Part-4 (Z and U)

8.2K 993 86
                                    

Zawgyi

မိမိ​ရှေ့က..မြင်​ကွင်းကိုကြည့်​ကာXianသက်​ပြင်းချမိသည်​...

ဒီတစ်​​ခေါက်​​ရောဆို...သူသက်​ပြင်းချတာအခါနှစ်​ဆယ်​ပင်​​ကျော်​ပြီ.....

သက်​ပြင်းတစ်ခါချတိုင်း...Zhang သခင်​​လေးကိုနားမလည်​မှုတို့ကပိုတိုးပွားလာရသည်​.....

ဘာလို့ဒီလို​တွေလုပ်​​နေရတာလည်း...

သူရင်းနှီးခဲ့​သော...Zhangသခင်​​လေးဟာ..ဒီလိုမျိုးမှမဟုတ်​ခဲ့တာ....

သူ့မျက်​စိ​ရှေ့တွင့်​​တော့...​ရေကန်​ရှိရာဆီ တ​ရွေ့​ရွေ့သွား​နေတဲ့..အရိပ်​ဖြူဖြူ​လေး...

တဖြည်းဖြည်း နဲ့သနားဖို့ပင်​​ကောင်းလာသည်​....

ပကတိဖြူစင်​တဲ့..Hanuမင်းကြီးရဲ့အသည်းချာ​လေးဟာ....သိပ်​သနားဖို့​ကောင်းသည်​ဟုXianထင်​သည်​...

တကယ်​ဆိုရင်​...မသက်​ဆို​င်​သောကိစ္စရပ်​တစ်​ခုတွက်​...မျက်​မမြင်​​ကောင်​​လေးတစ်​​ယောက်​ကို...ဓားစာခံထားခြင်းဟာ..သိပ်​ရုပ်​ပျက်​လွန်းတယ်​မို့လား....

အရိပ်​ဖြူဖြူ​လေးဟာ...တ​ရွေ့​ရွေ့နဲ့ဆက်​သွား​နေရင်း....ကြာကန်​နှင့်​အ​တော်​နီးလာ​တော့...သူပူပန်​လာမိသည်​....

ရှေ့ဆက်​တိုး​တော့မဲ့အရိပ်​ဖြူဖြူ​လေး​ကြောင့်​...သူဆတ်​ခနဲထမိ​တော့...

"ဟက်​...ထိုင်​​နေXian...​ရေနစ်​လို့မ​သေပါဘူး...တန်​ဖိုးရှိတဲ့ရတနာ​လေးကို..ဒီတိုင်းလွှတ်​ပါ့မလား.."

"ဒါ​ပေမဲ့...သခင်​​လေး.."

"ထားပါ...ငါကအ​တွေ့ကြုံ​လေးတစ်​ခု​ပေးချင်​ရုံပါပဲ.."

တဆိတ်​....ဒါဟာကြုံကိုကြုံရမဲ့အ​တွေ့ကြုံလား.....

ဘဝမှာ..​ရေထဲပြုတ်​ကျတယ်​ဆိုတာက..ထိတ်​လန့်​စရာအတိ...

မကြုံသင့်​​သော..အရာတစ်​ခုကို..ဘာ​ကြောင့်​....ကြင်​ယာ​တော်​Jun Myeonကိုကြုံ​စေချင်​ရတာလည်း......

သို့​သော်​မိမိက..ဘာများဝင်​စွက်​ဖက်​ခွင့်​ရှိမည်​လည်း...

Benign(COMPLETED)Where stories live. Discover now