Part-18 (Z and U)

5.5K 713 19
                                    


အဝါရောင် အဖြူရောင်တောရိုင်းပန်းတို့သည် လှုပ်လီလှုပ်လဲ့ ယိမ်းကာနွဲ့ကာနှင့် လှချင်တိုင်း လှရက်နေကြသည်။ နေမင်းက ခေါင်းတည့်တည့်မှာ နေရာယူထားချိန် ဖြစ်တာတောင်
Zhang နယ်မြေနဲ့ ဝန်းကျင်မှာတော့ မြူမကွဲချင်သေး။

လေညင်းသည် အလွမ်းအငွေ့အသက်တွေ၊ နာကျင်ချင်းအငွေ့သက်တွေကို သယ်ဆောင်ထားလေသလား။ အတိတ် အနာဂတ်တစ်ခုခုအတွက် ပစ္စုပ္ပန် ကာလကို စတေးရတာက သဘာဝတရားပေမို့လား။

ရဲရဲနီနေသော သွေးများစီးဆင်းရာ ဒီကိုယ်တွင်းမှာ ချစ်ခြင်းတွေပျောက်သွားဖို့ ဘယ်နေရာကိုများ တားဆီးနိုင်ပါသလည်း။
လူတိုင်းကိုမဟုတ်ပဲ ဒီလူသားကိုပဲ ချစ်ဖူးပါတယ် ၊မြတ်နိုးဖူးပါတယ်။

သူဟာ ကံကို ယုံသူမဟုတ်၊ ကံကိုဖန်တီးချင်တဲ့သူ။
နာကျင်မှု တွေပဲ ပေးခဲ့ဖူးတဲ့ ဒီလူသားရဲ့ နောက်ဆုံးသော နာကျင်မှုကို သူဖန်တီးပေးလိုက်ဖို့အတွက် သူ့တစ်ဘဝစာလုံး နာကျင်ပစ်လိုက်ဖို့ကတော့ စင်စစ်သူဖန်တီးသော ကံတရားမဟုတ်ခဲ့ပါပေ။

ပုံရိပ်သည် ခပ်လှမ်းလှမ်းက အစွန်းတစ်ခုရဲ့ထိပ်မှာ ငြင်သာစွာရပ်လို့နေသည်။ တစ်ချက်...တစ်ခဏအတွင်းမှာပဲ သူနဲ့အဝေးဆုံးကို ဆွဲခေါ်သွားနိုင်တဲ့ ဒီလိုနေရာမျိုး လောကမှာ ရှိမနေသင့်ခဲ့ဖူးလေ။

တိမ်လွှာဖြူဖြူတွေဟာ အပြာရောင်ကောင်းကင်ကို အလှဆင်နေလိုက်ကြတာ နာကျင်မှုကို နားမလည်ကြတဲ့အတိုင်း။
လက်မှာ ချယ်ရီကိုင်းကိုင်ထားတဲ့ ချစ်ရသူကတော့ ပြုံးကာနေသည်။
အကွာအဝေးတွေကိုဖျက်ဆီးလို့ အပြေးသွားပြီး တင်းကျပ်နေအောင် ဖက်ကာထားချင်သည်။
ခဏလောက်ပဲ ဖြစ်ဖြစ် လက်တွေ တစ်သက်တာ လုံး တွဲထားဖို့ကို တောင်းဆိုချင်သည်။

ခရမ်းနုရောင် ဝတ်ရုံပါးဟာ သူ့ကိုနာကျင်စေသည်။ မြင်ရသမျှ မြင်လွှာတွေ မရှိတော့အောင် သူ့မျက်လုံးသူ ဖျက်ဆီးပစ်ချင်လောက်တဲ့ထိ သူနာကျင်နေတာဖြစ်သည်။

လက်မောင်းမှာ ချည်နှောင်ထားတဲ့ ပုဝါစလေး....
ကိုယ့်မှာ ဘာမှရွေးချယ်ခွင့်မရဘူး Jun.....
ဒါကို မင်းနားမလည်ဖူး ဆိုရင်တောင် ကိုယ်မှာ ပြောစရာ စကားမရှိဘူး Jun ရယ်......
မင်းကို နာကျင်စေတဲ့သူဟာ ကိုယ်ဖြစ်ရတဲ့အတွက် တစ်ဘဝလုံးစာ ကိုယ်ပင်ပန်းနာကျင်မယ်....

Benign(COMPLETED)Where stories live. Discover now