The Ugly Twin

By kim_se_in

149K 14.2K 1.2K

Description "ရူးပါ့ကွာ!!! မင်း ချစ်ခွင့်ပန်လိုက်တာ သူမဟုတ်ဖူးကွ...သူ့အမွှာ" Forward -Kim Jongin, Kim Taemin ... More

Forward
Ep(1) That Feeling~~
Ep (2) Flutter ~~
Ep (3) Falling in love ~~
Ep (4) Dream ~~
Ep (5) Shy Smile ~~
Ep (6) Caged Soul~~
Ep (7) Confession~~
Ep (8) Forceful RS ~~
Ep (9) Break ~~
Ep (10) Confusion ~~
Ep (11) Secret ~~
Ep (12) Upset ~~
Ep (13) Night Date ~~
Ep (14) Threat ~~
Ep (15) Bloom ~~
Ep (16) Complicated ~~
Ep (17) Jealousy ~~
Ep (18) Mental Breakdown ~~
Ep (19) Secret Spilled ~~
Ep (20)
Ep (21) Text Message ~~
Ep (22) Poison ~~
Ep (23) Track ~~

Ep (20) Ferris Wheel ~~

5.7K 562 37
By kim_se_in

မရေးတာကြာသွားတော့ ဖတ်ရတာအဆင်မပြေတာလေးတွေ စာလုံးပေါင်းအမှားလေးတွေရှိရင် ခွင့်လွှတ်ပေးကြပါလို့... ^^

......................................................

Ep ^ 20 ^

ဒီနေ့မနက်တော့ Jongin အိပ်ရာထ,ထချင်း အရင်လို အိပ်ချင်မူးတူးမဟုတ်ဘဲ လန်းဆန်းတက်ကြွနေသည်။

အကြောင်းရင်းက ဒီနေ့ Sehun နဲ့ ချိန်းထားသည်လေ။

Sehun က ဘယ်နေရာကို သွားကြမယ်ဆိုပြီး ကြိုပြောထားတာမျိုးလည်း မဟုတ်တော့.. ပို စိတ်လှုပ်ရှားနေမိသည်။

မြန်မြန်ဆန်ဆန် ရေမိုးချိုး ပြင်ဆင်ပြီး သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်နေတုန်း.... ဖုန်းလာလို့ ကြည့်လိုက်တော့... Hunnie♡

Jongin - * ခဏလေးစောင့်နော်... ခုဆင်းလာခဲ့မယ်..*

Sehun - *okay... ကိုယ် စောင့်နေမယ်...*

တစ်ဖက်က sehun ရဲ့ ရယ်သံလေးကို ကြားလိုက်ရတော့ Jongin ကိုယ်တိုင်လည်း ပြုံးရင်း ဖုန်းချပြီး သူ့အိတ်လေးဆွဲရင်း ကလေးလေးလို ခုန်ပေါက်ပြေးထွက်လာခဲ့သည်။

အောက်ထပ်ရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေသည်။ Jongin မေမေကလည်း အမွှာတို့ ဦးလေးဆီ သွားတာရယ်... သူ့ဖေဖေကလည်း အလုပ်သွားတာရယ်... Taemin ကလည်း Minho နဲ့ ချိန်းထားပုံရတာကြောင့် အိမ်မှာ ဘယ်သူမှ မရှိတာမို့ Jongin တံခါးကို သေချာပိတ်ရင်း sehun ကားလေးဆီသာ ခပ်သွက်သွက်လေး လျှောက်လာခဲ့သည်။

Jongin ကားထဲကို ဝင်ထိုင်ပြီး sehun ကို ပြုံးရင်း ကြည့်လိုက်တော့... sehun ကလည်း ပြုံးလိုက်ရင်း...

Sehun - "hi... pretty.."

Sehun ရဲ့ နှုတ်ဆက်သံကြောင့် Jongin တစ်ယောက် ရှက်ပြုံးလေးပြုံးမိပါသည်။

Jongin - "H-hi"

Sehun က သဘောကျစွာ ပြုံးလိုက်ပြီး ကားစထွက်လိုက်ရင်း...

Sehun - "ဒီနေ့ ကိုယ် Nini ကို ခေါ်သွားစရာ နေရာလေးတစ်ခုရှိတယ်... အဲ့နေရာလေးကို Nini လည်း သဘောကျမယ်ထင်ပါတယ်... "

Jongin က မျက်လုံးလေး ဝိုင်းသွားရင်း...

Jongin - "တကယ်? ဘယ်နေရာလဲ??"

Sehun က ကားမောင်းနေရင်း Jongin ဘက်ကို လှည့်ကြည့်ပြီး မျက်လုံးလေးတစ်ချက် မှိတ်ပြလိုက်ရင်း...

Sehun - "ရောက်ရင် သိမှာပေါ့...^^.."

Jongin ပြုံးလိုက်ရင်း sehun ခေါ်သွားမယ့် နေရာကို တွေးနေမိသလို Sehun တစ်ယောက်လည်း ကားမောင်းနေရင်း စိတ်လှုပ်ရှားနေမိသည်။

Sehun အရင်နေ့တုန်းက Jongin သဘောကျတတ်တဲ့ နေရာတွေကို Taemin ဆီမှာ မေးကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် Jongin သဘောအကျဆုံးနေရာက သူကိုယ်တိုင်လည်း အရမ်းသဘောကျတဲ့ နေရာလေးဖြစ်နေခဲ့သည်လေ။

ဒါပေမယ့် အဲ့လိုမတိုက်ဆိုင်ခဲ့လည်း ကိစ္စမရှိပါဘူး...

Jongin သဘောကျတဲ့နေရာက ပင်လယ်ကမ်းခြေပဲဖြစ်ဖြစ် တောင်တွေဆီပဲဖြစ်ဖြစ်.. အရမ်းဝေးတဲ့ Galaxy ဆိုရင်တောင် သူကိုယ်တိုင် Jongin ကို လိုက်ပို့ပေးချင်သည်။

ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် Jongin သာ ပျော်ရွှင်ရမယ်ဆိုရင် sehun ဘာမဆို အစွမ်းကုန်ကြိုးစားပြီး ဖြည့်ဆည်းပေးချင်ပါသည်။

ဘာလို့ဆို... Jongin ရဲ့ ပျော်ရွှင်မှုက Sehun ရဲ့ ပျော်ရွှင်မှု ဖြစ်နေခဲ့ပြီမို့....

********

Taemin နဲ့ Minho တို့ နှစ်ယောက်သား ၃၂ စင်တီမီတာလောက်ရှည်တဲ့ ကတော့ရေခဲမုန့်လေး တစ်ခုစီကိုင်ထားရင်း...

Taemin - "wowww အရှည်ကြီးပဲ...ဟီး... မြန်မြန်စားရအောင်... မဟုတ်ရင် အရည်ပျော်သွားလိမ့်မယ်..."

Minho - "wow... စားလို့ကောင်းတယ်... ကိုယ် ဒါမျိုး ၁၀ခုလောက်တောင် စားနိုင်တယ်..."

Taemin - "aigoo... လျှောက်မပြောပါနဲ့နော်... သူ အဲ့လို အချိုတွေ မကြိုက်ပဲနဲ့...နော်..."

Minho - "ကြိုက်ပါတယ်!! ခုလို ရေခဲမုန့်လည်း ကြိုက်တယ်.. ကြက်ဥပူတင်းလည်း ကြိုက်တယ်... ကိုယ်လည်း Tae လို အချိုကြိုက်ပါတယ်ဗျ..."

Taemin ကတော့ ပြုံးရင်းသာ ကြည့်နေသည်လေ။

သူ Minho နဲ့ ပတ်သက်လာရင် အသေးစိတ်လေးကအစ မှတ်မိနေပါသည်။ အခုလို ရေခဲမုန့်လေးစားပြီးတာတောင် ရေတစ်ဘူးလုံး အကုန် မော့သောက်တတ်တဲ့သူ.. အချိုလုံးဝမစားနိုင်တဲ့သူက Taemin လိုပဲ အချိုကြိုက်တယ်လို့ ပြောတာမို့ သဘောကျစွာ ပြုံးနေမိပါသည်။

Taemin - "အာ့ဆို အခု ကြက်ဥပူတင်း သွားစားရအောင်..နော်.."

Taemin စကားကြောင့် ပြူးတူးပြဲတဲလေး ပြန်ကြည့်နေတဲ့ minho ပုံစံလေးကြောင့် taemin ရယ်မိပြန်ပါသည်။

Taemin - "နော်လို့..."

Minho တစ်ယောက် taemin လက်ကလေးကို သူ့လက်လေးနဲ့ လှမ်းဆုပ်ကိုင်ပြီး လျှောက်လာရင်း...

Minho - "အင်း.. သွားစားကြမယ်လေ... အဲ့ဒါမစားခင် တခုခု စပ်တာ အရင်သွားစားကြရင် မကောင်းဖူးလား... တော့ပိုကီဖြစ်ဖြစ်ပေါ့..."

Taemin စချင်နေသေးတာမို့...

Taemin - "ပြောတော့ အချိုကြိုက်တယ်ဆို..."

Minho - "ဟင်.. ကြိုက်.. ကြိုက်ပါတယ်...ဟီး ကြက်ဥပူတင်းပဲ သွားစားကြတာပေါ့...လာ"

Taemin - "ဟီးဟီး... နောက်တာ... တော့ပိုကီသွားစားရအောင်.. နော်... ဒါနဲ့ ဒီနေ့ဘာလို့ အချိုဆို နည်းနည်းလေးတောင် မစားနိုင်ဘဲ အချိုကြိုက်သူကြီး လုပ်နေရတာတုန်း??"

Minho taemin မျက်နှာလေးကို ငေးရင်း...

Minho - "ဒီနေ့ Tae ကို ကြည့်ရတာ ဝမ်းနည်းနေသလို ခံစားရလို့... ဒါမယ့် tae က ကိုယ့်ကို ဘာကြောင့်လို့ မပြောပြဖူးလေ... အဲ့ဒါကြောင့် tae သဘောကျတဲ့ အရာလေးတွေနဲ့ ပျော်အောင် လုပ်ပေးချင်လို့..."

Taemin - "Minnie-ah?"

Taemin ဝဲတက်လာတဲ့ မျက်ရည်တွေကို အသာပုတ်လိုက်ရင်း Minho ကိုသာ ငေးကြည့်နေမိသည်။

သူ့အနားမှာ Minho ဒီတိုင်းလေးရှိရုံနဲ့တင် သူ့အတွက် အားလုံးပြည့်စုံပါသည်။ အကယ်၍ သူပြောပြလိုက်ရင်... minho ဘယ်လိုပုံစံနဲ့ တုံ့ပြန်လာမလဲလို့ တွေးကြောက်နေမိသည်။ Minho သာ စိတ်ဆိုးသွားရင်... သူ့ကို အရင်လို ဂရုမစိုက်တော့ဘဲ လျစ်လျူရှုသွားမယ်ဆိုရင်...

အတွေးပေါင်းများစွာနဲ့ စိုးရိမ်နေမိတာမို့ ဖွင့်မပြောပြဖြစ်ခဲ့ပါ။

Taemin - "ငါ အဆင်ပြေပါတယ်..."

Minho - "တခုခုသာဆို ကိုယ့်ကို ချက်ချင်းလှမ်းပြောနော်... ကိုယ်အမြဲ မင်းဘေးမှာပဲ ရှိနေမှာ... "

Taemin ခေါင်းလေးညိမ့်ပြရင်း နှစ်ယောက်အတူ လက်တွဲပြီး အပြုံးလေးတွေ ဖလှယ်ရင်း ဆက်လျှောက်လာခဲ့သည်။

လျှောက်လာရင်း taemin တစ်ယောက် တော့ပိုကီဆိုင်ကို လှမ်းမျှော်နေရင်း ဘေးမှာ Minho အတူလျှောက်မလာတာ သတိမထားမိ...

၎၊ ၅လှမ်းလောက်ရောက်တော့မှ သူလှည့်ကြည့်လိုက်တော့ minho က ဘေးနားခပ်လှမ်းလှမ်းတစ်နေရာကို ငေးရင်းရပ်နေသည်လေ။

Taemin Minho နားလျှောက်သွားရင်း minho ငေးရာကို ကြည့်လိုက်တော့...

ပန်းရောင်ဆံပင်ရှည်လေးနဲ့ ကောင်မလေးတစ်ယောက်...

အဲ့ကောင်မလေးကလည်း minho ကို ငေးကြည့်နေသည်လေ။

ခဏ... ငါ အဲ့ကောင်မလေးကို အရင်က မြင်ဖူးသလိုပဲ...

ကောင်မလေးက ပြုံးရင်း...

"Minho"

Minho ကတော့ မပြုံးမရယ် ဒီတိုင်းသာ...

Minho - "Irene"

Irene က taemin နဲ့ Minho ကို တစ်လှည့်စီကြည့်လိုက်ရင်း...

Irene - "နှစ်ယောက်က ဒီမှာ dating ??"

Minho မျက်နှာပေါ်က သဘောမကျတဲ့ အရိပ်အယောင်ကို taemin သတိထားမိလိုက်သည်။

Minho - "မင်း မြင်တဲ့ အတိုင်းပဲလေ..."

Minho က ပြောရင်း taemin ပခုံးလေးဆီကနေ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တာမို့... Irene မျက်နှာအနည်းငယ်ဒေါသရိပ်ပေါ်သွားပြီးမှ ဟန်ဆောင်ပြုံးကာ...

Irene - "သူက တအား ချောတယ်နော်..."

Minho - "ဒါပေါ့..."

Irene မျက်နှာ အနည်းငယ်ပြန်တည်သွားရင်း...

Irene - "okay... ငါ ချိန်းထားတာလေးရှိလို့... ပျော်ပျော်ပါးပါး date ကြပါ...သွားပြီ.."

Irene သူတို့ မြင်ကွင်းထဲက ပျောက်သွားတော့မှ...

Taemin - "သူက ဘယ်သူလဲ??"

Minho - "ဟိုးအရင်က သူငယ်ချင်းပါ... လာ သွားရအောင်... "

Taemin Minho ဆွဲခေါ်ရာနောက်ကိုသာ လိုက်သွားပေမယ့် စိတ်ထဲမှာတော့ တခုခုကို ထင့်သွားမိသည်။

ဒါပေမယ့် minho နဲ့ အတူရှိတဲ့ အချိန်ခဏလေးကိုတော့ တခြားကိစ္စမတွေးချင်တာမို့ ခေါင်းထဲက မြန်မြန်ဖယ်ထုတ်ရင်း minho တစ်ယောက်ဆီကိုသာ အာရုံတွေအကုန်လုံး ပုံအပ်ထားလိုက်ပါတော့သည်။

သူတိုနှစ်ယောက်ကို အဝေးတစ်နေရာကနေ ကြည့်နေတဲ့ ကောင်မလေးကတော့...

"မုန်းဖို့ကောင်းလိုက်တာ..."

ရေရွတ်ရင်း နောက်ဆုံး အဓိပ္ပါယ်ဖော်ရခက်တဲ့ မျက်ဝန်းတစ်စုံနဲ့ကြည့်ကာ လှည့်ထွက်ခဲ့ပါသည်။

နောက်ဆို အဲ့လို ပျော်နိုင်တော့မှာ မဟုတ်ပါဘူး... Kim Taemin ရယ်...

*******

Sehun - "ကဲ အခုရော ဘယ်ကိုသွားနေလဲဆိုတာ စဉ်းစားလို့ ရပြီလား??"

Jongin တစ်ယောက် sehun ဘက်ကို တစ်ချက်လှည့်ကြည့်ပြီး မျက်ခုံးလေး အနည်းငယ်ကွေးကာ အပီအပြင် စဉ်းစားနေသည်။

Jongin - "ဒီကလူက ဘယ်လောက်မေးမေး တစ်စုံတစ်ယောက်က တမင်တကာကို မပြောပြတော့ အခုထိ ဘယ်သွားနေမှန်းကို မသိသေးတာ...ဟွန့်.."

နှုတ်ခမ်းလေးစူနေတဲ့ Jongin ကို ကားမောင်းရင်း လှမ်း လှမ်းကြည့်မိတော့ sehun ပြုံးမိပြန်ပါသည်။

Sehun - "ဒီတိုင်း စိတ်ထဲရှိရာ ပြောကြည့်..."

Jongin လမ်းမရဲ့ ဟိုဘက် ဒီဘက် ငေးကြည့်ရင်း...

Jongin - "Jib Cafe တော့ မဟုတ်တာ သေချာတယ်..."

Sehun - "အဲ့တော့.."

Jongin ပခုံးလေးနှစ်ဖက်ကို ပင့်ပြရင်း...

Jongin - "မသိပါဘူးဆို..."

Sehun - "လက်လျှော့လိုက်ပီပေါ့??"

Jongin ခေါင်းလေးညိမ့်ပြရင်း...

Jongin - "အင်း.. ဒါပေမယ့် ကိစ္စမရှိပါဘူး.... ဘယ်နေရာပဲ သွားသွား ငါ့အတွက်တော့ အဆင်ပြေပါတယ်..."

Sehun - "ကိုယ်က မင်းမကြိုက်တဲ့နေရာကို ခေါ်သွားတယ်ဆိုရင်ရော??"

Jongin sehun ဘက်ကို လှည့်ကြည့်လိုက်ရင်း...

Jongin - "ငါ မကြိုက်တဲ့နေရာ??"

ဆေးရုံကိုများလား???

Sehun - "အင်း.. မင်းမကြိုက်တဲ့ နေရာသာဆိုရင်.."

Sehun Jongin ကို တစ်ချက်လှည့်ကြည့်ရင်း...

Sehun - "အဲ့တာဆို ကိုယ့်ကို စိတ်ဆိုးမှာလား??"

Jongin အပေါ်သွားလေးတွေပေါ်အောင် ပြုံးလိုက်ရင်း...

Jongin - "ဟင့်အင်း.."

Sehun - "တစ်ကယ်?"

Jongin ပြုံးလျက်သာ ခေါင်းညိမ့်ပြတော့...

Sehun - "ဘာလို့လဲ??"

Jongin - "ဘာလို့လဲဆိုတော့..."

Jongin စကားကို ခဏလောက်ရပ်ပြီးမှ... ကားမောင်းနေတဲ့ sehun မျက်နှာလေးကို ငေးကြည့်ရင်း...

Jongin - "ဘယ်နေရာပဲဖြစ်ဖြစ် မင်းနဲ့သာ အတူရှိရင် ငါ အမြဲ ပျော်ရွှင်နေရတာမို့ပါ..."

Jongin ရဲ့ အဖြေကြောင့် sehun ရဲ့ ကမ္ဘာလေးခဏတာ ရပ်တန့်သွားသလိုပင်။

Jongin ကို လှည့်ကြည့်မိတော့ sehun ကို သေချာကြည့်ပြီး ပြုံးပြရင်း ခေါင်းလေးငုံ့သွားတာမို့ Jongin သူ့အဖြေကို ရင်ထဲကနေ လေးလေးနက်နက် ဖြေခဲ့မှန်း သိသာပါသည်။

Jongin ရဲ့ နှလုံးသားထဲကနေ စစ်မှန်စွာ မွေးဖွားလာတဲ့ ခံစားချက်စကားလုံးလေးတွေပင်။

Sehun ရင်ထဲ ပျော်ရွှင်ဝမ်းသာမှုက အတိုင်းမသိ... လူက ကားမောင်းနေတာလို့ မခံစားရဘဲ လေထဲပဲ ဝဲပြန်နေသလိုလို...

Jongin ရဲ့ စကားလေးတစ်ခွန်းကိုပင် သူ သည်လောက် ပျော်ရွှင်နေမိသည်လေ။

ရင်ထဲက ခံစားချက်တွေက ထိန်းချုပ်ရခက်တာမို့ sehun စတီယာရင်ကိုသာ မသိမသာ ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည်။

ခဏနေတော့ Jongin ဟိုဒီငေးရင်း...

Jongin - "ဟင်? ဒါက.."

Sehun jongin ကို လှည့်ကြည့်တော့ jongin က သူ့ကို တအံ့တဩလေးပြန်လှည့်ကြည့်ရင်း...

Jongin - "ဒါက.. ဟို... မဟုတ်မှလွဲရော..."

Sehun မရယ်မိအောင် အတင်းထိန်းထားရင်း...

Sehun - "ဘာလဲ?"

Jongin လမ်းမထက်ကို ငေးလိုက်... sehun ကို ကြည့်လိုက်လုပ်နေရင်း...

jongin - "ဒါ.. ဒါ အဲ့ကို သွားတဲ့ လမ်းမလား?? ဟင်?? "

Sehun မနေနိုင်တော့ဘဲ ပြုံးလိုက်ရင်း...

Sehun - "ဘယ်ကိုလဲ??"

Jongin နှလုံးခုန်သံလေးတွေ တဖြေးဖြေးမြန်လာခဲ့ပါသည်။

Jongin - "ဒါ.. ဒါ L-Lotte World ကို သွားတဲ့ လမ်းမလား??? ငါတို့ အဲ့ကို သွားနေတာမလားဟင်??"

Sehun - "tin-tin-tin... အဖြေ မှန်ပါတယ်.. ဟီး.."

Jongin - "တကယ်?"

Jongin မျက်နှာလေး ပြုံးရွှင်ရင်း ကားထဲမှာပင် ထခုန်တော့မလိုလို...

Jongin - "ငါတို့ တကယ် Lotte World ကို သွားနေတာပေါ့နော်.."

Sehun ပြုံးရင်း ခေါင်းညိမ့်ပြတော့...

Jongin - "Ahhhhhhh!!!!!! တကယ်ကြီးပေါ့..."

Sehun - "ဒါပေါ့... မယုံရင် စောင့်ကြည့်..."

Jongin သူ့ပါးလေးပေါ် လက်ဝါးလေးနှစ်ဖက် ဖိကပ်ထားရင်း...

Jongin - "Oh My god!!!! ငါ Lotte world ကို အရမ်းသဘောကျတာ... အရမ်း အရမ်း အရမ်းကို သွားချင်နေခဲ့တာ..."

Sehun ကတော့ သူ့ဘေးက နှုတ်ခမ်းလေးတွေသာမက မျက်လုံးလေးတွေပါ ပြုံးနေရင်း လက်သီးလေးတွေ ဆုပ်ထားပြီး စိတ်လှုပ်ရှားနေတဲ့ ကောင်လေးကို ခိုး ခိုးကြည့်ရင်း အဲ့ကောင်လေးရဲ့ အမူအရာလေးတွေက သူ့နှလုံးသားထဲ တစ တစ နေရာယူလာခဲ့သည်။

အရမ်း အရမ်း ချစ်ဖို့ ကောင်းတာပဲ Nini ရယ်...

Jongin တစ်ယောက် သူ့ပုံစံ သူသတိထားမိရင်း ရှက်ရှက်နဲ့ အသာပြန်ငြိမ်သွားသည်။

Jongin - "S-sorry ... ငါ အရမ်း ပျော်သွားလို့ပါ... ဟီး.."

Sehun သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ သူ့ညာလက်လေးက jongin ရဲ့ ဆံပင်လေးတွေကို ဖွလိုက်ရင်း...

Aishi... ဒီကောင်လေးတော့... ဘာလို့ အဲ့လောက်တောင် ချစ်ဖို့ကောင်းရတာလဲ???

Lotte World ကို ရောက်တော့ Jongin ဘယ်လောက်ထိပျော်နေမှန်း သူ့မျက်ဝန်းလေးတွေကတစ်ဆင့် sehun မြင်နေရသည်။

Jongin - "woww.. Lotte World... ငါ အရမ်းသဘောကျတဲ့နေရာလေး... arrrrr let's go & play..."

Jongin ရှေ့ကနေ တက်တက်ကြွကြွနဲ့ သွားတော့ sehun တစ်ယောက်ပြုံးရင်းသာ နောက်ကလိုက်ခဲ့ပါတော့သည်။

Jongin - "Sehunnie~~ ဒါစီးရအောင်နော်.."

Jongin လက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့... ပင်လယ်ဓားမြသင်္ဘော...

Sehun တစ်ယောက် တအံ့တဩနဲ့ပင်...

Sehun - "O.O ... အင်း ကောင်းသားပဲ... စီးကြည့်ရအောင်လေ..."

Jongin သွားလေးတွေအကုန်လုံးပေါ်အောင် ပြုံးပြရင်း sehun ဆီ ပြေးလာပြီး sehun ရဲ့ လက်ကလေးကိုဆွဲကာ ပင်လယ်ဓားမြသင်္ဘောဆီ ခေါ်လာခဲ့တော့သည်။

Sehun ကတော့ သင်္ဘောပုံစံကြည့်ရင်း လန့်နေမိသည်။

တစ်ခါမှလည်း မစီးဖူးသလို အမြင့်ကြီးပဲ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲမသိ... Jongin ဒီလိုဟာမျိုးစီးမယ်လို့ ထင်မှ မထင်ထားခဲ့တာ...

နှစ်ယောက်သား တန်းစီနေရင်း...sehun သူ့ကြောက်စိတ်ကိုလည်း မပေါ်အောင် ထိန်းကာ...

Sehun - "Nini က ဒါမျိုးစီးရတာကို သဘောကျတာပေါ့..."

Jongin ကတော့ ပြုံးရင်း...

Jongin - "အင်း... ဒါ LotteWorld မှာရှိတဲ့ ကစားနည်းတွေထဲက အကြိုက်ဆုံး တစ်ခု..."

Sehun - "အော်...."

Sehun တစ်ယောက် ဘာမှပြန်မပြောဘဲ ဟိုကြည့် ဒီကြည့် လျှောက်ကြည့်လိုက်... လက်ကလည်း ခေါင်းကို ကိုင်လိုက် ဘောင်းဘီအိတ်ထဲ ထည့်လိုက်နဲ့ ဂဏာမငြိမ်...

Jongin - "ငါတို့အလှည့်ရောက်ပီ... let's go let's go..."

Sehun တစ်ယောက် ကြောက်စိတ်ကို အတင်းမျိုသိပ်ရင်းပင် Jongin နောက်ကိုသာ လိုက်သွားလေသည်။

"ဟိုးနောက်ဆုံးတန်းမှာပါ..."

ဝန်ထမ်းတစ်ဦးက သင်္ဘောရဲ့နောက်ဆုံးတန်းကို ညွှန်ုပြရင်းပြောတော့ Jongin ကတော့ မြူးတူးစွာနဲ့ ခေါင်းညိမ့်ပြလိုက်ပေမယ့် sehun ကတော့ မသိမသာ ရေရွတ်မိပါသည်။

Sehun - "What the f...."

Jongin - "ကျေးဇူးတင်ပါတယ်..."

Sehun တစ်ယောက် အဲ့အစွန်ဆုံးအတန်းမှာ မထိုင်ချင်ပေမယ့် သူ့ကို အတူဆွဲခေါ်သွားတဲ့သူက Jongin မို့ ငြင်းလည်း မငြင်းရက်။

သင်္ဘောက စမထွက်ခင် နှစ်ယောက်သား နောက်ဆုံးတန်းမှာထိုင်နေရင်း... sehun တစ်ယောက် ခြေထောက်တွေ မသိမသာ တုန်နေသည်လေ။ ကြောက်စိတ် လျော့လိုလျော့ငြား လေပြင်းပြင်းမှုတ်ထုတ်ကြည့်တော့...

Sehun - "W-woah..."

Jongin က ပြုံးနေရင်း sehun ကို လှည့်ကြည့်ကာ...

Jongin - "Hunnie လည်း ဒါစီးရတာ သဘောကျတယ်မလား??"

Sehun တစ်ယောက် လုံးဝမကြောက်တဲ့ ပုံစံဖမ်းကာ Jongin ကို ပြုံးပြရင်း ချက်ချင်း ခေါင်းညိမ့်ပြသည်လေ။

Sehun - "ဒါပေါ့... ဒါစီးရတာ ကိုယ်အရမ်းသဘောကျတာ..."

Jongin - "အင်း... "

သင်္ဘောစထွက်ဖို့ အချက်ပြတော့ Jongin က အေးဆေးပေမယ့် sehun တစ်ယောက်ကတော့ လက်ရန်းကိုသာ ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည်။

သုံး...

Sehun မျက်လုံးတွေပါ မှိတ်ထားမိသည်။

နှစ်...

Jongin sehun ဘက်ကိုလှည့်ကြည့်တော့ sehun မျက်နှာလေးဖြူလျော့နေသည်လေ။

တစ်...

Sehun သူ့လက်ကို ဆုတ်ကိုင်လာတဲ့ နွေးထွေးတဲ့လက်တစ်စုံကြောင့် မျက်လုံးကို အသာဖွင့်ကြည့်လိုက်တော့...

Jongin ရဲ့ လက်နုနုလေးတွေ... ပြီးတော့ သူ့ကို ကြည့်ရင်း ပြုံးနေတဲ့ Jongin ရဲ့ မျက်နှာလေး....

Sehun ငေးနေရင်း သင်္ဘောစလွှဲပြီဆိုတာကို သတိမထားမိလိုက်...

"Start!"

Sehun - "Aaaaaaaaaaaaaaaa!!!"

Sehun တစ်ယောက် Jongin လက်ကို ပြန်ဆုပ်ကိုင်ထားရင်း ရှိသမျှ အားအကုန်သုံးပြီး အော်နေမိသည်လေ။

သင်္ဘောရပ်သွားတော့မှ sehun တစ်ယောက် အော်တာရပ်တော့သည်။

Sehun - "woah.."

Sehun နဖူးပြင်တွေရော လည်ပင်းမှာပါ ချွေးတွေရွှဲနေသည်။ ဘယ်လောက်ထိ ကြောက်သွားလဲမသိ အခုထိ Jongin လက်ကို တင်းကြပ်နေအောင် ဆုတ်ကိုင်ထားဆဲပင်။

Jongin ကတော့ sehun ပုံစံလေးကို ကြည့်ရင်း ပြုံးကာ...

Jongin - "ဒါစီးရတာ ပျော်ဖို့ ကောင်းတယ်မလား??"

Sehun တစ်ယောက် "လာ နောက်နေတာလား?" ဆိုတဲ့ အကြည့်နဲ့ Jongin ကို ပြန်ကြည့်မိတော့ jongin တစ်ယောက် ရယ်လိုက်ရင်း sehun နဖူးပေါ်က ချွေးစိုနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည်။

သူ့နဖူးပြင်ပေါ်က Jongin ရဲ့ လက်ချောင်းနုနုလေးတွေရဲ့ အထိအတွေ့ကြောင့် sehun ထိုင်နေရင်းပင် ကျောက်ရုပ်ဖြစ်ရပြန်သည်။

Oh...တကယ်ဆို ငါက Nini ကို အဲ့လိုလေး ဂရုစိုက်ပေးရမှာ အခုတော့... အား oh sehun ရေ.. ပြောင်းပြန်ဖြစ်နေပီဟ!! ရှက်လိုက်တာ!!

Sehun တစ်ယောက် ခါးပတ်ကို သွက်သွက်ဖြုတ်ပြီး ထရပ်လိုက်ရင်း...

Sehun - "ပျော်ဖို့ကောင်းပါတယ်... ကိုယ် သဘောကျတယ်... အခု ဘာထပ်စီးကြမလဲ??"

Jongin - "အင်း..... ဘာစီးရင် ကောင်းမလဲဆိုတော့???? ဟိုးကဟာ သွားစီးရအောင်..."

Jongin ပြတဲ့ ကစားနည်းကို ကြည့်လိုက်တော့ sehun တစ်ယောက် အံ့ဩစွာပင် ပြောစရာစကားလုံးတွေတောင် ပျောက်ဆုံးသွားရသည်။

360 ဒီဂရီလည်တာကြီး.!!!

Oh Sehun ရေ မင်းတော့ သေပီပဲ... [ဟီး ဟီး]

*******

Jongin ကတော့ ကလေးလေးလို ပျော်ရွှင်ခုန်ပေါက်နေရင်း...

Jongin - "တကယ် ပျော်ဖို့ကာင်းတယ်... အရမ်း မိုက်တယ်... ဟီး"

Sehun ကတော့ Jongin နောက်ကနေ အားတင်းလိုက်လာရင်းသာ... သို့ပေမယ့် မျက်နှာမှာတော့ ပြုံးနေဆဲပင်..

Sehun - "အင်း... စိတ်လှုပ်ရှားရသလားပဲ... မိုက်တယ်..."

Jongin sehun နဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်ရင်း...

Jongin - "အခု ဘယ်ကို သွားကြမလဲ??"

Sehun - "Nini ဘယ်နေရာကို လျှောက်ကြည့်ချင်သေးလဲ??"

Jongin ခေါင်းခါပြရင်း...

Jongin - "ဟင့်အင်း... တစ်ချိန်လုံး Nini နောက်ပဲ Hunnie က လိုက်နေရတာလေ... အခု hunnie သွားချင်တဲ့နောက်ကို Nini လိုက်ခဲ့မယ်... Hunnie ဘယ်သွားချင်လဲ??"

Sehun ဟိုဟို ဒီဒီ ငေးကြည့်ရင်း...

Sehun - "အာ့ဆို အရင်ဆုံး ဟိုက မုန့်နှစ်ကြော် သွားစားကြည့်ရအောင်..."

နှစ်ယောက်သား မုန့်အတူထိုင်စားပြီး နောက်ဆုံး sehun Jongin သွားချင်တဲ့နေရာတွေကိုသာ လျှောက်ပတ်ကြည့်ဖြစ်ခဲ့သည်။ Jongin စီးချင်တဲ့ ကစားနည်းတွေ ဘယ်လောက်ကြောက်စရာကောင်းတာပဲဖြစ်ဖြစ် sehun Jongin နဲ့အတူ လိုက်စီးပေးခဲ့သည်။

အနားမှာ Jongin ရှိတာမို့ sehun ဘယ်လောက်ပဲကြောက်ကြောက် ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း Jongin အပြုံးလေးကိုတွေ့ရရင် အလိုလို စိတ်အေးချမ်းသွားသည်လေ။

ဒါပေမယ့် သေချာတယ်... မနက်ဖြန်တော့ တစ်ရက်လုံးတော့ အိပ်ရာထဲကတောင် ထနိုင်မှာ မဟုတ်လောက်ဘူး...ဟီး

ညနေစောင်းနေပေမယ့် ပန်းခြံထဲမှာတော့ လူတွေနဲ့ စည်ကားနေတုန်းပင်။

Sehun - "Nini-ah... ကိုယ်တို့ ချားရဟတ်စီးရအောင်..."

နှစ်ယောက်အတူ ရဟတ်တွဲလေးထဲ မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်ပြီး ဝင်လုဆဲဆဲနေမင်းနဲ့ ညနေဆည်းဆာအလှကို ငေးမောနေမိသည်။

Jongin - "wow... လှလိုက်တာ..."

နေဝင်တဲ့ပုံရိပ်ကို သဘောကျစွာ ငေးကြည့်နေတဲ့ Jongin ကို ကြည့်ပြီး sehun ပြုံးလိုက်ရင်း သူကိုယ်တိုင်လည်း နေဝင်ဆည်းဆာကို ငေးမောနေမိသည်။

အဲ့တော့မှ Jongin က sehun ဆီကို အကြည့်လွှဲလိုက်တော့...

ငြိမ်သက်စွာထိုင်နေရင်း နေဝင်ဆည်းဆာကို ငေးမောနေတဲ့ sehun ရဲ့ တောက်ပတဲ့ မျက်လုံးလေးတွေ...

ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းလေးတွေ.... ပြီးတော့ ဆည်းဆာရဲ့ အလင်းရာင်လေးတွေ ထင်ဟပ်နေတဲ့ တောက်ပနေတဲ့ အသားအရေ...

မင်းက လှပါပေ့ဆိုတဲ့ နေဝင်ဆည်းဆာထက်ကို ပိုလှနေတာပါ... sehun ရယ်....

Jongin ငေးနေရင်း ရုတ်တရက် ဘယ်ဘက်ရင်အုံက အောင့်တက်လာသည်။
အသက်ကို ဖြေးဖြေးချင်း ရှူသွင်းရှူထုတ်ကြည့်ရင်း သူ့လက်သီးတွေကို ကျစ်ကျစ်ဆုတ်ထားမိသည်။

Sehun အသက်ရှူသံ ပြင်းပြင်းကို ကြားလိုက်ရတာမို့ Jongin ဘက်ကို ချက်ချင်းလှည့်ကြည့်လိုက်တော့ နာကျင်နေတဲ့ Jongin မျက်နှာလေး... sehun ရဲ့ မျက်နှာမှာ စိုးရိမ်နေတဲ့ အငွေ့အသက်တွေ ချက်ချင်းဖြစ်တည်လာခဲ့သည်။

Sehun - "Nini?? ဘ-ဘာဖြစ်လို့လဲဟင်??"

Jongin မျက်လုံးတွေကို မှိတ်ထားရင်း လက်တစ်ဖက်နဲ့ သူ့ရင်ဘတ်ကို ဖိကပ်ထားမိသည်။

Sehun တစ်ယောက် ချက်ချင်း Jongin ပခုံးလေးကို သူ့လက်လေးနဲ့ အသာသိုင်းဖက်ကာ Jongin ကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားမိရင်း သူ့လက်မောင်းတွေပေါ် jongin ကို မှီထားစေသည်။

Sehun - "Nini?? Nini-ah... ကိုယ့်ကို အဲ့လိုကြီး လန့်အောင်မလုပ်ပါနဲ့..."

Jongin ရဲ့ နဖူးလေးက sehun ပခုံးပေါ်မှီထားရင်း Sehun ရဲ့ ကိုယ်ငွေ့အနံ့လေးကို Jongin ရှူရှိုက်နေမိသည်။

Sehun - "Nini-ah?? ဘာဖြစ်တာလဲဟင်??"

Jongin သူ့ပါးလေးတွေ ပူလာသလို ခံစားရသည်။ ထူးဆန်းစွာပင် ရင်ဘတ်က အောင့်နေတာလည်း တဖြေးဖြေး သက်သာသွားသည်လေ။

Sehun - "Nini-ah??? Nini??? ဘာဖြစ်-?"

Jongin - "ဘာမှမဖြစ်ပါဘူး..."

Sehun - "ဟင်?"

Jongin sehun ရင်ခွင်ထဲက အသာထွက်ရင်း...

Jongin - "ဘ-ဘာမှမဖြစ်ပါဘူး..."

Sehun က Jongin ကို ထူးဆန်းနေသလိုလို တခုခုကို မသင်္ကာသလို ကြည့်နေသည်လေ။

Jongin - "Hehehe... mian... hehehe..."

Jongin ရယ်ရင်း sehun ရင်ဘတ်လေးကို လက်ကလေးနဲ့ ပုတ်ပြီးပြောတော့...

Sehun - "ကိုယ်အတည်ပြေနေတာ.. စောနက ဘာဖြစ်တာလဲလို့?? ဟို-ဟို nini မှာ ပန်းနာရင်ကျပ်ရောဂါ... .ဒါမှမဟုတ် အဲ့လိုတစ်ခုခုရှိတာလား??"

Jongin ချက်ချင်းခေါင်းခါပြရင်း...

Jongin - "ဟင့်အင်း...မရှိပါဘူး"

Sehun - "အာ့ဆို စောနက ဘာဖြစ်တာလဲ??"

Jongin က အသာပြုံးရင်း...

Jongin - "ဘာမှမဟုတ်ပါဘူး..."

Sehun - "Nini-ah..."

Jongin သူ့ကိုယ်လေးကို ရှေ့နားတဖြေးဖြေး တိုးသွားရင်း sehun ရင်ခွင်ထဲ တိုးဝင်ကာ sehun ကို ပွေ့ဖက်ထားလိုက်သည်။

Sehun - "Nini?"

Jongin သူ့မျက်နှာကို sehun ပခုံးပေါ်ထိကပ်ထားရင်း သူသိပ်သဘောကျတဲ့ sehun ကိုယ်နံ့လေးကို တဝကြီး ရှူရှိုက်နေမိသည်။

Sehun - "Nini-ah...."

Jongin ရှူထုတ်လိုက်တဲ့ လေငွေ့နွေးနွေးလေးတွေက sehun လည်တိုင်ကို လာရောက်ထိတွေ့တော့ sehun ရင်ခုန်သံတွေ တဖြေးဖြေးမြန်ဆန်လာခဲ့သည်။

သူ့လက်လေးတွေနဲ့ Jongin ပခုံးကို အသာကိုင်ပြီး သူ့ရင်ခွင်ထဲက Jongin ကို အနည်းငယ်ခွာရင်း ငုံ့ကြည့်လိုက်တဲ့အချိန်...

Jongin ကလည်း sehun ရဲ့ မျက်နှာပြင်ကို မော့ကြည့်လိုက်တဲ့ အချိန်ခဏလေး...

နီးကပ်နေတဲ့ မျက်နှာနှစ်ခုရယ်... အချင်းချင်းခံစားနေမိတဲ့ အသက်ရှူသံလေးတွေရယ်... ဖြတ်တောက်မရတဲ့ မျက်ဝန်းနှစ်စုံရဲ့ အကြည့်တွေရယ်... ပြီးတော့

Jongin - "Hunnie-ah... ငါ အဆင်ပြေပါတယ်..."

ညင်သာ တိုးညင်းစွာ ပြောလိုက်တဲ့ နှုတ်ခမ်းဖူးဖူးလေးတစ်စုံ....

Sehun ဘာမှပြန်မပြောဘဲ Jongin ကိုသာ ငေးကြည့်နေမိသည်။

Jongin - "Hunnie.."

Sehun သူ့ကိုယ်တိုင် သတိမထားမိလိုက်ချိန်မှာပင် သူ့နှုတ်ခမ်းပါးပါးလေးတွေက Jongin ရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေဆီသို့....

ရုတ်တရက်မို့ Jongin အံ့ဩသွားမိပေမယ့် sehun ရဲ့ နှုတ်ခမ်းပါးပါးလေးတွေက သူ့နှုတ်ခမ်းထူထူလေးတွေနဲ့အတူ စည်းချက်မှန်မှန် လှုပ်ရှားကခုန်ရင်း Jongin ကို အနမ်းကမ္ဘာဆီသို့ ခေါ်ဆောင်သွားပါတော့သည်။

Sehun သူ့ရဲ့ လက်တွေနဲ့ Jongin ရဲ့ ပခုံးလေးတွေကို ကိုင်ကာ သူ့ရင်ခွင်ထဲကို တဖြေးဖြေး ပိုနီးကပ်စွာ ပွေ့ဖက်ထားရင်း အနမ်းတွေကို ပိုမိုနက်ရှိုင်းစေမိသည်။

Jongin ရဲ့ ဆံနွယ်တွေကြားထဲ သူ့လက်ချောင်းလေးတွေနဲ့ ဖွနေမိသလို Jongin ဆီကလည်း ညင်သာတဲ့ သည်းသံလေးတွေ တိုးညင်းစွာ ထွက်ပေါ်လာသည်။

ပြီးတော့ sehun သူ ချစ်ရတဲ့ Jongin ကို အခြားဘယ်သူမှ မမြင်ရလေအောင် သူ့လက်မောင်းတွေနဲ့ ရင်ခွင်ထဲထိ ပိုမိုတင်းကျပ်စွာ ပွေ့ဖက်ထားမိသည်။

နေ့ရက်တွေ တရွေ့ရွေ့ကျော်ဖြတ်လာတာနဲ့အမျှ jongin အပေါ်ထားတဲ့ sehun ရဲ့ အချစ်တွေက တစ်ဆထက် တစ်ဆတိုးလာသလို Jongin ကို သူတစ်ယောက်တည်းကသာ ပိုင်ဆိုင်လိုသည့် စိတ်ဆန္ဒကလည်း ပို,ပိုတိုးလာခဲ့သည်။

Kim Jongin ဆိုတဲ့ ကောင်လေးက Oh Sehun ဆိုတဲ့ ကျွန်တော့်အတွက်ပဲ ဖြစ်ရမယ်....

ဟုတ်တယ်....

Oh Sehun ဆိုတဲ့ ကျွန်တော်တစ်ယောက်တည်းအတွက်ပဲ...

EP 20 END

A/N

Sekai's Public kissing...keke
နောက်အပိုင်းတွေအတွက် teaser ကလေ "အချစ်စစ်ရဲ့ လမ်းကလေးဟာ မဖြောင့်တန်းဘူး" တဲ့။ ဟီး ပြီးတော့ ဟိုဆံပင်ပန်းရောင်နဲ့ ကောင်မလေးက Irene ပါလို့^^ သူ့ကို သတိလက်လွတ်ဖြစ်သွားမှာစိုးလို့ ^_<

TaeHo MM တွေကို မူရင်းအော်သာက အသေးစိတ်ရေးထားပေမယ့် အနော်က နည်းနည်းလေးလောက်ပဲ ထည့်ထားတာမို့ အာ့လေးတစ်ခု နားလည်ပေးကြပါလို့...
ဝေဖန်ချင်တာလေးတွေ လိုအပ်တာလေးတွေရှိလည်း ပြောပြပေးကြပါလို့...

အားလုံးကို ကျေးဇူးတင်ပါတယ်...

BabeOnnie Gomawo <3<3

Continue Reading

You'll Also Like

48.6K 2.3K 36
Yndrah Alaianth Xanther- a respected professor and successful doctor in medicine. Known for her sharp mind and distant manner. Her cold demeanor echo...
5.5K 140 65
THIS IS A MIKAIAH STORY HOPE YOU ALL LIKE IT! this is a fanfiction only!!!!
1.2M 24.3K 56
just for fun
8.8K 188 61
Note: Apologies for wrong grammar and this is the first time na gumawa ako ng Story. Support niyo bai :)