ချစ်​ခြင်းကို​စေ.......💓

By Natpankalay

199K 15.5K 1.4K

#BOTH WITH ZAWGYI & UNICODE ဦးနှောက်က စေခိုင်းနိုင်တဲ့ အထဲမှာ ချစ်ခြင်း မပါတော့ ခက်သားလား ??? More

Prologue
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Part -19
Part-20
Part-21
Part-22
Part -23
Part -25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part
Extra

Part-24

4.3K 434 54
By Natpankalay

အခန္းတြင္လႈပ္ရွားမႈတို႕ရပ္တန္႕ကာ ေအးစက္သည့္ေလထုက လႊမး္မုိးလာသေယာင္ရွိသည္။ Off သည္လည္းမည္သည္မွ မဆို ဒီတိုင္းႀကည့္ေနသည္။

“Sing ကုိ ေဆးသြားပုိ႕ေပးလုိက္ဦးမယ္.ျပန္ဆင္းလာခဲ့မယ္”

ဘာမွ အေရးမႀကီးသလိုႏွင့္ အိမ္အေပၚထပ္တက္သြားေသာ သူကို Off ရပ္ေနလ်က္သားႏွင့္သာႀကည့္ေနမိသည္။ Singto အေပၚ ဂရုစိုက္မႈေတြက သာမန္မဟုတ္..။ Krist… ဘယ္အခ်ိန္ကတည္းကမ်ား သူ႕ကုိမုန္းေနသည့္သူအေပၚ ေလးနက္သြားခဲ့ ပါသနည္း.။ျပီးေတာ့ညေနေစာင္းကမွ ရွက္ရဲေနသည့္မ်က္ႏွာႏွင့္မုိ႕သူေတာင္လွမ္းစလုိက္သည့္အျဖစ္အပ်က္..။
Off တစ္ေယာက္ေခါင္းေတြထူပူကာ ဆံပင္ေတြကုိဆြဲဖြမိလိုက္ေတာ့သည္။
မ်ားမႀကာခင္ ျပန္ဆင္းလာသူက စာႀကည့္ခန္းဆီ ဦးေဆာင္ေခၚသြားသည္။ႏွစ္ေယာက္လံုး အထဲ၀င္ေလာ့ခ်လိုက္ျပီးမွ---

“Baby Off..”

“မင္းကြာ--”

Off မခ်ိတင္ကဲေရရြတ္ရံုသာတတ္ႏိုင္ပါေတာ့သည္။ သူ႕ကိုေျပးဖက္ကာ ႏွစ္ေယာက္သား မ်က္ရည္ေတြႏွင့္ မိတ္ဆက္ႀက၏။ တသိမ့္သိမ့္ရိႈက္ငိုေနေသာ Krist  ကို သူ တဖြဖြပုတ္ႏွစ္သိမ့္ေပးလိုက္သည္။

“Arthit ေလ--Arthit --- Arthit က--”

စကားက ထုိမွမတတ္ႏိုင္။ Krist သည္ Arthit ကုိမည္မွ် ခ်စ္မွန္း Off အသိဆံုး။ဆံုးသြားတာ Krist ဆုိတုန္းက သူ တုန္လႈပ္၀မ္းနည္းခဲ့ရသလို ခု Arthit ဆုိေတာ့လည္း Off မွာ မ်က္ရည္မဆည္ႏို္င္။

“ငိုပါ--မင္း ဒီအေတာအတြင္းခံစားရသမွ်ကုိ အားရေအာင္ငိုလိုက္။”

အသံလံုသည့္အခန္းေပမုိ႕ ရိႈက္ငိုေနေသာ Krist အသံသည္ အျပင္ကမႀကားရႏိုင္။ မ်က္လံုးေတြေအာင့္တက္လာသည္အထိ အတန္ႀကာေအာင္ငိုျပီးေတာ့မွ Krist က ဆုိဖာတြင္ထိုင္သည္။

“ကားေပၚမွာ ငါတုိ႕ႏွစ္ေယာက္လံုး သတိေမ့ေနတုန္း Arthit ကေနာက္ဆံုးလက္က်န္အားေလးနဲ႕ သူ႕လက္စြပ္ေလးကိုခြ်တ္ျပီး ငါ့ကို ၀တ္ေပးခဲ့တာ.။ သူ ေသမွာသိတာမို႕..ငါ့ကို ေကာင္းေကာင္းရွင္သန္ဖို႕ Singto ကုိ ဂရုစိုက္ေပးဖုိ႕ .သူ႕ကိုအားမနာဖုိ႕..။ဒီထက္ပုိျပီးမေျပာႏိုင္ေတာ့ေပမယ့္ သူ႕မ်က္လံုးေတြကို ငါဖတ္တတ္တယ္။ ငါ့ကို သူ႕ေနရာမွာေနျပီး တစ္သက္လံုး ေအးေအးခ်မ္းခ်မ္းေနသြားေစခ်င္တာ..င့ါရဲ႕ Arthit ေလးက..”

ငိုစရာမ်က္ရည္မက်န္ေတာ့သည့္ဟန္ျဖင့္ Krist ၏ မ်က္ႏွာတြင္ ႏိႈင္းဆမရသည့္နာက်င္ျခငး္ေတြသာ ကိန္းေအာင္းေနသည္။

“ဒါေပမယ့္ အဲ့လုိ ဘ၀က ငါနဲ႕ကံမပါလာဘူးနဲ႕တူတယ္။ ငါတုိ႕ကားအက္ဆီးဒင့္ကိစၥလည္း အေျဖရွာရဦးမယ္။ ဘယက္ကိုလည္း ျပန္ရွာရမယ္ Por ကုိသတ္တဲ့တရားခံကုိလည္းရွာရဦးမယ္..။ Arthit က သူ႕ဘ၀ေလးကို ငါ့ကိုေပးခဲ့ေပမယ့္ ငါ အဲ့လိုေနလို႕မျဖစ္ႏိုင္ဘူး..”

“မင္းေဘးမွာ ငါတစ္ေယာက္လံုးရွိတာမို႕ တူတူေျဖရွင္းႀကမယ္..။တစ္ေယာက္ထဲ ဘာမွမလုပ္နဲ႕။ျပီးေတာ့-”

Off က စကားမဆက္ေသး.။ Krist ကုိအရင္ႀကည့္သည္။ ျပီးမွ မ်က္ႏွာတစ္ခ်က္လႊဲကာ--

“Singto နဲ႕ -တူတူေန-ဟုိမ်ိဴး--”

“ငါတုိ႕က လက္ထပ္ထားျပီးျပီေလ.။”

“သူက  အတင္းေတာင္းဆုိမယ့္လူမိ်ဴး မဟုတ္ဘူးလုိ႕ ငါယူဆတယ္.။ ဟုိေန႕ကလည္း မင္းပဲ အရင္-”

Krist က ခပ္ပါးပါးေလးျပံဳးျပသည္။

“ငါ သူ႕ကိုေပ်ာ္ေစခ်င္တယ္.။ Arthit ကုိပါ ဆံုးရံႈးလုိက္ရတာသိရင္ ဘယ္လုိျဖစ္မလဲမသိဘူး။ အားလံုးေပ်ာ္ရႊင္ရဖုိ႕.Arthit ဆံုးတာ-အလဟသမျဖစ္ရေအာင္လို႕ ဒီတိုင္းေလး--ဒီတိုင္းေလးပဲ ေကာင္းပါတယ္။”

“Arthit ဆႏၵတစ္ခုတည္းလုိ႕ေတာ့ မေျပာနဲ႕.။မင္း သူ႕ကို ဘာလို႕ေပ်ာ္ေစခ်င္တာလဲ..”

Krist မေျဖပါ။ အေျဖတစ္စံုတစ္ရာမရွိသည့္ ေမးခြန္းေတြ အမ်ားႀကီးရွိတတ္ႀကတာပဲ။ မလိုအပ္သည့္ေမးခြန္းမုိ႕ သူ မေျဖခ်င္။ ခု-Singto က သူ႕ကုိသိပ္ခ်စ္သလို ခႏၶာကိုယ္ခ်င္းလည္းရင္းႏွီးျပီးႀကျပီပဲ။ ဒီေလာက္ဆုိ လံုေလာက္ေနပါသည္။

Singto ခ်စ္တာ Krist မဟုတ္ေပမယ့္လို႕ေပါ့…
-
-
-
-
-
အလုပ္ေတြ လက္စသတ္ျပီးသည္ႏွင့္ ကားပါကင္ကုိအျမန္ထြက္လာခဲ့လိုက္သည္။သူ႕မလည္း အိမ္ေထာင္သည္ျဖစ္သြားသည္ႏွင့္ အညီ တစ္ခ်ိန္လံုး ခ်စ္ရသူေလး P’Arthit မ်က္ႏွာကိုသာ ျမင္ေယာင္ေနမိေတာ့သည္။

“မလုပ္ပါနဲ႕ရွင္..ကြ်န္မ ေတာင္းပန္ပါတယ္..မလုပ္ပါနဲ႕.”

ႀကားလိုက္ရသည့္ အသံတုိးတုိးေႀကာင့္ Singto နားရြက္တုိ႕ေထာင္သြားကာ- နားစြင့္မိသည္။ မ်က္စိကုိကစားလုိက္ေတာ့ ကားပါကင္ေထာင့္နားတြင္ မိန္းကေလးတစ္ေယာက္ကုိ လူနည္းနည္းက အတင္းဆြဲယမ္းေနႀကသည္။
ေျခလွမ္းတုိ႕ကျဖတ္ခနဲေရာက္သြားကာ ကင္မရာက ေအာ္တိုဖြင့္ျပီးသားပင္ျဖစ္သည္။ လင္းခနဲျဖစ္သြားသည္ႏွင့္အတူ သေကာင့္သားသံုးေယာက္က ျပဴးတူးျပာတာႀကည့္လ်က္ ထြက္ေျပးသြားႀကသည္။

“ေတာက္! ဘယ္ေလာက္ေတာင္အတင့္ရဲျပီး ငါတုိ႕ Channel ရဲ႕ကားပါကင္မွာ လာယမ္းကားရဲတာလဲ”

တရံႈ႕ရံႈ႕ငိုေနေသာ ေကာင္မေလးကုိ Singto တစ္ခါမွေတာ့မျမင္ဖူး..။ လည္ပင္းတြင္ ဆြဲထားသည့္ကဒ္အရ ဌာနကပဲျဖစ္ပံုေပၚသည္။ ေမးျမန္းႀကည့္ျပီးေတာ့မွ ကားဘီးေပါက္ေနသည္မို႕ Singto ကားေပၚပဲ တင္ေခၚလာခဲ့လုိက္ရေတာ့ သည္။

“ညီမ အိမ္နားေရာက္ရင္ေျပာေနာ္..။”

“ဟုတ္ကဲ့.ေက်းဇူးပါ P’..ဟုိးေရွ႕နားေလးမွာရပ္ေပးရင္ရပါျပီ.။”

ေကာင္မေလး ညြန္ျပသည္က သစ္ပင္တန္းေလးေတြေအာက္.ျဖစ္သည္။ လူလတ္တန္းစားရပ္ကြက္တစ္ခုျဖစ္ပံုရျပီး  တိတ္တိတ္ ဆိတ္ဆိ္တ္လည္းရွိလွသည္။

“ကဲ ညီမကားကုိေတာ့ မနက္က်၇င္ ၀ပ္ေရွာ့တစ္ခုကုိဖုန္းဆက္ေပးမယ္။”

“ဟုတ္ကဲ့.။ဒါေလး P’ ခုနကတည္းက ေျပာမလို႕ ။ P’ ႏွာေခါင္းနားမွာ ဘာမႈန္ေလးေတြလဲ မသိဘူးကပ္ေနတယ္.”

“ေႀသာ္-ဟုတ္လား..သတိမထားမိဘူး ေက်းဇူးေနာ္.”

သူမ ကမ္းေပးသည့္ လက္ကိုင္ပ၀ါကုိ ႏွာေခါင္းနားကပ္သုတ္လိုုက္ျခင္းတြင္ မည္သည္က မွားယြင္းသြားသည္မသိ..။စူူးခနဲတက္ လာေသာ အနံ႕စိမ္းစိမ္းႏွင့္အတူ Singto ၏ အျမင္ေတြအားလံုး မသဲမကြဲျဖစ္သြားရသည္။ ခပ္၀ါး၀ါးအသိတြင္ သူမ က ဘယ္ကေပၚလာမွန္းမသိသည့္ တျခားသူတစ္ေယာက္၏ အကူအညီႏွင့္အတူ ကားေနာက္ခန္းကုိေရႊ႕သည္.။
တစ္ေနရာကို ေခၚေဆာင္သြားေနသည္ကို လည္း သိသည္။

“ရျပီ..သြားလိုက္ေတာ့..ခိုင္းတဲ့အတိုင္း လုပ္လိုက္မယ္လို႕..ေျပာလိုက္ပါ.”

သူမ က ထိုလူကို မွာႀကားျပီးေနာက္ အခန္းတံခါးကို ပိတ္လိုက္သည္။ Singto ခံစားမိေနသည္က ႏူးညံ့သည့္ ေမြ႕၇ာထက္.။ထို မိန္းကေလးသည္ ေရခ်ိဴးခန္းထဲ၀င္သြားတာကုိလည္း မလႈပ္ႏိုင္သည့္ႀကားကျမင္သည္။ အမွန္ေတာ့ သူ တင္းခံေနျခင္းသာ.. မ်က္လံုးေတြကုိမွိတ္ပစ္လုိက္ဖို႕ ဦးေႏွာက္ကလႈံ႕ေဆာ္ေနသည္။
သိပ္မႀကာလုိုက္ေသာ အခ်ိန္တြင္ တဘက္အျဖဴကုိ ရင္လ်ားလ်က္ ထြက္လာသည့္သူမကိုျမင္ေတာ့ မည္သည္ကို ဦးတည္ေနမွန္း မွန္းဆမိကာ စိတ္က အသညး္ကုန္ေအာ္ဟစ္ရုန္းကန္ေနမိသည္။ အျပင္တြင္ေတာ့ သူ လံုးလံုးမွ မလႈပ္ႏိုင္ပါ။ ေမြ႕ရာထက္ တျဖည္းျဖည္းခ်င္းတက္လာသည့္ သူမ သည္ Singto ၏ ရွပ္အက်ၤ ီကုိ ျဖည္းျဖည္းခ်င္းခြ်တ္သည္။
သူ ေအာ့ႏွလံုးနာစိတ္ျဖင့္ စိတ္တို႕တင္းက်ပ္လာသည္။
မႀကိဳက္ဘူး ။ ခ်စ္သူ မဟုတ္တဲ့တျခားတစ္ေယာက္က ထိေတြ႕ကိုင္တြယ္ေနတာမ်ိဴး။

ျဖတ္ခနဲဆို Arthit ကုိျမင္လုိက္ရသည္။
အျမင္မွားတာမ်ိဴးမျဖစ္ပါေစနဲ႕အႀကိမ္ႀကိမ္ဆုေတာင္းေန မိသည္။

တမ္းတမိတာ မင္းရင္ခြင္ တစ္ခုတည္းပါ Oon..

# With Heart
Just A dreamer.



Unicode

အခန်းတွင်လှုပ်ရှားမှုတို့ရပ်တန့်ကာ အေးစက်သည့်လေထုက လွှမ်းမိုးလာသယောင်ရှိသည်။ Off သည်လည်းမည်သည်မှ မဆို ဒီတိုင်းကြည့်နေသည်။

“Sing ကို ဆေးသွားပို့ပေးလိုက်ဦးမယ်.ပြန်ဆင်းလာခဲ့မယ်”

ဘာမှ အရေးမကြီးသလိုနှင့် အိမ်အပေါ်ထပ်တက်သွားသော သူကို Off ရပ်နေလျက်သားနှင့်သာကြည့်နေမိသည်။ Singto အပေါ် ဂရုစိုက်မှုတွေက သာမန်မဟုတ်..။ Krist… ဘယ်အချိန်ကတည်းကများ သူ့ကိုမုန်းနေသည့်သူအပေါ် လေးနက်သွားခဲ့ ပါသနည်း.။ပြီးတော့ညနေစောင်းကမှ ရှက်ရဲနေသည့်မျက်နှာနှင့်မို့သူတောင်လှမ်းစလိုက်သည့်အဖြစ်အပျက်..။
Off တစ်ယောက်ခေါင်းတွေထူပူကာ ဆံပင်တွေကိုဆွဲဖွမိလိုက်တော့သည်။
များမကြာခင် ပြန်ဆင်းလာသူက စာကြည့်ခန်းဆီ ဦးဆောင်ခေါ်သွားသည်။နှစ်ယောက်လုံး အထဲဝင်လော့ချလိုက်ပြီးမှ---

“Baby Off..”

“မင်းကွာ--”

Off မချိတင်ကဲရေရွတ်ရုံသာတတ်နိုင်ပါတော့သည်။ သူ့ကိုပြေးဖက်ကာ နှစ်ယောက်သား မျက်ရည်တွေနှင့် မိတ်ဆက်ကြ၏။ တသိမ့်သိမ့်ရှိုက်ငိုနေသော Krist  ကို သူ တဖွဖွပုတ်နှစ်သိမ့်ပေးလိုက်သည်။

“Arthit လေ--Arthit --- Arthit က--”

စကားက ထိုမှမတတ်နိုင်။ Krist သည် Arthit ကိုမည်မျှ ချစ်မှန်း Off အသိဆုံး။ဆုံးသွားတာ Krist ဆိုတုန်းက သူ တုန်လှုပ်ဝမ်းနည်းခဲ့ရသလို ခု Arthit ဆိုတော့လည်း Off မှာ မျက်ရည်မဆည်နိုင်။

“ငိုပါ--မင်း ဒီအတောအတွင်းခံစားရသမျှကို အားရအောင်ငိုလိုက်။”

အသံလုံသည့်အခန်းပေမို့ ရှိုက်ငိုနေသော Krist အသံသည် အပြင်ကမကြားရနိုင်။ မျက်လုံးတွေအောင့်တက်လာသည်အထိ အတန်ကြာအောင်ငိုပြီးတော့မှ Krist က ဆိုဖာတွင်ထိုင်သည်။

“ကားပေါ်မှာ ငါတို့နှစ်ယောက်လုံး သတိမေ့နေတုန်း Arthit ကနောက်ဆုံးလက်ကျန်အားလေးနဲ့ သူ့လက်စွပ်လေးကိုချွတ်ပြီး ငါ့ကို ၀တ်ပေးခဲ့တာ.။ သူ သေမှာသိတာမို့..ငါ့ကို ကောင်းကောင်းရှင်သန်ဖို့ Singto ကို ဂရုစိုက်ပေးဖို့ .သူ့ကိုအားမနာဖို့..။ဒီထက်ပိုပြီးမပြောနိုင်တော့ပေမယ့် သူ့မျက်လုံးတွေကို ငါဖတ်တတ်တယ်။ ငါ့ကို သူ့နေရာမှာနေပြီး တစ်သက်လုံး အေးအေးချမ်းချမ်းနေသွားစေချင်တာ..င့ါရဲ့ Arthit လေးက..”

ငိုစရာမျက်ရည်မကျန်တော့သည့်ဟန်ဖြင့် Krist ၏ မျက်နှာတွင် နှိုင်းဆမရသည့်နာကျင်ခြင်းတွေသာ ကိန်းအောင်းနေသည်။

“ဒါပေမယ့် အဲ့လို ဘ၀က ငါနဲ့ကံမပါလာဘူးနဲ့တူတယ်။ ငါတို့ကားအက်ဆီးဒင့်ကိစ္စလည်း အဖြေရှာရဦးမယ်။ ဘယက်ကိုလည်း ပြန်ရှာရမယ် Por ကိုသတ်တဲ့တရားခံကိုလည်းရှာရဦးမယ်..။ Arthit က သူ့ဘ၀လေးကို ငါ့ကိုပေးခဲ့ပေမယ့် ငါ အဲ့လိုနေလို့မဖြစ်နိုင်ဘူး..”

“မင်းဘေးမှာ ငါတစ်ယောက်လုံးရှိတာမို့ တူတူဖြေရှင်းကြမယ်..။တစ်ယောက်ထဲ ဘာမှမလုပ်နဲ့။ပြီးတော့-”

Off က စကားမဆက်သေး.။ Krist ကိုအရင်ကြည့်သည်။ ပြီးမှ မျက်နှာတစ်ချက်လွှဲကာ--

“Singto နဲ့ -တူတူနေ-ဟိုမျိူး--”

“ငါတို့က လက်ထပ်ထားပြီးပြီလေ.။”

“သူက  အတင်းတောင်းဆိုမယ့်လူမျိူး မဟုတ်ဘူးလို့ ငါယူဆတယ်.။ ဟိုနေ့ကလည်း မင်းပဲ အရင်-”

Krist က ခပ်ပါးပါးလေးပြုံးပြသည်။

“ငါ သူ့ကိုပျော်စေချင်တယ်.။ Arthit ကိုပါ ဆုံးရှုံးလိုက်ရတာသိရင် ဘယ်လိုဖြစ်မလဲမသိဘူး။ အားလုံးပျော်ရွှင်ရဖို့.Arthit ဆုံးတာ-အလဟသမဖြစ်ရအောင်လို့ ဒီတိုင်းလေး--ဒီတိုင်းလေးပဲ ကောင်းပါတယ်။”

“Arthit ဆန္ဒတစ်ခုတည်းလို့တော့ မပြောနဲ့.။မင်း သူ့ကို ဘာလို့ပျော်စေချင်တာလဲ..”

Krist မဖြေပါ။ အဖြေတစ်စုံတစ်ရာမရှိသည့် မေးခွန်းတွေ အများကြီးရှိတတ်ကြတာပဲ။ မလိုအပ်သည့်မေးခွန်းမို့ သူ မဖြေချင်။ ခု-Singto က သူ့ကိုသိပ်ချစ်သလို ခန္ဓာကိုယ်ချင်းလည်းရင်းနှီးပြီးကြပြီပဲ။ ဒီလောက်ဆို လုံလောက်နေပါသည်။

Singto ချစ်တာ Krist မဟုတ်ပေမယ့်လို့ပေါ့…
-
-
-
-
-
အလုပ်တွေ လက်စသတ်ပြီးသည်နှင့် ကားပါကင်ကိုအမြန်ထွက်လာခဲ့လိုက်သည်။သူ့မလည်း အိမ်ထောင်သည်ဖြစ်သွားသည်နှင့် အညီ တစ်ချိန်လုံး ချစ်ရသူလေး P’Arthit မျက်နှာကိုသာ မြင်ယောင်နေမိတော့သည်။

“မလုပ်ပါနဲ့ရှင်..ကျွန်မ တောင်းပန်ပါတယ်..မလုပ်ပါနဲ့.”

ကြားလိုက်ရသည့် အသံတိုးတိုးကြောင့် Singto နားရွက်တို့ထောင်သွားကာ- နားစွင့်မိသည်။ မျက်စိကိုကစားလိုက်တော့ ကားပါကင်ထောင့်နားတွင် မိန်းကလေးတစ်ယောက်ကို လူနည်းနည်းက အတင်းဆွဲယမ်းနေကြသည်။
ခြေလှမ်းတို့ကဖြတ်ခနဲရောက်သွားကာ ကင်မရာက အော်တိုဖွင့်ပြီးသားပင်ဖြစ်သည်။ လင်းခနဲဖြစ်သွားသည်နှင့်အတူ သကောင့်သားသုံးယောက်က ပြူးတူးပြာတာကြည့်လျက် ထွက်ပြေးသွားကြသည်။

“တောက်! ဘယ်လောက်တောင်အတင့်ရဲပြီး ငါတို့ Channel ရဲ့ကားပါကင်မှာ လာယမ်းကားရဲတာလဲ”

တရှုံ့ရှုံ့ငိုနေသော ကောင်မလေးကို Singto တစ်ခါမှတော့မမြင်ဖူး..။ လည်ပင်းတွင် ဆွဲထားသည့်ကဒ်အရ ဌာနကပဲဖြစ်ပုံပေါ်သည်။ မေးမြန်းကြည့်ပြီးတော့မှ ကားဘီးပေါက်နေသည်မို့ Singto ကားပေါ်ပဲ တင်ခေါ်လာခဲ့လိုက်ရတော့ သည်။

“ညီမ အိမ်နားရောက်ရင်ပြောနော်..။”

“ဟုတ်ကဲ့.ကျေးဇူးပါ P’..ဟိုးရှေ့နားလေးမှာရပ်ပေးရင်ရပါပြီ.။”

ကောင်မလေး ညွန်ပြသည်က သစ်ပင်တန်းလေးတွေအောက်.ဖြစ်သည်။ လူလတ်တန်းစားရပ်ကွက်တစ်ခုဖြစ်ပုံရပြီး  တိတ်တိတ် ဆိတ်ဆ်ိတ်လည်းရှိလှသည်။

“ကဲ ညီမကားကိုတော့ မနက်ကျ၇င် ၀ပ်ရှော့တစ်ခုကိုဖုန်းဆက်ပေးမယ်။”

“ဟုတ်ကဲ့.။ဒါလေး P’ ခုနကတည်းက ပြောမလို့ ။ P’ နှာခေါင်းနားမှာ ဘာမှုန်လေးတွေလဲ မသိဘူးကပ်နေတယ်.”

“သြော်-ဟုတ်လား..သတိမထားမိဘူး ကျေးဇူးနော်.”

သူမ ကမ်းပေးသည့် လက်ကိုင်ပ၀ါကို နှာခေါင်းနားကပ်သုတ်လိုက်ခြင်းတွင် မည်သည်က မှားယွင်းသွားသည်မသိ..။စူးခနဲတက် လာသော အနံ့စိမ်းစိမ်းနှင့်အတူ Singto ၏ အမြင်တွေအားလုံး မသဲမကွဲဖြစ်သွားရသည်။ ခပ်ဝါးဝါးအသိတွင် သူမ က ဘယ်ကပေါ်လာမှန်းမသိသည့် တခြားသူတစ်ယောက်၏ အကူအညီနှင့်အတူ ကားနောက်ခန်းကိုရွှေ့သည်.။
တစ်နေရာကို ခေါ်ဆောင်သွားနေသည်ကို လည်း သိသည်။

“ရပြီ..သွားလိုက်တော့..ခိုင်းတဲ့အတိုင်း လုပ်လိုက်မယ်လို့..ပြောလိုက်ပါ.”

သူမ က ထိုလူကို မှာကြားပြီးနောက် အခန်းတံခါးကို ပိတ်လိုက်သည်။ Singto ခံစားမိနေသည်က နူးညံ့သည့် မွေ့၇ာထက်.။ထို မိန်းကလေးသည် ရေချိူးခန်းထဲဝင်သွားတာကိုလည်း မလှုပ်နိုင်သည့်ကြားကမြင်သည်။ အမှန်တော့ သူ တင်းခံနေခြင်းသာ.. မျက်လုံးတွေကိုမှိတ်ပစ်လိုက်ဖို့ ဦးနှောက်ကလှုံ့ဆော်နေသည်။
သိပ်မကြာလိုက်သော အချိန်တွင် တဘက်အဖြူကို ရင်လျားလျက် ထွက်လာသည့်သူမကိုမြင်တော့ မည်သည်ကို ဦးတည်နေမှန်း မှန်းဆမိကာ စိတ်က အသည်းကုန်အော်ဟစ်ရုန်းကန်နေမိသည်။ အပြင်တွင်တော့ သူ လုံးလုံးမှ မလှုပ်နိုင်ပါ။ မွေ့ရာထက် တဖြည်းဖြည်းချင်းတက်လာသည့် သူမ သည် Singto ၏ ရှပ်အင်္ကျီကို ဖြည်းဖြည်းချင်းချွတ်သည်။
သူ အော့နှလုံးနာစိတ်ဖြင့် စိတ်တို့တင်းကျပ်လာသည်။
မကြိုက်ဘူး ။ ချစ်သူ မဟုတ်တဲ့တခြားတစ်ယောက်က ထိတွေ့ကိုင်တွယ်နေတာမျိူး။

ဖြတ်ခနဲဆို Arthit ကိုမြင်လိုက်ရသည်။
အမြင်မှားတာမျိူးမဖြစ်ပါစေနဲ့အကြိမ်ကြိမ်ဆုတောင်းနေ မိသည်။

တမ်းတမိတာ မင်းရင်ခွင် တစ်ခုတည်းပါ Oon..

# With Heart
Just A dreamer.











Continue Reading

You'll Also Like

87.9K 11.6K 43
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
2.2K 129 7
တောရွာအသားပေးပုံစံလေး စိတ်ကူးယဉ်ဖန်တီးထားခြင်းဖြစ်ပါသည်။ အပြင်မှာတကယ်မတည်ရှိတဲ့မြို့တွေနေရာတွေဟာ စိတ်ကူးဖြင့်ပုံဖော်ထားခြင်းဖြစ်ပါကြောင်းကြိုတင်သတိပေ...
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
103K 8.2K 27
Zawgyi အိမ္ေထာင္ေရး ေဖာက္ျပန္ေသာ ficပါ။ သာမန္အိမ္ေထာင္ေရးတစ္ခုကေန ေဖာက္ျပန္ေသာ ေယာက္်ားႏွစ္ေယာက္အေၾကာင္းပါ။ Unicode အိမ်ထောင်ရေး ဖောက်ပြန်သော ficပါ။...