Part -7 (Z and U)

7.8K 939 74
                                    

Zawgyi

တိတ်​ဆိတ်​​နေတဲ့အခန်း.....

ခပ်​ဖွာဖွာကျ​ရောက်​​နေတဲ့လ​ရောင်​ပါးပါး.....

တိမ်​အချို့​ပြေးယှက်​​နေတဲ့​ကောင်းကင်​ပြင်​မှာကြယ်​​ရောင်​ကလည်းရှားသည်​...

ပြတင်းတံခါးက​နေတဆင့်​ဖြာဝင်​ကျ​ရောက်​တဲ့လ​ရောင်​ဟာပိုးစရဲရဲ​ပေါ်မှာအိပ်​​မောကျ​နေတဲ့လူသားတစ်​​ယောက်​​ပေါ်သို့ဟိုတစ်​ကွက်​ဒီတစ်​ကွက်​ကျ​ရောက်​သည်​...

ခန်းစီးကတချို့က​လေညှင်း​ဆောင်​လို့​ရွေ့လျှားကြတဲ့အခါတိုင်း...ထွန်းညှိထားတဲ့ဖ​ယောင်းတိုက်​မီးမှိန်​မှိန်​ကလည်း​မှောင်​ကျ​တော့မလို........

အိပ်​​မောကျ​နေတဲ့​ကောင်​​လေးရဲ့မျက်​နှာမူရာအရပ်​မှာစာ​ပေလွှာကိုကိုင်​လျက်​ရပ်​​နေတဲ့သူတစ်​ဦး...

အနက်​​ရောင်​ဝတ်​စုံပြည့်​နှင့်​ညာဘက်​လက်​က​ပေလွှာတစ်​ခု...ဘယ်​ဘက်​လက်​ကဓားရှည်​တစ်​​ချောင်းကိုလွယ်​ထားသည်

သူရပ်​ကြည့်​​နေသည်​မှာအချိန်​ကာလအားဖြင့်​နည်း​တော့သည်​မဟုတ်​...

နူးညံ့ ရိပ်​တစ်​စုံတစ်​ရာမရှိတဲ့မျက်​နှာပြင်​​....အရှိန်​အဝါအပြည့်​ရှိ​သောရုပ်​လွှာအ​နေအထား....

ခံစားချက်​မဲ့ချင်​​ယောင်​​ဆောင်​ထား​သောမျက်​လုံးအိမ်​​တွေဆီက​ဆွေးရိပ်​​တွေ...

မည်​သူမည်​ဝါခံစားရ​ပေမည်​မသိနိုင်​​သောကစားပွဲတစ်​ခုမှာ....ပွဲမစခင်​ကယိုင်​နဲ့ချင်​​နေတဲ့နှလုံးသား

ပိုးတိုးတိုက်​ခတ်​လာတဲ့​လေအရှိန်​​ကြောင့်​ဟုတ်​ခနဲငြိမ်းမလိုဖြစ်​သွားတဲ့အလင်း​ရောင်​​ကြောင့်​​ကောင်​​လေးမျက်​နှာကိုပိုမြင်​ရ​စေရန်​သူ့​ခြေလှမ်းတို့​ရှေ့တိုးမိသည်

မျက်​ခွံမို့မို့ဆီသို့လက်​​ချောင်း​တွေပို့ရန်​ရည်​ရွယ်​မိ​ပေမဲ့.....မည်​သို့​သောတားဆီးချက်​တစ်​ရုံတစ်​ရာမှမရှိပါဘဲလက်​​ချောင်းတို့ကရပ်​တန့်​ကုန်​သည်

လက်​တစ်​ကမ်းအားထုတ်​လိုက်​လျှင်​မိပါလျက်​...သူစိုးထိတ်​မိသည်

Benign(COMPLETED)Where stories live. Discover now