ချစ်​ခြင်းကို​စေ.......💓

By Natpankalay

199K 15.5K 1.4K

#BOTH WITH ZAWGYI & UNICODE ဦးနှောက်က စေခိုင်းနိုင်တဲ့ အထဲမှာ ချစ်ခြင်း မပါတော့ ခက်သားလား ??? More

Prologue
Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Part -19
Part-20
Part-21
Part-22
Part -23
Part-24
Part -25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part
Extra

Part-3

6K 484 5
By Natpankalay

Vision News Channel ၏ စုေ၀းခန္းမတြင္ သတင္းဌာနခြဲ (၁) က စည္းေ၀းေနသည္.။

"ဟုိေန႕က Sing ရိုက္ခဲ့တဲ့ ဓာတ္ပံုနဲ႕ သတင္းကုိ ရဲဖက္ကလည္းစံုစမ္းေနေပမယ့္ အေထြအထူးေတာ့ သတင္းမရွိေသးဘူး.။ကုိယ္တုိ႕ကလည္း Center တစ္ခု၏ကားပါကင္က ရုန္းရင္းဆန္ခတ္မႈလို႕ပဲ သတင္းေခါင္းစဥ္တပ္ခဲ့တာက. ဘာပဲျဖစ္ျဖစ္ Center သြားလည္ႀကတဲ့ သူေတြ နည္းနည္းေမွာင္တဲ့ ကားပါကင္ေအာက္ခန္းေတြကို သတိမူႏိုင္တာေပါ့.။"

"ဟုတ္ကဲ့.ကြ်န္ေတာ့္ရည္ရြယ္ခ်က္လည္း အဲ့တို္င္းပါပဲ PD.။ မသမာမႈေတြက ေမွာင္ရိပ္ခိုတာက စတာပဲ မလား.။??"

အားလံုးက စိတ္၀င္တစားႏွင့္ ေခါင္းတဆတ္ဆတ္ညိတ္သည္.။

"ျပီးေတာ့ ကြ်န္ေတာ္သတိထားမိတာ တစ္ခုရွိတယ္.။အႀကမ္းဖက္ခံရတဲ့ လူရဲ႕ညာဖက္လက္ေကာက္၀တ္မွာ ေတြ႕လား..?? ေသခ်ာႀကည့္ရင္ အ၀ို္င္းျပားျပားေသးေသးေလးလိုပဲ."

Singto က Projector ကိုထုိးျပသည္မုိ႕ အားလံုးစူးစိုက္ႀကည့္လိုက္ ႀကသည္.။ မွတ္တမ္းဓာတ္ပံုေတြအတြက္ပိုျပီးရည္စူးထားသည့္ Singto ၏ ဖုန္းကင္မရာေကာင္းမႈေႀကာင့္လား အခန္႕သင့္လုိ႕ေပပဲလားေတာ့ မသိ.။ထုိ အ၀ိုင္းေသးေသးေလးကို ျမင္ေနရသည္.။ ေဖာင္းႀကြ ျခေသၤေခါင္းရုပ္ေလး လိုလို.။

"အိုး!!!! အဲ့ဒါ.."

P'Nicky က ထေအာ္ေတာ့ သူ႕ဆီ အကုန္အႀကည့္ေရာက္ႀကသည္.။ သူက PD ကုိဦးတည္ႀကည့္၏။

"PD မွတ္မိေသးလား.ဟုိးအရင္ ငါးႏွစ္ေလာက္တုန္းက ကြ်န္ေတာ္တုိ႕ Channel က သတင္းသြားယူခဲ့တဲ့ အပန္းေျဖစံအိမ္လူသတ္မႈဆိုတာေလ..။ တရားခံခုထိ ေဖာ္မရေသးတဲ့အမႈ.။ဟုိဗ်ာ~~~~ ေနပါဦး အဲ့လိုတံဆိ္ပ္အ၀ို္င္းေလးကို အဲ့မွာေတာင္ေတြ႕ခဲ့ေသးေလ.။ေသဆံုးသူရဲ႕ ပစၥည္းဆုိလား ???"

"က်ားသစ္တံဆိပ္ျပား !!!"

"ဟုတ္တယ္---ဟုတ္တယ္.။က်ားသစ္တံဆိ္ပ္ျပား.။ လက္ပတ္ႀကိဳးနီနဲ႕ တစ္လက္မေလာက္ေငြေရာင္ ေႀကးျပားေလးေပၚမွာ က်ားသစ္အျဖဴေရာင္ပံုေလးေလ..။"

အစည္းအေ၀းခန္းငယ္ထဲရွိ လူအားလံုးက အမႈကိစၥကုိ စိတ္၀င္စား ေနႀက ပါျပီ.။သူတုိ႕ Channel သည္ယခင္ကတည္းက မည္သည့္ အမႈမဆို ေရကုန္ေရခမ္းအားႀကိဳးမာန္တက္ႀကိဳးစားတတ္ႀက သည္.။

"လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္ကဆုိေတာ့ ကြ်န္ေတာ္သတင္းပညာေက်ာင္းတက္ေနတုန္းကပဲ.။"

"အင္း~~ အဲ့ခ်ိန္ေလာက္ျဖစ္ဦးမယ္.။အပန္းေျဖစံအိမ္က လူသတ္မႈက ရဲေတြနဲ႕ သတင္းဌာနအခ်ိဴ႕ပဲသိႀကတာ.။တရားလိုဘက္က သိုသုိသိပ္သိပ္ပဲစံုစမ္းေပးပါ.။တျခားသက္ဆိုင္သူေတြပါ ထိခိုက္မွာစုိးလို႕ ဆုိျပီး ေတာင္းဆုိလာေတာ့ အမ်ားမသိလုိက္ဘူး.အင္း~~ မဟူရာအုပ္စုက နဂုိကတည္းက ခပ္ရႈပ္ရႈ႔ပ္ရယ္."

"ေသဆံုးသူက မဟူရာအုပ္စုကလား.။ ကြ်န္ေတာ္ အဲ့ Group ကုိေတာ့သိတယ္.။တရားမ၀င္ေရွးေဟာင္းပစၥည္းေရာင္း၀ယ္မႈမွာ Black Group ဆိုျပီး အသံနည္းနည္းထြက္ေနတယ္."

"ေဟ~~~ ဟုတ္လား."

ထုိအေႀကာင္းကိုေတာ့ Singto ေျပာမွသိႀကရျခင္းပင္ျဖစ္သည္..။ တေလာက တရားမ၀င္အဖမ္းခံရမႈတစ္ခုႏွင့္ပတ္သက္ျပီး Singto က စံုစမ္းေလ့လာထားျခင္းျဖစ္ပံုရသည္.။

"ျပည္သူေတြကုိ message အမွန္ေပးႏိုင္ဖို႕ .မႈခင္းေတြမျဖစ္ပြားေအာင္ႀကိဳတင္လႈံ႕ေဆာ္တာပဲျဖစ္ျဖစ္ ကိုယ္တုိ႕ သတင္းဌာနေတြကလည္းအေရးပါေလေတာ့ ႀကိဳးစားႀကရေအာင္ အားလံုး... အုိေခ..."

"အုိေခ !!"

တစ္ညီတစ္ညာေထာက္ခံသံေပၚလာျပီးေနာက္ အစည္းအေ၀းကို အဆံုး သတ္လုိက္ႀကသည္.။ ကိုယ့္ေနရာကိုယ္ ျပန္လာႀကျပီးေနာက္ Oak က Singto အနားေရာက္လာသည္.။

"အဲ့ Group က အႏၱရာယ္ရွိတယ္ဆို ထဲထဲ၀င္၀င္သိပ္မလုပ္နဲ႕ Sing.။မသမာသူဆုိတာ အခ်ိန္မေရြးဒုကၡေပးႏိုင္တယ္မလား."

"အင္းပါ..ငါ ဆင္ျခင္ပါ့မယ္ စိတ္မပူနဲ႕ ဟုတ္ျပီလား.."

ခပ္သာသာေျပာရင္း ျပန္လွည့္သြားသည့္ Singto သည္ မွတ္စုစာအုပ္ ငယ္ထဲ ခ်ေရးထားလိုက္သည္က Black Group.
Oak သက္ျပင္းငယ္ေလးခ်မိသည္.။ Singto သည္ အလုပ္ကိုုသိပ္ႏွစ္ သက္ႀကိဳးစားသူမွန္းသိေပမယ့္ ဘ၀ႏွင့္ေတာ့ အေလာင္းအစားမျပဳလုပ္ ေစလို.။ဘာပဲျဖစ္ျဖစ္ တရားခံေတာင္မေပၚသည့္ လူသတ္မႈက ေသဆံုးသူက Black Group ကမလား.။ တစ္ဖက္ကလည္း အဲ့လို Group ကလူကိုေတာင္ သတ္သြားႏိုင္သည္ဆုိေတာ့ မည္မွ် စြမ္းေနပါ လိမ့္မည္နည္း.။ အမွန္ပင္ စိတ္ေမာရပါ၏။
-
-
-
ကားက ေဖာက္ေနသျဖင့္ ၀ပ္ေရွာ့ပုိ႕ထားရသည္မုိ႕ Arthit သည္ သင္တန္းေက်ာင္းေရွ႕က ပလက္ေဖာင္းေလးမွာပင္ Off အလာကိုေစာင့္ ေနလုိက္သည္.။ကုိယ့္ဘာသာျပန္လည္း ရေပမယ့္ ဖုန္းတဂြမ္ဂြမ္ဆက္ ကာ လာမႀကိဳမခ်င္း မျပန္ရ ဟု ခပ္တင္းတင္းေျပာလာသည့္ Off ေႀကာင့္ ေစာင့္ေနရျခင္းျဖစ္သည္.။ရြယ္တူျဖစ္လင့္ကစား... Off မ်က္ေထာင့္နီ ႏွင့္ စိတ္ဆုိးလာလွ်င္ Arthit တကယ္ေႀကာက္ပါသည္.။

"ဂ်ိမ္း~~~ ဒိန္း..."

မ်က္စိေရွ႕ကအျဖစ္သည္ ျမန္ဆန္လြန္းေပစြ.။ Arthit ေဘးကေန ရုတ္တရက္ ကားလမ္းျဖတ္ကူးေသာ လူရြယ္တစ္ေယာက္သည္ အရွိန္မထိန္းႏိုင္ပံုရေသာ ကားတစ္စီး၏ေအာက္တြင္ ၀ပ္ဆင္းလ်က္ သား.။
ေရွ႕ေလးတြင္ ေသြးသံရဲရဲႏွင့္ ျမင္ကြင္းကိုႀကည့္ကာ Arthit လက္ဖ်ား ေတြ ေအးစက္လာသည္.။ တဒိန္းဒိန္းျဖစ္လာေသာ ႏွလံုးခုန္သံကလည္း မူမမွန္ေတာ့.။လူအမ်ား၀ိုင္းအံုကာ လူနာတင္ယာဥ္ေခၚသူက ေခၚေနသည္မ်ားလည္း Arthit နားထဲမႀကားေတာ့.။ေဆာင့္ခုန္ေနေသာ ႏွလံုးခုန္သံေတြႏွင့္အတူ ေအာင့္တက္လာေသာ ရင္အစံုေႀကာင့္ လူက မဟန္ေတာ့ဘဲ ေခြခနဲ ယို္င္လဲက်သြားရေတာ့သည္.။

"ဟာ--ေဟ့ ~~~ "

ကားတုိက္မႈကို သြားႀကည့္မည္ျပင္စဥ္ ေဘးနားကိုရုတ္တရက္ျပိဳက်လာ ေသာ ခႏၶာကိုယ္ေလးကို ထိန္းေပြ႕ေပးလိုက္ရင္း Singto အံ့အား သင့္ သြားရသည္.။တစ္ႀကိမ္သာဆံုဖူးေပမယ့္ မေမ့ႏိုင္သည့္ မ်က္ႏွာပိုင္ရွင္ ေလး...

"P"Arthit ???"

မ်က္ႏွာပါျဖဴေဖ်ာ့ကာ ေခြ်းေစးေတြျပန္လာျခင္းႏွင့္ ေသြးသံရဲရဲျမင္ကြင္း ကို သူ တစ္ခ်က္သံုးသပ္မိသည္ႏွင့္ Arthit ကုိေပြ႕ကာ ပလက္ေဖာင္း တစ္ေလွ်ာက္က ေစာန သူျမင္ခဲ့သည့္ ေဆးခန္းေလးဆီ ေျပးသြားလိုက္ ၏။

"လူနာက ႏွလံုးအားနည္းေနတာ.။ေရာဂါအဆင့္ထိေတာ့မဟုတ္ေပမယ့္ ခုနက သူ ျမင္ခဲ့တဲ့ ျမင္ကြင္းေႀကာင့္ ေရွာ့ခ္ရသြားတာထင္တယ္.။ ကြ်န္ေတာ္ ေဆးခ်ိတ္ေပးထားေတာ့ ခဏေန သတိရလာပါလိမ့္မယ္.။"

မည္သူ႕ကုိဆက္သြယ္ရမွန္းမသိသည္ေႀကာင့္ Singto ကပဲ သူ႕ေဘးနားမွာ ထိုင္ကာေစာင့္ေပးေနလုိက္သည္.။စိတ္ကလည္း ဂရုဏာသက္သြားရမိသည္.။

ထုိ႕ေႀကာင့္မုိ႕ ျဖဴဖတ္ဖတ္ေလးျဖစ္ေနေလသလား.။

အနည္းငယ္ႀကာျပီးေနာက္ Arthit အိတ္ထဲမွ ဖုန္းသံသဲ့သဲ့ထြက္ေပၚေန သည္ေႀကာင့္ Singto ယူကိုင္လိုက္သည္..။ တစ္ဖက္က စိုးရိမ္တႀကီးအသံကုိ ေဆးခန္း၏လိပ္စာေျပာျပျပီးသည္ထိ သူ ဆက္ေစာင့္ေနေပးလိုက္သည္.။

"Arthit..."

ခန္းစီးလိုက္ကာစကိုဆြဲဖယ္ကာ ခပ္ေလာေလာ၀င္လာသူထံတြင္ စိုးရိမ္မႈတုိ႕အတုိင္းသားျမင္ေနရေပသည္.။

"ခဏေန ေလာက္ သတိရလာလိမ့္မယ္လုိ႕ ဆရာ၀န္က ေျပာသြားပါတယ္."

"ကြ်န္ေတာ္ ဆက္ေစာင့္လုိက္မယ္.။ေက်းဇူးတင္ပါတယ္.Khun-"

"ကိစၥမရွိပါဘူး ခြင့္ျပဳပါဦးခင္ဗ်...။"

ေခ်ာေမြ႕သန္႕စင္ေနသည့္ လူငယ္က Arthit ကို စိတ္မခ်သလိုတစ္ခ်က္ လွမ္းႀကည့္ျပီးမွ အနားကထြက္သြားသည္.ကုိ Off သတိထားမိသည္.။ ျပီးမွ Arthit ေဘးနားကထိုင္ခံုေလးဆီ ၀င္ထိုင္ကာ ျပည္ပက တစ္ေယာက္ထံဖုန္းေခၚေျပာလိုက္သည္.။ ဆဲသံႀကားရမွာကို ေတြးရင္းေခါင္းေတာင္ အနည္းငယ္ႀကီးသြားမိသည္.။သူလည္း အခ်ိန္မီ လာသည္ပဲ.။
လာခါနီးမွ ဟုိမိန္းမ Laven ၏လူေတြ ရန္စေနသည္ကိုေျဖရွင္းရင္းႀကာ သြားသည္ေတာ့ သူလည္း မတတ္ႏိုင္ဘဲေလ.။

## With Heart
Just a dreamer.

Unicode

Vision News Channel ၏ စုဝေးခန်းမတွင် သတင်းဌာနခွဲ (၁) က စည်းဝေးနေသည်.။

"ဟိုနေ့က Sing ရိုက်ခဲ့တဲ့ ဓာတ်ပုံနဲ့ သတင်းကို ရဲဖက်ကလည်းစုံစမ်းနေပေမယ့် အထွေအထူးတော့ သတင်းမရှိသေးဘူး.။ကိုယ်တို့ကလည်း Center တစ်ခု၏ကားပါကင်က ရုန်းရင်းဆန်ခတ်မှုလို့ပဲ သတင်းခေါင်းစဉ်တပ်ခဲ့တာက. ဘာပဲဖြစ်ဖြစ် Center သွားလည်ကြတဲ့ သူတွေ နည်းနည်းမှောင်တဲ့ ကားပါကင်အောက်ခန်းတွေကို သတိမူနိုင်တာပေါ့.။"

"ဟုတ်ကဲ့.ကျွန်တော့်ရည်ရွယ်ချက်လည်း အဲ့တိုင်းပါပဲ PD.။ မသမာမှုတွေက မှောင်ရိပ်ခိုတာက စတာပဲ မလား.။??"

အားလုံးက စိတ်ဝင်တစားနှင့် ခေါင်းတဆတ်ဆတ်ညိတ်သည်.။

"ပြီးတော့ ကျွန်တော်သတိထားမိတာ တစ်ခုရှိတယ်.။အကြမ်းဖက်ခံရတဲ့ လူရဲ့ညာဖက်လက်ကောက်ဝတ်မှာ တွေ့လား..?? သေချာကြည့်ရင် အ၀ိုင်းပြားပြားသေးသေးလေးလိုပဲ."

Singto က Projector ကိုထိုးပြသည်မို့ အားလုံးစူးစိုက်ကြည့်လိုက် ကြသည်.။ မှတ်တမ်းဓာတ်ပုံတွေအတွက်ပိုပြီးရည်စူးထားသည့် Singto ၏ ဖုန်းကင်မရာကောင်းမှုကြောင့်လား အခန့်သင့်လို့ပေပဲလားတော့ မသိ.။ထို အ၀ိုင်းသေးသေးလေးကို မြင်နေရသည်.။ ဖောင်းကြွ ခြင်္သေခေါင်းရုပ်လေး လိုလို.။

"အိုး!!!! အဲ့ဒါ.."

P'Nicky က ထအော်တော့ သူ့ဆီ အကုန်အကြည့်ရောက်ကြသည်.။ သူက PD ကိုဦးတည်ကြည့်၏။

"PD မှတ်မိသေးလား.ဟိုးအရင် ငါးနှစ်လောက်တုန်းက ကျွန်တော်တို့ Channel က သတင်းသွားယူခဲ့တဲ့ အပန်းဖြေစံအိမ်လူသတ်မှုဆိုတာလေ..။ တရားခံခုထိ ဖော်မရသေးတဲ့အမှု.။ဟိုဗျာ~~~~ နေပါဦး အဲ့လိုတံဆ်ိပ်အ၀ိုင်းလေးကို အဲ့မှာတောင်တွေ့ခဲ့သေးလေ.။သေဆုံးသူရဲ့ ပစ္စည်းဆိုလား ???"

"ကျားသစ်တံဆိပ်ပြား !!!"

"ဟုတ်တယ်---ဟုတ်တယ်.။ကျားသစ်တံဆ်ိပ်ပြား.။ လက်ပတ်ကြိုးနီနဲ့ တစ်လက်မလောက်ငွေရောင် ကြေးပြားလေးပေါ်မှာ ကျားသစ်အဖြူရောင်ပုံလေးလေ..။"

အစည်းအဝေးခန်းငယ်ထဲရှိ လူအားလုံးက အမှုကိစ္စကို စိတ်ဝင်စား နေကြ ပါပြီ.။သူတို့ Channel သည်ယခင်ကတည်းက မည်သည့် အမှုမဆို ရေကုန်ရေခမ်းအားကြိုးမာန်တက်ကြိုးစားတတ်ကြ သည်.။

"လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆိုတော့ ကျွန်တော်သတင်းပညာကျောင်းတက်နေတုန်းကပဲ.။"

"အင်း~~ အဲ့ချိန်လောက်ဖြစ်ဦးမယ်.။အပန်းဖြေစံအိမ်က လူသတ်မှုက ရဲတွေနဲ့ သတင်းဌာနအချိူ့ပဲသိကြတာ.။တရားလိုဘက်က သိုသိုသိပ်သိပ်ပဲစုံစမ်းပေးပါ.။တခြားသက်ဆိုင်သူတွေပါ ထိခိုက်မှာစိုးလို့ ဆိုပြီး တောင်းဆိုလာတော့ အများမသိလိုက်ဘူး.အင်း~~ မဟူရာအုပ်စုက နဂိုကတည်းက ခပ်ရှုပ်ရှု့ပ်ရယ်."

"သေဆုံးသူက မဟူရာအုပ်စုကလား.။ ကျွန်တော် အဲ့ Group ကိုတော့သိတယ်.။တရားမ၀င်ရှေးဟောင်းပစ္စည်းရောင်းဝယ်မှုမှာ Black Group ဆိုပြီး အသံနည်းနည်းထွက်နေတယ်."

"ဟေ~~~ ဟုတ်လား."

ထိုအကြောင်းကိုတော့ Singto ပြောမှသိကြရခြင်းပင်ဖြစ်သည်..။ တလောက တရားမ၀င်အဖမ်းခံရမှုတစ်ခုနှင့်ပတ်သက်ပြီး Singto က စုံစမ်းလေ့လာထားခြင်းဖြစ်ပုံရသည်.။

"ပြည်သူတွေကို message အမှန်ပေးနိုင်ဖို့ .မှုခင်းတွေမဖြစ်ပွားအောင်ကြိုတင်လှုံ့ဆော်တာပဲဖြစ်ဖြစ် ကိုယ်တို့ သတင်းဌာနတွေကလည်းအရေးပါလေတော့ ကြိုးစားကြရအောင် အားလုံး... အိုခေ..."

"အိုခေ !!"

တစ်ညီတစ်ညာထောက်ခံသံပေါ်လာပြီးနောက် အစည်းအဝေးကို အဆုံး သတ်လိုက်ကြသည်.။ ကိုယ့်နေရာကိုယ် ပြန်လာကြပြီးနောက် Oak က Singto အနားရောက်လာသည်.။

"အဲ့ Group က အန္တရာယ်ရှိတယ်ဆို ထဲထဲဝင်ဝင်သိပ်မလုပ်နဲ့ Sing.။မသမာသူဆိုတာ အချိန်မရွေးဒုက္ခပေးနိုင်တယ်မလား."

"အင်းပါ..ငါ ဆင်ခြင်ပါ့မယ် စိတ်မပူနဲ့ ဟုတ်ပြီလား.."

ခပ်သာသာပြောရင်း ပြန်လှည့်သွားသည့် Singto သည် မှတ်စုစာအုပ် ငယ်ထဲ ချရေးထားလိုက်သည်က Black Group.
Oak သက်ပြင်းငယ်လေးချမိသည်.။ Singto သည် အလုပ်ကိုသိပ်နှစ် သက်ကြိုးစားသူမှန်းသိပေမယ့် ဘ၀နှင့်တော့ အလောင်းအစားမပြုလုပ် စေလို.။ဘာပဲဖြစ်ဖြစ် တရားခံတောင်မပေါ်သည့် လူသတ်မှုက သေဆုံးသူက Black Group ကမလား.။ တစ်ဖက်ကလည်း အဲ့လို Group ကလူကိုတောင် သတ်သွားနိုင်သည်ဆိုတော့ မည်မျှ စွမ်းနေပါ လိမ့်မည်နည်း.။ အမှန်ပင် စိတ်မောရပါ၏။
-
-
-
ကားက ဖောက်နေသဖြင့် ၀ပ်ရှော့ပို့ထားရသည်မို့ Arthit သည် သင်တန်းကျောင်းရှေ့က ပလက်ဖောင်းလေးမှာပင် Off အလာကိုစောင့် နေလိုက်သည်.။ကိုယ့်ဘာသာပြန်လည်း ရပေမယ့် ဖုန်းတဂွမ်ဂွမ်ဆက် ကာ လာမကြိုမချင်း မပြန်ရ ဟု ခပ်တင်းတင်းပြောလာသည့် Off ကြောင့် စောင့်နေရခြင်းဖြစ်သည်.။ရွယ်တူဖြစ်လင့်ကစား... Off မျက်ထောင့်နီ နှင့် စိတ်ဆိုးလာလျှင် Arthit တကယ်ကြောက်ပါသည်.။

"ဂျိမ်း~~~ ဒိန်း..."

မျက်စိရှေ့ကအဖြစ်သည် မြန်ဆန်လွန်းပေစွ.။ Arthit ဘေးကနေ ရုတ်တရက် ကားလမ်းဖြတ်ကူးသော လူရွယ်တစ်ယောက်သည် အရှိန်မထိန်းနိုင်ပုံရသော ကားတစ်စီး၏အောက်တွင် ၀ပ်ဆင်းလျက် သား.။
ရှေ့လေးတွင် သွေးသံရဲရဲနှင့် မြင်ကွင်းကိုကြည့်ကာ Arthit လက်ဖျား တွေ အေးစက်လာသည်.။ တဒိန်းဒိန်းဖြစ်လာသော နှလုံးခုန်သံကလည်း မူမမှန်တော့.။လူအများဝိုင်းအုံကာ လူနာတင်ယာဉ်ခေါ်သူက ခေါ်နေသည်များလည်း Arthit နားထဲမကြားတော့.။ဆောင့်ခုန်နေသော နှလုံးခုန်သံတွေနှင့်အတူ အောင့်တက်လာသော ရင်အစုံကြောင့် လူက မဟန်တော့ဘဲ ခွေခနဲ ယိုင်လဲကျသွားရတော့သည်.။

"ဟာ--ဟေ့ ~~~ "

ကားတိုက်မှုကို သွားကြည့်မည်ပြင်စဉ် ဘေးနားကိုရုတ်တရက်ပြိုကျလာ သော ခန္ဓာကိုယ်လေးကို ထိန်းပွေ့ပေးလိုက်ရင်း Singto အံ့အား သင့် သွားရသည်.။တစ်ကြိမ်သာဆုံဖူးပေမယ့် မမေ့နိုင်သည့် မျက်နှာပိုင်ရှင် လေး...

"P"Arthit ???"

မျက်နှာပါဖြူဖျော့ကာ ချွေးစေးတွေပြန်လာခြင်းနှင့် သွေးသံရဲရဲမြင်ကွင်း ကို သူ တစ်ချက်သုံးသပ်မိသည်နှင့် Arthit ကိုပွေ့ကာ ပလက်ဖောင်း တစ်လျှောက်က စောန သူမြင်ခဲ့သည့် ဆေးခန်းလေးဆီ ပြေးသွားလိုက် ၏။

"လူနာက နှလုံးအားနည်းနေတာ.။ရောဂါအဆင့်ထိတော့မဟုတ်ပေမယ့် ခုနက သူ မြင်ခဲ့တဲ့ မြင်ကွင်းကြောင့် ရှော့ခ်ရသွားတာထင်တယ်.။ ကျွန်တော် ဆေးချိတ်ပေးထားတော့ ခဏနေ သတိရလာပါလိမ့်မယ်.။"

မည်သူ့ကိုဆက်သွယ်ရမှန်းမသိသည်ကြောင့် Singto ကပဲ သူ့ဘေးနားမှာ ထိုင်ကာစောင့်ပေးနေလိုက်သည်.။စိတ်ကလည်း ဂရုဏာသက်သွားရမိသည်.။

ထို့ကြောင့်မို့ ဖြူဖတ်ဖတ်လေးဖြစ်နေလေသလား.။

အနည်းငယ်ကြာပြီးနောက် Arthit အိတ်ထဲမှ ဖုန်းသံသဲ့သဲ့ထွက်ပေါ်နေ သည်ကြောင့် Singto ယူကိုင်လိုက်သည်..။ တစ်ဖက်က စိုးရိမ်တကြီးအသံကို ဆေးခန်း၏လိပ်စာပြောပြပြီးသည်ထိ သူ ဆက်စောင့်နေပေးလိုက်သည်.။

"Arthit..."

ခန်းစီးလိုက်ကာစကိုဆွဲဖယ်ကာ ခပ်လောလောဝင်လာသူထံတွင် စိုးရိမ်မှုတို့အတိုင်းသားမြင်နေရပေသည်.။

"ခဏနေ လောက် သတိရလာလိမ့်မယ်လို့ ဆရာဝန်က ပြောသွားပါတယ်."

"ကျွန်တော် ဆက်စောင့်လိုက်မယ်.။ကျေးဇူးတင်ပါတယ်.Khun-"

"ကိစ္စမရှိပါဘူး ခွင့်ပြုပါဦးခင်ဗျ...။"

ချောမွေ့သန့်စင်နေသည့် လူငယ်က Arthit ကို စိတ်မချသလိုတစ်ချက် လှမ်းကြည့်ပြီးမှ အနားကထွက်သွားသည်.ကို Off သတိထားမိသည်.။ ပြီးမှ Arthit ဘေးနားကထိုင်ခုံလေးဆီ ၀င်ထိုင်ကာ ပြည်ပက တစ်ယောက်ထံဖုန်းခေါ်ပြောလိုက်သည်.။ ဆဲသံကြားရမှာကို တွေးရင်းခေါင်းတောင် အနည်းငယ်ကြီးသွားမိသည်.။သူလည်း အချိန်မီ လာသည်ပဲ.။
လာခါနီးမှ ဟိုမိန်းမ Laven ၏လူတွေ ရန်စနေသည်ကိုဖြေရှင်းရင်းကြာ သွားသည်တော့ သူလည်း မတတ်နိုင်ဘဲလေ.။

## With Heart
Just a dreamer.

Continue Reading

You'll Also Like

275K 22.7K 40
အမြွှာ ညီနောင် သုံးယောက်ရဲ့ တွေ့ကြံလာရမယ့် ချစ်ခြင်းတွေ အချိုအခါးအလွမ်း တွေနဲ့ ဆုံတွေ့ရတဲ့ ဖူးစာရှင်လေးတွေ။ July-10ရက်,2020တွင် Wattpat မှာ စတင်ရေးသ...
598K 71.5K 36
ရုန်းကန်နေရတဲ့ ၁၉နှစ်အရွယ်ကောင် လေးတစ်ယောက်ထိတွေ့မိတဲ့ ချစ်ခြင်း တွေပေါ့...
59.4K 4.6K 62
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
83K 20.3K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥