Oh! Sehun... (SeKai)
By HunnieTokiKwiyomi
161K 10.3K 165
Oh Sehun!... မင်းကတော်တော် အတ္တကြီးတဲ့လူပဲ... ငါ့အတ္တကမင်းတစ်ယောက်တည်းအတွက်ပဲကြီးတာပါ... Kim Jong In... Highest... More
Intro
အပိုင်း [ ၁ ]
WARNING...
အပိုင်း [ ၂ ] - 18+
အပိုင်း [ ၃ ]
အပိုင်း [ ၅ ]
အပိုင်း [ ၆ ]
အပိုင်း [ ၇ ]
အပိုင်း [ ၈ ]
အပိုင်း [ ၉ ]
အပိုင်း [ ၁၀ ]
New Fic (Special One)
အပိုင်း [ ၁၁ ]
Facebook Acc
အပိုင်း [ ၁၂ ]
အပိုင်း [ ၁၃ ]
အပိုင်း [ ၁၄ ]
အပိုင်း [ ၁၅ ]
အပိုင်း [ ၁၆ ]
အပိုင်း [ ၁၆ ] part-2
အပိုင်း [ ၁၇ ] ဇာတ်သိမ်းပိုင်း
Extra
New Fic (Me & Them)
အပိုင်း [ ၄ ]
8.3K 584 16
By HunnieTokiKwiyomi
Kai's POV
ဒီနေ့အတွက်က ဖိနပ်ကြော်ငြာတစ်ခုရိုက်ပေးပြီး ဒီဇိုင်နာတစ်ယောက်ရဲ့ ဖက်ရင်ရှိုးတစ်ခုမှာသီချင်း
ဆိုပေးရုံပဲရှိတာမို့အိမ်မှာပဲအေးဆေးနေနေမိသည်။
ကြော်ငြာရိုက်ကွင်းက 3:00 နာရီမှဆိုတော့ 2:30
လောက် Kyung Soo လာခေါ်ရင်ဖြစ်ပါတယ်။
Kyung Soo ကိုတော့လာတော့ ခေါ်ခိုင်းထားတာ
ပဲ။မန်နေဂျာ?? မလိုဘူး…။ သူလည်းအခုလောက်
ဆိုကျွန်တော့်ဆီကိုတောင်လာတော့မှာတောင်မ
ဟုတ်ဘူး။ ကြောက်သွားလို့တော့မဟုတ်လောက်
ဘူး။ ကျွန်တော့်လိုလူကသူ့ကိုအနိုင်ယူသွားလို့
ရှက်ပြီး မလာနိုင်တော့တာပဲဖြစ်ရမယ်။ မလာလည်း
ကျွန်တော့်အတွက်ကိစ္စမရှိပါဘူးလေ။ နောက်တစ်
ယောက်ထပ်ရှာလိုက်ရင်ဖြစ်တယ်။
တဖြည်းဖြည်းနဲ့ 2:00 တောင်ခွဲတော့မယ်။ Kyung Soo ဆီကဖုန်းလည်းမလာသေးပါလား?
'ငါမအားသေးလို့ ကိုယ့်ဘာသာကိုယ်ပဲလာခဲ့တော့'
လုပ်ဦးမယ်နဲ့တူတယ်။ အဲ့ကောင်ကလေ လူပုသ
လောက်တော်တော်အလုပ်များတဲ့ကောင်။ အလုပ်
တွေပိနေလို့ အရပ်မထွက်တာပဲနေမယ်။
"…Yah! Do ပု... ဒီတစ်ခေါက်လည်း ငါကိုယ့်ဘာ
သာကိုယ်သွားလိုက်ရတော့မလား?..."
"...Eh? မင်းအခုထိ ရိုက်ကွင်းကိုမရောက်သေးဘူး
လား? ငါ မင်းရဲ့မန်နေဂျာကိုလာခေါ်ခိုင်းထားတယ်
လေ…"
"ဘာ?... ငါ့ကိုဘယ်သူလာခေါ်မှာ?..."
"မင်းမန်နေဂျာ… ဒါနဲ့အခုထိမရောက်သေးဘူး
လား-…"
စိတ်တိုလွန်းလို့ Kyung Soo ပြောတာကိုဆုံး
အောင်တောင်နားမထောင်တော့ဘဲ ဖုန်းကိုချပစ်
လိုက်သည်။ သူကဘယ်လောက်တောင်အလုပ်များ
နေလို့လဲ? နောက်ပြီးသူကဘာသိလို့လဲ? သူက
ကျွန်တော့်မန်နေဂျာဆိုတဲ့ သူအကြောင်းဘယ်
လောက်သိလို့လဲ? သူက Oh Sehun အကြောင်း
ဘယ်လောက်သိလို့လဲ?
ဒါနဲ့ Oh Sehun ကဘာလို့အခု
ထိရောက်မလာသေးရတာလဲ? တကယ်ပဲကျွန်တော့်နားကိုလုံးဝမလာတော့ဘူး
လား? တကယ်ကြီးကိုမလာတော့ဘူးလား?...။
အချိန်အတန်ကြာတဲ့အထိ ဘာအရိပ်အယောင်မှ
မတွေ့ရသေးတာမို့ အနည်းငယ်တော့ အခြေအနေ
လေးချောင်းကြည့်လိုက်ပါဦးမယ်။ ပြူတင်းပေါက်
ကနေချောင်းကြည့်လိုက်တော့ အပြင်မှာကားလေး
တစ်စီးတော့ရပ်ထားတာတွေ့သည်။ နေဦး အဲ့ဒါ
Ent ကကားမဟုတ်လား?...။ကားထဲမှာ လူလည်း
မရှိဘူး။ဒါဆို မဟုတ်မှလွဲရော...။
ကျွန်တော် ကတိုက်ကရိုက်နဲ့အိမ်အောက်ထပ်ကို
ပြေးဆင်းသွားမိသည်။အပြင်မှာ ဒီနေ့အရမ်းအေး
နေတယ်။ နေဦး… အပြင်မှာအေးတာ မအေးတာ
ဘာလုပ်ရမှာလဲ? ကျွန်တော်ကရော ဘာလို့အဲ
လောက်အလောတကြီးပြေးဆင်းသွားရတာလဲ?
သွားနေရင်းနဲ့ တံခါးနားအရောက်တွင်ကျွန်တော်
ကိုယ်တိုင်ကျွန်တော့်ခြေလှမ်းတွေကို သိသိသာသာ
နှေးပစ်လိုက်သည်။ အသက်ကိုဖြည်းဖြည်းရှူရင်း
တံခါးလက်ကိုင်ဘုကိုလှည့်ပြီးတံခါးကိုဖွင့်ကြည့်
လိုက်သည်။
အေးလိုက်တာ…အပြင်ကလေတွေကမျက်နှာကို
လာရိုက်တာ လေဖြတ်မတတ်ဘဲ။ ဒါပေမဲ့ မျက်စိ
ရှေ့ရောက်နေတဲ့လူတစ်ယောက်ကြောင့်အေးတာ
တွေ ဘာတွေလည်းသတိမရတော့။
"…သြော်... Kim Jong In… အဆင်သင့်ဖြစ်ရင်
သွားမယ်လေ…"
Oh Sehun…တံခါးလည်းမခေါက် ဘဲလ်လည်း
မတီးဘဲ အိမ်ရှေ့မှာဘာလုပ်နေတာလဲ? ရာသီဥတု
ကတော်တော်သာယာနေရှာတယ်ဆိုတော့။ အေး
တာတော့သိနေသေးတယ်နဲ့တူတယ်။ လက်ကို
ပိုက်ပြီး လက်မောင်းတွေကိုပွတ်နေတဲ့ပုံကိုကြည့်ရ
တာ။
"...Oh Sehun… မင်းကိုငါ အချိန်ရှိတုန်းငါ့နားက
နေထွက်သွားလို့ပြောထားတယ်နော်…"
Oh Sehun ကကျွန်တော်ပြောနေတာကိုဂရု
မစိုက်ဘဲ ကျွန်တော့်ရှေ့ကနေလှစ်ခနဲလှည့်ထွက်
သွားသည်။ Oh Sehun… မင်းကငါ့ကိုလူဆိုးကြီ
ဖြစ်အောင်လုပ်နေတာပဲ။ ကားပေါ်ကိုတောင်အေး
အေးဆေးဆေးနဲ့တက်သွားသေးသည်။
Oh Sehun မင်းကဘယ်လိုကောင်လဲ?
~~~~~~~~~
"…Kai-sshi ဒါရိုက်တာနဲ့သွားတွေ့လိုက်ဦး…"
"အင်း..."
Staff လေးတစ်ယောက်လာပြောလို့သာသွားရ
သည်။စိတ်ကတော့သိပ်မပါလှ။ မပါဆိုဒါရိုက်တာ
အခုမှတက်သစ်စလေ။ အသက်ကကျွန်တော့်ထက်
လေးနှစ်လောက်ပဲကြီးသည်။ ဒီလိုအတွေ့အကြုံ
မရင့်ကျက်သေးတဲ့ လူတစ်ယောက်က ကျွန်တော့်
လို idol တစ်ယောက်ကို ဟိုနေရာလာပါဦး ဒီနေရာ
လာပါဦးနဲ့ မခေါ်သင့်ဘူးဆိုတာ သူမသိဘူးနဲ့တူ
တယ်။အမှန်ဆိုသူကကျွန်တော့်ကိုတောင် ခခယယ
နဲ့လာတွေ့သင့်တာ။ ဒီလိုမှန်းသိရင် ဒီဖိနပ်ကြော်
ငြာကိုအစောကြီးကတည်းကငြင်းလိုက်တယ်။
ဒါပေမဲ့ ကျွန်တော်ဒီနေ့ဒီလိုစိတ်သွားတိုင်းကိုယ်မပါ
ရတာ ဟိုဒါရိုက်တာပေါက်စကြောင့်ဆိုတာ ဟုတ်ချင်မှဟုတ်မှာပါ။ Oh Sehun ကကျွန်တော့်
နားတောက်လျောက်ကပ်နေကာ ကျွန်တော်လုပ်
သမျှ ကိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေခြင်း
ကြောင့်ဟုဆိုလျှင် ပိုမှန်မည်ထင်၏။ သူကကျွန်တော့်မန်နေဂျာပါ။ ကလေးထိန်းမဟုတ်
ပါဘူး။ ဘာလို့တစ်စက္ကန့်လေးတောင်အလွတ်မပေး
ရတာလည်း?။ Oh Sehun ကတော်တော်မျက်နှာ
ပြောင်တိုက်တတ်တာပဲ။ မန်နေဂျာတစ်ယောက်လို
ပြုမူနေတာနဲ့ တကယ် မန်နေဂျာဖြစ်ပြီများထင်နေ
လားမသိဘူး။
"မင်း အခန်းထဲထိလိုက်မလို့လား?…"
အလိုက်ကန်းဆိုးမသိ ဒါရိုက်တာနဲ့တွေ့ဖို့အခန်းနား
ထိလိုက်လာသော Oh Sehun ကိုစိတ်ပေါက်ပေါက်နဲ့ပြောလိုက်ရတော့သည်။
အဲ့တော့မှ ဆက်မလိုက်ပဲ အခန်းဝကနေ လှည့်ထွက်
သွားသည်။ ကျွန်တော်လည်းသက်ပြင်းချရုံကလွဲလို့
တတ်နိုင်တာ ဘာမှမရှိတော့ပါဘူးလေ။
"Ah!... Kai-sshi ထိုင်ပါ ထိုင်ပါ…"
အခန်းတံခါးဖွင့်သံကြောင့် တံခါးကိုကျောပေးပြီး
ထိုင်နေသော အမျိုးသားငယ်လေးက ထိုင်နေရာမှ
ထလာပြီး ကျွန်တော့်ကို ကြိုဆိုသည်။ ဒီလိုဆိုတော့
ကျွန်တော့်ကိုလေးစားရကောင်းမှန်းတော့သိသေး
သားပဲ။
နေဦး… သူ့ကိုကျွန်တော်တွေ့ဖူးတယ်။ဒီလို အရောင်တောက်နေတဲ့ မျက်လုံးလေး။ ကော့ညွတ်
နေတဲ့ မျက်တောင်ရှည်လေးတွေ။ မမှားပါဘူး။
သူမှသူ အစစ်။ တကယ်သေချာတယ်။ တခြားသူ
တွေကိုသာ မှားရင်မှားမယ်။သူ့ကိုတော့ကျွန်တော့်
ဘယ်တော့မှမမေ့ဘူး။ ဘယ်တော့မှာ မမှားဘူး။
"…Hyung..."
မရည်ရွယ်ဘဲ ပါးစပ်ကထွက်သွားတဲ့ ရင်းနှီးနေတဲ့
အသုံးနှုန်းတစ်ခု။
"ခင်ဗျာ... ဘယ်လိုခေါ်လိုက်တာလဲ?..."
Hyung… ရဲ့ အရောင်တောက်နေတဲ့ မျက်လုံးလေးတွေသိချင်စိတ်တွေနဲ့ တဖျတ်ဖျတ်
တောက်နေသည်။
"Luhan hyung..."
အရဲစွန့်ပြီးနောက်တစ်ခါထပ်ခေါ်လိုက်သည်။ဒီတစ်
ခါတော့ hyung ရဲ့ မျက်လုံးလေးတွေကပြူးကျယ်
သွားသည်။ Hyung မှတ်မိလောက်ပြီနဲ့တူတယ်။
Hyung ကိုဒီလိုတရိုတသေ ခေါ်တတ်တာ ကျွန်တော်တစ်ယောက်ပဲရှိတာလေ။ Hyung
သေချာပေါက်ကိုမှတ်မိရမှာပေါ့။
"...Jong In...??"
ပျော်လိုက်တာ hyung ရယ်။ ကျွန်တော်နေထိုင်
လာရင်းနဲ့ဒီလိုပျော်ရတဲ့နေ့မျိုးမကြုံရတာကြာနေ
ပြီ။ Kim Kai ပြုံးတတ်တဲ့ မဲ့ပြုံး ဟန်ဆောင်ပြုံး
မျိုး မဟုတ်ဘဲ Kim Jong In ဆိုတဲ့ကောင်လေး
ပြုံးနေကျဖြစ်တဲ့ တကယ့်အပြုံးစစ်တစ်ခုကိုပြုံးပြ
လိုက်မိသည်။
"တကယ် Jong In လား?..."
Hyung ရဲ့အမေးကို သေချာတောင်ပြန်မဖြေနိုင်
တော့ဘဲ ခေါင်းကိုသာအထပ်ထပ်အခါခါ ငြိမ့်ပြ
လိုက်သည်။
"…မင်းတကယ်ပြောင်းလဲ သွားတာပဲ… အရင်တုန်း
က ပိန်ပိန်ရှည်ရှည်လေးဟာကို… အခု"
Hyung ကဆက်မပြောဘဲ ကျွန်တော့်ကိုခြေဆုံး
ခေါင်းဆုံးတစ်ချက်ကြည့်လိုက်သေးသည်။ ကျွန်တော်သိတာပေါ့။ Hyung အခုကျွန်တော့်ကို
မနာလိုဖြစ်နေတာမလား? အခုဆိုကျွန်တော့်ထက်
အရပ်ရှည်သွားပြီး hyung ထက်ပိုပြီး ခန္ဓာကိုယ်
ဖွံ့ဖြိုးလာပြီလေ…။
"…Jong In~ah..."
"Nae hyung…"
"Sehun လာရှာသေးလား?..."
Hyung ရယ်...။ Hyung နဲ့တွေ့လို့ပျော်နေတာကို
ဘာလို့ သူ့အကြောင်းကိုဆွဲထည့်လာရတာလဲ?
အဲ့လောက်တောင် ကိုယ်နဲ့တစ်စက်ကလေးမှမတူတဲ့
ညီလေးကိုတော်တော်ချစ်ရလား။ Hyung ရယ်
သူကကျွန်တော့်မန်နေဂျာဗျ။
"သူနဲ့တွေ့ပြီးပါပြီ…"
"ဟုတ်လား?… သူအရင်လိုရော လုပ်သေးလား?"
အရင်လိုလုပ်ဖို့ကြံတော့ ကြံစည်သေးတယ်။ ဒါပေမဲ့
အခြေအနေကပြောင်းပြန်ဖြစ်သွားတယ်။ကျွန်တော်
တော်တယ် မလား?။
"မလုပ်ပါဘူး…"
"တော်ပါသေးတယ်... Hyung က Sehun အရင်
လိုဆိုးဦးမလား စိုးရိမ်နေတာ… ဒါပေမဲ့ Hyung သူနဲ့စကားပြောကြည့်သလောက်တော့ သူ့ကိုယ်
သူပြောင်းလဲနေတယ်နဲ့တူပါတယ်… ဘာပဲဖြစ်ဖြစ်
သူ အရင်လိုထပ်လုပ်ရင် Hyung ကိုပြောနော်…"
Hyung ကလေ အရင်ကအတိုင်းပဲ လုံးဝမပြောင်း
လဲဘူး။ကျွန်တော့်ကို Oh Sehun အနိုင်ကျင့်တိုင်းကာကွယ်ပေးမယ်ပြောတုန်း။ ပြီးရင် သူ့ညီသူနိုင်တာလည်းမဟုတ်ဘဲနဲ့။ အခုတော့ မလို
တော့ပါဘူး hyung ရယ် ကျွန်တော်ကကိုယ့်ကို
ကိုယ်ကာကွယ်နိုင်ရုံတင်မဟုတ်ဘဲ သူများကိုပါဒုက္ခ
ပေးနိုင်နေပါပြီ။
ကျွန်တော်က Kim Jong In မှမဟုတ်တော့တာ။
~~~~~~~
"…ထိုင်ခုံခါးပတ်ကိုသေချာပတ်ထား…"
ကြော်ငြားရိုက်ပြီးလို့ ဖက်ရှင်ရှိုးကိုသွားမလို့
ကားတံခါးဖွင့်ပြီးကားပေါ်ကိုတက်နေတဲ့ကျွန်တော့်
ကိုမကြည့်ဘဲပြောလိုက်တဲ့သူ့ကြောင့်နဂိုကတည်းကမရှည်ချင်တဲ့စိတ်က တုံးတိဖြစ်သွားသည်။ကားပေါ်ကိုဆွေ့ခနဲ ခုန်တက်ကာ ကားတံခါးကိုတမင်တကာကိုဆောင့်ပိတ်လိုက်သည်။ ခါးပတ်…??အရင်တုန်းကတော့ကားစီးတိုင်းတပ်ပေမဲ့ အခုတော့ လုံးဝကိုပတ်ချင်စိတ်မရှိတော့ဘူး။
"…Kim Jong In… ငါကားကိုအမြန်မောင်းမှာမို့
လို့ပြောနေတာ…"
မျက်လုံးကိုမှိတ်ထားသော်လည်း လည်ပင်းကြော
တွေထောင်နေတာကိုကြည့်ရတာ Oh Sehun လုံး
ဝစိတ်မရှည်တော့ဘူးဆိုတာကိုတပ်အပ်သိနိုင်ပါ
သည်။ သူဒီလိုဖြစ်လာတိုင်း ကျွန်တော့်အတွက်ဆိုး
ရွားတာတစ်ခုခုဖြစ်နေကျပါ။ Oh Sehun ကဘာမှ
ဆက်မပြောဘဲ ကျွန်တော့်ဘက်ကိုလှည့်လာတယ်
ဆိုရင်ပဲ ကျွန်တော့်လက်ဖျားတွေရော ခြေဖျားတွေ
ပါအေးစက်လာသည်။ ကျွန်တော့်ကိုသေချာစိုက်
ကြည့်နေရင်းက ကျွန်တော်ထိုင်နေတဲ့ဘက်ကို ကိုယ်ကိုကိုင်းချလာတဲ့အချိန်မှာတော့ Kim Jong
In ဘယ်လောက်ပဲပြောင်းလဲသွားပြီပြောပြော
နေရာမှာတင်ပဲအငွေ့ပျံပျောက်ကွယ်သွားချင်
လောက်အောင်ကြောက်မိသည်။ မနေ့ကကြမ်းတမ်း
ရိုင်းဆိုင်းခဲ့တာ ကျွန်တော်မဟုတ်ခဲ့သလိုပဲ။
ဖြည်းဖြည်းချင်းမဟုတ်ဘဲ ရုတ်တရက်ကြီးနီးကပ်
လာတဲ့သူ့မျက်နှာကြောင့်ကျွန်တော်လန့်ပြီး ခြေမ
ကိုင်မိလက်မကိုင်မိတွေပါဖြစ်သွားသည်။ အနီးကပ်
ကြည့်လိုက်တော့မှ Oh Sehun နှုတ်ခမ်းမှာမနေ့က
ကျွန်တော်သောင်းကျန်းထားသည့်ဒဏ်ရာရှိနေပါ
ရောလား။ ပါးတစ်ဖက်ကလည်း ခါတိုင်းကထက်ပို
ပြီးနီနေသယောင်။မတွေ့ရတာကြာလို့လားမသိဘူး။
အသားကပိုဖြူလာသယောင်။ ကျွန်တော်ကပဲပိုညို
သွားလို့လား မသိဘူး။ အရင်တုန်းက ချွန်သလိုဖြစ်
နေတဲ့မေးရိုးလေးကအခုပိုပြီးထင်ရှားလာသည်။
Luhan Hyung နဲ့တွေ့လို့ပျော်နေတာလေး
တောင်သူ့ကြောက်နေရတာနဲ့ဘယ်ကိုကြက်
ပျောက်ငှက်ပျောက် ပျောက်သွားမှန်းမသိ။
သူ့မျက်နှာကိုဘယ်လောက်တောင်သတိလက်လွတ်
စိုက်ကြည့်နေမိလည်းမသိတော့ပါဘူး။သူကျွန်တော့်
မျက်နှာနားကခွာသွားသည့်အချိန်မှာတော့ ကျွန်တော့်ကိုယ်မှာ ထိုင်ခုံခါးပတ်ကပတ်ပြီးသား
ဖြစ်နေသည်။ Bwo ya!...။
Oh Sehun… ခုနကဒေါသထွက်နေတာသေချာပါ
တယ်။ဒါနဲ့များဘာလို့ ဒီလိုသည်းခံလိုက်ရတာလဲ?။
ကျွန်တော်သိတဲ့ Oh Sehun ကဒီလိုမျိုးခံစားချက်
ကိုထိန်းနိုင်တဲ့သူမျိုး မဟုတ်ဘူးဆိုတာသေချာပါ
တယ်။ မနေ့ကလည်း ကျွန်တော်ပြုသမျှ နုလိုက်ရ
သေးသည်။ ပြောင်းလဲသွားတာက ကျွန်တော်တစ်
ယောက်တည်းမဟုတ်ဘဲ Oh Sehun ပါပြောင်းလဲ
သွားတာလား? ဒါဆို နေကအနောက်ဘက်ကထွက်
တော့မယ်ဆိုတဲ့သဘောလား?
"...Kim Jong In…"
"ပြော..."
"ငါပြန်ပေးဆပ်ပါ့မယ်…"
"ဟန်?…"
Oh Sehun ဘာတွေလာပြောနေတာလဲ? ကြောင်
များကြောင်သွားပြီလား မသိဘူး။
"…ငါမင်းအပေါ်လုပ်ခဲ့တာတွေ အတွက်အတတ်နိုင်
ဆုံးပြန်ပေးဆပ်မယ်…"
"Oh Sehun… မင်းအခုငါ့ကိုတောင်းပန်နေတာ
လား?…"
"ဟင့်အင်း..."
Oh Sehun ကိုကျွန်တော်တကယ်နားမလည်နိုင်
တော့ဘူး။ သူဘာကိုဆိုလိုချင်နေတယ်ဆိုတာသူ
ကိုယ်တိုင်ရော နားလည်ရဲ့လားမသိ။
"…ရှေ့လျှောက် မင်းငါ့အပေါ်ဘယ်လိုဆိုးဆိုးငါမင်း
ကိုအရင်လိုပြန်မလုပ်တော့ဘူး… အဲ့ဒါငါ့ရဲ့ရင်ထဲက
လာတဲ့စကား… မင်းကိုထိခိုက်အောင်မလုပ်တော့
ဘူး…"
"ငါ့ကိုထိခိုက်အောင်မလုပ်ဘူး?? ဒါဆို ပထမဆုံး
ပြန်တွေ့တဲ့နေ့ကငါ့ကိုနှုတ်ခမ်းပေါက်အောင်ကိုက်
တာက ဘယ်သူလဲ?... ငါ့ကိုကြမ်းကြမ်းတမ်းတမ်းစ
ဆက်ဆံခဲ့တာဘယ်သူလဲ?..."
"နောက်ဆိုမဖြစ်စေရပါဘူး… မင်းနဲ့တွေ့တိုင်းရိုင်း
စိုင်းချင်နေတဲ့ ငါ့စိတ်တွေကိုငါ အတတ်နိုင်ဆုံးထိန်း
မှာပါ…"
"Oh Sehun… မင်းဆေးမှားသောက်လာတာ
လား?…"
"ထင်တာပဲ..."
သူကပြောနေရင်းနဲ့ရယ်ပါရယ်လိုက်သေးသည်။
သေသေချာချာကိုရယ်လိုက်တာမို့ မျက်လုံးလေးနှစ်ဖက်ကကွေးညွတ်သွားပြီး သွား
စွယ်လေးတွေပါ ပေါ်လာသည်။
Oh Sehun မှာဒီလိုပုံလည်း ရှိသေးတာပဲလား?
"ငါတကယ်ပြောနေတာ... မင်းကိုငါ ထိခိုက်အောင်
မလုပ်တော့ဘူး… မင်းကိုငါဒီနေ့ကစပြီးကာကွယ်
ပေးမှာ ဘယ်သူမှထိခိုက်အောင်လုပ်လို့မရစေရဘူး
အဲ့ဒါငါမင်းကိုချစ်လို့…"
ကျွန်တော် စိတ်ရောဂါကုဆရာဝန်နဲ့ဆွေးနွေးကြည့်
သင့်ပြီနဲ့တူပါတယ်။ နားကမကြားနိုင်တာတွေကြား
နေရတယ်။ ရုပ်ရှင်တွေထဲကလို ရှက်နေတာတွေ
ကြောက်နေတာတွေ မရှိဘဲနဲ့ကိုရုပ်တည်ကြီးနဲ့ပြော
ချလိုက်တာ။ ဒါနဲ့သူဘာပြောလိုက်တာလဲဆိုတာ
ရောသူသိရဲ့လား?
"မင်းအနေနဲ့ယုံချင်မှာမဟုတ်ပေမဲ့ အဲ့ဒါကအမှန်ပဲ
အခုမှမဟုတ်ဘူး... ကျောင်းတက်ကတည်းက
စတွေ့ကတည်းက... ငါ့ရဲ့အစွန်းရောက်နေတဲ့ မနာလိုစိတ်တွေကြောင့် မင်းအပေါ်ကိုမလုပ်သင့်
တာတွေလုပ်မိခဲ့တာ… အခုငါ့ကိုယ်ငါ အကောင်းဆုံးဖြစ်အောင် ပြောင်းလဲနေတာမို့…"
ဘာလို့ဆက်မပြောဘဲ ဒီလိုအနေခက်အောင်လာ
ကြည့်နေရတာလဲ?
"ဖက်ရှင်ရှိုးအတွက်နောက်ကျ-"
"မင်းငါ့ကို နိုင်ဖို့အရမ်းကြီးမကြိုးစားပါနဲ့… ငါ Kim
Kai ကို အနိုင်မပေးချင်ဘူး ဒါပေမဲ့ Kim Jong
In ဆိုရင်တော့ ငါ့အပေါ်ဘယ်လောက်ပဲ အနိုင်ယူ
ယူဂရုမစိုက်ဘူး… ဘာလို့လဲဆိုတော့ ငါချစ်တာက
Kim Jong In မို့လို့… ငါအပြစ်လုပ်ခဲ့မိတာ Kim
Jong In ကိုမို့လို့…"
Oh Sehun……
နေကအနောက်အရပ်ကထွက်ရုံတင်မကပဲ ငါးတွေ
ပါရေနစ်သေကုန်တော့မှာ…။
ווווווווווווווווווו×
Media ကပုံက Oh Sehun 'ချစ်တယ်' ပြောတဲ့
ရုပ်ပါ XD
Continue Reading
You'll Also Like
4.2K 225 14
Yizhan Fanfiction ပထမ ဆုံး ရေးတဲ့ Fanfic လေးပါ အတတ်နိုင်ဆုံးကြိုးစားပီး ထားပါတယ် ဖတ်ပီးတော့အရေးအသားတွေ စိတ်ကြိုက်ဝေဖန်ပေးကြပါဦးရှင့် 💕 Complete ဖြစ...
58.7K 4.5K 24
ချစ်ခြင်းနဲ့မုန်းခြင်းကြားမှာ အလွှာပါးပါးလေးတခုပဲခြားထားတယ်... အဲဒီ့အလွှာလေးကိုဖယ်ခွာနိုင်ရင် မင်းအရမ်းမုန်းနေတဲ့သူကိုလဲ ချစ်မိသွားလိမ့်ဆိုတာ အသေအချာ...
102K 16.4K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.5K 40 6