(Unicode)
အခုလို မိန်းကလေးတစ်ယောက်ကို တသသဖုန်းဆက်ပြီး စကားတွေပြောနေမိမည်ဟု ဂျုံးဂု ဘယ်တုန်းကမှ တွေးမထားခဲ့။ အရင်လူတွေတုန်းက အကြောင်းမရှိအကြောင်းရှာ ပစ်ပယ်ခဲ့သမျှ သူမကိုတော့ သူကိုယ်တိုင်ကကို တွယ်ကပ်နေမိသည်။ အချိန်မှန်အသံလေးမှ မကြားရရင်မနေနိုင်ဟူသည့်အနေအထား...။
အွန်းဘီကလည်း အချိန်မှန်မြည်လာတတ်သောဖုန်းကို တခုတ်တရမျှော်နေတတ်သည်။ သူတို့နှစ်ဦး၏လေလှိုင်းကြားမှ ရင်းနှီးမှုကို တခြားသူတွေတော့ မရိပ်မိကြ။ ဤသို့မရိပ်မိကြခြင်းမှာ အွန်းဘီထက် ဂျုံးဂု၏ဟန်ဆောင်ကောင်းမှုကြောင့်သာ။ ဒါတောင် တစ်ခါတစ်လေ အွန်းဘီက သူတို့နှစ်ယောက်ထဲသိတဲ့ နာမည်ပြောင်တွေကို ကျောင်းမှာလည်း ခေါ်ချင်ခေါ်တာရယ်...။
... Only my shadow knows... How I feel about you...
"ဟော..."
မျှော်နေစဉ်မှာပင် ကြားလိုက်ရသည့် ဖုန်းသံကြောင့် အွန်းဘီ ခုတင်ပေါ်မှာ လှဲနေရာကပင် ချက်ချင်းငုတ်တုတ်ထိုင်မိသွားသည်။ ရင်မှလာသော လှိုက်လှိုက်လှဲလှဲအပြုံးတစ်ခုဖြင့် ဖုန်းကို ကိုင်လိုက်ရင်း စကားနှင့်လေယူလေသိမ်းကို ဖုန်းမျှော်နေသည့်ပုံမပေါက်အောင် ထိန်းပြောလိုက်သည်။
"အင်း... ကွတ်ကီးမ.. ပြော"
"နင်ကလည်း ငါ့ကိုအဲ့လိုကြီး မခေါ်ပါနဲ့ဆို"
"ငါ အဲ့ဒီနာမည်လေး သဘောကျလို့ဟာ"
"ဒါဆိုလည်း cookieဆိုလည်း cookie... အဲ့လိုတော့လုပ်ပေါ့... ခုဟာက ကွတ်ကီးမဆိုတော့ နင်တစ်ခါခေါ်တိုင်း လူက နွဲ့ချင်လာတယ်"
ဂျုံးဂု စကားသံအဆုံးတွင် အွန်းဘီက ဟက်ဟက်ပက်ပက်ရယ်သည်။ အဲ့ဒီနာမည်ဖြစ်လာပုံကလည်း အရင်နေ့တွေက ဖုန်းပြောရင်း ဂျုံးဂု၊ ဂျုံးဂုနဲ့ ခေါ်ရတာထောက်တယ်ဆိုပြီး အွန်းဘီကပြောလို့ သူက ဒါဆိုလည်း ကြိုက်သလိုခေါ်ဆိုပြီး ပြောလိုက်မိရင်းကနေ ကွတ်ကီးမဆိုတဲ့ နာမည်ကတွင်သွားတော့တာပဲ။ လူတိုင်းခေါ်သလို kookieမဟုတ်ဘူး... အသံထွက်ဆင်ပေမယ့် အွန်းဘီခေါ်တာက cookieတဲ့။ ဘာလို့လဲဆိုတော့ သူများနဲ့မတူအောင်ဆိုလား...။
"အဲ့လို ကွတ်ကီးမလို့ ခေါ်တာက နင့်ကို ငါ့သူငယ်ချင်းမိန်းကလေးတွေကို ခင်သလိုခင်လို့ အဲ့လိုခေါ်တာ"
"အွန်းဘီဆိုတဲ့ နင်ကလည်း ငါ့အတွက်တော့ ညီအစ်ကိုတွေလို ပုခုံးဖက်ပေါင်းလို့ရတဲ့ ရှားရှားပါးပါး မိန်းကလေးပဲ"
ဂျုံးဂု ဒါမျိုးတွေ ပြောထွက်လိမ့်မည်ဟု သူ့ကိုယ်သူ ထင်ပင်ထင်မထား။ ရည်းစားတွေသာ ထည်လဲထားချင်ထားမည်... နေ့တိုင်းဖုန်းဆက်ရလောက်သည်အထိ သူ့တွင်အချိန်ပေါမနေဟု ကြွေးကြော်ထားခဲ့ဖူးသည်ကိုပင် မျက်နှာပူမိသည်။ ခုတော့ အချိန်ပေါရုံသာမက အဓိပ္ပါယ်မယ်မယ်ရရမရှိသည့် အာလ္လာပသလ္လာပ စကားတွေပင် တောင်စဉ်ရေမရ ပြောမိနေသည်မဟုတ်ပါလား။
"ဂျုံးဂု..."
"အင်း..."
အွန်းဘီမှ ထူးထူးခြားခြား နာမည်တပ်ခေါ်သဖြင့် သူထူးလိုက်ရင် သူမဆက်ပြောလာမည်ကို နားစွင့်မိသည်။
"ငါ ဘာပြောရမလဲ မသိတော့ဘူး"
"အင်... ဘာကိုလဲ"
"နေ့တိုင်း ဒီလိုကြီး ဖုန်းပြောတော့ စကားတွေရှားကုန်ပြီဟ... ငါဘာပြောရမလဲ မသိတော့ဘူး"
"ခါတိုင်းလိုပဲ နင်ပြောချင်တာပြောပေါ့... ငါ နားထောင်ပေးမယ်လေ"
"ဒီနေ့ စာရှင်းပြစရာလည်း မရှိဘူးနော်"
အွန်းဘီက ခပ်လေးလေးပြောလာတော့ ဂျုံးဂု အင်းဟုသာ သံယောင်လိုက်လိုက်သည်။ သူမအား ဖုန်းမချစေချင်သေး။ သို့သော်လည်း...
"ပြောစရာမရှိတော့ရင်လည်း ဒါပဲလေနော်..."
"တကယ်ချတော့မှာလား"
"အင်းပေါ့.. ဂျုံးဂုက ဘာပြောစရာရှိလို့လဲ..."
အွန်းဘီ သူ့အဖြေကို စောင့်နေမိသည်။ သူမဘက်ကတော့ စကားတွေရှာကြံပြီး ပြောစရာကို မရှိတော့။ တစ်ယောက်အကြောင်းလည်း တစ်ယောက် စုံစုံစေ့စေ့သိသင့်သလောက် သိပြီးကြပြီမလား... အဲ... တစ်ခုပဲပေါ့။ အဲဒီတစ်ခုကိုမှ သူမေးလာခဲ့ရင်ပေါ့လေ။
"အွန်းဘီမှာ crushတွေ ဘာတွေမရှိဘူးလား"
ခေါင်းမွေးတွေပင် ထောင်သွားသည့်နှယ် အွန်းဘီ ဘာဖြေရမယ်မသိဖြစ်သွားသည်။ ဒီလောက်ထိ ပူထူသွားစရာမလိုမှန်း သိသော်လည်း ဆွံ့အနေမိသည်မှာအမှန်။
"ဂျုံးဂုမှာရော... တွဲဖူးတဲ့သူတွေ ဘာတွေမရှိဘူးလား"
ဒီတစ်ခေါက် တိတ်ဆိတ်သွားရသူကတော့ ဂျုံးဂုပင်။ နှစ်ယောက်က မမျှော်လင့်ဘဲ တိုက်ကွက်တွေသွားတူနေကြသည်လေ။ အွန်းဘီ ဒါကျလည်သားဟုသာ တွေးလိုက်တော့သည်။
"အွန်းဘီကို အရင်မေးတာလေ"
"ဂျုံးဂု အရင်ဖြေ"
ဖုန်းထဲမှ သူမ၏အသံကြောင့် ကျိတ်ပြုံးမိလိုက်သည်။ သူ့အဖြေပေါ်မူတည်၍ အွန်းဘီ၏အဖြေသည်လည်း ပြောင်းလဲသွားနိုင်သည်။
"မရှိဘူး... ဘယ်သူမှ"
"မဖြစ်နိုင်တာ... ဂျုံးဂုပုံစံနဲ့ဆို ကြိုက်တဲ့ကောင်မလေးတွေ ဝိုင်းနေမှာပဲဟာ"
"တကယ်မရှိတာ... ငါက ရိုးရိုးသားသားပဲနေတတ်တာဆိုတော့"
"အပိုတွေက ပြောပြန်ပြီ"
အွန်းဘီ၏လေသံမှာ ကျိတ်ပြီးကျေနပ်သွားသည့်ဟန်ပေါက်နေကြောင့် ဂျုံးဂုရိပ်မိလိုက်သည်။ သူဖြေပြီးသွားပြီဆိုတော့ အွန်းဘီအလှည့်ပေါ့...။
"နင်ရော... ငါမေးတဲ့ crushမရှိဘူးလားဆိုတာကို ဖြေတော့"
"ခုထိတော့... မရှိသေးဘူး"
"အခုတော့ မရှိသေးပေမယ့်..."
ဂျုံးဂု တမင်တကာ စကားကို ဆက်မပြောဘဲရပ်ပြီး တစ်ဖက်ကို နားစွင့်လိုက်တော့ အွန်းဘီက ဘာမှပြန်မပြောဘဲ သူ့စကားကိုသာ စောင့်နေမှန်းသေချာသည်နှင့် စကားကိုဆက်လိုက်သည်။
"နောက် သိပ်မကြာခင်မှာ ရှိရင် ရှိလာတော့မှာပါ"
"အံမယ်... နင်က ဘာတွေအဲ့လောက်သေချာနေတာလဲ"
"အခုတောင် နင့်ရင်ထဲမှာ နင့်ကိုနင်တောင် စိတ်ဝင်စားလို့ ဝင်စားနေမှန်းမသေချာသေးတဲ့တစ်ယောက်တော့ ရှိနေမှာပဲ"
ဂျုံးဂု သူတစ်လုံးချင်း သေသေချာချာရွေးချယ်ပြီး ပြောလိုက်သည့်စကားဆုံးသည်နှင့် အွန်းဘီ ရင်ထဲ ထိတ်ခနဲပင် ဖြစ်သွားမိသည်။ ဒီရက်ပိုင်း ဂျုံးဂုနှင့် ဖုန်းပြောသည့်ရက်ဆက်နေသည်ကြောင့်သာ သူ့အပေါ် စွဲလန်းနေမိခြင်းသာဖြစ်မည်ဟု အွန်းဘီတွေးနေမိသော်လည်း စိတ်ထဲတွင် မည်မျှလွန်ဆွဲနေရသည်ကို ကိုယ့်ကိုယ်ကိုသာ သိသည်။
"အွန်းဘီ... ငါဖုန်းချလိုက်တော့မယ်နော်"
"အင်း"
သူမအား တွေးစရာမြောက်များစွာ ပေးခဲ့တာသေချာသည်နှင့် သူ့ဘက်ကအရင်ဖုန်းချလိုက်သည်။ သူမ၏စကားအသွားအလာအရ ဂျုံးဂု တိကျသည့်သုံးသပ်ချက်တစ်ခုကို ရလိုက်သည်။ အွန်းဘီ သူ့အပေါ် စိတ်ဝင်စားစပြုနေပြီဟူသည့် သုံးသပ်ချက်...။ ထို့အပြင် သူမ၏ခံစားချက်တွေ ပိုပြီးနက်ရှိုင်းစေရန် စကားကိုလှည့်ပတ်ပြောပြီး psychoပါ ထပ်သွင်းပေးခဲ့ပြီးပြီမဟုတ်လား... အခုလောက်ဆို အွန်းဘီ သူပြောတဲ့စကားတွေရဲ့အဓိပ္ပါယ်ကို ထောင့်ပေါင်းစုံကနေ စဉ်းစားနေလောက်ပြီဆိုတာ ပြေးကြည့်တာထက်ပင် သေချာနေသည်လေ...။ ဂျုံးဂု သူမအပေါ် သုံးရက်လောက်တော့ အေးတိအေးစက်ပြန်နေမည်ဟု တွေးထားသည်။
မိန်ကလေးတစ်ယောက်ကို လိုက်တဲ့နေရာမှ သာမန်သမားရိုးကျ နည်းလမ်းတွေကိုသုံးတာထက် ဒီလိုညစ်ကျယ်ကျယ်ဉာဏ်ကစားတဲ့ နည်းလမ်းလေးတွေက ပိုထိရောက်တယ်လို့ သူအပြည့်အဝခံယူထားသည်မလား...။
===============
အတန်းထဲတွင် ဂျုံးဂုမှလွဲ၍ တခြားသူတွေ အကုန်ပြန်ကုန်ကြပြီ။ ပြန်ဆို အတန်းလည်းပြီးပြီကိုး... အခု အွန်းဘီနဲ့ ဂျုံးဂု ကျန်နေခဲ့ရခြင်းအကြောင်းတရားက အတန်းကိုယ်စားလှယ်တွေ urgent meetingတက်ရမယ်ဆိုတာကြောင့်။ အချိန်မှာ နာရီဝက်ကျော်ကျော်လောက်လိုနေသေး၍သာ အခန်းထဲဆက်ထိုင်နေကြခြင်းဖြစ်သည်။
အွန်းဘီကတော့ သူ့နေရာတွင်သူ ထိုင်နေသော်လည်း ဂျုံးဂုက နောက်ဆုံးတန်းတွင် laptopတစ်လုံးဖြင့် ဇာတ်ကားကြည့်နေပုံရသည်။ ဘာရယ်မဟုတ်... စူးစမ်းလိုစိတ်ဖြင့် အွန်းဘီ ဂျုံးဂုရှိရာသို့ ထသွားလိုက်သည်။
"ဘာတွေကြည့်နေတာလဲ"
"သရဲကား"
အွန်းဘီ မျက်နှာရှုံမဲ့သွားမိသည်။ သူမက သရဲကားဆို အသံပင်မကြားချင်။ အပြင်လောကက သရဲကတောင် ဇာတ်ကားထဲက သရဲတွေလောက် ဖြဲမခြောက်ဟု ခံယူထားသည်။ ဂျုံးဂုကတော့ သူမကို အဖတ်ပင်ပြန်မလုပ်။ crushကိစ္စမေးပြီးကတည်းက သူမကို ပြန်စိမ်းကားနေတာ သုံးရက်လောက်ရှိနေပြန်ပြီလေ။ ဟိုဟိုဒီဒီ မျက်စိကစားကြည့်လိုက်တော့ laptopဘေးတွင် ချထားသည့်ဖုန်းကို အွန်းဘီသွားမြင်သည်။
"ဖုန်းက အသစ်လဲလိုက်တာလား"
"အင်း..."
"ခဏကြည့်မယ်နော်"
အွန်းဘီ ခွင့်တောင်းတော့ ဂျုံးဂု ဇာတ်ကားအကြည့်မပျက်ဘဲ ခေါင်းညိမ့်ပြသည်။ အွန်းဘီ ဖုန်းကိုယူကြည့်လိုက်တော့ passwordခံထားသည်။ ထိုတော့မှ အွန်းဘီ သတိရသည်။ ယောက်ျားလေးတစ်ယောက်၏ဖုန်းကို ဒီလိုလက်ရဲဇက်ရဲယူကိုင်နေလို့ ဘယ်ဖြစ်မလဲ...။ အွန်းဘီ ဖုန်းကိုမူလနေရာတွင် ပြန်ထားလိုက်စဉ် ဂျုံးဂုထံမှ အသံထွက်လာသည်။
"0109"
"ဘာကိုလဲ"
"Passwordလေ... ငါ့မွေးနေ့ sept 1ကို ထားထားတာ၊ ph passwordရော... laptop passwordရော အတူတူပဲ"
အွန်းဘီ အံ့သြသွားသည်။ passwordက ဒီလိုကြီးပြောပြစရာမှ မလိုတာ... ဒီအတိုင်း ဖွင့်ပေးလိုက်ရင်ရတာပဲကို။ ပြီးတော့ အွန်းဘီက ဖုန်းကိုယူကြည့်မိလို့တောင် အားနာနေတဲ့ဟာ။
"ဘာလို့ passwordတွေ ပြောပြနေတာလဲ"
"ဒီအတိုင်း ပြောပြချင်လို့"
"သြော်..."
ဒီတစ်ခါတော့ ဂျုံးဂု ဘာအကြံမှမရှိဘဲ အဖြူသက်သက်စိတ်ဖြင့်ပင် ပြောပြမိလိုက်ခြင်းဖြစ်သည်။ ပြောပြလိုက်လည်း တကူးတကဖွင့်ကြည့်နေမည့်သူမဟုတ်ဟု ယုံကြည်ထားသည်လေ။
"ငါ အဲ့လိုပြောပြဖူးတာ နင်ပထမဆုံးပဲ"
"Passwordလား"
"အင်း..."
ခင်မင်သည့်စိတ်တစ်ခုထဲဖြင့်တော့ passwordသာပေးရကြေးဆို သူ နမ်ဂျွန်းကိုလည်း ပြောပြထားမှာပေါ့... ခုတော့ ဘာလို့အွန်းဘီကိုမှလဲ...။ အဲ့လို စဉ်းစားလိုက်မိတော့လည်း ကိုယ့်ကိုယ်ကို ညာနေမိသည့်အရာတစ်ခုကို ဝန်ခံရမည့်ကိန်းဖြစ်နေသည်။ ကစားဖို့သက်သက်ချဉ်းကပ်ခဲ့မိသော မိန်းကလေးကို တကယ်စိတ်ဝင်စားသွားဖို့ဆိုတာ ဖြစ်သင့်ရဲ့လား...။
"အွန်းဘီ... ဘယ်လဲ"
သူအတွေးလွန်နေစဉ် အွန်းဘီ သူ့ဘေးတွင်လာထိုင်နေရာမှ ထသွားသောကြောင့် သူမလက်ကို လှမ်းဆွဲရင်းတားလိုက်မိသည်။
"နင်က သရဲကားကြည့်နေတော့ ငါမကြည့်ချင်တာနဲ့ ကိုယ့်နေရာကိုယ် ပြန်မလို့လေ"
"မသွားနဲ့ဟာ၊ ပြန်ထိုင်... ဒီကားက ဘာမှကြောက်စရာမကောင်းဘူး"
လက်ကိုဆွဲကာ အတင်းထိုင်ခိုင်းသောကြောင့် စူပုတ်ပုတ်ရုပ်ဖြင့် ပြန်ထိုင်နေသည်။ ထပ်ထသွားမည်ကို စိုးရိမ်သောကြောင့် သူမလက်လေးကို ပြန်မလွှတ်ပေးဘဲ အတင်းပင်ဆုတ်ကိုင်ထားမိသည်။ ရုတ်တရက် သရဲပေါ်လာသည့်အခန်းများတွင် အွန်းဘီကလည်း သူ့လက်ကို ခပ်တင်းတင်းပြန်ဆုတ်လိုက်တတ်သည်ကို သတိထားမိသည်။
"သွားရအောင်လေ... meetingစဖို့ အချိန်နီးနေပြီ"
"အာ... ဟုတ်သားပဲ"
လုပ်ရမည့်အလုပ်ကိုပင် မေ့လျော့နေမိသည်အထိ သူမနဲ့ရှိနေရသည်ကို သူပျော်တယ်တဲ့လား...။ ဂျုံးဂု သက်ပြင်းကို ခိုးချလိုက်ရင်း laptopကို သိမ်းလိုက်သည်။ အွန်းဘီကတော့ အသင့်သိမ်းပြီးသား လွယ်အိတ်ကိုလွယ်ပြီး တံခါးဝတွင် သူ့ကိုရပ်စောင့်နေသည်။ ပစ္စည်းတို့သိမ်းပြီးသည်နှင့် လွယ်အိတ်ကိုလွယ်ကာ သူမရှိရာသို့ ခပ်သွက်သွက်သွားလိုက်သည်။ ထို့နောက် ထပ်တူညီသောခြေလှမ်းတို့ဖြင့် meetingလုပ်မည့် အခန်းရှိရာသို့ သွားရင်းပင် သူမမျက်နှာလေးကို ခိုးကြည့်နေမိပြန်သည်။
ဘယ်လိုလုပ်ရမလဲ... မင်းရဲ့ဖြူစင်မှုလေးတွေရဲ့အောက်မှာ တဖြည်းဖြည်းနဲ့ ကျရှုံးချင်နေပြီ... ကိုယ်တော့ ရာဇဝင်တွေ ရိုင်းတော့မှာပဲ။
🔸🔸🔸🔸🔸
Unedited
30/07/2018
~~~~~
(Zawgyi)
အခုလို မိန္းကေလးတစ္ေယာက္ကို တသသဖုန္းဆက္ၿပီး စကားေတြေျပာေနမိမည္ဟု ဂ်ံဳးဂု ဘယ္တုန္းကမွ ေတြးမထားခဲ့။ အရင္လူေတြတုန္းက အေၾကာင္းမ႐ွိအေၾကာင္း႐ွာ ပစ္ပယ္ခဲ့သမွ် သူမကိုေတာ့ သူကိုယ္တိုင္ကကို တြယ္ကပ္ေနမိသည္။ အခ်ိန္မွန္အသံေလးမွ မၾကားရရင္မေနႏိုင္ဟူသည့္အေနအထား...။
အြန္းဘီကလည္း အခ်ိန္မွန္ျမည္လာတတ္ေသာဖုန္းကို တခုတ္တရေမွ်ာ္ေနတတ္သည္။ သူတို႔ႏွစ္ဦး၏ေလလႈိင္းၾကားမွ ရင္းႏွီးမႈကို တျခားသူေတြေတာ့ မရိပ္မိၾက။ ဤသို႔မရိပ္မိၾကျခင္းမွာ အြန္းဘီထက္ ဂ်ံဳးဂု၏ဟန္ေဆာင္ေကာင္းမႈေၾကာင့္သာ။ ဒါေတာင္ တစ္ခါတစ္ေလ အြန္းဘီက သူတို႔ႏွစ္ေယာက္ထဲသိတဲ့ နာမည္ေျပာင္ေတြကို ေက်ာင္းမွာလည္း ေခၚခ်င္ေခၚတာရယ္...။
... Only my shadow knows... How I feel about you...
"ေဟာ..."
ေမွ်ာ္ေနစဥ္မွာပင္ ၾကားလိုက္ရသည့္ ဖုန္းသံေၾကာင့္ အြန္းဘီ ခုတင္ေပၚမွာ လွဲေနရာကပင္ ခ်က္ခ်င္းငုတ္တုတ္ထိုင္မိသြားသည္။ ရင္မွလာေသာ လႈိက္လိႈက္လွဲလွဲအျပံဳးတစ္ခုျဖင့္ ဖုန္းကို ကိုင္လိုက္ရင္း စကားႏွင့္ေလယူေလသိမ္းကို ဖုန္းေမွ်ာ္ေနသည့္ပံုမေပါက္ေအာင္ ထိန္းေျပာလိုက္သည္။
"အင္း... ကြတ္ကီးမ.. ေျပာ"
"နင္ကလည္း ငါ့ကိုအဲ့လိုႀကီး မေခၚပါနဲ႔ဆို"
"ငါ အဲ့ဒီနာမည္ေလး သေဘာက်လို႔ဟာ"
"ဒါဆိုလည္း cookieဆိုလည္း cookie... အဲ့လိုေတာ့လုပ္ေပါ့... ခုဟာက ကြတ္ကီးမဆိုေတာ့ နင္တစ္ခါေခၚတိုင္း လူက ႏြဲ႔ခ်င္လာတယ္"
ဂ်ံဳးဂု စကားသံအဆံုးတြင္ အြန္းဘီက ဟက္ဟက္ပက္ပက္ရယ္သည္။ အဲ့ဒီနာမည္ျဖစ္လာပံုကလည္း အရင္ေန႔ေတြက ဖုန္းေျပာရင္း ဂ်ံဳးဂု၊ ဂ်ံဳးဂုနဲ႔ ေခၚရတာေထာက္တယ္ဆိုၿပီး အြန္းဘီကေျပာလို႔ သူက ဒါဆိုလည္း ႀကိဳက္သလိုေခၚဆိုၿပီး ေျပာလိုက္မိရင္းကေန ကြတ္ကီးမဆိုတဲ့ နာမည္ကတြင္သြားေတာ့တာပဲ။ လူတိုင္းေခၚသလို kookieမဟုတ္ဘူး... အသံထြက္ဆင္ေပမယ့္ အြန္းဘီေခၚတာက cookieတဲ့။ ဘာလို႔လဲဆိုေတာ့ သူမ်ားနဲ႔မတူေအာင္ဆိုလား...။
"အဲ့လို ကြတ္ကီးမလို႔ ေခၚတာက နင့္ကို ငါ့သူငယ္ခ်င္းမိန္းကေလးေတြကို ခင္သလုိခင္လို႔ အဲ့လိုေခၚတာ"
"အြန္းဘီဆိုတဲ့ နင္ကလည္း ငါ့အတြက္ေတာ့ ညီအစ္ကိုေတြလို ပုခံုးဖက္ေပါင္းလို႔ရတဲ့ ႐ွား႐ွားပါးပါး မိန္းကေလးပဲ"
ဂ်ံဳးဂု ဒါမ်ဳိးေတြ ေျပာထြက္လိမ့္မည္ဟု သူ႔ကိုယ္သူ ထင္ပင္ထင္မထား။ ရည္းစားေတြသာ ထည္လဲထားခ်င္ထားမည္... ေန႔တိုင္းဖုန္းဆက္ရေလာက္သည္အထိ သူ႔တြင္အခ်ိန္ေပါမေနဟု ေႂကြးေၾကာ္ထားခဲ့ဖူးသည္ကိုပင္ မ်က္ႏွာပူမိသည္။ ခုေတာ့ အခ်ိန္ေပါရံုသာမက အဓိပၸါယ္မယ္မယ္ရရမ႐ွိသည့္ အာလႅာပသလႅာပ စကားေတြပင္ ေတာင္စဥ္ေရမရ ေျပာမိေနသည္မဟုတ္ပါလား။
"ဂ်ံဳးဂု..."
"အင္း..."
အြန္းဘီမွ ထူးထူးျခားျခား နာမည္တပ္ေခၚသျဖင့္ သူထူးလိုက္ရင္ သူမဆက္ေျပာလာမည္ကို နားစြင့္မိသည္။
"ငါ ဘာေျပာရမလဲ မသိေတာ့ဘူး"
"အင္... ဘာကိုလဲ"
"ေန႔တိုင္း ဒီလိုႀကီး ဖုန္းေျပာေတာ့ စကားေတြ႐ွားကုန္ၿပီဟ... ငါဘာေျပာရမလဲ မသိေတာ့ဘူး"
"ခါတိုင္းလိုပဲ နင္ေျပာခ်င္တာေျပာေပါ့... ငါ နားေထာင္ေပးမယ္ေလ"
"ဒီေန႔ စာ႐ွင္းျပစရာလည္း မ႐ွိဘူးေနာ္"
အြန္းဘီက ခပ္ေလးေလးေျပာလာေတာ့ ဂ်ံဳးဂု အင္းဟုသာ သံေယာင္လိုက္လိုက္သည္။ သူမအား ဖုန္းမခ်ေစခ်င္ေသး။ သို႔ေသာ္လည္း...
"ေျပာစရာမ႐ွိေတာ့ရင္လည္း ဒါပဲေလေနာ္..."
"တကယ္ခ်ေတာ့မွာလား"
"အင္းေပါ႔.. ဂ်ံဳးဂုက ဘာေျပာစရာ႐ွိလို႔လဲ..."
အြန္းဘီ သူ႔အေျဖကို ေစာင့္ေနမိသည္။ သူမဘက္ကေတာ့ စကားေတြ႐ွာၾကံၿပီး ေျပာစရာကို မ႐ွိေတာ့။ တစ္ေယာက္အေၾကာင္းလည္း တစ္ေယာက္ စံုစံုေစ့ေစ့သိသင့္သေလာက္ သိၿပီးၾကၿပီမလား... အဲ... တစ္ခုပဲေပါ့။ အဲဒီတစ္ခုကိုမွ သူေမးလာခဲ့ရင္ေပါ့ေလ။
"အြန္းဘီမွာ crushေတြ ဘာေတြမ႐ွိဘူးလား"
ေခါင္းေမြးေတြပင္ ေထာင္သြားသည့္ႏွယ္ အြန္းဘီ ဘာေျဖရမယ္မသိျဖစ္သြားသည္။ ဒီေလာက္ထိ ပူထူသြားစရာမလိုမွန္း သိေသာ္လည္း ဆံြ႔အေနမိသည္မွာအမွန္။
"ဂ်ံဳးဂုမွာေရာ... တဲြဖူးတဲ့သူေတြ ဘာေတြမ႐ွိဘူးလား"
ဒီတစ္ေခါက္ တိတ္ဆိတ္သြားရသူကေတာ့ ဂ်ံဳးဂုပင္။ ႏွစ္ေယာက္က မေမွ်ာ္လင့္ဘဲ တိုက္ကြက္ေတြသြားတူေနၾကသည္ေလ။ အြန္းဘီ ဒါက်လည္သားဟုသာ ေတြးလိုက္ေတာ့သည္။
"အြန္းဘီကို အရင္ေမးတာေလ"
"ဂ်ံဳးဂု အရင္ေျဖ"
ဖုန္းထဲမွ သူမ၏အသံေၾကာင့္ က်ိတ္ျပံဳးမိလိုက္သည္။ သူ႔အေျဖေပၚမူတည္၍ အြန္းဘီ၏အေျဖသည္လည္း ေျပာင္းလဲသြားႏိုင္သည္။
"မ႐ွိဘူး... ဘယ္သူမွ"
"မျဖစ္ႏိုင္တာ... ဂ်ံဳးဂုပံုစံနဲ႔ဆို ႀကိဳက္တဲ့ေကာင္မေလးေတြ ဝိုင္းေနမွာပဲဟာ"
"တကယ္မ႐ွိတာ... ငါက ႐ိုး႐ုိးသားသားပဲေနတတ္တာဆိုေတာ့"
"အပိုေတြက ေျပာျပန္ၿပီ"
အြန္းဘီ၏ေလသံမွာ က်ိတ္ၿပီးေက်နပ္သြားသည့္ဟန္ေပါက္ေနေၾကာင့္ ဂ်ံဳးဂုရိပ္မိလိုက္သည္။ သူေျဖၿပီးသြားၿပီဆိုေတာ့ အြန္းဘီအလွည့္ေပါ့...။
"နင္ေရာ... ငါေမးတဲ့ crushမ႐ွိဘူးလားဆိုတာကို ေျဖေတာ့"
"ခုထိေတာ့... မ႐ွိေသးဘူး"
"အခုေတာ့ မ႐ွိေသးေပမယ့္..."
ဂ်ံဳးဂု တမင္တကာ စကားကို ဆက္မေျပာဘဲရပ္ၿပီး တစ္ဖက္ကို နားစြင့္လိုက္ေတာ့ အြန္းဘီက ဘာမွျပန္မေျပာဘဲ သူ႔စကားကိုသာ ေစာင့္ေနမွန္းေသခ်ာသည္ႏွင့္ စကားကိုဆက္လိုက္သည္။
"ေနာက္ သိပ္မၾကာခင္မွာ ႐ွိရင္ ႐ွိလာေတာ့မွာပါ"
"အံမယ္... နင္က ဘာေတြအဲ့ေလာက္ေသခ်ာေနတာလဲ"
"အခုေတာင္ နင့္ရင္ထဲမွာ နင့္ကိုနင္ေတာင္ စိတ္ဝင္စားလို႔ ဝင္စားေနမွန္းမေသခ်ာေသးတဲ့တစ္ေယာက္ေတာ့ ႐ွိေနမွာပဲ"
ဂ်ံဳးဂု သူတစ္လံုးခ်င္း ေသေသခ်ာခ်ာေရြးခ်ယ္ၿပီး ေျပာလိုက္သည့္စကားဆံုးသည္ႏွင့္ အြန္းဘီ ရင္ထဲ ထိတ္ခနဲပင္ ျဖစ္သြားမိသည္။ ဒီရက္ပိုင္း ဂ်ံဳးဂုႏွင့္ ဖုန္းေျပာသည့္ရက္ဆက္ေနသည္ေၾကာင္႔သာ သူ႔အေပၚ စဲြလန္းေနမိျခင္းသာျဖစ္မည္ဟု အြန္းဘီေတြးေနမိေသာ္လည္း စိတ္ထဲတြင္ မည္မွ်လြန္ဆဲြေနရသည္ကို ကိုယ့္ကိုယ္ကိုသာ သိသည္။
"အြန္းဘီ... ငါဖုန္းခ်လိုက္ေတာ့မယ္ေနာ္"
"အင္း"
သူမအား ေတြးစရာေျမာက္မ်ားစြာ ေပးခဲ့တာေသခ်ာသည္ႏွင့္ သူ႔ဘက္ကအရင္ဖုန္းခ်လိုက္သည္။ သူမ၏စကားအသြားအလာအရ ဂ်ံဳးဂု တိက်သည့္သံုးသပ္ခ်က္တစ္ခုကို ရလိုက္သည္။ အြန္းဘီ သူ႔အေပၚ စိတ္ဝင္စားစျပဳေနၿပီဟူသည့္ သံုးသပ္ခ်က္...။ ထို႔အျပင္ သူမ၏ခံစားခ်က္ေတြ ပိုၿပီးနက္ရိႈင္းေစရန္ စကားကိုလွည့္ပတ္ေျပာၿပီး psychoပါ ထပ္သြင္းေပးခဲ့ၿပီးၿပီမဟုတ္လား... အခုေလာက္ဆို အြန္းဘီ သူေျပာတဲ့စကားေတြရဲ႕အဓိပၸါယ္ကို ေထာင့္ေပါင္းစံုကေန စဥ္းစားေနေလာက္ၿပီဆိုတာ ေျပးၾကည့္တာထက္ပင္ ေသခ်ာေနသည္ေလ...။ ဂ်ံဳးဂု သူမအေပၚ သံုးရက္ေလာက္ေတာ့ ေအးတိေအးစက္ျပန္ေနမည္ဟု ေတြးထားသည္။
မိန္ကေလးတစ္ေယာက္ကို လိုက္တဲ့ေနရာမွ သာမန္သမား႐ိုးက် နည္းလမ္းေတြကိုသံုးတာထက္ ဒီလိုညစ္က်ယ္က်ယ္ဉာဏ္ကစားတဲ့ နည္းလမ္းေလးေတြက ပိုထိေရာက္တယ္လို႔ သူအျပည့္အဝခံယူထားသည္မလား...။
===============
အတန္းထဲတြင္ ဂ်ံဳးဂုမွလဲြ၍ တျခားသူေတြ အကုန္ျပန္ကုန္ၾကၿပီ။ ျပန္ဆို အတန္းလည္းၿပီးၿပီကိုး... အခု အြန္းဘီနဲ႔ ဂ်ံဳးဂု က်န္ေနခဲ့ရျခင္းအေၾကာင္းတရားက အတန္းကိုယ္စားလွယ္ေတြ urgent meetingတက္ရမယ္ဆိုတာေၾကာင့္။ အခ်ိန္မွာ နာရီဝက္ေက်ာ္ေက်ာ္ေလာက္လိုေနေသး၍သာ အခန္းထဲဆက္ထိုင္ေနၾကျခင္းျဖစ္သည္။
အြန္းဘီကေတာ့ သူ႔ေနရာတြင္သူ ထိုင္ေနေသာ္လည္း ဂ်ံဳးဂုက ေနာက္ဆံုးတန္းတြင္ laptopတစ္လံုးျဖင့္ ဇာတ္ကားၾကည့္ေနပံုရသည္။ ဘာရယ္မဟုတ္... စူးစမ္းလိုစိတ္ျဖင့္ အြန္းဘီ ဂ်ံဳးဂု႐ွိရာသို႔ ထသြားလိုက္သည္။
"ဘာေတြၾကည့္ေနတာလဲ"
"သရဲကား"
အြန္းဘီ မ်က္ႏွာ႐ႈံမဲ့သြားမိသည္။ သူမက သရဲကားဆို အသံပင္မၾကားခ်င္။ အျပင္ေလာကက သရဲကေတာင္ ဇာတ္ကားထဲက သရဲေတြေလာက္ ျဖဲမေျခာက္ဟု ခံယူထားသည္။ ဂ်ံဳးဂုကေတာ့ သူမကို အဖတ္ပင္ျပန္မလုပ္။ crushကိစၥေမးၿပီးကတည္းက သူမကို ျပန္စိမ္းကားေနတာ သံုးရက္ေလာက္႐ွိေနျပန္ၿပီေလ။ ဟိုဟိုဒီဒီ မ်က္စိကစားၾကည့္လိုက္ေတာ့ laptopေဘးတြင္ ခ်ထားသည့္ဖုန္းကို အြန္းဘီသြားျမင္သည္။
"ဖုန္းက အသစ္လဲလိုက္တာလား"
"အင္း..."
"ခဏၾကည့္မယ္ေနာ္"
အြန္းဘီ ခြင့္ေတာင္းေတာ့ ဂ်ံဳးဂု ဇာတ္ကားအၾကည့္မပ်က္ဘဲ ေခါင္းညိမ့္ျပသည္။ အြန္းဘီ ဖုန္းကိုယူၾကည့္လိုက္ေတာ့ passwordခံထားသည္။ ထိုေတာ့မွ အြန္းဘီ သတိရသည္။ ေယာက္်ားေလးတစ္ေယာက္၏ဖုန္းကို ဒီလိုလက္ရဲဇက္ရဲယူကိုင္ေနလို႔ ဘယ္ျဖစ္မလဲ...။ အြန္းဘီ ဖုန္းကိုမူလေနရာတြင္ ျပန္ထားလိုက္စဥ္ ဂ်ံဳးဂုထံမွ အသံထြက္လာသည္။
"0109"
"ဘာကိုလဲ"
"Passwordေလ... ငါ့ေမြးေန႔ sept 1ကို ထားထားတာ၊ ph passwordေရာ... laptop passwordေရာ အတူတူပဲ"
အြန္းဘီ အံ့ၾသသြားသည္။ passwordက ဒီလုိႀကီးေျပာျပစရာမွ မလိုတာ... ဒီအတိုင္း ဖြင့္ေပးလိုက္ရင္ရတာပဲကို။ ၿပီးေတာ့ အြန္းဘီက ဖုန္းကိုယူၾကည့္မိလို႔ေတာင္ အားနာေနတဲ့ဟာ။
"ဘာလို႔ passwordေတြ ေျပာျပေနတာလဲ"
"ဒီအတိုင္း ေျပာျပခ်င္လို႔"
"ေၾသာ္..."
ဒီတစ္ခါေတာ့ ဂ်ံဳးဂု ဘာအၾကံမွမ႐ွိဘဲ အျဖဴသက္သက္စိတ္ျဖင့္ပင္ ေျပာျပမိလိုက္ျခင္းျဖစ္သည္။ ေျပာျပလိုက္လည္း တကူးတကဖြင့္ၾကည့္ေနမည့္သူမဟုတ္ဟု ယုံၾကည္ထားသည္ေလ။
"ငါ အဲ့လိုေျပာျပဖူးတာ နင္ပထမဆံုးပဲ"
"Passwordလား"
"အင္း..."
ခင္မင္သည့္စိတ္တစ္ခုထျဖင့္ေတာ့ passwordသာေပးရေၾကးဆို သူ နမ္ဂြၽန္းကိုလည္း ေျပာျပထားမွာေပါ့... ခုေတာ့ ဘာလို႔အြန္းဘီကိုမွလဲ...။ အဲ့လို စဥ္းစားလိုက္မိေတာ့လည္း ကိုယ့္ကိုယ္ကို ညာေနမိသည့္အရာတစ္ခုကို ဝန္ခံရမည့္ကိန္းျဖစ္ေနသည္။ ကစားဖို႔သက္သက္ခ်ဥ္းကပ္ခဲ့မိေသာ မိန္းကေလးကို တကယ္စိတ္ဝင္စားသြားဖို႔ဆိုတာ ျဖစ္သင့္ရဲ႕လား...။
"အြန္းဘီ... ဘယ္လဲ"
သူအေတြးလြန္ေနစဥ္ အြန္းဘီ သူ႔ေဘးတြင္လာထိုင္ေနရာမွ ထသြားေသာေၾကာင့္ သူမလက္ကို လွမ္းဆဲြရင္းတားလိုက္မိသည္။
"နင္က သရဲကားၾကည့္ေနေတာ့ ငါမၾကည့္ခ်င္တာနဲ႔ ကိုယ့္ေနရာကိုယ္ ျပန္မလို႔ေလ"
"မသြားနဲ႔ဟာ၊ ျပန္ထိုင္... ဒီကားက ဘာမွေၾကာက္စရာမေကာင္းဘူး"
လက္ကိုဆဲြကာ အတင္းထိုင္ခိုင္းေသာေၾကာင့္ စူပုတ္ပုတ္႐ုပ္ျဖင့္ ျပန္ထိုင္ေနသည္။ ထပ္ထသြားမည္ကို စိုးရိမ္ေသာေၾကာင့္ သူမလက္ေလးကို ျပန္မလႊတ္ေပးဘဲ အတင္းပင္ဆုတ္ကိုင္ထားမိသည္။ ႐ုတ္တရက္ သရဲေပၚလာသည့္အခန္းမ်ားတြင္ အြန္းဘီကလည္း သူ႔လက္ကို ခပ္တင္းတင္းျပန္ဆုတ္လိုက္တတ္သည္ကို သတိထားမိသည္။
"သြားရေအာင္ေလ... meetingစဖို႔ အခ်ိန္နီးေနၿပီ"
"အာ... ဟုတ္သားပဲ"
လုပ္ရမည့္အလုပ္ကိုပင္ ေမ့ေလ်ာ့ေနမိသည္အထိ သူမနဲ႔႐ွိေနရသည္ကို သူေပ်ာ္တယ္တဲ့လား...။ ဂ်ံဳးဂု သက္ျပင္းကို ခိုးခ်လိုက္ရင္း laptopကို သိမ္းလိုက္သည္။ အြန္းဘီကေတာ့ အသင့္သိမ္းၿပီးသား လြယ္အိတ္ကိုလြယ္ၿပီး တံခါးဝတြင္ သူ႔ကိုရပ္ေစာင့္ေနသည္။ ပစၥည္းတို႔သိမ္းၿပီးသည္ႏွင့္ လြယ္အိတ္ကိုလြယ္ကာ သူမ႐ွိရာသို႔ ခပ္သြက္သြက္သြားလိုက္သည္။ ထို႔ေနာက္ ထပ္တူညီေသာေျခလွမ္းတို႔ျဖင့္ meetingလုပ္မည့္ အခန္း႐ွိရာသို႔ သြားရင္းပင္ သူမမ်က္နွာေလးကို ခိုးၾကည့္ေနမိျပန္သည္။
ဘယ္လိုလုပ္ရမလဲ... မင္းရဲ႕ျဖဴစင္မႈေလးေတြရဲ႕ေအာက္မွာ တျဖည္းျဖည္းနဲ႔ က်ရံႈးခ်င္ေနၿပီ... ကိုယ္ေတာ့ ရာဇဝင္ေတြ ႐ိုင္းေတာ့မွာပဲ။
🔸🔸🔸🔸🔸
Unedited
30/07/2018