ချစ်​ခြင်းကို​စေ.......💓

By Natpankalay

200K 15.5K 1.4K

#BOTH WITH ZAWGYI & UNICODE ဦးနှောက်က စေခိုင်းနိုင်တဲ့ အထဲမှာ ချစ်ခြင်း မပါတော့ ခက်သားလား ??? More

Prologue
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part -19
Part-20
Part-21
Part-22
Part -23
Part-24
Part -25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part
Extra

Part-18

3.9K 409 39
By Natpankalay

Black Group အသိုင္းအ၀ိုင္းတြင္ ဒုဥကၠဌ Krist Perawat ၏ နာေရးသတင္းက ငိုးေလးတေႀကာ္ေႀကာ္ျဖစ္သြားခဲ့သည္.။ သျဂိဳၤလ္ ျပီးသည့္အထိ Arthit က သတိရမလာေသး.။ထုိ႕အျပင္ စိတ္ရင္းႏွင့္ ၀မ္းနည္းေပးသူေတြထက္ Black Group က အာဏာႏွံ႕စပ္သည့္ လူတစ္ေယာက္ ေလ်ာ့သြားသည့္အတြက္ ၀မ္းသာႀကသူမ်ားကပိုသည္.။ စ်ာပန တုန္းက ဟန္ေဆာင္ငိုေႀကြးႀကသူမ်ားကို ႀကည့္ကာ Off ႏွာေခါင္းရံႈ႕မိသည္.။ရွင္သန္စဥ္တုန္းက ေတာ့ ကပ္ရပ္မ်က္ႏွာသာေပးခံရေအာင္ လုပ္ေနတတ္သူမ်ားသည္က အစ ခု အနည္းငယ္ ခပ္တင္းတင္းျဖစ္သြားႀကသည္.။
သို႕ေပမယ့္ Off မေႀကာက္ပါ.။ ခ်စ္ရသူေတြကို ကာကြယ္ဖုိ႕ သူ အားကုန္သံုး စုိက္ထုတ္မည္.။

“ေတာ္ေသးတာေပါ့ Arthit အသက္ရွင္ေသးလို႕.”

အင္မတန္မွ ၀မ္းနည္းေနသည့္ မ်က္လံုးေတြက ကုတင္ေပၚက  Arthit ကုိႀကည့္ရင္း Laven ဆုိသည္.။ျပည္ပခရီး အလုပ္နဲ႕သြား ခဲ့ရသည္ေႀကာင့္ ကိစၥေတြျဖစ္ပြားစဥ္က သူမ မရွိေန.။ခုမွ ျပန္ေရာက္ေရာက္ခ်င္း  အေျပးလာေတြ႕ရေပမယ့္ Arthit ၏ စိတ္ခ်ေနရေသာ အေနအထားကုိျမင္မွ သက္ျပင္းခ်ႏိုင္သည္.။

“Krist မရွိေတာ့ဘူးဆိုေတာ့ ဘယ္လိုလုပ္ဖုိ႕စဥ္းစားလဲ Off.”

“ဘာကို ဘယ္လုိလုပ္ရမွာလဲ.။ဘာမွမေျပာင္းလဲသြားဘူး.”

“သူ မရွိရင္ နင္တုိ႕ အတြက္ အႏၱရာယ္မမ်ားဘူးလား.။ ေနရာလုခ်င္တဲ့သူေတြ တစ္ပံုႀကီးရွိေနတယ္ဆုိတာ နင္ သိပါတယ္။။ အဲ့ေတာ့ နင္လည္း မအားလပ္တဲ့တူတူ ငါကပဲ Arthit ကုိ ေစာင့္ေရွာက္ေပးရမလား.”

“မလိုပါဘူး P’Arthit ေနျပန္ေကာင္းလာတာနဲ႕ ကြ်န္ေတာ္ လက္ထပ္မွာ.”

ခပ္ျပတ္ျပတ္ထြက္လာေသာ အသံရွင္ေႀကာင့္ အခန္းတံခါးဘက္ကို Laven လွည့္ႀကည့္လုိက္သည္.။ Singto က ၀ယ္လာသမွွ် အထုတ္ေတြကုိ စားပြဲေပၚအသာတင္လိုက္သည္.။Singto လက္ကုိဆြဲကာ တေကာက္ေကာက္လိုက္ေနသည့္ Gun သည္ Off ကုိ ျမင္ေသာအခါ Singto လက္ကုိ ျဖဳတ္၍ Off ဆီအေျပးသြားသည္.။

“P’…”
“အင္း- Gun ေပ်ာ္ခဲ့လား.”

“အမ်ားႀကီးေပ်ာ္ခဲ့တယ္.။မုန္႕ေတြမွ အမ်ားႀကီးပဲ.။ဒါေပမယ့္ P’Sing က ၀ယ္မေကြ်းဘူး.”

တုိင္ေတာသလို ဟန္ေလးျဖင့္မူပိုကာဆုိေလေတာ့ laven က တစ္ခ်က္ရယ္သည္.။

“Off နင္ ဘယ္လိုလုပ္မလဲ Arthit ရယ္-ဒီကေလးရယ္နဲ႕.”

Singto က သူမ ကို တစ္ခ်က္ႀကည့္ျပီးမွ စကားမဆုိခ်င္သလို Arthit ထံသုိ႕သြားကာ အ၀တ္ျဖဴေလးျဖင့္ မ်က္ႏွာကို ခပ္ဖြဖြသုတ္ေပးေနသည္.။
ဂရုမစိုက္သလို အထာကုိ သူမ ေထာင္းခနဲေဒါသထြက္သြားေလ၏။

“စကားေတြ အမ်ားႀကီးလာမေျပာနဲ႕.Laven ။ နင္ Arthit ကုိလာႀကည့္ျပီးသြားရင္လည္း ျပန္လုိ႕ရျပီ.။ေစာင့္ေရွာက္မယ္ေျပာရေအာင္ နင္က ဘာမို႕လဲ။ မာန္သိပ္မတတ္နဲ႕. Krist မရွိတာနဲ႕ မဟူရာစံအိမ္က ပ်က္စီးသြားမယ္မထင္နဲ႕.ငါ တစ္ေယာက္လံုးက်န္ေသးတယ္.. ငါ- ဘယ္လိုလူလဲ နင္ ေကာင္းေကာင္းသိမွာပါ.”

ေအးစက္ျပတ္သားေနသည့္ စကားတုိ႕ႏွင့္ Off ကုိ Laven အနည္းငယ္ရွိန္သြားရသည္.။Arthit အတြက္၀မ္းနည္းေနသည့္အခ်ိန္မွ လြဲ၍ တစ္ခ်ိန္လံုး ခပ္ေထ့ေထ့ျဖစ္ေနေသာ ႏႈတ္ခမ္းတုိ႕႕ တင္းတင္းေစ့သြားရသည္.။ ဟုတ္ပါသည္.။ သူမ တစ္ခ်က္ေမ့သြားသည္.။  Black Group တြင္ အုပ္ခ်ဴပ္သူေတြကုိ အစဥ္အဆက္ကာကြယ္ေပးတတ္သည့္ က်ားသစ္အဖြဲ႕ရွိသည့္အျပင္ အနက္ေရာင္က်ားသစ္လည္းရွိေနေသးသည္ကုိး.။
မည္သည့္စကားမွထပ္မဆုိေတာ့ဘဲ သူမ က အခန္းထဲက ထြက္သြားခဲ့သည္.။
Off ႏႈတ္ခမ္းတစ္ခ်က္တြန္႕လုိက္မိသည္.။ ထိပါးခ်င္တိုင္းထိပါးရေအာင္ ကုိယ္ေတြက အားငယ္ေႀကာက္ရြံ႕တတ္သူမ်ားလည္း မဟုတ္.။

“P’ –P’ Arthit..”

“Arthit-- သတိရလာျပီ-”

ျဖညး္ျဖညး္ခ်င္းပြင့္လာေနသည့္ Arthit ၏ မ်က္၀န္းတုိ႕ေႀကာင့္ သတိလက္လြတ္၀မ္းသာသြားႀကစဥ္.. Off က နံရံထက္က ဆရာ၀န္ေခၚသည့္ အေရးေပၚခလုတ္ကုိႏွိပ္လိုက္သည္.။ခ်က္ခ်င္းေရာက္လာသည့္ အထူးကုဆရာ၀န္ႀကီးနွင့္ ဆရာ၀န္ .သူနာျပဳမ်ားႏွင့္အတူ အခန္းငယ္ကျပည့္ႏွက္သြားသည္.။ လိုအပ္သည့္ စမ္းသ့ပ္မႈမ်ားျဖင့္ စစ္ေဆးေနႀကခ်ိန္ သူတုိ႕ကေတာ့ ေဘးနားကေန ေမွ်ာ္လင့္တႀကီးႀကည့္ေနမိႀကသည္.။ Gun ေတာင္မွ Off ၏ လက္ကိုခိုတြဲကာျငိမ္သက္လ်က္.။

“အားလံုးအဆင္ေျပသြားပါျပီ။ရက္ပိုင္းေလာက္ ေဆးရံုမွာ ေနျပီးရင္ ဆင္းလို႕ရျပီ.။ အိမ္မွာလည္းဂရုစို္က္ေပါ့”

ဆရာ၀န္မွာသည့္ စကားေတြကုိ Singto က သူပဲ တရား၀င္သက္ဆိုင္သူလုိလို ေခါင္းတညိတ္ညိတ္ႏွင့္လက္ခံနားေထာင္ေန သည္.။အားလံုးထြက္သြားေတာ့မွ ကုတင္နားကုိ ကပ္ခြင့္ရႀကသည္.။
Arthit သည္ အသက္မဲ့ေန သလိုမ်က္လံုးေလးမ်ားျဖင့္ သူတုိ႕ကုိႀကည့္လာသည္.။

“ဆံုးသြားျပီ ဆိုတာမဟုတ္ဘူးမလား.”

“Arthit--ေနေကာင္းေအာင္သာ အရင္အနားယူပါ..။က်န္တာေတြ ေနာက္မွေျပာႀကရေအာင္.”

“ခုနက သူနာျပဳေတြတိုးတိုးေျပာေနတာႀကားတယ္.။ တစ္ေယာက္က မနညး္ကုလုိ႕ အသက္ရွင္ႏို္င္တာ.။စိ္တ္မေကာင္းစရာပဲေနာ္-- တစ္ေယာက္ဆံုးသြားရတာ တဲ့။”

စကားမ်ားသည့္ သူနာျပဳေတြကုိသာ Off စိတ္ထဲကေန က်ိန္ဆဲလုိက္သည္.။

“P’Arthit.. စိတ္ဆင္းရဲစရာေတြ မေတြးပါနဲ႕.။ကြ်န္ေတာ္ ရွိတယ္..။ကြ်န္ေတာ္တို႕အားလံုးရွိတယ္.”

လက္ျဖဴျဖဴေလးကိုဆုပ္ကိုင္ကာ Singto ဖြဖြေလးနမ္းလုိက္ေတာ့ Arthit မ်က္ရည္ေပါက္ခနဲက်လာသည္.။Singto ထုိမ်က္ႏွာေလးကုိ အသာအုပ္ကိုင္ကာ မ်က္ရည္သုတ္ဖယ္ေပးလုိက္သည္.။

မငိုပါနဲ႕. ခ်စ္သူ
ရင္ေတြပူလြန္းလို႕ပါ.။

“တကယ္မလား..။အဲ့ဒါပဲေျဖေပးပါ၊ Sing.”

မတတ္သာသည့္အဆံုး ေခါင္းသာညိတ္ျပလိုက္ရသည္.။ နာက်င္သြားသည့္မ်က္ႏွာငယ္သည္ အခ်ိန္မေရြးက်ကြဲသြားမည့္ ဖန္ရုပ္တုေလးႏွယ္..

“ငါက ဘာလို႕ရွင္က်န္ခဲ့ရတာလဲ။ ”

“P’Arthit ဘယ္လိုေျပာလိုက္တာလဲဗ်ာ..”

“မဟုတ္တာေတြ ေလွ်ာက္မေျပာနဲ႕ Arthit. ။ ငါတို႕အားလံုးဘယ္ေလာက္ပူပန္ခဲ့ရလဲ..”

သူတုိ႕ဆုိစကားတုိ႕ကို Arthit က ခြန္းတံု႕မျပန္.။ တစိမ့္စိမ့္စီးက်ေနေသာ မ်က္ရည္မ်ားျဖင့္သာႀကည့္ေနသည္.။
ထုိအေျခအေနကုိ Off မႀကိဳက္.။ ေအာ္ဟစ္ငိုယိုကာ စိတ္ရွိလက္ရွိ ၀မ္းနည္းပစ္လိုက္တာမ်ိဴးေတာင္ ေကာင္းဦးမည္.။ခုက Arthit သည္ ကြ်မ္းတေျမ႕ေျမ႕..။

“ငါ အိပ္ခ်င္တယ္.”

“အင္း--အင္း P’.. အိပ္လုိက္ေနာ္.. ႏိုးလာရင္ အားရွိေအာင္ တစ္ခုခုစားရမယ္ေနာ္.”

Singto က မ်က္ႏွာေလးကိုပြတ္သက္ကာ ေျပာလုိက္ေတာ့ မ်က္လံုးတုိ႕မွိတ္သြားသည္.။ေန႕လည္စာ စားခ်ိန္ေရာက္ေတာ့ Off က Gun ကုိေခၚကာ စားေသာက္ဆိုင္သြားသည္.။ Singto လည္း အိပ္ေပ်ာ္ေနသည့္ Arthit ၏ နဖူးကို တစ္ခ်က္ငံု႕နမ္းလိုက္ကာ အခန္းထဲရွိ သန္႕စင္ခန္း ခဏ၀င္လိုက္သည္.။

ခဏေလးပါ.တကယ္မွ ခဏေလး.။

သုိ႕ေသာ္ သန္႕စင္ခန္းအျပင္မွ ဆူညံေသာအသံေႀကာင့္ အျမန္ထြက္လာခဲ့လိုက္ရသည္.။ျမင္လိုက္ရသည့္ျမင္ကြင္းေႀကာင့္ စိုးရိမ္စိတ္တို႕ေဆာင့္တက္သြားရသည္.။

“P’Arthit.. ဘယ္လုိလုပ္လုိက္တာလဲ”

Singto အေျပးအလႊားပင္ ေသြးစီးက်ေနသည့္ လက္ေကာက္၀တ္ကို အသင့္ရွိေနသည့္ ပတ္တီးျဖဴႏွင့္ ခပ္ျမန္ျမန္ပတ္ထား ေပးလုိက္သည္.။
Off သည္ အေမာဆို႕ေနဟန္ျဖင့္ လက္ကဓားကုိလည္း က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားသည္။

“ရုူးေနလား Arthit..မင္း ေကာင္းေကာင္းမြန္မြန္ရွင္သန္လာဖုိ႕ ငါတို႕ဘယ္ေလာက္ေတာင္ ဆုေတာင္းခဲ့ရလဲ ဟမ္..။ဘာလို႕အဓိပၸာယ္မရွိတာေတြ လုပ္ေနရတာလဲ.။သြားတဲ့သူက သြားႏွင့္ျပီ..။စိတ္ေျဖာင့္ပါေစေတာ့..။ သူ ေအးေအးခ်မ္းခ်မ္းနဲ႕ မင္းကို ထားခဲ့ႏိုင္ပါေစေလ…။”

“ငါ--ငါေလ…ဟင့္---”

နင့္နင့္သည္းသည္းရိႈက္ငုိလာေသာ ကိုယ္လံုးေလးကို Singto ခပ္တင္းတင္းေပြ႕ဖက္ထားေပးလိုက္သည္.။

“အသက္ကိုတန္ဖုိးထားပါ.။ ဘာပဲျဖစ္ျဖစ္ မင္း ရွင္သန္ရဦးမွာ..။Krist မျပီးျပတ္ခဲ့ေသးတဲ့အလုပ္ေတြ မင္း ဆက္လုပ္ေပးရဦးမယ္ေလ..။မေမ့ပါနဲ႕ မင္းလည္း Black Group က ဆက္ခံသူတစ္ဦးဆိုတာ..”

ထုိစကားကိုေတာ့မႀကိဳက္ႏွစ္သက္သည့္ပံုျဖင့္ Singto က တစ္ခ်က္ႀကည့္လာသည္.။ဘာမွေတာ့မေျပာ.။ Off ဂ၇ုစိုက္မေနေတာ့ပါ.။ေတာ္ေသးလို႕ အခ်ိိန္မီ ေျပးတက္လာႏို္င္ခဲ့တာ.။

## အိပ္ရာေပၚက P’ ကေလ ဘာလို႕ သား အတြက္ ပန္းသီးခြာဖုိ႕ထားတဲ့ ဓားကုိ သူ႕ေခါင္းအံုးေအာက္၀ွက္ထားတာလဲ ဟင္..။သားကို ပန္းသီး မခြာေကြ်းခ်င္လို႕လား.##

Gun ၏ သေဘာရိုးစကားတုိ႕ေနာက္ Gun ကို သူနာျပဳဆရာမဆီ ခဏအပ္ကာ သူ ခ်က္ခ်င္းအေပၚထပ္ထိ အေလာတႀကီး တက္လာခဲ့ရသည္.။ အခန္းထဲေရာက္ေတာ့လည္း Singto က ၇ွိမေန.။ Arthit က ကုတင္ေပၚမွာ ထိုင္လ်က္ ဓားက လက္ကုိရြယ္ျပီးေနသည္မုိ႕ အတင္းဆြဲလုထားခဲ့ရတာ..။ ခက္ခက္ခဲခဲရွင္သန္ထားရသည့္ အသက္တစ္ခု.။ျပီးေတာ့ တစ္ေယာက္ကို ဆံုးရံႈးျပီးသည့္အခိ်န္ ေနာက္တစ္ေယာက္ကိုေတာ့ျဖင့္ လက္လႊတ္မခံႏိုင္ေတာ့ပါ.။

“P’Off သြားစရာရွိတာ သြားလုိက္ပါ.။ ကြ်န္ေတာ္ P’Arthit နဲ႕စကားေျပာလိုက္မယ္.”

Off က ေခါင္းညိတ္ကာ အရင္ထြက္သြားသည္.။ Singto သည္ Arthit ကိုယ္ေလးကို ရင္ခြင္ထဲမွ ထုတ္ေစကာ မ်က္ႏွာခ်င္းဆိုင္ ႀကည့္လုိက္သည္.။

“အဲ့လိုမလုပ္ပါနဲ႕.။ကြ်န္ေတာ့္ကိုခ်စ္တယ္ဆုိရင္ ထားသြားဖုိ႕မစဥ္းစားပါနဲ႕.။”

Arthit သည္ မ်က္ရည္ေတြေတြက်လ်က္ သူ႕ကို သာ စုိက္ႀကည့္ေနသည္.။ သူနားလည္ပါသည္.။သိပါသည္.။ ရင္ထဲတြင္ ခံစားရသမွ် မြန္းက်ုပ္လြန္းလို႕ P’Arthit စကားတစ္ခြန္းေျပာဖို႕ေတာင္ အားယူေနရသည္ဆုိတာ.။နဂိုကတည္းက ႏူးႏူးညံ့ညံံ့ သူ႕ ခ်စ္သူေလးက ဘယ္ေလာက္ေတာင္မ်ား ခံစားနာက်င္ေနရပါမလဲေလ…။

“P’ စိတ္မဆင္းရဲရေအာင္..ကြ်န္ေတာ္က ေပ်ာ္ေအာင္ထားပါ့မယ္.။စိတ္ခ်မ္းသာေစရပါ့မယ္။ ဟုိတစ္ေယာက္ေႀကာင့္ P’ စိတ္ထိခိုက္သမွ်ကို ကြ်န္ေတာ့္အခ်စ္နဲ႕ႏွစ္သိမ့္ေပးပါ့မယ္။ထားခဲ့ဖုိ႕ေတာ့ ေယာင္လို႕ေတာင္မေတြးလုိက္ပါနဲ႕P’။  P’ေဆးရံုက ဆင္းတာနဲ႕ ကြ်န္ေတာ္တို႕လက္ထပ္ႀကမယ္ေနာ္..”

“ငါ -ေတာင္းပန္ပါတယ္.”

“မလိုပါဘူး P’Arthit ရယ္.။အသက္မရွင္ခ်င္တဲ့စိတ္ေတြေပၚလာခဲ့ရင္ ကြ်န္ေတာ့္မ်က္ႏွာကို ျမင္ေယာင္ေပးပါ.။ထပ္မလုပ္ေတာ့ဘူးလုိ႕ ကတိေပးပါ.”

တဆတ္ဆတ္ညိတ္လာသည့္ေခါင္းေလးက သူ႕စကားနာခံသည့္ပံုပင္.။ ႏႈတ္ခမ္းဖ်ားေလးထက္ ဖ်တ္ခနဲ႕လွမ္းနမ္းလိုက္ကာ ရင္ခြင္ထဲသို႕ တဖန္ ဆြဲသြင္းလိုက္သည္.။

ေမွးစက္ပါ ခ်စ္သူ…

နာက်င္ခံစားရသမွ် ကုိယ့္ရင္ခြင္မွာ ေျဖေဖ်ာက္ပါ..။

စြန္႕ခြာသြားဖို႕သာ မႀကံပါနဲ႕..

ကုိယ္က ခ်စ္တဲ့စိတ္နဲ႕ရွင္သန္တဲ့သူ-----

# With Heart
Just a Dreamer.

Unicode

Black Group အသိုင်းအ၀ိုင်းတွင် ဒုဥက္ကဌ Krist Perawat ၏ နာရေးသတင်းက ငိုးလေးတကြော်ကြော်ဖြစ်သွားခဲ့သည်.။ သဂြိုင်္လ် ပြီးသည့်အထိ Arthit က သတိရမလာသေး.။ထို့အပြင် စိတ်ရင်းနှင့် ၀မ်းနည်းပေးသူတွေထက် Black Group က အာဏာနှံ့စပ်သည့် လူတစ်ယောက် လျော့သွားသည့်အတွက် ၀မ်းသာကြသူများကပိုသည်.။ ဈာပန တုန်းက ဟန်ဆောင်ငိုကြွေးကြသူများကို ကြည့်ကာ Off နှာခေါင်းရှုံ့မိသည်.။ရှင်သန်စဉ်တုန်းက တော့ ကပ်ရပ်မျက်နှာသာပေးခံရအောင် လုပ်နေတတ်သူများသည်က အစ ခု အနည်းငယ် ခပ်တင်းတင်းဖြစ်သွားကြသည်.။
သို့ပေမယ့် Off မကြောက်ပါ.။ ချစ်ရသူတွေကို ကာကွယ်ဖို့ သူ အားကုန်သုံး စိုက်ထုတ်မည်.။

“တော်သေးတာပေါ့ Arthit အသက်ရှင်သေးလို့.”

အင်မတန်မှ ၀မ်းနည်းနေသည့် မျက်လုံးတွေက ကုတင်ပေါ်က  Arthit ကိုကြည့်ရင်း Laven ဆိုသည်.။ပြည်ပခရီး အလုပ်နဲ့သွား ခဲ့ရသည်ကြောင့် ကိစ္စတွေဖြစ်ပွားစဉ်က သူမ မရှိနေ.။ခုမှ ပြန်ရောက်ရောက်ချင်း  အပြေးလာတွေ့ရပေမယ့် Arthit ၏ စိတ်ချနေရသော အနေအထားကိုမြင်မှ သက်ပြင်းချနိုင်သည်.။

“Krist မရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ်ဖို့စဉ်းစားလဲ Off.”

“ဘာကို ဘယ်လိုလုပ်ရမှာလဲ.။ဘာမှမပြောင်းလဲသွားဘူး.”

“သူ မရှိရင် နင်တို့ အတွက် အန္တရာယ်မများဘူးလား.။ နေရာလုချင်တဲ့သူတွေ တစ်ပုံကြီးရှိနေတယ်ဆိုတာ နင် သိပါတယ်။။ အဲ့တော့ နင်လည်း မအားလပ်တဲ့တူတူ ငါကပဲ Arthit ကို စောင့်ရှောက်ပေးရမလား.”

“မလိုပါဘူး P’Arthit နေပြန်ကောင်းလာတာနဲ့ ကျွန်တော် လက်ထပ်မှာ.”

ခပ်ပြတ်ပြတ်ထွက်လာသော အသံရှင်ကြောင့် အခန်းတံခါးဘက်ကို Laven လှည့်ကြည့်လိုက်သည်.။ Singto က ၀ယ်လာသမျှ အထုတ်တွေကို စားပွဲပေါ်အသာတင်လိုက်သည်.။Singto လက်ကိုဆွဲကာ တကောက်ကောက်လိုက်နေသည့် Gun သည် Off ကို မြင်သောအခါ Singto လက်ကို ဖြုတ်၍ Off ဆီအပြေးသွားသည်.။

“P’…”
“အင်း- Gun ပျော်ခဲ့လား.”

“အများကြီးပျော်ခဲ့တယ်.။မုန့်တွေမှ အများကြီးပဲ.။ဒါပေမယ့် P’Sing က ၀ယ်မကျွေးဘူး.”

တိုင်တောသလို ဟန်လေးဖြင့်မူပိုကာဆိုလေတော့ laven က တစ်ချက်ရယ်သည်.။

“Off နင် ဘယ်လိုလုပ်မလဲ Arthit ရယ်-ဒီကလေးရယ်နဲ့.”

Singto က သူမ ကို တစ်ချက်ကြည့်ပြီးမှ စကားမဆိုချင်သလို Arthit ထံသို့သွားကာ အ၀တ်ဖြူလေးဖြင့် မျက်နှာကို ခပ်ဖွဖွသုတ်ပေးနေသည်.။
ဂရုမစိုက်သလို အထာကို သူမ ထောင်းခနဲဒေါသထွက်သွားလေ၏။

“စကားတွေ အများကြီးလာမပြောနဲ့.Laven ။ နင် Arthit ကိုလာကြည့်ပြီးသွားရင်လည်း ပြန်လို့ရပြီ.။စောင့်ရှောက်မယ်ပြောရအောင် နင်က ဘာမို့လဲ။ မာန်သိပ်မတတ်နဲ့. Krist မရှိတာနဲ့ မဟူရာစံအိမ်က ပျက်စီးသွားမယ်မထင်နဲ့.ငါ တစ်ယောက်လုံးကျန်သေးတယ်.. ငါ- ဘယ်လိုလူလဲ နင် ကောင်းကောင်းသိမှာပါ.”

အေးစက်ပြတ်သားနေသည့် စကားတို့နှင့် Off ကို Laven အနည်းငယ်ရှိန်သွားရသည်.။Arthit အတွက်ဝမ်းနည်းနေသည့်အချိန်မှ လွဲ၍ တစ်ချိန်လုံး ခပ်ထေ့ထေ့ဖြစ်နေသော နှုတ်ခမ်းတို့ တင်းတင်းစေ့သွားရသည်.။ ဟုတ်ပါသည်.။ သူမ တစ်ချက်မေ့သွားသည်.။  Black Group တွင် အုပ်ချူပ်သူတွေကို အစဉ်အဆက်ကာကွယ်ပေးတတ်သည့် ကျားသစ်အဖွဲ့ရှိသည့်အပြင် အနက်ရောင်ကျားသစ်လည်းရှိနေသေးသည်ကိုး.။
မည်သည့်စကားမှထပ်မဆိုတော့ဘဲ သူမ က အခန်းထဲက ထွက်သွားခဲ့သည်.။
Off နှုတ်ခမ်းတစ်ချက်တွန့်လိုက်မိသည်.။ ထိပါးချင်တိုင်းထိပါးရအောင် ကိုယ်တွေက အားငယ်ကြောက်ရွံ့တတ်သူများလည်း မဟုတ်.။

“P’ –P’ Arthit..”

“Arthit-- သတိရလာပြီ-”

ဖြည်းဖြည်းချင်းပွင့်လာနေသည့် Arthit ၏ မျက်ဝန်းတို့ကြောင့် သတိလက်လွတ်ဝမ်းသာသွားကြစဉ်.. Off က နံရံထက်က ဆရာဝန်ခေါ်သည့် အရေးပေါ်ခလုတ်ကိုနှိပ်လိုက်သည်.။ချက်ချင်းရောက်လာသည့် အထူးကုဆရာဝန်ကြီးနှင့် ဆရာဝန် .သူနာပြုများနှင့်အတူ အခန်းငယ်ကပြည့်နှက်သွားသည်.။ လိုအပ်သည့် စမ်းသ့ပ်မှုများဖြင့် စစ်ဆေးနေကြချိန် သူတို့ကတော့ ဘေးနားကနေ မျှော်လင့်တကြီးကြည့်နေမိကြသည်.။ Gun တောင်မှ Off ၏ လက်ကိုခိုတွဲကာငြိမ်သက်လျက်.။

“အားလုံးအဆင်ပြေသွားပါပြီ။ရက်ပိုင်းလောက် ဆေးရုံမှာ နေပြီးရင် ဆင်းလို့ရပြီ.။ အိမ်မှာလည်းဂရုစိုက်ပေါ့”

ဆရာဝန်မှာသည့် စကားတွေကို Singto က သူပဲ တရားဝင်သက်ဆိုင်သူလိုလို ခေါင်းတညိတ်ညိတ်နှင့်လက်ခံနားထောင်နေ သည်.။အားလုံးထွက်သွားတော့မှ ကုတင်နားကို ကပ်ခွင့်ရကြသည်.။
Arthit သည် အသက်မဲ့နေ သလိုမျက်လုံးလေးများဖြင့် သူတို့ကိုကြည့်လာသည်.။

“ဆုံးသွားပြီ ဆိုတာမဟုတ်ဘူးမလား.”

“Arthit--နေကောင်းအောင်သာ အရင်အနားယူပါ..။ကျန်တာတွေ နောက်မှပြောကြရအောင်.”

“ခုနက သူနာပြုတွေတိုးတိုးပြောနေတာကြားတယ်.။ တစ်ယောက်က မနည်းကုလို့ အသက်ရှင်နိုင်တာ.။စ်ိတ်မကောင်းစရာပဲနော်-- တစ်ယောက်ဆုံးသွားရတာ တဲ့။”

စကားများသည့် သူနာပြုတွေကိုသာ Off စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်.။

“P’Arthit.. စိတ်ဆင်းရဲစရာတွေ မတွေးပါနဲ့.။ကျွန်တော် ရှိတယ်..။ကျွန်တော်တို့အားလုံးရှိတယ်.”

လက်ဖြူဖြူလေးကိုဆုပ်ကိုင်ကာ Singto ဖွဖွလေးနမ်းလိုက်တော့ Arthit မျက်ရည်ပေါက်ခနဲကျလာသည်.။Singto ထိုမျက်နှာလေးကို အသာအုပ်ကိုင်ကာ မျက်ရည်သုတ်ဖယ်ပေးလိုက်သည်.။

မငိုပါနဲ့. ချစ်သူ
ရင်တွေပူလွန်းလို့ပါ.။

“တကယ်မလား..။အဲ့ဒါပဲဖြေပေးပါ၊ Sing.”

မတတ်သာသည့်အဆုံး ခေါင်းသာညိတ်ပြလိုက်ရသည်.။ နာကျင်သွားသည့်မျက်နှာငယ်သည် အချိန်မရွေးကျကွဲသွားမည့် ဖန်ရုပ်တုလေးနှယ်..

“ငါက ဘာလို့ရှင်ကျန်ခဲ့ရတာလဲ။ ”

“P’Arthit ဘယ်လိုပြောလိုက်တာလဲဗျာ..”

“မဟုတ်တာတွေ လျှောက်မပြောနဲ့ Arthit. ။ ငါတို့အားလုံးဘယ်လောက်ပူပန်ခဲ့ရလဲ..”

သူတို့ဆိုစကားတို့ကို Arthit က ခွန်းတုံ့မပြန်.။ တစိမ့်စိမ့်စီးကျနေသော မျက်ရည်များဖြင့်သာကြည့်နေသည်.။
ထိုအခြေအနေကို Off မကြိုက်.။ အော်ဟစ်ငိုယိုကာ စိတ်ရှိလက်ရှိ ၀မ်းနည်းပစ်လိုက်တာမျိူးတောင် ကောင်းဦးမည်.။ခုက Arthit သည် ကျွမ်းတမြေ့မြေ့..။

“ငါ အိပ်ချင်တယ်.”

“အင်း--အင်း P’.. အိပ်လိုက်နော်.. နိုးလာရင် အားရှိအောင် တစ်ခုခုစားရမယ်နော်.”

Singto က မျက်နှာလေးကိုပွတ်သက်ကာ ပြောလိုက်တော့ မျက်လုံးတို့မှိတ်သွားသည်.။နေ့လည်စာ စားချိန်ရောက်တော့ Off က Gun ကိုခေါ်ကာ စားသောက်ဆိုင်သွားသည်.။ Singto လည်း အိပ်ပျော်နေသည့် Arthit ၏ နဖူးကို တစ်ချက်ငုံ့နမ်းလိုက်ကာ အခန်းထဲရှိ သန့်စင်ခန်း ခဏ၀င်လိုက်သည်.။

ခဏလေးပါ.တကယ်မှ ခဏလေး.။

သို့သော် သန့်စင်ခန်းအပြင်မှ ဆူညံသောအသံကြောင့် အမြန်ထွက်လာခဲ့လိုက်ရသည်.။မြင်လိုက်ရသည့်မြင်ကွင်းကြောင့် စိုးရိမ်စိတ်တို့ဆောင့်တက်သွားရသည်.။

“P’Arthit.. ဘယ်လိုလုပ်လိုက်တာလဲ”

Singto အပြေးအလွှားပင် သွေးစီးကျနေသည့် လက်ကောက်ဝတ်ကို အသင့်ရှိနေသည့် ပတ်တီးဖြူနှင့် ခပ်မြန်မြန်ပတ်ထား ပေးလိုက်သည်.။
Off သည် အမောဆို့နေဟန်ဖြင့် လက်ကဓားကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။

“ရုးနေလား Arthit..မင်း ကောင်းကောင်းမွန်မွန်ရှင်သန်လာဖို့ ငါတို့ဘယ်လောက်တောင် ဆုတောင်းခဲ့ရလဲ ဟမ်..။ဘာလို့အဓိပ္ပာယ်မရှိတာတွေ လုပ်နေရတာလဲ.။သွားတဲ့သူက သွားနှင့်ပြီ..။စိတ်ဖြောင့်ပါစေတော့..။ သူ အေးအေးချမ်းချမ်းနဲ့ မင်းကို ထားခဲ့နိုင်ပါစေလေ…။”

“ငါ--ငါလေ…ဟင့်---”

နင့်နင့်သည်းသည်းရှိုက်ငိုလာသော ကိုယ်လုံးလေးကို Singto ခပ်တင်းတင်းပွေ့ဖက်ထားပေးလိုက်သည်.။

“အသက်ကိုတန်ဖိုးထားပါ.။ ဘာပဲဖြစ်ဖြစ် မင်း ရှင်သန်ရဦးမှာ..။Krist မပြီးပြတ်ခဲ့သေးတဲ့အလုပ်တွေ မင်း ဆက်လုပ်ပေးရဦးမယ်လေ..။မမေ့ပါနဲ့ မင်းလည်း Black Group က ဆက်ခံသူတစ်ဦးဆိုတာ..”

ထိုစကားကိုတော့မကြိုက်နှစ်သက်သည့်ပုံဖြင့် Singto က တစ်ချက်ကြည့်လာသည်.။ဘာမှတော့မပြော.။ Off ဂ၇ုစိုက်မနေတော့ပါ.။တော်သေးလို့ အချိန်မီ ပြေးတက်လာနိုင်ခဲ့တာ.။

## အိပ်ရာပေါ်က P’ ကလေ ဘာလို့ သား အတွက် ပန်းသီးခွာဖို့ထားတဲ့ ဓားကို သူ့ခေါင်းအုံးအောက်ဝှက်ထားတာလဲ ဟင်..။သားကို ပန်းသီး မခွာကျွေးချင်လို့လား.##

Gun ၏ သဘောရိုးစကားတို့နောက် Gun ကို သူနာပြုဆရာမဆီ ခဏအပ်ကာ သူ ချက်ချင်းအပေါ်ထပ်ထိ အလောတကြီး တက်လာခဲ့ရသည်.။ အခန်းထဲရောက်တော့လည်း Singto က ၇ှိမနေ.။ Arthit က ကုတင်ပေါ်မှာ ထိုင်လျက် ဓားက လက်ကိုရွယ်ပြီးနေသည်မို့ အတင်းဆွဲလုထားခဲ့ရတာ..။ ခက်ခက်ခဲခဲရှင်သန်ထားရသည့် အသက်တစ်ခု.။ပြီးတော့ တစ်ယောက်ကို ဆုံးရှုံးပြီးသည့်အချိန် နောက်တစ်ယောက်ကိုတော့ဖြင့် လက်လွှတ်မခံနိုင်တော့ပါ.။

“P’Off သွားစရာရှိတာ သွားလိုက်ပါ.။ ကျွန်တော် P’Arthit နဲ့စကားပြောလိုက်မယ်.”

Off က ခေါင်းညိတ်ကာ အရင်ထွက်သွားသည်.။ Singto သည် Arthit ကိုယ်လေးကို ရင်ခွင်ထဲမှ ထုတ်စေကာ မျက်နှာချင်းဆိုင် ကြည့်လိုက်သည်.။

“အဲ့လိုမလုပ်ပါနဲ့.။ကျွန်တော့်ကိုချစ်တယ်ဆိုရင် ထားသွားဖို့မစဉ်းစားပါနဲ့.။”

Arthit သည် မျက်ရည်တွေတွေကျလျက် သူ့ကို သာ စိုက်ကြည့်နေသည်.။ သူနားလည်ပါသည်.။သိပါသည်.။ ရင်ထဲတွင် ခံစားရသမျှ မွန်းကျုပ်လွန်းလို့ P’Arthit စကားတစ်ခွန်းပြောဖို့တောင် အားယူနေရသည်ဆိုတာ.။နဂိုကတည်းက နူးနူးညံ့ညံ့ သူ့ ချစ်သူလေးက ဘယ်လောက်တောင်များ ခံစားနာကျင်နေရပါမလဲလေ…။

“P’ စိတ်မဆင်းရဲရအောင်..ကျွန်တော်က ပျော်အောင်ထားပါ့မယ်.။စိတ်ချမ်းသာစေရပါ့မယ်။ ဟိုတစ်ယောက်ကြောင့် P’ စိတ်ထိခိုက်သမျှကို ကျွန်တော့်အချစ်နဲ့နှစ်သိမ့်ပေးပါ့မယ်။ထားခဲ့ဖို့တော့ ယောင်လို့တောင်မတွေးလိုက်ပါနဲ့P’။  P’ဆေးရုံက ဆင်းတာနဲ့ ကျွန်တော်တို့လက်ထပ်ကြမယ်နော်..”

“ငါ -တောင်းပန်ပါတယ်.”

“မလိုပါဘူး P’Arthit ရယ်.။အသက်မရှင်ချင်တဲ့စိတ်တွေပေါ်လာခဲ့ရင် ကျွန်တော့်မျက်နှာကို မြင်ယောင်ပေးပါ.။ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါ.”

တဆတ်ဆတ်ညိတ်လာသည့်ခေါင်းလေးက သူ့စကားနာခံသည့်ပုံပင်.။ နှုတ်ခမ်းဖျားလေးထက် ဖျတ်ခနဲ့လှမ်းနမ်းလိုက်ကာ ရင်ခွင်ထဲသို့ တဖန် ဆွဲသွင်းလိုက်သည်.။

မှေးစက်ပါ ချစ်သူ…

နာကျင်ခံစားရသမျှ ကိုယ့်ရင်ခွင်မှာ ဖြေဖျောက်ပါ..။

စွန့်ခွာသွားဖို့သာ မကြံပါနဲ့..

ကိုယ်က ချစ်တဲ့စိတ်နဲ့ရှင်သန်တဲ့သူ-----

# With Heart
Just a Dreamer.











Continue Reading

You'll Also Like

593K 37.6K 75
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
17.2K 1.2K 12
ပြန်လည်မွေးဖွားလာပြီးနောက် ရိုင်းစိုင်းတဲ့အကိုလေးကို ယဉ်ပါးအောင်လေ့ကျင့်ပေးခြင်း ... Rebirth ပုံစံမျိုးဖြစ်ပြီး လက်စားချေတာမျိုးမဟုတ်ပဲ ကံတရားကိုပြော...
10.6K 533 78
😝😝no description သိချင်ဝင်ဖတ်
230K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ