Zawgyi
တိတ္ဆိတ္ေနတဲ့အခန္း.....
ခပ္ဖြာဖြာက်ေရာက္ေနတဲ့လေရာင္ပါးပါး.....
တိမ္အခ်ိဳ႕ေျပးယွက္ေနတဲ့ေကာင္းကင္ျပင္မွာၾကယ္ေရာင္ကလည္း႐ွားသည္...
ျပတင္းတံခါးကေနတဆင့္ျဖာဝင္က်ေရာက္တဲ့လေရာင္ဟာပိုးစရဲရဲေပၚမွာအိပ္ေမာက်ေနတဲ့လူသားတစ္ေယာက္ေပၚသို႔ဟိုတစ္ကြက္ဒီတစ္ကြက္က်ေရာက္သည္...
ခန္းစီးကတခ်ိဳ႕ကေလညႇင္းေဆာင္လို႔ေရြ႔လွ်ားၾကတဲ့အခါတိုင္း...ထြန္းညႇိထားတဲ့ဖေယာင္းတိုက္မီးမွိန္မွိန္ကလည္းေမွာင္က်ေတာ့မလို........
အိပ္ေမာက်ေနတဲ့ေကာင္ေလးရဲ႕မ်က္ႏွာမူရာအရပ္မွာစာေပလႊာကိုကိုင္လ်က္ရပ္ေနတဲ့သူတစ္ဦး...
အနက္ေရာင္ဝတ္စံုျပည့္ႏွင့္ညာဘက္လက္ကေပလႊွာတစ္ခု...ဘယ္ဘက္လက္ကဓား႐ွည္တစ္ေခ်ာင္းကိုလြယ္ထားသည္
သူရပ္ၾကည့္ေနသည္မွာအခ်ိန္ကာလအားျဖင့္နည္းေတာ့သည္မဟုတ္...
ႏူးညံ့ ရိပ္တစ္စံုတစ္ရာမ႐ွိတဲ့မ်က္ႏွွာျပင္....အ႐ွိန္အဝါအျပည့္႐ွိေသာ႐ုပ္လႊာအေနအထား....
ခံစားခ်က္မဲ့ခ်င္ေယာင္ေဆာင္ထားေသာမ်က္လံုးအိမ္ေတြဆီကေဆြးရိပ္ေတြ...
မည္သူမည္ဝါခံစားရေပမည္မသိႏိုင္ေသာကစားပြဲတစ္ခုမွာ....ပြဲမစခင္ကယိုင္နဲ႔ခ်င္ေနတဲ့ႏွလံုးသား
ပိုးတိုးတိုက္ခတ္လာတဲ့ေလအ႐ွိန္ေၾကာင့္ဟုတ္ခနဲၿငိမ္းမလိုျဖစ္သြားတဲ့အလင္းေရာင္ေၾကာင့္ေကာင္ေလးမ်က္ႏွာကိုပိုျမင္ရေစရန္သူ႔ေျခလွမ္းတို႔ေ႐ွ႕တိုးမိသည္
မ်က္ခြံမို႔မို႔ဆီသို႔လက္ေခ်ာင္းေတြပို႔ရန္ရည္ရြယ္မိေပမဲ့.....မည္သို႔ေသာတားဆီးခ်က္တစ္ရံုတစ္ရာမွမ႐ွိပါဘဲလက္ေခ်ာင္းတို႔ကရပ္တန္႔ကုန္သည္
လက္တစ္ကမ္းအားထုတ္လိုက္လ်ွင္မိပါလ်က္...သူစိုးထိတ္မိသည္
မမွီရာလွမ္းေနရသလို
မထိုက္တန္တဲ့ပန္းတစ္ပြင့္ကိုခူးဖို႔မရဲတဲ့အခါပန္းရဲ႕ျမင့္မားမႈကိုအျပစ္ဖြဲ႔ဆိုလိုက္လို႔ရသည္
သူ႔အျဖစ္က...လက္ထဲေႂကြက်ခ်င္ေနတဲ့တန္ဖိုးႀကီးပန္းကိုမဖမ္းဆုပ္ခ်င္တဲ့အျဖစ္
တကယ္ မဖမ္းဆုပ္ရဲတာလည္းျဖစ္ႏိုင္သည္
တကယ္လို္႔...ပန္းေလးကိုလက္မခံခဲ့မိေသာ္....အေႂကြပန္းေလးကိုဘယ္သူဘယ္ဝါေတြက..နင္းေျခၾကအုန္းမွာလည္း...
ထိုအေတြးဆိုးတို႔ဝင္တဲ့အခါ.....ရင္ထဲသံရည္ပူတို႔ေလာင္းခ်သလို..အ႐ွိန္အဟုန္နဲ႔လည္းပူသည္
တကယ္ဆိုသူမပန္ခ်င္တဲ့ပန္းကိုလက္လႊတ္လိုက္ၿပီးေနာက္....ထိုပန္းအေပၚမက္ေမာမႈတို႔မထားသင့္ပါလ်ွက္
သို႔တည္းမဟုတ္...ကိုယ္တိုင္ကပဲပန္ခ်င္ပါလ်က္ျငင္းေနမိသည္လည္းျဖစ္ႏိုင္သည္
အခ်က္ေပးနာရီသံတစ္ခုသည္Hanuနန္းေတာ္တစ္ခြင္...ခပ္သဲ့သဲ့ပ်ံ့ႏွံ႔သည္..
ဥာဥ့္နက္မွအိပ္တန္းဝင္တတ္ေပေသာငွက္တစ္မ်ိဳးရဲ႕ေအာ္ညည္းသံအဆံုး....သူဆံုးျဖတ္ခ်က္တစ္ခုခ်သည္....
.............................................................
Hanuနန္းတံခါးကိုေက်ာ္လြန္ၿပီး ဒြယ္ဆာ ေတာအုပ္ထဲေျပးလႊားေနတဲ့အရိပ္ေတြ.....
လဆုပ္ရက္မို႔လေရာင္နည္းပါးတဲ့အျပင္အရိပ္ႀကီးလွတဲ့အပင္ႀကီးေတြေၾကာင့္ေမွာင္ပိန္းလွတဲ့ေတာအုပ္အတြင္း....ခပ္မွန္မွန္..ခပ္ျမန္ျမန္လႈပ္႐ွားမႈေတြ..
ေျခလွမ္းတို႔ေျမျပင္ေပၚခ်လိုက္တိုင္း...တေျဖာက္ေျဖာက္ျမည္တဲ့သစ္ကိုင္းေခ်ာက္တို္႔ရဲ႕ အနိစၥေအာ္ျမည္သံေတြ..
တစ္ႀကိမ္တစ္ခါမွမၾကံဳဘူးေသာ...ေျပးလႊားျခင္းေၾကာင့္....ေမာပန္းမႈတို့္ကအလြန္တရာ...
တန္ဖိုးႀကီးပိုးရံုဝတ္စံုသည္လည္းမည္သို႔မည္ပံု႐ွိလိမ့္မည္ရယ္မသိ
တၿဗိၿဗိအသံနဲ႔အတူ....ဆြဲပါသြားတဲ့ခံစားခ်က္.....
ဘယ္ဘက္ေျခခ်င္းဝတ္ဆီကေအာင့္သက္သက္နာၾကင္မႈ႐ွိေပေသာ္ျငား..ညာဘက္လက္အစံုကိုဆုပ္ကိုင္ထားတဲ့လက္ဝါးျပင္ေႏြးေႏြးတို႔အေၾကာင္းေတြးမိတဲ့အခါနာၾကင္မႈတို႔က ၾကားဖူးေနက် ခ်စ္ခ်င္းဖြဲ႔ကဗ်ာေတြနဲ႔ခပ္ဆင္ဆင္တူသည္
မျမင္ႏိုင္ေသာအရာေတြၾကား....မိမိလက္ကိုဆုပ္ကိုင္ထားသူကိုယံုၾကည္မိလိုက္ေသာအခါ..ဘယ္တုန္းကမွမၾကံဳဘူးေသးေသာ..အလင္းတည္းဟူေသာျမင့္ျမတ္သည့္အရာတစ္ခုသည္...ႏွလံုးသားဆီသို႔ဝင္သည္
ေက်းဇူးတင္ပါတယ္.......
ေက်းဇူးတင္ပါတယ္Xing......
မက္ခဲ့ဖူးေသာအိပ္မက္တစ္ပိုင္းတစ္စေတြမွာပစ္ခ်ထားခဲ့ေပမဲ့....မယံုၾကည္ႏိူင္စရာေကာင္းေလာက္ေအာင္ပဲလက္ေတြ႔တည္႐ွိမႈတစ္ရပ္မွာ.......မိမိလက္ကိုသူလႊတ္မခ်ခဲ့.....
အနာဂတ္တို႔တည္႐ွိမႈဟာ...မ်က္မျမင္လူသားတစ္ေယာက္အတြက္ေဝ့ဝါးသည္ဆိုတာထက္ပိုသည္...
အေမွာင္အတိႏွွင့္.......အတားအဆီးတို႔သည္လည္း....မိုက္႐ူးရဲဆန္စြာပဲမျမင္ရသူေ႐ွ႕တားဆီးေလ့႐ွိသည္....
ျငင္သာစြာႏိႈးလာတဲ့လက္အစံုၾကားသူထလာမိတဲ့အစ
"သြားစို႔ Jun Myeon"ဆိုေသာစကားဆံုးတဲ့အခါ.....ထာဝရလို႔မွတ္ယူထားမိတဲ့ျဖဴစင္ေသာခ်စ္ျခင္းေမတၱာဓာတ္တို႔ကိုေျခစုန္ကန္ၿပီးသူထြက္လာခဲ့သည္....
ေတာင္းပန္ပါသည္....ခ်စ္တဲ့ခမည္းေတာ္..မယ္ေတာ္...အစ္မေတာ္....မယ္ေတာ္ႀကီး....
အေတြးတို႔ကိုလက္စမသတ္ပဲေျပးရာေျခလွမ္းတို႔ေနာက္လိုက္ပါေနတုန္း....နားနားမွကပ္ကာျဖတ္သန္းမႈတစ္စံုတစ္ရာ
ခ်စ္ရေသာသူရဲ႕...နာၾကင္စြာညည္းညဴမႈစတ္ခု...
ခပ္ေဝးေဝးဆီမွ...မ်ားျပားလွေသာမသဲမကြဲအသံေတြ...
အေဖာ္ပါလာသူXianရဲ႕"ရရဲ႕လားသခင္ေလး" ဆိုတဲ့စကားဆံုးေသာ...စိုးရိမ္မႈတို႔ကအထြဋ္အထိပ္ေရာက္သည္
ေက်းဇူးျပဳ၍ ခ်စ္ရသူနာၾကင္မႈကင္းပါေစ
မျမင္ရေသာ အႏၱရာယ္တို႔ၾကံဳတဲ့အခါ...ေဘးမွခ်စ္ရသူၾကံဳတဲ့နာၾကင္မႈတို႔ကိုေျဖသိမ့္ႏိုင္စြမ္းမဲ့ေသာ
မဟုတ္ပါ...တကယ္က....သူ႔ရဲ႕နာၾကင္မႈကိုေတာင္ျမင္ႏိုင္စြမ္းမဲ့ေသာ....
ထိုသို႔ေသာ........အတၱဆန္ဆန္ဘဝတစ္ခုကိုရထားမိသည္........
............................................................
ေအးစက္စက္ေနရာတစ္ခုလို္သာခံစားမိေသာေနရာတစ္ခု
မျမင္ႏိုင္သူမို႔ သူခ်ထားေပးတဲ့ေနရာေလးမွာအသာထိုင္မိေနရံုသာ
ေအးစက္စက္ခံစားခ်က္ေတြေၾကာင့္...ေျခေထာက္ကလမ္းမွာျခစ္မိလာတဲ့ဒဏ္ရာတခ်ိဳ႕က ကိုက္ခဲလာသလိုလို
ဒီၾကားကေဘးက ခ်စ္ရြက္ေျခာက္တို႔ကိုေျခပြတ္သံရယ္....နာၾကင္မႈေၾကာင့္ညည္းသူေနေသာခ်စ္ရသံဆိီကအသံတို႔ေၾကာင့္..စိတ္ထဲပူပန္မိသည္
Xianကိုေ႐ွ႕ေျပးျပန္ခိုင္းလိုက္ၿပီး...သူတို႔ႏွစ္ေယာက္ကက်န္ရစ္သည္
တကယ္ဆို ခင္ပြန္းသည္ရဲ႕ထိခိုက္မႈကိုသူ႔ဘက္က တတ္ႏိုင္သမ်ွကုသႏွစ္သိမ့္ေပးသင့္တာ
ခုေတာ့...ကိုယ့္အင္ကိုယ့္အားမဲ့...
သူ႔ကိုပိုၿပီးေတာ့ပင္ဝန္ထုပ္ဝန္ပိုးျဖစ္ေနေစမည္ဆိုေသာစိတ္က ေခါင္းထဲဝင္လာေတာ့ အားမလိုအားမရျဖစ္မႈတို့္ကပါဒြန္တြဲလာတဲ့အခါ အက်ႌစကိုတင္းၾကပ္စြာဆဳပ္ကိုင္ၿပီး...ေအာက္ႏွုတ္ခမ္းကိုဖိကိုက္ထားမိသည္
မ်က္ႏွာလႊဲတာမ်ိဳးမဟုတ္ပဲ....မ်က္ႏွာလႊဲဖို႔ အင္အားေတာင္မ႐ွိတာ...
ေတြးရင္သိပ္မြန္းက်ပ္လာေတာ့....တုန္ရင္ကာ႐ိႈက္မိသည္
ေပ်ာ့ညံ့ညံ့ေယာက္်ားတစ္ေယာက္မဟုတ္ပါပဲ...ခ်စ္ရတဲ့သူကိုမကာကြယ္ႏိုင္တဲ့အခါ........အဖက္ဖက္က အားနာရသည္
"ဘာလို႔ငိုတာလည္းJun Myeon" ေႏြးေထြးေသာေခၚသံနဲ႔အတူ လက္ႏွစ္ဖက္ကို ကိုင္လာတဲ့ အထိအေတြ႔
"ပင္ပန္းလို႔လား......ကိုယ္နဲ႔လိုက္လာရတာ" တိုးညႇင္းအားေဖ်ာ့စြာေမးလာတဲ့အသံအဆံုး...ေခါင္းကိုျပဳတ္ထြက္မတတ္ခါယမ္းမိသည္
မိမိလက္ေတြကိုကိုင္ထားတဲ့သူ႔လက္ႏွစ္ဖက္ကို အေပၚကေနအုပ္ကိုင္က ပါးတြင္ကပ္ထားေပးလိုက္သည္
"တစ္ေယာက္ထဲ မထားခဲ့တာအတြက္ ကြၽန္ေတာ္ေက်းဇူးတင္လို႔မဆံုးပါဘူး....ဝန္ထုပ္ဝန္ပိုးတစ္ခုကိုလႊတ္မခ်ခဲ့တဲ့အတြက္ အားနာရေပမဲ့...အတၱဆန္ဆန္ပဲေတာင္းဆိုတာ....ပစ္မထားခဲ့ပါနဲ႔.......တကယ္လို႔မ်ားဆိုရင္ ဆိုတဲ့အေတြးနဲ႔ေတာင္ ရပ္တည္ႏိုင္စြမ္းမဲ့သြားတတ္တာမို႔......ဘယ္ေလာက္ခက္ခဲတဲ့လမ္းပဲျဖစ္ျဖစ္ လမ္းခုလတ္မွာလႊတ္မခ်ထားခဲ႔ပါနဲ႔"
လက္တို႔ကိုပါးတြင္ကပ္ကာ..ငို႐ိႈက္ေနတဲ့ေကာင္ေလး...
မယံုၾကည္ႏိုင္စြာပဲ...က်ဆင္းလာေသာမ်က္ရည္ပူေတြ...
အနာကနာသည္ထက္ ရင္ထဲကနာရသည္
သူထားခဲ့မွာကိုေသမေလာက္ေၾကာက္ေနခဲ့တာမ်ား....
တကယ္လို႔သူသာထားျဖစ္ခဲ့မိရင္.....
တုန္ယင္ေနတဲ့ႏႈတ္ခမ္းပါးေတြကိုဖိ႐ိႈက္နမ္းလိုက္သည္....
မဆံုးႏိုင္ေသာမ်က္ရည္တို႔တသြင္သြင္စီးတဲ့စိုစြတ္စြတ္မ်က္လံုးအိမ္တို႔ကိုမွိတ္ခ်ပစ္တဲ့ေကာင္ေလးက..အနမ္းတို႔မွာစီးေျမာသည္
ျမတ္ႏိုးမႈတို႔အလံုးအရင္းဝင္ေရာက္ေသာအခါ..ပုခံုးဆီကဒဏ္ရာရဲ႕နာၾကင္မႈကိုေမ့ၿပီး...ရင္ခြင္ထဲကလူသားဆီမွာနာၾကင္မႈကိုေျဖခ်မိသည္
အထိအေတြ႔တိုင္းဟာ..နာၾကင္မႈကိုေမ့ေျမာေစသည္
ေအးစက္စက္ ေက်ာက္ဂူေပမဲ့ ေႏြးေထြးမႈရသည္
ေရစက္တို႔တစက္စက္က်သံပင္မၾကားရေလာက္ေအာင္ အသံတခ်ိဳ႕ကဖံုးလႊမ္းကုန္သည္....
....
နာၾကင္မႈကိုလႊတ္ခ်ၿပီးေအာ္ည ည္းမိသည္...
ဒဏ္ရာရဲ႕နာၾကင္မႈကို ဒီနည္းေလးနဲ႔ပဲ ကုစားေပးႏိုင္တာကိုပဲ ေက်နပ္မိသည္
စီးေျမာမိတဲ့သာယာမႈတို႔ကိုခ်စ္ရသူ ရေပမဲ့..ေက်ာျပင္ေအာက္ကခပ္စူးစူးေက်ါက္စရစ္ခဲေတြနဲ႔ပြတ္တိုက္မိတဲ့အခါ.စပ္ဖ်င္းဖ်င္းျဖစ္လာသည္
တစ္ခါမွမထိေတြ႔ဘူးေသာ.ေအးစက္မႈတို႔ေၾကာင့္နာၾကင္ရတ့ဲ.အခါ.ခ်စ္ရသူရဲ႕ေက်ာျပင္ပိုတင္းက်ပ္စြာတြယ္ဖက္ရင္း..အလိုက္တသိေနေပးမိရံု....
ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ Xingရဲ႕ နာၾကင္မႈကိုေျဖသိမ့္ေပးႏိုင္တာျဖစ္ေစ
လက္တြဲေဖာ္တစ္ေယာက္အေနနဲ႔ တာဝန္ေက်လိုမိသည္.....
ေမာပန္းစြာအိပ္ေပ်ာ္သြားမိတဲ့အခါ...ခ်ီေပြ႔သြားေသာအထိအေတြ႔....အဲ့ဒီေနာက္..အိပ္ေပ်ာ္သြားမိသည္
တကယ္ဆို သူလည္းပင္ပန္းလြန္းလွၿပီမို႔...
........................
စိတ္ရွိတိုင္း ေနမိလိုက္ေပမဲ့... ေက် ာျပင္ကခဲစူးစူးေလးမ်ားနဲ႔ေသြးစို႔ေနတာေတြ႔မိတဲ့အခါ..အားနာရသည္
ဒီေကာင္ေလးဟာ..နာတာကိုမေျပာပဲက်ိတ္ခံစားေနတာ
မီးေမႊး ကာတည္ထားမိတဲ့ေရေႏြးကို.ေရနည္းနည္းစပ္ကာ...အက်ႌစကိုဆြတ္ၿပီး.သုတ္သင္ေပးမိေသာ...တြန္႔ခနဲျဖစ္သြားတတ္တဲ့ကိုယ္ေလး
ေျခက်ိတ္ထားေသာေဆးရြက္တို႔ကိုပံုေပးေတာ့စပ္လို႔ထင္သည္...ညည္းသံသဲ့သဲ့ကိုေပးသည္....
အသဲတယားယားျဖစ္လာေတာ့...ႏွာဖူးတို႔ဆီအနမ္းတခ်ိဳ္ေႁခြခ်မိသည္
ျပံဳးေယာင္သန္းတဲ့ႏႈတ္ခမ္းပါးတို႔ကေက်နပ္တဲ့ပံု.....
အေတာ္ျပဲကာေပပြေနေပမဲ့..ေႏြးေထြးမႈေပးႏိုင္ပံုရတဲ့ေကာင္ေလးရဲ႕ျခံဳထည္ကိုျခံဳေပးၿပီးသူ႔ေဘးနားဝင္လွဲမိတဲ့အခါ...ရင္ခြင္ထဲ တိုးဝင္လာတဲ့ေကာင္ေလး...
တင္းက်ပ္စြာေပြ႔ဖက္ထားလိုက္သည္
"ကြၽန္ေတာ့ကိုမထားခဲ့လို႔ တကယ္ဝမ္းသာတာ" ဆိုေသာေကာင္ေလးရဲ႕ခပ္တိုးတိုးေရရြတ္သံေလးအဆံုး....နီးကပ္မႈကိုပိုမိုတင္းက်ပ္ေစလိုက္သည္....
မင္းခ်စ္တဲ့ခ်ယ္ရီပန္းေတြ ကိုယ့္ေျမမွာ႐ွားတယ္ Jun Myeon~~~
မင္းေပ်ာ္မွာတဲ့လား.~~~~
___________________________________
#Kattamkaung
#EXOL #90°bow
#WeAreOne
အမွားပါရင္ေသြ႔ပုက်ိပါ 😁
အဟမ္း...warning ေပးဖို႔ထိ အေသးစိတ္မက်ဖူးထင္လို႔...အဟမ္း....
တစ္ဖက္ႏိုင္ငံမွာ ရတနာေလးဘယ္လိုရင္နာရအုန္းမလည္း???
အ႐ွက္ေျပတဲ့အခါျပန္လာပါ့မယ္😫
Unicode
တိတ်ဆိတ်နေတဲ့အခန်း.....
ခပ်ဖွာဖွာကျရောက်နေတဲ့လရောင်ပါးပါး.....
တိမ်အချို့ပြေးယှက်နေတဲ့ကောင်းကင်ပြင်မှာကြယ်ရောင်ကလည်းရှားသည်...
ပြတင်းတံခါးကနေတဆင့်ဖြာဝင်ကျရောက်တဲ့လရောင်ဟာပိုးစရဲရဲပေါ်မှာအိပ်မောကျနေတဲ့လူသားတစ်ယောက်ပေါ်သို့ဟိုတစ်ကွက်ဒီတစ်ကွက်ကျရောက်သည်...
ခန်းစီးကတချို့ကလေညှင်းဆောင်လို့ရွေ့လျှားကြတဲ့အခါတိုင်း...ထွန်းညှိထားတဲ့ဖယောင်းတိုက်မီးမှိန်မှိန်ကလည်းမှောင်ကျတော့မလို........
အိပ်မောကျနေတဲ့ကောင်လေးရဲ့မျက်နှာမူရာအရပ်မှာစာပေလွှာကိုကိုင်လျက်ရပ်နေတဲ့သူတစ်ဦး...
အနက်ရောင်ဝတ်စုံပြည့်နှင့်ညာဘက်လက်ကပေလွှှာတစ်ခု...ဘယ်ဘက်လက်ကဓားရှည်တစ်ချောင်းကိုလွယ်ထားသည်
သူရပ်ကြည့်နေသည်မှာအချိန်ကာလအားဖြင့်နည်းတော့သည်မဟုတ်...
နူးညံ့ ရိပ်တစ်စုံတစ်ရာမရှိတဲ့မျက်နှှာပြင်....အရှိန်အဝါအပြည့်ရှိသောရုပ်လွှာအနေအထား....
ခံစားချက်မဲ့ချင်ယောင်ဆောင်ထားသောမျက်လုံးအိမ်တွေဆီကဆွေးရိပ်တွေ...
မည်သူမည်ဝါခံစားရပေမည်မသိနိုင်သောကစားပွဲတစ်ခုမှာ....ပွဲမစခင်ကယိုင်နဲ့ချင်နေတဲ့နှလုံးသား
ပိုးတိုးတိုက်ခတ်လာတဲ့လေအရှိန်ကြောင့်ဟုတ်ခနဲငြိမ်းမလိုဖြစ်သွားတဲ့အလင်းရောင်ကြောင့်ကောင်လေးမျက်နှာကိုပိုမြင်ရစေရန်သူ့ခြေလှမ်းတို့ရှေ့တိုးမိသည်
မျက်ခွံမို့မို့ဆီသို့လက်ချောင်းတွေပို့ရန်ရည်ရွယ်မိပေမဲ့.....မည်သို့သောတားဆီးချက်တစ်ရုံတစ်ရာမှမရှိပါဘဲလက်ချောင်းတို့ကရပ်တန့်ကုန်သည်
လက်တစ်ကမ်းအားထုတ်လိုက်လျှင်မိပါလျက်...သူစိုးထိတ်မိသည်
မမှီရာလှမ်းနေရသလို
မထိုက်တန်တဲ့ပန်းတစ်ပွင့်ကိုခူးဖို့မရဲတဲ့အခါပန်းရဲ့မြင့်မားမှုကိုအပြစ်ဖွဲ့ဆိုလိုက်လို့ရသည်
သူ့အဖြစ်က...လက်ထဲကြွေကျချင်နေတဲ့တန်ဖိုးကြီးပန်းကိုမဖမ်းဆုပ်ချင်တဲ့အဖြစ်
တကယ် မဖမ်းဆုပ်ရဲတာလည်းဖြစ်နိုင်သည်
တကယ်လို့်...ပန်းလေးကိုလက်မခံခဲ့မိသော်....အကြွေပန်းလေးကိုဘယ်သူဘယ်ဝါတွေက..နင်းခြေကြအုန်းမှာလည်း...
ထိုအတွေးဆိုးတို့ဝင်တဲ့အခါ.....ရင်ထဲသံရည်ပူတို့လောင်းချသလို..အရှိန်အဟုန်နဲ့လည်းပူသည်
တကယ်ဆိုသူမပန်ချင်တဲ့ပန်းကိုလက်လွှတ်လိုက်ပြီးနောက်....ထိုပန်းအပေါ်မက်မောမှုတို့မထားသင့်ပါလျှက်
သို့တည်းမဟုတ်...ကိုယ်တိုင်ကပဲပန်ချင်ပါလျက်ငြင်းနေမိသည်လည်းဖြစ်နိုင်သည်
အချက်ပေးနာရီသံတစ်ခုသည်Hanuနန်းတော်တစ်ခွင်...ခပ်သဲ့သဲ့ပျံ့နှံ့သည်..
ဉာဥ့်နက်မှအိပ်တန်းဝင်တတ်ပေသောငှက်တစ်မျိုးရဲ့အော်ညည်းသံအဆုံး....သူဆုံးဖြတ်ချက်တစ်ခုချသည်....
.............................................................
Hanuနန်းတံခါးကိုကျော်လွန်ပြီး ဒွယ်ဆာ တောအုပ်ထဲပြေးလွှားနေတဲ့အရိပ်တွေ.....
လဆုပ်ရက်မို့လရောင်နည်းပါးတဲ့အပြင်အရိပ်ကြီးလှတဲ့အပင်ကြီးတွေကြောင့်မှောင်ပိန်းလှတဲ့တောအုပ်အတွင်း....ခပ်မှန်မှန်..ခပ်မြန်မြန်လှုပ်ရှားမှုတွေ..
ခြေလှမ်းတို့မြေပြင်ပေါ်ချလိုက်တိုင်း...တဖြောက်ဖြောက်မြည်တဲ့သစ်ကိုင်းချောက်တို့်ရဲ့ အနိစ္စအော်မြည်သံတွေ..
တစ်ကြိမ်တစ်ခါမှမကြုံဘူးသော...ပြေးလွှားခြင်းကြောင့်....မောပန်းမှုတို့်ကအလွန်တရာ...
တန်ဖိုးကြီးပိုးရုံဝတ်စုံသည်လည်းမည်သို့မည်ပုံရှိလိမ့်မည်ရယ်မသိ
တဗြိဗြိအသံနဲ့အတူ....ဆွဲပါသွားတဲ့ခံစားချက်.....
ဘယ်ဘက်ခြေချင်းဝတ်ဆီကအောင့်သက်သက်နာကြင်မှုရှိပေသော်ငြား..ညာဘက်လက်အစုံကိုဆုပ်ကိုင်ထားတဲ့လက်ဝါးပြင်နွေးနွေးတို့အကြောင်းတွေးမိတဲ့အခါနာကြင်မှုတို့က ကြားဖူးနေကျ ချစ်ချင်းဖွဲ့ကဗျာတွေနဲ့ခပ်ဆင်ဆင်တူသည်
မမြင်နိုင်သောအရာတွေကြား....မိမိလက်ကိုဆုပ်ကိုင်ထားသူကိုယုံကြည်မိလိုက်သောအခါ..ဘယ်တုန်းကမှမကြုံဘူးသေးသော..အလင်းတည်းဟူသောမြင့်မြတ်သည့်အရာတစ်ခုသည်...နှလုံးသားဆီသို့ဝင်သည်
ကျေးဇူးတင်ပါတယ်.......
ကျေးဇူးတင်ပါတယ်Xing......
မက်ခဲ့ဖူးသောအိပ်မက်တစ်ပိုင်းတစ်စတွေမှာပစ်ချထားခဲ့ပေမဲ့....မယုံကြည်နိူင်စရာကောင်းလောက်အောင်ပဲလက်တွေ့တည်ရှိမှုတစ်ရပ်မှာ.......မိမိလက်ကိုသူလွှတ်မချခဲ့.....
အနာဂတ်တို့တည်ရှိမှုဟာ...မျက်မမြင်လူသားတစ်ယောက်အတွက်ဝေ့ဝါးသည်ဆိုတာထက်ပိုသည်...
အမှောင်အတိနှှင့်.......အတားအဆီးတို့သည်လည်း....မိုက်ရူးရဲဆန်စွာပဲမမြင်ရသူရှေ့တားဆီးလေ့ရှိသည်....
ငြင်သာစွာနှိုးလာတဲ့လက်အစုံကြားသူထလာမိတဲ့အစ
"သွားစို့ Jun Myeon"ဆိုသောစကားဆုံးတဲ့အခါ.....ထာဝရလို့မှတ်ယူထားမိတဲ့ဖြူစင်သောချစ်ခြင်းမေတ္တာဓာတ်တို့ကိုခြေစုန်ကန်ပြီးသူထွက်လာခဲ့သည်....
တောင်းပန်ပါသည်....ချစ်တဲ့ခမည်းတော်..မယ်တော်...အစ်မတော်....မယ်တော်ကြီး....
အတွေးတို့ကိုလက်စမသတ်ပဲပြေးရာခြေလှမ်းတို့နောက်လိုက်ပါနေတုန်း....နားနားမှကပ်ကာဖြတ်သန်းမှုတစ်စုံတစ်ရာ
ချစ်ရသောသူရဲ့...နာကြင်စွာညည်းညူမှုစတ်ခု...
ခပ်ဝေးဝေးဆီမှ...များပြားလှသောမသဲမကွဲအသံတွေ...
အဖော်ပါလာသူXianရဲ့"ရရဲ့လားသခင်လေး" ဆိုတဲ့စကားဆုံးသော...စိုးရိမ်မှုတို့ကအထွဋ်အထိပ်ရောက်သည်
ကျေးဇူးပြု၍ ချစ်ရသူနာကြင်မှုကင်းပါစေ
မမြင်ရသော အန္တရာယ်တို့ကြုံတဲ့အခါ...ဘေးမှချစ်ရသူကြုံတဲ့နာကြင်မှုတို့ကိုဖြေသိမ့်နိုင်စွမ်းမဲ့သော
မဟုတ်ပါ...တကယ်က....သူ့ရဲ့နာကြင်မှုကိုတောင်မြင်နိုင်စွမ်းမဲ့သော....
ထိုသို့သော........အတ္တဆန်ဆန်ဘဝတစ်ခုကိုရထားမိသည်........
............................................................
အေးစက်စက်နေရာတစ်ခုလိုသာခံစားမိသောနေရာတစ်ခု
မမြင်နိုင်သူမို့ သူချထားပေးတဲ့နေရာလေးမှာအသာထိုင်မိနေရုံသာ
အေးစက်စက်ခံစားချက်တွေကြောင့်...ခြေထောက်ကလမ်းမှာခြစ်မိလာတဲ့ဒဏ်ရာတချို့က ကိုက်ခဲလာသလိုလို
ဒီကြားကဘေးက ချစ်ရွက်ခြောက်တို့ကိုခြေပွတ်သံရယ်....နာကြင်မှုကြောင့်ညည်းသူနေသောချစ်ရသံဆီကအသံတို့ကြောင့်..စိတ်ထဲပူပန်မိသည်
Xianကိုရှေ့ပြေးပြန်ခိုင်းလိုက်ပြီး...သူတို့နှစ်ယောက်ကကျန်ရစ်သည်
တကယ်ဆို ခင်ပွန်းသည်ရဲ့ထိခိုက်မှုကိုသူ့ဘက်က တတ်နိုင်သမျှကုသနှစ်သိမ့်ပေးသင့်တာ
ခုတော့...ကိုယ့်အင်ကိုယ့်အားမဲ့...
သူ့ကိုပိုပြီးတော့ပင်ဝန်ထုပ်ဝန်ပိုးဖြစ်နေစေမည်ဆိုသောစိတ်က ခေါင်းထဲဝင်လာတော့ အားမလိုအားမရဖြစ်မှုတို့်ကပါဒွန်တွဲလာတဲ့အခါ အကျႌစကိုတင်းကြပ်စွာဆုပ်ကိုင်ပြီး...အောက်နှုတ်ခမ်းကိုဖိကိုက်ထားမိသည်
မျက်နှာလွှဲတာမျိုးမဟုတ်ပဲ....မျက်နှာလွှဲဖို့ အင်အားတောင်မရှိတာ...
တွေးရင်သိပ်မွန်းကျပ်လာတော့....တုန်ရင်ကာရှိုက်မိသည်
ပျော့ညံ့ညံ့ယောက်ျားတစ်ယောက်မဟုတ်ပါပဲ...ချစ်ရတဲ့သူကိုမကာကွယ်နိုင်တဲ့အခါ........အဖက်ဖက်က အားနာရသည်
"ဘာလို့ငိုတာလည်းJun Myeon" နွေးထွေးသောခေါ်သံနဲ့အတူ လက်နှစ်ဖက်ကို ကိုင်လာတဲ့ အထိအတွေ့
"ပင်ပန်းလို့လား......ကိုယ်နဲ့လိုက်လာရတာ" တိုးညှင်းအားဖျော့စွာမေးလာတဲ့အသံအဆုံး...ခေါင်းကိုပြုတ်ထွက်မတတ်ခါယမ်းမိသည်
မိမိလက်တွေကိုကိုင်ထားတဲ့သူ့လက်နှစ်ဖက်ကို အပေါ်ကနေအုပ်ကိုင်က ပါးတွင်ကပ်ထားပေးလိုက်သည်
"တစ်ယောက်ထဲ မထားခဲ့တာအတွက် ကျွန်တော်ကျေးဇူးတင်လို့မဆုံးပါဘူး....ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလွှတ်မချခဲ့တဲ့အတွက် အားနာရပေမဲ့...အတ္တဆန်ဆန်ပဲတောင်းဆိုတာ....ပစ်မထားခဲ့ပါနဲ့.......တကယ်လို့များဆိုရင် ဆိုတဲ့အတွေးနဲ့တောင် ရပ်တည်နိုင်စွမ်းမဲ့သွားတတ်တာမို့......ဘယ်လောက်ခက်ခဲတဲ့လမ်းပဲဖြစ်ဖြစ် လမ်းခုလတ်မှာလွှတ်မချထားခဲ့ပါနဲ့"
လက်တို့ကိုပါးတွင်ကပ်ကာ..ငိုရှိုက်နေတဲ့ကောင်လေး...
မယုံကြည်နိုင်စွာပဲ...ကျဆင်းလာသောမျက်ရည်ပူတွေ...
အနာကနာသည်ထက် ရင်ထဲကနာရသည်
သူထားခဲ့မှာကိုသေမလောက်ကြောက်နေခဲ့တာများ....
တကယ်လို့သူသာထားဖြစ်ခဲ့မိရင်.....
တုန်ယင်နေတဲ့နှုတ်ခမ်းပါးတွေကိုဖိရှိုက်နမ်းလိုက်သည်....
မဆုံးနိုင်သောမျက်ရည်တို့တသွင်သွင်စီးတဲ့စိုစွတ်စွတ်မျက်လုံးအိမ်တို့ကိုမှိတ်ချပစ်တဲ့ကောင်လေးက..အနမ်းတို့မှာစီးမြောသည်
မြတ်နိုးမှုတို့အလုံးအရင်းဝင်ရောက်သောအခါ..ပုခုံးဆီကဒဏ်ရာရဲ့နာကြင်မှုကိုမေ့ပြီး...ရင်ခွင်ထဲကလူသားဆီမှာနာကြင်မှုကိုဖြေချမိသည်
အထိအတွေ့တိုင်းဟာ..နာကြင်မှုကိုမေ့မြောစေသည်
အေးစက်စက် ကျောက်ဂူပေမဲ့ နွေးထွေးမှုရသည်
ရေစက်တို့တစက်စက်ကျသံပင်မကြားရလောက်အောင် အသံတချို့ကဖုံးလွှမ်းကုန်သည်....
....
နာကြင်မှုကိုလွှတ်ချပြီးအော်ည ည်းမိသည်...
ဒဏ်ရာရဲ့နာကြင်မှုကို ဒီနည်းလေးနဲ့ပဲ ကုစားပေးနိုင်တာကိုပဲ ကျေနပ်မိသည်
စီးမြောမိတဲ့သာယာမှုတို့ကိုချစ်ရသူ ရပေမဲ့..ကျောပြင်အောက်ကခပ်စူးစူးကျေါက်စရစ်ခဲတွေနဲ့ပွတ်တိုက်မိတဲ့အခါ.စပ်ဖျင်းဖျင်းဖြစ်လာသည်
တစ်ခါမှမထိတွေ့ဘူးသော.အေးစက်မှုတို့ကြောင့်နာကြင်ရတဲ့.အခါ.ချစ်ရသူရဲ့ကျောပြင်ပိုတင်းကျပ်စွာတွယ်ဖက်ရင်း..အလိုက်တသိနေပေးမိရုံ....
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် Xingရဲ့ နာကြင်မှုကိုဖြေသိမ့်ပေးနိုင်တာဖြစ်စေ
လက်တွဲဖော်တစ်ယောက်အနေနဲ့ တာဝန်ကျေလိုမိသည်.....
မောပန်းစွာအိပ်ပျော်သွားမိတဲ့အခါ...ချီပွေ့သွားသောအထိအတွေ့....အဲ့ဒီနောက်..အိပ်ပျော်သွားမိသည်
တကယ်ဆို သူလည်းပင်ပန်းလွန်းလှပြီမို့...
........................
စိတ်ရှိတိုင်း နေမိလိုက်ပေမဲ့... ကျေ ာပြင်ကခဲစူးစူးလေးများနဲ့သွေးစို့နေတာတွေ့မိတဲ့အခါ..အားနာရသည်
ဒီကောင်လေးဟာ..နာတာကိုမပြောပဲကျိတ်ခံစားနေတာ
မီးမွှေး ကာတည်ထားမိတဲ့ရေနွေးကို.ရေနည်းနည်းစပ်ကာ...အကျႌစကိုဆွတ်ပြီး.သုတ်သင်ပေးမိသော...တွန့်ခနဲဖြစ်သွားတတ်တဲ့ကိုယ်လေး
ခြေကျိတ်ထားသောဆေးရွက်တို့ကိုပုံပေးတော့စပ်လို့ထင်သည်...ညည်းသံသဲ့သဲ့ကိုပေးသည်....
အသဲတယားယားဖြစ်လာတော့...နှာဖူးတို့ဆီအနမ်းတချိုခြွေချမိသည်
ပြုံးယောင်သန်းတဲ့နှုတ်ခမ်းပါးတို့ကကျေနပ်တဲ့ပုံ.....
အတော်ပြဲကာပေပွနေပေမဲ့..နွေးထွေးမှုပေးနိုင်ပုံရတဲ့ကောင်လေးရဲ့ခြုံထည်ကိုခြုံပေးပြီးသူ့ဘေးနားဝင်လှဲမိတဲ့အခါ...ရင်ခွင်ထဲ တိုးဝင်လာတဲ့ကောင်လေး...
တင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်
"ကျွန်တော့ကိုမထားခဲ့လို့ တကယ်ဝမ်းသာတာ" ဆိုသောကောင်လေးရဲ့ခပ်တိုးတိုးရေရွတ်သံလေးအဆုံး....နီးကပ်မှုကိုပိုမိုတင်းကျပ်စေလိုက်သည်....
မင်းချစ်တဲ့ချယ်ရီပန်းတွေ ကိုယ့်မြေမှာရှားတယ် Jun Myeon~~~
မင်းပျော်မှာတဲ့လား.~~~~
___________________________________
#Kattamkaung
#EXOL #90°bow
#WeAreOne
အမှားပါရင်သွေ့ပုကျိပါ 😁
အဟမ်း...warning ပေးဖို့ထိ အသေးစိတ်မကျဖူးထင်လို့...အဟမ်း....
တစ်ဖက်နိုင်ငံမှာ ရတနာလေးဘယ်လိုရင်နာရအုန်းမလည်း???
အရှက်ပြေတဲ့အခါပြန်လာပါ့မယ်😫