When Rain Falls Down (Book 2)...

By harumi_oo

47K 4.4K 587

A villian is just a victim whose story hasn't been told.. - sequel to When Rain Falls Down **Friendly reminde... More

1. Beginning of the End
2. I Dun Need Love
3. Target
4. Initial Point
5. Closer
6. Attachment
7. Skinship
8. Backup Strategy
9. Just Friend or Best Friend?
10. Fall for You
11. Unexpected
12. Doubt
13. Brain or Heart
14. Will you...?
15. Silent
17. Over
18. Stay or Move On
19. Hurt Enough
20. The Last
21. Parting
22. See You Again
23. One Sided Competition
24. Rejected
25. Bad but ...
26. His Role
27. End of the Beginning (End)
🌸 Thank You 🌸

16. A Moment with You

1.1K 128 12
By harumi_oo

(Unicode)



အွန်းဘီ နာရီကို တကြည့်ကြည့်ဖြင့် ကျောင်းရှေ့တွင်စောင့်နေမိသည်။ ချိန်းဆိုထားသည့်အချိန်မတိုင်ခင် သူမက စောရောက်နေမိခြင်းဖြစ်သောကြောင့် စိတ်လည်းမဆိုးမိ။ အမှန်ဆို ယောကျ်ားလေးဖြစ်တဲ့ဂျုံးဂုဘက်က ကြိုပြီးရောက်နေသင့်တယ်ဆိုပေမယ့်လည်းပေါ့...။ ပိတ်ရက်ဖြစ်သောကြောင့် ကျောင်းနားပတ်ဝန်းကျင်သည် လူအသွားအလာရှင်းနေသည်။ တစောင်းလွယ်ထားသည့် ဘေးလွယ်အိတ်လေးကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ရင်း ကျောင်းရှေ့တွင်သာ ဟိုဘက်လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက် လုပ်နေမိသည်။


"ဂျုံးဂုက...?"


ခပ်လှမ်းလှမ်းတွင် ထိုးရပ်လိုက်သည့်တက္ကစီပေါ်မှ ဆင်းလာသောလူရိပ်နှစ်ခုကြောင့် အွန်းဘီ စိတ်တွေထိုင်းမှိုင်းသွားမိသည်။ သူမနှင့်မတွေ့ခင်မှာ ဂျုံးဂုက ဆုန်းဂျူယောင်းနဲ့အရင်သွားတွေ့နေခြင်းလား... ဂျူယောင်း၏စာအုပ်တချို့ကိုပါ ကူသယ်ပေးထားသည့် သူ့ကြောင့် အွန်းဘီ မိန်းကလေးပီပီ သဝန်တိုမိသည်။ သံသယတွေပွားလာမိသည့်အချိန်တွင် မျက်နှာပါမကြည်လင်နိုင်တော့။ သူတို့နှစ်ယောက်မမြင်ခင် အွန်းဘီအမြန်ကျောခိုင်းလိုက်သော်လည်း စက္ကန့်အနည်းငယ်နောက်ကျသွားခဲ့သည်။


"ဟိုမှာ အွန်းဘီမလား"


အတန်ငယ်ချွဲပျစ်ပျစ်နိုင်သည့် ဂျူယောင်း၏အသံကြောင့် အွန်းဘီ စိတ်ထဲမျက်နေသော်လည်း လူမှုရေးအရနှုတ်ဆက်ရန် ပြုံးပြလိုက်ရသည်။ ထိုဆုန်းဂျူယောင်းနှင့် ပတ်သက်လာလျှင် သူမဘာတစ်ခုကိုမှသဘောမကျ။ အထူးသဖြင့် ဂျုံးဂုနှင့်တွေ့တိုင်း ရဲတင်းလွန်းသော သူ့အပြုအမူများ...။


"နမ်ဂျွန်းနဲ့အတူတူ libraryမှာ စာသွားလုပ်ပြီး ပြန်လာတာလေ... နမ်ဂျွန်းက တခါတည်း အိမ်ပြန်သွားပြီမို့လို့ ငါကျောင်းဘက်သွားဖို့ရှိတယ်ဆိုတာနဲ့ ဂျူယောင်းက လမ်းကြုံလိုက်လာတာ"


အွန်းဘီ၏မျက်နှာထားအရ အကြီးအကျယ်အူတိုနေပြီမှန်း သိသောကြောင့် ဂျုံးဂု အမြန်ဝင်ရှင်းပြလိုက်ရသည်။ ဒေါသထွက်နေသည့်အရောင်တို့ နည်းနည်းလျော့သွားသော်လည်း အဆုံးထိတော့ကြည်လင်သေးသည်မဟုတ်။ ဂျူယောင်းကလည်း သူမသွားစရာရှိတာမြန်မြန်မသွားဘဲ ယောင်လည်လည်လုပ်နေပြန်သေးသည်။ ဂျုံးဂု သယ်ပေးထားသည့်စာအုပ်များအား ဂျူယောင်းလက်ထဲအမြန်အပ်လိုက်ရင်း အွန်းဘီကို ကြည့်လိုက်မိသည်။


"အွန်းဘီ စောင့်ရတာကြာသွားလား"

"အံမယ်... ဒီနှစ်ယောက်ကဘာလဲ... တစ်ခုခုပဲနော်"


အွန်းဘီ ဂျူယောင်း၏စသလိုလို နောက်သလိုလိုပြောလာမှုအား အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်မိသည်။ အဲ့လောက်ထိ တစ်ခုခုမှန်းသိသာနေရင်လည်း သဘောပေါက်ပေါ့ဟု စိတ်ထဲကနေတော့ ကြုံးဝါးနေလျက်...။ အွန်းဘီ ထိုတစ်ယောက်အား စကားပင်မပြောချင်လောက်အောင် စိတ်တိုနေမိသည်မှာအမှန်။ နေရင်းထိုင်ရင်း ဂျုံးဂုကိုပါ ဒေါသထွက်နေမိသည်။


"ငါတို့ တူတူမုန့်သွားစားမှာမို့လို့... သွားလိုက်ဦးမယ်"


ဂျုံးဂု သူမဒေါသအား သဘောပေါက်စွာ အသာရှောင်ထွက်ရန်ကြိုးစားမိလိုက်သည်။ ဂျူယောင်းကတော့ မထုံတက်တေးပုံစံဖြင့် နှုတ်ဆက်နေသည်။ အွန်းဘီ စောင့်မနေတော့ဘဲ ဒီအတိုင်း လှည့်ထွက်လာမှ နောက်ကအသော့ပြေးလိုက်လာသည့် ဂျုံးဂု၏ခြေသံကိုကြားလိုက်ရသည်။


"စိတ်ကလည်း ကြီးလိုက်တာ... ဘာစားမလဲ"

"မသိဘူး... သွားချင်တဲ့နေရာသွား"

"ဒါဆို ခါတိုင်းသွားနေကျဆိုင်ပဲ သွားလိုက်မယ်လေ... အွန်းဘီ ဘတ်စ်ကားစီးမလား... တက္ကစီနဲ့သွားမလား"

"ကောင်းမယ် ထင်တာသာလုပ်"


အွန်းဘီ၏ဒေါသအလျင်မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေခဲ့ပြီဖြစ်သောကြောင့် ဂျုံးဂု ကပ်စီးကုတ်မနေတော့ဘဲ ကားငှါးလိုက်မိသည်။ ဆိုင်မရောက်ခင် တလမ်းလုံးကတော့ အမောချော့ရမှာပဲ။ ကားပေါ်ရောက်သည်အထိ တင်းမာနေသော အွန်းဘီကြောင့် ပါးလေးကို ခပ်ဖွဖွဆွဲလိုက်သည်။


"အဲ့လောက် ဒေါသထွက်ရလား"

"မထွက်ပါဘူး... ဒေါသထွက်တဲ့ပုံပေါက်နေလို့လား"


မိန်းကလေးတွေ ခက်တယ်... ဒီလောက်မျက်နှာက စူပုတ်နေတာတောင် စိတ်မဆိုးဘူးလုပ်ချင်သေးတာဟု ဂျုံးဂု တွေးမိရင်း ဘယ်လိုဆက်ချော့ရမည်ကို စဉ်းစားမရဖြစ်နေသည်။ အရင်လူတွေတုန်းက သူကချည်းနိုင်စားခဲ့တာဆိုတော့ ဂျုံးဂု အွန်းဘီတကယ်စိတ်ကောက်ချိန်တွင် သူ မချော့တတ်တော့။ ကြံမိကြံရာဖြင့် သူမခေါင်းလေးအား သူ့ပုခုံးပေါ်မီစေလိုက်သည်။


"ဘာတုံး"

"စိတ်ဆိုးပြေအောင်လို့"

"နောက်ဆို အဲ့ဒီမိန်းမ စာအုပ်တွေကိုသယ်မပေးနဲ့"


ယတိပြတ်ကိုမှ ဘုတောပြီးထွက်လာသည့် အွန်းဘီ၏အသံစူးစူးလေးကြောင့် ဂျုံးဂု ကျေကျေနပ်နပ်ပင် ပြုံးမိသွားသည်။ ပြဿနာရဲ့အရင်းအမြစ်ကတော့ တခြားမိန်းကလေးကို အရေးပေးလို့ ဒေါသူပုန်ထနေခြင်းသာ။


"အူတိုနေတာလား"

"သူ့မှာလည်း လက်ပါတာပဲ... သူ့ဘာသာသူသယ်ပါစေပေါ့၊ စာအုပ်လေး နှစ်အုပ်သုံးအုပ်က ဘယ်လောက်လေးမှာမို့လို့လဲ"


မေးသည်ကိုမဖြေဘဲ ပွစိပွစိသာ လုပ်နေသည့်အွန်းဘီကြောင့် သူအသည်းယားစွာ သူမလက်ချောင်းလေးများကို ဖြစ်ညှစ်မိလိုက်သည်။ အသံတိတ်သွားသောကြောင့် သူမရှက်သွားပုံရသည်ဟု ဂျုံးဂုတွေးမိလိုက်သည်။ စကားတစ်ခွန်းမှထပ်မပြောမိကြဘဲ တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ရင်းဖြင့် ဦးတည်ရာရောက်သည်အထိ ငြိမ်ငြိမ်လေးစီးနင်းလာမိကြသည်။

ဆိုင်သို့ရောက်သည်နှင့် ဂျုံးဂုကပဲ ဦးဆောင်ကာ ဟင်းပွဲမှာသည်တို့ကို ပြုလုပ်လိုက်သည်။ အစားအသောက်ဆိုသည့်အသံကြားမှ အွန်းဘီမျက်နှာက နည်းနည်းရွှင်လာသလိုပင်။ ဒီနေ့အဖို့ အစီအစဉ်မှာ မုန့်သွားစားရုံသာဖြစ်သဖြင့် ပြီးလျှင်တော့ သူမအား အိမ်အထိလိုက်ပို့ပေးမည်ဟု ဂျုံးဂုတွေးထားသည်။


"ငါလေ... တစ်ခါတစ်ခါ နင်နဲ့တွဲနေပြီဆိုတာတောင် မယုံနိုင်သေးဘူး"


ဆိုင်းမဆင့် ဗုံမဆင့်ထွက်လာသည့် အွန်းဘီ၏စကားကြောင့် ဂျုံးဂု အံ့တော့မသြမိ။ သူငယ်ချင်းတွေလို နေသားကျနေရာကနေ အဆင့်တက်ဖို့က ထင်သလောက်မှမလွယ်ဘဲ...။ ဂျုံးဂုကိုယ်တိုင်လည်း ဒီအခြေအနေတွင် အဆင်ပြေသည်တေ့မဟုတ်... တစ်ခါတစ်ခါ အွန်းဘီ၏သဝန်တိုမှုများကြောင့် လိုတာထက်ပိုပြီး စိတ်ပင်ပန်းရသည်များရှိသည်။


"နင်ကသာ နင့်ကို တခြားမိန်းကလေးတွေနဲ့ တွဲမြင်ရင်မကြိုက်တာ... နင်ကငါ့ကိုဆို သိပ်အူမတိုသလိုပဲနော်"

"နင် ထင်လို့ပါ"


ဂျုံးဂု မရေမရာသာဖြေလိုက်မိသည်။ အမှန်တကယ်လည်း သူသဝန်မတိုမိ။ အွန်းဘီက သူ့တစ်ယောက်တည်းကိုသာ စိတ်ဝင်စားနေမှန်းသိနေခြင်းကြောင့်လည်းပါသည်။ တခြားယောကျ်ားလေးဖြင့် တွဲမြင်ရရင်တောင် သူမ၏ပြောဆိုဆက်ဆံပုံများမှာ အဖြူထည်သက်သက်သာ။ သူမ၏နှလုံးသားအတွင်း သူဘယ်လောက်ထိစိုးမိုးထားနိုင်သည်ကို သူမ၏အပြုအမူများမှတဆင့် တွေ့နေရသည်ပဲ...။


"ဟော... လာပြီ။ စားတော့မယ်"


သူ့ရှေ့တွင် ဟန်ဆောင်ခြင်းကင်းမဲ့သော အွန်းဘီ၏ပုံစံလေးကို သူသဘောကျမိသည်။ ခုလည်း စားနေလိုက်တာများ ပလုတ်ပလောင်း။ ဂျုံးဂု အသားဖတ်လေးများကိုပင် သူမပန်းကန်လုံးလေးထဲ ထည့်ပေးမိသည်အထိ။ သူမအား မြတ်နိုးမိခြင်းမှာ မှန်သော်လည်း အမြဲတစေချစ်သွားဖို့ မသေချာမိခြင်းအပေါ်တော့ အွန်းဘီအား အားနာမိသည်။ သူမကတော့ ထိုအရာအား တွေးမိပုံပင်မပေါ်... သူ့အနားတွင်ရှိနေရလျှင်ကို အပျော်ကြီးပျော်နေသည့်ကလေးတစ်ယောက်လိုပင်။


"အင့်... သုတ်လိုက်ဦး"


အရမ်းအဆိုးရွားကြီးမဟုတ်သော်လည်း သူမနှုတ်ခမ်းတစ်ဝိုက်တွင် ဟင်းအနှစ်တို့ပေနေသောကြောင့် ဂျုံးဂု တစ်ရှူးကို ကမ်းပေးလိုက်မိသည်။


"ကုန်တော့မှာပဲကို... ပြီးမှသုတ်မယ်"


သုံးဇွန်းစာလောက်သာ ကျန်တော့သော ထမင်းပန်းကန်လုံးလေးကိုကြည့်ရင်း အွန်းဘီ ဖြေလိုက်မိသည်။ စားတာသောက်တာကလည်း ဘာမြန်သလားမမေးနဲ့... ယောက်ျားလေးဖြစ်တဲ့ ဂျုံးဂုနဲ့တန်းတူနီးပါးပဲ။


"စားလို့ပြီးရင် ဘေလ်တောင်းလိုက်တော့မယ်"

"တူတူရှင်းမယ်နော်"

"ငါကရှင်းရမှာပေါ့... ဘာပဲဖြစ်ဖြစ် ဒီနေ့က ဒိတ်ပဲကို"


ငွေရှင်းခြင်းသည် ယောကျ်ားလေးဖြစ်သည့် သူကသာလုပ်ရမည့်အရာဟု ဂျုံးဂုပြောလိုက်သော်လည်း ပိုပိုသာသာထည့်ပြောလိုက်သည့်စကားကြောင့် အွန်းဘီ ရှက်ပြီး ခေါင်းငုံ့သွားပြန်သည်။ ဂျုံးဂု ပိုက်ဆံရှင်းပြီးနောက် ထမထွက်ခင် လက်ကျန်ရေခွက်ကို ကုန်အောင်သောက်လိုက်မိသည်။

အစီအစဉ်အရဆို အိမ်ပြန်ရန်ဖြစ်သော်လည်း အနည်းငယ်စောနေသေးသောကြောင့် တန်းမပြန်သေးရန် ဂျုံးဂု စဉ်းစားလိုက်သည်။ အနီးတွင် ပန်းခြံငယ်လေးရှိသောကြောင့် နာရီဝက်၊ တစ်နာရီလောက်ဖြစ်ဖြစ် သူမနှင့်အတူ စကားပြောလို့ရသေးတယ်လေ။ ဆိုင်အပြင်သို့ရောက်သည်နှင့် အွန်းဘီလက်ကိုဆွဲကာ ပန်းခြံဆီသို့ ထွက်လာမိလိုက်သည်။


"ဘယ်မှာထိုင်မလဲ"


သစ်ပင်ရိပ်အောက်လေးများတွင် အစီအရီ ရှိသည့်ခုံတန်းလျားလေးတွေကို ကြည့်ရင်း ဂျုံးဂု မေးလိုက်သော်လည်း အွန်းဘီ၏အဖြေမှာတခြားစီထွက်လာသည်။ ကလေးကစားကွင်းဘက်ဆီ လက်ညှိုးထိုးပြီး အွန်းဘီ ဒန်းစီးချင်တယ်တဲ့လေ။ ပြောပြီးသည်နှင့် အွန်းဘီက ပြေးပြီးပင် ဒန်းပေါ်တွင်သွားထိုင်နေလေသည်။ သူမခြေထောက်လေးများဖြင့် အရှိန်ယူကာလွှဲရင်း ကလေးတစ်ယောက်လိုပင် ဒန်းစီးနေပြန်သည်။


"ဂျုံးဂု ဒီဘက်မှာလာထိုင်"

"အွန်းဘီကိုပဲ လွှဲပေးမယ်လေ"

"ဟင့်အင်း... ဂျုံးဂုကိုပါ စီးစေချင်တာ"


ချစ်စဖွယ်အပြုအမူလေးများအား မလွန်ဆန်နိုင်သည့်အလျောက် သူမနှင့်ဘေးချင်းကပ်ရပ် လွတ်နေသေးသောဒန်းတစ်ခုပေါ်တွင် ဝင်ထိုင်ကာ အဖြစ်သဘောသာ လွှဲစီးနေလိုက်သည်။ ကလေးစီးတဲ့ဒန်းကို သူ့ဝိတ်နဲ့ဆိုတော့ အရမ်းတော့ဘယ်လွှဲရဲမလဲ... အွန်းဘီက သေးသေးလေးဆိုတော့ ထားပါတော့။


"ဂျုံးဂု... နင်ငါ့ကို ချစ်တယ်လို့ မပြောရသေးဘူးနော်"


ဂျုံးဂု လွှဲနေသည့်ဒန်းကိုပင် ရပ်တန့်သွားမိသည်ထင်သည်။ တွဲနေသော်လည်း ထိုစကားပြောဖို့ကို သူမသိကျိုးကျွံပြုထားသည်မဟုတ်ပါလား။ သူမကကြားချင်၍ စကားစမှန်းသိသော်လည်း ပြောရန်ဝန်လေးသည့်အပြင် ပြောမထွက်။


"ငါ... မပြောတတ်ဘူး အဲ့ဒါကို..."

"သြော်... ဘာလို့လဲ"

"ဒီအတိုင်း ပြောရမှာ တစ်မျိုးကြီးပဲမို့လို့... ဒါနဲ့ နင်လည်း ငါ့ကိုပြောမှမပြောတာ အဲ့ဒီစကားကို"

"အမ်... ငါကလား... ငါက နင်စပြောမှာကို စောင့်နေတာလေ၊ တကယ်တော့ ငါလည်းပြောရမှာ ရှက်တယ်ဟ... မပြောရဲဘူး... ဟီး"


ဂျုံးဂု သူမအတင်းပြောခိုင်းလာမည်ကိုစိုးသောကြောင့် စကားကိုလှည့်ပတ်ပြောလိုက်မိသော်လည်း အွန်းဘီက ရိုးသားစွာအမှန်အတိုင်း ဝန်ခံလာသည့်အတွက်ကြောင့် စိတ်ထဲပင်မကောင်းဖြစ်သွားမိသည်။ ဂျုံးဂု ဒန်းပေါ်တွင်ငြိမ်သက်စွာထိုင်ရင်းဖြင့် အွန်းဘီ အရှိန်ဖြင့်လွှဲစီးနေသည်ကိုသာ ထိုင်ကြည့်နေလိုက်တော့သည်။ တဖြည်းဖြည်းနှေးလာသည့်အရှိန်နှင့်အတူ စီးနေခြင်းကိုရပ်လိုက်ကာ သူ့အားစိုက်ကြည့်လာသည့် အွန်းဘီ၏မျက်ဝန်းတို့ကြောင့် သူမထံတွင် မေးခွန်းများရှိနေမှန်း သူခန့်မှန်းမိလိုက်သည်။


"နင်လေ..."

"အင်း...?"

"အွန်းယန်းကိုရော ချစ်တယ်လို့ပြောဖူးလားဟင်...?"


ခပ်တိုးတိုးပင်ဖြစ်သော်လည်း သူမ၏စကားလုံးများမှာ အနည်းငယ်နာကျင်နေသည့်အရိပ်အယောင်တို့ စွက်ဖက်နေသည်။ ဂျုံးဂုကိုယ်တိုင်လည်း ခဏတာတိတ်ဆိတ်သွားမိသည်။ သူအမှန်အတိုင်းပြောရမည်လား၊ လိမ်ညာရမည်လား မစဉ်းစားတတ်။ ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့်အတူ သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း သူခေါင်းညိမ့်ပြမိလိုက်သည်။


"သြော်... ဒါဆိုပြောဖူးတယ်ပေါ့..."

"သူက အတင်းလည်ပင်းညှစ်တော့မယ့်အတိုင်းမေးပြီး ပြောခိုင်းတာကိုး"


အွန်းဘီက မပွင့်တပွင့်လေးပြုံးလိုက်ရင်း သူ့ထံမှ အကြည့်လွှဲသွားသည်။ သူမလည်း အနည်းနဲ့အများတော့ ဝမ်းနည်းသွားရှာမှာပေါ့...။ အွန်းဘီက မြေပြင်ကိုငေးကြည့်နေလျက်နှင့် ဒန်းကိုရှေ့တိုးနောက်ဆုတ်လွှဲကာ ဆော့နေပြန်သည်။ သူမကိုကြည့်ရသည်မှာ စိတ်ပေါ့ပါးစေရန်လုပ်မိလုပ်ရာ လုပ်နေသည့်ကလေးတစ်ယောက်ကဲ့သို့ပင်။ တိုးလျော့စွာထွက်လာသည့် ခပ်ဖျော့ဖျော့အသံလေးကြောင့် ဂျုံးဂု ထပ်ပြီးဖြေရှင်းချက်တို့မဲ့ရပြန်သည်။


"တကယ်လို့... ငါကရော အတင်းအဲ့လိုလည်ပင်းညှစ်ပြီးပြောခိုင်းမယ်ဆိုရင်ရော နင် ပြောမှာလား"


ဂျုံးဂု ထိုင်နေရာမှချက်ခြင်းထရပ်လိုက်ကာ အွန်းဘီ၏ရှေ့တည့်တည့်သို့ လျှောက်သွားမိလိုက်သည်။ မျက်ရည်တို့တော့ ဝဲမနေသော်လည်း ဝမ်းနည်းနေသည့်ဟန်ပေါက်ကာ မြေကြီးကိုစိုက်ကြည့်နေရာမှမော့ကြည့်လာသည့်သူမကြောင့် ဂျုံးဂု ရင်ထဲပင်ဟာသွားသည်။


"နင် ပြောစေချင်ရင် ပြောပါ့မယ်..."

"...."

"ချစ်... အာ... ပြန်ပြောမယ်၊ ငါ နင့်ကို..."

"ရပါတယ်..."


အာစေးကပ်နေသည့်နှယ် ရှေ့ဆက်ရမည့်စကားတို့က ထွက်မလာသောအခါ အွန်းဘီကပင် ဆက်မပြောရန်ဖြတ်တောက်လိုက်မိသည်။ ရင်ထဲကလာသည့်စကားကိုသာ လိုချင်မိသည်လေ.. သူမက အတင်းပြောခိုင်းလို့ပြောရတယ်ဆိုရင် သဘာဝဘယ်ကျတော့မလဲ...။ အွန်းဘီ ဒန်းပေါ်မှဆင်းကာ မတ်တပ်ရပ်လိုက်ရင်း ဂျုံးဂုအား ဟန်ဆောင်အပြုံးလေးတစ်ခုကို စိတ်သန့်သန့်ဖြင့် ပြုံးပြမိလိုက်သည်။


"အဲ့လောက်ကြီးလည်း ကြိုးစားနေစရာမလိုပါဘူး... ငါလည်း နင့်ကို တကယ်လည်ပင်းညှစ်မှာမှ မဟုတ်တာ"


အွန်းဘီ ဂျုံးဂုပုခုံးကို အသာပုတ်လိုက်ရင်း လမ်းလျှောက်ရန်ပြင်လိုက်သော်လည်း အနောက်မှဆွဲကာ ပွေ့ဖက်လိုက်သည့် ကျယ်ပြောသောရင်ခွင်တစ်ခုကြောင့် ရင်ထဲပင်နွေးသွားမိသည်။


"ငါတောင်းပန်ပါတယ်..."

"ငါစိတ်မဆိုးပါဘူး...။ ဒီအတိုင်းပဲ...လမ်းလျှောက်မလို့"

"တစ်ရက်တော့ နင်ပြောစေချင်တဲ့စကားကို ငါပြောမှာပါ"

"ငါကလည်း နင်ပြောလာမယ့်နေ့ကျမှ အဲ့ဒီစကားကို နင်နဲ့ထပ်တူပြန်ပြောမယ်"


သူမ၏စကားအဆုံးတွင် ပိုမိုတင်းကျပ်စွာပင် ပိုက်ထွေးလိုက်သည်ကြောင့် အွန်းဘီ ဘာမှထပ်မပြောမိတော့။ သူမ မလိုအပ်ဘဲမာနထားမိသည်လားတော့ မပြောတတ်။ ရင်ထဲတွင် နာကျင်မှုရော၊ လှိုက်ဖိုမှုပါ ရောယှက်နေသည့်အပြင် အတတ်နိုင်ဆုံး စိတ်ကိုကြိုပြီးပြင်ဆင်ထားရင်ကောင်းမလားဟုပင် စဉ်းစားမိသည်အထိ သူမ စိတ်ထဲမွန်းကြပ်နေပြန်သည်။ တစ်ချိန်တည်းမှာပဲ ဂျုံးဂုသည်လည်း အွန်းဘီအပေါ်အားနာခြင်းတို့နဲ့အတူ စိတ်ထဲတွင် မတင်မကျဖြစ်မှုတို့ကို ခံစားနေရသည်။ သူတို့၏ရှေ့ခရီးမှာ မှိန်ပျနေသည်လား၊ ချောမွေ့နေသည်လားပင် မသဲကွဲတော့။

နှစ်ဦးလုံးမှာ တိတ်ဆိတ်ခြင်းကိုအရေခြုံလျက် တစ်ယောက်မကြားနိုင်သည့်စကားပေါင်းများစွာကို ရင်ထဲတွင် နွမ်းလျစွာ ကိုယ်စီပြောနေမိကြရင်း...။



🔸🔸🔸🔸🔸


Unedited

29/08/2018



~~~~~



(Zawgyi)


အြန္းဘီ နာရီကို တၾကည့္ၾကည့္ျဖင့္ ေက်ာင္းေ႐ွ႕တြင္ေစာင့္ေနမိသည္။ ခ်ိန္းဆိုထားသည့္အခ်ိန္မတိုင္ခင္ သူမက ေစာေရာက္ေနမိျခင္းျဖစ္ေသာေၾကာင့္ စိတ္လည္းမဆိုးမိ။ အမွန္ဆို ေယာက်္ားေလးျဖစ္တဲ့ဂ်ံဳးဂုဘက္က ႀကိဳၿပီးေရာက္ေနသင့္တယ္ဆိုေပမယ့္လည္းေပါ့...။ ပိတ္ရက္ျဖစ္ေသာေၾကာင့္ ေက်ာင္းနားပတ္ဝန္းက်င္သည္ လူအသြားအလာ႐ွင္းေနသည္။ တေစာင္းလြယ္ထားသည့္ ေဘးလြယ္အိတ္ေလးကို လက္ႏွစ္ဖက္ျဖင့္ဆုပ္ကိုင္လိုက္ရင္း ေက်ာင္းေ႐ွ႕တြင္သာ ဟိုဘက္ေလွ်ာက္လိုက္၊ ဒီဘက္ေလွ်ာက္လိုက္ လုပ္ေနမိသည္။


"ဂ်ံဳးဂုက...?"


ခပ္လွမ္းလွမ္းတြင္ ထိုးရပ္လိုက္သည့္တကၠစီေပၚမွ ဆင္းလာေသာလူရိပ္ႏွစ္ခုေၾကာင့္ အြန္းဘီ စိတ္ေတြထိုင္းမႈိင္းသြားမိသည္။ သူမႏွင့္မေတြ႔ခင္မွာ ဂ်ံဳးဂုက ဆုန္းဂ်ဴေယာင္းနဲ႔အရင္သြားေတြ႔ေနျခင္းလား... ဂ်ဴေယာင္း၏စာအုပ္တခ်ိဳ႕ကိုပါ ကူသယ္ေပးထားသည့္ သူ႔ေၾကာင့္ အြန္းဘီ မိန္းကေလးပီပီ သဝန္တိုမိသည္။ သံသယေတြပြားလာမိသည့္အခ်ိန္တြင္ မ်က္ႏွာပါမၾကည္လင္ႏိုင္ေတာ့။ သူတို႔ႏွစ္ေယာက္မျမင္ခင္ အြန္းဘီအျမန္ေက်ာခိုင္းလိုက္ေသာ္လည္း စကၠန္႔အနည္းငယ္ေနာက္က်သြားခဲ့သည္။


"ဟိုမွာ အြန္းဘီမလား"


အတန္ငယ္ခြၽဲပ်စ္ပ်စ္ႏိုင္သည့္ ဂ်ဴေယာင္း၏အသံေၾကာင့္ အြန္းဘီ စိတ္ထဲမ်က္ေနေသာ္လည္း လူမႈေရးအရႏႈတ္ဆက္ရန္ ျပံဳးျပလိုက္ရသည္။ ထိုဆုန္းဂ်ဴေယာင္းႏွင့္ ပတ္သက္လာလွ်င္ သူမဘာတစ္ခုကိုမွသေဘာမက်။ အထူးသျဖင့္ ဂ်ံဳးဂုႏွင့္ေတြ႔တိုင္း ရဲတင္းလြန္းေသာ သူ႔အျပဳအမူမ်ား...။


"နမ္ဂြၽန္းနဲ႔အတူတူ libraryမွာ စာသြားလုပ္ၿပီး ျပန္လာတာေလ... နမ္ဂြ်န္းက တခါတည္း အိမ္ျပန္သြားၿပီမို႔လို႔ ငါေက်ာင္းဘက္သြားဖို႔႐ွိတယ္ဆိုတာနဲ႔ ဂ်ဴေယာင္းက လမ္းၾကံဳလိုက္လာတာ"


အြန္းဘီ၏မ်က္ႏွာထားအရ အႀကီးအက်ယ္အူတိုေနၿပီမွန္း သိေသာေၾကာင့္ ဂ်ံဳးဂု အျမန္ဝင္႐ွင္းျပလိုက္ရသည္။ ေဒါသထြက္ေနသည့္အေရာင္တို႔ နည္းနည္းေလ်ာ့သြားေသာ္လည္း အဆံုးထိေတာ့ၾကည္လင္ေသးသည္မဟုတ္။ ဂ်ဴေယာင္းကလည္း သူမသြားစရာ႐ွိတာျမန္ျမန္မသြားဘဲ ေယာင္လည္လည္လုပ္ေနျပန္ေသးသည္။ ဂ်ံဳးဂု သယ္ေပးထားသည့္စာအုပ္မ်ားအား ဂ်ဴေယာင္းလက္ထဲအျမန္အပ္လိုက္ရင္း အြန္းဘီကို ၾကည့္လိုက္မိသည္။


"အြန္းဘီ ေစာင့္ရတာၾကာသြားလား"

"အံမယ္... ဒီႏွစ္ေယာက္ကဘာလဲ... တစ္ခုခုပဲေနာ္"


အြန္းဘီ ဂ်ဴေယာင္း၏စသလိုလို ေနာက္သလိုလိုေျပာလာမႈအား အျပံဳးတစ္ခုျဖင့္သာ တံု႔ျပန္လိုက္မိသည္။ အဲ့ေလာက္ထိ တစ္ခုခုမွန္းသိသာေနရင္လည္း သေဘာေပါက္ေပါ့ဟု စိတ္ထဲကေနေတာ့ ၾကံဳးဝါးေနလ်က္...။ အြန္းဘီ ထိုတစ္ေယာက္အား စကားပင္မေျပာခ်င္ေလာက္ေအာင္ စိတ္တိုေနမိသည္မွာအမွန္။ ေနရင္းထိုင္ရင္း ဂ်ံဳးဂုကိုပါ ေဒါသထြက္ေနမိသည္။


"ငါတို႔ တူတူမုန္႔သြားစားမွာမို႔လို႔... သြားလိုက္ဦးမယ္"


ဂ်ံဳးဂု သူမေဒါသအား သေဘာေပါက္စြာ အသာေ႐ွာင္ထြက္ရန္ႀကိဳးစားမိလိုက္သည္။ ဂ်ဴေယာင္းကေတာ့ မထံုတက္ေတးပံုစံျဖင့္ ႏႈတ္ဆက္ေနသည္။ အြန္းဘီ ေစာင့္မေနေတာ့ဘဲ ဒီအတိုင္း လွည့္ထြက္လာမွ ေနာက္ကအေသာ့ေျပးလိုက္လာသည့္ ဂ်ံဳးဂု၏ေျခသံကိုၾကားလိုက္ရသည္။


"စိတ္ကလည္း ႀကီးလိုက္တာ... ဘာစားမလဲ"

"မသိဘူး... သြားခ်င္တဲ့ေနရာသြား"

"ဒါဆို ခါတိုင္းသြားေနက်ဆိုင္ပဲ သြားလိုက္မယ္ေလ... အြန္းဘီ ဘတ္စ္ကားစီးမလား... တကၠစီနဲ႔သြားမလား"

"ေကာင္းမယ္ ထင္တာသာလုပ္"


အြန္းဘီ၏ေဒါသအလ်င္မွာ စိုးရိမ္ေရမွတ္ထက္ ေက်ာ္လြန္ေနခဲ့ၿပီျဖစ္ေသာေၾကာင့္ ဂ်ံဳးဂု ကပ္စီးကုတ္မေနေတာ့ဘဲ ကားငွါးလိုက္မိသည္။ ဆိုင္မေရာက္ခင္ တလမ္းလံုးကေတာ့ အေမာေခ်ာ့ရမွာပဲ။ ကားေပၚေရာက္သည္အထိ တင္းမာေနေသာ အြန္းဘီေၾကာင့္ ပါးေလးကို ခပ္ဖြဖြဆဲြလိုက္သည္။


"အဲ့ေလာက္ ေဒါသထြက္ရလား"

"မထြက္ပါဘူး... ေဒါသထြက္တဲ့ပံုေပါက္ေနလို႔လား"


မိန္းကေလးေတြ ခက္တယ္... ဒီေလာက္မ်က္ႏွာက စူပုတ္ေနတာေတာင္ စိတ္မဆိုးဘူးလုပ္ခ်င္ေသးတာဟု ဂ်ံဳးဂု ေတြးမိရင္း ဘယ္လိုဆက္ေခ်ာ့ရမည္ကို စဥ္းစားမရျဖစ္ေနသည္။ အရင္လူေတြတုန္းက သူကခ်ည္းႏိုင္စားခဲ့တာဆိုေတာ့ ဂ်ံဳးဂု အြန္းဘီတကယ္စိတ္ေကာက္ခ်ိန္တြင္ သူ မေခ်ာ့တတ္ေတာ့။ ၾကံမိၾကံရာျဖင့္ သူမေခါင္းေလးအား သူ႔ပုခံုးေပၚမီေစလိုက္သည္။


"ဘာတံုး"

"စိတ္ဆိုးေျပေအာင္လို႔"

"ေနာက္ဆို အဲ့ဒီမိန္းမ စာအုပ္ေတြကိုသယ္မေပးနဲ႔"


ယတိျပတ္ကိုမွ ဘုေတာၿပီးထြက္လာသည့္ အြန္းဘီ၏အသံစူးစူးေလးေၾကာင့္ ဂ်ံဳးဂု ေက်ေက်နပ္နပ္ပင္ ျပံဳးမိသြားသည္။ ျပႆနာရဲ႕အရင္းအျမစ္ကေတာ့ တျခားမိန္းကေလးကို အေရးေပးလို႔ ေဒါသူပုန္ထေနျခင္းသာ။


"အူတိုေနတာလား"

"သူ႔မွာလည္း လက္ပါတာပဲ... သူ႔ဘာသာသူသယ္ပါေစေပါ့၊ စာအုပ္ေလး ႏွစ္အုပ္သံုးအုပ္က ဘယ္ေလာက္ေလးမွာမို႔လို႔လဲ"


ေမးသည္ကိုမေျဖဘဲ ပြစိပြစိသာ လုပ္ေနသည့္အြန္းဘီေၾကာင့္ သူအသည္းယားစြာ သူမလက္ေခ်ာင္းေလးမ်ားကို ျဖစ္ညႇစ္မိလိုက္သည္။ အသံတိတ္သြားေသာေၾကာင့္ သူမ႐ွက္သြားပံုရသည္ဟု ဂ်ံဳးဂုေတြးမိလိုက္သည္။ စကားတစ္ခြန္းမွထပ္မေျပာမိၾကဘဲ တစ္ေယာက္လက္ တစ္ေယာက္ဆုပ္ကိုင္ရင္းျဖင့္ ဦးတည္ရာေရာက္သည္အထိ ၿငိမ္ၿငိမ္ေလးစီးနင္းလာမိၾကသည္။

ဆိုင္သို႔ေရာက္သည္ႏွင့္ ဂ်ံဳးဂုကပဲ ဦးေဆာင္ကာ ဟင္းပဲြမွာသည္တို႔ကို ျပဳလုပ္လိုက္သည္။ အစားအေသာက္ဆိုသည့္အသံၾကားမွ အြန္းဘီမ်က္ႏွာက နည္းနည္းရႊင္လာသလိုပင္။ ဒီေန႔အဖို႔ အစီအစဥ္မွာ မုန္႔သြားစားရံုသာျဖစ္သျဖင့္ ၿပီးလွ်င္ေတာ့ သူမအား အိမ္အထိလိုက္ပို႔ေပးမည္ဟု ဂ်ံဳးဂုေတြးထားသည္။


"ငါေလ... တစ္ခါတစ္ခါ နင္နဲ႔တဲြေနၿပီဆိုတာေတာင္ မယံုႏိုင္ေသးဘူး"


ဆိုင္းမဆင့္ ဗံုမဆင့္ထြက္လာသည့္ အြန္းဘီ၏စကားေၾကာင့္ ဂ်ံဳးဂု အံ့ေတာ့မၾသမိ။ သူငယ္ခ်င္းေတြလို ေနသားက်ေနရာကေန အဆင့္တက္ဖို႔က ထင္သေလာက္မွမလြယ္ဘဲ...။ ဂ်ံဳးဂုကိုယ္တိုင္လည္း ဒီအေျခအေနတြင္ အဆင္ေျပသည္ေတ့မဟုတ္... တစ္ခါတစ္ခါ အြန္းဘီ၏သဝန္တိုမႈမ်ားေၾကာင့္ လိုတာထက္ပိုၿပီး စိတ္ပင္ပန္းရသည္မ်ား႐ွိသည္။


"နင္ကသာ နင့္ကို တျခားမိန္းကေလးေတြနဲ႔ တဲြျမင္ရင္မႀကိဳက္တာ... နင္ကငါ့ကိုဆို သိပ္အူမတိုသလိုပဲေနာ္"

"နင္ ထင္လို႔ပါ"


ဂ်ံဳးဂု မေရမရာသာေျဖလိုက္မိသည္။ အမွန္တကယ္လည္း သူသဝန္မတိုမိ။ အြန္းဘီက သူ႔တစ္ေယာက္တည္းကိုသာ စိတ္ဝင္စားေနမွန္းသိေနျခင္းေၾကာင့္လည္းပါသည္။ တျခားေယာက်္ားေလးျဖင့္ တဲြျမင္ရရင္ေတာင္ သူမ၏ေျပာဆိုဆက္ဆံပံုမ်ားမွာ အျဖဴထည္သက္သက္သာ။ သူမ၏ႏွလံုးသားအတြင္း သူဘယ္ေလာက္ထိစိုးမိုးထားႏိုင္သည္ကို သူမ၏အျပဳအမူမ်ားမွတဆင့္ ေတြ႔ေနရသည္ပဲ...။


"ေဟာ... လာၿပီ။ စားေတာ့မယ္"


သူ႔ေ႐ွ႕တြင္ ဟန္ေဆာင္ျခင္းကင္းမဲ့ေသာ အြန္းဘီ၏ပံုစံေလးကို သူသေဘာက်မိသည္။ ခုလည္း စားေနလိုက္တာမ်ား ပလုတ္ပေလာင္း။ ဂ်ံဳးဂု အသားဖတ္ေလးမ်ားကိုပင္ သူမပန္းကန္လံုးေလးထဲ ထည့္ေပးမိသည္အထိ။ သူမအား ျမတ္ႏိုးမိျခင္းမွာ မွန္ေသာ္လည္း အျမဲတေစခ်စ္သြားဖို႔ မေသခ်ာမိျခင္းအေပၚေတာ့ အြန္းဘီအား အားနာမိသည္။ သူမကေတာ့ ထိုအရာအား ေတြးမိပံုပင္မေပၚ... သူ႔အနားတြင္႐ွိေနရလွ်င္ကို အေပ်ာ္ႀကီးေပ်ာ္ေနသည့္ကေလးတစ္ေယာက္လိုပင္။


"အင့္... သုတ္လိုက္ဦး"


အရမ္းအဆိုးရြားႀကီးမဟုတ္ေသာ္လည္း သူမႏႈတ္ခမ္းတစ္ဝိုက္တြင္ ဟင္းအႏွစ္တို႔ေပေနေသာေၾကာင့္ ဂ်ံဳးဂု တစ္႐ွဴးကို ကမ္းေပးလိုက္မိသည္။


"ကုန္ေတာ့မွာပဲကို... ၿပီးမွသုတ္မယ္"


သံုးဇြန္းစာေလာက္သာ က်န္ေတာ့ေသာ ထမင္းပန္းကန္လံုးေလးကိုၾကည့္ရင္း အြန္းဘီ ေျဖလိုက္မိသည္။ စားတာေသာက္တာကလည္း ဘာျမန္သလားမေမးနဲ႔... ေယာက္်ားေလးျဖစ္တဲ့ ဂ်ံဳးဂုနဲ႔တန္းတူနီးပါးပဲ။


"စားလို႔ၿပီးရင္ ေဘလ္ေတာင္းလိုက္ေတာ့မယ္"

"တူတူ႐ွင္းမယ္ေနာ္"

"ငါက႐ွင္းရမွာေပါ့... ဘာပဲျဖစ္ျဖစ္ ဒီေန႔က ဒိတ္ပဲကို"


ေငြ႐ွင္းျခင္းသည္ ေယာက်္ားေလးျဖစ္သည့္ သူကသာလုပ္ရမည့္အရာဟု ဂ်ံဳးဂုေျပာလိုက္ေသာ္လည္း ပိုပိုသာသာထည့္ေျပာလိုက္သည့္စကားေၾကာင့္ အြန္းဘီ ႐ွက္ၿပီး ေခါင္းငံု႔သြားျပန္သည္။ ဂ်ံဳးဂု ပိုက္ဆံ႐ွင္းၿပီးေနာက္ ထမထြက္ခင္ လက္က်န္ေရခြက္ကို ကုန္ေအာင္ေသာက္လိုက္မိသည္။

အစီအစဥ္အရဆို အိမ္ျပန္ရန္ျဖစ္ေသာ္လည္း အနည္းငယ္ေစာေနေသးေသာေၾကာင့္ တန္းမျပန္ေသးရန္ ဂ်ံဳးဂု စဥ္းစားလိုက္သည္။ အနီးတြင္ ပန္းျခံငယ္ေလး႐ွိေသာေၾကာင့္ နာရီဝက္၊ တစ္နာရီေလာက္ျဖစ္ျဖစ္ သူမႏွင့္အတူ စကားေျပာလို႔ရေသးတယ္ေလ။ ဆိုင္အျပင္သို႔ေရာက္သည္ႏွင့္ အြန္းဘီလက္ကိုဆဲြကာ ပန္းျခံဆီသို႔ ထြက္လာမိလိုက္သည္။


"ဘယ္မွာထိုင္မလဲ"


သစ္ပင္ရိပ္ေအာက္ေလးမ်ားတြင္ အစီအရီ ႐ွိသည့္ခံုတန္းလ်ားေလးေတြကို ၾကည့္ရင္း ဂ်ံဳးဂု ေမးလိုက္ေသာ္လည္း အြန္းဘီ၏အေျဖမွာတျခားစီထြက္လာသည္။ ကေလးကစားကြင္းဘက္ဆီ လက္ညိွဳးထိုးၿပီး အြန္းဘီ ဒန္းစီးခ်င္တယ္တဲ့ေလ။ ေျပာၿပီးသည္ႏွင့္ အြန္းဘီက ေျပးၿပီးပင္ ဒန္းေပၚတြင္သြားထိုင္ေနေလသည္။ သူမေျခေထာက္ေလးမ်ားျဖင့္ အ႐ွိန္ယူကာလဲႊရင္း ကေလးတစ္ေယာက္လိုပင္ ဒန္းစီးေနျပန္သည္။


"ဂ်ံဳးဂု ဒီဘက္မွာလာထိုင္"

"အြန္းဘီကိုပဲ လႊဲေပးမယ္ေလ"

"ဟင့္အင္း... ဂ်ံဳးဂုကိုပါ စီးေစခ်င္တာ"


ခ်စ္စဖြယ္အျပဳအမူေလးမ်ားအား မလြန္ဆန္ႏိုင္သည့္အေလ်ာက္ သူမႏွင့္ေဘးခ်င္းကပ္ရပ္ လြတ္ေနေသးေသာဒန္းတစ္ခုေပၚတြင္ ဝင္ထိုင္ကာ အျဖစ္သေဘာသာ လႊဲစီးေနလိုက္သည္။ ကေလးစီးတဲ့ဒန္းကို သူ႔ဝိတ္နဲ႔ဆိုေတာ့ အရမ္းေတာ့ဘယ္လဲႊရဲမလဲ... အြန္းဘီက ေသးေသးေလးဆိုေတာ့ ထားပါေတာ့။


"ဂ်ံဳးဂု... နင္ငါ့ကို ခ်စ္တယ္လို႔ မေျပာရေသးဘူးေနာ္"


ဂ်ံဳးဂု လဲႊေနသည့္ဒန္းကိုပင္ ရပ္တန္႔သြားမိသည္ထင္သည္။ တဲြေနေသာ္လည္း ထိုစကားေျပာဖို႔ကို သူမသိက်ဳိးကြၽံျပဳထားသည္မဟုတ္ပါလား။ သူမကၾကားခ်င္၍ စကားစမွန္းသိေသာ္လည္း ေျပာရန္ဝန္ေလးသည့္အျပင္ ေျပာမထြက္။


"ငါ... မေျပာတတ္ဘူး အဲ့ဒါကို..."

"ေၾသာ္... ဘာလို႔လဲ"

"ဒီအတိုင္း ေျပာရမွာ တစ္မ်ဳိးႀကီးပဲမို႔လို႔... ဒါနဲ႔ နင္လည္း ငါ့ကိုေျပာမွမေျပာတာ အဲ့ဒီစကားကို"

"အမ္... ငါကလား... ငါက နင္စေျပာမွာကို ေစာင့္ေနတာေလ၊ တကယ္ေတာ့ ငါလည္းေျပာရမွာ ႐ွက္တယ္ဟ... မေျပာရဲဘူး... ဟီး"


ဂ်ံဳးဂု သူမအတင္းေျပာခိုင္းလာမည္ကိုစိုးေသာေၾကာင့္ စကားကိုလွည့္ပတ္ေျပာလိုက္မိေသာ္လည္း အြန္းဘီက ႐ိုးသားစြာအမွန္အတိုင္း ဝန္ခံလာသည့္အတြက္ေၾကာင့္ စိတ္ထဲပင္မေကာင္းျဖစ္သြားမိသည္။ ဂ်ံဳးဂု ဒန္းေပၚတြင္ၿငိမ္သက္စြာထိုင္ရင္းျဖင့္ အြန္းဘီ အ႐ွိန္ျဖင့္လႊဲစီးေနသည္ကိုသာ ထိုင္ၾကည့္ေနလိုက္ေတာ့သည္။ တျဖည္းျဖည္းေႏွးလာသည့္အ႐ွိန္ႏွင့္အတူ စီးေနျခင္းကိုရပ္လိုက္ကာ သူ႔အားစိုက္ၾကည့္လာသည့္ အြန္းဘီ၏မ်က္ဝန္းတို႔ေၾကာင့္ သူမထံတြင္ ေမးခြန္းမ်ား႐ွိေနမွန္း သူခန္႔မွန္းမိလိုက္သည္။


"နင္ေလ..."

"အင္း...?"

"အြန္းယန္းကိုေရာ ခ်စ္တယ္လို႔ေျပာဖူးလားဟင္...?"


ခပ္တိုးတိုးပင္ျဖစ္ေသာ္လည္း သူမ၏စကားလံုးမ်ားမွာ အနည္းငယ္နာက်င္ေနသည့္အရိပ္အေယာင္တို႔ စြက္ဖက္ေနသည္။ ဂ်ံဳးဂုကိုယ္တိုင္လည္း ခဏတာတိတ္ဆိတ္သြားမိသည္။ သူအမွန္အတိုင္းေျပာရမည္လား၊ လိမ္ညာရမည္လား မစဥ္းစားတတ္။ ခိုင္မာသည့္ဆံုးျဖတ္ခ်က္နွင့္အတူ သက္ျပင္းတစ္ခ်က္ကို ခ်လိုက္ရင္း သူေခါင္းညိမ့္ျပမိလိုက္သည္။


"ေၾသာ္... ဒါဆိုေျပာဖူးတယ္ေပါ့..."

"သူက အတင္းလည္ပင္းညႇစ္ေတာ့မယ့္အတိုင္းေမးၿပီး ေျပာခိုင္းတာကိုး"


အြန္းဘီက မပြင့္တပြင့္ေလးျပံဳးလိုက္ရင္း သူ႔ထံမွ အၾကည့္လဲႊသြားသည္။ သူမလည္း အနည္းနဲ႔အမ်ားေတာ့ ဝမ္းနည္းသြား႐ွာမွာေပါ့...။ အြန္းဘီက ေျမျပင္ကိုေငးၾကည့္ေနလ်က္ႏွင့္ ဒန္းကိုေ႐ွ႕တိုးေနာက္ဆုတ္လဲႊကာ ေဆာ့ေနျပန္သည္။ သူမကိုၾကည့္ရသည္မွာ စိတ္ေပါ့ပါးေစရန္လုပ္မိလုပ္ရာ လုပ္ေနသည့္ကေလးတစ္ေယာက္ကဲ့သို႔ပင္။ တိုးေလ်ာ့စြာထြက္လာသည့္ ခပ္ေဖ်ာ့ေဖ်ာ့အသံေလးေၾကာင့္ ဂ်ံဳးဂု ထပ္ၿပီးေျဖ႐ွင္းခ်က္တို႔မဲ့ရျပန္သည္။


"တကယ္လို႔... ငါကေရာ အတင္းအဲ့လိုလည္ပင္းညႇစ္ၿပီးေျပာခိုင္းမယ္ဆိုရင္ေရာ နင္ ေျပာမွာလား"


ဂ်ံဳးဂု ထိုင္ေနရာမွခ်က္ျခင္းထရပ္လိုက္ကာ အြန္းဘီ၏ေ႐ွ႕တည့္တည့္သို႔ ေလွ်ာက္သြားမိလုိက္သည္။ မ်က္ရည္တို႔ေတာ့ ဝဲမေနေသာ္လည္း ဝမ္းနည္းေနသည့္ဟန္ေပါက္ကာ ေျမႀကီးကိုစိုက္ၾကည့္ေနရာမွေမာ့ၾကည့္လာသည့္သူမေၾကာင့္ ဂ်ံဳးဂု ရင္ထဲပင္ဟာသြားသည္။


"နင္ ေျပာေစခ်င္ရင္ ေျပာပါ့မယ္..."

"...."

"ခ်စ္... အာ... ျပန္ေျပာမယ္၊ ငါ နင့္ကို..."

"ရပါတယ္..."


အာေစးကပ္ေနသည့္ႏွယ္ ေ႐ွ႕ဆက္ရမည့္စကားတို႔က ထြက္မလာေသာအခါ အြန္းဘီကပင္ ဆက္မေျပာရန္ျဖတ္ေတာက္လိုက္မိသည္။ ရင္ထဲကလာသည့္စကားကိုသာ လိုခ်င္မိသည္ေလ.. သူမက အတင္းေျပာခိုင္းလို႔ေျပာရတယ္ဆိုရင္ သဘာဝဘယ္က်ေတာ့မလဲ...။ အြန္းဘီ ဒန္းေပၚမွဆင္းကာ မတ္တပ္ရပ္လိုက္ရင္း ဂ်ံဳးဂုအား ဟန္ေဆာင္အျပံဳးေလးတစ္ခုကို စိတ္သန္႔သန္႔ျဖင့္ ျပံဳးျပမိလိုက္သည္။


"အဲ့ေလာက္ႀကီးလည္း ႀကိဳးစားေနစရာမလိုပါဘူး... ငါလည္း နင့္ကို တကယ္လည္ပင္းညႇစ္မွာမွ မဟုတ္တာ"


အြန္းဘီ ဂ်ံဳးဂုပုခံုးကို အသာပုတ္လိုက္ရင္း လမ္းေလွ်ာက္ရန္ျပင္လိုက္ေသာ္လည္း အေနာက္မွဆဲြကာ ေပြ႔ဖက္လိုက္သည့္ က်ယ္ေျပာေသာရင္ခြင္တစ္ခုေၾကာင့္ ရင္ထဲပင္ေႏြးသြားမိသည္။


"ငါေတာင္းပန္ပါတယ္..."

"ငါစိတ္မဆိုးပါဘူး...။ ဒီအတိုင္းပဲ...လမ္းေလွ်ာက္မလို႔"

"တစ္ရက္ေတာ့ နင္ေျပာေစခ်င္တဲ့စကားကို ငါေျပာမွာပါ"

"ငါကလည္း နင္ေျပာလာမယ့္ေန႔က်မွ အဲ့ဒီစကားကို နင္နဲ႔ထပ္တူျပန္ေျပာမယ္"


သူမ၏စကားအဆံုးတြင္ ပိုမိုတင္းက်ပ္စြာပင္ ပိုက္ေထြးလိုက္သည္ေၾကာင့္ အြန္းဘီ ဘာမွထပ္မေျပာမိေတာ့။ သူမ မလိုအပ္ဘဲမာနထားမိသည္လားေတာ့ မေျပာတတ္။ ရင္ထဲတြင္ နာက်င္မႈေရာ၊ လိႈက္ဖိုမႈပါ ေရာယွက္ေနသည့္အျပင္ အတတ္ႏိုင္ဆံုး စိတ္ကိုႀကိဳၿပီးျပင္ဆင္ထားရင္ေကာင္းမလားဟုပင္ စဥ္းစားမိသည္အထိ သူမ စိတ္ထဲမြန္းၾကပ္ေနျပန္သည္။ တစ္ခ်ိန္တည္းမွာပဲ ဂ်ံဳးဂုသည္လည္း အြန္းဘီအေပၚအားနာျခင္းတို႔နဲ႔အတူ စိတ္ထဲတြင္ မတင္မက်ျဖစ္မႈတို႔ကို ခံစားေနရသည္။ သူတို႔၏ေ႐ွ႕ခရီးမွာ မွိန္ပ်ေနသည္လား၊ ေခ်ာေမြ႔ေနသည္လားပင္ မသဲကဲြေတာ့။

ႏွစ္ဦးလံုးမွာ တိတ္ဆိတ္ျခင္းကိုအေရျခံဳလ်က္ တစ္ေယာက္မၾကားႏိုင္သည့္စကားေပါင္းမ်ားစြာကို ရင္ထဲတြင္ ႏြမ္းလ်စြာ ကိုယ္စီေျပာေနမိၾကရင္း...။



🔸🔸🔸🔸🔸


Unedited

29/08/2018


A/n - ဟာ႐ုမိ အခုတေလာ updateေတြ အရမ္းက်ဲေနလို႔ေတာင္းပန္ပါတယ္ေနာ္..။ writer blockပဲမိေနတာလားေတာ့မသိဘူး.. အရင္ေလာက္အေတြးလည္း သိပ္မထြက္သလို ေရးၿပီးရင္ေတာင္ စိတ္တိုင္းမက်ေတြ ျဖစ္ျဖစ္ေနလို႔ပါ.. 😞 ေစာင့္ရတာၾကာလို႔ စိတ္ညစ္ကုန္မွာလည္း စိုးပါတယ္ T__T အေရးအသားေတြေပါ့လာတဲ့ၾကားထဲကကို ဖတ္ေပးေနစဲျဖစ္တဲ့ readerတစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကို အရမ္းခ်စ္ပါတယ္လို႔ 😭

Continue Reading

You'll Also Like

3.2K 289 17
မင်းကြီးနဲ့မိဖုရားတို့ရဲ့အချစ်ဇာတ်လမ်းလေး🙆 ကိုရသစုံစွာကြိုစားရေးသားမဲ့ Oc လေး💜💜
289K 49.8K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
1.8K 132 3
My 1 am thoughts imagination about him. Written in ZawGyi & Unicode.