နောက်ဆုံးက A/N လေးကိုပါ ဖတ်ကြည့်ပေးပါလို့...xie xie~~
Now Enjoy^^
*******
Ep ^ 19 ^
Jongin နဲ့ Chanyeol အအေးဆိုင်လေးထဲမှာထိုင်ပြီး ကော်ဖီသောက်နေရင်း... jongin မျက်နှာလေးက တစ်ခုခုကို တွေးပြီး ငေးငိုင်နေတာမို့....
Chanyeol - "Jongin-ah... ဘာကိစ္စတွေရှိနေလို့လဲ??"
Jongin မော့ကြည့်လိုက်တော့ Chanyeol က စိုးရိမ်စွာနဲ့ ငေးကြည့်နေတာမို့ ပြုံးလိုက်ရင်း...
Jongin - "ဟင်.. ဘာမှ မရှိပါဘူး..."
Chanyeol - "မင်းမှာ ကိစ္စတခုခုရှိနေပြီဆို ဘာမှမရှိပါဘူးလို့ ပြောနေကျ..နော်.. ကဲ ငါ့ကို ပြောပြ... ကိစ္စတခုခုရှိနေတယ်မလား???"
Jongin လက်ထဲက အအေးဘူးလေးကို ခဏချထားရင်း...
Jongin - "အင်း... taemin hyung နဲ့ ပတ်သက်ပြီး ကိစ္စလေးတစ်ခုရှိနေလို့..."
Chanyeol - "Taemin hyung နဲ့ ပတ်သက်ပြီး??? ဘာကိစ္စလဲ??"
Jongin - "အခု taemin hyung နဲ့ Minho နဲ့ တွဲနေကြတာ မင်းလည်း သိတယ်မလား??"
Chanyeol - "တွဲတောင် တွဲနေပြီလား?? ထင်တော့ထင်သား... ကြည့်ရတာ အဲ့ဒါကြောင့် hyung က ဟိုခြိမ်းခြောက်တဲ့ ကိစ္စကို လျစ်လျူရှုထားလိုက်တာဖြစ်မယ်..."
Chanyeol က တစ်နေ့က Jongin ကို Taemin နဲ့ မှားပြီး ခြိမ်းခြောက်ခံရတဲ့ကိစ္စကို အရင်နေ့ကတည်းက ဖုန်းဆက်ပြောရင်း သိထားသည်လေ။ စစသိချင်း chanyeol တအားဒေါသတွေထွက်ပြီး အဲ့လူတွေကို တခုခုလုပ်ပြီး ရန်စမိသလိုဖြစ်မှာစိုးလို့ Jongin မနည်းတားထားခဲ့ရသေးသည်။
Jongin - "အင်း... အဲ့တာ မနေ့ညက အဲ့ကောင်မလေး Taemin ဆီ ဖုန်းဆက်သေးတယ်..."
Chanyeol - "ဟမ်?? ဟုတ်လား?? အဲ့တစ်ယောက် တော်တော်အတင့်ရဲတာပဲ..."
Jongin - "nope ... သူလည်း ကြောက်တော့ ကြောက်တယ်.. သူ့အသံကို စက်ရုပ်သံလိုမျိုး ပြောင်းထားတယ်... ပြီးတော့ ဖုန်းနံပါတ်ကလည်း private number ပြောင်းပြီး ဆက်တာ... မနေ့ညက သူ့ဖုန်းကို ငါကိုင်လိုက်ရတယ်လေ..."
Chanyeol - "မင်းကိုင်လိုက်တာ??? ဘာလို့လဲ??"
Jongin - "မနေ့ညက Taemin ငါ့အခန်းထဲမှာ အိပ်ပျော်နေတာမို့ ငါကိုင်ဖြစ်သွားတာ..."
Chanyeol - "ဩော်... ဖုန်းဆက်ပြီး ဘာတဲ့လဲ??"
Jongin - "Taemin ကို ဆိုးဆိုးရွားရွား ကြောက်လန့်စရာတွေ ပြောပြီး ခြိမ်းခြောက်တာပဲ... Taemin နဲ့ အဲ့ကောင်မလေးနဲ့ကြားမှာ ဘာကိစ္စတွေရှိမှန်းတော့ မသိပေမယ့် သူ့ဘက်က တော်တော်လွန်တယ်... ဘယ်လိုပဲ လူတစ်ယောက်ကို မုန်းမုန်း အဲ့လို ပုန်းလျှိုးကွယ်လျှိုးနဲ့ ခြိမ်းခြောက်တာတော့ ဘယ်ကောင်းမလဲ... ဦးနှောက်မရှိတဲ့ လုပ်ရပ်ကြီး..."
Chanyeol - "Maja..."
Jongin - "ငါ့မှာ သူပြောတာတွေ နားထောင်ရင်း ဒေါသက အလိုလိုထွက်လာတာ... ဟူး... ဘယ်လိုလူမျိုးလဲမသိဘူး... အဲ့ဒါ..Taemin ထင်တာတော့ Krystal လို့ ထင်တယ်တဲ့..."
Chanyeol - "Krystal??"
Jongin - "အင်း... အထက်တန်းကတည်းက Taemin နဲ့ တစ်ခန်းထဲ သူငယ်ချင်းလေ... အဲ့တုန်းကဆို သူက စာလည်းတော် ချောလည်း ချောတော့ ကျောင်းမှာ တော်တော်တော့ ပေါ်ပြူလာဖြစ်တယ်... နည်းနည်းတော့ အပြိုင်အဆိုင်စိတ်ကြီးပေမယ့် Taemin ကို Minho နဲ့ ခွဲဖို့ ခုလိုလုပ်ရလောက်တဲ့ထိ ဆိုးမယ်လို့ မထင်ခဲ့မိတာတော့ အမှန်ပဲ..."
Chanyeol က မျက်မှောင်လေးကြုတ်လိုက်ရင်း...
Chanyeol - "Krystal မှန်း သေရော သေချာလို့လား??"
Jongin - "ငါလည်း သေချာတော့ မသိဘူး... Taemin လည်း ဒီတိုင်းခန့်မှန်းကြည့်တာဆိုတော့..."
Chanyeol - "hyung သက်သေရှာဖို့ လိုတာပေါ့... လူတစ်ယောက်ကို ဒီတိုင်းကြီး တစ်ဖက်သတ် စွပ်စွဲလို့ မကောင်းဘူးလေ..."
Jongin - "အင်း... အဲ့တာတော့ ဟုတ်တယ်..."
Chanyeol - "မင်းက hyung ကို သက်သေဝိုင်းရှာပေးဖို့ ကူညီပေးမှာမလား??"
Jongin - "ဒါပေါ့... ငါ့အမွှာအစ်ကိုက ဒီလိုအန္တရာယ်နဲ့ ကြုံနေတာ ငါဒီတိုင်း ဘယ်ကြည့်နေနိုင်ပါ့မလဲ...."
Chanyeol - "မင်းလည်း သတိလေးတော့ထားပေါ့... တခုခုဆို ငါ့ဆီချက်ချင်းဖုန်းလှမ်းဆက်လိုက်... မင်းက Hyung ကို ကူညီ.. ငါက မင်းကို ကူညီမယ်... ဟုတ်ပြီလား..."
Jongin ပြုံးရင်းသာ ခေါင်းညိမ့်ပြလိုက်ပါသည်။
Kim Jongin ဆိုတဲ့ ကောင်လေးအတွက်သာဆို Park Chanyeol ဆိုတာ အချိန်မရွေး အဆင်သင့်ရှိနေတဲ့သူတစ်ယောက်ပါ။
Chanyeol လည်း သူ့ရှေ့မှာ အအေးသောက်ပြီး ဟိုငေးဒီငေး လျှောက်ကြည့်နေတဲ့ Jongin ကိုကြည့်ရင်း မသိမသာ ပြုံးနေမိသည်။
Jongin က Taemin နဲ့ ပတ်သက်ရင် နာကျင်စရာကိစ္စတွေ ရှိနေခဲ့ပေမယ့် အခု hyung အခက်အခဲဖြစ်နေတဲ့အချိန် သူမသိချင်ယောင်ဆောင်မနေဘဲ အားတက်သရော ကူညီကာကွယ်ပေးတဲ့ Chanyeol တန်ဖိုးအထားရဆုံးကောင်လေးတစ်ယောက် ဖြစ်သည်လေ။
Kim Jongin ဆိုတာ chanyeol အတွက်တော့ မထိရက် မကိုင်ရက် အလှငေးကြည့်နေမိတဲ့ အမြတ်နိုးရဆုံးသူဖြစ်ပါသည်။
အအေးဆိုင်ကထွက်လာပြီး နှစ်ယောက်အတူတူ Jongin အိမ်ကိုလမ်းလျှောက်လာတော့ Chanyeol တစ်ယောက် ဘေးက Jongin ကို ငေးရင်း...
Jongin-ah... ငါ အခုအချိန် မင်းလက်လေးကို ကိုင်ပြီး အတူလမ်းလျှောက်ခွင့် ရချင်မိတယ်...
မင်းခါးလေးကို ပွေ့ဖက်ထားရင်း မင်းနဲ့ စကားတွေ တီတီတာတာပြောပြီး မင်းအပြုံးလေးတွေကို ဖန်တီးပေးချင်မိတယ်...
အခုရက်ပိုင်းအတွင်း Jongin နဲ့ မတွေ့ရတာ အတော်ကြာခဲ့ပြီမို့ Chanyeol Jongin ကို အရမ်းလွမ်းနေခဲ့ပါသည်။
chanyeol Jongin ပခုံးလေးပေါ် လက်တင်ဖို့ လှမ်းလိုက်တော့... jongin က သတိမထားမိဘဲ ရှေ့က ဆိုင်လေးတစ်ခုထဲ ရယ်မောရင်း ခပ်သုတ်သုတ်ဝင်သွားလိုက်သည်။
Chanyeol ကတော့ နာကျင်စွာ ပြုံးလိုက်ရင်း သက်ပြင်းချကာ Jongin သွားတဲ့ဆီ လိုက်လာခဲ့တော့... totoro အရုပ်ကို လက်ညှိုးထိုးပြီး သဘောကျစွာ ရယ်နေတဲ့ Jongin...
Jongin - "wow.... totoro ရုပ်လေး... ချစ်စရာလေး...ဟီး...."
Chanyeol ဝမ်းနည်းနေပေမယ့် Jongin အကြိုက်ဆုံး anime ဇာတ်ကောင် totoro ကိုတွေ့ပြီး ပြုံးနေတဲ့ Jongin ကို မြင်တော့ သူပါ အလိုလိုပြုံးမိပါသည်။
Jongin - "ငါ ဟိုတစ်ခါ ဂျပန်ရောက်တုန်းက totoro အရုပ်တွေ အများကြီး ဝယ်ခဲ့သေးတယ်... ဟီး.. ပြီးတော့ သူ့ပုံစံလုပ်ထားတဲ့ မုန့် ဝယ်ပြီး sakura ပင်လေးအောက်မှာ ထိုင်စားနေတဲ့ပုံတောင် ရိုက်ခဲ့သေးတယ်... ဒါနဲ့ ဒီအရုပ်က ဘယ်လောက်ပါလိမ့်.."
Jongin ဈေးနှုန်းကို ကြည့်လိုက်တော့ မျက်လုံးလေးပြူးသွားရင်း...
Jongin - "အို... ဈေးကြီးလိုက်တာ.... ဂျပန်ကနေပဲ အော်ဒါလှမ်းမှာတော့မယ်... Seoul မှာ ဝယ်လည်း ဒီအရုပ် ဟိုကဝယ်လည်း ဒါပဲကို ဒီမှာ ဈေးကြီးလိုက်တာ..."
Chanyeol - "ဟုတ်ပ... ပြီးတော့ Totoro ပုံစံဝတ်စုံပါ မင်းဝယ်လိုက်ပါလား... အာ့မှ totoro ပုံစံဝတ်စုံလေးနဲ့ Ikebukuro ကို သွားလို့ရတာပေါ့... ဟားဟား..."
Chanyeol ရယ်မောရင်း နောက်တော့ Jongin သူ့ခြေထောက်နဲ့ Chanyeol ခြေထောက်ကို အသာကန်လိုက်ရင်း... နှုတ်ခမ်းလေးဆူပြီး...
Jongin - "အာ... totoro ပုံစံတော့ မဝတ်ပါဘူး... ငါ totoro ကို ဘယ်လောက်ပဲချစ်ချစ် ဝတ်စုံဝတ်ရမယ်ဆိုရင်တော့ ဝဝတုတ်တုတ် Totoro ထက် Sasuke uchiha ပုံစံပဲ ဝတ်မှာ..."
Chanyeol - "ဒါမယ့် မင်းက totoro ဝတ်စုံလေးနဲ့ဆို ပိုကြည့်ကောင်းမှာ...ဟီး"
Jongin - "NOO!!"
Chanyeol - "ဝတ်ကြည့်ပါဆို... ပြီးတော့ မင်းက totoro နဲ့တောင် ခပ်ဆင်ဆင်....ဟားဟား"
Jongin chanyeol ကို ဘုကြည့် လှမ်းကြည့်ရင်း...
Jongin - "ဟုတ်လည်း မဟုတ်ဘဲနဲ့...လျှောက်ပြောနေတယ်..."
Chanyeol Jongin ရှေ့ကနေ ရယ်နေရင်းပင် ခပ်သွက်သွက်လျှောက်ရင်း ထွက်လာတော့ Jongin နောက်ကနေ chanyeol ပခုံးကို ထုရိုက်ရင်းလိုက်လာတော့ chanyeol သဘောကျစွာ ပိုရယ်မိသည်။ Jongin လက်သီးဆုတ်လေးတွေနဲ့ ထုနေတာက သူအတွက်တော့ မနာတဲ့အပြင် ပိုစိတ်ကျေနပ်မိပါသည်။
Chanyeol နဲ့ Jongin အတူလျှောက်လာရင်း လမ်းက လူတွေနဲ့ တိုးပြီး ကျပ်လာတာမို့ Chanyeol Jongin ကို တခြားလူတွေမတိုက်မိရအောင် Jongin ပခုံးလေးပေါ်လက်တင်လိုက်ရင်း သူ့ဘက်ကို ဆွဲကပ်ထားပြီး ကာကွယ်ပေးထားမိသည်။
Chanyeol ဒီတစ်ခါတော့ သူ့လက်တွေ လေဟာနယ်ထဲ ရောက်မသွားခဲ့တော့ဘူးပေါ့...
Jongin လည်း chanyeol ဘက်ကို တစ်ချက်လှည့်လိုက်ပြီးမှ တိုးနေတဲ့ လူတွေကို သတိထားပြီး သွားရင်း Chanyeol ရဲ့ ကာကွယ်ပေးမှုအတွက် သဘောကျစွာ ပြံးနေမိပါသည်။
Park Chanyeol ဆိုတာ Jongin အတွက်တော့ သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်သလို အမြဲတမ်း ကာကွယ်ပေးတတ်တဲ့ အစ်ကိုတစ်ယောက်လည်း ဖြစ်ပါသည်။
Chanyeol ကတော့ နာကျင်စွာ ပြုံးလိုက်မိပါသည်။
ဖြစ်နိုင်ရင်လေ... ကျွန်တော် ထာဝရအတွက် Jongin ကို အခုလို ကာကွယ်ဖမ်းဆုတ်ထားခွင့်လေး ရချင်မိတယ်...
ဒါပေမယ့်လည်းလေ....
နှစ်ယောက်က ကိုယ်ပိုင်အတွေးကမ္ဘာထဲမျောနေရင်း Chanyeol က ကောင်မလေးတစ်ယောက်ကို ဝင်တိုက်မိတာမို့..
Chanyeol - "အာ့ ... တောင်းပန်ပါတယ်..."
Girl - "ရ-ရပါတယ်.."
Jongin ကတော့ အဲ့ကောင်မလေးကို အံ့ဩစွာ ငေးကြည့်နေမိသည်။
Krystal??
Krystal လည်း Jongin ကိုတွေ့တော့ အံ့ဩသွားရင်း...
Krystal - "J-jongin??"
Jongin - "H-hi!"
Krystal လည်း တအံ့တဩနဲ့ပင် ဟိုဟိုဒီဒီကြည့်လိုက်ပြီးမှ...
Krystal - " ဟို.. Tae- Taemin ရော မပါဘူးလား??"
Jongin လည်း ဒီတိုင်းခေါင်းပဲ ခါပြလိုက်တော့ krystal က သွားလိုက်ဦးမယ်နော်လို့သာ နှုတ်ဆက်ပြီး ခပ်မြန်မြန်ထွက်သွားခဲ့သည်။
Jongin နဲ့ Chanyeol လည်း krystal ထွက်သွားတဲ့ ဘက်ကိုလှည့်ရင်း krystal နဲ့အတူ လက်ချင်းချိတ်ပြီး လျှောက်သွားတဲ့ ကောင်လေးကို သိချင်စွာနဲ့ လှမ်းကြည့်ပေမယ့် အရမ်းဝေးသွားတာမို့ မမြင်ရတော့။
Jongin - "အဲ့ကောင်လေးက ဘယ်သူပါလိမ့်??? ငါသိတဲ့ သူများလား??"
Chanyeol - "krystal ပုံက ငါတို့ကို တွေ့လိုက်တာ သရဲတွေ့လိုက်ရတဲ့သူ ကျနေတာပဲ... ထူးဆန်းတယ်..."
ဒီတစ်ခါလည်း နှစ်ယောက်လုံး သူ့အတွေးနဲ့သူ မျောနေမိပြန်သည်။
Jongin တွေးနေရင်း မနေ့ညက ဖုန်းဆက်တဲ့ ကိစ္စကို သတိရမိတော့ ...
မနေ့ညက ဖုန်းဆက်တာ တကယ်ပဲ krystal ပဲလား???
မဟုတ်ရင် ငါ့ရှေ့မှာ သူဒီလို ဖြစ်နေမှာ မဟုတ်ဘူးလေ... ထူးတော့ ထူးဆန်းတယ်...
အဲ့ဒါဆို သူနဲ့အခု တွဲသွားတဲ့ သူကရော ဘယ်သူပါလိမ့်?? သူ့ချစ်သူများလား???
ဒါပေမယ့် သူက Taemin ကို နှောက်ယှက်နေတာဆို Minho ကို ကြိုက်နေလို့ မဟုတ်ဘူးလား??
Jongin တကယ်ကို အဖြေရှာလို့ မရတော့ပါ....
*********
Luhan - "မင်း ဒီနေ့ Jongin နဲ့ Date မလုပ်ဘူးလား??"
Sehun ထမင်းသုတ်စားနေရင်း luhan ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းလေးထော်ကာ ခေါင်းပြန်ငုံ့သွားရင်း
Sehun - "အင်း... သူ့ရဲ့ ချစ်လှစွာသော ငယ်သူငယ်ချင်းကြီးနဲ့ ချိန်းထားတာ ရှိတယ်တဲ့လေ ..."
Luhan - "အာာ.. ဟို Park Chanyeol မလား??"
Sehun - "အင်း"
Luhan - "မင်း ဂျယ်လီစားနေတာလား??"
Sehun - "အေးပေါ့ဟ... Jongin က တခြားသူမှ မဟုတ်တာ... ငါ့ချစ်သူလေ..."
Luhan တစ်ယောက်ရယ်ရင်း...
Luhan - "စိတ်လျှော့ပါ ငတိုရယ်... Park Chanyeol က ဒီတိုင်း Jongin ရဲ့ သူငယ်ချင်းပဲဟာကို..."
Sehun - "ငါ အဲ့ကောင်နဲ့ Jongin နဲ့ ရင်းရင်းနှီးနှီးနေတာ မကြိုက်ဘူးကွာ.. မင်း သူ့ကို တွေ့ရင် သိမှာ... သူ့ပုံစံက jongin အပေါ် သူငယ်ချင်းထက်ကို ပိုနေတာ ငါသိတယ်..."
Luhan - "မင်း အရင်က Jongin နဲ့ ပတ်သက်ပြီး အဲ့လောက် စိတ်ဝင်တစား မရှိပါဘူး... တချိန်လုံး Taemin Taemin Taemin နဲ့... အခုမှ ဘယ်လိုဖြစ်...."
Sehun - "အော်.. ဒါကတော့ကွာ.. ဒီလိုပဲ ပြောင်းလဲသွားတာပေါ့.. "
Luhan တစ်ယောက် သဘောကျစွာ ရယ်လိုက်ရင်း...
Luhan - "မင်းအဖြစ်ကလည်းကွာ... ထူးဆန်းပါ့... မင်း Jongin ကို အဲ့လောက် သဘောကျသွားမယ်လို့ ငါ ထင်တောင် မထင်ထားဘူး... ပြောပါဦးဟ... ဘယ်က ဘယ်လိုတွေ ပြောင်းလဲသွားတာတုန်း..."
Sehun - "Jongin က ငါထင်ထားခဲ့တာထက် အများကြီး ထူးခြားပြီး အံ့ဩဖို့ကောင်းတဲ့သူကွ..."
Luhan - "အဲ့တော့ လမ်းခွဲဖို့ အစီအစဉ်မရှိတော့ဘူးပေါ့??"
Sehun ထမင်းသုတ်စားနေရင်း...
Sehun - "အဲ့ကိစ္စကို ဆက်စီစဉ်ရအောင် ငါ အရူးလားဟ... ငါ အဲ့ကိစ္စကို ခေါင်းထဲက ထုတ်ထားလိုက်တာ ကြာပေါ့...."
Luhan နဲ့ sehun ဆိုင်ထဲမှာ ထိုင်စားရင်း စကားပြောနေတုန်း သူတို့နောက်နားက စားပွဲဝိုင်းမှာလည်း တစ်စုံတစ်ယောက်က ထိုင်နေရင်း သူတို့ပြောနေတဲ့ အကြောင်းအရာကို ခိုးပြီး နားထောင်နေခဲ့သည်။
Luhan - "Oh sehun.. တကယ်ဆို မင်းအဖြစ်က ထူးတော့ ထူးဆန်းသားဟ.. ကိုရီးယား drama တောင် ရိုက်လို့ရတယ်... မင်း လူမှားပြီး ချစ်ခွင့်ပန်ခဲ့ပေမယ့် တဖြေးဖြေးနဲ့ နောက်ပိုင်းကျ မင်း Jongin ကို တကယ် ချစ်မိသွားခဲ့တာလေ..."
Sehun ဘာမှပြန်မပြောဘဲ ပြုံးသာ ပြုံးနေခဲ့ပါသည်။
Luhan - "ဒါပေမယ့် မင်း အဲ့ကိစ္စကို Jongin မသိစေနဲ့ဦးနော်... တစ်သက်လုံး လျှို့ဝှက်ချက်အနေနဲ့ပဲ သိမ်းထားလိုက်တော့... "
Sehun - "မင်းသာ တခြားကို မပေါက်ကြားရအောင် သတိထားပါ... အကယ်၍ မင်းကြောင့်သာ Jongin သိသွားခဲ့ရင် ဟင်းဟင်း..."
Luhan - "ဘာလဲ??"
Sehun - "မင်းနဲ့ minseok hyung တို့ရဲ့ relationship ရော ချောချောမွေ့မွေ့ဖြစ်မယ်လို့ ထင်လား...ငိငိ.."
Luhan - "ကောင်စုတ်... ငါတို့က အခုထိတောင် couple ဘဝ မရောက်သေးတာကို..."
Sehun - "ဟင်?? သူ မင်းကို ခုထိ ဖွင့်မပြောသေးဘူးလား??"
Luhan သက်ပြင်းချရင်း...
Luhan - "သူ့ပုံက ဖွင့်ပြောဖို့ နေနေသာသာ.. ငါ့ကို သဘောကျတဲ့ အရိပ်အယောင်တောင် မပြပါဘူးကွာ... "
sehun - "သူလည်း မင်းကို သဘောကျတဲ့ပုံပါကွ... မင်း သတိမထားမိတာနေမှာ... ပြီးတော့ သူ့ပုံစံက အနေအေးတဲ့ပုံပဲ..."
Luhan ဒီတိုင်းသာ အဝေးကို ငေးနေမိသည်။
Sehun - "ဒါပေမယ့်လေ တစ်နေ့နေ့တော့ ငါကိုယ်တိုင် Jongin ကို ပြောပြသင့်တယ်ထင်တယ်..."
Sehun သက်ပြင်းချရင်း...
Sehun - "ငါ ဘယ်လိုပြောပြရပါ့မလဲ??"
Luhan - "မင်း မှားပြီး ချစ်ခွင့်ပန်တဲ့ ကိစ္စလား?? ဒါများ ရှင်းပါတယ်ကွာ... Jongin-ah... ငါ အမှားတစ်ခုလုပ်ခဲ့တယ်... ငါ မင်းကို Taemin နဲ့ လူချင်းမှားပြီး ချစ်ခွင့်ပန်ခဲ့မိတယ်... ဒါပေမယ့် ငါ တဖြေးဖြေးနဲ့ မင်းကို တကယ်သဘောကျသွားခဲ့တယ်.... ငါ တကယ်ကို တုံးတုံးအအနဲ့ မှားခဲ့ပေမယ့် မင်းကို တကယ်ကြီး ရူးရူးမူးမူး ချစ်မိသွားခဲ့တာပါ... အဲ့လိုပဲ ဖွင့်ပြောလိုက်ပေါ့..."
Sehun - "မပြောတတ်တော့ပါဘူးကွာ... အဲ့ကိစ္စသာ Jongin သိသွားရင် အကြီးအကျယ် စိတ်ဆိုးသွားမယ်လို့ ငါခံစားမိနေတယ်..."
Luhan - "အဲ့တာဆိုလည်း ဒီတိုင်းသာ မေ့လိုက်ပါကွာ... မင်းအရင်က Taemin ကို သဘောကျခဲ့ဖူးတာတွေ မှားခဲ့တာတွေ ဒီတိုင်းသာ မေ့ထားလိုက်တော့... အခု မင်းအချစ်တွေ အကုန် Jongin တစ်ယောက်တည်းကိုပဲ ပေးထားတာပဲဟာ ... အဲ့ဒါကြောင့် sehun-ah... မင်း အခု Jongin ကို တကယ်ကို နှစ်နှစ်ကာကာ ချစ်မိနေပြီလေ... ဒါဆို ပြီးပြီပေါ့... ဘာမှထပ်ပြီး ရှုပ်ထွေးအောင် မလုပ်နဲ့တော့... အကယ်၍ မတော်တဆ Jongin က သိသွားခဲ့ရင်တောင် သူခွင့်လွှတ်ပေးနိုင်လောက်တဲ့အနေအထားထိ မင်းက သူ့ကို အများကြီးပိုချစ်ပေး ပိုဂရုစိုက်ပေးပေါ့... အဲ့တာဆို သူ မင်းကို ခွင့်လွှတ်ပေးမှာပါ..."
Sehun သူ့အောက်နှုတ်ခမ်းလေးကို ကိုက်နေရင်းသာ ငိုင်နေမိသည်။
Luhan - "အဲ့ကိစ္စနောက်မှ ဆက်ပြောကြတာပေါ့.. အခု မြန်မြန်စား... တော်ကြာ ငါတို့ နောက်အတန်းအတွက် နောက်ကျနေဦးမယ်..."
Sehun ခေါင်းလေးသာ ညိမ့်ပြီး ထမင်းသုတ်သာ ငုံ့စားနေလိုက်သည်။
အဲ့အချိန် ဟိုဘက်ဝိုင်းက တစ်စုံတစ်ယောက်က ထလာရင် ချော်လဲပြီး ယိုင်သွားသလိုလိုနဲ့ sehun ကျောပြင်ကို သူ့လက်တွေနဲ့ ပုတ်ရင်း ထောက်မိလိုက်သည်။
Girl - "တောင်းပန်ပါတယ်..."
အဲ့ ပန်းရောင်ဆံပင်ရှည်နဲ့ ကောင်မလေးက ခေါင်းငုံ့တောင်းပန်ရင်း Luhan နဲ့ sehun ကို ပြုံးပြပြီး ထွက်သွားခဲ့သည်။
Luhan - "wow... ငါတို့တွေ့လိုက်ရတာ နတ်သမီးများလား?? ချောထာ..."
Sehun ကတော့ ဒီတိုင်းသာ လှမ်းကြည့်လိုက်မိသည်။ luhan ပြောသလိုပဲ ကောင်မလေးက ချောပါသည်။ ဒါပေမယ့် sehun အဲ့ကောင်မလေးကို ကျောင်းမှာ တစ်ခါမှ မတွေ့ဖူးသလို သိလည်းမသိ... ကြည့်ရတာ.. တခြားမေဂျာက ထင်ပါတယ်...
Luhan - "ကဲ.. မြန်မြန်စားဟေ့ရောင်.. နောက်ကျတော့မယ်..."
Sehun နောက်အချိန် ဆရာမက နောက်ကျရင် အပြစ်ကြီးကြီးပေးတတ်တာမို့ အလျင်အမြန်စားရင်း ဘာမှဆက်မတွေးဘဲ နောက်အတန်းအတွက်သာ စဉ်းစားနေမိပါတော့သည်။
*******
စောနက ဆံပင်ပန်းရောင်နဲ့ ကောင်မလေးက အိမ်သာထဲ ဝင်သွားပြီး တခြားလူတွေ ရှိမရှိ ကြည့်ရင်း ဘယ်သူမှ မရှိတာ သေချာတော့မှ သူ့အိတ်ထဲက ဖုန်းထုတ်ပြီး တစ်ယောက်ယောက်ဆီ ဖုန်းဆက်လိုက်သည်။
*Hello?*
Girl - *အင်း.. ငါပါ... ငါ နင့်အတွက် စိတ်ဝင်စားစရာ သတင်းလေးတစ်ခု ရထားတယ်...*
*ဟုတ်လား?? ဘာသတင်းလဲ??*
Girl - *ငါ နောက်မှ ပြောပြမယ်.. အရင်ဆုံး နင်နဲ့ ငါနဲ့ တစ်နေရာမှာ တွေ့ရအောင်...*
အဲ့ကောင်မလေးက ဖုန်းထဲက တစ်ယောက်နဲ့ နေရာတို့အချိန်တို့ အချိန်းအချက်လုပ်ပြီး ဖုန်းလေးကို သူ့အိတ်ထဲပြန်ထည့်ထားလိုက်သည်။
ပြီးတော့ သူ့ကိုယ်ကို မှန်ရှေ့မှာ ရပ်လိုက်ရင်း... သူ့ရဲ့ သွယ်လျနေတဲ့ ခန္ဓာကိုယ်ပုံစံရယ်... ပန်းနုရောင်ဆံပင်ရှည်လေးတွေရယ်... တောက်ပတဲ့ အကြည့်တွေရယ်.. သူ့ကိုယ်သူ ကျေနပ်စွာ ကြည့်နေသည်။
ထို့နောက် မျက်နှာမှာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး... သူ့လက်ကို သေနတ်ပုံစံလုပ်လိုက်ရင်း မှန်ထဲက သူ့ပုံရိပ်ကို သေနတ်လေးနဲ့ ချိန်သလိုလုပ်ကာ ...
Girl - "Kim Taemin....Bang!!"
သေနတ်ထိပ်ကို နှုတ်ခမ်းနဲ့ လေမှုတ်ထုတ်သလို လုပ်လိုက်ရင်း မဲ့ပြုံးသာ ဆက်ပြုံးထားသည်။
ပွဲက အခုမှ စတာ!!!
********
Jongin အိမ်ပြန်ရောက်တော့ မထင်မှတ်ဘဲ မီးဖိုချောင်ထဲမှာ သူ့မေမေကို တွေ့လိုက်ရတာမို့...
Jongin - "ဩော်... မေမေ ပြန်ရောက်နေတာလား??"
Mom - "ဟင်... အင်း... ခဏပြန်လာပြီး အဝတ်အစားလာယူရင်း သားတို့အတွက် ဟင်းလုပ်ပေးခဲ့မလို့.. ဒီည သားဦးလေးအိမ်မှာ သွားအိပ်ပေးမလို့လေ..."
Jongin ဒီတိုင်းသာ ခေါင်းညိမ့်ပြလိုက်သည်။ အခုတလော မေမေ့ကို ဦးလေးကိစ္စတွေ ရှိနေတာနဲ့ အိမ်မှာ သိပ်မတွေ့ရတာမို့ ရုတ်တရက် တွေ့လိုက်ရတော့ အံ့ဩသွားမိတာဖြစ်သည်။
Jongin တို့အမေက ဟင်းချက်နေရင်း...
Mom - "သားရော.. ဘယ်က ပြန်လာတာလဲ?"
Jongin - "အာ... Chanyeol နဲ့ တွေ့ပြီး ပြန်လာတာပါ.."
Mom - "အင်း... ဒါနဲ့ Taemin ဘာဖြစ်နေလဲ သားသိလား??"
Jongin တစ်ယောက် မျက်လုံးလေးပြူးရင်း...
Jongin - "ဘ-ဘာလို့လဲ??"
Mom - "ထူးဆန်းနေသလိုပဲ... အခုလည်း နေ့လည်စာတောင် ဆင်းမစားသေးဘူး..."
Jongin ဘာမှ ပြန်မပြောမိ။
Mom - "သား သွားမေးကြည့်လိုက်ပါဦး... ဘာမှမဖြစ်ရင် ထမင်းလာစားလို့... "
Jongin - "ဟုတ်...မေမေ.."
Jongin အပေါ်ထပ်ကို တက်လာရင်း Taemin အခန်းတံခါးကို ခေါက်ကြည့်တော့ တော်တော်နဲ့ ပွင့်မလာ။ ထပ်ခေါက်ဖို့ လုပ်တော့မှ တစ်ဖက်က ဖွင့်လာတာမို့ ...
Taemin လည်း Jongin ကို တွေ့တော့ အံ့ဩသွားမိသည်။
Taemin - "Jongin??"
Jongin - "H-hi!!... ဟို မင်း နေ့လည်စာ မစားရသေးဘူးဆို... အဲ့တာ.. မေမေက နောက်ကျနေပြီ... လာစားတော့တဲ့..."
Taemin - "ငါ စားချင်စိတ်မရှိဘူးကွာ..."
Taemin ပြောရင်း သူ့အခန်းတံခါးကို အကျယ်ကြီး ဖွင့်လိုက်သည်။ ဆိုလိုတာ Jongin ကို အခန်းထဲ ဝင်လာခဲ့ပါပေါ့...
Jongin Taemin အခန်းထဲ ဝင်လာပြီး ခုံလေးမှာ ဝင်ထိုင်လိုက်တော့ Taemin လည်း သူ့ကုတင်ပေါ်တက်ထိုင်ပြီး ခေါင်းအုံးကို ပိုက်၊ သူ့မေးစေ့ကို အဲ့ခေါင်းအုံးပေါ်တင်ထားရင်း Jongin ကို ငေးကြည့်နေမိသည်။
ဟိုးငယ်ငယ်တုန်းကတော့ တပူးတွဲတွဲနဲ့ ချစ်နေခဲ့ကြပေမယ့် အခုနောက်ပိုင်း နှစ်ယောက်လုံး စကားမပြောဖြစ်တာ ကြာခဲ့ပြီမို့ အခုလိုအခြေအနေမှာ နည်းနည်းတော့ ထူးဆန်းသလို ဖြစ်နေပါသည်။
Jongin ကတော့ ကြမ်းပြင်ကိုသာ ငေးကြည့်ပြီး ဘာပြောရမလဲဆိုတာ တွေးနေရင်း...
Jongin - "ငါ ဒီမနက် မင်းကို ထားခဲ့မိတာ... တောင်းပန်ပါတယ်..."
Taemin က အဲ့တော့မှ ပြုံးလိုက်ရင်း...
Taemin - "အို...ရပါတယ်... ကိစ္စမရှိပါဘူး... မနေ့ညက မင်းအိပ်ရာပေါ်မှာ အိပ်ခဲ့မိလို့ ငါကတောင် တောင်းပန်ရဦးမှာ..."
Jongin - "အာ.. ရပါတယ်... မင်း အရမ်းပင်ပန်းနေလို့ပဲကို..."
Taemin - "ဟီး... ငါတို့ ငယ်ငယ်လေးကတည်းက ငါ အမြဲ မင်းအိပ်ရာပေါ် တက်အိပ်တိုင်း မင်းတစ်ခါမှ စိတ်မဆိုးခဲ့ဖူးဘူးနော်..."
Jongin အရင်က အကြောင်းလေးသတိရမိပြီး ပြုံးမိသည်။
ငယ်ငယ်လေးကတည်းက သရဲကားကြည့်ပြီးရင်ပဲဖြစ်ဖြစ် ကြောက်စရာ တစ်ခုခုသိပြီးရင်ပဲဖြစ်ဖြစ် Taemin အမြဲ Jongin အိပ်ရာပေါ်တက်ပြီး Jongin ကို ဖက်ထားရင်း အိပ်လေ့ရှိသည်။ Jongin အတွက်ကတော့ အဲ့ကိစ္စက အကျင့်လိုပင်ဖြစ်နေတာမို့ စိတ်ထဲမှာ သဘောမကျတာတို့ မကြိုက်တာတို့ မရှိတော့ပါ။
Taemin ကတော့ သဘောကျစွာပြုံးနေရင်းသာ...
Taemin - "အဲ့ဒါဆို ငါတို့ မနေ့ညက အရင်တုန်းကလို တစ်အိပ်ရာထဲ တူတူအိပ်ခဲ့တာပေါ့... နော်..."
Jongin - "အင်း..."
Taemin က ပြုံးပြီး ခေါင်းလေးငုံ့လိုက်ရင်း...
Taemin - "ငါတို့မနေ့ညက ငယ်ငယ်တုန်းကလို ပြန်ဖြစ်သွားခဲ့တာပဲ... အမှတ်တရပေါ့... ငါ အဲ့အချိန်တွေကို အရမ်းလွမ်းနေခဲ့တာ ..."
Jongin က ပြုံးနေရင်း ခေါင်းလေးညိမ့်ပြရင်း နှစ်ယောက်သား တိတ်ဆိတ်သွားပြန်သည်။
Jongin က ထလာပြီး Taemin ကုတင်အစွန်းနားမှာ ဝင်ထိုင်လိုက်တော့... Taemin က ခေါင်းအုံးလေးနဲ့ ကစားနေရင်း...
Taemin - "ငါ... ငါ Minho နဲ့ လမ်းခွဲလိုက်သင့်ပြီ ထင်တယ်..."
Jongin တစ်ယောက် မျက်လုံးလေးပြူးပြီး မျက်တောင်လေး ပုတ်ခပ်ပုတ်ခပ်နဲ့ ကြည့်နေမိသည်။
Taemin - "ငါ ဒီထက်ပိုပြီး တောင့်မခံနိုင်တော့ဘူး... သူ့ fan တွေက ငါ့ဆီ တစ်ချိန်လုံး message တွေပို့ ဖုန်းတွေဆက်ပြီး နှောင့်ယှက်နေခဲ့တာ..."
Jongin ဘာမှ ပြန်မပြောဘဲသာ နေလိုက်သည်။ သူအခုအချိန် မနေ့ညက ဖုန်းဆက်ပြီး ခြိမ်းခြောက်တဲ့ကိစ္စကို မပြောပြချင်သေးဘူး... အခုအတိုင်းတောင် Taemin က အတော် စိတ်ဓာတ်ကျနေတာ... ထပ်ပြီး Taemin စိတ်ပူပန်သောကရောက်အောင် မလုပ်ချင်ဘူးလေ။
Taemin - "ငါသာ Minho နဲ့ လမ်းခွဲလိုက်ရင် ဒီကိစ္စတွေ ရှိတော့မှာ မဟုတ်ဘူးနော်... ငါ လွတ်လွတ်လပ်လပ်နေခွင့်တော့ ရသွားမှာ..."
Taemin အသံလေးတွေက တဖြေးဖြေးတိန်ဝင်သွားသည်လေ။
Jongin - "မင်း တကယ်ပဲ Minho နဲ့ လမ်းခွဲချင်လို့လား???"
Taemin.. Jongin ကို တစ်ချက်မော့ကြည့်ပြီးမှ ခေါင်းပြန်ငုံ့ထားမိသည်။
Minho နဲ့ လမ်းခွဲဖို့?? ဟင့်အင်း... ကျွန်တော် ဘယ်တော့မှ လမ်းမခွဲချင်ဘူး... ကျွန်တော် Minho ကို ရူးရူးမူးမူးကို ချစ်မိတာ... တကယ်ကို နှစ်နှစ်ကာကာ ချစ်မိသွားခဲ့တာပါ... ကျွန်တော်တို့ ဇာတ်လမ်းကို အခုလိုပုံစံနဲ့ မပြီးဆုံးသွားချင်ဘူး... ဒါပေမယ့် ကျွန်တော် ဘာတတ်နိုင်မှာလဲ?? ကျွန်တော့်ကြောင့် Jongin ကိုလည်း ထပ်ပြီး မထိခိုက်စေချင်တော့ဘူး... ဟိုတစ်ခေါက်ကတောင် ကံကောင်းလို့ Jongin ကို ဘာမှမလုပ်ဘဲ လွှတ်ပေးခဲ့လို့သာ...
Taemin သူ့လက်တွေနဲ့ သူ့မျက်နှာကို အုပ်လိုက်ရင်း...
Taemin - "အာာာ... ငါ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး.. Jongin ရယ်.... "
Jongin ကိုယ်တိုင်လဲ taemin အတွက် မဖြေရှာပေးနေမိသည်။ သူ့ရှေ့မှာ စိတ်ဓာတ်ကျနေတဲ့ Taemin ကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိတာမို့... အနားက ဖက်လုံးကို ယူပြီး Taemin ခေါင်းလေးကို ဖက်လုံးနဲ့ အသာပုတ်လိုက်ရင်း... ပြုံးနေရင်းသာ
Jongin - "Cheer Up!!!"
Taemin ကတော့ ရုတ်တရက်မို့ Jongin ကို တအံ့တဩနဲ့ မော့ကြည့်နေမိသည်။
Jongin - "သူ့ဟာသူ အရာရာ အဆင်ပြေသွားလိမ့်မယ်... အဲ့ခြိမ်းခြောက်နေတဲ့သူက ဘယ်သူလဲဆိုတာ ငါတို့ အတူတူ စုံစမ်းကြတာပေါ့... မင်း တစ်ယောက်တည်းဆိုပြီး မကြောက်ပါနဲ့ ... ငါ မင်းဘက်မှာ ရှိတယ်... ငါ မင်းကို ကူညီပေးမယ်... အိုကေ??"
Taemin ကတော့ တကယ်ကို အံ့ဩစွာနဲ့ပင် ငေးကြည့်နေတာမို့ Jongin လည်း ဖက်လုံးလေးနဲ့ ထပ်ပုတ်လိုက်ရင်း...
Jongin - "တက်တက်ကြွကြွပဲ နေပါဆို..."
Taemin လည်း တဖြေးဖြေးပြုံးရင်း ရယ်လာမိသည်။
Jongin ရဲ့ မရဲတရဲအမူအရာလေးရယ် ရှက်ပြုံးလေးရယ်ကို မတွေ့ရတာ ကြာခဲ့ပြီလေ... Jongin ရဲ့ အခုလို ပုံစံလေးက ချစ်စရာကောင်းလွန်းပါသည်။
Taemin လည်း သူ့လက်ထဲက ခေါင်းအုံးကို Jongin ဆီ လှမ်းပေါက်လိုက်ရင်း... အားရပါးရ ရယ်လိုက်ပြီး....
Taemin - "Cheer Up!!!"
Jongin ရဲ့ အားပေးစကားတွေက Taemin အတွက်တော့ အားဆေးတစ်ခုလိုပင်။ နောင်မှာ ထပ်ပြီးကြုံတွေ့လာရမယ့်ကိစ္စတွေကို လုံးဝ စိုးရိမ်ကြောက်ရွံ့မှု မရှိတော့တာတော့ မဟုတ်ပေမယ့် သူ့ကို ခြိမ်းခြာက်တိုက်ခိုက်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် သူအရှုံးမပေးဘဲ အဆုံးထိ ရင်ဆိုင်တိုက်ပွဲဝင်သွားမှာ... သူ့ရဲ့ အမွှာညီလေးနဲ့ အတူတူပေါ့....
သူနဲ့ Jongin တို့ရဲ့ ဆက်ဆံရေးက ဘယ်တော့မှ အရင်လိုပြန်ဖြစ်တော့မှာ မဟုတ်ဘူး... အရင်လို ပြန်ပြေလည်တော့မှာ မဟုတ်ဘူးလို့ Taemin တွေးထင်ထားခဲ့မိတာ.... ဒါပေမယ့် Jongin က အရင်တုန်းကလိုပါပဲ... အချိန်တွေသာ ပြောင်းသွားခဲ့ပေမယ့် Jongin ကတော့ မပြောင်းလဲသွားခဲ့ဘူး....
Kim Jongin ဆိုတာ Kim Taemin အတွက်တော့ နောက်ထပ်မရှိနိုင်တဲ့ တစ်ဦးတည်းသော အကောင်းဆုံးအမွှာညီလေးပါပဲ ....
Ep19 END
A/N
နောက်အပိုင်းတော့ သေချာပေါက် Sekai ပါလာမှာပါလို့... I promise^^
Taemin အကြောင်းများသွားရတာက သူ့အကြောင်းကလည်း နောက်လာမယ့် အပိုင်းတွေအတွက် အရေးကြီးတာရယ်... Taemin မှာလည်း သူ့ဘဝနဲ့သူ စိတ်ညစ်စရာတွေ ရှိနေတတ်တဲ့ သဘောနဲ့ပါ... ပြီးတော့ TaeKai ရဲ့ Bromance က အရှေ့ပိုင်းမှာ နှစ်ယောက်က သိတဲ့အတိုင်း သိပ်အဆင်မပြေခဲ့ပါဘူး... အမွှာပေမယ့် ဒီအပိုင်းမှာမှ ဝုန်းဆိုပြီး အဆင်ပြေသွားမယ်ဆို တမျိုးကြီးပဲလို့ ခံစားရတာကြောင့် ep 18 & ep19 မှာ Taekai အကြောင်းလေးတွေ မဖြုတ်ချဘဲ တဖြေးဖြေးပြေလည်သွားတာကို သေချာထည့်ရေးလိုက်တာပါ... ပြီးတော့ တဖြေးဖြေးနဲ့ ဇာတ်ကောင်အသစ်တွေလည်း ထပ်ပေါ်လာတာမို့ နားမလည်တာ မရှင်းလင်းတာ...သိချင်တာ.. သဘောမကျတာ. ပြောပြချင်တာ ရှိရင် comment မှာဖြစ်ဖြစ် message နဲ့ပဲဖြစ်ဖြစ်... fb chatbox ကနေဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း လာပြောလို့ရပါတယ်လို့...
Facebook acc အသစ်ဖွင့်ထားပါတယ်... Kim Se In ပါ PP က Wattpad က pp နဲ့ပါလို့... (တစ်ယောက်တည်းမို့ ပျင်းလိုက်တာ...TT)
စာလုံးပေါင်းအမှားတွေရှိရင် နားလည်ပေးကြပါနော်... နောက်အပိုင်းက Sekai တွေပါမှာဆိုတော့ မြန်မြန်တင်နိုင်အောင် အားပေးမယ်ဟုတ်...ခ်ခ်
မန့်ကတော့ သဘောပါလို့... vote ကိုတော့ သူတို့ အပ်ပုဒိတ်မျှော်သလို မျှော်မိပါကြောင်း... 🙏
Maybe c ya at weekends^_*
Thank you so much<3
MYM babesis<3<3