Part-10 (Z and U)

6.7K 824 11
                                    

Zawgyi

မေတ္တာတရားအားမည်​သို့ ​ခေါင်းစဉ်​​ပေးသတ်​မှတ်​သနည်း

တစ်​နည်း....မည်​သူ့ဆီကသူ​မေတ္တာရနိုင်​သနည်း

မိမိအားဝမ်းနဲ့လွယ်​​မွေးဖွား​ပေး​သော ​လေးစားဖွယ်​အမျိုးသမီးကြီးရဲ့ချစ်​ခြင်းတရား​တွေလက်​ခံမရခဲ့လို့​ပေလားမသိ....တစ်​ဦးတစ်​​ယောက်​ကို မည်​သို့မည်​ပုံချစ်​ရမည်​သူမသိ

ဒါမှမဟုတ်​...သူဘယ်​သူ့ကိုမှမချစ်​တာလည်းဖြစ်​နိုင်​မည်

အနိုင်​အရှုံးကိုပဲ နှလုံးသား ထဲထည့်​သွင်းထားခဲ့တဲ့သူက သူ့မိခင်​ဆီက ချီး​မြှောက်​မှုတစ်​ခုကိုပြင်းပြင်းထန်​ထန်​လိုချင်​ခဲ့ဖူးသည်​....ယခုထက်​ထိလည်း လိုချင်​​နေဆဲဖြစ်​သည်

မည်​သို့​သော ရတနာပစ္စည်းကိုမှသူမလိုပါ...သူလိုတာကမိခင်​ရဲ့ ​မေတ္တာတရားသာ

သို့​သော်​ ကံကြမ္မာကျိန်​စာတစ်​ရပ်​က Zhang Yixingတည်းဟူ​သောဖြစ်​တည်​မှုအ​ပေါ် ရက်​စက်​သည်​ပဲဆိုရ​ပေမည်​လားမသိ......သူချီး​မြှောက်​မခံရသလို...ချစ်​တယ်​ဟုအ​ပြောမခံရပါ....တစ်​ခါမှ​ပေါ့...

အနိုင်​လိုချင်​စိတ်​ပြင်းထန်​လာတဲ့အခါ သူ့ကြိုးစားမှု​တွေက ​ကြောက်​စရာဖြစ်​ကုန်​သည်

သူ့အားထုတ်​မှု​တွေက အန္တရယ်​အဖြစ်​​ပြောင်းလဲသည်

နန်းတွင်းအသိုင်းဝိုင်းရဲ့ မိစ္ဆာတစ်​​ကောင်​လို ရက်​စက်​ခြင်းဂိုဏ်းအသွင်းခံရသည်

ထို့​ကြောင့်​ မိခင်​​မေတ္တာရဖို့ကြိုးစားရင်း....ဂုဏ်​သ​ရေရှိဟုသတ်​မှတ်​ထားတဲ့အသိုက်​ဝန်းရဲ့ နှာ​ခေါင်းရှုံ့စရာလူသားတစ်​ဦးပဲဖြစ်​လာခဲ့ရတာ

သူသိတာက....သူနိုင်​ဖို့ကလွဲရင်​...တခြားမရှိသ​လောက်​ပင်

"ချစ်​တယ်​" ဟူ​သော စကားလုံး​တွေနဲ့​ဝေးကွာ​နေတာ လူရယ်​လို့ဖြစ်​လာတဲ့ကာလကစပြီး...

ဂရုတစိုက်​ဆိုတာမျိုးအထိအ​တွေ့​တွေသူရခဲ့ဖူးသလားဆိုတဲ့မှတ်​ဥာဏ်​​တောင်​ ​ဝေ​ဝေဝါးဝါးဖြစ်​ကုန်​ပြီ

Benign(COMPLETED)Where stories live. Discover now