Part-15 (Z and U)

6.2K 770 99
                                    

Zawgyi

Zhang နိုင်ငံတော်ရဲ့ ကောင်းကင်တစ်ခွင်မှာ အုံ့မှိုင်းပြီး မှောင်မည်း လို့နေသည်။ မိုးချိန်းသံတို့ဟာ ကောင်းကင်တစ်ခွင်ကျယ်လောင်စွာထွက်ပေါ်နေပြီး ဝန်းကျင်တစ်ခွင်ဟာလည်း မကောင်းဆိုးဝါးတစ်ကောင်အိပ်မောကျနေသလိုမျိုး ကြည်နူးဖွယ်တစ်စက်မှမရှိ။

သစ်ရွက်ခြောက်တွေဟာ လေပွေတွေကြားထဲ ဝေါခနဲ လွင့်သွားတိုင်း ပိုပြီးကြောက်စရာကောင်းသည်။

နန်းတွင်းလျှောက်လမ်းတစ်လျှောက် ဓားအရှည်ကြီးကိုလက်ကကိုင်လို့ နန်းတော်ကြမ်းပြင်ထက် တရွတ်တိုက်ဆွဲလာသံ တဂျီဂျီဟာ ပျံ့လွင့်လို့။ တာဝန်ကျ နန်းတွင်းသူ နန်းတွင်းသားတို့ဟာလည်း ခေါင်းငုံ့ထားကြရုံသာတတ်နိုင်ကြသည်။

ရွှေအိုရောင် ဝတ်ရုံရှည်ကြီးနှင့် ဆံထုံးတွင် ပတ္တမြား ဆံထိုးကြီးထိုးထားသာ သူ။ Zhang နိုင်ငံတော်ရဲ့ မင်းသား Zhang Yixing။

မျက်နှာတော်ချောချောမှာ အလိုမကျမှု၊ မထေမဲ့မြင်မှု ပြီးတော့ရက်စက်ကြမ်းကြုတ်မှုတွေဟာအထင်းသား။ ဓားကိုတရွတ်တိုက်ဆွဲသွားသော မင်းသားရဲ့နောက်မှာတော့ လူယုံတော် Xianဟာ တည်တင်းသောမျက်နှာထားနှင့် သခင်စကားကို နာခံမည့်အနေအထားခံယူကာ လိုက်နေသည်။

ဂငယ်ပုံတည်ဆောက်ထားသော ခန်းမဆောင်ကြီးရှေ့ရောက်တော့ ရပ်တန့်သွားသော မင်းသား။ နန်းတွင်းတံခါးစောင့်သည် ပိတ်ကာတားထားပေမဲ့ မျက်နှာဟာငုံထားလျက်။ တုန်ယင်နေတာကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်ကြောက်နေတယ်ဆိုတာ အသိအသာ။

"အသက်နဲ့ ခန္ဓာမြဲချင်ရင် ဖယ်လိုက်"တိုးညင်းပေမဲ့ သြဇာအပြည့်နဲ့ထွက်ပေါ်လာသော မင်းသားအသံကြောင့် အလန့်တကြားနောက်ဆုတ်ရှာသည်။ သေခြင်းတရားကိုတော့ ကြောက်ကြသေးသည်ကိုး။

ဓားကိုလှည့်ကာ ကျွမ်းကျင်စွာကိုင်လိုက်ပြီး ဓားရိုးကိုအားစိုက်ကာ တံခါးကိုတွန်းဖွင့်လိုက်တော့ ဂျိန်းခနဲ။ အဆောင်တော်အတွင်းရှိ အမျိုးသမီးများနှင့် နန်းတွင်းအပျိုတော်တွေဟာ အထိတ်တလန့်။

ဝတ်ကောင်းစားလှ ဝတ်ထားသော မင်းသမီးအမည်ခံ အမျိုးသမီးတစ်သိုက်ဟာကြောက်ရွံ့နေလျက်နဲ့တောင် ဟိတ်ဟန်လုပ်ကာ ဟန်ဆောင်နေကြပြန်သည်။

Benign(COMPLETED)Where stories live. Discover now