When Rain Falls Down (Book 2)...

By harumi_oo

47.3K 4.4K 587

A villian is just a victim whose story hasn't been told.. - sequel to When Rain Falls Down **Friendly reminde... More

1. Beginning of the End
2. I Dun Need Love
3. Target
4. Initial Point
5. Closer
6. Attachment
7. Skinship
8. Backup Strategy
9. Just Friend or Best Friend?
10. Fall for You
11. Unexpected
12. Doubt
13. Brain or Heart
14. Will you...?
15. Silent
16. A Moment with You
17. Over
18. Stay or Move On
19. Hurt Enough
20. The Last
21. Parting
22. See You Again
24. Rejected
25. Bad but ...
26. His Role
27. End of the Beginning (End)
🌸 Thank You 🌸

23. One Sided Competition

1.4K 147 25
By harumi_oo

(Unicode)



ရုံးစပြောင်းလာခဲ့သည့်ရက်ပိုင်းလောက်အတွင်း၌ အွန်းဘီအနားမှသူခပ်ခွာခွာနေကာ ယခင်ကအတိုင်း သူမ၏အမူအကျင့်များကို အသေးစိတ်ကအစ ပြန်လေ့လာကြည့်မိသည်။ အွန်းဘီသည် သူ့အားသိသိသာသာရှောင်နေသည်မှအပ ကျန်သည့်အရာအားလုံးမှာ ပုံမှန်ပင်။ ကျောင်းတုန်းကအတိုင်း ဘာမှမပြောင်းလဲခဲ့။ နေ့လည်နားသည့်အချိန်တွင် ကော်ဖီစက်ရှိရာသို့ သွားတတ်သည်။ ရုံးဆင်းလျှင် ဟိုတယ်နှင့်အနီးဆုံးဘတ်စ်ကားဂိတ်တွင် ကားစောင့်တတ်သည်။ ရုံးတွင်းတွင် ဌာနမှဝန်ထမ်းများ၏ချစ်ခင်မှုကို အသင့်အတင့်ရထားသည်။ တစ်ခါတစ်ရံ သူ့အား လွမ်းဆွတ်သည်လား၊ မုန်းတီးသည်လားမရေရာသည့်အကြည့်မျိုးဖြင့် စိုက်ကြည့်နေတတ်သည်။ တစ်ယောက်နှင့်တစ်ယောက် အလိုက်သိစွာ မျက်နှာချင်းမဆိုင်မိစေရန် ကြိုးစားကြသော်လည်း အလုပ်ခွင်ဖြစ်၍ရှောင်ကွင်းမရသည့်အခါမျိုးတွင်တော့ စကားမပြောလို့မရကြ။

အွန်းဘီ၏အရှောင်အတိမ်းကောင်းမှုကြောင့် သီးသန့်စကားပြောချိန်ကို ဂျုံးဂု ဖန်တီးယူရန်ဆုံးဖြတ်လိုက်ရင်း သူမ လာနေကျကော်ဖီစက်ရှိရာ၌ သူစောင့်နေမိသည်။ တစ်ချိန်က နှစ်ယောက်အတူတူမကြိုက်ဟု ပြောခဲ့ဖူးသည့်ကော်ဖီကို သူ့ရှေ့တွင်နှစ်ခြိုက်စွာသောက်ပြခြင်းအား ပြောင်းလဲခြင်း၏ပြရုခ်တစ်ခုအဖြစ်များ သူမ ယူဆထားသလော...။ ဖြည်းဖြည်းမှန်မှန်ခြေလှမ်းဖြင့်လျှောက်လာသည့် သူမအားတွေ့လိုက်စဉ်တွင် ဂျုံးဂု ကော်ဖီစက်အနားရှိ နံရံထောင့်ချိုးအကွယ်နားတွင် သူမ မမြင်စေရန် အသာကွယ်နေလိုက်မိသည်။ အွန်းဘီကတော့ သူမ၏ပုံမှန်အလုပ်တစ်ခုအလား ကော်ဖီခွက်လေးကိုကိုင်ကာ အရသာခံသောက်နေလျက်။


"ကော်ဖီတွေတောင် သောက်တတ်သွားပြီနော်"


ဂျုံးဂု အသံပြုလိုက်ရင်း ပုန်းနေရာမှထွက်လာလိုက်စဉ် လန့်သွားသောကြောင့် တုန်ခနဲဖြစ်သွားသည့်သူမ။ အွန်းဘီ ရှောင်ထွက်သွားလောက်သည်ဟု ဂျုံးဂု တွေးထားခဲ့သော်လည်း သူ့ဘက်သို့ မျက်နှာချင်းဆိုင်လှည့်ကာ လှိုက်လှိုက်လှဲလှဲတော့သိပ်မရှိလှသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့်နှုတ်ဆက်လာသည်လေ။


"သြော်... မန်နေဂျာပဲ"


သူမထံမှ ဂုဏ်ပုဒ်၊ ရာထူးများအား ရှေ့တန်းတင်ကာ တပ်ခေါ်လာခြင်းအား ဂျုံးဂု မနေတတ်။ ဘယ်လိုပြန်မဖြစ်တော့မှန်းသိလျက်ပင် ရူးမိုက်စွာ သူမထံမှ ရင်းရင်းနှီးနှီးခေါ်သံလေးကို ကြားချင်မိသေးသည်။ အရာအားလုံးသည် သူ့ကြောင့် တစစီကွဲကြေခဲ့သည့်တိုင် ဤတစ်ကြိမ်တွင်တော့ ထိုအပိုင်းအစများအား ရအောင်သူပြန်ဆက်မည်ဟု ဆုံးဖြတ်ထားခဲ့သည်မလား။ အနည်းအကျဉ်းပဲဖြစ်ပါစေဦး... ကြိုးစားမှုမှန်သမျှသည် အရာတော့ထင်စမြဲရှိသည်ဟု သူယုံကြည်မိသည်။


"ဂျုံးဂု... အဲ့လိုပဲခေါ်လို့ရပါတယ်"


သူ့အပြောကြောင့် သူမမျက်နှာတွင် မချိတင်ကဲအပြုံးလေးတစ်ခု ဖြတ်ပြေးသွားသည်။ သူမမျက်နှာအား အရိပ်တကြည့်ကြည့်နေခဲ့ဖူးသူတစ်ယောက်ဖြစ်သည့်အလျောက် ထိုအပြုံးမှာ သူမကိုယ်တိုင်တောင် သိလိုက်မည်မဟုတ်သည့်အပြုံးတစ်ခုမှန်း ဂျုံးဂု နားလည်လိုက်သည်။ သူ့ကိုမေ့သွားပြီလို့ထင်ခဲ့တာ... ဘာလို့အခုချိန်ထိ သူမကပါ နှလုံးသားနဲ့ဦးနှောက်ကို လွန်ဆွဲနေရသေးတာလဲ။ ဒါမှမဟုတ် သူပေးခဲ့တဲ့ဒဏ်ရာတွေ အရမ်းနက်ရှိုင်းလွန်းလို့များ ပြန်ကုစားဖို့ခက်ခဲနေသေးတာလား...၊ သူက အွန်းဘီအတွက် အဲ့လောက်တောင်ဆိုးခဲ့တဲ့လူတစ်ယောက်လား... ဂျုံးဂု တစ်ယောက်တည်း အတွေးထဲမေးခွန်းများစွာမေးနေမိသည်။


"ကိုယ့်ထက်ရာထူးကြီးတဲ့သူကို အဲ့လို မခေါ်ချင်လို့ပါ။ နားတဲ့အချိန်တောင် ကုန်တော့မှာပဲ... ကျမ ရုံးခန်းထဲသွားတော့မယ်"


ထပ်ပြီး ရှောင်ပြေးဖို့ကြိုးစားပြန်ပြီလား လီအွန်းဘီ...။ ဂျုံးဂု စိတ်ထဲမတင်မကျဖြစ်ကာ လှည့်ထွက်ရန်ကြိုးစားနေသည့် သူမလက်အားဖမ်းဆွဲလိုက်မိသည်။ လုပ်ငန်းခွင်ဟူသည့်အချက်ကိုပင် သူမေ့လျော့သွားခဲ့သည်လေ။ စိတ်ထဲတွင် သူမသည် သူ့အားစိတ်ကောက်နေခြင်းဟုသာ ထင်မှတ်နေမိပြီး ချော့လိုက်ရင်ရသွားမည်ဟု ယူဆနေမိဆဲပင်။ အခု သူပြန်လာတာ ကောင်းသောပြန်လာခြင်းမှန်း သူမ ဘာလို့မမြင်နိုင်တော့တာလဲ...။


"အွန်းဘီ... ကိုယ့်ကိုအဲ့လောက်ထိ မရှောင်ပါနဲ့"

"အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲထားသင့်တယ်ထင်တယ်"

"ဆောရီး... ကိုယ်သတိလက်လွတ်သွားတယ်"


ဂျုံးဂု တစ်ခါမှမတွေ့ဖူးခဲ့သော မီးဝင်းဝင်းတောက်သည့်အကြည့်ဖြင့်ကြည့်ကာ ခပ်တင်းတင်းပြောလာသည့်စကားကြောင့် ဂျုံးဂု ချက်ခြင်းပင်လက်ကိုလွှတ်ပေးလိုက်မိသည်။ သူက စိတ်အနှောက်အယှက်ဖြစ်လောက်တဲ့ အကြောင်းအရင်းတစ်ခုတောင် ဖြစ်သွားပြီပဲ... အမှန်တရားတစ်ခုအား ဂျုံးဂု ရင်နာနာဖြင့်လက်ခံလိုက်ရင်း သူမကျောပြင်လေးကိုသာ ငေးကြည့်နေမိသည်။


"အွန်းဘီ..."


တိုးတိုးလေးပင်ဖြစ်သော်လည်း အနည်းဆုံးတော့ အသိအမှတ်ပြုကာလှည့်ကြည့်ပေးသောကြောင့် ဂျုံးဂု ဝမ်းသာသွားမိလျက်။


"သူငယ်ချင်းတွေလို နေလို့တောင် မရတော့ဘူးလား"


ဂျုံးဂု သူ့ဘဝတွင် ဘယ်သူကိုမှမတောင်းဆိုခဲ့ဖူးသည့် အနူးညံ့ဆုံး အညံ့ခံတောင်းဆိုမှုအား သူမရှေ့တွင် လုပ်မိသွားသည်ပဲ။ ထိုစကားတွင် ဝမ်းနည်းအက်ကွဲမှုများစွာ ပျော်ဝင်နေသည်။ နှစ်ဦးတည်းရှိနေသည့်နေရာတစ်ခုတွင် တိတ်ဆိတ်မှုတို့က လွှမ်းမိုးသွားသောအခါ ဘေးပတ်ဝန်းကျင်ကပင် ခြောက်ကပ်သွားသယောင်ယောင်။ အလိုမကျဖြစ်နေသည့်သူမမျက်နှာ၏နောက်ကွယ်တွင် ဝေခွဲမရမှုတို့ကို မြင်နေရသည်။ သူမ၏အဆုံးအဖြတ်ကိုစောင့်ရသည်မှာ တရားသူကြီးစီရင်ချက်ချသည်ထက်ပင် ခြောက်ခြားဖွယ်ကောင်းနေသည်။


"သူငယ်ချင်း?"


သူနှင့်ထပ်တူ ကြေကွဲမှုများပါနေသည့် တိုးလျလျအသံလေးထဲတွင် သူမ၏ခံစားချက်များ ရောပြွန်းပါဝင်နေသည့်နှယ်...။


"အင်း... ဖြစ်နိုင်ရင်ပေါ့"


သူ့အသံတွင် ခယမှုများစွာပါဝင်နေသည်။ ထိုအရာတို့အား အွန်းဘီ လျစ်လျူမရှုစေရန် သူဆုတောင်းမိသည်။ သို့သော် သူသည်တစ်ချိန်က သူမ၏မျက်ရည်တို့ကို ကျောခိုင်းခဲ့ဖူးတဲ့လူတစ်ယောက်... အွန်းဘီ သူ့အပေါ် လှပတဲ့လက်စားချေခြင်းကိုများ ပြုလုပ်သွားမလားဟု တွေးပူမိသော်လည်း အွန်းဘီသည် ထိုကဲ့သို့မကျေလည်ခြင်းကို လက်တုံ့ပြန်တတ်သည့်မိန်းကလေးမျိုးမဟုတ်ပြန်။ နောက်ဆုံးတစ်ခေါက်လောက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့တောင်းဆိုမှုကို အွန်းဘီလိုက်လျောပေးခဲ့မယ်ဆိုရင်...


"ဒါဆိုရင်တော့ မဖြစ်နိုင်ဘူးပဲ ပြောပါရစေ... ကျမဘဝမှာ သူငယ်ချင်းဆိုတဲ့စကားကို ရှင့်ဆီက မကြားချင်ဆုံးပဲမို့လို့"


ဂျုံးဂု အတွေးထဲပြောနေသည့်စကားသံတို့မဆုံးသေးခင်မှာပဲ သူမ၏တုံ့ပြန်မှုက သူ့အား ထိုနေရာတွင်ကျောက်ရုပ်တစ်ခုအလား လှုပ်ရှားမရအောင်ဖြစ်စေခဲ့သည်။ ငြင်းပယ်ခံလိုက်ရတယ်ဆိုတာထက် သူက သူမဘဝမှာ ဘာအဓိပ္ပါယ်မှမရှိတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိလိုက်ရတာ။ သူဆိုတဲ့သူက သူမဘဝထဲမှာ အမှတ်တရတစ်ခုအဖြစ်ကျန်ရစ်နေခဲ့မယ်ဆိုရင်တောင် သူမကိုနာကျင်စေရုံသက်သက် အကျည်းတန်တဲ့အမှတ်ရခြင်းမျိုးနဲ့ပဲ တည်ရှိနေတော့တယ်ဆိုတာမျိုး။

ဂျုံးဂု သတိပြန်ဝင်လာသည့်အချိန်တွင် အွန်းဘီက အနားမှာမရှိတော့။ ခါးသက်သည့်အမှန်တရားတစ်ခုအား ရင်ဝယ်ပိုက်ထားလိုက်မိသည်။ သူမက သူ့ကို 'သူ'ဖြစ်နေလို့ကို မုန်းသွားတာပဲ...။





===============





စားပွဲပေါ်တွင် မျက်နှာအပ်ကာအိပ်နေသည့်သူမကြောင့် ဂျုံးဂု ရင်မောသွားမိသည်။ မနေ့က ကော်ဖီစက်နားတွင် ဖြစ်ပေါ်ခဲ့သောစကားဝိုင်းကြောင့် ဂျုံးဂုကိုယ်တိုင် အွန်းဘီကို ရှောင်နေမိသည်။ ယခု နေ့လည်စာစားအပြီး မိမိရုံးခန်းသို့အလာ သူမအားထိုကဲ့သို့ပုံစံဖြင့် မြင်လိုက်ရချိန် စိုးရိမ်စိတ်များက အလိုအလျောက်ဝင်လာခဲ့လျက်။

အနားသို့သွားကပ်ကြည့်မိလိုက်စဉ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်သူမကြောင့် နေမကောင်းခြင်းများလားဟု နဖူးလေးကိုပင် အသာစမ်းကြည့်မိလိုက်သည်။ ကိုယ်တော့မပူ... သို့သော် မျက်နှာလေးမှာ နေမကောင်းသည့်အတိုင်း ခပ်နွမ်းနွမ်းလေးဖြစ်နေသည်။ စားပွဲပေါ်ရှိ သူမ၏ထမင်းဗူးလေးကိုကိုင်ကြည့်တော့လည်း စားပင်စားရသေးပုံမပေါ် လေးလံနေလျက်။


"ကြည့်ရတာ ထမင်းတောင်မစားဘဲ အိပ်သွားတဲ့ပုံပဲ..."


ဂျုံးဂု သူမ၏အလုပ်စားပွဲရှေ့တွင်ရပ်ကာ တစ်ယောက်တည်းစကားတွေပြောနေမိသည်။ သူ့အပြုအမူများကြောင့် ဝန်ထမ်းတချို့၏အကြည့်တို့က သူ့ထံသို့ကျနေသည်ကို သတိပြုလိုက်မိသဖြင့် ဟန်ကိုယ့်ဖို့ပြန်လုပ်လိုက်ကာ သူမနှင့်အနီးဆုံးရှိ ဝန်ထမ်းကောင်မလေးအား လှမ်းမေးလိုက်မိသည်။


"နေမကောင်းလို့လား အွန်းဘီက"

"ဟုတ် မန်နေဂျာ၊ မနေ့က ရုံးကအပြန်မိုးမိသွားတယ်ပြောတယ်။ အဲ့ဒါခေါင်းကိုက်နေလို့ ခဏလောက်အိပ်ဦးမယ် နားချိန်ပြီးရင်နှိုးလိုက်ပါဆိုလို့..."


သူ့အား ရိုရိုကျိုးကျိုးဖြေလာသည့်ဝန်ထမ်းကောင်မလေးကြောင့် ဂျုံးဂု အကြောင်းရင်းအား စေ့စေ့စုံစုံသိပြီးကာမှ နည်းနည်းစိတ်သက်သာသွားမိသည်။ ဒါပေမယ့် ဒီလိုဘာမှမစားထားတဲ့ပုံနဲ့ သူမ တစ်နေကုန်နေနိုင်ဖို့တော့မဖြစ်နိုင်။ နေ့တစ်ဝက်ခွင့်ပေးလိုက်ချင်သော်လည်း အွန်းဘီက သူ့အကူအညီဆို မယူလောက်မှန်းသိနေသည်။ ဂျုံးဂု အကြံတစ်ခုရကာ ခုနကဝန်ထမ်းမလေးကိုပင် စကားပြန်စလိုက်မိသည်။


"အွန်းဘီကို ငါနေ့တစ်ဝက်ခွင့်တော့ပေးထားမယ်။ တကယ်လို့ သူပြန်နားချင်တယ်ဆိုရင် နားလို့ရအောင်... ဒါပေမယ့် ငါပေးထားခဲ့မှန်းတော့ သူ မသိပါစေနဲ့။ နင်တို့အချင်းချင်း ငါ့ကိုပြောပေးတာပဲဖြစ်ဖြစ်လုပ်ထားပေးမယ်ဆိုပြီး ကြည့်ကောင်းအောင် ပြောလိုက်သိလား"

"ဟုတ် မန်နေဂျာ"

"ခဏနေရင် ငါသွားစရာတစ်ခုရှိသေးတော့ အဲ့ဒီမတိုင်ခင် ခွင့်ကိစ္စလုပ်ပေးထားခဲ့မယ်။ နောက်ဆယ်မိနစ်လောက်နေရင်တေ့ာ နှိုးရင်နှိုးလိုက်တော့ သူ့ကို... Assistant Managerဖြစ်နေပြီး အငယ်တွေရှေ့အိပ်ပြနေတာ သိပ်တော့မြင်မကောင်းဘူး"


ဂျုံးဂု ပြောစရာစကားကုန်သည်နှင့် မိမိ၏ကိုယ်ပိုင်ရုံးခန်းငယ်လေးအတွင်းသို့ဝင်လာမိခဲ့သည်။ အများပြောစရာဖြစ်လောက်အောင် သူ့အပြုအမူတို့သည် အွန်းဘီအပေါ် အရမ်းဂရုစိုက်မှန်းသိသာနေသည်ကို ကိုယ်တိုင်သိနေခဲ့သော်လည်း သူနောက်မဆုတ်ချင်။ ယခုအချိန်ထိ ကလေးဆန်ချင်သေးသည့်သူမကိုလည်း ဂျုံးဂု အားမရ။ မထင်မှတ်သည့်ကံတရားကြောင့် သူမအနား ပြန်ရောက်လာခဲ့သော်လည်း အဝေးမှငေးနေရဆဲပင်။ သူမအနားတွင်ဝဲသည့် လိပ်ပြာများကို မတွေ့ရခြင်းကိုသာ ကံကောင်းမှုတစ်ခုဟု မှတ်ယူကာ သူမအပေါ် ပျက်ကွက်ခဲ့မှုများအား အတိုးချဖြည့်ဆည်းပေးမည်လေ။ သူတကယ်စစ်မှန်လာသည့်အချိန်တွင် သူမ ဥပေက္ခာပြုသွားမည်ကို စိုးထိတ်လာမိသည်။ သို့သော် ဒါသည်လည်း ကံတရား၏အလိုတစ်ခုဆိုလျှင် သူ ဘာမှတတ်နိုင်ဦးမည်မဟုတ်...။

ဂျုံးဂု နာရီကိုကြည့်ရင်း လိုအပ်သည့်စာရွက်စာတမ်းတချို့ကို ပြင်ဆင်လိုက်မိသည်။ ဘယ်တုန်းကမှ သူ၏လုပ်ပိုင်ခွင့်ကိုအသုံးပြုကာ ထိုကဲ့သို့ဝန်ထမ်းများအတွက် မျက်နှာလိုက်ခြင်းဆန်သည့်အရာများကို သူ မလုပ်ခဲ့ဖူး။ သို့သော် အွန်းဘီကို ဒီနေ့တစ်ရက်လောက်ပဲဖြစ်ဖြစ် သူနားစေချင်သည်။ အွန်းဘီက သူ့ကို မတွေ့ချင်ဘဲတွေ့နေရတော့ သောကတော့များနေရှာမှာပဲလေ... ဒီတစ်ပတ်လောက်အတွင်းမှာကို သူမ အရမ်းပင်ပန်းနေတဲ့ပုံပေါက်သွားခြင်းအရ သူသိနေခဲ့သည်။

လိုအပ်သည်တို့ပြင်ပြီးသည့်နောက် ဂျုံးဂု တံခါးမှန်မှတဆင့်ကြည့်လိုက်စဉ် နဖူးကိုလက်နဲ့ထောက်ကာ ရီပို့ကိုဖတ်နေသည့်အွန်းဘီကို တွေ့လိုက်ရသည်။ မနိုးတဝက်၊ နိုးတဝက်ရုပ်ဖြင့် အလုပ်လုပ်နေသည်မှာ ရယ်ချင်စရာ။ ဂျုံးဂု တစ်ယောက်တည်းကျိတ်ပြုံးမိသွားသည်။ ထို့နောက် မိမိ၏အလုပ်တာဝန်များဘက်သို့ ပြန်လှည့်လိုက်ကာ အလုပ်ကိုသာအာရုံစိုက်လိုက်တော့သည်။

နေ့တစ်ဝက်ခွင့်ပေးလိုက်ခြင်းသည် သူ့အား လူတစ်ယောက်နှင့်ဆုံတွေ့ရန် အကြောင်းဖန်လာမည်ဟုတော့ မစဉ်းစားမိခဲ့...။





=================




 
နိုင်ငံအကူးအပြောင်းတွင် မပြီးပြတ်သေးသည့်ကိစ္စများကြောင့် ဟိုတယ်ကိုခွင့်တောင်းကာ ဂျပန်သံရုံးသို့ သူထွက်လာခဲ့သည်။ အွန်းဘီအတွက် ဟိုတယ်တွင် ခွင့်ပေးခဲ့သော်လည်း သူမ ယူ၊ မယူ သူသေချာမသိ။ စိတ်ကသံရုံးတွင်ရှိနေသော်လည်း လူကဟိုတယ်ဆီသို့သာ ရောက်ရောက်သွားမိသည်။ အရေးကြီးသည်တို့ကိုဆောင်ရွက်ပြီးသည်နှင့် ဂျုံးဂု ဟိုတယ်သို့ ကားကိုအမြန်မောင်းလာမိလျက်။

ဟိုတယ်နားသို့အရောက်တွင် သူ၏မြင်ကွင်းထဲဝင်လာသည့် လူနှစ်ယောက်ကြောင့် ဂျုံးဂု ဘာမှစဉ်းစားမနေတော့ဘဲ ကားကိုလမ်းဘေးသို့ ထိုးရပ်လိုက်မိသည်။ အွန်းဘီက အခြားယောကျ်ားလေးတစ်ယောက်နဲ့ ဘယ်တုန်းက ဒီလိုတွဲနေတာလဲ...။ သူ သတိထားမိသလောက် သူမသည် အမြဲလိုလိုတစ်ယောက်တည်းသာ ဘတ်စ်ကားဂိတ်သို့သွားနေကျ၊ ဒီနေ့ကျမှ တခြားလူနဲ့တွဲတွေ့ရတာ... သူ ခွင့်ပေးလိုက်တဲ့အချိန်နဲ့မှ ဒီလူနဲ့များ အခါသင့်သွားလို့လား။ အွန်းဘီ သူပြင်ဆင်ပေးခဲ့သည့်ခွင့်ကို လက်ခံခြင်းအပေါ်ကျေနပ်မိသော်လည်း တပါးသောယောကျ်ားလေးနှင့်ယှဉ်တွဲသွားခြင်းကိုတော့ ခွင့်မပြုနိုင်။ ဂျုံးဂု ချကြ်ခင်းကားပေါ်မှဆင်းလိုက်မိသည်။


"နေမကောင်းဘူးဆို... ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ"


ဂျုံးဂုအသံကြောင့် အွန်းဘီနှင့်အတူ ထိုလူသားကပါ လှည့်ကြည့်လာသည်။ အသားဖြူစွတ်စွတ်ကိုမှ မျက်လုံးခပ်မှေးမှေးဖြင့်... အွန်းဘီနှင့်သူ၏ပတ်သက်မှုကို သိလိုသည့်အရိပ်အယောင်များကို ထိုလူ၏မျက်လုံးထဲတွင်ပေါ်နေသည်ကို ဂျုံးဂုမြင်လိုက်ရသည်။ ဒီလူက အွန်းဘီကို သဘောကျနေတာ... ဂျုံးဂု အဖြေကို သိသိချင်းတွင် အွန်းဘီကိုသာ စိုက်ကြည့်နေမိသည်။ ကျေးဇူးပြုပြီး ကိုယ်နဲ့ပဲ ပြန်မယ်လို့ပြောပေးပါ အွန်းဘီ...။


"ရတယ်... မလိုဘူး... ကိုယ့်ဘာသာကိုယ်ပဲ ပြန်မယ်"


အွန်းဘီက တကယ်ဥပေက္ခာပြုသွားတာပဲ...။ သူမအား မလွှမ်းမိုးနိုင်တော့သောအခါ ဘေးရှိလူသားကို ဂျုံးဂု စေ့စေ့ကြည့်လိုက်မိသည်။ သူ ဘယ်သူလဲ၊ ဘာကောင်လဲ ဂျုံးဂု မသိ။ သူမအနားတွင် ရှိနေခြင်းတစ်ခုထဲနဲ့တင် ထိုလူအားပြေးထိုးချင်သည်အထိ ဒေါသထွက်နေမိသည်။ ကျောင်းတက်ခဲ့သည့်တလျောက်လုံးလည်း အွန်းဘီကို ဤကဲ့သို့ယောကျ်ားလေးနှင့်တွဲမတွေ့ခဲ့ဖူးသည့် သူ့အတွက် ထိုလူသည် ခလုတ်ကန်သင်းတစ်ခုမှန်း ကြိုပြောစရာမလိုဘဲကို သိနေသည်။ အွန်းဘီက သူမဘက်က စိတ်ဝင်စားခြင်းမရှိဘဲ တွေ့ရာလူကိုအနားကပ်ခံတတ်တဲ့ ပေါပေါပဲပဲမိန်းကလေးမျိုးမှမဟုတ်တာ...။

ထိုလူနှင့် သူ အကြည့်ချင်းစစ်တိုက်နေသည်ကို သတိပြုမိသည်ကြောင့် အွန်းဘီ ထိုအနားမှထွက်သွားရန်ဆုံးဖြတ်လိုက်သည်။


"ဒါ မင်ယွန်းဂီတဲ့... ကျမ သူနဲ့အတူတူပြန်မှာ။ လာ ယွန်းဂီ... ဟိုမှာ ဘတ်စ်ကားလာနေပြီ"


ပေါ့ပျက်ပျက်မိတ်ဆက်ပေးမှုဖြင့် လှည့်ထွက်သွားသည့်အွန်းဘီကြောင့် ဂျုံးဂု ရင်ထဲနာလာမိသည်။ ပွဲက ဒုတိယအချီမစခင်ကတည်းက ရှုံးတော့မည်ကို ကြိုသိလိုက်ရသလိုပင်။ ထိုယွန်းဂီမည်သော လူသားနှင့်အတူတူထွက်သွားသည့် အွန်းဘီ၏ကျောပြင်ကိုသာ မမှိတ်မသုန်ငေးကြည့်နေမိသည်။

ရင်ထဲဝင်လာသည့်နာကျင်မှုတို့အပြင် တစ်ချိန်တည်းတွင် အွန်းဘီအပေါ်ကိုယ်ချင်းစာမိလာသည်။ သူ ဂျူယောင်းနဲ့အတူတူ တွဲသွားတွဲလာလုပ်ခဲ့တုန်းက အွန်းဘီ ဒီလိုပဲနာကျင်ခဲ့ရမှာပဲ... ခံစားခဲ့ရမှာပဲ။ ကံတရားက ဝဋ်လည်ရုံသက်သက်သာ သူ့အားပြန်ဆုံတွေ့စေမှန်း နားလည်လာခဲ့ချိန်တွင် သူမသည် သူ့မြင်ကွင်းတွင်းမှ လုံးဝပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ ရှေ့လျှောက်ကြုံတွေ့ရမည့် ထိုးနှက်မှုများကိုသာ ရင်ဆိုင်ရန်အသင့်ပြင်ရင်း သူမကို လက်လွှတ်လိုက်ရန်စဉ်းစားသော်လည်း မခံချင်စိတ်အရ လက်မခံ။ သူက မင်ယွန်းဂီကို မယှဉ်နိုင်စရာအကြောင်းမှမရှိတာ... အဲ့ဒီလူထက် အွန်းဘီရဲ့အကြောင်းကို ပိုတောင်သိပြီးနားလည်သေးတယ်။ ဂျုံးဂု မဲ့ပြုံးတစ်ချက်ကိုပြုံးလိုက်ရင်း ကားပေါ်ပြန်တက်ကာ ဟိုတယ်ဆီသို့ အေးအေးလူလူသာပြန်မောင်းလိုက်သည်။

ဒီပွဲမှာ သူကရှုံးဖို့သေချာနေတယ်ဆိုရင်တောင် အနည်းဆုံးတော့ သူသေကိုယ်သေတိုက်ပြီးမှသာ အရှုံးခံမည်ဟု မင်ယွန်းဂီအား တစ်ဖက်သတ်စိန်ခေါ်နေမိလျက်...။



🔸🔸🔸🔸🔸


Unedited

29.09.2018



~~~~~



(Zawgyi)


ရံုးစေျပာင္းလာခဲ့သည့္ရက္ပိုင္းေလာက္အတြင္း၌ အြန္းဘီအနားမွသူခပ္ခြာခြာေနကာ ယခင္ကအတိုင္း သူမ၏အမူအက်င့္မ်ားကို အေသးစိတ္ကအစ ျပန္ေလ့လာၾကည့္မိသည္။ အြန္းဘီသည္ သူ႔အားသိသိသာသာေ႐ွာင္ေနသည္မွအပ က်န္သည့္အရာအားလံုးမွာ ပံုမွန္ပင္။ ေက်ာင္းတုန္းကအတိုင္း ဘာမွမေျပာင္းလဲခဲ့။ ေန႔လည္နားသည့္အခ်ိန္တြင္ ေကာ္ဖီစက္႐ွိရာသုိ႔ သြားတတ္သည္။ ရံုးဆင္းလွ်င္ ဟိုတယ္ႏွင့္အနီးဆံုးဘတ္စ္ကားဂိတ္တြင္ ကားေစာင့္တတ္သည္။ ရံုးတြင္းတြင္ ဌာနမွဝန္ထမ္းမ်ား၏ခ်စ္ခင္မႈကို အသင့္အတင့္ရထားသည္။ တစ္ခါတစ္ရံ သူ႔အား လြမ္းဆြတ္သည္လား၊ မုန္းတီးသည္လားမေရရာသည့္အၾကည့္မ်ဳိးျဖင့္ စိုက္ၾကည့္ေနတတ္သည္။ တစ္ေယာက္နွင့္တစ္ေယာက္ အလိုက္သိစြာ မ်က္ႏွာခ်င္းမဆိုင္မိေစရန္ ႀကိဳးစားၾကေသာ္လည္း အလုပ္ခြင္ျဖစ္၍ေ႐ွာင္ကြင္းမရသည့္အခါမ်ဳိးတြင္ေတာ့ စကားမေျပာလို႔မရၾက။

အြန္းဘီ၏အေ႐ွာင္အတိမ္းေကာင္းမႈေၾကာင့္ သီးသန္႔စကားေျပာခ်ိန္ကို ဂ်ံဳးဂု ဖန္တီးယူရန္ဆံုးျဖတ္လိုက္ရင္း သူမ လာေနက်ေကာ္ဖီစက္႐ွိရာ၌ သူေစာင့္ေနမိသည္။ တစ္ခ်ိန္က ႏွစ္ေယာက္အတူတူမႀကိဳက္ဟု ေျပာခဲ့ဖူးသည့္ေကာ္ဖီကို သူ႔ေရွ႕တြင္ႏွစ္ၿခိဳက္စြာေသာက္ျပျခင္းအား ေျပာင္းလဲျခင္း၏ျပ႐ုခ္တစ္ခုအျဖစ္မ်ား သူမ ယူဆထားသေလာ...။ ျဖည္းျဖည္းမွန္မွန္ေျခလွမ္းျဖင့္ေလွ်ာက္လာသည့္ သူမအားေတြ႔လိုက္စဥ္တြင္ ဂ်ံဳးဂု ေကာ္ဖီစက္အနား႐ွိ နံရံေထာင့္ခ်ဳိးအကြယ္နားတြင္ သူမ မျမင္ေစရန္ အသာကြယ္ေနလိုက္မိသည္။ အြန္းဘီကေတာ့ သူမ၏ပံုမွန္အလုပ္တစ္ခုအလား ေကာ္ဖီခြက္ေလးကိုကိုင္ကာ အရသာခံေသာက္ေနလ်က္။


"ေကာ္ဖီေတြေတာင္ ေသာက္တတ္သြားၿပီေနာ္"


ဂ်ံဳးဂု အသံျပဳလိုက္ရင္း ပုန္းေနရာမွထြက္လာလိုက္စဥ္ လန္႔သြားေသာေၾကာင့္ တုန္ခနဲျဖစ္သြားသည့္သူမ။ အြန္းဘီ ေ႐ွာင္ထြက္သြားေလာက္သည္ဟု ဂ်ံဳးဂု ေတြးထားခဲ့ေသာ္လည္း သူ႔ဘက္သို႔ မ်က္ႏွာခ်င္းဆိုင္လွည့္ကာ လႈိက္လႈိက္လွဲလွဲေတာ့သိပ္မ႐ွိလွေသာ္လည္း တည္တည္ၿငိမ္ၿငိမ္ျဖင့္ႏႈတ္ဆက္လာသည္ေလ။


"ေၾသာ္... မန္ေနဂ်ာပဲ"


သူမထံမွ ဂုဏ္ပုဒ္၊ ရာထူးမ်ားအား ေ႐ွ႕တန္းတင္ကာ တပ္ေခၚလာျခင္းအား ဂ်ံဳးဂု မေနတတ္။ ဘယ္လိုျပန္မျဖစ္ေတာ့မွန္းသိလ်က္ပင္ ႐ူးမိုက္စြာ သူမထံမွ ရင္းရင္းႏွီးႏွီးေခၚသံေလးကို ၾကားခ်င္မိေသးသည္။ အရာအားလံုးသည္ သူ႔ေၾကာင့္ တစစီကဲြေၾကခဲ့သည့္တိုင္ ဤတစ္ႀကိမ္တြင္ေတာ့ ထိုအပိုင္းအစမ်ားအား ရေအာင္သူျပန္ဆက္မည္ဟု ဆံုးျဖတ္ထားခဲ့သည္မလား။ အနည္းအက်ဥ္းပဲျဖစ္ပါေစဦး... ႀကိဳးစားမႈမွန္သမွ်သည္ အရာေတာ့ထင္စျမဲ႐ွိသည္ဟု သူယံုၾကည္မိသည္။


"ဂ်ံဳးဂု... အဲ့လိုပဲေခၚလို႔ရပါတယ္"


သူ႔အေျပာေၾကာင့္ သူမမ်က္ႏွာတြင္ မခ်ိတင္ကဲအျပံဳးေလးတစ္ခု ျဖတ္ေျပးသြားသည္။ သူမမ်က္ႏွာအား အရိပ္တၾကည့္ၾကည့္ေနခဲ့ဖူးသူတစ္ေယာက္ျဖစ္သည့္အေလ်ာက္ ထိုအျပံဳးမွာ သူမကိုယ္တိုင္ေတာင္ သိလိုက္မည္မဟုတ္သည့္အျပံဳးတစ္ခုမွန္း ဂ်ံဳးဂု နားလည္လိုက္သည္။ သူ႔ကိုေမ့သြားၿပီလို႔ထင္ခဲ့တာ... ဘာလို႔အခုခ်ိန္ထိ သူမကပါ ႏွလံုးသားနဲ႔ဦးေႏွာက္ကို လြန္ဆဲြေနရေသးတာလဲ။ ဒါမွမဟုတ္ သူေပးခဲ့တဲ့ဒဏ္ရာေတြ အရမ္းနက္႐ႈိင္းလြန္းလို႔မ်ား ျပန္ကုစားဖို႔ခက္ခဲေနေသးတာလား...၊ သူက အြန္းဘီအတြက္ အဲ့ေလာက္ေတာင္ဆိုးခဲ့တဲ့လူတစ္ေယာက္လား... ဂ်ံဳးဂု တစ္ေယာက္တည္း အေတြးထဲေမးခြန္းမ်ားစြာေမးေနမိသည္။


"ကိုယ့္ထက္ရာထူးႀကီးတဲ့သူကို အဲ့လို မေခၚခ်င္လို႔ပါ။ နားတဲ့အခ်ိန္ေတာင္ ကုန္ေတာ့မွာပဲ... က်မ ရံုးခန္းထဲသြားေတာ့မယ္"


ထပ္ၿပီး ေ႐ွာင္ေျပးဖို႔ႀကိဳးစားျပန္ၿပီလား လီအြန္းဘီ...။ ဂ်ံဳးဂု စိတ္ထဲမတင္မက်ျဖစ္ကာ လွည့္ထြက္ရန္ႀကိဳးစားေနသည့္ သူမလက္အားဖမ္းဆဲြလိုက္မိသည္။ လုပ္ငန္းခြင္ဟူသည့္အခ်က္ကိုပင္ သူေမ့ေလ်ာ့သြားခဲ့သည္ေလ။ စိတ္ထဲတြင္ သူမသည္ သူ႔အားစိတ္ေကာက္ေနျခင္းဟုသာ ထင္မွတ္ေနမိၿပီး ေခ်ာ့လိုက္ရင္ရသြားမည္ဟု ယူဆေနမိဆဲပင္။ အခု သူျပန္လာတာ ေကာင္းေသာျပန္လာျခင္းမွန္း သူမ ဘာလို႔မျမင္ႏိုင္ေတာ့တာလဲ...။


"အြန္းဘီ... ကိုယ့္ကိုအဲ့ေလာက္ထိ မေ႐ွာင္ပါနဲ႔"

"အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာကုိ ခဲြထားသင့္တယ္ထင္တယ္"

"ေဆာရီး... ကိုယ္သတိလက္လြတ္သြားတယ္"


ဂ်ံဳးဂု တစ္ခါမွမေတြ႔ဖူးခဲ့ေသာ မီးဝင္းဝင္းေတာက္သည့္အၾကည့္ျဖင့္ၾကည့္ကာ ခပ္တင္းတင္းေျပာလာသည့္စကားေၾကာင့္ ဂ်ံဳးဂု ခ်က္ျခင္းပင္လက္ကိုလႊတ္ေပးလိုက္မိသည္။ သူက စိတ္အေႏွာက္အယွက္ျဖစ္ေလာက္တဲ့ အေၾကာင္းအရင္းတစ္ခုေတာင္ ျဖစ္သြားၿပီပဲ... အမွန္တရားတစ္ခုအား ဂ်ံဳးဂု ရင္နာနာျဖင့္လက္ခံလိုက္ရင္း သူမေက်ာျပင္ေလးကိုသာ ေငးၾကည့္ေနမိသည္။


"အြန္းဘီ..."


တိုးတိုးေလးပင္ျဖစ္ေသာ္လည္း အနည္းဆံုးေတာ့ အသိအမွတ္ျပဳကာလွည့္ၾကည့္ေပးေသာေၾကာင့္ ဂ်ံဳးဂု ဝမ္းသာသြားမိလ်က္။


"သူငယ္ခ်င္းေတြလို ေနလို႔ေတာင္ မရေတာ့ဘူးလား"


ဂ်ံဳးဂု သူ႔ဘဝတြင္ ဘယ္သူကိုမွမေတာင္းဆိုခဲ့ဖူးသည့္ အႏူးညံ့ဆံုး အညံ့ခံေတာင္းဆိုမႈအား သူမေ႐ွ႕တြင္ လုပ္မိသြားသည္ပဲ။ ထိုစကားတြင္ ဝမ္းနည္းအက္ကဲြမႈမ်ားစြာ ေပ်ာ္ဝင္ေနသည္။ ႏွစ္ဦးတည္း႐ွိေနသည့္ေနရာတစ္ခုတြင္ တိတ္ဆိတ္မႈတို႔က လႊမ္းမိုးသြားေသာအခါ ေဘးပတ္ဝန္းက်င္ကပင္ ေျခာက္ကပ္သြားသေယာင္ေယာင္။ အလိုမက်ျဖစ္ေနသည့္သူမမ်က္ႏွာ၏ေနာက္ကြယ္တြင္ ေဝခဲြမရမႈတို႔ကို ျမင္ေနရသည္။ သူမ၏အဆံုးအျဖတ္ကိုေစာင့္ရသည္မွာ တရားသူႀကီးစီရင္ခ်က္ခ်သည္ထက္ပင္ ေျခာက္ျခားဖြယ္ေကာင္းေနသည္။


"သူငယ္ခ်င္း?"


သူႏွင့္ထပ္တူ ေၾကကဲြမႈမ်ားပါေနသည့္ တိုးလ်လ်အသံေလးထဲတြင္ သူမ၏ခံစားခ်က္မ်ား ေရာႁပြန္းပါဝင္ေနသည့္ႏွယ္...။


"အင္း... ျဖစ္ႏိုင္ရင္ေပါ့"


သူ႔အသံတြင္ ခယမႈမ်ားစြာပါဝင္ေနသည္။ ထိုအရာတို႔အား အြန္းဘီ လ်စ္လ်ဴမ႐ႈေစရန္ သူဆုေတာင္းမိသည္။ သို႔ေသာ္ သူသည္တစ္ခ်ိန္က သူမ၏မ်က္ရည္တို႔ကို ေက်ာခိုင္းခဲ့ဖူးတဲ့လူတစ္ေယာက္... အြန္းဘီ သူ႔အေပၚ လွပတဲ့လက္စားေခ်ျခင္းကိုမ်ား ျပဳလုပ္သြားမလားဟု ေတြးပူမိေသာ္လည္း အြန္းဘီသည္ ထုိကဲ့သို႔မေက်လည္ျခင္းကို လက္တံု႔ျပန္တတ္သည့္မိန္းကေလးမ်ဳိးမဟုတ္ျပန္။ ေနာက္ဆံုးတစ္ေခါက္ေလာက္ပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ေတာင္းဆိုမႈကို အြန္းဘီလိုက္ေလ်ာေပးခဲ့မယ္ဆိုရင္...


"ဒါဆိုရင္ေတာ့ မျဖစ္ႏိုင္ဘူးပဲ ေျပာပါရေစ... က်မဘဝမွာ သူငယ္ခ်င္းဆိုတဲ့စကားကို ႐ွင့္ဆီက မၾကားခ်င္ဆံုးပဲမို႔လို႔"


ဂ်ံဳးဂု အေတြးထဲေျပာေနသည့္စကားသံတို႔မဆံုးေသးခင္မွာပဲ သူမ၏တံု႔ျပန္မႈက သူ႔အား ထိုေနရာတြင္ေက်ာက္႐ုပ္တစ္ခုအလား လႈပ္႐ွားမရေအာင္ျဖစ္ေစခဲ့သည္။ ျငင္းပယ္ခံလိုက္ရတယ္ဆိုတာထက္ သူက သူမဘဝမွာ ဘာအဓိပၸါယ္မွမ႐ွိေတာ့ဘူးဆိုတာကို ႐ွင္း႐ွင္းလင္းလင္းသိလိုက္ရတာ။ သူဆိုတဲ့သူက သူမဘဝထဲမွာ အမွတ္တရတစ္ခုအျဖစ္က်န္ရစ္ေနခဲ့မယ္ဆိုရင္ေတာင္ သူမကိုနာက်င္ေစရံုသက္သက္ အက်ည္းတန္တဲ့အမွတ္ရျခင္းမ်ဳိးနဲ႔ပဲ တည္႐ွိေနေတာ့တယ္ဆိုတာမ်ဳိး။

ဂ်ံဳးဂု သတိျပန္ဝင္လာသည့္အခ်ိန္တြင္ အြန္းဘီက အနားမွာမ႐ွိေတာ့။ ခါးသက္သည့္အမွန္တရားတစ္ခုအား ရင္ဝယ္ပိုက္ထားလိုက္မိသည္။ သူမက သူ႔ကို 'သူ'ျဖစ္ေနလို႔ကို မုန္းသြားတာပဲ...။





===============





စားပဲြေပၚတြင္ မ်က္ႏွာအပ္ကာအိပ္ေနသည့္သူမေၾကာင့္ ဂ်ံဳးဂု ရင္ေမာသြားမိသည္။ မေန႔က ေကာ္ဖီစက္နားတြင္ ျဖစ္ေပၚခဲ့ေသာစကားဝိုင္းေၾကာင့္ ဂ်ံဳးဂုကိုယ္တိုင္ အြန္းဘီကို ေ႐ွာင္ေနမိသည္။ ယခု ေန႔လည္စာစားအၿပီး မိမိရံုးခန္းသို႔အလာ သူမအားထိုကဲ့သို႔ပံုစံျဖင့္ ျမင္လိုက္ရခ်ိန္ စိုးရိမ္စိတ္မ်ားက အလိုအေလ်ာက္ဝင္လာခဲ့လ်က္။

အနားသို႔သြားကပ္ၾကည့္မိလိုက္စဥ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည့္သူမေၾကာင့္ ေနမေကာင္းျခင္းမ်ားလားဟု နဖူးေလးကိုပင္ အသာစမ္းၾကည့္မိလိုက္သည္။ ကိုယ္ေတာ့မပူ... သို႔ေသာ္ မ်က္ႏွာေလးမွာ ေနမေကာင္းသည့္အတိုင္း ခပ္ႏြမ္းႏြမ္းေလးျဖစ္ေနသည္။ စားပဲြေပၚ႐ွိ သူမ၏ထမင္းဗူးေလးကိုကိုင္ၾကည့္ေတာ့လည္း စားပင္စားရေသးပံုမေပၚ ေလးလံေနလ်က္။


"ၾကည့္ရတာ ထမင္းေတာင္မစားဘဲ အိပ္သြားတဲ့ပံုပဲ..."


ဂ်ံဳးဂု သူမ၏အလုပ္စားပဲြေရွ႕တြင္ရပ္ကာ တစ္ေယာက္တည္းစကားေတြေျပာေနမိသည္။ သူ႔အျပဳအမူမ်ားေၾကာင့္ ဝန္ထမ္းတခ်ဳိ႕၏အၾကည့္တို႔က သူ႔ထံသို႔က်ေနသည္ကို သတိျပဳလိုက္မိသျဖင့္ ဟန္ကိုယ့္ဖို႔ျပန္လုပ္လုိက္ကာ သူမႏွင့္အနီးဆံုး႐ွိ ဝန္ထမ္းေကာင္မေလးအား လွမ္းေမးလိုက္မိသည္။


"ေနမေကာင္းလို႔လား အြန္းဘီက"

"ဟုတ္ မန္ေနဂ်ာ၊ မေန႔က ရံုးကအျပန္မိုးမိသြားတယ္ေျပာတယ္။ အဲ့ဒါေခါင္းကိုက္ေနလို႔ ခဏေလာက္အိပ္ဦးမယ္ နားခ်ိန္ၿပီးရင္ႏႈိးလိုက္ပါဆိုလို႔..."


သူ႔အား ႐ို႐ိုက်ဳိးက်ဳိးေျဖလာသည့္ဝန္ထမ္းေကာင္မေလးေၾကာင့္ ဂ်ံဳးဂု အေၾကာင္းရင္းအား ေစ့ေစ့စံုစံုသိၿပီးကာမွ နည္းနည္းစိတ္သက္သာသြားမိသည္။ ဒါေပမယ့္ ဒီလိုဘာမွမစားထားတဲ့ပံုနဲ႔ သူမ တစ္ေနကုန္ေနႏိုင္ဖို႔ေတာ့မျဖစ္ႏိုင္။ ေန႔တစ္ဝက္ခြင့္ေပးလိုက္ခ်င္ေသာ္လည္း အြန္းဘီက သူ႔အကူအညီဆို မယူေလာက္မွန္းသိေနသည္။ ဂ်ံဳးဂု အၾကံတစ္ခုရကာ ခုနကဝန္ထမ္းမေလးကိုပင္ စကားျပန္စလိုက္မိသည္။


"အြန္းဘီကို ငါေန႔တစ္ဝက္ခြင့္ေတာ့ေပးထားမယ္။ တကယ္လို႔ သူျပန္နားခ်င္တယ္ဆိုရင္ နားလို႔ရေအာင္... ဒါေပမယ့္ ငါေပးထားခဲ့မွန္းေတာ့ သူ မသိပါေစနဲ႔။ နင္တို႔အခ်င္းခ်င္း ငါ့ကိုေျပာေပးတာပဲျဖစ္ျဖစ္လုပ္ထားေပးမယ္ဆိုၿပီး ၾကည့္ေကာင္းေအာင္ ေျပာလိုက္သိလား"

"ဟုတ္ မန္ေနဂ်ာ"

"ခဏေနရင္ ငါသြားစရာတစ္ခု႐ွိေသးေတာ့ အဲ့ဒီမတိုင္ခင္ ခြင့္ကိစၥလုပ္ေပးထားခဲ့မယ္။ ေနာက္ဆယ္မိနစ္ေလာက္ေနရင္ေတ့ာ ႏႈိးရင္ႏႈိးလိုက္ေတာ့ သူ႔ကို... Assistant Managerျဖစ္ေနၿပီး အငယ္ေတြေရွ႕အိပ္ျပေနတာ သိပ္ေတာ့ျမင္မေကာင္းဘူး"


ဂ်ံဳးဂု ေျပာစရာစကားကုန္သည္ႏွင့္ မိမိ၏ကိုယ္ပိုင္ရံုးခန္းငယ္ေလးအတြင္းသို႔ဝင္လာမိခဲ့သည္။ အမ်ားေျပာစရာျဖစ္ေလာက္ေအာင္ သူ႔အျပဳအမူတို႔သည္ အြန္းဘီအေပၚ အရမ္းဂ႐ုစိုက္မွန္းသိသာေနသည္ကို ကိုယ္တိုင္သိေနခဲ့ေသာ္လည္း သူေနာက္မဆုတ္ခ်င္။ ယခုအခ်ိန္ထိ ကေလးဆန္ခ်င္ေသးသည့္သူမကိုလည္း ဂ်ံဳးဂု အားမရ။ မထင္မွတ္သည့္ကံတရားေၾကာင့္ သူမအနား ျပန္ေရာက္လာခဲ့ေသာ္လည္း အေဝးမွေငးေနရဆဲပင္။ သူမအနားတြင္ဝဲသည့္ လိပ္ျပာမ်ားကို မေတြ႔ရျခင္းကိုသာ ကံေကာင္းမႈတစ္ခုဟု မွတ္ယူကာ သူမအေပၚ ပ်က္ကြက္ခဲ့မႈမ်ားအား အတိုးခ်ျဖည့္ဆည္းေပးမည္ေလ။ သူတကယ္စစ္မွန္လာသည့္အခ်ိန္တြင္ သူမ ဥေပကၡာျပဳသြားမည္ကို စိုးထိတ္လာမိသည္။ သို႔ေသာ္ ဒါသည္လည္း ကံတရား၏အလိုတစ္ခုဆိုလွ်င္ သူ ဘာမွတတ္ႏိုင္ဦးမည္မဟုတ္...။

ဂ်ံဳးဂု နာရီကိုၾကည့္ရင္း လုိအပ္သည့္စာရြက္စာတမ္းတခ်ဳိ႕ကို ျပင္ဆင္လိုက္မိသည္။ ဘယ္တုန္းကမွ သူ၏လုပ္ပိုင္ခြင့္ကိုအသံုးျပဳကာ ထိုကဲ့သို႔ဝန္ထမ္းမ်ားအတြက္ မ်က္ႏွာလိုက္ျခင္းဆန္သည့္အရာမ်ားကို သူ မလုပ္ခဲ့ဖူး။ သို႔ေသာ္ အြန္းဘီကို ဒီေန႔တစ္ရက္ေလာက္ပဲျဖစ္ျဖစ္ သူနားေစခ်င္သည္။ အြန္းဘီက သူ႔ကို မေတြ႔ခ်င္ဘဲေတြ႔ေနရေတာ့ ေသာကေတာ့မ်ားေန႐ွာမွာပဲေလ... ဒီတစ္ပတ္ေလာက္အတြင္းမွာကို သူမ အရမ္းပင္ပန္းေနတဲ့ပံုေပါက္သြားျခင္းအရ သူသိေနခဲ့သည္။

လိုအပ္သည္တို႔ျပင္ၿပီးသည့္ေနာက္ ဂ်ံဳးဂု တံခါးမွန္မွတဆင့္ၾကည့္လိုက္စဥ္ နဖူးကိုလက္နဲ႔ေထာက္ကာ ရီပို႔ကိုဖတ္ေနသည့္အြန္းဘီကို ေတြ႔လိုက္ရသည္။ မႏိုးတဝက္၊ ႏိုးတဝက္႐ုပ္ျဖင့္ အလုပ္လုပ္ေနသည္မွာ ရယ္ခ်င္စရာ။ ဂ်ံဳးဂု တစ္ေယာက္တည္းက်ိတ္ျပံဳးမိသြားသည္။ ထို႔ေနာက္ မိမိ၏အလုပ္တာဝန္မ်ားဘက္သို႔ ျပန္လွည့္လိုက္ကာ အလုပ္ကိုသာအာရံုစိုက္လိုက္ေတာ့သည္။

ေန႔တစ္ဝက္ခြင့္ေပးလိုက္ျခင္းသည္ သူ႔အား လူတစ္ေယာက္ႏွင့္ဆံုေတြ႔ရန္ အေၾကာင္းဖန္လာမည္ဟုေတာ့ မစဥ္းစားမိခဲ့...။





=================




 
ႏိုင္ငံအကူးအေျပာင္းတြင္ မၿပီးျပတ္ေသးသည့္ကိစၥမ်ားေၾကာင့္ ဟိုတယ္ကိုခြင့္ေတာင္းကာ ဂ်ပန္သံရံုးသို႔ သူထြက္လာခဲ့သည္။ အြန္းဘီအတြက္ ဟိုတယ္တြင္ ခြင့္ေပးခဲ့ေသာ္လည္း သူမ ယူ၊ မယူ သူေသခ်ာမသိ။ စိတ္ကသံရံုးတြင္႐ွိေနေသာ္လည္း လူကဟိုတယ္ဆီသို႔သာ ေရာက္ေရာက္သြားမိသည္။ အေရးႀကီးသည္တို႔ကိုေဆာင္ရြက္ၿပီးသည္ႏွင့္ ဂ်ံဳးဂု ဟိုတယ္သို႔ ကားကိုအျမန္ေမာင္းလာမိလ်က္။

ဟိုတယ္နားသို႔အေရာက္တြင္ သူ၏ျမင္ကြင္းထဲဝင္လာသည့္ လူႏွစ္ေယာက္ေၾကာင့္ ဂ်ံဳးဂု ဘာမွစဥ္းစားမေနေတာ့ဘဲ ကားကိုလမ္းေဘးသို႔ ထိုးရပ္လိုက္မိသည္။ အြန္းဘီက အျခားေယာက်္ားေလးတစ္ေယာက္နဲ႔ ဘယ္တုန္းက ဒီလိုတဲြေနတာလဲ...။ သူ သတိထားမိသေလာက္ သူမသည္ အျမဲလိုလိုတစ္ေယာက္တည္းသာ ဘတ္စ္ကားဂိတ္သုိ႔သြားေနက်၊ ဒီေန႔က်မွ တျခားလူနဲ႔တဲြေတြ႔ရတာ... သူ ခြင့္ေပးလိုက္တဲ့အခ်ိန္နဲ႔မွ ဒီလူနဲ႔မ်ား အခါသင့္သြားလို႔လား။ အြန္းဘီ သူျပင္ဆင္ေပးခဲ့သည့္ခြင့္ကို လက္ခံျခင္းအေပၚေက်နပ္မိေသာ္လည္း တပါးေသာေယာက်္ားေလးႏွင့္ယွဥ္တဲြသြားျခင္းကိုေတာ့ ခြင့္မျပဳႏိုင္။ ဂ်ံဳးဂု ခ်ကျ္ခင္းကားေပၚမွဆင္းလိုက္မိသည္။


"ေနမေကာင္းဘူးဆို... ကိုယ္ျပန္လိုက္ပို႔ေပးမယ္ေလ"


ဂ်ံဳးဂုအသံေၾကာင့္ အြန္းဘီႏွင့္အတူ ထိုလူသားကပါ လွည့္ၾကည့္လာသည္။ အသားျဖဴစြတ္စြတ္ကိုမွ မ်က္လံုးခပ္ေမွးေမွးျဖင့္... အြန္းဘီႏွင့္သူ၏ပတ္သက္မႈကို သိလိုသည့္အရိပ္အေယာင္မ်ားကို ထိုလူ၏မ်က္လံုးထဲတြင္ေပၚေနသည္ကို ဂ်ံဳးဂုျမင္လိုက္ရသည္။ ဒီလူက အြန္းဘီကို သေဘာက်ေနတာ... ဂ်ံဳးဂု အေျဖကို သိသိခ်င္းတြင္ အြန္းဘီကိုသာ စိုက္ၾကည့္ေနမိသည္။ ေက်းဇူးျပဳၿပီး ကိုယ္နဲ႔ပဲ ျပန္မယ္လို႔ေျပာေပးပါ အြန္းဘီ...။


"ရတယ္... မလိုဘူး... ကိုယ့္ဘာသာကိုယ္ပဲ ျပန္မယ္"


အြန္းဘီက တကယ္ဥေပကၡာျပဳသြားတာပဲ...။ သူမအား မလႊမ္းမိုးႏိုင္ေတာ့ေသာအခါ ေဘး႐ွိလူသားကို ဂ်ံဳးဂု ေစ့ေစ့ၾကည့္လိုက္မိသည္။ သူ ဘယ္သူလဲ၊ ဘာေကာင္လဲ ဂ်ံဳးဂု မသိ။ သူမအနားတြင္ ႐ွိေနျခင္းတစ္ခုထဲနဲ႔တင္ ထိုလူအားေျပးထိုးခ်င္သည္အထိ ေဒါသထြက္ေနမိသည္။ ေက်ာင္းတက္ခဲ့သည့္တေလ်ာက္လံုးလည္း အြန္းဘီကို ဤကဲ့သို႔ေယာက်္ားေလးႏွင့္တဲြမေတြ႔ခဲ့ဖူးသည့္ သူ႔အတြက္ ထိုလူသည္ ခလုတ္ကန္သင္းတစ္ခုမွန္း ႀကိဳေျပာစရာမလိုဘဲကို သိေနသည္။ အြန္းဘီက သူမဘက္က စိတ္ဝင္စားျခင္းမ႐ွိဘဲ ေတြ႔ရာလူကိုအနားကပ္ခံတတ္တဲ့ ေပါေပါပဲပဲမိန္းကေလးမ်ဳိးမွမဟုတ္တာ...။

ထိုလူႏွင့္ သူ အၾကည့္ခ်င္းစစ္တိုက္ေနသည္ကို သတိျပဳမိသည္ေၾကာင့္ အြန္းဘီ ထိုအနားမွထြက္သြားရန္ဆံုးျဖတ္လိုက္သည္။


"ဒါ မင္ယြန္းဂီတဲ့... က်မ သူနဲ႔အတူတူျပန္မွာ။ လာ ယြန္းဂီ... ဟိုမွာ ဘတ္စ္ကားလာေနၿပီ"


ေပါ့ပ်က္ပ်က္မိတ္ဆက္ေပးမႈျဖင့္ လွည့္ထြက္သြားသည့္အြန္းဘီေၾကာင့္ ဂ်ံဳးဂု ရင္ထဲနာလာမိသည္။ ပဲြက ဒုတိယအခ်ီမစခင္ကတည္းက ရံႈးေတာ့မည္ကို ႀကိဳသိလိုက္ရသလိုပင္။ ထိုယြန္းဂီမည္ေသာ လူသားႏွင့္အတူတူထြက္သြားသည့္ အြန္းဘီ၏ေက်ာျပင္ကိုသာ မမွိတ္မသုန္ေငးၾကည့္ေနမိသည္။

ရင္ထဲဝင္လာသည့္နာက်င္မႈတို႔အျပင္ တစ္ခ်ိန္တည္းတြင္ အြန္းဘီအေပၚကိုယ္ခ်င္းစာမိလာသည္။ သူ ဂ်ဴေယာင္းနဲ႔အတူတူ တဲြသြားတဲြလာလုပ္ခဲ့တုန္းက အြန္းဘီ ဒီလိုပဲနာက်င္ခဲ့ရမွာပဲ... ခံစားခဲ့ရမွာပဲ။ ကံတရားက ဝဋ္လည္ရံုသက္သက္သာ သူ႔အားျပန္ဆံုေတြ႔ေစမွန္း နားလည္လာခဲ့ခ်ိန္တြင္ သူမသည္ သူ႔ျမင္ကြင္းတြင္းမွ လံုးဝေပ်ာက္ကြယ္သြားခဲ့ၿပီးျဖစ္သည္။ ေ႐ွ႕ေလွ်ာက္ၾကံဳေတြ႔ရမည့္ ထိုးႏွက္မႈမ်ားကိုသာ ရင္ဆိုင္ရန္အသင့္ျပင္ရင္း သူမကို လက္လႊတ္လိုက္ရန္စဥ္းစားေသာ္လည္း မခံခ်င္စိတ္အရ လက္မခံ။ သူက မင္ယြန္းဂီကုိ မယွဥ္ႏိုင္စရာအေၾကာင္းမွမ႐ွိတာ... အဲ့ဒီလူထက္ အြန္းဘီရဲ႕အေၾကာင္းကို ပိုေတာင္သိၿပီးနားလည္ေသးတယ္။ ဂ်ံဳးဂု မဲ့ျပံဳးတစ္ခ်က္ကိုျပံဳးလိုက္ရင္း ကားေပၚျပန္တက္ကာ ဟိုတယ္ဆီသို႔ ေအးေအးလူလူသာျပန္ေမာင္းလိုက္သည္။

ဒီပဲြမွာ သူကရံႈးဖို႔ေသခ်ာေနတယ္ဆိုရင္ေတာင္ အနည္းဆံုးေတာ့ သူေသကိုယ္ေသတိုက္ၿပီးမွသာ အရံႈးခံမည္ဟု မင္ယြန္းဂီအား တစ္ဖက္သတ္စိန္ေခၚေနမိလ်က္...။



🔸🔸🔸🔸🔸


Unedited

29.09.2018

Continue Reading

You'll Also Like

718K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
30.4K 3K 33
An oc fanfiction ဘယ်သူကစတင်လွဲမှားခဲ့တဲ့အမှားလည်း ကိုယ်မသိပေမယ့် ကိုယ်ကတော့ အမှားဆိုလည်း နောင်တမဲ့စွာ ဆက်ကျူးလွန်နေမိအုံးမှာပါ။ _jungkook Jungkook x...
99.1K 6.4K 31
"ဘယ်က ဇယားလေးလဲ? Kim" "အကြွေးနဲ့ သိမ်းလာတာလေ မွေးစားဖို့" "ဘယ္က ဇယားေလးလဲ? Kim" "အေႂကြးနဲ႕ သိမ္းလာတာေလ ေမြးစားဖို႔"
25.5K 3.7K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️