Part-14 (Z andU)

6.4K 807 48
                                    

Zawgyi

Xing~
Xing~
ဟင့်အင်း......မထားခဲ့ပါနဲ့ Xing....

ဝေးသွားတာထက် ပိုဝေးပြီး တင်းကျပ်ပူလောင်လာသည်........။
နှုတ်ခမ်းငယ်ဆီက သူ့အမည်နာမအား ဆိုရွတ်နေသံ ကြားပါလျက် ကြည့်နေရုံပဲတတ်နိုင်တဲ့အခါ....။
သူအဝေးကြီးလည်း မပြေးပါပဲနဲ့.....နှစ်ယောက်သားပိုပြီးပိုပြီး ဝေးကြရသည်။

မျက်ရည်စတွေနဲ့ သူက.............ဟိုးအဝေးကို.....

"အား.....မလုပ်နဲ့"

နိုးထလာတဲ့အခါ မောဟိုက်စွာနဲ့။
မျက်လုံးရှေ့က အမှောင်ထုကသာ ဆီးကြိုနေသည်။ နှဖူးစပ်ရောမျက်နှာကပါကျလာနေတဲ့ ချွေးစက်တွေ။

"ဟူး..."သက်ပြင်းချလိုက်ပြီး မျက်လုံးတို့ကို မှိတ်ကာ အသက်သေချာရှုလိုက်သည်။

အပေါ်ပိုင်းဗလာကျင်းနေသော ကိုယ်ခန္ဓာ တစ်ခုလုံးမှာလည်း ချွေးတွေက ရေချိုးထားသလို။ကုတင်ပေါ်ကတဆင့်တွဲလောင်းကျနေတဲ့ ဝတ်ရုံကိုစိတ်မှန်းနဲ့ စမ်းကာ ဆွဲပြီး သုတ်လိုက်သည်။

ပြတင်းကတဆင့်မြင်နေရတာက အဝါရောင် လပြည့်ဝန်းကြီး။

"Xing....အင်း....." အပြင်ဘက်ကိုငေးနေစဉ် ဘေးကနေထွက်ပေါ်လာသော အသံလေးနဲ့အတူ လှည့်ကြည့်မိတော့ Junတစ်ယောက် သူ့မျက်လုံးလေးတွေသူပွတ်ကာ အိပ်ချင်မူးတူးထထိုင်နေလေရဲ့။

အပေါ်ထပ်အပါးလေးပင်မပါတဲ့ Junရဲ့ ရင်ဘတ်ငယ်တို့ထက် အနီရောင် အမှတ်အသားတချို့က ပြန့်ကျဲလို့နေသည်မှာ လရောင်နုနုအောင် လှချင်တိုင်းလှနေသည်။ဆံစတချို့က မျက်နှာပြင်ထက်ဖြာကျနေပြီး အဖြူရောင် ပခုံးသားတို့ထက်ပါ ဝဲလို့ကျနေလေရဲ့။

ကြည့်ရတာ သူအလန့်တကြားထလိုက်လို့နိုးသွားတာဖြစ်မည်။ ဒီကလေးဟာ ပင်ပန်းနေတဲ့ဟာကို။

"ကိုယ့်ကြောင့် နိုးသွားရပြီပဲ....အင်း..ကဲ...ဒီလာ" ပြောရင်းနဲ့ ကျောပြင်ထိဆွဲဖက်ကာ ပွေ့လိုက်ရင်း ရင်ဘတ်ဆီဆွဲမိတော့ Yixingလည်ပင်းတွေကိုတွဲခိုလာတဲ့ လက်တွေ။

လရောင်နုနုဖြာကျနေတဲ့ မျက်နှာပြင်လေးက အိပ်ချင်မူးတူးကလေးတစ်ယောက်လိုပင်။ Yixingပုခုံးပေါ် မျက်နှာအပ်ချပြီး ခပ်တင်းတင်းဖက်ကာ အိပ်ဖို့လုပ်နေတဲ့ Jun။

Benign(COMPLETED)Where stories live. Discover now