"...Jong In~ah…"
"……"
"Kim Jong In"
"ကားမောင်းနေရင် ကားကိုသာ ဂရုစိုက်မောင်း…
စကားများမနေနဲ့…"
Jong In စကားကို Sehun သဘောကျစွာရယ်
မောလိုက်သည်။ ဒါသေချာတယ်… အရိုးပြာတိုက်
မှာ သူ့အဖေကို ဘာတွေပြောလိုက်လဲ ဆိုတာမပြော
ပြလို့စိတ်ကောက်နေတာ…။ Sehun ကားကိုအသာလေး လမ်းဘေးတွင် ထိုးရပ်လိုက်
သည်။
"…မင်းကိုပုံပြင်လေးတစ်ပုဒ် ပြောပြမယ်…"
"ဘယ်သူ့အကြောင်းလဲ?"
"ဒီအတိုင်းပုံပြင်လေးတစ်ပုဒ် ပါဆို… နားထောင်
မှာလား?"
"နားမထောင်ဘူးဆိုရင်လည်း မပြောမှာကျနေတာ
ပဲ…"
Sehun သဘောကျစွာရယ်မောလိုက်ပြန်သည်။
"ဟိုးရှေးရှေးတုန်းက…"
~~~~~~~~~~~~~~~~~~~
ဟိုးရှေးရှေးတုန်းက မြို့ငယ်လေးတစ်မြို့မှာကောင်
လေးတစ်ယောက်ရှိတယ်…။အဲ့ကောင်လေးမှာသူ့
ကိုလည်းအရမ်းချစ် သူကလည်းအရမ်းချစ်တဲ့
အဖေတစ်ယောက်ရှိတယ်။သူ့အမေကတော့ငယ်
ငယ်လေးကတည်းဆုံးသွားတာမို့ အဖေတစ်ယောက်တည်းကိုသာ အဖေလိုရော
အမေလိုရောချစ်နေရတာပေါ့။
ဒါပေမဲ့ တစ်နေ့မှာတော့သူ့တို့ရဲ့မြို့လေးကို
နောက်ထပ်ကောင်လေးတစ်ယောက်ပြောင်းလာ
သတဲ့။ အဲ့ကောင်လေးကလည်း သူ့လိုပဲအဖေတစ်
ခု သားတစ်ခုဘဝမို့ အဲ့ကောင်လေးကိုသူနဲ့ဘဝတူ
မို့ အရမ်းခင်တာပေါ့။ဒါပေမဲ့ အဲ့ကောင်လေးကို
စကားသွားပြောဖို့ကိုတော့ အရမ်းရှက်တာမို့ခပ်
လှမ်းလှမ်းကနေပဲ အမြဲကြည့်နေခဲ့တယ်။ဒီလိုနဲ့ရာသီတွေပြောင်းပြီး သူတို့နှစ်ယောက်
လည်း တဖြည်းဖြည်းအရွယ်ရောက်လာသတဲ့။အချိန်တွေကုန်လာတဲ့ အမျှထိုကောင်လေးကတော့
မသိပေမဲ့ အမြဲခိုးခိုးကြည့်နေရတဲ့သူကတော့
သံယောဇဉ်တွေပိုကာ အချစ်တွေပေါ်လာခဲ့တယ်။
ဒါပေမဲ့ သူ့အတွက်ကံခေလွန်းတယ်ပဲ ပြောရမလား
မသိ။ မိုးတွေအရမ်းရွာနေတဲ့တစ်နေ့တုန်းကပေါ့…။
ကောင်လေးအမေရဲ့နှစ်ပတ်လည်နေ့ပေါ့ကွယ်…
မိုးတွေအရမ်းရွာနေတာမို့ သူ့အဖေကသူ့ကိုထားခဲ့
ပြီး သူ့အမေရဲ့နှစ်ပတ်လည်နေ့အတွက်လိုအပ်တဲ့
ပစ္စည်းတွေတစ်ယောက်တည်း ထွက်ဝယ်တုန်း
ကံခေလွန်းတဲ့ သူ့အဖေကို ကုန်တင်ကားတစ်စီးက
အရှိန်ပြင်းစွာဝင်တိုက်မိပြီး ကောင်လေးကိုလူ့လော
ကအလယ်တွင်တစ်ယောက်တည်းထားခဲ့ပြီး တမလွန်ကိုခရီးထွက်သွားခဲ့တယ်။တစ်ခါတစ်လေ
တော့လည်းကံတရားကြီးကရက်စက်တယ်ဆိုတာ
ထက်ကိုပိုနေပြန်တယ်။ သူ့ကိုတိုက်ခဲ့တဲ့ ကုန်တင်
ကားကိုမောင်းတဲ့သူက သူအရမ်းချစ်ရတဲ့ကောင်
လေးရဲ့အဖေ ဖြစ်နေခဲ့တယ်။ အဲ့ဒီ့အဖြစ်မှန်ကိုသိ
လိုက်ရတဲ့ ကောင်လေးက သူ့အဖေကို သူ့ဘဝထဲ
ကဆွဲထုတ်သွားတဲ့ အတွက် ထိုကောင်လေးကိုသူ
ပိုင်သင့်တယ် သူပိုင်ကိုပိုင်ရမယ်ဆိုပြီး အဲ့နေ့ကစ
ကာ ထိုကောင်လေးအပေါ်ကိုမလုပ်သင့်တာတွေ
လုပ်မိတော့တာပဲ။
တစ်နေ့သူ့ကိုခေါ်မွေးစားပေးတဲ့ သူ့အဒေါ်တို့မိသားစု ကနိုင်ငံခြားကို သူပါလိုက်သွားရပေမဲ့ ကောင်လေးရဲ့စိတ်ကတော့ သူပိုင်တယ်လို့သတ်
မှတ်ထားတဲ့ကောင်လေးရှိတဲ့မြို့လေးမှာပဲရှိနေခဲ့
တယ်…။
အဲ့နေ့ကစပြီး သူဆုံးဖြတ်လိုက်တယ်။
သူချစ်တဲ့ကောင်လေးရှိတဲ့နေရာကိုတစ်နေ့တော့
အရောက်ကိုပြန်လာခဲ့မယ်လို့။ နောက်ပြီး သူချစ်တဲ့
ကောင်လေးကို အတတ်နိုင်ဆုံးကာကွယ်ပေးတော့
မယ်လို့…။
~~~~~~~~~~~~~~~~
"ကဲ…ပုံပြင်လေးကတော့ ဒါပါပဲကွယ်…"
"……"
"ငါ့ပုံပြင်လေးက အရမ်းကောင်းလို့ မင်းစွံ့အသွား
တာမလား?…"
"Oh Sehun…"
"အင်း…"
Jong In, Sehun ကိုသေချာကြည့်နေရင်းနဲ့ပြော
စရာ စကားတွေပျောက်ဆုံးကုန်သည်။
သူသိခဲ့တဲ့ Oh Sehun ကအဲ့လိုမှမဟုတ်တာ…
ဒါပေမဲ့ သူမသိခဲ့တဲ့ သတိမထားမိခဲ့တဲ့အချိန်က
Oh Sehun ဆိုတဲ့ဖြစ်တည်မှုလေးကရှိနေခဲ့တာပဲ။
တကယ်ပါ… သူ့အဖေ မတော်တဆမှုမဖြစ်ခင်အထိ
Oh Sehun ဆိုတာကို သူသတိမထားမိခဲ့တာပါ…
"…Jong In~ah… ငါမှားခဲ့တယ်…"
"……"
"ငါမင်းကိုချစ်ရင် ချစ်တယ်လို့ဖွင့်ပြောခဲ့သင့်တာ...
သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေမလုပ်ဘဲမင်းကို
ချစ်တယ်လို့တည့်ပြောသင့်တာ…"
Jong In လက်ချောင်းလေးတွေကို Sehun ညင်
သာစွာဆုပ်ကိုင်ရင်း သူ့ပါးပြင်နဲ့ကပ်ထားလိုက်ရင်း
"...အခုချိန်ကစပြီး ငါ့ခံစားချက်တွေကိုမဖုံးကွယ်
တော့ဘဲ အရှိအတိုင်းဖော်ထုတ်တော့မှာမို့ မင်းငါ့ကို
အခွင့်အရေးပေးရမယ်နော် အိုကေ…"
"…ဘာ…ဘာဆိုင်…လို့လဲ?…"
Jong In ရဲ့အမေးစကားကို Sehun ဘာမှပြန်
မဖြေဘဲ တစ်ချက်သာရယ်လိုက်ရင်း ကားကိုပြန်
မောင်းထွက်လာသည်။ ကားမောင်းလာတဲ့
တလျှောက်လုံး Sehun ဆီမှ ဘာစကားသံမှထွက်
မလာတော့သလို Jong In ဘက်ကလည်း ဘာမှ
ထပ်မမေးမိ။
~~~~~~~~~~~~~~~~~~~~
Jong In's POV
နေက အနောက်အရပ်ကတင်မကပဲ တောင်အရပ်
မြောက်အရပ်ကနေ စုပြုံပြီးထွက်လာတော့မှာလား?
သူမှားခဲ့တယ်တွေ ဘာတွေပြောလို့ Appa ကို
လည်းတောင်းပန်တယ်။တစ်ခုခုကြံစည်နေတာ
တော့မဟုတ်ပါဘူးနော်။ မဟုတ်လောက်ပါဘူး…
သူက ပလီစိချောက်ချက်ပြောတတ်တဲ့သူမျိုးမှ
မဟုတ်တာ။ ဒါပေမဲ့ တကယ်ဖြစ်နေရင်ဘယ်လို
လုပ်မလဲ?တကယ်တစ်ခုခုကြံစည်-
"...Kai~ah…"
"…!"
ရုတ်တရက်နောက်ကနေ နားနားကပ်ပြီးခေါ်လိုက်
တာမို့ လူကလန့်ပြီးတုန်ပါတုန်တက်သွားသည်။
လှည့်ကြည့်လိုက်တော့ Kyung Soo…။ ကျွန်တော်လန့်သွားတာကို ပြန်လန့်ပြီး ကျွန်တော့်
ကိုမျက်လုံးပြူးလေးတွေနဲ့ကြည့်နေသည်။
"Kyung Soo~ah… အသံမပေး ဘာမပေးနဲ့…
ဘာလဲ?"
Sehun အိမ်ပြန်သွားတုန်းလေး အကမကျင့်ချင်
လို့ Ent ရဲ့ ချောင်ကျကျနေရာမှာလာခွေနေ
ပါတယ်ဆိုမှ ဘယ်လိုများတွေ့အောင်ရှာနိုင်လဲ မသိဘူး။ မျက်လုံးက ပြူးနေလို့များ သူများတွေ
ထက်အမြင်အာရုံတွေများကောင်းနေသလား မသိ
ပါဘူး။
"…Chanyeol နဲ့ Kris Hyung မင်းကိုရှာနေ
တယ်…"
"Chanyeol hyung နဲ့ Kris hyung က ငါ့ကို?"
"အင်း… အရေးကြီးတယ်နဲ့တူတယ်…"
ဒီလိုနဲ့ကျွန်တော်လည်း Kyung Soo ခေါ်ရာနောက်ကိုယောင်တောင်တောင်နဲ့ပါသွားလေ
တော့သည်။ Hyung တို့ရှိတဲ့ practice room
ထဲရောက်တော့ Chanyeol hyung နဲ့ Kris hyung ရဲ့ရှေ့မှာ ကြက်ကြော် ဘာဂါ Cola အစ
ရှိတဲ့စားဖွယ်သောက်ဖွယ်တွေကအပြည့်နေရာယူ
ထားပြီး တစ်ယောက်နဲ့တစ်ယောက် လေဆာတွေ
ထွက်လာတော့မလား အောက်မေ့ရတဲ့ မျက်လုံးတွေနဲ့ကြည့်နေကြသည်။ နှစ်ယောက်လုံး
ကကျွန်တော့်ကိုလည်းတွေ့ရော ထိုင်နေရာကနေ
ဝုန်းခနဲ ထလာပြီး ကျွန်တော့်ဆီလျှောက်လာကြ
သည်။
"Kai~ah… ရောက်လာပြီလား? လာ… Ge ဆီ
လာ…"
Kris hyung က Canadian Chinese မို့သူ့
ကိုယ်သူ Ge လို့သာသုံးနှုန်းတတ်သည်။
"…hyung တို့ကျွန်တော့်ကိုတွေ့ချင်တယ်ဆို…"
ကျွန်တော်မေးလိုက်တော့ မျက်နှာချင်းဆိုင်တွင်
ထိုင်နေသည့် Chanyeol hyung ကပါ ကျွန်တော့်ဘေးရောက်လာသည်။
Hyung တို့ကိုကြည့်ရတာ သာမာန်ထက်ပိုလေး
နက်နေကြပါလား? နေဦး သူတို့ မဟုတ်မှလွဲရော
Sehun အကြောင်းကိုများ…
"…မင်းရဲ့ မန်နေဂျာကလေ…"
ထင်တဲ့အတိုင်း ဟုတ်တော့ဟုတ်နေပါပြီ။ရန်ဖြစ်တဲ့
နေ့တုန်းက သူတို့နှစ်ယောက်လုံးရှိနေတာဆိုတော့
သူတို့များတစ်ခုခုသိသွားကြပြီလား?
"…Luhan hyung နဲ့ဘယ်လိုပက်သတ်နေတာ
လဲ?…"
မျက်နှာကိုကပ်ပြီး သေသေချာချာကြီးကိုမေးလာတဲ့
Chanyeol hyung ကြောင့် ကျွန်တော်မျက်မှောင်
ကြုတ်ပြီး ပြန်ကြည့်မိသည်။
"…ဟန်?…"
"Luhan hyung နဲ့ မင်းမန်နေဂျာကိုပြောတာ…"
Chanyeol ကကျွန်တော့်ဘေးကို နီးသထက်နီး
အောင်ပိုတိုးကပ်လာရင်း မေးလာပြန်သည်။
"Luhan ကတော့ ညီအစ်ကိုလို့ပြောတာပဲ… ဒါပေ
မဲ့ သူတို့ကရုပ်မှမတူတာ နောက်ပြီးတော့ ညီရဲ့အရပ်
ကို အစ်ကိုရဲ့အရပ်ကိုလည်း ယှဉ်ကြည့်ဦး မူလတန်း
အထက်တန်းကလေး ကျနေတာပဲ…"
Kris Ge နဲ့ Luhan hyung ကအသက်ချင်း
သိပ်မကွာလှတာမို့ Luhan လို့သာသုံးနှုန်းသည်။
"…ငါနဲ့ Kris hyung နဲ့က Luhan hyung နဲ့
မင်းမန်နေဂျာ ညီအစ်ကိုအရင်း ဟုတ်မဟုတ်ကို
လောင်းထားတာ… နိုင်တဲ့ သူကဒီမုန့်တွေ အကုန်
စားရမှာ…"
တော်တော်အရေးကြီးတဲ့ ကိစ္စကြောင့် ကျွန်တော့်ကို
အခေါ်လွှတ်လိုက်ရှာတာပဲ…။ တရားခံ Kyung Soo ကိုကြည့်တော့လည်း ဒင်းကဘာမှမသိတဲ့
အတိုင်း Cola ကိုခပ်တည်တည်နဲ့ထိုင်နေလေ
သည်။
ဒီကောင်တော့…။
ဘာမှန်းမသိ ညာမှန်းမသိ Oh Sehun အသံကြား
တာနဲ့ခြေမကိုင်မိ လက်မကိုင်မိ ကိုယ့်ကိုကိုယ်သာ
ပိတ်ထုချင်တယ်…။
~~~~~~~~~~~~~~~~~~~~
"မနက်ဖြန် 4:30 လေယာဉ်နဲ့ Beijing ကိုပြန်ရ
မယ်…"
အိမ်ထဲဝင်ဝင် ချင်းပြောလိုက်တဲ့ အစ်ကိုဖြစ်သူရဲ့
စကားကြောင့် Sehun ခြေလှမ်းတွေတုန့်ခနဲရပ်
တန့်သွားသည်။ အစ်ကိုဖြစ်သူ Luhan ရဲ့တစ်ခါမှ
မကြားဖူးတဲ့ အမိန့်ဆန်တဲ့ လေသံကြောင့် Sehun
လက်ဖျားခြေဖျားတွေပါအေးစက်သွားသည်။
"...Hyung ကျွန်တော် မပြန်ဘူး…"
"အဆင်သင့်ဖြစ်အောင် အခုကတည်းက အထုပ်
အပိုးတွေ ပြင်ထားလိုက်တော့…"
"…Hyung…"
ဒီတစ်ခါတော့ Luhan ဘာမှမပြောဘဲ Sehun
ကိုစိုက်ကြည့်နေသည်။ Luhan ရဲ့ဒီလိုပုံစံကို
တစ်ခါမှမတွေ့ဖူးတာမို့ Sehun ပြောစရာစကား
တွေပါဆွံ့အကုန်သည်။
"…ကျွန်တော် မပြန်နိုင်ဘူး Hyung ကျွန်တော့်ကို
ဒီတစ်ခါလေးပဲ အခွင့်အရေးပေးလို့မရဘူးလား?…
ကျွန်တော် အရင်လိုတကယ်မဆိုးတော့ပါဘူး အခုမှ
Jong In ရဲ့အနားမှာ နေနိုင်တာ ကျွန်တော်မသွား
ချင်ဘူး… ကျွန်တော်… ကျွန်တော်…"
Sehun ပြောလက်စ စကားကို အသက်ကိုတဝကြီး
ရှူလိုက်ရင်း…
"…Jong In ကိုချစ်တယ်… Jong In မရှိဘဲမနေ
နိုင်ဘူး…"
မခိုင်တော့ဘဲ ခြေထောက်အစုံကမခိုင်းစေပါဘဲနဲ့
Luhan ရှေ့ဒူးထောက်ကျသွားသည်။
"...ကျွန်တော် တောင်းပန်ပါတယ်…"
"…Sehun~ah…"
"……"
"Sehun~ah…ထတော့"
"ကျွန်တော့်ကို Jong Inအနားမှာနေခွင့်မပေးမချင်း
မထဘူး…"
"မင်းက မှငါ့ကို နားလည်ပေးရမှာ ငါဒီလိုလုပ်တယ်
ဆိုတာ မင်းတို့နှစ်ယောက်လုံး ဒီ့ထက်ပိုပြီးဒဏ်ရာ
မရအောင်လို့ပါ…"
Luhan ကပြောသာပြောနေတာ Sehun ဘက်က ဘာမှတုန့်ပြန်သံထွက်မလာ။
Luhan သက်ပြင်းရှည်ကြီးကိုသာချလိုက်မိသည်။
ဒီကောင်လေးက သူ့ဦးလေးနဲ့တူလို့ခေါင်းမာတဲ့
နေရာမှာ နှစ်ယောက်မရှိဘူး…။ ဒါပေမဲ့ စကားကို
ဗလောင်းဗလဲပြောတတ်သူမဟုတ်မှန်း သူအသိဆုံး
မို့ …
"…Oh Sehun ဒီတစ်ခါပဲနော်…"
ווווווווווווווווווו×