ချစ်​ခြင်းကို​စေ.......💓

Da Natpankalay

199K 15.5K 1.4K

#BOTH WITH ZAWGYI & UNICODE ဦးနှောက်က စေခိုင်းနိုင်တဲ့ အထဲမှာ ချစ်ခြင်း မပါတော့ ခက်သားလား ??? Altro

Prologue
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Part -19
Part-20
Part-21
Part-22
Part -23
Part-24
Part -25
Part-26
Part-28
Part-29
Part-30
Part-31
Part-32 Final Part
Extra

Part-27

4.8K 450 82
Da Natpankalay

“Off ဗိုက္မွာ ဒဏ္၇ာရွိတယ္ Por.။ ဟုိဘက္အဖြဲ႕ က အနက္ေရာင္က်ားသစ္နဲ႕တုိက္ခိုက္ေနတဲ့အခ်ိန္ ဓားထိသြားတာကုိ Laven တုိ႕ဘက္ လူ ေတြ႕လိုက္တယ္တဲ့”

“ေသခ်ာရဲ႕လား Laven.”

“Laven ကုိယ္တုိင္ စမ္းသပ္ခဲ့တာပါ။ ”

ရံုးအျပန္တြင္ laven ကားေပၚ၌ Mr.Jor ပါ လိုက္ပါလာျခင္းျဖစ္သည္။ ကားေမာင္းသူ Laven ၏ ေဘးတြင္ ထိုင္ကာ တစ္စံုတစ္ခု ကို နက္နက္နဲနဲေတြးေတာေနသည္။ ေတာ္ေသးသည္က ဒီေန႕ဖမ္းဆီးရမိသည့္အဖြဲ႕သည္ သူတုိ႕အဖြဲ႕ျပန္သြားျပီးမွျဖစ္  သည္မို႕ .။

“ေနာက္ထပ္ေဖာ္ထုတ္ရမွာက ခု အသက္ရွင္ေနတာ Arthit မဟုတ္ဘူးဆုိတာပဲ။ျပီးေတာ့့ သူက Arthit မွ မဟုတ္ေတာ့ Por က Singto ဆုိတဲ့တစ္ေယာက္ကုိ အာရံုထားစရာမလိုေတာ့ပါဘူး.”

“ထားပါ အဲ့ဒါက။အေရးႀကီးတာပဲ ေသခ်ာစံုစမ္းပါ.Krist သာဆို သူ ဘာလို႕ဟန္ေဆာင္ေနတာလဲ..ဘာအေႀကာင္းရွိလဲဆုိတာ သိပ္ကိုအေရးႀကီးသြားျပီ.”

Mr.Jor က ထုိကဲ့သုိ႕ဆုိေပမယ့္ Lavenရည္၇ြယ္ခ်က္ကေတာ့ တစ္ခုတည္းပါ။ သူမ မေက်နပ္..။ Krist က Arthit ေနရာ ၀င္ယူ ထားသည္ကို သူမ မႏွစ္လုိပါ။ ျဖဴစင္ရိုးသားကာ ေအးခ်မ္းသည္ ့ သူမခ်စ္ရသူသည္ Krist လိုမ်ိဴး လူ ႏွင့္ အစားမထိုးႏိုင္.။သူမ Krist ကုိုမုနး္သည္။ အထက္တန္းဘ၀မွာကတည္းက သူမ Arthit ကုိသေဘာက်ေနမွန္းသိသိႏွင့္ Arthit ေနမေကာင္းသည့္ ရက္မ်ားတြင္ Arthit အေယာင္ေဆာင္ကာသူမကုိ လွည့္စားခဲ့သည္။ မႀကာခဏဆုိသလို ေလွာင္ရယ္ခ့ဲသည္။ သူမ ေမွ်ာ္လင့္ခ်က္ျဖင့္ ရူးသြပ္ေနခဲ့သည့္အခ်ိန္တိုင္း နင္က Arthit နဲ႕တန္လုိ႕လား ဆိုတာမ်ိဴးက ခဏခဏ။

“Relax…Laven . အစစ္အမွန္မဟုတ္ရင္ အခ်ိန္မႀကာဘဲ ေပၚလာမွာပါ..”

“Laven ကအခ်ိန္ကုိ မေစာင့္ဘူး Por..ကုိယ္တိုင္ေဖာ္ထုတ္မွာ.”

သူမ ေမာင္းသည့္ကားေလးက တရိပ္ရိပ္ေျပးလ်က္..စိတ္အစဥ္သည္လည္း မေစာင့္ဆိုင္းႏိုင္ေတာ့သည့္ အေျခအေနကုိ ကုိယ္စားျပဳလ်က္…။
-
-
-
-
Singto ေရခ်ိဴးခန္းထဲက ထြက္လာေလေတာ့ Arthit က အိပ္ရာေပၚတြင္ေခြေခြေလးလွဲေလ်ာင္းေနသည္။

“အေစာႀကီးရွိေသးတယ္ Oon..အိပ္ျပီလား.။ ညစာ စားျပီးမွအိပ္ေလ..ထ--”

အနားသြားျပီး ဆြဲထူလုိက္ေတာ့ ထလာေပမယ့္ မ်က္ႏွာကြက္ခနဲပ်က္သြားသည္ကိုျမင္ေတာ့ Singto စိတ္ပူသြားသည္။

“P’Arthit ဘာျဖစ္လုိ႕လဲ ဘယ္နားက နာလုိ႕လဲဟင္.”

“အာ--ဘာမွမျဖစ္ပါဘူး.။သြားမယ္ေလ.မင္း ထြက္မလာေသးလို႕ ငါ့ေစာင့္ေနတာ.”

မ်က္ႏွာတအားမလန္းေပမယ့္ ျပံဳးလ်က္ေျပာလာသူကို Singto စိတ္ပူစြာႀကည့္၇င္းက လက္ဆြဲလ်က္ အခန္းထဲက ထြက္လာခဲ့သည္။ Singto ၏ အလုပ္ခန္းေရွ႕ကအျဖတ္တံခါးပြင့္ေနသည္မုိ႕ Singto အထဲကုိလွမ္းႀကည့္လုိက္သည္။

“Gun က ဘာမွသာမမွတ္မိတာ..။ လွတဲ့ပန္းခ်ီကိုေတာ့ ခံစားတတ္ေသးတယ္.”

Singto သေဘာက်စြာျပံဳးေနသည္ကို ႀကည့္ကာ Krist လည္း အထဲကိုလွမ္းႀကည့္လုိက္ေတာ့ ကန္ေရျပင္ပန္းခ်ီကားပံုတစ္ခ်ပ္ ေရွ႕တြင္ Gun ကတေမ့တေမာ..။

“Gun ေရ..ညစာစားမယ္ ထြက္လာခဲ့ေတာ့”

အသံႀကားေသာ Gun က အရင္ထြက္လာကာ သူတုိ႕ေရွ႕မွ ေျပးထြက္သြားသည္။ ဒူးထက္ေဘာင္းဘီတုိ အက်ၤ ီအ၀ါေလးႏွင့္ ခ်စ္ဖို႕ေကာင္းေနသည့္ Gun ကုိ ႏွစ္ေယာက္သား သေဘာက်စြာျပံဳးႀကည့္မိႀကသည္။ ေအာက္ထပ္ေ၇ာက္ေတာ့ ဧည့္သည္က ေစာင့္ႀကိဳေန၏။

“ဦးငယ္.”

“Arthit ေလး.စိတ္ခ်မ္းသာေနတယ္ထင္ပ..။ဦးငယ္ဆီေတာင္ ဖုန္းမဆက္ဘူး.”

“ျပည္ပခရီးသြားတယ္လုိ႕ Off ဆီကႀကားထားပါတယ္။ ”

တစ္ေယာက္ႏွင့္ တစ္ေယာက္ေပြ႕ဖက္ႏႈတ္ဆက္လုိက္ႀကသည္။ Singto က ေတာ့ Arthit ခ်စ္သည့္ဦးေလးကို ျပံဳးျပီးသာ ႀကည့္ေနလုိက္သည္။ ထမင္းစားခန္းထဲ မ၀င္ျဖစ္ႀကေသးဘဲ ဧည့္ခန္းတြင္ထိုင္ျဖစ္ႀကသည္။

“လာမယ့္ ကုမၸဏီ ႏွစ္ပတ္လည္ ပြဲႏွင့္ မငး္တုိ႕မဂၤလာသက္တမ္းေျခာက္လျပည့္ေန႕က ကြက္တိက်တယ္ေနာ.္။အဲ့ဒါ ရံုးခ်ဴပ္ခန္းမမွာပဲ တူတူ လုပ္ရေအာင္လုိ႕ေလ.”

“ဦးငယ္ရာ မွတ္ထားေပးတာလား..”

“ဒါေပါ့ ဒီတူေလးပဲ ရွိတာကိုး.”

Krist ၀မ္းနည္း၀မ္းသာျဖစ္သြားရသည္။ တစ္ဦးတည္းေသာ ဦးေလးက အမွတ္တရရွိေပးသည့္အျပင္ ဂရုတစိုက္ရွိေပးသည္က  ႀကည္ႏႈူး၇သည္မွာ အႏိႈင္းမဲ့.။သုိ႕ေပမယ့္ Black Group ႏွင့္မပတ္သက္ခ်င္ေသာ Singto ေႀကာင့္ အဲ့မွာအဆင္ေျပပါ့မလား။ Singto ကုိလွည့္ႀကည့္လုိက္ေတာ့လည္းသူက  ျပံဳးျပကာ ေခါင္းညိတ္ျပသည္။

“ေက်းဇူးတင္ပါတယ္.”

“ႏိုးပါ..။ P’ ေပ်ာ္ရင္ ျပီးတာပဲ.”

“ကဲ ဒါဆုိ Singto ကပဲ ဦးငယ္ တူေလးကုိ ဂရုစိုက္ျပီးေပ်ာ္ေအာင္လုပ္ေပးပါ။ ဦးငယ္က ခရီးကျပန္လာလာခ်င္းလာေတြ႕တာ ။ ျပန္လုိက္ဦးမယ္.”

“စိတ္ခ်ပါ..ကြ်န္ေတာ္ေသခ်ာဂရုစိုက္ပါ့မယ္။”

Mr.Chae ျပန္သြားေတာ့မွ Krist သည္ Singto ခါးကိုဖက္ကာ ရင္ခြင္ထဲတိုး၀င္လုိက္သည္။

“ဘာလို႕ အစစအရာရာနားလည္ေပးတာလဲ”

“ေရာ္--ခက္ပါျပီ..P’ ေပ်ာ္ရင္ျပီးတာပဲလုိ႕ ။ဟာ-- Gun အဲ့ဒါကိုဘာလို႕ယူလာတာလဲ သြားျပန္ထား.”

ထမင္းစားခန္းထဲ ၀င္သြားျပီလုိ႕ထင္ထားေသာ Gun သည္ဘယ္အခ်ိန္ကတည္းက အေပၚျပန္တက္သြားသည္မသိ.။ Singto အခန္းထဲက ပနး္ခ်ီကားကို ရင္၀ယ္ပိုက္လာသည္။

“သား အခန္းထဲခ်ိတ္မွာေနာ္..P’Sing ကုိလာျပတာ..ဒါ သားယူမုိ႕”

“ေဟ့ အဲ့ဒါေတာ့မျဖစ္ဘူး။သြား--ျပန္ထား---”

Singto ကထုိင္ေနရာမွထျပီး ခပ္မာမာဆူလုိက္ေတာ့ Gun က အီးခနဲထငိုသည္။ ပန္းခ်ီကားကိုတြယ္ဖက္ထားတာလည္း မဖယ္.။Krist မေနသာေတာ့ဘဲ ထလိုက္ရေတာ့သည္။

“ဘယ္လုိျဖစ္တာလဲ Sing ရယ္.. ပန္းခ်ီကားတစ္ခ်ပ္ပဲကို.ေပးလိုက္ပါ.”

ထုိစကားကို Singto စိတ္ထင့္သြားကာ လွည့္ႀကည့္လိုက္သည္။

“P’ ဘယ္လိုေျပာလိုက္တာလဲ..။ အံဲ့ဒါကြ်န္ေတာ္ဘယ္ေလာက္တန္ဖိုးထားလဲမသိလုိ႕လား.”

“မဟုတ္ပါဘူး။ ကေလးက တအားလုိခ်င္ေနေတာ့ ခဏပဲျဖစ္ျဖစ္ ထားေပးလုိက္ေလ..ျပီးမွ ငါ ျပန္ေတာင္းေပးမယ္..မဟုတ္လည္း ငါ တစ္ပံုစံတည္းအသစ္ျပန္၀ယ္ေပးမယ္ေနာ္.”

Singto မည္သည့္ ခံစားခ်က္မွန္းမသိ ရင္ေတြ တဒိုင္းဒိုင္းခုန္လာသည္။ တဆတ္ဆတ္တုန္ယင္လာေသာ ႏွလံုးခုန္သံကို မနည္းျငိမ္ေအာင္ထိန္းေစလိုက္ျပီးမွ…

“P’ ၀ယ္ေပးစရာမလိုပါဘူး.ဆြဲေပးလို႕ရတာပဲ တစ္ပံုစံတည္းတူတာကိုး။”

“ဟမ္---အင္း---အင္း ငါဆြဲ--ေပးတာေပါ့”

“ဟာ--ဆူညံေနတာပဲ..Gun ဘာျဖစ္တာလဲ..”

Off အိမ္ထဲ၀င္လာတာလည္းျမင္ေရာ..ထံုးစံအတိုင္း Gun က သူ႕လူႀကီးနားေျပးသည္။ လက္က ပန္းခ်ီကားကမလႊတ္။ Offသည္ ကေလးငယ္ကို အသာထိန္းဖက္လို္က္ရင္း အေျခအေနကုိ အကဲခတ္ေနသည္။

“အဲ့ဒီ ပန္းခ်ီကား ကြ်န္ေတာ္ ဘယ္လိုရတာလဲ သိလား.”

“သူမ်ားလက္ေဆာင္ေပးတာလား။ေျပာ--မင္း အဲ့ေလာက္တန္ဖိုးထားတာ..ဘယ္သူေပးထားလို႕လဲ..”

Singto ၏ ႏွလံုးသား တစ္ခုလံုး အစိိတ္စိတ္အမႊာမႊာျဖစ္သြားသလုိခံစားရသည္။ထံုထိုင္းသြားျခင္းဟူေသာ ခံစားခ်က္ကုိ ခံစားမိသည့္အခါ လူက တုပ္တုပ္မွ် မလႈပ္ေတာ့။

“အဲ့လက္ေဆာင္ ဘယ္သူေပးထားတာလဲ တကယ္မသိတာလား Arthit.”

ခပ္ေထ့ေထ့အျပံဳးျဖင့္ အိမ္ထဲ၀င္လာသူသည္ မႀကိဳဆုိခ်င္ေသာ Laven.။သူမက အိမ္ထဲ၀င္ထြက္ေနက်မို႕ဂိတ္က အျမဲတံခါးဖြင့္ ေပးေလ့ရွိသည္။ ဘာအေျခအေနမွန္းမသိ..အားလံုးတိတ္ဆိတ္ေနႀကခ်ိန္ Lavenက Krist ဆီ တစ္လွမး္ခ်င္းေလွ်ာက္လာသည္။

“ပန္းခ်ီကားကို ငါ တစ္ေခါက္ျမင္ဖူးခဲ့တယ္.ကန္ေရျပင္ေဘးမွာေပါ့..။ Singto ရဲ႕ တကယ့္ခ်စ္သူကေပးခဲ့တာေလ..”

Laven စကားကို Krist နားမလည္.။ Singto ကိုႀကည့္ေတာ့လည္း အသက္မဲ့သူလို ရပ္ေနသည္။Laven က ဆက္ေလွ်ာက္လာရင္းက Krist ၏ ည၀တ္အက်ၤ ီစကိုုျဖတ္ခနဲဆြဲလွန္ပစ္လုိက္ေတာ့ ပတ္တီးထပ္ေတြႏွင့္ ဗိုက္က ဒဏ္ရာတစ္ခုက အထင္းသား..။

“ငါျပန္စဥ္းစားႀကည့္မိတယ္.။ သတင္းေတြတက္လာေတာ့ေလ..။ ဒီေန႕ဖမ္းဆီးရတဲ့ျမိဳ႕ျပင္က အဖြဲ႕သတင္းက Singto ရိုက္လာတယ္ဆုိေတာ့..ျပီးေတာ့ အဲ့ေနရာမွာ အနက္ေ၇ာင္က်ားသစ္က သတင္းေထာက္ကိုကာကြယ္ေပးခဲ့တာ ဆုိတဲ့ငါ့တပည့္ေလးအေျပာကို အႀကာႀကီးစဥ္းစားလိုက္ရတာ…ေနာက္ဆံုးျဖစ္ႏိုင္ေျခကို သြားေတြ႕တယ္.။နင္က အနက္ေ၇ာင္က်ားသစ္မလား..”

“ဘာေတြေလွ်ာက္ေျပာေနတာလဲ Laven။ဗိုက္မွာ ဒဏ္ရာ ရွိလုိ႕စြပ္စြဲေႀကးဆို ငါမွာလည္း ဒဏ္ရာရွိတာပဲ…”

“နင္ ဘယ္လုိလုပ္ခဲ့လဲေတာ့ငါမသိဘူး Off. ဒါေပမယ့္ နင္ကေတာ့ Singto ကုိ အသက္စြန္႕ကာေပးစရာအေႀကာင္းမရွိဘူးမလား.။”

“Khun Laven ျပန္လုိက္ပါေတာ့.”

တစ္ခ်ိန္လံုးျငိမ္ေနသည့္ Singto ထံမွ ထြက္လာေသာ အသံေႀကာင့္ Laven မ်က္ခံုးပင့္သြာ းသည္.။ သိပ္ကိုခန္႕မွန္းရခက္သည့္ မ်က္လံုးေတြေႀကာင့္ သူမ တစ္ခ်က္ျပံဳးကာ ျငိမ္သက္ေနသည့္ Krist ဘက္ကိုလွည့္လိုက္သည္။

“နင္ ေယာင္ေဆာင္ေနတာ အဆံုးသတ္ျပီ။ Krist..။ တျခားဘာမွမေျပာနဲ႕ Arthit လက္ေဆာင္ေပးခဲ့တဲ့ အဲ့ပန္းခ်ီကားကို  ဘယ္သူေပးတာလဲ ေမးကတည္းက နင္ သြားျပီပဲ..။ ကံေကာင္းပါေစလို႕ ငါ ဆုမေတာင္းေပးပါဘူး။ အျဖစ္မွန္ေပၚသြားလည္းနင္က ဘာကိုမွ ဂရုစိုက္မယ့္သူမွ မဟုတ္တာ..။ဒါေပမယ့္ Arthit အတြက္ေတာ့ နင့္ကို ငါ လံုး၀ခြင့္မလႊတ္ဘူး…”

ခပ္ျမန္ျမန္ေလွ်ာက္ထြက္သြားသည့္ Laven ၏ ေက်ာျပင္ကို အဓိပၸာယ္မဲ့ေငးေနမိသည့္ krist သည္ Singto ဘက္ျဖည္းျဖညး္းခ်င္း လွည့္လိုက္သည္။

“Sing ငါ--”

“ခြပ္ --”

“ေဟ့ေကာင္ Singto..”

အားပါေသာ လက္သီးခ်က္ေပမုိ႕ ေဘးက ဆုိဖာေပၚ Krist အပုံလုိက္လဲက်သြားသည္။ ေဒါသတႀကီး ေ၇ွ႕တုိးလာသည့္ Off ကို Krist လက္ျပဟန္႕တားလိုက္သည္။

“P’Arthit မဟုတ္ဘူးမလား..။ကြ်န္ေတာ့္မ်က္လံုးကိုႀကည့္ျပီး ေသခ်ာေျဖ.”

“ငါ-- မဟုတ္ဘူး..”

ေဖာ္ျပမရေအာင္နာက်င္သြားသည့္ Singto မ်က္လံုးေတြကုိ သူေရွာင္လႊဲကာ ေျဖလိုက္သည္။ဆက္ျပီး လည္းမညာခ်င္ေတာ့ပါ။  ကံႀကမၼာေစလိုရာေစပါေစေတာ့…။

“လူစိတ္မရွိတာ.. ဒါဆုိ အက္ဆီးဒင့္တုန္းက ဆံုးသြားတာ P’Arthit ေပါ့…အား….. ခင္ဗ်ား လြန္လြန္းလိုု္က္တာ..။ခင္ဗ်ား--ဘယ္ေလာက္ေတာင္--- P’Arthit  …. ႕ကြ်န္ေတာ္က P’Arthit ဆံုးသြားခဲ့ေတာေတာင္ မသိဘဲ ခင္ဗ်ားနဲ႕..သတ္မိေတာ့မယ္ ခင္ဗ်ားကို ကြ်န္ေတာ္သတ္မယ္..”

“မလုပ္ပါနဲ႕ P’Arthit ကို မလုပ္ပါနဲ႕..အီး---ဟီး---အင့္..”

Gun သည္ Singto ခါးေနာက္ကိုေျပးဖက္လ်က္ ရိႈက္ႀကီးတငင္ငိုသည္။ Off သည္လည္း ေျခစံုရပ္လ်က္ ဘာလုပ္ရမည္မသိ.။ Krist ကေတာ့ ဆိုဖာေပၚမွ ျဖည္းျဖည္းခ်င္းထလိုက္သည္။

“သူ က P’Arthit မဟုတ္ဘူး.. ငါတို႕ရဲ႕ P’Arthit မဟုတ္ဘူး Gunရဲ႕..အဲ့ဒါ လူယုတ္မာ..ငါတို႕ဘ၀ေတြကုိ ဖ်က္ဆီးလို႕အားမရလို႕ ငါ့ႏွလံုးသားကိုပါ ဖ်က္ဆီးတဲ့လူယုတ္မာ…။မင္းအကို ကုိသတ္တဲ့လူသတ္သမားကြ..”

“ငါ တမင္လုပ္တာ မဟုတ္ဘူး.”

“ခင္ဗ်ား ပါးစပ္ပိတ္ထား ! ခင္ဗ်ားက ဘာေျပာဦးမလို႕လဲ..။P’Arthit ကို ေသေစခဲ့ျပီးမွ သူ႕ေနရာကို ၀င္ယူထားရတာ ေပ်ာ္ေနလား.။ ကြ်န္ေတာ္က P’Arthit ထင္ျပီးႀကင္နာခဲ့သမွ်ကို ဟားတုိက္ေနတာမလား..။ ဘယ္လိုလုပ္ရမလဲ ခု ခင္ဗ်ားကို ကြ်န္ေတာ္ မုန္းလြန္းလို႕ဘယ္လိုုလုပ္ရမလဲ…P’Arthit ကိုသနားလြန္းလုိ႕လဲ  ဘယ္လုိလုပ္ရမလဲ.”

Krist သည္ တစ္ခြန္းမွမဆုိ.တစ္လိမ့္ခ်င္းက်ေနေသာ မ်က္ရည္မ်ားသာေျဖမဆည္ႏိုင္ျဖစ္ေနရသည္။ ႀကာေတာ့ Off ႀကည့္မေနႏိုင္ေတာ့..။

“မ်က္ရည္သုတ္စမ္း Krist.. မင္းက ဘာအျပစ္ရွိလုိ႕ ေျပာသမွ် အရူးလိုေခါင္းငံု႕ခံေနရတာလဲ။”

“ဘာအျပစ္၇ွိလိုိ႕လဲ တဲ့ ..ေတာ္ေတာ္တရားက်ဖုိ႕ေကာင္းတာပဲ..။တစ္ပါးသူကုိ သတ္တယ္.။Arthit ကုိေသေစတယ္..ကားအက္ဆီးဒင့္ျဖစ္တာခ်င္းတူတူ ကားကလည္း သူ ေမာင္းတာကို ဘာလို႕ P’Arthit က ေသရတာလဲ ..ဘာလုိ႕ ေသတဲ့သူက Krist မျဖစ္ရတာလဲ…”

“Singto !”

Off ၏ ေအာ္ဟစ္သံႀကီးထြက္ေပၚလာသလုိ Gun ၏ ငုိေႀကြးသံ..တို႕ျဖင့္ အိမ္ေတာ္က ပြက္ပြက္ညံသြားသည္။ ညေနစာ စား၇န္ျပင္ဆင္ေနသည့္ အိမ္ေတာ္ထိန္းႀကီးတုိ႕အုပ္စုသည္လည္း ထမင္းစားခန္းထဲတြင္ စုကာ အသံမထြက္ရဲႀက။

“ခင္ဗ်ား သိပ္စက္ဆုပ္ဖုိ႕ေကာင္းတယ္.. ”

Singto သည္ Gun လက္ကုိဆြဲကာ ေဒါသတႀကီးျဖင့္ အိမ္ထဲက ထြက္သြားသည္။လည္တဆန္႕ဆန႕္ျဖင့္ Gun ခမ်ာ Off ဆီ လက္လွမ္းခ်င္ေသာ္လည္း စိတ္ႀကီးေနသည့္ Singto ကုိေႀကာက္ေနပံုရကာ ပါသြားရသည္။

Krist ဆုိဖာေပၚ အရုပ္ႀကိဳးပ်က္ထိုင္ခ်လိုက္မိသည္။

ပင္ပန္းလုိက္တာ..။

မသိခဲ့ဘူး..မုန္းေနမွန္းေတာ့သိေပမယ့္ ဒီေလာက္ထိ ေျပာထြက္ေလာက္မယ္လို႕ မသိခဲ့ဘူး.။

အမုန္းေတြ ဘယ္ေတာ့မ်ားေႀကအံ့…။

# With Heart
Just A dreamer.

UnicodE

“Off ဗိုက်မှာ ဒဏ်၇ာရှိတယ် Por.။ ဟိုဘက်အဖွဲ့ က အနက်ရောင်ကျားသစ်နဲ့တိုက်ခိုက်နေတဲ့အချိန် ဓားထိသွားတာကို Laven တို့ဘက် လူ တွေ့လိုက်တယ်တဲ့”

“သေချာရဲ့လား Laven.”

“Laven ကိုယ်တိုင် စမ်းသပ်ခဲ့တာပါ။ ”

ရုံးအပြန်တွင် laven ကားပေါ်၌ Mr.Jor ပါ လိုက်ပါလာခြင်းဖြစ်သည်။ ကားမောင်းသူ Laven ၏ ဘေးတွင် ထိုင်ကာ တစ်စုံတစ်ခု ကို နက်နက်နဲနဲတွေးတောနေသည်။ တော်သေးသည်က ဒီနေ့ဖမ်းဆီးရမိသည့်အဖွဲ့သည် သူတို့အဖွဲ့ပြန်သွားပြီးမှဖြစ်  သည်မို့ .။

“နောက်ထပ်ဖော်ထုတ်ရမှာက ခု အသက်ရှင်နေတာ Arthit မဟုတ်ဘူးဆိုတာပဲ။ပြီးတော့ သူက Arthit မှ မဟုတ်တော့ Por က Singto ဆိုတဲ့တစ်ယောက်ကို အာရုံထားစရာမလိုတော့ပါဘူး.”

“ထားပါ အဲ့ဒါက။အရေးကြီးတာပဲ သေချာစုံစမ်းပါ.Krist သာဆို သူ ဘာလို့ဟန်ဆောင်နေတာလဲ..ဘာအကြောင်းရှိလဲဆိုတာ သိပ်ကိုအရေးကြီးသွားပြီ.”

Mr.Jor က ထိုကဲ့သို့ဆိုပေမယ့် Lavenရည်၇ွယ်ချက်ကတော့ တစ်ခုတည်းပါ။ သူမ မကျေနပ်..။ Krist က Arthit နေရာ ၀င်ယူ ထားသည်ကို သူမ မနှစ်လိုပါ။ ဖြူစင်ရိုးသားကာ အေးချမ်းသည့်  သူမချစ်ရသူသည် Krist လိုမျိူး လူ နှင့် အစားမထိုးနိုင်.။သူမ Krist ကိုမုန်းသည်။ အထက်တန်းဘ၀မှာကတည်းက သူမ Arthit ကိုသဘောကျနေမှန်းသိသိနှင့် Arthit နေမကောင်းသည့် ရက်များတွင် Arthit အယောင်ဆောင်ကာသူမကို လှည့်စားခဲ့သည်။ မကြာခဏဆိုသလို လှောင်ရယ်ခဲ့သည်။ သူမ မျှော်လင့်ချက်ဖြင့် ရူးသွပ်နေခဲ့သည့်အချိန်တိုင်း နင်က Arthit နဲ့တန်လို့လား ဆိုတာမျိူးက ခဏခဏ။

“Relax…Laven . အစစ်အမှန်မဟုတ်ရင် အချိန်မကြာဘဲ ပေါ်လာမှာပါ..”

“Laven ကအချိန်ကို မစောင့်ဘူး Por..ကိုယ်တိုင်ဖော်ထုတ်မှာ.”

သူမ မောင်းသည့်ကားလေးက တရိပ်ရိပ်ပြေးလျက်..စိတ်အစဉ်သည်လည်း မစောင့်ဆိုင်းနိုင်တော့သည့် အခြေအနေကို ကိုယ်စားပြုလျက်…။
-
-
-
-
Singto ရေချိူးခန်းထဲက ထွက်လာလေတော့ Arthit က အိပ်ရာပေါ်တွင်ခွေခွေလေးလှဲလျောင်းနေသည်။

“အစောကြီးရှိသေးတယ် Oon..အိပ်ပြီလား.။ ညစာ စားပြီးမှအိပ်လေ..ထ--”

အနားသွားပြီး ဆွဲထူလိုက်တော့ ထလာပေမယ့် မျက်နှာကွက်ခနဲပျက်သွားသည်ကိုမြင်တော့ Singto စိတ်ပူသွားသည်။

“P’Arthit ဘာဖြစ်လို့လဲ ဘယ်နားက နာလို့လဲဟင်.”

“အာ--ဘာမှမဖြစ်ပါဘူး.။သွားမယ်လေ.မင်း ထွက်မလာသေးလို့ ငါ့စောင့်နေတာ.”

မျက်နှာတအားမလန်းပေမယ့် ပြုံးလျက်ပြောလာသူကို Singto စိတ်ပူစွာကြည့်၇င်းက လက်ဆွဲလျက် အခန်းထဲက ထွက်လာခဲ့သည်။ Singto ၏ အလုပ်ခန်းရှေ့ကအဖြတ်တံခါးပွင့်နေသည်မို့ Singto အထဲကိုလှမ်းကြည့်လိုက်သည်။

“Gun က ဘာမှသာမမှတ်မိတာ..။ လှတဲ့ပန်းချီကိုတော့ ခံစားတတ်သေးတယ်.”

Singto သဘောကျစွာပြုံးနေသည်ကို ကြည့်ကာ Krist လည်း အထဲကိုလှမ်းကြည့်လိုက်တော့ ကန်ရေပြင်ပန်းချီကားပုံတစ်ချပ် ရှေ့တွင် Gun ကတမေ့တမော..။

“Gun ရေ..ညစာစားမယ် ထွက်လာခဲ့တော့”

အသံကြားသော Gun က အရင်ထွက်လာကာ သူတို့ရှေ့မှ ပြေးထွက်သွားသည်။ ဒူးထက်ဘောင်းဘီတို အင်္ကျီအ၀ါလေးနှင့် ချစ်ဖို့ကောင်းနေသည့် Gun ကို နှစ်ယောက်သား သဘောကျစွာပြုံးကြည့်မိကြသည်။ အောက်ထပ်ေ၇ာက်တော့ ဧည့်သည်က စောင့်ကြိုနေ၏။

“ဦးငယ်.”

“Arthit လေး.စိတ်ချမ်းသာနေတယ်ထင်ပ..။ဦးငယ်ဆီတောင် ဖုန်းမဆက်ဘူး.”

“ပြည်ပခရီးသွားတယ်လို့ Off ဆီကကြားထားပါတယ်။ ”

တစ်ယောက်နှင့် တစ်ယောက်ပွေ့ဖက်နှုတ်ဆက်လိုက်ကြသည်။ Singto က တော့ Arthit ချစ်သည့်ဦးလေးကို ပြုံးပြီးသာ ကြည့်နေလိုက်သည်။ ထမင်းစားခန်းထဲ မ၀င်ဖြစ်ကြသေးဘဲ ဧည့်ခန်းတွင်ထိုင်ဖြစ်ကြသည်။

“လာမယ့် ကုမ္ပဏီ နှစ်ပတ်လည် ပွဲနှင့် မင်းတို့မင်္ဂလာသက်တမ်းခြောက်လပြည့်နေ့က ကွက်တိကျတယ်နော.်။အဲ့ဒါ ရုံးချူပ်ခန်းမမှာပဲ တူတူ လုပ်ရအောင်လို့လေ.”

“ဦးငယ်ရာ မှတ်ထားပေးတာလား..”

“ဒါပေါ့ ဒီတူလေးပဲ ရှိတာကိုး.”

Krist ၀မ်းနည်းဝမ်းသာဖြစ်သွားရသည်။ တစ်ဦးတည်းသော ဦးလေးက အမှတ်တရရှိပေးသည့်အပြင် ဂရုတစိုက်ရှိပေးသည်က  ကြည်နှုး၇သည်မှာ အနှိုင်းမဲ့.။သို့ပေမယ့် Black Group နှင့်မပတ်သက်ချင်သော Singto ကြောင့် အဲ့မှာအဆင်ပြေပါ့မလား။ Singto ကိုလှည့်ကြည့်လိုက်တော့လည်းသူက  ပြုံးပြကာ ခေါင်းညိတ်ပြသည်။

“ကျေးဇူးတင်ပါတယ်.”

“နိုးပါ..။ P’ ပျော်ရင် ပြီးတာပဲ.”

“ကဲ ဒါဆို Singto ကပဲ ဦးငယ် တူလေးကို ဂရုစိုက်ပြီးပျော်အောင်လုပ်ပေးပါ။ ဦးငယ်က ခရီးကပြန်လာလာချင်းလာတွေ့တာ ။ ပြန်လိုက်ဦးမယ်.”

“စိတ်ချပါ..ကျွန်တော်သေချာဂရုစိုက်ပါ့မယ်။”

Mr.Chae ပြန်သွားတော့မှ Krist သည် Singto ခါးကိုဖက်ကာ ရင်ခွင်ထဲတိုးဝင်လိုက်သည်။

“ဘာလို့ အစစအရာရာနားလည်ပေးတာလဲ”

“ရော်--ခက်ပါပြီ..P’ ပျော်ရင်ပြီးတာပဲလို့ ။ဟာ-- Gun အဲ့ဒါကိုဘာလို့ယူလာတာလဲ သွားပြန်ထား.”

ထမင်းစားခန်းထဲ ၀င်သွားပြီလို့ထင်ထားသော Gun သည်ဘယ်အချိန်ကတည်းက အပေါ်ပြန်တက်သွားသည်မသိ.။ Singto အခန်းထဲက ပန်းချီကားကို ရင်ဝယ်ပိုက်လာသည်။

“သား အခန်းထဲချိတ်မှာနော်..P’Sing ကိုလာပြတာ..ဒါ သားယူမို့”

“ဟေ့ အဲ့ဒါတော့မဖြစ်ဘူး။သွား--ပြန်ထား---”

Singto ကထိုင်နေရာမှထပြီး ခပ်မာမာဆူလိုက်တော့ Gun က အီးခနဲထငိုသည်။ ပန်းချီကားကိုတွယ်ဖက်ထားတာလည်း မဖယ်.။Krist မနေသာတော့ဘဲ ထလိုက်ရတော့သည်။

“ဘယ်လိုဖြစ်တာလဲ Sing ရယ်.. ပန်းချီကားတစ်ချပ်ပဲကို.ပေးလိုက်ပါ.”

ထိုစကားကို Singto စိတ်ထင့်သွားကာ လှည့်ကြည့်လိုက်သည်။

“P’ ဘယ်လိုပြောလိုက်တာလဲ..။ အဲံ့ဒါကျွန်တော်ဘယ်လောက်တန်ဖိုးထားလဲမသိလို့လား.”

“မဟုတ်ပါဘူး။ ကလေးက တအားလိုချင်နေတော့ ခဏပဲဖြစ်ဖြစ် ထားပေးလိုက်လေ..ပြီးမှ ငါ ပြန်တောင်းပေးမယ်..မဟုတ်လည်း ငါ တစ်ပုံစံတည်းအသစ်ပြန်ဝယ်ပေးမယ်နော်.”

Singto မည်သည့် ခံစားချက်မှန်းမသိ ရင်တွေ တဒိုင်းဒိုင်းခုန်လာသည်။ တဆတ်ဆတ်တုန်ယင်လာသော နှလုံးခုန်သံကို မနည်းငြိမ်အောင်ထိန်းစေလိုက်ပြီးမှ…

“P’ ၀ယ်ပေးစရာမလိုပါဘူး.ဆွဲပေးလို့ရတာပဲ တစ်ပုံစံတည်းတူတာကိုး။”

“ဟမ်---အင်း---အင်း ငါဆွဲ--ပေးတာပေါ့”

“ဟာ--ဆူညံနေတာပဲ..Gun ဘာဖြစ်တာလဲ..”

Off အိမ်ထဲဝင်လာတာလည်းမြင်ရော..ထုံးစံအတိုင်း Gun က သူ့လူကြီးနားပြေးသည်။ လက်က ပန်းချီကားကမလွှတ်။ Offသည် ကလေးငယ်ကို အသာထိန်းဖက်လိုက်ရင်း အခြေအနေကို အကဲခတ်နေသည်။

“အဲ့ဒီ ပန်းချီကား ကျွန်တော် ဘယ်လိုရတာလဲ သိလား.”

“သူများလက်ဆောင်ပေးတာလား။ပြော--မင်း အဲ့လောက်တန်ဖိုးထားတာ..ဘယ်သူပေးထားလို့လဲ..”

Singto ၏ နှလုံးသား တစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားသလိုခံစားရသည်။ထုံထိုင်းသွားခြင်းဟူသော ခံစားချက်ကို ခံစားမိသည့်အခါ လူက တုပ်တုပ်မျှ မလှုပ်တော့။

“အဲ့လက်ဆောင် ဘယ်သူပေးထားတာလဲ တကယ်မသိတာလား Arthit.”

ခပ်ထေ့ထေ့အပြုံးဖြင့် အိမ်ထဲဝင်လာသူသည် မကြိုဆိုချင်သော Laven.။သူမက အိမ်ထဲဝင်ထွက်နေကျမို့ဂိတ်က အမြဲတံခါးဖွင့် ပေးလေ့ရှိသည်။ ဘာအခြေအနေမှန်းမသိ..အားလုံးတိတ်ဆိတ်နေကြချိန် Lavenက Krist ဆီ တစ်လှမ်းချင်းလျှောက်လာသည်။

“ပန်းချီကားကို ငါ တစ်ခေါက်မြင်ဖူးခဲ့တယ်.ကန်ရေပြင်ဘေးမှာပေါ့..။ Singto ရဲ့ တကယ့်ချစ်သူကပေးခဲ့တာလေ..”

Laven စကားကို Krist နားမလည်.။ Singto ကိုကြည့်တော့လည်း အသက်မဲ့သူလို ရပ်နေသည်။Laven က ဆက်လျှောက်လာရင်းက Krist ၏ ည၀တ်အင်္ကျီစကိုဖြတ်ခနဲဆွဲလှန်ပစ်လိုက်တော့ ပတ်တီးထပ်တွေနှင့် ဗိုက်က ဒဏ်ရာတစ်ခုက အထင်းသား..။

“ငါပြန်စဉ်းစားကြည့်မိတယ်.။ သတင်းတွေတက်လာတော့လေ..။ ဒီနေ့ဖမ်းဆီးရတဲ့မြို့ပြင်က အဖွဲ့သတင်းက Singto ရိုက်လာတယ်ဆိုတော့..ပြီးတော့ အဲ့နေရာမှာ အနက်ေ၇ာင်ကျားသစ်က သတင်းထောက်ကိုကာကွယ်ပေးခဲ့တာ ဆိုတဲ့ငါ့တပည့်လေးအပြောကို အကြာကြီးစဉ်းစားလိုက်ရတာ…နောက်ဆုံးဖြစ်နိုင်ခြေကို သွားတွေ့တယ်.။နင်က အနက်ေ၇ာင်ကျားသစ်မလား..”

“ဘာတွေလျှောက်ပြောနေတာလဲ Laven။ဗိုက်မှာ ဒဏ်ရာ ရှိလို့စွပ်စွဲကြေးဆို ငါမှာလည်း ဒဏ်ရာရှိတာပဲ…”

“နင် ဘယ်လိုလုပ်ခဲ့လဲတော့ငါမသိဘူး Off. ဒါပေမယ့် နင်ကတော့ Singto ကို အသက်စွန့်ကာပေးစရာအကြောင်းမရှိဘူးမလား.။”

“Khun Laven ပြန်လိုက်ပါတော့.”

တစ်ချိန်လုံးငြိမ်နေသည့် Singto ထံမှ ထွက်လာသော အသံကြောင့် Laven မျက်ခုံးပင့်သွားသည်.။ သိပ်ကိုခန့်မှန်းရခက်သည့် မျက်လုံးတွေကြောင့် သူမ တစ်ချက်ပြုံးကာ ငြိမ်သက်နေသည့် Krist ဘက်ကိုလှည့်လိုက်သည်။

“နင် ယောင်ဆောင်နေတာ အဆုံးသတ်ပြီ။ Krist..။ တခြားဘာမှမပြောနဲ့ Arthit လက်ဆောင်ပေးခဲ့တဲ့ အဲ့ပန်းချီကားကို  ဘယ်သူပေးတာလဲ မေးကတည်းက နင် သွားပြီပဲ..။ ကံကောင်းပါစေလို့ ငါ ဆုမတောင်းပေးပါဘူး။ အဖြစ်မှန်ပေါ်သွားလည်းနင်က ဘာကိုမှ ဂရုစိုက်မယ့်သူမှ မဟုတ်တာ..။ဒါပေမယ့် Arthit အတွက်တော့ နင့်ကို ငါ လုံးဝခွင့်မလွှတ်ဘူး…”

ခပ်မြန်မြန်လျှောက်ထွက်သွားသည့် Laven ၏ ကျောပြင်ကို အဓိပ္ပာယ်မဲ့ငေးနေမိသည့် krist သည် Singto ဘက်ဖြည်းဖြည်းးချင်း လှည့်လိုက်သည်။

“Sing ငါ--”

“ခွပ် --”

“ဟေ့ကောင် Singto..”

အားပါသော လက်သီးချက်ပေမို့ ဘေးက ဆိုဖာပေါ် Krist အပုံလိုက်လဲကျသွားသည်။ ဒေါသတကြီးေ၇ှ့တိုးလာသည့် Off ကို Krist လက်ပြဟန့်တားလိုက်သည်။

“P’Arthit မဟုတ်ဘူးမလား..။ကျွန်တော့်မျက်လုံးကိုကြည့်ပြီး သေချာဖြေ.”

“ငါ-- မဟုတ်ဘူး..”

ဖော်ပြမရအောင်နာကျင်သွားသည့် Singto မျက်လုံးတွေကို သူရှောင်လွှဲကာ ဖြေလိုက်သည်။ဆက်ပြီး လည်းမညာချင်တော့ပါ။  ကံကြမ္မာစေလိုရာစေပါစေတော့…။

“လူစိတ်မရှိတာ.. ဒါဆို အက်ဆီးဒင့်တုန်းက ဆုံးသွားတာ P’Arthit ပေါ့…အား….. ခင်ဗျား လွန်လွန်းလို်က်တာ..။ခင်ဗျား--ဘယ်လောက်တောင်--- P’Arthit  ….့ ကျွန်တော်က P’Arthit ဆုံးသွားခဲ့တောတောင် မသိဘဲ ခင်ဗျားနဲ့..သတ်မိတော့မယ် ခင်ဗျားကို ကျွန်တော်သတ်မယ်..”

“မလုပ်ပါနဲ့ P’Arthit ကို မလုပ်ပါနဲ့..အီး---ဟီး---အင့်..”

Gun သည် Singto ခါးနောက်ကိုပြေးဖက်လျက် ရှိုက်ကြီးတငင်ငိုသည်။ Off သည်လည်း ခြေစုံရပ်လျက် ဘာလုပ်ရမည်မသိ.။ Krist ကတော့ ဆိုဖာပေါ်မှ ဖြည်းဖြည်းချင်းထလိုက်သည်။

“သူ က P’Arthit မဟုတ်ဘူး.. ငါတို့ရဲ့ P’Arthit မဟုတ်ဘူး Gunရဲ့..အဲ့ဒါ လူယုတ်မာ..ငါတို့ဘ၀တွေကို ဖျက်ဆီးလို့အားမရလို့ ငါ့နှလုံးသားကိုပါ ဖျက်ဆီးတဲ့လူယုတ်မာ…။မင်းအကို ကိုသတ်တဲ့လူသတ်သမားကွ..”

“ငါ တမင်လုပ်တာ မဟုတ်ဘူး.”

“ခင်ဗျား ပါးစပ်ပိတ်ထား ! ခင်ဗျားက ဘာပြောဦးမလို့လဲ..။P’Arthit ကို သေစေခဲ့ပြီးမှ သူ့နေရာကို ၀င်ယူထားရတာ ပျော်နေလား.။ ကျွန်တော်က P’Arthit ထင်ပြီးကြင်နာခဲ့သမျှကို ဟားတိုက်နေတာမလား..။ ဘယ်လိုလုပ်ရမလဲ ခု ခင်ဗျားကို ကျွန်တော် မုန်းလွန်းလို့ဘယ်လိုလုပ်ရမလဲ…P’Arthit ကိုသနားလွန်းလို့လဲ  ဘယ်လိုလုပ်ရမလဲ.”

Krist သည် တစ်ခွန်းမှမဆို.တစ်လိမ့်ချင်းကျနေသော မျက်ရည်များသာဖြေမဆည်နိုင်ဖြစ်နေရသည်။ ကြာတော့ Off ကြည့်မနေနိုင်တော့..။

“မျက်ရည်သုတ်စမ်း Krist.. မင်းက ဘာအပြစ်ရှိလို့ ပြောသမျှ အရူးလိုခေါင်းငုံ့ခံနေရတာလဲ။”

“ဘာအပြစ်၇ှိလို့လဲ တဲ့ ..တော်တော်တရားကျဖို့ကောင်းတာပဲ..။တစ်ပါးသူကို သတ်တယ်.။Arthit ကိုသေစေတယ်..ကားအက်ဆီးဒင့်ဖြစ်တာချင်းတူတူ ကားကလည်း သူ မောင်းတာကို ဘာလို့ P’Arthit က သေရတာလဲ ..ဘာလို့ သေတဲ့သူက Krist မဖြစ်ရတာလဲ…”

“Singto !”

Off ၏ အော်ဟစ်သံကြီးထွက်ပေါ်လာသလို Gun ၏ ငိုကြွေးသံ..တို့ဖြင့် အိမ်တော်က ပွက်ပွက်ညံသွားသည်။ ညနေစာ စား၇န်ပြင်ဆင်နေသည့် အိမ်တော်ထိန်းကြီးတို့အုပ်စုသည်လည်း ထမင်းစားခန်းထဲတွင် စုကာ အသံမထွက်ရဲကြ။

“ခင်ဗျား သိပ်စက်ဆုပ်ဖို့ကောင်းတယ်.. ”

Singto သည် Gun လက်ကိုဆွဲကာ ဒေါသတကြီးဖြင့် အိမ်ထဲက ထွက်သွားသည်။လည်တဆန့်ဆန့်ဖြင့် Gun ခမျာ Off ဆီ လက်လှမ်းချင်သော်လည်း စိတ်ကြီးနေသည့် Singto ကိုကြောက်နေပုံရကာ ပါသွားရသည်။

Krist ဆိုဖာပေါ် အရုပ်ကြိုးပျက်ထိုင်ချလိုက်မိသည်။

ပင်ပန်းလိုက်တာ..။

မသိခဲ့ဘူး..မုန်းနေမှန်းတော့သိပေမယ့် ဒီလောက်ထိ ပြောထွက်လောက်မယ်လို့ မသိခဲ့ဘူး.။

အမုန်းတွေ ဘယ်တော့များကြေအံ့…။

# With Heart
Just A dreamer.


Continua a leggere

Ti piacerà anche

291K 50.1K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
177K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
43.8K 3.1K 72
ဖတ်ကြည့်နော်😉😉
65.8K 2.6K 44
Hello!ဒီficေလးကကိုယ့္ရဲ့ပထမဉီးဆံုးficေလးဆိုေတာ့အမွားေတြလည္းပါေလာက္ပါတယ္၊ျပီးေတာ့ဒီficေလးဟာစာေရးသူရဲ့စိတ္ကူးသာျဖစ္တဲ့အတြက္‌ေျကာင့္၊မည္သည့္တစ္စံုတစ္ေယာ...