"အဲ့ဒီေတာ့ Off က ဖုန္းေျပာျပီး ခ်က္ခ်င္းေျပးထြက္သြားတာေပါ့."
"ဟုတ္ပါတယ္ မမေလး."
၀ီစကိီခြက္ငယ္ေလးကို လက္ကသာသာလွည့္ကိုင္ကာ Laven မ်က္ႏွာ က စိတ္ပ်က္သည့္အရိပ္အေယာင္တုိ႕ထင္ဟပ္ေနသည္.။
"အဲ့ဒီ Off ေရာက္မလာခင္တုန္းကလည္း မင္းတုိ႕ သူ႕လူေတြကို မႏိုင္ဘူး.။ေရာက္လာေတာ့လည္း မႏိုင္ဘူး.။ေျပာစမ္းပါဦး...အသံုးက်တာ ဘယ္နားရွိလဲ မင္းတုိ႕."
"ဟုိ သူတို႕က မဟူရာအုပ္စုက--"
"အေရးမပါတဲ့ဆင္ျခင္ေတြ မေပးစမ္းနဲ႕.။မင္းတုိ႕ကေရာ မဟူရာအုပ္စုက မဟုတ္လုိ႕လား.??"
"ဒါေပမယ့္ကြာတယ္ဆုိတာေတာ့ မမေလး လည္းသိပါတယ္ဗ်ာ.။ သူတုိ႕က က်ားသစ္အဖြဲ႕၀င္ေတြနဲ႕-"
"ထပ္ျပီး အေရးမပါတာေျပာျပန္ျပီ.။သူတုိ႕က်ားသစ္အဖြဲ႕၀င္က ကိစၥေသးေသးေလးနဲ႕ျဗဳန္းခနဲေပၚလာတယ္မ်ား ထင္ေနလား.??"
Laven ၏ အနည္းငယ္ေျပာရဲဆုိရဲရွိေသာ ညာလက္ရံံုးပင္လွ်င္ အသံတိတ္သြားရသည္။ Laven က ဖန္ခြက္ကို စားပြဲေပၚ ခပ္မာမာ ေဆာင့္တင္လိုက္ျပီးမွ ထရပ္သည္.။
"ကိစၥတိုင္းကိုေသခ်ာလုပ္ !!! အဲ့ဒီ club ဒီလမကုန္ခင္ ငါတုိ႕လက္ထဲေရာက္လာတာလိုခ်င္တယ္.။ဘာပဲျဖစ္ျဖစ္ ဘယ္သူ႕ကိုေတာ့ မထိခိုက္ရဘူးဆိုတာသိတယ္မလား??"
ေခါင္းငံု႕နာခံေနႀကသည့္ တပည့္ေတြကုိ ျဖတ္ေလွ်ာက္လာျပီးေနာက္ Laven နားေန၇ာအိပ္ခန္းထဲသို႕ဦးတည္လိုက္သည္.။သူမ သည္ ေယာက်ာ္းသားမ်ားနွင့္ ယွဥ္ကာ ခပ္ရဲရဲတိုက္ခိုက္ေနေသာ္ျငား ငယ္ရြယ္ ႏုပ်ိဴသည့္ မိန္းမပ်ိဴေလးပင္ျဖစ္သည္.။ရက္ရက္စက္စက္လွသလို ရက္စက္ဖုိ႕လည္း မတြန္႕ဆုတ္ေသာ သူမတြင္ ငဲ့ညွာေထာက္ထားရမည့္ သူစိမ္းလူသားက ကမၻာတြင္ တစ္ဦးတည္းသာရွိသည္.။
ထုိသူသည္ Arthit...ပင္ျဖစ္၏။
-
-
-
-
သင္တန္ုးေက်ာင္းမသြားရဟု အမိန္႕ထုတ္ထားေလေတာ့ Arthit ခမ်ာ အိပ္ရာက်ယ္ႀကီးေပၚမွာ ငုတ္တုပ္ေလးထုိင္လ်က္သား.။ Off က အခန္းထဲလာျပီး Aircon အပူခ်ိန္ကုိထိန္းညွိေပးေနသည္။ ဖြင့္သင့္သည့္ လိုက္ကာစေတြလည္းဖယ္လုိက္ေတာ့ ေနေရာင္ေတာင္ အေတာ္ရွိေနျပီ ျဖစ္သည့္ မနက္ခင္းပင္ျဖစ္သည္.။
"Arthit--"
"ဘာမွလာမေျပာနဲ႕ေနာ္.။မင္း လာမႀကိဳႏိုင္လို႕ accident case ကုိ ငါ ျမင္လိုက္တာ.။ တရားခံက မင္းပဲ ငါ့ကိုဘာမွေျပာဖုိ႕မစဥ္းစားနဲ႕."
"အဟား---ငါက ဘာေျပာရေသးလို႕လဲဟ-"
"ႀကိဳပိတ္ထားတာ.မင္းစကားေနာက္က ထြက္လာမယ့္တစ္သီတစ္တန္းႀကီးကုိနားမေထာင္ခ်င္ဘူး."
မ်က္ႏွာခပ္စူစူႏွင့္ ေျပာေနေသာ Arthit ကို ႀကည့္ရင္း Off ျပံဳးလိုက္မိ သည္.။တကယ္္ပါ.ရြယ္တူခ်င္းဆုိကာမူ Arthit သည္ပိုငယ္သည္ထင္ရ ျပီး ခ်စ္စရာေကာင္းႏိုင္လြန္းသည္.။
"ဒါနဲ႕ ငါ က သင္တန္ုးမသြားရဘူးဆိုေတာ့က မင္း သြားေပးရမယ္.။ဒီေန႕အတန္းခ်ိန္မွာ ငါ theme တစ္ခုဆြဲဖုိ႕ေျပာေပးမယ္ဆိုျပီး မေန႕ကေျပာထားတာ.။ဒီေန႕ေျပာထားမွ ငါေနမေကာင္းလို႕မလာႏိုင္ခိ်န္ ကေလးေတြလည္း အိမ္မွာဆြဲခ်ိန္ရတာေပါ့."
"ဟမ္..ဘာလို႕ငါက?? တျခားတစ္ေယာက္ကုိလႊတ္.-"
"သူမ်ားမလႊတ္ဘူးေနာ္.။ငါ စိတ္မခ်ဘူး.။မင္းပဲသြား.။"
Off စကားေတာင္မဆံုးေသး .ျဖတ္ေျပာလာေလေတာ့ Off လည္းမ တတ္ႏိုင္.။Arthit ကုိ မနက္စာ စားျပီး ေဆးေသာက္ဖုိ႕သာေသခ်ာမွာ ထားခဲ့လိုက္ျပီး အႏုပညာသင္တန္ုးေက်ာင္းကိုသာ လာခဲ့လုိက္ရေတာ့ သည္.။
Arthit သင္တန္းခ်ိန္တြင္ သူ ၀င္လာေလေတာ့ သင္တန္းသား သင္တန္းသူ ေတြက မည္သူနည္းဟူေသာ အႀကည့္ျဖင့္ ႀကည့္လာႀက သည္.။သန္႕စင္ေခ်ာေမြ႕ေသာ သူ႕ပံုစံကုိေတာ့ျဖင့္ သင္တန္းသူေတြ တုိးတုိးျဖင့္ ႀကိတ္ေငးေနႀကသည္ကို သတိထားမိေတာ့ ႏႈတ္ခမ္းဖ်ား ေလး အနည္းငယ္တြန္႕ေကြးသြားရေသးသည္။
"ဒီေန႕ မင္းတုိ႕ သင္တန္းဆရာ မလာႏိုင္လို႕ ကုိယ္က သူ ေျပာခို္င္းတာေလးေတြ လာေျပာေပးတာပါ.။"
Arthit ေပးလိုက္ေသာ မွတ္စုေလးထဲမွ အေႀကာင္းအရာတစ္ခ်ိဴ႕ကုိ White Board ေပၚတြင္ အစဥ္တက်ေရးျပီးလုိက္ျပီးေနာက္ ျပန္ထြက္ လာခဲ့သည္။ မသိေတာ့ဘူးေလ..ဒီေလာက္ လုပ္ေပးေတာ္ေရာေပါ့.။
သို႕ေပမယ့္ ေနာက္ကေန တျဖတ္ျဖတ္ေျပးလုိက္လာေသာ ေျခသံ တစ္စံုကိုႀကားသည္.။
"ခဏေနပါဦး P'...။ "
"ကုိယ့္ကိုေခၚတာလား ??"
"ဒီနားမွာ P' ပဲရွိတာ P'ကိုေခၚတာေပါ့ဗ်."
Off ထက္ေခါင္းတစ္လံုးေလာက္နိမ့္ေသာ ထုိေကာင္ေလးသည္ ႏႈတ္ခမ္းနီတာရဲေလးႏွင့္ ႏုႏုငယ္ငယ္ေကာင္ေလးပံုပင္ျဖစ္သည္.။မည္ သည့္ ဆြဲအားေႀကာင့္မသိ ျမင္ျမင္ခ်င္းေတာင္ ႏွစ္ျခိဳက္ေစသည့္ မ်က္ႏွာပိုင္ရွင္ေလးျဖစ္သည္။မဆီမဆိုင္ သူ႕ရင္ခြင္ထဲ ကြက္တိက်မည့္ ရင္ခြင္ငယ္ အရပ္ေလးလုိ႕ေတြးမိေလေတာ့ ဟက္ခနဲတစ္ခ်က္ရယ္မိ သည္.။
"ဘာရယ္တာလဲ.။ ကြ်န္ေတာ္က P'Arthit အေႀကာင္းေမးမလို႕"
"အင္း ေျပာေလ.."
"P' က ဘာလို႕မလာတာလဲ.ေနမေကာင္းလုိ႕လား"
"အင္း ဟုတ္တယ္.နည္းနည္းပါ..။"
"ဒါဆုိ ကြ်န္ေတာ္ မုန္႕ပဲျဖစ္ျဖစ္ တစ္ခုခု ၀ယ္ေပးလို္က္ရင္ေကာင္းမလား."
သူ႕ဘာသာ စဥ္းစားေနသလုိေျပာသည့္ပံုစံေႀကာင့္ Off အသာ၇ပ္ေန ေပးလုိက္သည္.။ျပီးေတာ့မွ-
"ရတယ္ မင္းစိတ္ပူတာကိုသာ ေျပာျပလိုက္မယ္.။နာမည္ေျပာ."
"အမ္..ကြ်န္ေတာ္က Gun အဲ့လိုေျပာလုိက္ရင္ P'Arthit ေကာင္းေကာင္းသိပါတယ္..အာ့ဆုိ သြားျပီေနာ္ ေျပာေပးဦး P'.."
ေျပာျပီးသည္ႏွင့္ လွစ္ခနဲျပန္ေျပး၀င္သြားသည္.။ထုိေနာက္ေက်ာျပင္ ေလးကိုႀကည့္ရင္း ကိုယ္တိုင္ေတာင္မသိဘဲ သေဘာတက်ျပံဳးမိသည္.။
တကယ္ပါ.
စေတြ႕ကတည္းက သက္၀င္ခဲ့တာ.။
## With heart
Just A dreamer.
Unicode
"အဲ့ဒီတော့ Off က ဖုန်းပြောပြီး ချက်ချင်းပြေးထွက်သွားတာပေါ့."
"ဟုတ်ပါတယ် မမလေး."
၀ီစကီခွက်ငယ်လေးကို လက်ကသာသာလှည့်ကိုင်ကာ Laven မျက်နှာ က စိတ်ပျက်သည့်အရိပ်အယောင်တို့ထင်ဟပ်နေသည်.။
"အဲ့ဒီ Off ရောက်မလာခင်တုန်းကလည်း မင်းတို့ သူ့လူတွေကို မနိုင်ဘူး.။ရောက်လာတော့လည်း မနိုင်ဘူး.။ပြောစမ်းပါဦး...အသုံးကျတာ ဘယ်နားရှိလဲ မင်းတို့."
"ဟို သူတို့က မဟူရာအုပ်စုက--"
"အရေးမပါတဲ့ဆင်ခြင်တွေ မပေးစမ်းနဲ့.။မင်းတို့ကရော မဟူရာအုပ်စုက မဟုတ်လို့လား.??"
"ဒါပေမယ့်ကွာတယ်ဆိုတာတော့ မမလေး လည်းသိပါတယ်ဗျာ.။ သူတို့က ကျားသစ်အဖွဲ့ဝင်တွေနဲ့-"
"ထပ်ပြီး အရေးမပါတာပြောပြန်ပြီ.။သူတို့ကျားသစ်အဖွဲ့ဝင်က ကိစ္စသေးသေးလေးနဲ့ဗြုန်းခနဲပေါ်လာတယ်များ ထင်နေလား.??"
Laven ၏ အနည်းငယ်ပြောရဲဆိုရဲရှိသော ညာလက်ရုံးပင်လျှင် အသံတိတ်သွားရသည်။ Laven က ဖန်ခွက်ကို စားပွဲပေါ် ခပ်မာမာ ဆောင့်တင်လိုက်ပြီးမှ ထရပ်သည်.။
"ကိစ္စတိုင်းကိုသေချာလုပ် !!! အဲ့ဒီ club ဒီလမကုန်ခင် ငါတို့လက်ထဲရောက်လာတာလိုချင်တယ်.။ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကိုတော့ မထိခိုက်ရဘူးဆိုတာသိတယ်မလား??"
ခေါင်းငုံ့နာခံနေကြသည့် တပည့်တွေကို ဖြတ်လျှောက်လာပြီးနောက် Laven နားနေ၇ာအိပ်ခန်းထဲသို့ဦးတည်လိုက်သည်.။သူမ သည် ယောကျာ်းသားများနှင့် ယှဉ်ကာ ခပ်ရဲရဲတိုက်ခိုက်နေသော်ငြား ငယ်ရွယ် နုပျိူသည့် မိန်းမပျိူလေးပင်ဖြစ်သည်.။ရက်ရက်စက်စက်လှသလို ရက်စက်ဖို့လည်း မတွန့်ဆုတ်သော သူမတွင် ငဲ့ညှာထောက်ထားရမည့် သူစိမ်းလူသားက ကမ္ဘာတွင် တစ်ဦးတည်းသာရှိသည်.။
ထိုသူသည် Arthit...ပင်ဖြစ်၏။
-
-
-
-
သင်တန်ုးကျောင်းမသွားရဟု အမိန့်ထုတ်ထားလေတော့ Arthit ခမျာ အိပ်ရာကျယ်ကြီးပေါ်မှာ ငုတ်တုပ်လေးထိုင်လျက်သား.။ Off က အခန်းထဲလာပြီး Aircon အပူချိန်ကိုထိန်းညှိပေးနေသည်။ ဖွင့်သင့်သည့် လိုက်ကာစတွေလည်းဖယ်လိုက်တော့ နေရောင်တောင် အတော်ရှိနေပြီ ဖြစ်သည့် မနက်ခင်းပင်ဖြစ်သည်.။
"Arthit--"
"ဘာမှလာမပြောနဲ့နော်.။မင်း လာမကြိုနိုင်လို့ accident case ကို ငါ မြင်လိုက်တာ.။ တရားခံက မင်းပဲ ငါ့ကိုဘာမှပြောဖို့မစဉ်းစားနဲ့."
"အဟား---ငါက ဘာပြောရသေးလို့လဲဟ-"
"ကြိုပိတ်ထားတာ.မင်းစကားနောက်က ထွက်လာမယ့်တစ်သီတစ်တန်းကြီးကိုနားမထောင်ချင်ဘူး."
မျက်နှာခပ်စူစူနှင့် ပြောနေသော Arthit ကို ကြည့်ရင်း Off ပြုံးလိုက်မိ သည်.။တကယ်ပါ.ရွယ်တူချင်းဆိုကာမူ Arthit သည်ပိုငယ်သည်ထင်ရ ပြီး ချစ်စရာကောင်းနိုင်လွန်းသည်.။
"ဒါနဲ့ ငါ က သင်တန်ုးမသွားရဘူးဆိုတော့က မင်း သွားပေးရမယ်.။ဒီနေ့အတန်းချိန်မှာ ငါ theme တစ်ခုဆွဲဖို့ပြောပေးမယ်ဆိုပြီး မနေ့ကပြောထားတာ.။ဒီနေ့ပြောထားမှ ငါနေမကောင်းလို့မလာနိုင်ချိန် ကလေးတွေလည်း အိမ်မှာဆွဲချိန်ရတာပေါ့."
"ဟမ်..ဘာလို့ငါက?? တခြားတစ်ယောက်ကိုလွှတ်.-"
"သူများမလွှတ်ဘူးနော်.။ငါ စိတ်မချဘူး.။မင်းပဲသွား.။"
Off စကားတောင်မဆုံးသေး .ဖြတ်ပြောလာလေတော့ Off လည်းမ တတ်နိုင်.။Arthit ကို မနက်စာ စားပြီး ဆေးသောက်ဖို့သာသေချာမှာ ထားခဲ့လိုက်ပြီး အနုပညာသင်တန်ုးကျောင်းကိုသာ လာခဲ့လိုက်ရတော့ သည်.။
Arthit သင်တန်းချိန်တွင် သူ ၀င်လာလေတော့ သင်တန်းသား သင်တန်းသူ တွေက မည်သူနည်းဟူသော အကြည့်ဖြင့် ကြည့်လာကြ သည်.။သန့်စင်ချောမွေ့သော သူ့ပုံစံကိုတော့ဖြင့် သင်တန်းသူတွေ တိုးတိုးဖြင့် ကြိတ်ငေးနေကြသည်ကို သတိထားမိတော့ နှုတ်ခမ်းဖျား လေး အနည်းငယ်တွန့်ကွေးသွားရသေးသည်။
"ဒီနေ့ မင်းတို့ သင်တန်းဆရာ မလာနိုင်လို့ ကိုယ်က သူ ပြောခိုင်းတာလေးတွေ လာပြောပေးတာပါ.။"
Arthit ပေးလိုက်သော မှတ်စုလေးထဲမှ အကြောင်းအရာတစ်ချိူ့ကို White Board ပေါ်တွင် အစဉ်တကျရေးပြီးလိုက်ပြီးနောက် ပြန်ထွက် လာခဲ့သည်။ မသိတော့ဘူးလေ..ဒီလောက် လုပ်ပေးတော်ရောပေါ့.။
သို့ပေမယ့် နောက်ကနေ တဖြတ်ဖြတ်ပြေးလိုက်လာသော ခြေသံ တစ်စုံကိုကြားသည်.။
"ခဏနေပါဦး P'...။ "
"ကိုယ့်ကိုခေါ်တာလား ??"
"ဒီနားမှာ P' ပဲရှိတာ P'ကိုခေါ်တာပေါ့ဗျ."
Off ထက်ခေါင်းတစ်လုံးလောက်နိမ့်သော ထိုကောင်လေးသည် နှုတ်ခမ်းနီတာရဲလေးနှင့် နုနုငယ်ငယ်ကောင်လေးပုံပင်ဖြစ်သည်.။မည် သည့် ဆွဲအားကြောင့်မသိ မြင်မြင်ချင်းတောင် နှစ်ခြိုက်စေသည့် မျက်နှာပိုင်ရှင်လေးဖြစ်သည်။မဆီမဆိုင် သူ့ရင်ခွင်ထဲ ကွက်တိကျမည့် ရင်ခွင်ငယ် အရပ်လေးလို့တွေးမိလေတော့ ဟက်ခနဲတစ်ချက်ရယ်မိ သည်.။
"ဘာရယ်တာလဲ.။ ကျွန်တော်က P'Arthit အကြောင်းမေးမလို့"
"အင်း ပြောလေ.."
"P' က ဘာလို့မလာတာလဲ.နေမကောင်းလို့လား"
"အင်း ဟုတ်တယ်.နည်းနည်းပါ..။"
"ဒါဆို ကျွန်တော် မုန့်ပဲဖြစ်ဖြစ် တစ်ခုခု ၀ယ်ပေးလိုက်ရင်ကောင်းမလား."
သူ့ဘာသာ စဉ်းစားနေသလိုပြောသည့်ပုံစံကြောင့် Off အသာ၇ပ်နေ ပေးလိုက်သည်.။ပြီးတော့မှ-
"ရတယ် မင်းစိတ်ပူတာကိုသာ ပြောပြလိုက်မယ်.။နာမည်ပြော."
"အမ်..ကျွန်တော်က Gun အဲ့လိုပြောလိုက်ရင် P'Arthit ကောင်းကောင်းသိပါတယ်..အာ့ဆို သွားပြီနော် ပြောပေးဦး P'.."
ပြောပြီးသည်နှင့် လှစ်ခနဲပြန်ပြေးဝင်သွားသည်.။ထိုနောက်ကျောပြင် လေးကိုကြည့်ရင်း ကိုယ်တိုင်တောင်မသိဘဲ သဘောတကျပြုံးမိသည်.။
တကယ်ပါ.
စတွေ့ကတည်းက သက်ဝင်ခဲ့တာ.။
## With heart
Just A dreamer.