Part-13

6.3K 747 37
                                    

ဆုပ်ကိုင်ထားမိတဲ့ ဝတ်စုံစဟာ မိမိလက်ထဲ ဘယ်လောက်ကျိုးကြေနေမည်ရယ်မသိ စိမ်းသက်သက်အငွေ့အသက်တွေကြား လူက ရှိန်းတိန်းတိန်းခံစားနေရသည်။

မြင်နိုင်စွမ်းမရှိတဲ့ မိမိအတွက် ဘေးပတ်ဝန်းကျင်ရဲ့ တည်ရှိမှုကို မမြင်ရပေမဲ့ စိတ်လှုပ်ရှားခြင်းဟာ အစဉ်မပြတ်။

ချယ်ရီနံ့တွေ ထုံမွမ်းနေတဲ့ Zhang နိုင်ငံတော်ရဲ့ နန်းတွင်းထဲက ချယ်ရီခြံကြီးထဲရောက်နေမိတဲ့ Jun Myeon။ချယ်ရီတွေကို ချစ်တာမှန်ပေမဲ့ ခုတော့ သူချစ်သောချယ်ရီတွေကြားမှာ နေရခက်နေသည်။

ချယ်ရီတွေကို သူသိပ်ချစ်မှန်းသိရက်နဲ့ Xingဟာ Zhang နိုင်ငံတော်ရဲ့ ချယ်ရီတွေနဲ့ရင်းနှီးခွင့်မပြုခဲ့ပါ။ အကြောင်းရင်းမသိပေမဲ့ သိပ်ချစ်မိသည်ကြောင့်လားမသိ မေးလည်းမမေးချင်မိပါ။

နှာဖျားကို ကျီစယ်သွားတဲ့ ချယ်ရီသင်းသင်းဟာ Jun Myeonကို ပျော်ရွှင်မှုဆိုတာထက် ကြောက်ရွံမှုနဲ့ မနှစ်မြို့မှုကိုပဲ ပေးစွမ်းနေသေးသည်လေ။

Xingတစ်ယောက် နန်းတွင်းထဲ အခစားဝင်တုန်း မိမိကို လာရောက်ခေါ်တာက "နန်းတွင်းမယ်တော်ကြီး ရဲ့အမိန့်အရ."ဟုသာသိရသည်။ ကိုယ့်အားကို မကိုးနိုင်တဲ့ မိမိမှာ သူတို့လာခေါ်တဲ့ ဝေါပေါ်မှာ လိုက်ပါလာရတာ။

ထိတ်လန့်ပေမဲ့ Xingဟူသော အသိဝင်လာတိုင်း ဝေါရဲ့ လက်တန်းကိုသာ ခပ်တင်းတင်းဆုပ်ထားရင်း အကြောက်တရားကို ရင်ထဲမှာပဲ ထားထားရသည်။

ခုတော့ သူဟာ မယ်တော်ဆိုသူရဲ့ ရှေ့မှောက်ကို ရောက်နေပြီလေ။ မည်သို့ ပုံစံအနေအထားရှိမည်မသိသော အမျိုးသမီးရဲ့ ရှေ့မှောက်မှာ သူဟာ နေရာချပေးထားတဲ့ ခုံအမြင့်ထက် ငြိမ်သက်စွာထိုင်နေရသည်။

သူမြတ်နိုးလှတဲ့ ချယ်ရီတွေဝန်းရံနေပါတယ်ဆိုသော အသိကိုတော့ ဝေါပေါ်က ဆင်းဆင်းခြင်း လာကြိုဟန်ရသော အပျိုတော်ဆီက ကြားခဲ့တာဖြစ်ပြီး နောက်ဆက်တဲအနေနဲ့ မျက်စိမမြင်နိုင်သော သူ့အား ဂရုနာသက်သလိုလို လှောင်သလိုလို ပြောလိုက်တဲ့ စကားသံ တီးတိုးကိုလည်း ကြားလိုက်ရသေးသည်။

ရင်ထဲ စိတ်မကောင်းချင်းတို့ဖြသ်တည်လာပေမဲ့ အမှန်တရားကို သူဘာကြောင့် လက်မခံနိုင်ဖြစ်နေရမည်နည်း။ မျက်စိအိမ်တို့ချို့ယွင်းပေမဲ့ အခြားသော အထိတွေ့၊အနံ့ အကြားအာရုံတို့ကို သူများတွေထက် ဝေဖန်ပိုင်စခြားနိုင်စွမ်းကို သူရထားတာပဲမို့လား။

Benign(COMPLETED)Where stories live. Discover now