"Noona… ကျွန်တော့်ကိုထားမသွားပါနဲ့နော်…
တောင်းပန်ပါတယ်... Noona!"
"……"
"Noona! Noona! ကျွန်တော်ပြောတာကိုနား
ထောင်နေရဲ့လား?? Noona! Noona!!!!"
"Cut!!… Kai-sshi... ဒီနေ့ဘယ်လိုဖြစ်နေတာ
လဲ? ကိုယ်ချစ်ရတဲ့ မိန်းကလေးကသေသွားလို့
လုံးဝကြေကွဲနေရမှာကိုဘာလို့ အသက်မပါသလို
ဖြစ်နေရတာလဲ?"
ဒါရိုက်တာကြီးရဲ့စကားကို Jong In ကခေါင်းငုံ့
နားထောင်နေရင်းနဲ့ မျက်လုံးတွေကိုကစားကြည့်
လိုက်တော့ အကြည့်တွေက shooting တစ်နေရာ
က Sehun ဆီရောက်သွားသည်။
Jong In ဒီနေ့တနေကုန်ရိုက်ကွင်းထဲစိတ်မရောက်
ရခြင်းအကြောင်းက အဲဒီ့ကစတာပဲ။
Oh Sehun ရဲ့ဘေးမှာ မင်းသမီးရဲ့ မန်နေဂျာ
ယောင်ယောင် make-up artist ယောင်ယောင်
မိန်းမက မနက်ကတည်းကလိုက်ကပ်နေသည်လေ။
လူမှုရေးအရ မသက်သာလို့ စကားပြန်ပြောနေရ
တယ်လို့တွေးရင်ဖြစ်ပေမဲ့ Oh Sehun ဆိုတဲ့လူက
ဘယ်တုန်းက လူမှုရေးတွေ ဘာတွေ သိဖူးလို့လဲ?
မဖြစ်တော့ဘူး… ဒီနေ့တကယ်ကိုရုပ်ရှင်ဆက်ရိုက်ဖို့
မဖြစ်နိုင်တော့ဘူး။
~~~~~~~~~~~~
"Jong In… နေကောင်းရဲ့လား?"
ပြောရင်းနဲ့ သူ့နဖူးကိုစမ်းဖို့ရောက်လာတဲ့ Sehun ရဲ့လက်ကို Jong In အားနဲ့ပုတ်ထုတ်လိုက်သည်။
သူဘာကို ဒေါသထွက်လို့ထွက်နေမှန်းမသိပေမဲ့
ဒီနေ့တကယ်ကို Sehun မျက်နှာကိုမမြင်ချင်တာပါ။
ရုတ်တရက် Sehun ကကားကိုလမ်းဘေးကိုထိုး
ရပ်ပစ်လိုက်သည်။
ဘာလုပ်တာလဲဟ?...။
"ကိုယ်ကားမောင်းနေတုန်း အဲ့လိုမလုပ်လို့ မရဘူးလား?"
"ဟန်?"
Oh Sehun ဘာတွေလာပြောနေတာလဲ? သူပဲ
သူများနဖူးကို ပိုင်စိုးပိုင်နင်းလာကိုင်နေပြီးတော့…။
"ကိုယ်ကြောက်လို့ပါ…"
ခေါင်းငုံ့ထားလို့ မျက်နှာကိုမမြင်ရပေမဲ့ စတီယာတိုင်ကိုကိုင်ထားတဲ့ Sehun ရဲ့လက်တွေ
ကိုကြည့်ရတာ သူတစ်ခုခုကိုတကယ်ကြောက်နေ
မှန်းသိသာလွန်းတာမို့ Jong In ဘာဆက်ပြောရ
မှန်းမသိအောင် ဖြစ်သွားသည်။
Oh Sehun ဆိုလိုချင်နေတာ… မဟုတ်မှလွဲရော။
"ကဲ… မင်းလည်းပင်ပန်းနေလောက်ပြီဆိုတော့
ကိုယ်ဘာမှမမေးတော့ပါဘူး… အိမ်ကိုပဲ တန်းမောင်းလိုက်တော့မယ်နော်…"
နောက်ထပ်ဘာမှမပြောတော့ဘဲ Jong In အိမ်ကို
ပဲဦးတည်မောင်းပြီးနောက် ကားပေါ်မှာလုံးဝတိတ်
ဆိတ်ခြင်းကသာကြီးစိုးနေသည်။
Sehun ဘက်က ဘာမှမပြောတော့တာမို့ Jong In ကလည်းဘာမှခွန်းတုန့်ပြန်စရာမရှိ။
"အဟမ်း…"
တိတ်ဆိတ်မှုကိုဖြိုခွင်းခြင်းလို့သာ ချောင်းဟန့်လိုက်
ရတယ် Sehun တို့ကတော့ Jong In ဘက်ကို
တစ်ချက်လေးတောင်လှည့်မလာ။
"အခုဘယ်ကိုမောင်းနေတာလဲ?"
Aish… သေစမ်း! အိမ်ကိုမောင်းနေတာမှန်း သိရဲ့
သားနဲ့ ဘယ်ကိုမောင်းနေတာလဲ ဆိုတော့ ရူးနေလို့
လား? Kim Jong In အရူး!
"အိမ်ကိုပဲလေ… ဘယ်ဝင်ချင်သေးလို့လဲ?"
"ဘယ်…ဘယ်မှမဝင်ဘူး"
Kim Jong In… ဘာဖြစ်နေတာလဲ? Yah! Oh
Sehun မင်းကရော ဘာဖြစ်နေတာလဲ?!
"ခဏ! ခဏလောက်ရပ်ပေးဦး!"
Jong In စကားဆုံးတာနဲ့ Sehun ကကားကို
လမ်းဘေးတွင်ထိုးရပ်လိုက်သည်။ လမ်းဘေးတွင်
တော့ ကလေးတွေကစားတဲ့ ကစားကွင်းလေး
တစ်ခု…။
Sehun's POV
ကားပေါ်ကနေ ခပ်သုတ်သုတ်လေးပြေးဆင်းသွား
ပြီး ကစားကွင်းထဲကဒန်းသွားစီးနေတဲ့ Jong In
ကတကယ့်ကိုကလေးလေးတစ်ယောက်လိုပါပဲ
လား? အဲ့လို ကလေးဆန်နေလွန်းလို့လည်း ကျွန်တော်သူ့ကိုအဆုံးရှူံးမခံနိုင်တာ။ အဲ့လိုကလေး
ဆန်နေလို့လည်းသူ့ကိုကျွန်တော်ကာကွယ်ပေးဖို့
လိုအပ်နေတာ။
ကျွန်တော်ဆိုတဲ့ကောင်က အရင်ကဆို ကားမောင်း
ဖို့နေနေသာသာ ကားဟွန်းသံကျယ်ကျယ်ကြားရင်
တောင် နေစရာမရှိတဲကောင်ပါ။
အဲ့နေ့က အဖြစ်အပျက်ကြီးက ကျွန်တော့်ကိုအရိပ်
လိုနှောက်ယှက်နေခဲ့တာ…။
ဟင့်အင်း မတွေးချင်ဘူး။ ပြန်မတွေးချင်တော့ဘူး။
သြော်… မေ့တတ်ရန်ကော။ ဒီအတိုင်းကြီးဆင်းသွားတယ်…။ Mask လည်းယူ
မသွားဘူး။ Mask? Mask? ဘယ်မှာပါလိမ့်?
အရေးထဲပျောက်နေသေးတယ်။
"Yah! ဒါ TV ထဲကသီချင်းဆိုတဲ့ကောင်လေး မလား?"
"ဘယ်ကသာ… မင်းသားပေါက်စလေးပါ"
"ခင်-ခင်ဗျားတို့ ဘာလုပ်တာလဲ?!"
"မရှက်ပါနဲ့… Hyung တို့ကသေချာအောင်လို့ပါ"
"ကျူပ်ကို မထိနဲ့နော်!"
"ဟ… စွာလှချည်လား? ဟေ့ကောင်တွေ…
ချူပ်ထားလိုက်စမ်း"
ကားထဲ Mask လိုက်ရှာနေတုန်း အပြင်ကကြား
လိုက်ရတဲ့ အကြားတွေကြောင့် ခန္ဓာကိုယ်တစ်ခုလုံး
အေးစက်သွားသည်။ ကမန်းကတန်းကားပေါ်ကနေ
ပြေးဆင်းကြည့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်း
ကကျွန်တော့်ကို လူသတ်ချင်စိတ်ပေါက်အောင်လှုံ့
ဆော်နေသလို။
ကူကယ်ရာမဲ့နေတဲ့ Jong In ကို လူနှစ်ယောက်က
မြေကြီးပေါ်တွင်ချူပ်ထားပြီး ကျန်တစ်ယောက်က
ဗိုက်ပေါ်တွင်တက်ထိုင်နေသည်။
"ဘာလုပ်နေကြတာလဲ?!ေ-ွးမသားတွေ!!"
ဘာလုပ်တာလဲ?! ဘာလုပ်တာလဲ?! အကုန်သတ်
ပစ်မယ်! မင်းတို့ကဘာမို့လို့ Jong In ကိုလာထိရ
တာလဲ? မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲ?!
အကုန်သတ်ပစ်မယ်!
"ဘာလဲကွ! ဒီပိန်ညှောင်လေးက… အာ! မင်းကဟို
တစ်ယောက်မလား? အဟက်… ပြန်တွေ့ကြပြီပေါ့
ကွာ…"
အားရပါးရလက်သီးနဲ့ထိုးဖို့ ရွယ်လိုက်တဲ့ ကျွန်တော့်လက်ကို Jong In ဗိုက်ပေါ်တွင်ထိုင်နေသောတစ်ယောက်ကဖမ်းကိုင်ကာ အနောက်ဘက်ကို လိမ်ချိုးလိုက်သည်။
"အားးးးးး!!!"
ခွပ်~~~
မျက်နှာပေါ်ကို အရှိန်ပြင်းစွာကျလာတဲ့ လက်သီး
ချက်တွေ မနည်းမနောပါလား? ခေါင်းတွေမူးနောက်
လာကာ နာဖို့တောင်အားမရှိတော့သလိုပါလား…။
"Jong…In...-~ah…"
Jong In's POV
ဒီလူတွေ ဘယ်သူတွေလဲ? ကျွန်တော်နဲ့ဘာရန်ငြိုး
ရှိလို့လဲဗျာ? Sehun! Sehun!
သေပြီလား မသိဘူး… မလုပ်ကြပါနဲ့ မလုပ်ကြပါနဲ့
တောင်းပန်ပါတယ်… တကယ်တောင်းပန်ပါတယ်။
"Yah! သေသွားဦးမယ်… ဘာလို့အသားကုန်
ကျွေးနေတာလဲ?"
"မင်းသူ့ကိုသေချာလည်းကြည့်လိုက်ဦး… ဘယ်သူ
လဲလို့"
Sehun အပေါ်တက်ခွပြီးထိုးနေတဲ့တစ်ယောက်က
Sehun ရဲ့ဆံပင်ကို ဆွဲကာမျက်နှာကိုမော့လိုက်စေ
သည်။
"Yah! ဟိုကောင်ပဲ… လိုက်ရှာနေတာ အခုမှပဲတွေ့
တော့တယ် မှတ်သားလောက်ဖြစ်အောင်ဆုံးမပေး
မလို့…"
ဘာ! မှတ်လောက်သားလောက်?! ငါတို့မင်းတို့ကို
ဘာလုပ်မိလို့လဲ?!
အခုလိုကူကယ်ရာမဲ့နေတဲ့ ကိုယ့်ပုံစံကိုယ်မုန်းလိုက်
တာ…။ တစ်ယောက်ချင်းဆိုရင် ပြန်ချနိုင်ပေမဲ့ အခု
ဟာက သုံးယောက်တစ်ယောက် ဆိုတော့…။
ပတ်ဝန်းကျင်ကို အကူအညီတောင်းရမယ်ဆိုတာ
သိပေမဲ့ ကျွန်တော့်မာန တင်းခံနေလေသည်။
အားကုန်သုံးကာရုန်းနေမ်ရင်းက မျက်လုံးတွေက
ကျွန်တော့်ရှေ့မှာ မလှုပ်မယှက်လဲနေတဲ့ Sehun
ဆီရောက်သွားသည်။
"Se…Hun"
Sehun… မလှုပ်တော့ပါလား? Sehun ဆီမှာ
လှုပ်ရှားမှုတွေ မတွေ့ရတော့ပါလား?
"Sehun! Sehun! Oh Sehun!"
ကျွန်တော် ဘယ်လောက်ပဲခေါ်ခေါ် Sehun က
လုံးဝမလှုပ်။ ဟင့်အင်း မဖြစ်ရဘူး။
"ကယ်…ကယ်ကြပါဦး… ဘယ်သူမှမရှိကြဘူး
လား?!… လာကြပါဦး"
"ပိတ်စမ်း… အဲ့ပါးစပ်ကို"
ကျွန်တော့်ကိုထိုးဖို့ လုပ်နေတဲ့ ထိုသူရဲ့ လေထဲတွင်
ရပ်တန့်သွားသည်။ ထိုသူရဲ့ လက်ကိုရပ်တန့်စေ
တာကတော့ ကျွန်တော်နဲ့ရင်းနှီးနေတဲ့ အရပ်ရှည်
ရှည် ပုံသဏ္ဌာန် တစ်ခု။ နောက်ပြီးတော့ Sehun
အပေါ်တက်ခွပြီးတော့ထိုးနေတဲ့ လူကိုပခုံးကဆွဲပြီး
ထိုးနေတဲ့ နောက်ထပ်အရပ်ရှည်ရှည်
လူတစ်ယောက်။
"Kris… Chanyeol…"
ကျွန်တော်တို့ Ent က Rapper နှစ်ယောက်ဖြစ်တဲ့
Kris နဲ့ Chanyeol။ Kris ကကျွန်တော့်ကိုထိုးဖို့
ရွယ်နေတဲ့ သူရဲ့လက်ကိုလွှတ်မပေးဘဲ နောက်ထပ်
အားနေတဲ့ လက်တစ်ဖက်နဲ့ ထိုသူ့မျက်နှာကိုပစ်ထိုး
လိုက်သည်။
"ငါတို့ Basketball ကစားနေကျ ပန်းခြံမှာဒီလိုမျိုး
လာလုပ်နေတာ မင်းတို့ရဲ့ အမှားပဲ…"
Kris ရဲ့လက်သီးတွေကို အလူးအလဲခံနေရင်းနဲ့
ပြန်ခုခံဖို့ကြိုးစားနေပေမယ့် အချည်းအနှီးသာ။ Kris ကဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး
Chanyeol ကတော့ Mask တပ်ထားသည်။
ကျွန်တော့်ကိုချူပ်ထားတဲ့ သူတွေကို Chanyeol
ကဆွဲဖယ်လိုက်သည်နှင့်တပြိုင်နက် ကျွန်တော်လည်းဘာကိုမှ ဂရုမစိုက်နိုင်တော့။
"Sehun! Sehun! Yah! Oh Sehun!"
အော်သာခေါ်နေရပေမဲ့ Sehun ကိုအရမ်းဆွဲကိုင်
ပြီး မလှုပ်ရဲ။ ဒီအတိုင်းကြည့်တာတောင် လူကမျက်
နှာတစ်ခုလုံးရစရာမရှိပဲ စုတ်ပြတ်သတ်နေတာ။
ကျွန်တော်လည်း အချိန်ဆွဲမနေတော့ဘဲ Sehun ကိုကောက်ပွေ့လိုက်သည်။ ဆေးရုံ… ဆေးရုံကို
အရင်သွားရမယ်…။ ဟုတ်တယ် ဟိုကောင်တွေကို
Kris နဲ့ Chanyeol ကြည့်လုပ်လိုက်လိမ့်မယ်။
Oh Sehun… မင်း ငါ့ခွင့်ပြုချက်မရဘဲ ဘာမှမဖြစ်
ရဘူး…
~~~~~~~~~~
"ကံကောင်းစွာနဲ့ အတွင်းဒဏ်ရာမရှိပါဘူး… မျက်နှာကဒဏ်ရာတွေကလည်း စိုးရိမ်စရာမရှိပါဘူး…"
ဆရာဝန်ရဲ့စကားကြောင့် ကျွန်တော့်စိတ်ထဲတင်းခံ
နေတဲ့ အလုံးကြီးတစ်လုံးကျသွားသလို။ Oh Sehun မှာ ကျွန်တော့်ကိုပြန်ပေးဆပ်စရာတွေ အများကြီးကျန်သေးတာကို…။
ဒီလောက်နဲ့တစ်ခုခုဖြစ်လို့မရဘူး…။
ကုတင်ပေါ်တွင်အပူအပင်ကင်းစွာလှဲနေတဲ့ Sehun
အနားကိုကျွန်တော် တစ်လှမ်းချင်းတိုးကပ်သွားမိ
သည်။
ဒီလိုကြည့်တော့လည်း Oh Sehun ကသနားစရာ
သတ္တဝါလေးတစ်ကောင်လို။ သူ့ကိုဒီလိုမြင်နေတာ
သူသိရင်တော့ ဝုန်းဒိုင်းကျဲမှာသေချာတယ်။
ကျွန်တော်ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ
ကျွန်တော့်လက်တွေက Oh Sehun ရဲ့လက်ချောင်းလေးတွေကြားထဲ တိုးဝင်ဆုပ်ကိုင်မိ
ုပြီးသားဖြစ်နေသည်။ ရင်ထဲကတလိမ့်လိမ့်တက်
လာတဲ့ အမျိုးအမည် မသိခံစားချက်ကြောင့် မျက်လုံးထဲက မျက်ရည်တွေကပါလိမ့်ဆင်းလာ
သည်။
"ငါ… ဘာဖြစ်…နေတာလဲ?…"
ကျေးဇူးတင်ပါတယ်… ဘာမှမဖြစ်တာကျေးဇူးတင်
ပါတယ်… အသက်ရှင်နေပေးလို့ကျေးဇူးတင်ပါ
တယ်…။ ငါ့ဘဝထဲက မထွက်သွားလို့ကျေးဇူးတင်
ပါတယ်။
Oh Sehun ရဲ့သွေးစို့နေတဲ့ နှုတ်ခမ်းပိစိလေးကို
ကျွန်တော် အနမ်းခပ်ဖွဖွလေးပေးလိုက်မိသည်။
ဘယ်သူမှ မသိလောက်ပါဘူးလေ…။ကျွန်တော်
ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှမသိလောက်ပါဘူး
လေ။ ကျွန်တော်ဘာဖြစ်နေမှန်း မသိပေမဲ့ သိလည်း
မသိချင်တော့ဘူး။
ကျွန်တော် Oh Sehun မရှိဘဲနဲ့ မနေနိုင်တော့ဘူး
လား??…
וווווווווווווווווו×
I'm Back again…
အနော် ခရီးထွက်ပြီးကတည်းကအပျင်းတစ်နေလို့
အခုမှ ပြန်လာနိုင်တာကို Seboo လွှတ်ပေးကြပါ။
အနော့် Fic တွေကိုအမြဲ Vote ပေးနေတဲ့ သူလေးတွေနောက်ပြီးတော့ Silent လေးတွေ updae မျှော်ပေးတဲ့သူလေးတွေ ကိုလည်း အရမ်း
ချစ် အရမ်းကျေးဇူးတင်ပါတယ်လို့ 😍😍❤❤