ချစ်​ခြင်းကို​စေ.......💓
By Natpankalay
200K 15.5K 1.4K
#BOTH WITH ZAWGYI & UNICODE ဦးနှောက်က စေခိုင်းနိုင်တဲ့ အထဲမှာ ချစ်ခြင်း မပါတော့ ခက်သားလား ??? More
Prologue
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Part -19
Part-20
Part-21
Part-22
Part -23
Part-24
Part -25
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part
Extra
Part-26
4.7K 441 48
By Natpankalay
-
-
-
-
"ဘာ--"
# With Heart
Just A dreamer
Unicode
"ဒါကြောင့် မစားပါနဲ့လို့ပြောတာပေါ့။ခုတော့ သွေးတွေထိုးကျကုန်ပြီ.."
Krist ၏ နဖူးထက်မှ ဆံစတို့ကိုပွတ်သပ်လျက် ဆိုလာသူကို အိပ်ရာပေါ်ကနေ မော့မော့လေးငေးနေမိသည်။ သူ တတကယ်ကို ပူပန်သွားတာ သိပ်ကိုသိသာလွန်းလှသည်။
"အင်း--နောက်မစားတော့ဘူး."
"တကယ်ရောသက်သာရဲ့လား.Arthit."
Off ကလည်းစိုးရိမ်မကင်းသည့်မျက်နှာဖြင့် ကြည့်နေသည်မို့ ခေါင်းညိတ်ပြလိုက်သည်။ တရေးနိုးထလာသော Gun မှာလည်း Krist ပြိုလဲကျသွားသည်နှင့် ကြုံကာ ဟစ်အော်ငိုကြွေးလျက် ယခု Krist ၏ ဘေးအိပ်ရာပေါ်တွင် ခွေထိုင်ကာ လက်တစ်ဖက်ကို လည်းဆုပ်ကိုင်ထားပေးသည်။
"ဒါဆို နားလိုက်တော့နော်.။ ဆေးလည်းသွင်းထားတော့အိပ်လိုက်ပါတော့. ။P' အိပ်မှ ကျွန်တော်အလုပ်ခန်းထဲသွားမှာ."
သူ ခေါင်းညိတ်ပြကာ မျက်လုံးတို့ကိုမှေးမှိတ်လိုက်သည်။ ခေါင်းက ဆံစတို့ကိုပွတ်သပ်ပေးခြင်းကို နှစ်ခြိုက်စွာ ခံယူရင်းသိပ်မကြာခင်ပင် အိပ်မောကျသွားတော့သည်။
အိပ်ပျော်သွားတာကို မြင်မှ Singto အခန်းထဲက ထွက်လာခဲ့လိုက်သည်။ ခုထိ အနားတွင်ထိုင်နေချင်သေးသော Gun ကိုပါ လက်ဆွဲလျက် ဖြည်းဖြည်းထွက်ရသည်။
"P'Off က သားအတွက် နွားနို့သွားဖျော်ပေးတယ်"
"အင်း--သောက်ပြီးရင် အိပ်ရမယ်နော်.."
Singto အလုပ်ခန်းထဲတောက်လျှောက်ဝင်လာသလို Gun ကပါလိုက်လာသည်။ Singto အလုပ်ခန်းတွင်လည်း ယခင်က Arthit ကန်ရေပြင်ဘေးတွင်ဆွဲထားသည့်ပန်းချီကားလေးက နေရာယူသည်။ ချစ်သူ့လက်ဆောင်မို့သူ့မှာ ဟိုဘက်အိမ်ကပြောင်းလာ ကတည်းက မှတ်မှတ်ရရယူလာခြင်းပင်။
"၀ါး--ပုံလေးတွေက လှလိုက်တာ.သားလည်းဆွဲတတ်ချင်တယ်."
"P'Arthit သင်ပေးမှာပေါ့..နောက်နေ့သူ့ကိုသင်ခိုင်းနော်."
"အမ်-- P'Arthit က မဆွဲတတ်ဘူးလေ."
Laptop အဖုံးကိုဖွင့်လိုက်ရင်း Gun ကို အသာလှည့်ပြုံးပြလိုက်သည်။
"ကောင်ဆိုးလေး..မေ့မယ့်မေ့တော့လည်း အားလုံးမေ့တော့တာပဲ.။သူက မင်းတို့သင်တန်းက ဆရာလေ။"
"သင်တန်းကဘာကြီးတုန်း.။တကယ်ပြောတာ P'ရဲ့.။ဟိုနေ့က သား သင်ခိုင်းတော့ P'မှ မဆွဲတတ်တာ Gun ရဲ့တဲ့.။မယုံရင် မနက်ဖြန်မေးကြည့်လေ..နော်..သား မလ်ိမ်ဘူး."
ကီးဘုတ်ပေါ်က လက်တို့သည် အနည်းငယ်တော့ တုံ့ဆိုင်းကုန်သည်။ ခေါင်းထဲ ၀င်လာသည့် မဟုတ်တရုတ်အတွေးတို့ကို ချက်ချင်းခါထုတ်ကာ အလုပ်ကိုရှေ့ဆက်လိုက်သည်။ Gun ကတော့ အခန်းဝတွင် P'Off လာခေါ်၍ လိုက်သွားလေပြီ.။ အဘယ်ကြောင့်များ စိတ်အတွေးတို့ကိုလာ နှောင့်ယှက်ကြပါလိမ့်.။
-
-
-
-
မနက်ခင်းဝေလီဝေလင်းချိန်တွင်ဖြစ်သည်။ မှိုင်းညှို့နေသည့်မြို့ပြင်သစ်ပင်တွေအုံ့ဆိုင်းကာ လူသူမသဲကွဲသည့် နေရာတွင် ချိန်းဆိုမှုများပြုလုပ်နေကြသည်။
အမှန်က ရှုခင်းသတင်းအတွက် အကူအညီတောင်း၍ မြို့ပြင်ပန်းခင်းတို့ဘက်လာရောက်ရိုက်ကူးပြီးပြန်မည့်အချိန်တွင် ယခုအဖြစ်အပျက်ကိုကြုံတွေ့ရခြင်းဖြစ်သည်။ Singto နှင့် တပည့်ကောင်လေးသည် ကင်မရာကို သေချာချိန်ထားကြသည်။ အဖွဲ့နှစ်ဖက်သည် အိတ်အမည်းကိုယ်စီဖြင့် လဲလှယ်နေကြသည်။ Singto က ကင်မ၇ာကိုအသံမထွက်စေဘဲ တဖျတ်ဖျတ်ရိုက်သည်။ဒီလိုနေရာတွင် သေချာပေါက်တရားမ၀င်မှုမျိူးပဲဖြစ်မည်။လှဲလှယ်ပြီးတော့ တစ်ဖွဲ့က အရင်ပြန်ထွက်သွား၏။ ကျန်တဲ့တစ်ဖွဲ့လည်း ထိုနေရာမှ လှည့်ပြန်ရန်ကြံစဉ်. အုပ်စုထဲမှ နှစ်ယောက်သုံးယောက်ခန့်သည် မြေပြင်ရုတ်တရက်လဲကျသွားကြသည်။ Singto ကင်မရာကိုစူးစိုက်ကြည့်မိတော့ ထုံဆေးအပ်ပါသည့် သေနတ်နှင့် ပစ်လိုက်ပုံ ရသည်။
သူတိုချူံကွယ်ကာကြည့်နေရင်းမှပင် တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားသည့် သူတစ်ယောက်သည် ခပ်အေးအေးထွက်လာသည်။ မျက်နှာတွင် လည်း အနက်ေ၇ာင်မျက်နှာဖုံးကိုတပ်ဆင်လျက်။
"မင်းတို့အုပ်စု နယ်စပ်မှာ ငါတို့ဘယက်ရောင်းဖို့ကြံနေတယ်ဆို.။မင်းတို့ဘယ်အဖွဲ့ကလဲ"
"မင်းက--ဘယ်သူ--- အနက်ေ၇ာင်ကျားသစ်"
အနက်ရောင်ဝတ်လူသားက လက်လေးလှုပ်ပြလိုက်သည်တွင် အားလုံး တုန်လှုပ်သွားကြသည်။သို့သော် သူတို့က လူအများမို့ မာန်တင်းလိုက်သည်။
"ငါတို့ Group ရဲ့အဖိုးတန်ရတနာကိုခိုးယူရဲတာ မင်းတို့အင်အားက သေးတော့မသေးဘူးထင်တယ်.။ရှည်ရှည်ဝေးဝေးမပြောချင်ဘူး.မင်းတို့ခေါင်းဆောင် ဘယ်သူလဲ."
"မင်း ကို ဘာလို့ပြောပြရမှာလဲ.။"
"ကောင်းပြီလေ.ခု တရားမ၀င်ရောင်းဝယ်မှုနဲ့မင်းတို့ထောင်ထဲသွားပေါ့"
နှစ်ဖက်က တိုက်ခိုက်မည့်အနေအထားပြင်နေစဉ် ချူံပုတ်ထဲတွင် Singto တပည့်လေးထံမှ မြည်လာသောဖုန်းသံကျယ်က ပေါ်ထွက်လာသည်။အားလုံးကြောင်အသွားစဉ် အုပ်စုထဲက နှစ်ယောက်က ချူံထဲက သူတို့ကိုဆွဲထုတ်လာသည်။
"ဆရာ--ဒီကောင်တွေမှာ သက်သေရိုက်ထားတယ်ထင်တယ်"
"ဘာ--"
အနက်ရောင်ကျားသစ်က ချက်ချင်းလှုပ်ရှားလာသည်။ သွက်လက်သည့် တိုက်ခိုက်မှုများတွင် လူအားလုံးအလဲလဲအပြိုပြို.။Singto သည်လည်း သူ့တပည်လေးကိုချူပ်ထားသည့် လူကိုပြန်ကန်ကာ တိုက်ပွဲထဲ ၀င်ပါရတော့သည်။ အတွန်းကန်လိုက်ရသူက လဲကျနေရာမှ ဒေါသတကြီးထကာ အိတ်ထဲမှ ဓားငယ်ကို ထုတ်လိုက်သည်။ တစ်ဖက်မှာလည်း အာရုံစိုက်နေရသည်မို့ဝင် လာသော ဓားကို သတိမထားမိ.။သို့ပေမယ့် သူ နောက်ကနေ အတွန်းခံလိုက်ရသည်။
"ကိုယ့်ကိစ္စမဟုတ်ဘဲ ၀င်ပါတယ်.သွားကြမင်းတို့"
ခပ်အက်အက်ထွက်လာသည့် အနက်ရောင်ကျားသစ်ဆိုသည့်လူကို ရပ်ကြည့်နေမိစဉ် တပည့်လေးက Singto ကိုိဆွဲလျက် ပြေးသည်။ ကားကိုတ၇ကြမ်းမောင်းနှင်ကာ ချက်ချင်းပင် စခန်းကို အကြောင်းကြားလိုက်သည်။
အချိန်တွေက ဘာဆို ဘာမှမကြာလိုက်..။ ရုတ်ခြည်းဆိုသလို မြို့ပြင်အစွန်တွင် တရားမ၀င်ရှေးဟောင်းရုပ်တုေ၇ာင်းဝယ်သည့် တစ်ဖွဲ့ကို ဖမ်းမိသည့်သတင်းက တက်လာသည်။
ထုံးစံအတိုင်း Vision Channel တွင်လည်း Singto တို့ရိုက်ယူခဲ့သည့် သတင်းတွေက ဂုဏ်တက်လျက်။အသက်စွန့်ကြိုးပမ်းခဲ့ ကြသည်ကို PD က အစ တလေးတစားကျေးဇူးတင်စကားဆိုသည်။
တစ်နေ့လုံး ပင်ပန်းနွမ်းနယ်ပြီးမှ အမောပြေရမည့်မျက်နှာလေးရှိရာ Black Group သို့ချီတက်ရတော့သည် ။ တစ်လတစ်ခါ ပြုလုပ်သည့် အစည်းအဝေးမို့ သူ့ရဲ့ Oon သည် ဒီအချိန်ထိ ရုံးတွင်ရှိနေလိမ့်ဦးမည်..။ဘာလိုလိုနှင့် သူတို့လက်ထပ်ခဲ့သည်မှာ ခြောက်လပင်ပြည့်တော့မည်။ များမကြာခင်ကျရောက်မည့်ခြောက်လပြည့်မင်္ဂလာနေ့ရက်အတွက်လည်း သူ စိတ်ကူးကြံရွယ်ရသည်များမှာလည်း ပျော်မြူးရ၏။
ကုမ္ပဏီရောက်တော့ အမြင်မကြည်စရာက စသည်။ Laven ဆိုသော အမျိူးသမီးသည် Arthit နှင့် Off ရှေ့တွင် မျက်နှာထား မာမာဖြင့် စကားပြောနေသည်။
"ဟန်ဆောင်မပြနဲ့တော့ Krist. နင်. Arthit မဟုတ်ဘူးဆိုတာသေချာတယ်။"
"ကျွတ်--နင့်မှာ ဒါပဲပြောစရာရှိတာလား Laven."
"နင်က ဘာဖြစ်နေတာလဲ Off ရဲ့.စိတ်မလှုပ်ရှားပါနဲ့"
Laven က ပြောရင်းနှင့်ရုတ်တရက် Off ၏ ဗိုက်နားကို ဖိတွန်းသည်။ ပျက်သွားသော Off မျက်နှာသည် နာကျင်မှုတစ်ခုကို ခံစားနေရသည့်အလား.။Laven နှုတ်ခမ်းတို့တစ်ချက်တွန့်ကွေးသွားသည်။
Krist က ချက်ချင်းဆိုသလို Laven ၏ လက်ကိုပုတ်ထုတ်လိုက်သည်။
"နင် ဘာဖြစ်နေတာလဲတော့ ငါမသိဘူး။ဒါပေမယ့် ဒီလိုတွေ လာမလုပ်ပါနဲ့ ငါတို့အားလုံး စိတ်ရှုပ်တယ်.။"
"စ်ိတ်ရှုပ်မခံပါနဲ့ P'Arthit ။ဂရုကိုမစိုက်နဲ့ ။ လာ--သွားကြမယ်.. P'Off သွားမယ်"
Singto က ရောက်ကတည်းက Laven မျက်နှာကိုမကြည့်။ Krist ၏လက်ကိုဆွဲလျက် ထွက်သည်။ သည်းမခံနိုင်တော့ပါဘူး.။ဒီမိန်းမကို သူ ....။
"ရှင် နောင်တရလိမ့်မယ် Singto."
Singto ခြေလှမ်းတွေတုံ့ခနဲရပ်သွားပြီးမှ ဆက်သည်။ လက်တွင်တော့ P'Arthit ကိုတွဲထားသည့်လက်ကိုမဖြုတ်.။ပြောချင် တာပြောပါစေ.. P'Arthit ကိုစွဲလန်းလွန်းလို့ရူးနေသူဟုသာ မှတ်မည်။
# With Heart
Just A dreamer
Continue Reading
You'll Also Like
15.3K 761 51
ကျွန်​တော်က အစ်ကိုဘယ်​တော့မှ မပိုင်ဆိုင်ချင်တဲ့ အစ်ကို့ရဲ့ CCTV​လေး...
230K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
67.5K 4K 80
အားလုံးပဲ မင်္ဂလာပါ။ ညီငယ် (ဒုတိယတွဲ) မှာ ပြန်ဆုံခွင့်ရလို့ ဝမ်းသာမိပါတယ်။ဖတ်ရှုပေးသူ စာဖတ်သူချစ်မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်။ Love you all. အား...