်ဖတ်ရှု ခံစားကြည့်ပါပေါ့... 💔 တစ္စံုတစ္ေယာက္ကိုလြမ္းလို႔ ေရးလိုက္မိတ...