When Rain Falls Down (Book 2)...

By harumi_oo

47.3K 4.4K 587

A villian is just a victim whose story hasn't been told.. - sequel to When Rain Falls Down **Friendly reminde... More

1. Beginning of the End
2. I Dun Need Love
3. Target
4. Initial Point
5. Closer
6. Attachment
8. Backup Strategy
9. Just Friend or Best Friend?
10. Fall for You
11. Unexpected
12. Doubt
13. Brain or Heart
14. Will you...?
15. Silent
16. A Moment with You
17. Over
18. Stay or Move On
19. Hurt Enough
20. The Last
21. Parting
22. See You Again
23. One Sided Competition
24. Rejected
25. Bad but ...
26. His Role
27. End of the Beginning (End)
🌸 Thank You 🌸

7. Skinship

1.4K 159 17
By harumi_oo

(Unicode)



"ငါ အရမ်းလန့်နေပြီ"


လက်ထဲရှိ စာရွက်အပိုင်းလေးနဲ့ ယပ်ခက်ရင်း ရင်ဘက်လေးကိုဖိကာ ပြောလာသည့် အွန်းဘီကြောင့် ဂျုံးဂု မိမိပြောရမည့်အပိုင်းကို ဖတ်နေရာကနေ ခေါင်းထောင်လာမိသည်။ အွန်းဘီပြောလည်း ပြောချင်စရာ ဒီနေ့က သူတို့ presentationလုပ်ရမည့်နေ့။ ဒါပေမယ့် သူမပုံစံကြည့်တော့ဖြင့် ကြောက်နေသည့်ပုံတောင်မပေါက်။


"နင့်ကြည့်တော့ ဘာမှမဖြစ်သလိုနဲ့"


ဂျုံးဂု ပြန်ပြောလိုက်တော့ သူမကအနားကိုလျှောက်လာကာ သူ့လက်ကို လက်ဖျားလေးနဲ့ လာထိသည်။ အွန်းဘီကတော့ လက်ဖျားလေးနဲ့သာ ထိလိုက်ခြင်းဖြစ်သော်လည်း ဂျုံးဂုမှာတော့ ကျင်စက်နဲ့တို့လိုက်သလိုပင် ကျင်ခနဲဖြစ်သွားသည့်အပြင် ကြက်သီးမွေးညင်းများတွေပင် ထသွားသည်။ သို့ရာတွင် ထူးခြားစွာ သူမလက်ဖျားလေးတွေဟာ အေးစက်နေပါလား...။


"ရေခဲတုံးကျနေရောပဲမလား"

"အေး... ဘယ်လိုဖြစ်တာလဲ"

"ငါက စိတ်လှုပ်ရှားရင်အဲ့လိုပဲ... ခြေဖျားလက်ဖျားတွေ အေးစက်လာတယ်"


အွန်းဘီက ထိထားသည့်လက်ကို ပြန်အရုတ် ဂျုံးဂု ဖမ်းဆွဲကာ သူမလက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆုတ်ကိုင်ထားလိုက်သည်။ အွန်းဘီက မျက်လုံးဝိုင်းရုံမက ပါးစပ်ပါအဟောင်းသားနဲ့ အံ့သြနေသည်။


"နင် ရူးနေလား"

"နည်းနည်းလေးတော့ အေးတာလျော့သွားမှာပါ"


အွန်းဘီက အတင်းရုန်းထွက်နေပေမယ့် သူကတော့ သူမလက်ဖဝါးလေးအား အတင်းပင်ချူပ်ကိုင်ထားမိသည်။ အွန်းဘီ မျက်နှာတွေပင် ပျက်သွားသည်။ presentationအတွက် ခေါင်းထဲမနည်းရိုက်ထည့်ထားရသည့်စာတွေပင် ကြက်ပျောက်ငှက်ပျောက်။


"အဟမ်း"

"အာ... နမ်ဂျွန်းရှီ"

"ဒီအဖွဲ့ပြီးရင် ငါတို့အလှည့်နော်"


ဘေးနားရှိ နမ်ဂျွန်း၏ ချောင်းဟန့်သံကြောင့် ဂျုံးဂုယောင်ရမ်းပြီး သူမလက်ကို လွှတ်ပေးလိုက်တော့သည်။ အွန်းဘီလည်း လွတ်တာနဲ့ တစ်ချိုးတည်းကို ပြေးတော့တာ။ စာများကို ဖတ်နေသော်လည်း စာထဲစိတ်က ရောက်တစ်ချက်၊ မရောက်တစ်ချက်။ အွန်းဘီ ရင်ဘက်လေးကိုဖိကာ ခပ်တိုးတိုးညည်းမိလိုက်သည်။


"ငါ စာတွေမေ့မှာစိုးတာနဲ့ ရင်တွေတောင် အရမ်းခုန်နေတယ်"





===============





နမ်ဂျွန်းက မိန့်မိန့်ကြီးနဲ့ ပါးချိုင့်ကြီးခွက်အောင်ကိုပင် ပြုံးနေသည်။ ကျန်သည့်သူများမှာလည်း စိတ်တွေအကုန်ချမ်းသာလို့။ သူတို့အဖွဲ့ကို အကောင်းဆုံးလို့ ဆရာမက သိသိသာသာချီးကျူးသွားသည်လေ။


"မင်းနဲ့ ဂျုံးဂုသာမကယ်ရင် ငါတို့အဖွဲ့မလွယ်ဘူး... တကယ်ဆရာကြီးတွေ"


အဖွဲ့ထဲမှ ကင်ဂျယ်ဟွန်းဆိုသည့်တစ်ယောက်က ထပြောသည်။ အကုန်လုံးရယ်နိုင်သော်လည်း အွန်းဘီသာ အတန်ငယ် ရှိုးတို့ရှန့်တန့်ဖြစ်နေမိသည်။ presentationလုပ်တုန်းက အမှားအယွင်းတော့ မဖြစ်ခဲ့ပေမယ့် အသံတွေတုန်နေခဲ့မိသည်မလား။ အရမ်းကြီးကျယ်တဲ့အမှားတော့မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို အကောင်းဆုံးမလုပ်နိုင်သလို ခံစားနေရသည်လေ။


"ငါ ခေါင်းနည်းနည်းကိုက်နေလို့ စောစောပြန်တော့မယ် ဒီနေ့တော့"


အွန်းဘီ နောက်တစ်ချိန်ဆက်မတက်တော့ဘဲ ပြန်ရန်ပြင်မိလိုက်သည်။ အချိန်စာရင်းကို ကြည့်လိုက်တော့လည်း accountingဆိုတော့ အတန်းထဲဆက်ထိုင်နေလည်း ငိုက်နေမှာဆိုတော့ အိမ်ပြန်ပြီးပဲ အိပ်တော့မယ်လေ။ အွန်းဘီ အဖွဲ့ထဲက လူတွေကို ပြုံးပြနှုတ်ဆက်လိုက်ရင်း ဂျုံးဂုနဲ့မျက်လုံးချင်းအဆုံတွင် လူက ဇက်ကလေးပင် ပုသွားမိသည်။ လီအွန်းဘီ နင်စိတ်နဲ့လူနဲ့ကပ်စမ်း...။

နေရာမှထကာ နောက်တစ်ချိန် ဆရာမဝင်မလာခင် ကော်ရစ်တာပေါ်သို့ ခက်သွက်သွက် လျှောက်လာမိသည်။ စိတ်ထဲမှာလည်း ဘာတွေဖြစ်လို့ ဖြစ်နေမှန်းမသိ။ ရှုပ်ထွေးနေသလိုလို၊ လေးလံနေသယောင်ယောင်ပင်။


"အွန်းဘီ... ခဏ"

"ဟင်... ဘာလို့လဲ"


အနောက်မှ ပြေးလိုက်လာသည့် ဂျုံးဂုကြောင့် ကြောင်အမ်းအမ်းပင် ဖြစ်သွားမိသည်။ ဘာပစ္စည်းများ ကျန်ခဲ့လို့လဲဟုပင် အပြေးအလွှားစဉ်းစားလိုက်တော့ ဘာမှတော့မကျန်ခဲ့။


"နေမကောင်းလို့လား"

"မဟုတ်ပါဘူး... ညက ကောင်းကောင်းအိပ်မပျော်တာနဲ့ ခေါင်းနည်းနည်းကိုက်ချင်"


စကားပင်မဆုံးသေး နဖူးပေါ်သို့ကျလာသည့် လက်တစ်ဖက်ကြောင့် အွန်းဘီ ပြောလက်စစကားတို့ပင် ဆက်ထွက်မလာတော့။ Jeon Jungkook ဒီရက်ပိုင်း ဘာတွေဖြစ်နေတာလဲ...။


"ကိုယ်လည်း မပူပါဘူး"

"ငါ မဖျားပါဘူးဆို"

"ဒါဆို ဘာလို့ပြန်လဲ"

"ခေါင်းကိုက်လို့"


အွန်းဘီ၏ ခပ်ပြတ်ပြတ်လေသံကြောင့် ဂျုံးဂု သူမနဖူးကို စမ်းနေရာမှ ဖယ်လိုက်ရင်း သက်ပြင်းချလိုက်မိသည်။ သူမ စာမရသည့်ဘာသာဖြစ်တာကြောင့် မပြန်စေချင်သည်ကအမှန်။ သို့သော်လည်း ယခုအခြေအနေအရ တား၍လည်းရမည်မဟုတ်။


"ဆရာမ ဝင်တော့မှာမလား... နင်အခန်းထဲဝင်တော့လေ၊ ငါလည်းသွားပြီ"

"ခဏ"


အွန်းဘီ နှုတ်ဆက်စကားကို ခပ်မြန်မြန်ပြောရင်း လှည့်အထွက် သူမလက်မောင်းကို ဖမ်းဆွဲလိုက်တဲ့ဂျုံးဂုကြောင့် အွန်းဘီ ဒေါသတို့ ထောင်းခနဲထွက်သွားမိသည်။


"ဘာလဲ... ပြောစရာရှိရင် ပါးစပ်နဲ့ပြောပါ့လား"

"ညကျရင် ဖုန်းဆက်"

"ဘာ..."

"ငါ သေချာ notesမှတ်ပေးထားမှာမို့လို့... ညကျရင် ငါ့ကို ဖုန်းဆက်... ဟုတ်ပြီလား"


သူမ၏ ဒေါသသံကြောင့် ဂျုံးဂု အတတ်နိုင်ဆုံးချော့ပြောလိုက်ရင်း ဆွဲကိုင်ထားမိသော သူ့လက်တို့ကို အသာလေးဖြေလျော့ပေးလိုက်သည်။ အွန်းဘီက ဘာမှပြန်မပြောဘဲ ခေါင်းသာတစ်ချက်ဆတ်ပြကာ ထွက်သွားလျက်။





===============





စာကြည့်စားပွဲပေါ်တွင် မျက်နှာအပ်ထိုင်ကာ တွေဝေနေမိသည်။ နေ့ခင်းက တစ်ရေးတစ်မောအိပ်ပြီးသော်လည်း လူက လန်းဆန်းမနေ။ အတွေးထဲသို့လည်း မဖိတ်ခေါ်ဘဲ ဝင်ဝင်လာသော ဂျုံးဂု၏အကြောင်းများ။ အွန်းဘီ မျက်နှာအပ်ထားရက်နဲ့ပင် ခေါင်းကို တွင်တွင်ခါလိုက်သည်။


"လီအွန်းဘီ... နင်စိတ်လွတ်သွားတာလား"


ကိုယ့်ကိုယ်ကို သတိပေးစကားပြောမိသည်။ ဂျုံးဂုဆိုတာ ကျောင်းတက်ရင်းနဲ့မှ ခင်လာတဲ့သူငယ်ချင်း။ သဘောကောင်းသည်။ သူမအပေါ်နားလည်သည် ဒီလောက်ပဲ။


"ဒါဆို ဘာလို့ ငါ့ကို..."


အွန်းဘီ ဆက်မပြောဘဲ ရပ်သွားသည်။ သူမအပေါ်တွင်မှ သက်သက်အသားယူနေသည်ဟုလည်း မပြောချင်။ သူ့တွင်အဲ့လိုလက်သရမ်းတတ်သောအကျင့်ရှိသလားဟု တွေးရအောင်လည်း ဘယ်ကောင်မလေးကို လက်လိုက်ကိုင်နေလဲ သေချာလည်းမကြည့်နိုင်အား။ လောလောဆယ် ဂျုံးဂုနဲ့ အနီးဆုံး ပြောဆိုဆက်ဆံနေသည်မှာလည်း သူမသာရှိသည်။



... Tong...



ဖုန်း၏ နိုတီဝင်သည့် အသံကြောင့် အွန်းဘီ စာကြည့်စားပွဲကို မျက်နှာအပ်ထားရာမှ ခေါင်းထောင်ကာ ကြည့်လိုက်သည်။


(u ok?)
(Call me if u r free)


တကူးတက msgပင်ပို့ကာ ပြောသောကြောင့် အွန်းဘီ call buttonကို နှိပ်ရန် လက်ရွယ်လိုက်ပြီးကာ တွန့်ဆုတ်နေမိပြန်သည်။ ချက်ချင်းမခေါ်သေးဘဲ ခဏလောက်ပဲ ထပ်စောင့်ကြည့်ရမလား ဝေခွဲမရ။

စာကြည့်စားပွဲတွင် ထိုင်နေရာမှထကာ ခုတင်ပေါ်တွင် လှဲချလိုက်မိပြန်သည်။ ဖုန်းလေးတစ်ကောလ်ဆက်ဖို့ရန် ဤမျှထိ တစ်ခါမှ မတွေဝေခဲ့ဖူး။ ငါတော့ ရူးနေပြီထင်တယ်ဟု တွေးမိသည်ကတစ်မျိုး၊ ခေါင်းအုံးကြီးဖက်ပြီး ခုတင်ပေါ် ဟိုလှိမ့်ဒီလှိမ့် လုပ်နေမိသည်ကတစ်ဖုံဖြင့် ဂဏာမငြိမ်တွေဖြစ်နေသည်။

နောက်ဆုံး သူခိုင်းတိုင်းလုပ်စရာမလိုဟူသည့် မာနအရင်းခံသော ဆုံးဖြတ်ချက်ကြောင့် ထိုနေ့ညက သူမ ဖုန်းမခေါ်ဖြစ်ခဲ့မိ...။



🔸🔸🔸🔸🔸


Unedited

23/07/2018



~~~~~



(Zawgyi)


"ငါ အရမ္းလန္႔ေနၿပီ"


လက္ထဲ႐ွိ စာရြက္အပိုင္းေလးနဲ႔ ယပ္ခက္ရင္း ရင္ဘက္ေလးကိုဖိကာ ေျပာလာသည့္ အြန္းဘီေၾကာင့္ ဂ်ံဳးဂု မိမိေျပာရမည့္အပိုင္းကို ဖတ္ေနရာကေန ေခါင္းေထာင္လာမိသည္။ အြန္းဘီေျပာလည္း ေျပာခ်င္စရာ ဒီေန႔က သူတို႔ presentationလုပ္ရမည့္ေန႔။ ဒါေပမယ့္ သူမပံုစံၾကည့္ေတာ့ျဖင့္ ေၾကာက္ေနသည့္ပံုေတာင္မေပါက္။


"နင့္ၾကည့္ေတာ့ ဘာမွမျဖစ္သလိုနဲ႔"


ဂ်ံဳးဂု ျပန္ေျပာလိုက္ေတာ့ သူမကအနားကိုေလွ်ာက္လာကာ သူ႔လက္ကို လက္ဖ်ားေလးနဲ႔ လာထိသည္။ အြန္းဘီကေတာ့ လက္ဖ်ားေလးနဲ႔သာ ထိလိုက္ျခင္းျဖစ္ေသာ္လည္း ဂ်ံဳးဂုမွာေတာ့ က်င္စက္နဲ႔တို႔လိုက္သလိုပင္ က်င္ခနဲျဖစ္သြားသည့္အျပင္ ၾကက္သီးေမြးညင္းမ်ားေတြပင္ ထသြားသည္။ သို႔ရာတြင္ ထူးျခားစြာ သူမလက္ဖ်ားေလးေတြဟာ ေအးစက္ေနပါလား...။


"ေရခဲတံုးက်ေနေရာပဲမလား"

"ေအး... ဘယ္လိုျဖစ္တာလဲ"

"ငါက စိတ္လႈပ္႐ွားရင္အဲ့လိုပဲ... ေျခဖ်ားလက္ဖ်ားေတြ ေအးစက္လာတယ္"


အြန္းဘီက ထိထားသည့္လက္ကို ျပန္အ႐ုတ္ ဂ်ံဳးဂု ဖမ္းဆဲြကာ သူမလက္ကို ရည္ရြယ္ခ်က္႐ွိ႐ွိျဖင့္ ဆုတ္ကိုင္ထားလိုက္သည္။ အြန္းဘီက မ်က္လံုးဝိုင္းရံုမက ပါးစပ္ပါအေဟာင္းသားနဲ႔ အံ့ၾသေနသည္။


"နင္ ႐ူးေနလား"

"နည္းနည္းေလးေတာ့ ေအးတာေလ်ာ့သြားမွာပါ"


အြန္းဘီက အတင္း႐ုန္းထြက္ေနေပမယ့္ သူကေတာ့ သူမလက္ဖဝါးေလးအား အတင္းပင္ခ်ဴပ္ကိုင္ထားမိသည္။ အြန္းဘီ မ်က္ႏွာေတြပင္ ပ်က္သြားသည္။ presentationအတြက္ ေခါင္းထဲမနည္းရိုက္ထည့္ထားရသည့္စာေတြပင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္။


"အဟမ္း"

"အာ... နမ္ဂြၽန္း႐ွီ"

"ဒီအဖဲြ႔ၿပီးရင္ ငါတို႔အလွည့္ေနာ္"


ေဘးနား႐ွိ နမ္ဂြၽန္း၏ ေခ်ာင္းဟန္႔သံေၾကာင့္ ဂ်ံဳးဂုေယာင္ရမ္းၿပီး သူမလက္ကို လႊတ္ေပးလိုက္ေတာ့သည္။ အြန္းဘီလည္း လြတ္တာနဲ႔ တစ္ခ်ိဳးတည္းကို ေျပးေတာ့တာ။ စာမ်ားကို ဖတ္ေနေသာ္လည္း စာထဲစိတ္က ေရာက္တစ္ခ်က္၊ မေရာက္တစ္ခ်က္။ အြန္းဘီ ရင္ဘက္ေလးကိုဖိကာ ခပ္တိုးတိုးညည္းမိလိုက္သည္။


"ငါ စာေတြေမ့မွာစိုးတာနဲ႔ ရင္ေတြေတာင္ အရမ္းခုန္ေနတယ္"





===============





နမ္ဂြၽန္းက မိန္႔မိန္႔ႀကီးနဲ႔ ပါးခ်ဳိင့္ႀကီးခြက္ေအာင္ကိုပင္ ျပံဳးေနသည္။ က်န္သည့္သူမ်ားမွာလည္း စိတ္ေတြအကုန္ခ်မ္းသာလို႔။ သူတို႔အဖဲြ႔ကို အေကာင္းဆံုးလို႔ ဆရာမက သိသိသာသာခ်ီးက်ဴးသြားသည္ေလ။


"မင္းနဲ႔ ဂ်ံဳးဂုသာမကယ္ရင္ ငါတို႔အဖဲြ႔မလြယ္ဘူး... တကယ္ဆရာႀကီးေတြ"


အဖဲြ႔ထဲမွ ကင္ဂ်ယ္ဟြန္းဆိုသည့္တစ္ေယာက္က ထေျပာသည္။ အကုန္လံုးရယ္ႏိုင္ေသာ္လည္း အြန္းဘီသာ အတန္ငယ္ ရႈိးတို႔႐ွန္႔တန္႔ျဖစ္ေနမိသည္။ presentationလုပ္တုန္းက အမွားအယြင္းေတာ့ မျဖစ္ခဲ့ေပမယ့္ အသံေတြတုန္ေနခဲ့မိသည္မလား။ အရမ္းႀကီးက်ယ္တဲ့အမွားေတာ့မဟုတ္ေပမယ့္ ကိုယ့္ကိုယ္ကို အေကာင္းဆံုးမလုပ္ႏိုင္သလို ခံစားေနရသည္ေလ။


"ငါ ေခါင္းနည္းနည္းကိုက္ေနလို႔ ေစာေစာျပန္ေတာ့မယ္ ဒီေန႔ေတာ့"


အြန္းဘီ ေနာက္တစ္ခ်ိန္ဆက္မတက္ေတာ့ဘဲ ျပန္ရန္ျပင္မိလုိက္သည္။ အခ်ိန္စာရင္းကို ၾကည့္လိုက္ေတာ့လည္း accountingဆိုေတာ့ အတန္းထဲဆက္ထိုင္ေနလည္း ငိုက္ေနမွာဆိုေတာ့ အိမ္ျပန္ၿပီးပဲ အိပ္ေတာ့မယ္ေလ။ အြန္းဘီ အဖဲြ႔ထဲက လူေတြကို ျပံဳးျပႏႈတ္ဆက္လိုက္ရင္း ဂ်ံဳးဂုနဲ႔မ်က္လံုးခ်င္းအဆံုတြင္ လူက ဇက္ကေလးပင္ ပုသြားမိသည္။ လီအြန္းဘီ နင္စိတ္နဲ႔လူနဲ႔ကပ္စမ္း...။

ေနရာမွထကာ ေနာက္တစ္ခ်ိန္ ဆရာမဝင္မလာခင္ ေကာ္ရစ္တာေပၚသို႔ ခက္သြက္သြက္ ေလွ်ာက္လာမိသည္။ စိတ္ထဲမွာလည္း ဘာေတြျဖစ္လို႔ ျဖစ္ေနမွန္းမသိ။ ရႈပ္ေထြးေနသလိုလို၊ ေလးလံေနသေယာင္ေယာင္ပင္။


"အြန္းဘီ... ခဏ"

"ဟင္... ဘာလို႔လဲ"


အေနာက္မွ ေျပးလိုက္လာသည့္ ဂ်ံဳးဂုေၾကာင့္ ေၾကာင္အမ္းအမ္းပင္ ျဖစ္သြားမိသည္။ ဘာပစၥည္းမ်ား က်န္ခဲ့လို႔လဲဟုပင္ အေျပးအလႊားစဥ္းစားလိုက္ေတာ့ ဘာမွေတာ့မက်န္ခဲ့။


"ေနမေကာင္းလို႔လား"

"မဟုတ္ပါဘူး... ညက ေကာင္းေကာင္းအိပ္မေပ်ာ္တာနဲ႔ ေခါင္းနည္းနည္းကိုက္ခ်င္"


စကားပင္မဆံုးေသး နဖူးေပၚသို႔က်လာသည့္ လက္တစ္ဖက္ေၾကာင့္ အြန္းဘီ ေျပာလက္စစကားတို႔ပင္ ဆက္ထြက္မလာေတာ့။ Jeon Jungkook ဒီရက္ပိုင္း ဘာေတြျဖစ္ေနတာလဲ...။


"ကိုယ္လည္း မပူပါဘူး"

"ငါ မဖ်ားပါဘူးဆို"

"ဒါဆို ဘာလို႔ျပန္လဲ"

"ေခါင္းကိုက္လို႔"


အြန္းဘီ၏ ခပ္ျပတ္ျပတ္ေလသံေၾကာင့္ ဂ်ံဳးဂု သူမနဖူးကို စမ္းေနရာမွ ဖယ္လိုက္ရင္း သက္ျပင္းခ်လိုက္မိသည္။ သူမ စာမရသည့္ဘာသာျဖစ္တာေၾကာင့္ မျပန္ေစခ်င္သည္ကအမွန္။ သို႔ေသာ္လည္း ယခုအေျခအေနအရ တား၍လည္းရမည္မဟုတ္။


"ဆရာမ ဝင္ေတာ့မွာမလား... နင္အခန္းထဲဝင္ေတာ့ေလ၊ ငါလည္းသြားၿပီ"

"ခဏ"


အြန္းဘီ ႏႈတ္ဆက္စကားကို ခပ္ျမန္ျမန္ေျပာရင္း လွည့္အထြက္ သူမလက္ေမာင္းကို ဖမ္းဆဲြလိုက္တဲ့ဂ်ံဳးဂုေၾကာင့္ အြန္းဘီ ေဒါသတို႔ ေထာင္းခနဲထြက္သြားမိသည္။


"ဘာလဲ... ေျပာစရာ႐ွိရင္ ပါးစပ္နဲ႔ေျပာပါ့လား"

"ညက်ရင္ ဖုန္းဆက္"

"ဘာ..."

"ငါ ေသခ်ာ notesမွတ္ေပးထားမွာမို႔လို႔... ညက်ရင္ ငါ့ကို ဖုန္းဆက္... ဟုတ္ၿပီလား"


သူမ၏ ေဒါသသံေၾကာင့္ ဂ်ံဳးဂု အတတ္ႏိုင္ဆံုးေခ်ာ့ေျပာလိုက္ရင္း ဆဲြကိုင္ထားမိေသာ သူ႔လက္တို႔ကို အသာေလးေျဖေလ်ာ့ေပးလိုက္သည္။ အြန္းဘီက ဘာမွျပန္မေျပာဘဲ ေခါင္းသာတစ္ခ်က္ဆတ္ျပကာ ထြက္သြားလ်က္။





===============





စာၾကည့္စားပဲြေပၚတြင္ မ်က္ႏွာအပ္ထိုင္ကာ ေတြေဝေနမိသည္။ ေန႔ခင္းက တစ္ေရးတစ္ေမာအိပ္ၿပီးေသာ္လည္း လူက လန္းဆန္းမေန။ အေတြးထဲသို႔လည္း မဖိတ္ေခၚဘဲ ဝင္ဝင္လာေသာ ဂ်ံဳးဂု၏အေၾကာင္းမ်ား။ အြန္းဘီ မ်က္ႏွာအပ္ထားရက္နဲ႔ပင္ ေခါင္းကို တြင္တြင္ခါလိုက္သည္။


"လီအြန္းဘီ... နင္စိတ္လြတ္သြားတာလား"


ကိုယ့္ကိုယ္ကို သတိေပးစကားေျပာမိသည္။ ဂ်ံဳးဂုဆိုတာ ေက်ာင္းတက္ရင္းနဲ႔မွ ခင္လာတဲ့သူငယ္ခ်င္း။ သေဘာေကာင္းသည္။ သူမအေပၚနားလည္သည္ ဒီေလာက္ပဲ။


"ဒါဆို ဘာလို႔ ငါ့ကို..."


အြန္းဘီ ဆက္မေျပာဘဲ ရပ္သြားသည္။ သူမအေပၚတြင္မွ သက္သက္အသားယူေနသည္ဟုလည္း မေျပာခ်င္။ သူ႔တြင္အဲ့လိုလက္သရမ္းတတ္ေသာအက်င့္႐ွိသလားဟု ေတြးရေအာင္လည္း ဘယ္ေကာင္မေလးကို လက္လိုက္ကိုင္ေနလဲ ေသခ်ာလည္းမၾကည့္ႏိုင္အား။ ေလာေလာဆယ္ ဂ်ံဳးဂုနဲ႔ အနီးဆံုး ေျပာဆိုဆက္ဆံေနသည္မွာလည္း သူမသာ႐ွိသည္။



... Tong...



ဖုန္း၏ ႏိုတီဝင္သည့္ အသံေၾကာင့္ အြန္းဘီ စာၾကည့္စားပဲြကို မ်က္ႏွာအပ္ထားရာမွ ေခါင္းေထာင္ကာ ၾကည့္လိုက္သည္။


(u ok?)
(Call me if u r free)


တကူးတက msgပင္ပို႔ကာ ေျပာေသာေၾကာင့္ အြန္းဘီ call buttonကို ႏွိပ္ရန္ လက္ရြယ္လိုက္ၿပီးကာ တြန္႔ဆုတ္ေနမိျပန္သည္။ ခ်က္ခ်င္းမေခၚေသးဘဲ ခဏေလာက္ပဲ ထပ္ေစာင့္ၾကည့္ရမလား ေဝခဲြမရ။

စာၾကည့္စားပဲြတြင္ ထိုင္ေနရာမွထကာ ခုတင္ေပၚတြင္ လွဲခ်လိုက္မိျပန္သည္။ ဖုန္းေလးတစ္ေကာလ္ဆက္ဖို႔ရန္ ဤမွ်ထိ တစ္ခါမွ မေတြေဝခဲ့ဖူး။ ငါေတာ့ ႐ူးေနၿပီထင္တယ္ဟု ေတြးမိသည္ကတစ္မ်ိဳး၊ ေခါင္းအံုးႀကီးဖက္ၿပီး ခုတင္ေပၚ ဟိုလွိမ့္ဒီလွိမ့္ လုပ္ေနမိသည္ကတစ္ဖံုျဖင့္ ဂဏာမၿငိမ္ေတြျဖစ္ေနသည္။

ေနာက္ဆံုး သူခိုင္းတိုင္းလုပ္စရာမလိုဟူသည့္ မာနအရင္းခံေသာ ဆံုးျဖတ္ခ်က္ေၾကာင့္ ထိုေန႔ညက သူမ ဖုန္းမေခၚျဖစ္ခဲ့မိ...။



🔸🔸🔸🔸🔸


Unedited

23/07/2018

Continue Reading

You'll Also Like

89.3K 9.7K 31
Cast - Min Yoongi x OC Genre - Romance
95.4K 8.9K 36
ᴊᴜɴɢᴋᴏᴏᴋ × ʀᴇᴀᴅᴇʀ " You know that I can't show you me, give you me" ᴘʟᴇᴀsᴇ sᴜᴘᴘᴏʀᴛ ᴍᴇ, ᴍʏ ʀᴇᴀᴅᴇʀs? Finished on 7th May, 2019
1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
20.7K 2.2K 42
ခေါက်ဆွဲလိုက်ပို့တဲ့ ကောင်မလေးဟာ တနေ့တော့ လူချမ်းသာတွေချည်း တက်တဲ့ ရှင်းဟွှာကျောင်းက ဥက္ခဋ္ဌကြီးအား အန္တရာယ်များကနေ ကယ်တင်ခဲ့ပြီးနောက် ဥက္ခဠကြီးဟာ ထိ...