ေမြ႕ရာထက္တြင္ သတိလက္လြတ္အိပ္ေမာက်ေနသည့္ Singto တစ္ေယာက္သာ ေအးျငိမ္းစြာရွိေနသည္။ ခပ္သြက္သြက္ ၀တ္ထားရေသာ အ၀တ္အစားတုိ႕ႏွင့္ အမ်ိဴးသမီးငယ္သည္ ေျခခ်ိတ္ထိုင္ေနသည့္ Krist ၏ ေရွ႕ေမွာက္တြင္ ေႀကာက္ေႀကာက္လန္႕လန္႕ျဖင့္.။
“တျခားေယာက်္ားမရွိလို႕လားေတာ့မေမးေတာ့ဘူး။ တမင္သက္သက္ Sing ကုိရည္ရြယ္တယ္ဆုိတာသိေနလုိ႕.။ငါ ဘယ္သူလဲေရာ သိလား.”
“သိ-သိပါတယ္ Khun Arthit .”
“ငါတုိ႕လက္ထပ္ထားတယ္ဆုိတာလည္းသိမွာပါ.။ ဒီလို အလုပ္လုပ္တာ မင္းကိုငါ တစ္ခုခုလုပ္မွာမေႀကာက္ဘူးလား.”
မိန္းကေလးကမေျဖ။ တစ္ခ်က္ တစ္ခ်က္ သူမ ေႀကာင္သြားသည္။ သူမ သိထားႀကားဖူးရသည့္ Arthit က ဒီလိုစူးရဲေနသည့္ အႀကည့္ပို္င္ရွင္မ်ိဴး မဟုတ္.။
“Laven လား ခိုင္းတာ.”
“မ ဟုတ္ပါဘူး.ကြ်န္မလညး္ ေသခ်ာမသိပါဘူး ဒီတုိင္းပိုက္ဆံေပးလို႕။ ကြ်န္မ ပိုက္ဆံလုိလုိ႕ပါ။ကြ်န္မ ရိုးရိုး၀န္ထမ္းတစ္ေယာက္ပါရွင္..”
“မင္း Vision Channel က မဟုတ္တာလည္းသိတယ္။ ကလပ္ေတြမွာ က်င္လည္ေနတာလည္းသိတယ္။ဒါေပမယ့္ထားပါ။။အရွည္ေတြမျဖစ္ခ်င္လုိ႕ ထားလိုက္ေတာ့။ေနာက္တစ္ခါဆုိ ငါ မင္းကိုဘာလုပ္မိမယ္ အာမမခံႏိုင္လို႕ ငါ့မ်က္စိေရွ႕ေပၚမလာေအာင္ သတိထားေန.”
ေအးစက္ေနသည့္ျခိမ္းေျခာက္စကားတုိ႕ေႀကာင့္ ေခါင္းတဆတ္ဆတ္ညိတ္ကာ အခန္းထဲမွ အေဆာတလ်င္ထြက္သြားသည္။ ေတာ္ေသးသည္က Krist စံုစမ္းစရာရွိ၍ ေရာက္ေနေသာ ရပ္ကြက္ငယ္နားတြင္ Singto ကားကုိေတြ႕ရာမွ အစျပဳခဲ့ျခင္းျဖစ္သည္။ တမင္သက္သက္ သူတုိ႕ကုိေသြးခြဲခ်င္တာဆုိတာလည္း သူ နားလည္သည္။
အျပစ္ေျပာစရာမရွိေအာင္ အိပ္ေမာက်ေနေသာ မ်က္ႏွာေခ်ာေခ်ာကုိ လက္ေခ်ာင္ေလးမ်ားျဖင့္ထိေတြ႕လုိက္သည္။
“ဘယ္အခ်ိန္ထိမ်ားဒီလိုေငးခြင့္ရပါ့မလဲေလ”
ညေတာင္ေရာက္၍ ေမွာင္လာသည္အထိ သူ႕ကို Krist ထိုင္ႀကည့္ေနခဲ့သည္။ အခ်ိန္အေတာ္ႀကာမွ သူက လူးလြန္႕လာခဲ့၏။
“သတိရျပီလား Sing.”
ပတ္၀န္းက်င္ကို စူးစမ္းေနေသာမ်က္လံုးတုိ႕သည္ ထိုအသံကုိႀကားမွ စိတ္က ဒံုးဒံုးခ်ႏို္င္ေတာ့သည္။ ခ်က္ခ်င္းလူးလဲထကာ ေမြ႕ရာေဘးတြင္ ထိုင္လ်က္သူ႕ကိုငံု႕ႀကည့္ေနသည့္ သူ ကုိ ေပြ႕ဖက္လုိက္သည္။
“P’Arthit.. ေတာ္ေသးတာေပါ့..ကြ်န္ေတာ္ေနာက္ဆံုးျမင္လိုက္တာ အိပ္မက္မဟုတ္လုိ႕.။ကြ်န္ေတာ္ နဲ႕ဘာမွမဆိုင္ဘူး..ဘာမွမသိဘူးေနာ္ Oon..”
“ဘာေျပာလို႕လဲ..ငါ ယံုတယ္..။အဲ့ဒီမိန္းကေလးကိုလည္းႏွင္ထုတ္လုိက္ျပီးသား.”
“ေက်းဇူးတင္ပါတယ္။ ”
ထုိစကားကိုသာတဖြဖြဆုိလ်က္ Krist ကို သာ သူ တင္းတင္းက်ပ္က်ပ္ဖက္ထားခဲ့သည္။ သူ႕ေက်ာကိုအသာပုတ္ကာ ႏွစ္သိမ့္ေပး ျပီးမွ လူခ်င္းခြာလိုက္သည္။
“မင္း ႏိုးလာတဲ့အထိ ေစာင့္ေနတာ.။ငါ ဗုိက္ဆာလွျပီ”
“ဟာ-ဟုတ္လား.ဘာစားခ်င္လဲေျပာ-”
“အျပင္မထြက္ေတာ့ဘူးေလ.။သူမ်ားေတြ ဟုိတယ္ခ အကုန္ခံထား၇တာတူတူ ဒီမွာပဲ ဟုိတယ္စာမွာစားရင္း အိပ္ရေအာင္”
Krist က မ်က္စပင့္ျပီးေျပာေတာ့ Singto မ်က္ႏွာရံႈ႕မဲ့သြားသည္။ေမြ႕ရာေပၚမွ လဲ လူးလဲထကာ-
“အျပင္မွာပဲစားရေအာင္.။ဒီမွာကြ်န္ေတာ္ တစ္မိနစ္ေလးမွမေနခ်င္ဘူး။ ဟုိမိန္းမ ရံုးေရာက္ရင္ရွာျပီး ေတြ႕လို႕က အေသပဲ”
“ဟားးး---ဟား-----Sing ရာ”
ရယ္ေမာေနပံုကုိ Singto သတိလက္လြတ္ေငးႀကည့္ေနမိသည္။ P’Arthit ဒီလုိရယ္တာျမင္ဖူးတာ ပထမဆံုး။
“သြားမယ္--အျပင္မွာပဲသြားစားႀကစို႕”
ႏွစ္ေယာက္သား လက္ခ်င္းခ်ိ္တ္လ်က္ အခန္းထဲမွ ထြက္လာသည္မွာ သာသာယာယာပင္ျဖစ္သည္။ ဟုိတယ္ႏွင့္သိပ္မေ၀းသည့္ စားေသာက္ဆိုင္ တစ္ခုတြင္ ၀င္လုိက္ႀကသည္။ မွာထားသည္မ်ားေရာက္လာေတာ့ ထံုးစံအတိုင္း Singto က ပုစြန္ပါသည့္ ဟင္းပြဲေတြကုိ သူ႕ဘက္ဆြဲယူသည္။
“ဟာ-ဘာလုပ္တာလဲ Sing ရ..။ငါႀကိဳက္တာကိုး.”
“ဘာကုိလဲ”
“ပုစြန္ဟင္းေလ--ေပး--ဒီဘက္ကုိ ဘာလုိ႕မင္းဘက္အကုန္ယူထားတာလဲ”
Singto ဇေ၀ဇ၀ါျဖစ္သြားရသည္။ ။P’Arthit က ပုစြန္ႏွင့္မတည့္။ သူမ်ား အမွတ္မွားမိလုိ႕လား..။ဒါလည္းမျဖစ္ႏိုင္ .။တူတူစားဖူးတာ တစ္ခါႏွစ္ခါမွမကတာ.။ျပီးေတာ့ သူ ကိုယ္တိုင္ေသခ်ာမွတ္ထားခဲ့ျခင္းပင္။
သူ ေတြးေနတုန္းမွာပင္ သူ႕ေရွ႕က P’Arthit ကေတာ့ ပုစြန္တို႕ကုိ ႏွစ္ျခိဳက္စြာ စားသံုးေနေလျပီ။
“P’Arthit ပုစြန္နဲ႕မတည့္ဘူးေလ.”
“ဟင္--”
ရုတ္တရက္ Krist တကယ္ေမ့သြားျခင္းျဖစ္သည္။ Arthit က အေဖႏွင့္တူ၍ ပုစြန္မႀကိဳက္ေပမယ့္ သူကေတာ့ ေတာ္ေတာ္ႀကိဳက္သည့္ထဲတြင္ပါသည္။
“မတတ္ႏိုင္ဘူး အရမ္းစားခ်င္လို႕ပါ။”
အသင့္ေလ်ာ္ဆံုးအေျဖကုိေပးလုိက္ေတာ့ Singto ႕ သက္ျပင္းခ်သည္။ က်န္တဲ့ပန္းကန္တစ္ခ်ိဴ႕ထဲက ဟင္းေတြကုိ သူ႕ထဲပဲ အကုန္ျပန္ယူလိုက္သည္။
“ဒါဆိုေတာ္ေတာ့..ျမန္ျမန္စားျပီးရင္ျပန္ႀကစုိ႕.P’ တစ္ခုခုျဖစ္မွာစုိးလုိ႕.”
စားလက္စသည္ အရသာမရွိေတာ့ပါ။ သူ သတိမထားမိသည့္အခ်ိန္တစ္ခုခုတြင္မ်ား Singto သည္အျဖစ္မွန္ကုိရွာေတြ႕သြား မည္လား.။အမုန္းထုထည္တုိ႕မည္မွ်ေတာင္ဆင့္ကဲသြားမည္လဲ။
“မတည္႕လုိ႕ပါ Oon ရယ္ေနာ္.။ စိတ္မေကာင္းမျဖစ္ပါနဲ႕ မ်က္ႏွာေလးကလည္း.”
“အင္းပါ..”
ပုစြန္မစားလိုက္ရေသာေႀကာင့္၀မ္းနည္းေနသည္ထင္ကာ ေခ်ာေမာ့လာသည့္ Singto ကို ျပံဳးလ်က္ေခါင္းညိတ္ျပလိုက္သည္။ စားုေသာက္ျပီး အိမ္ျပန္ေရာက္ေတာ့ ပုစြန္နဲ႕မတည့္သည့္အတြက္ Allergic ေ၀ဒနာတစ္ခုခုသူခံစားျပဖုိ႕လိုေနတာမို႕ Off နဲ႕တီးတုိးတိုင္ပင္လုိက္သည္။
“ရူးေနလား Krist။ သူ႕ဘာသာ ခဏေန ေမ့သြားလိမ့္မယ္.။မင္းက ဘာလုိ႕ .”
“အခ်ိန္မရွိဘူး Off .မဟုတ္ရင္ သံသယ၀င္စရာေတြျဖစ္လိမ့္မယ္။ပုစြန္နဲ႕မတည့္ပါဘူးဆိုမွ ပုစြန္စားလုိက္လုိ႕ ဘာမွမျဖစ္တဲ့သူ ဘယ္နားျမင္ဖူးလုိ႕လဲ..လုပ္ ျမန္ျမန္..”
Off သည္မေပးခ်င္ေပးခ်င္ျဖင့္ လက္ထဲက ေသြးက်ေဆးလံုးမ်ားကုိကမ္းေပးသည္။ Arthit သည္ ပုစြန္ မေတာ္တဆ စားမိသည့္အခါတိုင္း ေသြးထိုးက်ကာ ေမ့လဲသည္အထိျဖစ္တတ္တာာကိုေတာ့ Singto သိထားလား မသိေပမယ့္ ထုိ႕အျပင္ သူ႕မွာ ေရြးခ်ယ္စရာမရွိ။
အနညး္ငယ္မ်ားေသာ ေဆးလံုးတုိ႕ကုိ ေရႏွင့္အျမန္ေမာ့ေနသည့္သူ႕ကုိ Off ကြ်တ္တစ္ခ်က္သပ္လ်က္ မ်က္ႏွာလႊဲသည္၊။
“P’ . Gun ကေလ ခုတေလာ ပန္းခ်ီဆြဲတာကုိ ျပန္သတိရေနလားမသိဘူး.။P’အလုပ္ခန္းထဲက ကားခ်ပ္ေရွ႕ေတြမွာ တ၀ဲလည္လည္လုပ္ေနတယ္။ P’ အားတဲ့အခ်ိန္ နည္းနည္းကူညီေပးပါဦးေနာ္..သူေလး မွတ္မိလာေအာင္.”
ေရျဖည့္ရန္ ေရကရားအိုးေလးျဖင့္ Singto က ၀င္လာေတာ့ Krist ကမန္းကတန္းေခါင္းညိတ္ျပလုိက္သည္။
“P’ ေနေကာင္းရဲ႕လား..အဆင္ေျပပါတယ္ေနာ္.”
“ဘာမွမျဖစ္ပါဘူး.”
“သခင္ေလး…. Khun Laven ေရာက္ေနပါတယ္.”
အိမ္ေတာ္ထိန္းအေဒၚႀကီးက လာေျပာသည္ကုိ Singto မ်က္ေမွာင္ႀကံဳ႕သြားသည္။ Off ႏွင့္ Krist လည္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ႀကည့္ကာ အႀကည့္ခ်င္းဆံုမိ၏။
“ညေတာင္နက္ေနျပီကိုး.”
သံုးေယာက္လံုး ဧည့္ခန္းေရွ႕ထြက္လာခဲ့ေတာ့ Laven က နံရံတြင္ခ်ိတ္ဆြဲထားေသာ Arthit ႏွင့္ Krist တုိ႕၏ ႏွစ္ေယာက္တြဲ ဓာတ္ပံုကုိေငးႀကည့္ေနသည္။
“ကိစၥရွိလို႕လား Laven..”
“ဆုိပါေတာ့ ။ ညေနက ဟုိတယ္မွာျဖစ္သြားတဲ့ကိစၥအတြက္ ငါကေတာင္းပန္ခ်င္လုိ႕ပါ။ ငါ့တို႕ကလပ္က ေကာင္မေလးေလ..။သူက Singto ကုိ အရင္ကတည္းက Channel မွာျမင္ဖူးျပီး သေဘာက်ေနတာဆိုေတာ့ မျဖစ္သင့္တာေတြျဖစ္သြားရတာပါ။”
“သူ႕သေဘာနဲ႕သူ ဟုတ္လုိ႕လား.”
ထုိစကားသည္ Arthit ထံမွ ထြက္လာေတာ့ Laven နည္းနည္းေတာ့ အံ့ႀသသြားသည္။ အမွန္ေတာ့ သူမ တမင္လာခဲ့တာ.။အတည္ျပဳခ်င္တာအတြက္ မနက္ထိမေစာင့္ႏိုင္၍။
“နင္ သူ႕ကိုျခိမ္းေျခာက္ျပီး ေမာင္းထုတ္လုိက္တယ္မလား.”
“အင္းေလ..အဲဒီေတာ့.”
Singto ႏွင့္ Off က ဘာမွမေျပာ။ ေဘးကေနသာထိုင္ႀကည့္ေနသည္။ Laven အႀကည့္တုိ႕ကလည္း Krist တစ္ဦးတည္းထံတြင္ သာ၇ွီသည္။တန္ျပန္ေမးခြန္းတို႕ေနာက္က ထီမထင္ရိပ္ပါးပါးကို သူမ ဖမ္းျမင္မိသည့္ေနာက္…စိတ္တုိ႕ပူပန္လာရသည္။ေႀကာက္ လန္႕ေနသည့္ ေကာင္မေလး၏ ေျပာစကားတုိ႕ကလည္း နားထဲထ၀ဲလည္လည္.။ Khun Arthit မွ ဟုတ္ရဲ႕လား Khun Krist လို႕ထင္ေနသည္တဲ့။
“နင္--- Krist မလား…”
“ေတာက္!! ခင္ဗ်ား ဘာေတြ လာေျပာေနတာလဲ Khun Laven . ေျပာစရာမရွိေတာ့ရင္လည္းျပန္ပါေတာ့။ မဟုတ္တာေတြ လာမေျပာေနပါနဲ႕.”
Singto ၏ ေဒါသတႀကီးအသံကို သူမ ဂရုမထား.။ Arthit ကုိသာ ေစ့ေစ့ႀကည့္ကာ-
“Arthit ဆုိ အဲ့လိုမေျပာႏိုင္ဘူး.သူ ေျပာမထြက္တတ္ဘူး.။ ငါေကာင္းေကာင္းသိတယ္..နင္ Arthit မဟုတ္ဘူး.”
“ကုိယ့္တရား၀င္ေယာက်ာ္းကို လာျမဴဆြယ္တာ ငါက ေကာင္းေကာင္းေတာင္းပန္ျပီး ျပန္လႊတ္လုိက္ရမွာလား Laven.။လူတိုင္းက အေျခအေနနဲ႕လိုက္ျပီး ေျပာင္းလဲတတ္တာ နင္ မသ္ိလို႕လား.”
“ဟင့္အင္း ခုပိုေသခ်ာေနတယ္ နင္ Arthit မဟုတ္ဘူး..။နင့္ မ်က္လံုးေတြကုိ ငါ မယံုဘူး။။ဘယ္မွာလဲ င့ါရဲ႕ Arthit ။ နင္ ဘယ္လုိလုပ္ထားလိုက္လဲ..ဟမ္..”
“Laven နင္ ့ လက္ဖယ္စမ္း !! ”
Laven သည္ထို္င္ေနရာမွာထကာ Krist တစ္ကုိယ္လံုးကိုလ ႈပ္ခါ လ်က္ ေဆာက္တည္ရာမရာေျပာသည္။ Off သည္လက္ကိုအတင္းဆြဲခြာလ်က္ Singto က Krist ကို သိမ္းဖက္သည္။
“နင္တုိ႕အားလံုး အညာမိေနျပီ..သူက သူက Arthit မဟုတ္ဘူး.။ေျပာစမ္း..”
“ခင္ဗ်ား လြန္ေနျပီေနာ္..ဟာ--Oon…P”Arthit…”
တြန္းထိုးရုန္းကန္မႈေတြႀကားတြင္ ျပိဳလဲကာ ေခြက်လာေသာ Krist ၏ ကုိယ္လံုးေလးကို အျမန္ထိန္းေပြ႕လိုက္ရသည္။ ေသြးမရွိသလို ျဖဴေဖ်ာ့ေနသည့္ မ်က္ႏွာေႀကာင့္ Singto စုိးရိမ္စိတ္တို႕ေဆာင့္တက္ကာ--
“P’Off ဆရာ၀န္ေခၚေပးပါဦးဗ်ာ..တစ္ကုိယ္လံုးျဖဴေဖ်ာ့ေနတာပဲ”
ေမာ့ေျမာေနသူကို ေပြ႕လ်က္ အေလာတႀကီး ထြက္သြားသူႏွင့္ ဆရာ၀န္ေခၚရန္ ပ်ာယာခတ္ေနသူတုိ႕ႀကား Laven ေတာင့္ေတာင့္ေလး ရပ္ေနမိသည္။
နံရံထက္က ဓာတ္ပံုကိုႀကည့္ကာမ်က္ရည္တြင္တြင္က်လ်က္…
ငါသိတယ္….ခု သူက Arthit မဟုတ္တာ ငါသိတယ္ …။
ဆံုးသြားခဲ့တာ နင္လား Arthit ရယ္…၊
# With Heart
Just A dreamer.
Unicode
မွေ့ရာထက်တွင် သတိလက်လွတ်အိပ်မောကျနေသည့် Singto တစ်ယောက်သာ အေးငြိမ်းစွာရှိနေသည်။ ခပ်သွက်သွက် ၀တ်ထားရသော အ၀တ်အစားတို့နှင့် အမျိူးသမီးငယ်သည် ခြေချိတ်ထိုင်နေသည့် Krist ၏ ရှေ့မှောက်တွင် ကြောက်ကြောက်လန့်လန့်ဖြင့်.။
“တခြားယောက်ျားမရှိလို့လားတော့မမေးတော့ဘူး။ တမင်သက်သက် Sing ကိုရည်ရွယ်တယ်ဆိုတာသိနေလို့.။ငါ ဘယ်သူလဲရော သိလား.”
“သိ-သိပါတယ် Khun Arthit .”
“ငါတို့လက်ထပ်ထားတယ်ဆိုတာလည်းသိမှာပါ.။ ဒီလို အလုပ်လုပ်တာ မင်းကိုငါ တစ်ခုခုလုပ်မှာမကြောက်ဘူးလား.”
မိန်းကလေးကမဖြေ။ တစ်ချက် တစ်ချက် သူမ ကြောင်သွားသည်။ သူမ သိထားကြားဖူးရသည့် Arthit က ဒီလိုစူးရဲနေသည့် အကြည့်ပိုင်ရှင်မျိူး မဟုတ်.။
“Laven လား ခိုင်းတာ.”
“မ ဟုတ်ပါဘူး.ကျွန်မလည်း သေချာမသိပါဘူး ဒီတိုင်းပိုက်ဆံပေးလို့။ ကျွန်မ ပိုက်ဆံလိုလို့ပါ။ကျွန်မ ရိုးရိုးဝန်ထမ်းတစ်ယောက်ပါရှင်..”
“မင်း Vision Channel က မဟုတ်တာလည်းသိတယ်။ ကလပ်တွေမှာ ကျင်လည်နေတာလည်းသိတယ်။ဒါပေမယ့်ထားပါ။။အရှည်တွေမဖြစ်ချင်လို့ ထားလိုက်တော့။နောက်တစ်ခါဆို ငါ မင်းကိုဘာလုပ်မိမယ် အာမမခံနိုင်လို့ ငါ့မျက်စိရှေ့ပေါ်မလာအောင် သတိထားနေ.”
အေးစက်နေသည့်ခြိမ်းခြောက်စကားတို့ကြောင့် ခေါင်းတဆတ်ဆတ်ညိတ်ကာ အခန်းထဲမှ အဆောတလျင်ထွက်သွားသည်။ တော်သေးသည်က Krist စုံစမ်းစရာရှိ၍ ရောက်နေသော ရပ်ကွက်ငယ်နားတွင် Singto ကားကိုတွေ့ရာမှ အစပြုခဲ့ခြင်းဖြစ်သည်။ တမင်သက်သက် သူတို့ကိုသွေးခွဲချင်တာဆိုတာလည်း သူ နားလည်သည်။
အပြစ်ပြောစရာမရှိအောင် အိပ်မောကျနေသော မျက်နှာချောချောကို လက်ချောင်လေးများဖြင့်ထိတွေ့လိုက်သည်။
“ဘယ်အချိန်ထိများဒီလိုငေးခွင့်ရပါ့မလဲလေ”
ညတောင်ရောက်၍ မှောင်လာသည်အထိ သူ့ကို Krist ထိုင်ကြည့်နေခဲ့သည်။ အချိန်အတော်ကြာမှ သူက လူးလွန့်လာခဲ့၏။
“သတိရပြီလား Sing.”
ပတ်ဝန်းကျင်ကို စူးစမ်းနေသောမျက်လုံးတို့သည် ထိုအသံကိုကြားမှ စိတ်က ဒုံးဒုံးချနိုင်တော့သည်။ ချက်ချင်းလူးလဲထကာ မွေ့ရာဘေးတွင် ထိုင်လျက်သူ့ကိုငုံ့ကြည့်နေသည့် သူ ကို ပွေ့ဖက်လိုက်သည်။
“P’Arthit.. တော်သေးတာပေါ့..ကျွန်တော်နောက်ဆုံးမြင်လိုက်တာ အိပ်မက်မဟုတ်လို့.။ကျွန်တော် နဲ့ဘာမှမဆိုင်ဘူး..ဘာမှမသိဘူးနော် Oon..”
“ဘာပြောလို့လဲ..ငါ ယုံတယ်..။အဲ့ဒီမိန်းကလေးကိုလည်းနှင်ထုတ်လိုက်ပြီးသား.”
“ကျေးဇူးတင်ပါတယ်။ ”
ထိုစကားကိုသာတဖွဖွဆိုလျက် Krist ကို သာ သူ တင်းတင်းကျပ်ကျပ်ဖက်ထားခဲ့သည်။ သူ့ကျောကိုအသာပုတ်ကာ နှစ်သိမ့်ပေး ပြီးမှ လူချင်းခွာလိုက်သည်။
“မင်း နိုးလာတဲ့အထိ စောင့်နေတာ.။ငါ ဗိုက်ဆာလှပြီ”
“ဟာ-ဟုတ်လား.ဘာစားချင်လဲပြော-”
“အပြင်မထွက်တော့ဘူးလေ.။သူများတွေ ဟိုတယ်ခ အကုန်ခံထား၇တာတူတူ ဒီမှာပဲ ဟိုတယ်စာမှာစားရင်း အိပ်ရအောင်”
Krist က မျက်စပင့်ပြီးပြောတော့ Singto မျက်နှာရှုံ့မဲ့သွားသည်။မွေ့ရာပေါ်မှ လဲ လူးလဲထကာ-
“အပြင်မှာပဲစားရအောင်.။ဒီမှာကျွန်တော် တစ်မိနစ်လေးမှမနေချင်ဘူး။ ဟိုမိန်းမ ရုံးရောက်ရင်ရှာပြီး တွေ့လို့က အသေပဲ”
“ဟားးး---ဟား-----Sing ရာ”
ရယ်မောနေပုံကို Singto သတိလက်လွတ်ငေးကြည့်နေမိသည်။ P’Arthit ဒီလိုရယ်တာမြင်ဖူးတာ ပထမဆုံး။
“သွားမယ်--အပြင်မှာပဲသွားစားကြစို့”
နှစ်ယောက်သား လက်ချင်းချိ်တ်လျက် အခန်းထဲမှ ထွက်လာသည်မှာ သာသာယာယာပင်ဖြစ်သည်။ ဟိုတယ်နှင့်သိပ်မဝေးသည့် စားသောက်ဆိုင် တစ်ခုတွင် ၀င်လိုက်ကြသည်။ မှာထားသည်များရောက်လာတော့ ထုံးစံအတိုင်း Singto က ပုစွန်ပါသည့် ဟင်းပွဲတွေကို သူ့ဘက်ဆွဲယူသည်။
“ဟာ-ဘာလုပ်တာလဲ Sing ရ..။ငါကြိုက်တာကိုး.”
“ဘာကိုလဲ”
“ပုစွန်ဟင်းလေ--ပေး--ဒီဘက်ကို ဘာလို့မင်းဘက်အကုန်ယူထားတာလဲ”
Singto ဇဝေဇ၀ါဖြစ်သွားရသည်။ ။P’Arthit က ပုစွန်နှင့်မတည့်။ သူများ အမှတ်မှားမိလို့လား..။ဒါလည်းမဖြစ်နိုင် .။တူတူစားဖူးတာ တစ်ခါနှစ်ခါမှမကတာ.။ပြီးတော့ သူ ကိုယ်တိုင်သေချာမှတ်ထားခဲ့ခြင်းပင်။
သူ တွေးနေတုန်းမှာပင် သူ့ရှေ့က P’Arthit ကတော့ ပုစွန်တို့ကို နှစ်ခြိုက်စွာ စားသုံးနေလေပြီ။
“P’Arthit ပုစွန်နဲ့မတည့်ဘူးလေ.”
“ဟင်--”
ရုတ်တရက် Krist တကယ်မေ့သွားခြင်းဖြစ်သည်။ Arthit က အဖေနှင့်တူ၍ ပုစွန်မကြိုက်ပေမယ့် သူကတော့ တော်တော်ကြိုက်သည့်ထဲတွင်ပါသည်။
“မတတ်နိုင်ဘူး အရမ်းစားချင်လို့ပါ။”
အသင့်လျော်ဆုံးအဖြေကိုပေးလိုက်တော့ Singto့ သက်ပြင်းချသည်။ ကျန်တဲ့ပန်းကန်တစ်ချိူ့ထဲက ဟင်းတွေကို သူ့ထဲပဲ အကုန်ပြန်ယူလိုက်သည်။
“ဒါဆိုတော်တော့..မြန်မြန်စားပြီးရင်ပြန်ကြစို့.P’ တစ်ခုခုဖြစ်မှာစိုးလို့.”
စားလက်စသည် အရသာမရှိတော့ပါ။ သူ သတိမထားမိသည့်အချိန်တစ်ခုခုတွင်များ Singto သည်အဖြစ်မှန်ကိုရှာတွေ့သွား မည်လား.။အမုန်းထုထည်တို့မည်မျှတောင်ဆင့်ကဲသွားမည်လဲ။
“မတည့်လို့ပါ Oon ရယ်နော်.။ စိတ်မကောင်းမဖြစ်ပါနဲ့ မျက်နှာလေးကလည်း.”
“အင်းပါ..”
ပုစွန်မစားလိုက်ရသောကြောင့်ဝမ်းနည်းနေသည်ထင်ကာ ချောမော့လာသည့် Singto ကို ပြုံးလျက်ခေါင်းညိတ်ပြလိုက်သည်။ စာုးသောက်ပြီး အိမ်ပြန်ရောက်တော့ ပုစွန်နဲ့မတည့်သည့်အတွက် Allergic ဝေဒနာတစ်ခုခုသူခံစားပြဖို့လိုနေတာမို့ Off နဲ့တီးတိုးတိုင်ပင်လိုက်သည်။
“ရူးနေလား Krist။ သူ့ဘာသာ ခဏနေ မေ့သွားလိမ့်မယ်.။မင်းက ဘာလို့ .”
“အချိန်မရှိဘူး Off .မဟုတ်ရင် သံသယ၀င်စရာတွေဖြစ်လိမ့်မယ်။ပုစွန်နဲ့မတည့်ပါဘူးဆိုမှ ပုစွန်စားလိုက်လို့ ဘာမှမဖြစ်တဲ့သူ ဘယ်နားမြင်ဖူးလို့လဲ..လုပ် မြန်မြန်..”
Off သည်မပေးချင်ပေးချင်ဖြင့် လက်ထဲက သွေးကျဆေးလုံးများကိုကမ်းပေးသည်။ Arthit သည် ပုစွန် မတော်တဆ စားမိသည့်အခါတိုင်း သွေးထိုးကျကာ မေ့လဲသည်အထိဖြစ်တတ်တာာကိုတော့ Singto သိထားလား မသိပေမယ့် ထို့အပြင် သူ့မှာ ရွေးချယ်စရာမရှိ။
အနည်းငယ်များသော ဆေးလုံးတို့ကို ရေနှင့်အမြန်မော့နေသည့်သူ့ကို Off ကျွတ်တစ်ချက်သပ်လျက် မျက်နှာလွှဲသည်၊။
“P’ . Gun ကလေ ခုတလော ပန်းချီဆွဲတာကို ပြန်သတိရနေလားမသိဘူး.။P’အလုပ်ခန်းထဲက ကားချပ်ရှေ့တွေမှာ တ၀ဲလည်လည်လုပ်နေတယ်။ P’ အားတဲ့အချိန် နည်းနည်းကူညီပေးပါဦးနော်..သူလေး မှတ်မိလာအောင်.”
ရေဖြည့်ရန် ရေကရားအိုးလေးဖြင့် Singto က ၀င်လာတော့ Krist ကမန်းကတန်းခေါင်းညိတ်ပြလိုက်သည်။
“P’ နေကောင်းရဲ့လား..အဆင်ပြေပါတယ်နော်.”
“ဘာမှမဖြစ်ပါဘူး.”
“သခင်လေး…. Khun Laven ရောက်နေပါတယ်.”
အိမ်တော်ထိန်းအဒေါ်ကြီးက လာပြောသည်ကို Singto မျက်မှောင်ကြုံ့သွားသည်။ Off နှင့် Krist လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အကြည့်ချင်းဆုံမိ၏။
“ညတောင်နက်နေပြီကိုး.”
သုံးယောက်လုံး ဧည့်ခန်းရှေ့ထွက်လာခဲ့တော့ Laven က နံရံတွင်ချိတ်ဆွဲထားသော Arthit နှင့် Krist တို့၏ နှစ်ယောက်တွဲ ဓာတ်ပုံကိုငေးကြည့်နေသည်။
“ကိစ္စရှိလို့လား Laven..”
“ဆိုပါတော့ ။ ညနေက ဟိုတယ်မှာဖြစ်သွားတဲ့ကိစ္စအတွက် ငါကတောင်းပန်ချင်လို့ပါ။ ငါ့တို့ကလပ်က ကောင်မလေးလေ..။သူက Singto ကို အရင်ကတည်းက Channel မှာမြင်ဖူးပြီး သဘောကျနေတာဆိုတော့ မဖြစ်သင့်တာတွေဖြစ်သွားရတာပါ။”
“သူ့သဘောနဲ့သူ ဟုတ်လို့လား.”
ထိုစကားသည် Arthit ထံမှ ထွက်လာတော့ Laven နည်းနည်းတော့ အံ့သြသွားသည်။ အမှန်တော့ သူမ တမင်လာခဲ့တာ.။အတည်ပြုချင်တာအတွက် မနက်ထိမစောင့်နိုင်၍။
“နင် သူ့ကိုခြိမ်းခြောက်ပြီး မောင်းထုတ်လိုက်တယ်မလား.”
“အင်းလေ..အဲဒီတော့.”
Singto နှင့် Off က ဘာမှမပြော။ ဘေးကနေသာထိုင်ကြည့်နေသည်။ Laven အကြည့်တို့ကလည်း Krist တစ်ဦးတည်းထံတွင် သာ၇ှီသည်။တန်ပြန်မေးခွန်းတို့နောက်က ထီမထင်ရိပ်ပါးပါးကို သူမ ဖမ်းမြင်မိသည့်နောက်…စိတ်တို့ပူပန်လာရသည်။ကြောက် လန့်နေသည့် ကောင်မလေး၏ ပြောစကားတို့ကလည်း နားထဲထ၀ဲလည်လည်.။ Khun Arthit မှ ဟုတ်ရဲ့လား Khun Krist လို့ထင်နေသည်တဲ့။
“နင်--- Krist မလား…”
“တောက်!! ခင်ဗျား ဘာတွေ လာပြောနေတာလဲ Khun Laven . ပြောစရာမရှိတော့ရင်လည်းပြန်ပါတော့။ မဟုတ်တာတွေ လာမပြောနေပါနဲ့.”
Singto ၏ ဒေါသတကြီးအသံကို သူမ ဂရုမထား.။ Arthit ကိုသာ စေ့စေ့ကြည့်ကာ-
“Arthit ဆို အဲ့လိုမပြောနိုင်ဘူး.သူ ပြောမထွက်တတ်ဘူး.။ ငါကောင်းကောင်းသိတယ်..နင် Arthit မဟုတ်ဘူး.”
“ကိုယ့်တရားဝင်ယောကျာ်းကို လာမြူဆွယ်တာ ငါက ကောင်းကောင်းတောင်းပန်ပြီး ပြန်လွှတ်လိုက်ရမှာလား Laven.။လူတိုင်းက အခြေအနေနဲ့လိုက်ပြီး ပြောင်းလဲတတ်တာ နင် မသ်ိလို့လား.”
“ဟင့်အင်း ခုပိုသေချာနေတယ် နင် Arthit မဟုတ်ဘူး..။နင့် မျက်လုံးတွေကို ငါ မယုံဘူး။။ဘယ်မှာလဲ င့ါရဲ့ Arthit ။ နင် ဘယ်လိုလုပ်ထားလိုက်လဲ..ဟမ်..”
“Laven နင့် လက်ဖယ်စမ်း !! ”
Laven သည်ထိုင်နေရာမှာထကာ Krist တစ်ကိုယ်လုံးကိုလှုပ်ခါ လျက် ဆောက်တည်ရာမရာပြောသည်။ Off သည်လက်ကိုအတင်းဆွဲခွာလျက် Singto က Krist ကို သိမ်းဖက်သည်။
“နင်တို့အားလုံး အညာမိနေပြီ..သူက သူက Arthit မဟုတ်ဘူး.။ပြောစမ်း..”
“ခင်ဗျား လွန်နေပြီနော်..ဟာ--Oon…P”Arthit…”
တွန်းထိုးရုန်းကန်မှုတွေကြားတွင် ပြိုလဲကာ ခွေကျလာသော Krist ၏ ကိုယ်လုံးလေးကို အမြန်ထိန်းပွေ့လိုက်ရသည်။ သွေးမရှိသလို ဖြူဖျော့နေသည့် မျက်နှာကြောင့် Singto စိုးရိမ်စိတ်တို့ဆောင့်တက်ကာ--
“P’Off ဆရာဝန်ခေါ်ပေးပါဦးဗျာ..တစ်ကိုယ်လုံးဖြူဖျော့နေတာပဲ”
မော့မြောနေသူကို ပွေ့လျက် အလောတကြီး ထွက်သွားသူနှင့် ဆရာဝန်ခေါ်ရန် ပျာယာခတ်နေသူတို့ကြား Laven တောင့်တောင့်လေး ရပ်နေမိသည်။
နံရံထက်က ဓာတ်ပုံကိုကြည့်ကာမျက်ရည်တွင်တွင်ကျလျက်…
ငါသိတယ်….ခု သူက Arthit မဟုတ်တာ ငါသိတယ် …။
ဆုံးသွားခဲ့တာ နင်လား Arthit ရယ်…၊
# With Heart
Just A dreamer.