"ကျွန်တော်နန်းတော်ထဲမှာပဲဆက်နေမယ်"
သူ့အသံကပြတ်သားစွာထွက်ပေါ်လာသည်။ကြွေခွက်ကိုကိုင်ကာ ရေနွေးကြမ်းသောက်နေတဲ့ မယ်တော်ရဲ့လက်တွေက တုံ့ခနဲ။ သူမကဆက်မသောက်တော့ပဲ ခွက်ကိုချလိုက်ကာ သူသူမဝတ်ရုံကိုခပ်ဆန့်ဆန့်ပြန်ချပီး Yixingကိုကြည့်သည်။
ဒါသည် သူ့ဘဝတွင် မွေးမိခင်ရဲ့ မျက်လုံးတွေနဲ့ ဂရုတစိုက်အကြည့်ခံရတဲ့ လက်ချိုးရေတွက်လို့ရသော အကြိမ်များထဲကတစ်ခု။
"နန်းတွင်းထဲမှာ မင်းအဆင်မပြေလောက်ဖူးထင်လို့ပြောနေတာ"
"မပြေစရာမရှိပါဘူး မယ်မယ်။ကျွန်တော်က ဒီနန်းတော်မှာပဲကြီးပြင်းလာတာ။ဘာကြောင့် ကျွန်တော့ကို နန်းပြင်ပို့ချင်နေတယ်မသိပေမဲ့ ကျွန်တော်က မယ်မယ်ရဲ့သားတော်ကြီးဆီက ထီးနန်းလုမဲ့သူမဟုတ်ဖူးဆိုတာသိစေချင်ပါတယ်"
နာနာကြဉ်းကြဉ်းပြောမိတဲ့ စကားအတွက် မယ်မယ်က မျက်နှာတော်တစ်ချက်ပင်မပျက်။ သူ့ဝမ်းနဲ့လွယ်မွေးတဲ့သားချင်းတူတူ Yixingက ဘယ်ဘဝကကံကြွေးဆပ်နေရပါသလည်း။ ဘယ်တုန်းကမှ နွေးထွေးစွာမပွေ့ဖက်ခဲ့ဖူးသလို။ သူ့ကိုချစ်တယ်လို့တောင်မပြောခဲ့ဖူးပါ။အမှန်တိုင်းပြောရရင် မယ်မယ်က Yixingကို နန်းတွင်းအသိုင်းဝိုင်းရဲ့အပြင်ဘက်ကိုပထုတ်ချင်နေသူ။
ဘာကြောင့်လဲဆိုရင်တော့ သူမက သူမရဲ့သားအကြီး Yixingရဲ့အစ်ကိုတော်ကိုပဲသားတော်လိုသဘောထားတာကြောင့်ဖြစ်မည်။ငယ်ငယ်ကတည်းက ငတ်မွတ်တောင့်တခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ ဘယ်နေ့များ မျက်စိလည်ရောက်လာမလည်းလို့စိတ်ကူးယဉ်ဖူးပေမဲ့ စိတ်မကောင်းချင်စရာကောင်းစွာပဲ မယ်မယ်သည် သူ့အတွက်ချစ်ခြင်းတွေကို ဖုံးကွယ်နိုင်လွန်းသည်။
"ကြင်ယာတော်Jun အတွက်လည်းတွေးပေါ့။ ဒီထဲမှာ သူမလုံခြုံဘူး" သူ့ကိုပြောတဲ့မယ်တော်က ခုံပေါ်က စာအိတ်တစ်ခုကိုဖွင့်ဖောက်ဖတ်နေရင်းကပြောသည်။
YOU ARE READING
Benign(COMPLETED)
Romanceမြင်လွှာတည်းဟူသောတပ်မက်ဖွယ်အာရုံတို့ကိန်းအောင်းဝင်ရောက်တတ်ရာအရပ်ကင်းမဲ့သော်လည်း~~~~~~ Not translation: ) It's my very own creation.Can you take care about your reading list? XingHo fanfiction: 3