Oh! Sehun... (SeKai)
By HunnieTokiKwiyomi
161K 10.3K 165
Oh Sehun!... မင်းကတော်တော် အတ္တကြီးတဲ့လူပဲ... ငါ့အတ္တကမင်းတစ်ယောက်တည်းအတွက်ပဲကြီးတာပါ... Kim Jong In... Highest... More
Intro
အပိုင်း [ ၁ ]
WARNING...
အပိုင်း [ ၂ ] - 18+
အပိုင်း [ ၃ ]
အပိုင်း [ ၄ ]
အပိုင်း [ ၅ ]
အပိုင်း [ ၆ ]
အပိုင်း [ ၇ ]
အပိုင်း [ ၉ ]
အပိုင်း [ ၁၀ ]
New Fic (Special One)
အပိုင်း [ ၁၁ ]
Facebook Acc
အပိုင်း [ ၁၂ ]
အပိုင်း [ ၁၃ ]
အပိုင်း [ ၁၄ ]
အပိုင်း [ ၁၅ ]
အပိုင်း [ ၁၆ ]
အပိုင်း [ ၁၆ ] part-2
အပိုင်း [ ၁၇ ] ဇာတ်သိမ်းပိုင်း
Extra
New Fic (Me & Them)
အပိုင်း [ ၈ ]
5.7K 496 22
By HunnieTokiKwiyomi
Kai's POV
အိမ်ရောက်တဲ့အထိ ကျွန်တော့်ရင်ခုန်သံတွေမရပ်
တန့်နိုင်သေး… Oh Senun ရဲ့ စကားသံတွေက နားထဲကမထွက်နိုင်သေး။ ကျွန်တော့်ကိုအနိုင်ကျင့်
ခဲ့တဲ့ သူကိုသူကဘာလုပ်ခဲ့တယ်။ နားရှိလို့သာကြား
ရတယ် သိပ်တော့မယုံရဲဘူး။ ဒါပေမဲ့ Oh Sehun
ကရက်တာစက်တတ်တာ။ မဟုတ် မဟတ်ပြော
တတ်တဲ့သူတော့ မဟုတ်ဘူးရယ်…။
ဒေါက်~~ဒေါက်~~ဒေါက်
ဒီအချိန်ကြီး ဘယ်သူပါလိမ့်?… ဘယ်သူမို့လို့ ခြံတံ
ခါးကိုဖွင့်ပြီး အိမ်ရှေ့ထိရောက်လာတာလဲ? ဘယ်သူဘယ်ဝါမှန်းသေချာမသိသေးတာမို့ တံခါး
ပေါက်လေးကနေ ချောင်းကြည့်လိုက်တော့ရင်းနှီး
နေတဲ့မျက်နှာမို့ လက်ကအလိုလိုတံခါးဖွင့်ပေးလိုက်
မိသည်။
"Oh…Oh Se-"
နာမည်တောင်ပြီးဆုံးအောင်မခေါ်သေးခင်ရင်ခွင်ထဲ
ကိုပြိုကျလာတဲ့ ခန္ဓာကိုယ်လေးတစ်ခု အလိုက်သင့်
လှမ်းထိန်းပေးလိုက်မိသည်။ ကျွန်တော့်လက်ထဲပြို
ကျလာတဲ့ ခန္ဓာကိုယ်လေးကတသိမ့်သိမ့်တုန်နေပါ
ရောလား?…
အိမ်နေရင်း ညဝတ်အကျီ င်္ပါးပါးလေးနဲ့အိမ်စီးစလစ်
ပါလေးသာ စီးကာကျွန်တော့်အိမ်ထဲရောက်နေ
သော အနှီလူသားကလေးရဲ့ ပခုံးကိုလက်နှစ်ဖက်နဲ့
မြဲမြဲဆုပ်ကိုင်ရင်း ကျွန်တော့်မျက်နှာကိုကြည့်စေ
လိုက်သည်။
အလိုလေး… ဒါကျွန်တော် သိခဲ့ဖူးတဲ့ Oh Sehun
မှဟုတ်ပါစ?… မျက်လုံးနှစ်ဖက်က မျက်ရည်တွေနဲ့
ရွှန်းစိုနေပြီး အကာအကွယ်မဲ့နေတဲ့ ပုံစံက Oh Sehun ရဲ့ အဘိဓ္ဓာန် ထဲကိုဘယ်တုန်းကရောက်
သွားရတာလဲ?
"Oh Sehun… ဟုတ်ပါတယ်နော်…"
"Kim Jong In…"
တိုးလျနေတဲ့ လေသံလေးနဲ့ ကျွန်တော့်အကျီ င်္ကို
တင်းကျပ်စွာဆုပ်ကိုင်ထားတဲ့ Oh Sehun ဒီအချိန်ကြီးတစ်ယောက်တည်း ဒီလိုပုံစံနဲ့ ကျွန်တော့်အိမ်ကိုလာခဲ့တာလား?
ဒီအချိန်ကြီး…
ဒီလိုပုံစံနဲ့…
"Oh Sehun… ဒီအချိန်ကြီး ဒီလိုပုံစံနဲ့အပြင်ထွက်
လာရအောင်မင်းရူးနေလား ဟန်? မင်းကိုယ်မင်း
သိပ်ကျန်းမာရေးကောင်းနေတယ်များထင်နေ
လား?!"
ရုတ်တရက်ဆောင့်တက်လာသောဒေါသတွေ
ကြောင့် Oh Sehun ရဲ့ပခုံးနှစ်ဖက်ကိုဆွဲကိုင်ကာ
ခပ်ကြမ်းကြမ်းလှုပ်ရမ်းပစ်လိုက်မိသည်။ ကျွန်တော်
ဒေါသမထွက်ပဲနေပါ့မလား? သူဝတ်ထားတဲ့အကျီ င်္
ကညအိပ်ဝတ်စုံအဖြူရောင်ပါးပါးလေးမှ တကယ်
ပါးပါးလေး…။ နောက်ပြီး လူကြည့်တော့ ဖြူဆုတ်
ုဆုတ် ဖလံထန်လေးနဲ့ ဒီခေတ်ကြီးက လူယုတ်မာ
တွေ ပေါမှပေါ။ အရင်က သူယုတ်မာခဲ့တာတွေ ဘယ်သူမှသိမှာမဟုတ်ဘူး။ အခုအချိန်သူ့ပုံစံက
လုံးဝ အဖြူထည် ပစ်မှားချင်စရာလေး။
Oh Sehun… ညနေက အထိုးခံထားရတာပဲ ဆို
တဲ့အတွေးဝင်လာချိန်မှာတော့ ကျွန်တော့်လက်ထဲ
က Oh Sehun ကတော့ ကျွန်တော့် လှုပ်ရမ်းလိုက်
လို့ ကြွတက်လာတဲ့ ဒဏ်ရာရဲ့ နာကျင်မှုတွေကို
အံကြိတ်ခံနေရလေသည်။
နာကျင်မှုကြောင့် တသိမ့်သိမ့်တုန်နေတဲ့ ခန္ဓာကိုယ်
လေးကိုကောက်ပွေ့လိုက်ရင်း ကျွန်တော့် ဧည့်ခန်း
ထဲကဆိုဖာလေးပေါ်ခေါ်လာမိသည်။ အရင်ကကျွန်တော့်အပေါ်လုပ်ခဲ့တာတွေကြောင့်
ဘယ်လောက်ပဲ Oh Sehun ကိုမုန်းမုန်း Oh Sehun အပေါ်ကိုရက်စက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့
အရာကြီးပါလား…။
"ဒီမှာ ခဏနေဦး… ငါ Luhan hyung ကိုခေါ်
လိုက်မယ်…"
ဖုန်းယူဖို့ အခန်းထဲဝင်တော့မယ့် ကျွန်တော့်လက်
တွေကို Oh Sehun ကဖမ်းတားလိုက်ပြန်သည်။
"မခေါ်နဲ့…"
Oh Sehun ကကျွန်တော့် မျက်လုံးကိုတည့်တည့်
ကြည့်လာပြန်သည်။ အရင်ကလည်း ကျွန်တော့်
မျက်လုံးကို ကြည့်နေကျဆိုပေမဲ့ အရင်ကနဲ့မတူတာ
တစ်ခုက အခုသူ့မျက်လုံးထဲမှာတောင်းပန်ရိပ်တွေ
နဲ့ပြည့်နှက်နေတာပဲ။ Oh Sehun လည်းဒီလို
အကြည့်တွေနဲ့ကြည့်တတ်သေးတာပဲ။
"…Hyung ကိုမခေါ်ပါနဲ့…"
"Oh Sehun… ဘာဖြစ်လာတာလဲ?"
"မင်းကို သတိရလို့လာခဲ့တာ…"
"$ ရေးမပါတာတွေ…"
"…Idol တစ်ယောက်က အဲ့လိုပြောလို့ဘယ်ဖြစ်
မလဲ?…"
"Oh Sehun… မဟုတ်ကဟုတ်ကတွေပြောဖို့လာ
တာဆိုရင် ပြန်တော့…"
ကျွန်တော် ရှူးရှူးရှဲရှဲ ဖြစ်တာကိုကြည့်ရင်းခြောက်
ကပ်ကပ်ရယ်မောလိုက်တဲ့ Oh Sehun ကြောင့်
ဒေါသတွေကငယ်ထိပ်တက်ဆောင့်သွားသလို။
ပါးလျလျ ညအိပ် ဝတ်စုံကော်လံကိုခပ်ပြင်းပြင်း
ဆောင့်ဆွဲလိုက်ရင်း Oh Sehun မျက်လုံးတွေထဲ
ကိုတည့်တည့်ကြည့်မိသည်။
"Oh Sehun… ငါ့အစား ဟိုကောင်တွေဆီမှာ
အထိုးခံပေးတာနဲ့ ငါ့ကိုလုပ်ချင်တိုင်းလုပ်လို့ရပြီလို့
ထင်နေလား?
"အင်း… အဲ့လိုဖြစ်ရင်ကောင်းမယ်"
"ဘာ-"
နှုတ်ခမ်းပေါ်ကို မနူးညံ့လွန်းသလို မကြမ်းတမ်းတဲ့
အနမ်းတစ်ခုနဲ့နှုတ်ခမ်းတစ်စုံကျရောက်လာချိန်မှာ
တော့ ကျွန်တော့် တစ်ကိုယ်လုံးကကြွက်သားတွေ
အလုပ်မလုပ်တော့သလို…။
ရုန်းလိုက်ရင် ဖြစ်တယ်…။ ရုန်းလိုက်ရင်ဖြစ်တယ်ဆို
တာသိရဲ့သားနဲ့ မေ့ထားလိုက်မိတယ်။ ဟင့်အင်း…
ကျွန်တော်ကိုယ်တိုင်ကိုက မက်မက်မောမောနဲ့ကို
ပြန်နမ်းနေမိသလားတောင်မသိတော့ဘူး။
နမ်းနေရင် ခွာသွားတဲ့ Oh Sehun ရဲ့နှုတ်ခမ်းကို
အားမရစွာနဲ့ ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ထိန်းကာ
တန်ပြန် မဟုတ်တော့တဲ့ ဦးဆောင်အနမ်းတွေပါ
ပေးနေမိပြန်သည်။
Oh Sehun ကိုမုန်းတယ်…
ဒါပေမဲ့ Oh Sehun နဲ့ပက်သတ်လာရင် စိတ်မထိန်းနိုင်တော့တဲ့ ကိုယ့်ကိုကိုယ် ပိုမုန်းတယ်။
"…ငါထွက်သွားရတော့မယ်ထင်တယ်…"
အနမ်းတွေကြားထဲကနေကြားလိုက်ရတဲ့စကား
ကြောင့် Oh Sehun ရဲ့မျက်နှာကိုသေချာကြည့်
လိုက်မိသည်။ Oh Sehun ဆိုတာ နောက်တတ်
တဲ့လူတစ်ယောက်မဟုတ်ပေမဲ့ အခုနောက်ပိုင်း
တော်တော်ပြောင်းလဲ လာတာမို့ မသေချာစွာနဲ့သူ့
မျက်လုံးတွေထဲကနောက်နေတဲ့ အရိပ်အယောင်
တွေကိုရှာကြည့်မိသည်။
"Luhan Hyung က ငါ့ကိုပြန်ပို့တော့မယ်…"
Oh Sehun…
ဘယ်တုန်းက အစ်ကိုစကားကို အဲ့လောက်နားထောင်သွားရတာလဲ? အရင်တုန်းက
Luhan Hyung ဆိုရင် ရှိတယ်လို့တောင်
သဘောမထားခဲ့ဘဲနဲ့။
"အဲ့တော့ မင်းကပြန်မှာလား?…"
ကျွန်တော် Oh Sehun ရဲ့ အဖြေကိုမဝံ့ရဲစောင့်နေ
မိသည်။ အချိန်တွေက အခုချိန်မှာ ကွက်နှေးသွား
သလိုပင်…။
"မင်းသာတားရင်… မင်းသာ မသွားနဲ့လို့ တားရင်
ငါမသွားဘဲနေမလို့…"
Oh Sehun က ကျွန်တော့်မျက်ဝန်းတွေထဲတည့်
တည့်ကြည့်လာခဲ့ပြန်သည်။
"…ငါ့ကို တားပေးမလား?…"
ကျွန်တော်သာ တားခဲ့ရင်… ကျွန်တော့်က ဘာလို့
တားရမှာလဲ? သူထွက်သွားဖို့တောင်မျှော်လင့်နေ
ခဲ့တာကို…
ဟင့်အင်း မတားနိုင်ဘူး…
သွား…
ငါ့မျက်စိရှေ့ကထွက်သွား…
ငါ့အနားကနေထွက်သွား…
ငါ့ဘဝထဲကနေထွက်သွား…
"…မသွားနဲ့…"
အဲ့စကားကိုကျွန်တော်ပြောလိုက်တာမှ ဟုတ်ရဲ့
လား? ကျွန်တော့်ကိုယ်ထဲကို သရဲတစ်ကောင်ကောင်များ ဝင်ပူးပြီးပြောသွားတာ
များလား? ဒါပေမဲ့ သေချာတာတစ်ခုကတော့
Oh Sehun ကိုမသွားနဲ့လို့ ကျွန်တော်တားလိုက်ခဲ့
ပြီ။ကျွန်တော်က… Oh Sehunကို…
…မသွားနဲ့လို့…
~~~~~~~~~~~~~~~
Sehun's POV
"…မသွားနဲ့…"
Jong In နှုတ်ဖျားကထွက်လာတဲ့ စကား…
ကျွန်တော့်ကိုတားလိုက်တယ်…။ ကျွန်တော့်ကို
မသွားနဲ့လို့ပြောလိုက်တယ်။ ကျွန်တော် Jong In
ကိုယ်လုံးကိုသိမ်းကျုံးပြီးဖက်ထားလိုက်ချင်ပေမဲ့
မဖြစ်နိုင်တာမို့ Jong In လည်ပင်းကိုသာ သိုင်း
ဖက်ထားလိုက်မိသည်။ အိမ်ကနေ Jong In ဆီကို
လမ်းလျှောက်ပြီးလာခဲ့ရလို့ ခြေထောက်တွေကသိပ်
မခိုင်ချင်တော့။ ဒါပေမဲ့ လဲကျသွားလို့မဖြစ်ဘူး။
သိပ်တော့ အကူအညီမဖြစ်ဘူးဆိုတာ သိပေမဲ့
Jong In ကိုကျွန်တော် ကာကွယ်ပေးရမယ်…။
ဒီလောက်လေးနဲ့လဲကျလို့မဖြစ်သေးဘူး။
"ကျေးဇူးတင်ပါတယ်… ငါ့ကိုမင်းအနားမှာနေခွင့်
ပေးလို့ ပြီးတော့ အရမ်းလည်းချစ်တယ်…"
Jong In ဆီကဘာတုန့်ပြန်သံမှမကြားရ။
ရုတ်တရက်ကြီး သူ့လည်ပင်းကိုဖက်ထားတဲ့
ကျွန်တော့်လက်ကို ဖြုတ်ချပြီး သူ့အခန်းဘက်ကို
ထွက်သွားသည်။
"Jong In~ah…"
လှည့်မကြည့်…။
"ငါ့ကိုမင်းအဖေဆီ ခေါ်သွားပေးပါလား?"
ကျွန်တော်ပြောလိုက်တဲ့ စကားကြောင့် Jong In
ခြေလှမ်းတွေရပ်ပြီး ကျွန်တော့်ဘက်ကိုလှည့်လာ
သည်။
"…ငါ မင်းအဖေကိုတောင်းပန်ချင်လို့ပါ…"
"……"
"ငါဒီနေ့တော့ ဒီမှာ အိပ်မယ်နော်… Good night
Jong In~ah…"
Jong In ရဲ့အံ့သြနေတဲ့ မျက်ဝန်းတွေကိုလျစ်လျူ
ရှုပြီး ဆိုဖာပေါ်ကိုခေါင်းမှီပြီးအိပ်ပစ်လိုက်သည်။
Luhan Hyung ကိုတော့ မနက်ကျမှပဲဖုန်းဆက်
လိုက်တော့မယ်…။
~~~~~~~~~~~~~~~~~~
"Ajusshi… ကျွန်တော့်နာမည် Oh Sehun ပါ…
ကျွန်တော့်နာမည်ကို Jong In ပြောပြလို့ကြားဖူးပြီး
သားဖြစ်မှာပါ… ကျွန်တော် Ajusshi ကိုတောင်း
ပန်ပါတယ်… တကယ်တော့ ကျွန်တော့်အဖေသေ
ရတာ Ajusshi ကြီးကြောင့်မဟုတ်ပါဘူး အဲ့ဒါကို
ကျွန်တော်လည်းသိခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒါကို
ကျွန်တော်လက်မခံနိုင်ဘူး ကျွန်တော့် အတွက်ဒေါသတွေကိုပုံချရမယ့် လူလိုအပ်ခဲ့ပါတယ် အဲ့ဒါကြောင့် Ajusshi နဲ့
Jong In အပေါ်ကိုဆိုးဝါးတဲ့လုပ်ရပ်တွေကိုလုပ်ခဲ့
မိပါတယ် အဲ့ဒီအတွက်တကယ်တောင်းပန်ပါတယ်
Ajusshi အခုတမလွန်မှာ စိတ်ချလက်ချနေပါ
တော့… Jong In ကိုကျွန်တော်စောင့်ရှောက်ပါ့
မယ်… စိတ်မပူပါနဲ့ … တမလွန်မှာ Appa နဲ့တွေ့
ရင်ပြောပေးပါ ကျွန်တော် အရင်လိုမဆိုးတော့ပဲ
ကောင်းကောင်းနေ နေတာမို့ ကျွန်တော့်ကိုစိတ်မပူ
ပါနဲ့လို့… အဲ့ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်
ကောင်းကောင်းနေရစ်ပါနော်…"
~~~~~~~~~~~~~~
"ဘာတွေပြောနေလို့ ကြာနေတာလဲ? ငါ့အဖေရဲ့
အရိုးပြာကိုတော့ မဟုတ်ကဟုတ်ကတွေ မလုပ်ခဲ့ပါ
ဘူးနော်?…"
"…အဲ့ဒါက လျှို့ဝှက်ချက်…"
"သိပ်ရယ်ရတယ်…"
Jong In ကကျွန်တော့်ကိုမျက်စောင်းထိုးပြီးကား
ပေါ်တက်သွားသည်။ Jong In~ah ငါ Ajusshi
ကိုပြောတဲ့စကားတွေကိုသာ မင်းကြားရင် တကယ်
ရယ်နေမှာသေချာတယ်…။
ווווווווווווווווווו×
အပ်ပုကိုလာဒိတ်သွားတယ်နော် ဟီးးး xD
နောက်လည်းရရင် ရသလို ဒိတ်ပေးမယ်နော်သက်
လား^^ FB acc လေးတွေ message မှာလာ
ပြောပေးရင် လာ add မယ်နော် ချစ်လို့… ❤❤❤
Continue Reading
You'll Also Like
1.5K 40 6
58.7K 4.5K 24
ချစ်ခြင်းနဲ့မုန်းခြင်းကြားမှာ အလွှာပါးပါးလေးတခုပဲခြားထားတယ်... အဲဒီ့အလွှာလေးကိုဖယ်ခွာနိုင်ရင် မင်းအရမ်းမုန်းနေတဲ့သူကိုလဲ ချစ်မိသွားလိမ့်ဆိုတာ အသေအချာ...
344K 27.3K 29
Mini Story Uni Life Style Sweet Romance
98.7K 16.3K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ