Part-16 (Z and U)

6.1K 724 61
                                    

နွေဦးရဲ့ လေပြေတို့်ဟာ ရွက်ဝါငယ်တွေကို လွင့်မြောကာ လေထဲနေရာယူစေသည်။ ရွက်ကျမျိုးစုံတို့ဟာ မြေပြင်မှာဝဲကာမခခင် အလှဆင်နိုင်သလောက်လေထုတဲ ပျံ့လွင့်လို့နေကြသေးသည်။

တိမ်ထူထူတို့ဟာ အပြာရောင်ကောင်းကင်ကြီးကို အလုံးစုံဖုံးဖွယ်ခြင်းမပြုနိုင်ခဲ့သလို အရောင်သွေးစုံလင်သော ပန်းပွင့်ငယ်တို့အပေါ်ဖြာကျနေတဲ့ နေမင်းရဲ့ အလင်းရောင်ဟာလည်း အပူဒဏ်ကို မခံစားစေရ။နွေထွေးစေသည်။ ရာသီဥတု သာခြင်းဖြစ်သည်။

ချိုသာ လှသော ဗျပ်စောင်းသံသာသာဟာ တေးသီငှက်တို့ရဲ့ တေးသွားနဲ့အပြိုင် လှုပ်ရှားအသက်ဝင်နေစေသည်။ ဝါးရုံပင်ပျိုတို့ရဲ့ ယိမ်းနွဲ့ဟန်ကလည်း တေးသွားနဲ့ လိုက်ဖက်ညီလှစွာပင်။

ချယ်ရီပွင့်ဖတ်ပါသော သစ်ကိုင်းငယ်ကို တစ်ဝက်ဆံထိုးမှာ ပတ်လျှိုထားပြီး အစိမ်းနုရောင် ပိုးသားဝတ်ရုံနဲ့ လှချင်တိုင်းလှနေသော ရတနာကလေးဟာ မျက်စိရှေ့က ခပ်ကွာကွာမှာ အပြုံးရိပ်တို့သန်းရင်း သူ့ရဲ့လက်တုတ်တုတ်ကလေးတွေကို ဖိကာဖော့ကာနဲ့ အချိုသာဆုံး တေးသံကို ဖန်တီးနေလေရဲ့။

နွေရဲ့ လေပြေကျီစယ်မှူကြောင့် ဆံနွယ်မချို့ဟာ လွင့်လျက်ရှိနေတဲ့အခါ ပန်းချီကလှလှကို ငေးနေရသလို စိတ်အေးစေသည်။ နွေဦး သဘာဝပန်းတွေဟာ ရတနာလေးရဲ့ ကျောဘက်မှာ နောက်ခံရှုခင်းအနေနဲ့ နေရာယူထားပြန်သည်။

ကျောက်ပြားထက် တင်ပလင်ခွေကာ Yixing အတွက်သာ ဖြစ်တည်လာတဲ့ တေးသွားကိုဖန်တ်ီးပေးနေတဲ့အခါ Yixing မှာ တေးသွားကို ခံစားရင်း ရင်ထဲနွေးထွေးနေရပြန်သည်။

Jun အနားကို ခုတလောသိပ်ကပ်နေမိတာပင်။
Jun ဘာမှမပြောပေမဲ့ သူအနားမှာရှိဖို့အမြဲတောင့်တနေတတ်တာသိတာပေါ့။ ညခင်းရောက်တိုင်း ရင်ထဲတိုးဝင်လာတတ်တဲ့ Jun ဟာ အားလုံးထက်အရေးကြီးတယ်မို့လား။

ခုတလော စစ်မက်ချုပ်ကလည်း ငြိမ်သက်နေသလို၊ မရီးတော်ဆိုတာကလည်း ကိုယ်ဓားထောက်တာ ခံရပြီးကတည်းက မျက်နှာချင်းမဆိုင်တော့။

အစ်ကိုတော်ဆီပင် ညီလာခံချိန်လောက်ကလွဲရင် ကျန်တဲ့အချိန် အခစားမဝင်ဖြစ်ပါ။ Jun နေကောင်းတာလည်း မကြာသေးတာကြောင့် အနားမှာပဲ ဂရုစိုက်ပေးမိတာဖြစ်သည်။

Benign(COMPLETED)Where stories live. Discover now