The Ugly Twin

By kim_se_in

149K 14.2K 1.2K

Description "ရူးပါ့ကွာ!!! မင်း ချစ်ခွင့်ပန်လိုက်တာ သူမဟုတ်ဖူးကွ...သူ့အမွှာ" Forward -Kim Jongin, Kim Taemin ... More

Forward
Ep(1) That Feeling~~
Ep (2) Flutter ~~
Ep (3) Falling in love ~~
Ep (4) Dream ~~
Ep (5) Shy Smile ~~
Ep (6) Caged Soul~~
Ep (7) Confession~~
Ep (8) Forceful RS ~~
Ep (9) Break ~~
Ep (10) Confusion ~~
Ep (11) Secret ~~
Ep (12) Upset ~~
Ep (13) Night Date ~~
Ep (15) Bloom ~~
Ep (16) Complicated ~~
Ep (17) Jealousy ~~
Ep (18) Mental Breakdown ~~
Ep (19) Secret Spilled ~~
Ep (20)
Ep (20) Ferris Wheel ~~
Ep (21) Text Message ~~
Ep (22) Poison ~~
Ep (23) Track ~~

Ep (14) Threat ~~

6K 593 36
By kim_se_in

Ep ^ 14 ^

Chanyeol တစ်ယောက် ကုတင်ပေါ်မှာ ထိုင်နေရင်း... သူ့ရဲ့ အင်္ကျီဝတ်ကြည့်နေတဲ့ Jongin ကိုကြည့်ပြီးတော့...

Chanyeol - "အဲ့အင်္ကျီက အရမ်းကြီးမနေဘူးလား??"

Jongin - "အင်း.. နည်းနည်းရှည်နေတယ်.. အဲ့ထက် သေးတာ မရှိတော့ဘူးလား??"

Chanyeol သူ့ရှေ့က လူကောင်ကသေးသေးလေးနဲ့ သူ့အင်္ကျီအရှည်ကြီးဝတ်ထားတဲ့ jongin ကို ကြည့်ပြီး ရယ်လိုက်ရင်း...

Chanyeol - "ငါ့မွာ ရွိတာ အဲ့အက်ႌက အေသးဆံုးပဲ... ဟီး အက်ႌက ရှည်နေတာ ပေါင်ထိတောင် ရောက်နေပီ.. "

Jongin သူဝတ်ထားတဲ့ ပုံစံလေးကို ပြန်ငုံ့ကြည့်ရင်း...

Jongin - "ကြည့်ရတာတော့ မဆိုးပါဘူး.. ဘာပဲဖြစ်ဖြစ် စကပ်ဝတ်ထားတာနဲ့ မတူရင် ပြီးတာပဲ... ဟီး.."

Chanyeol ခေါင်းညိမ့်ပြရင်း...

chanyeol - "ဂျင်းဘောင်းဘီရော???"

Jongin - "အင်း.. ဝတ်ကြည့်လိုက်ဦးမယ်..."

Jongin သူ့ညဝတ်ဘောင်းဘီလေးချွတ်ပြီး ဂျင်းဘောင်းဘီဝတ်ကြည့်တော့ chanyeol မျက်နှာ အခြားတစ်ဖက်ကို အသာလှည့်ထားမိသည်။ [သူ့IG post ကို သတိရမိတယ်..ဟီး]

Jongin - "ဒါကျတော့လည်း..."

Jongin ..chanyeol ဘောင်းဘီဝတ်ပြန်တော့လည်း ခါးချောင်နေတာလေးကို ကြည့်ရင်း...

Jongin - "chanyeol-ah.. မင်းမှာ ခါးပတ်ရှိတယ်မလား??"

Chanyeol ရယ်နေရင်းသာ ဘီဒိုထဲက သူသဘောကျရတဲ့ ခါးပတ်လေးတစ်ခု ထထုတ်ပေးလိုက်ပါသည်။

Jongin က ကိုယ်လုံးကိုယ်ထည် ပိန်ပိန်ပါးပါးနဲ့ ကလေးလေးလိုပါပဲ...

Chanyeol ကလည်း ထိုကလေးလေးကိုမှ သိပ်ချစ်မိသည်လေ။

********

Jongin အစကတော့ ဒီနေ့ကို ကျောင်းပျက်ဖို့ စဉ်းစားထားတာမို့ မနေ့ညက Kyungsoo ကို ဖုန်းဆက်ကြည့်တော့ Kyungsoo က အရေးကြီးတဲ့အပိုင်းတွေ သင်မှာမို့ လာခဲ့ပါတဲ့။

ပြီးတော့ Jongin သူ့အိမ်ကို Chanyeol အိမ်မှာ တစ်ညအိပ်မယ်လို့ ပြောဖို့ ဖုန်းဆက်လိုက်တော့ သူ့မေမေက ခွင့်မပြုချင်။ ဒါပေမယ့် Jongin နဲ့ Chanyeol နဲ့ ခင်လာတာ ငယ်ငယ်လေးကတည်းကမို့ Jongin ရဲ့ ဖေဖေနဲ့ မေမေက Chanyeol ကို ယုံကြည်တာကြောင့် နောက်ဆုံးတော့ ခွင့်ပြုပေးခဲ့သည်လေ။

Chanyeol - "ငါ မင်းကျောင်းကို လိုက်ပို့ပေးမယ်.."

Jongin - "ရပါတယ်... ငါ ဒီကနေ ငါ့ကျောင်းကို သွားတတ်ပါတယ်..."

Chanyeol - "အင်းလေ.. ဒါပေမယ့်..."

Jongin - "Chanyeol-ah... မင်းကျောင်းနဲ့ ငါ့ကျောင်းက တစ်လမ်းစီ... မင်းနောက်ကျလိမ့်မယ်.. "

Chanyeol - "မိနစ်၂၀လောက် နောက်ကျတာ ကိစ္စမရှိပါဘူး..."

Jongin - "ငါ့အတွက်တော့ ကိစ္စရှိတယ်... မရဘူး... ငါရထားနဲ့ပဲ သွားလို့ရပါတယ်.. Have a nice day!! Chanyeollie!!"

Jongin chanyeol ကို တစ်ခါထဲ နှုတ်ဆက်ရင်း ထွက်လာခဲ့တော့ Chanyeol နောက်ကနေ လိုက်လာရင်း...

Chanyeol - "အာ့ဆို ငါ ဘူတာထိ လိုက်ပို့ပေးမယ်လေ..."

Jongin - "ဒီကနေ ဘူတာက ၅မိနစ်လောက်ပဲ ကြာတာကို... သွားတော့.. မင်းကျောင်းက ငါ့ထက်ပိုဝေးတာ.. နောက်ကျနေလိမ့်မယ်.."

Jongin chanyeol ကို အတင်းတွန်းလွှတ်တော့မှ chanyeol တစ်ယောက် မသွားချင် သွားချင်နဲ့ ကားပေါ်တက်ပြီး ထွက်သွားတော့မှ jongin လည်း ဘူတာရုံဘက် ဆက်လျှောက်လာခဲ့လိုက်သည်။

Jongin တစ်ယောက် ဘူတာရုံဆီလျှောက်လာရင်း မနေ့က အဖြစ်အပျက်ကို ပြန်တွေးမိတော့ ဝမ်းနည်းမိပြန်သည်။

ဒီနေ့ ကျောင်းမှာ Sehun နဲ့ မတွေ့ပါစေနဲ့... အကယ်လို့ တွေ့ခဲ့ရင် ကျွန်တော် ဘာပြောရမှန်းလည်း မသိဘူး။ ဟူး...တကယ်ဆို ကျွန်တော် အဲ့လောက်ကိစ္စလေးနဲ့ sehun ကို စိတ်မဆိုးသင့်ဘူး..။

Jongin ဘူတာရုံထဲ ဝင်လာပြီး ရထားဆိုက်မယ့် အနားက ခုံလေးမှာ ဝင်ထိုင်စောင့်ရင်း မျက်လုံးလေးတွေ မှိတ်ထားလိုက်သည်။

မနေ့ညက Chanyeol ကတော့ ကောင်းကောင်းအိပ်မောကျပေမယ့် သူကတော့ တစ်စုံတစ်ယောက်ကြောင့် အိပ်လို့ မပျော်ခဲ့ဘူးလေ။

Jongin.. sehun ကို လွမ်းနေခဲ့တာ...။

တကယ်ဆို ကျွန်တော်ရယ် sehun ရယ် တွဲဖြစ်တာ သိပ်မကြာသေးပေမယ့် ကျွန်တော် sehun ကို အရမ်းတွယ်တာနေမိပြီလား... ကျွန်တော့်အတွေးတွေထဲမှာ ဘာမှမရှိရင်တောင် Sehun ပုံရိပ်တွေက အလိုလို ပေါ်လာတတ်သည်လေ။

မနေ့က ကိစ္စနဲ့ ပတ်သက်ပြီး sehun ကို စိတ်ဆိုးမိတာ ကျွန်တော် လွန်များ လွန်နေလားဟင်???

ကျွန်တော်ကိုယ်တိုင်ကိုက Taemin hyung နဲ့ ပတ်သက်လာရင် ခံစားလွယ်လွန်းနေတာ။ အဲ့တာက Taemin hyung ကို မုန်းလို့ မဟုတ်ပါဘူး... ဒါပေမယ့် Taemin hyung က ကျွန်တော့်မှာ မရှိတဲ့ အရာရာတိုင်းကို အလွယ်တကူ ပိုင်ဆိုင်ထားသူမို့ ကျွန်တော် အားကျမိတာ နေမှာပါ.. အာ့ကြောင့် အခုလည်း စိတ်ဆိုးတာထက် ကျွန်တော့်ရဲ့ sehun ကို ဆုံးရှုံးရမှာစိုးရိမ်နေမိတာပါ....

ရထားဆိုက်လာတော့ Jongin ခုံတန်းလေးကနေ ထလာပြီး ရထားထဲ မဝင်ခင် လက်သီးလေးတစ်ဖက်ကို ဆုပ်ပြီး အားတင်းပြုံးရင်း...

Jongin - "Kim Jongin!! Hwaiting!!"

Jongin သူ့ကိုယ်သူ အားပေးရင်းသာ ကျောင်းဆီသို့ ချီတက်ခဲ့ပါတော့သည်။

ဘယ်လို ကိစ္စတွေပဲ ရင်ဆိုင်ရပါစေ.. ဘဝဆိုတာတော့ အဆုံးထိ လျှောက်လှမ်းရမယ်မဟုတ်လား...

Hwaiting!! Kim Jongin!!

********

အတန်းပြီးလို့ Kyungsoo ထလိုက်ရင်း Jongin ကျောလေးကို ပုတ်ပြီး...

Kyungsoo - "ငါ ပြန်နှင့်မယ်နော်..."

Jongin လက်ပြနှုတ်ဆက်ရင်း သူ့ပစ္စည်းတွေ ပြန်ငုံ့သိမ်းနေတော့ kyungsoo တစ်ယောက် ပြန်လှည့်လာရင်း...

Kyungsoo - "မင်း အိမ်ရောက်ရင် ကောင်းကောင်းနားဦးနော်... လက်ကို ထပ်မထိစေနဲ့တော့..."

Jongin ပြုံးပြရင်း...

Jongin - "ငါ ထပ်မဖြစ်အောင် ဂရုစိုက်ပါ့မယ်.."

Kyungsoo - "okay... အာ.. မေ့တော့မလို့... jongin... မနက်က မင်းကို oh sehun လာရှာသွားသေးတယ်... အဲ့တာ ငါတို့ အချိန်စာရင်း မေးလို့ ငါ ပြောပြလိုက်သေးတယ်... သူ အခု အဆောင်ရှေ့မှာ စောင့်နေမယ်ထင်တယ်..."

Jongin မျက်တောင်လေး ပုတ်ခပ်ပုတ်ခပ်နဲ့...

Jongin - "တကယ်!! ငါ အခု သူနဲ့ မတွေ့ချင်သေးဘူး!!"

Kyungsoo က တအံ့တဩနဲ့...

Kyungsoo - "ဘယ်လို??"

Jongin - "ငါ.. ငါ.. ဒီတိုင်း.. အခု..သူ့ကို မ..မတွေ့ချင်သေးလို့..."

Kyungsoo - "မင်းတို့နှစ်ယောက် ရန်ဖြစ်ထားတာလား??"

Jongin - "အင်း.. အဲ့လိုမျိုးပဲ.."

Kyungsoo - "ဘာလို့လဲ??"

Jongin ပစ္စည်းတွေ မြန်မြန်ထည့်ပြီး အပြင်ကို လှမ်းကြည့်ရင်း..

Jongin - "ငါ နောက်မှ အေးဆေးပြောပြမယ်... အခုတော့ သူမလာခင် သွားရအောင်.. လာ.."

Kyungsoo ကတော့ Jongin ပုံစံကို ကြည့်ပြီး တကယ်ကိုနားမလည်နိုင်ပါ။ အခုလည်း အဆောင်က မထွက်ခင် တောင်ကြည့် မြောက်ကြည့်နဲ့။

Kyungsoo - "မင်းတစ်ယောက်တည်း ဘာတွေ ဖြစ်နေမှန်းကို မသိဘူး..."

Jongin - "ငါ မနက်ဖြန်မှ မင်းကို အေးဆေးပြောပြပါ့မယ်ကွာ... ဒီနေ့တော့ သူမလာခင် ငါမြန်မြန်ပြန်မှ ဖြစ်မယ်..."

Kyungsoo ဆက်မေးချင်ပေမယ့် Jongin ပုံစံက တကယ်ကို မြန်မြန်ပြန်ချင်နေတာကြောင့် သူခေါင်းသာ ညိမ့်ပြရင်း...

Kyungsoo - "ပြီးရောလေ... အာ့ဆို သူနဲ့ တွေ့လို့ မင်းကို မေးနေရင်ရော??? မင်း ဒီနေ့ မလာဘူးလို့ ဖြေလိုက်ရမှာလား???"

Jongin ခေါင်းလေးညိမ့်ပြရင်း လက်ပြနှုတ်ဆက်ပြီး ခပ်သွက်သွက်လျှောက်ရင်း ထွက်သွားသည်။

Kyungsoo ကတော့ ပြာယာခပ်နေတဲ့ Jongin ကို ကြည့်နေရင်း..

Kyungsoo - "ထူးဆန်းတယ်... တကယ်ပဲ.. ဘာတွေဖြစ်နေမှန်း..."

"DO kyungsoo!!"

Kyungsoo ခေါ်သံကြားလို့ နောက်လှည့်ကြည့်လိုက်တော့..

အိုး..အို... Oh sehun!!

Sehun က မောနေတဲ့ပုံပေါ်တာမို့ ကြည့်ရတာ ပြေးလာတဲ့ပုံပင်။

Sehun - "Jonginရော??"

Kyungsoo - "သူ.."

Kyungsoo Jongin ထွက်သွားတဲ့ ဘက်ကို ယောင်ပြီး တစ်ချက်လှည့်ကြည့်လိုက်ပြီးမှ sehun ဘက်ကို အမြန်ပြန်လှည့်ကာ...

Kyungsoo - "သူ.. ဒီနေ့ ကျောင်းမလာဘူး.."

Sehun တစ်ယောက်လည်း ဘာရယ် မဟုတ် Kyungsoo လှည့်ကြည့်တဲ့ ဘက် လှမ်းကြည့်လိုက်တော့...

Kyungsoo - "သူ..သူက နေလို့.. သိပ်.. သိပ်မကောင်းလို့တဲ့..အဲ့တာ.."

Sehun - "ဟိုးက Jongin ပဲ..."

Sehun kyungsoo ပြောတာတောင် အဆုံးထိ နားမထောင်ဘဲ Jongin နောက်ကို ပြေးလိုက်လာခဲ့သည်။

ကျန်ခဲ့တဲ့ Kyungsoo ကတော့ ခြေဆောင့်ရင်း...

Kyungsoo - "aish... မနက်ဖြန်ကျ Kim Jongin တော့ ငါ့ သတ်တော့မှာပဲ..."

*********

Jongin နောက်က sehun လိုက်လာမှန်းသိပေမယ့် sehun နဲ့ တွေ့ရင် ဘာပြောလို့ ပြောရမှန်းမသိတာမို့ ပို မြန်မြန်ပြေးနေမိသည်။ ပြေးရင်း ရှေ့နားက လမ်းကြားလေးတွေ့တော့ နံရံနဲ့ အသာကွယ်ပြီး ပုန်းလိုက်သည်။

Sehun - "Jongin-ah??"

Sehun ကတော့ Jonginနာမည်အော်ခေါ်ရင်း...

Sehun - "ဒီဘက်ကို ပြေးသွားတာ သေချာပါတယ်... ဘယ်ရောက်သွားပါလိမ့်.."

Jongin ကျောကို နံရံမှာ ကပ်ထားရင်း အသက်တောင် အောင့်ထားမိသည်။

တော်သေးတယ်.. ဒီအချိန် ရင်ဘတ်က အောင့်မလာတာ...

ခဏအကြာ နံရံအကွယ်ကနေ ချောင်းကြည့်တော့ sehun ကို မတွေ့ရတော့တာမို့ သူအသာ ထွက်လာရင်း အိမ်ပြန်ဖို့ ခြေဦးလှည့်လိုက်သည်။

Jongin လျှောက်လာရင်း လျှောက်လာရင်း နောက်က ခြေသံတွေ ကြားလိုက်ရတာမို့... sehun များလားဆိုပြီး လှည့်ကြည့်တော့ sehun မဟုတ်ဘဲ.. လူသုံးယောက်..။

ဘယ်သူတွေပါလိမ့်???

Jongin မသိတဲ့သူတွေမို့ ခပ်သွက်သွက်သာ ဆက်လျှောက်လာလိုက်သည်။

"Kim Taemin!!"

နောက်ကနေ သူ့ hyung ရဲ့ နာမည်ခေါ်သံကြားလိုက်တာမို့ ရပ်လိုက်ရင်း.. သူ့က Taemin မဟုတ်တဲ့ အကြောင်းပြောမလို့ လှည့်ကြည့်လိုက်တော့ လူသုံးယောက်ထဲက တစ်ယောက်က သူ့အနားလာရပ်ရင်း...

"Kim Taemin.. အခု ငါမေးမှာကို အမှန်အတိုင်းဖြေ..."

Jongin - "ငါက Taemin မ.."

"မင်း.. Choi Minho နဲ့ တွဲနေတာလား??"

Jongin အံဩစွာ မျက်တောင်လေးတွေ မြန်မြန်ပုတ်ရင်း...

Choi Minho နဲ့ တွဲနေတာ??Taeminက??

သူတွေးနေတုန်း သူ့ရှေ့ကလူက jongin ကို ကြောက်စရာကောင်းစွာ စိုက်ကြည့်ရင်း...

"ငါ တစ်ခါတည်း မင်းကို သတိပေးလိုက်မယ်... မင်း အခု Choi Minho နဲ့ တွဲနေတယ်ဆိုရင် ချက်ချင်း လမ်းခွဲလိုက်ပါ..."

Jongin ကြားလိုက်ရတဲ့ စကားကြောင့် မျက်လုံးလေးပြူးသွားရင်း တအံ့တဩနဲ့ နှုတ်ခမ်းလေးတွေတောင် အနည်းငယ် ဟလျက်သား...

ဒီလူက ဘာဆိုင်လို့ လာပြောနေရတာလဲ??? taemin က Choi Minho နဲ့ တွဲနေတော့ရော ဘာဖြစ်လဲ???

Jongin - "အကယ်၍ ငါက လမ်းမခွဲဘူးဆိုရင်ရော???"

တစ်ဖက်လူက ဒေါသတကြီးနဲ့ Jongin လက်မောင်းတွေကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး သူ့မျက်နှာက Jongin မျက်နှာနား တိုးကပ်လာကာ...

"လမ်းမခွဲဘူးဆိုရင်.... မင်း နောင်တရစရာတွေ ကြုံလာအောင် ဖန်တီးပေးရမှာပေါ့...ဟင်းဟင်း "

တစ်ဖက်လူရဲ့ ခြိမ်းခြောက်သံကြောင့် jongin ခန္ဓာကိုယ်လေး ကြောက်ရွံ့စွာ မသိမသာ တုန်ယင်နေသည်။ အဲ့လူရဲ့ လက်က လွတ်အောင် ရုန်းနေပေမယ့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာမို့ သူရုန်းလို့မရ။

"Choi Minho က ပိုင်ရှင်ရှိပြီးသား... ငါ ထပ်သတိပေးလိုက်မယ်... မင်း Choi Minho နားမှာ ထပ်ပြီး တပူးတွဲတွဲလုပ်နေမယ်ဆိုရင် ငါ့အဆိုးမဆိုနဲ့.. ကြားလား??"

Jongin ကို သတိပေးရင်း Jongin လက်မောင်းကို ဆောင့်တွန်းရင်း လွှတ်ပေးလိုက်သည်။ ဒါပေမယ့် Jongin သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်တာမို့ လဲကျမသွားပါ။

အဲ့လူသုံးယောက်ထဲက နောက်တစ်ယောက်က Jongin ဆီလျှောက်လာရင်း Jongin ပခုံးလေးတစ်ဖက်ပေါ် သူ့လက်တင်လိုက်ပြီး မျက်နှာက မုန်းစရာကောင်းစွာ ပြုံးရင်း...

"မင်းအနားမှာ အတူရှိဖို့ အဖော်လိုတယ်ဆိုရင် ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါတယ်..."

ပြောနေရင်း အဲ့လူခန္ဓာကိုယ်က တဖြေးဖြေး Jongin ကိုယ်ပေါ်ဖိကပ်လာတာမို့.. တခြားတစ်ယောက်က...

"ဟေး.. အဲ့လိုမလုပ်နဲ့လေ .. ငါတို့ကို ခိုင်းထားတဲ့အထဲမှာ ဒီလိုလုပ်ဖို့မှ မပါဘဲ..."

အဲ့တော့မှ Jongin အနားက ခွာလိုက်ရင်း...

"မင်းက သိပ်ဆွဲဆောင်မှု ရှိတာကိုး... အာ့ကြောင့် အဲ့ကောင်မလေးက မင်းကို မနာလိုဖြစ်နေတာ... "

အဲ့လူက ပြောရင်း သူ့လက်တွေက Jongin မျက်နှာကို ထိကိုင်ဖို့ ကြိုးစားတော့ Jongin ထိပ်လန့်စွာ နောက်ဘက်ကို ဆုတ်လိုက်သည်။ စောနက ခြိမ်းခြောက်တဲ့လူထက် ဒီလူက ပိုကြောက်ဖို့ ကောင်းနေသည်လေ။

"မင်း ဒီနေ့ကိစ္စကို တခြားတစ်ယောက်ယောက်ကို ပြန်ပြောရင်တော့ မင်းအတွက် ဘာကောင်းတာမှ ဖြစ်မလာနိုင်ဘူးဆိုတာပါ မှတ်ထားလိုက်"

Jongin ခြိမ်းခြောက်သံနဲ့အတူ တွေးနေမိတာက.. 'Taemin ကို မနာလိုတာ?? ကြည့်ရတာ Choi Minho ကို ကြိုက်နေတဲ့ ကောင်မလေးက ခိုင်းလိုက်တာဖြစ်မယ်...'

"ဟေး...."

အသံကြားလို့ သူတို့ အားလုံးလှည့်ကြည့်လိုက်တော့...

Jongin - "S-sehun..."

Sehun Jongin ရှေ့ကို ပြေးသွားပြီး Jongin ကို သူ့ကိုယ်လေးနောက်မှာ ကွယ်ထားရင်း...

Sehun - "မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ!!!"

အဲ့လူသုံးယောက်က ဘာမှမပြောဘဲ Jongin ကိုသာ စိုက်ကြည့်ရင်း လှည့်ထွက်သွားသည်။

Sehun လည်း အဲ့လူသုံးယောက်လုံး သူ့မြင်ကွင်းထဲက ပျောက်သွားတော့မှ Jongin ဘက်ကို လှည့်ကြည့်ရင်း.. Jongin လက်မောင်းလေးတွေကို ညင်ညင်သာသာကိုင်ထားပြီး... သူ့ချစ်သူကို တခုခုထိခိုက်သွားမှာ စိုးရိမ်စွာနဲ့...

Sehun - "Jongin.. အဆင်ပြေလား.. တခုခု ထိခိုက်မိသွားသေးလား??"

Jongin လန့်တဲ့ အရှိန်မပြေသေးတာမို့ ဒီတိုင်းလေးသာ ခေါင်းညိမ့်ပြမိသည်။

Sehun - "သူတို့ တခုခု လုပ်သွားသေးလားဟင်?? သူတို့ ဘာပြောသွားသေးလဲ???"

Sehun ဟိုလူတွေ ထွက်သွားတဲ့ဘက်ကို ကြည့်လိုက် Jongin ကို ကြည့်လိုက်နဲ့ စိုးရိမ်တကြီးမေးတော့...

Jongin - "ဘာ..ဘာမှ မဟုတ်ပါဘူး.."

Jongin ခေါင်းခါရင်းသာ ပြန်ဖြေမိသည်။ ဟိုလူတွေက ဘယ်သူ့ကိုမှ ပြန်မပြောဖို့ မှာသွားသည်လေ။ သူသာ sehun ကို ပြောပြလိုက်လို့ သိသွားရင် Taemin အတွက် အန္တရာယ်တခုခုဖြစ်လာမှာ စိုးရိမ်တာမို့ jongin sehun ကို ပြောမပြတော့တာပါ။

Sehun - "jongin-ah... ကိုယ့်ကို အမှန်အတိုင်းပြောပြပါနော်... သူတို့ မင်းကို တခုခု အန္တရာယ်ပေးမှာဆို ကိုယ်အခုချက်ချင်းပဲ သွားဆုံးမလာခဲ့မယ်..."

Jongin sehun ကို မော့ကြည့်မိတော့ တကယ်ကိုပင် သူအတွက် စိတ်ပူစွာ ကာကွယ်ပေးချင်တဲ့ အရိပ်အယောင်တွေ sehun မျက်နှာမှာ တွေ့လိုက်ရတာမို့ သူထိပ်လန့်မှုလေးတွေ လျော့သွားသလို ကျေလည်း ကျေနပ်မိပါသည်။

Jongin - "သူ..သူတို့ တကယ် ဘာမှမလုပ်ပါဘူး... ဟို..ဟို မနက်ဖြန်ထပ်ရမယ့် စာတမ်းနဲ့ ပတ်သက်ပြီး မေး..မေးတာပါ.."

Jongin ဖြေရင်း ခေါင်းလေးငုံ့ထားမိသည်။ စိတ်ထဲမှာတော့ 'အဲ့ကောင်မလေးက လူတွေငှားပြီးတောင် taemin ကို ခြိမ်းခြောက်ခိုင်းတာပဲ... လွန်လွန်းလိုက်တာ!!'

တစ်ဖက်မှာလည်း sehun တစ်ယောက် Jongin အမူအရာက သူ့ကို တခုခုဖုံးကွယ်ထားသလို ခံစားမိတာကြောင့်...

Sehun - "သူတို့ တခုခုခြိမ်းခြောက်သွားတာလား???"

Jongin တစ်ယောက် မျက်လုံးလေးပြူးရင်း ခေါင်းတခါခါနဲ့...

Jongin - "မဟုတ်ပါဘူး!!"

Sehun ကတော့ Jongin ပုံစံကို ကြည့်ပြီး တခုခုတော့ တခုခုပဲလို့ ခံစားမိသည်။

Jongin ကတော့ sehun ကို သတိမထားမိ... ဒီနေ့ အကြောင်းကို Taemin နဲ့ သေချာဆွေးနွေးကြည့်ရမယ်လို့တွေးရင်း ထွက်လာလိုက်တော့... sehun Jongin နောက်ကလိုက်လာပြီး လက်မောင်းလေးကို အသာဆွဲရင်း...

Sehun - "အဲ..Jongin.. ခဏ... ဟို.. ဟို ကိုယ့်ကို စိတ်ဆိုးနေတုန်းပဲလားဟင်??"

Jongin sehun ဘက်ကို တစ်ချက်လှည့်ကြည့်ရင်း ဘာပြောရမှန်းမသိတာမို့ ဒီတိုင်းပြန်လှည့်ထွက်လာခဲ့ပြန်တော့...

Sehun က Jongin ကိုယ်လေးကို နောက်ကနေ ဖက်ထားလိုက်တာမို့ jongin ကိုယ်လေးက sehun ရင်ခွင်ထဲမှာ မြုပ်ဝင်သွားသည်။

Jongin - "S-sehun??"

Sehun သူ့မျက်နှာလေးကို Jongin ပခုံးပေါ်မှီထားရင်း...

Sehun - "Jongin-ah.. ကိုယ်တောင်းပန်ပါတယ်... မနေ့က ကိစ္စက ကိုယ်ဟိုလိုစိတ်မျိုးနဲ့ ပြောလိုက်တာ မဟုတ်ပါဘူး... ကိုယ်တောင်းပန်ပါတယ်နော်... "

Sehun ပြောရင်း jongin ကို ဖက်ထားတာ တဖြေးဖြေး တင်းကြပ်လာတာမို့...

Jongin - "Sehun... ငါ အသက်ရှူလို့ မရတော့ဘူး..."

Sehun Jongin ကို အသာလေးလွှတ်ပေးလိုက်တာနဲ့ Jongin က ချက်ချင်း နောက်ဆုတ်လိုက်မိတာမို့ sehun ကို မော့ကြည့်မိတော့ စိတ်မကောင်းဖြစ်တဲ့ အငွေ့အသက်လေးတွေက sehun မျက်နာမှာ အထင်းသား မြင်နေရသည်။

အဲ့လိုတွေ့လိုက်ရတော့ Jongin စိတ်မကောင်းဖြစ်မိပြန်သည်။

သူ့လည်ပင်းသားလေးကို အသာပွတ်နေရင်း sehun ကို ပြုံးပြပြီး...

Jongin - "ငါ..ငါလည်း တောင်းပန်ပါတယ်.. တကယ်တော့ ငါ ကလေးဆန်သလိုဖြစ်သွားခဲ့တာပါ..."

အဲ့တော့မှ sehun တစ်ယောက် ပြုံးရင်း...

Sehun - "ဒါဆို ငါတို့နှစ်ယောက် အဆင်ပြေသွားပြီပေါ့.. နော်??"

Jongin sehun ကို ပြန်မော့ကြည့်လိုက်တော့ sehun မျက်နှာက ပြုံးနေသလို sehun မျက်လုံးလေးတွေကအစ ပျော်ရွှင်စွာ တောက်ပနေတာမို့ Jongin လည်း အလိုလိုပြုံးမိရင်း ခေါင်းညိမ့်ပြလိုက်သည်။

Sehun Jongin က စိတ်ဆိုးပြေသွားပြီမို့ အပျော်လွန်ပြီး Jongin ကိုယ်လေးကို ဆွဲဖက်ကာ သူ့နှုတ်ခမ်းလေးတွေနဲ့ Jongin နဖူးလေးကို ညင်သာစွာ ဖိကပ်နမ်းရှိုက်လိုက်သည်။ အဲ့တော့မှပဲ သူ့ရင်ထဲမှာ စိတ်ပေါ့ပါးသွားတော့သည်။

Jongin ကတော့ ရုတ်တရက်မို့ ရှက်လည်း ရှက်မိသလို ပျော်လည်း ပျော်မိပါသည်။ ဒါသူ့အတွက် ပထမဆုံးအနမ်းလေးမလား။

ဒါပေမယ့် သူ့စိတ်ထဲမှာတော့ sehun ကို စိတ်မချသေးသလို Taemin အတွက်လည်း စိုးရိမ်မိပြန်သည်။ သူရယ် Taemin ရယ် စကားမပြောတာကြာပီမို့ သူဒီနေ့ ကိစ္စ Taemin ကို ဘယ်လိုပြောပြရမလဲ တွေးနေရင်း sehun ရင်ခွင်ထဲက အသာထွက်ကာ...

Jongin - "ငါ ပြန်တော့မယ်နော်..."

နှုတ်ဆက်ရင်း ထွက်လာခဲ့လိုက်သည်။

Sehun တစ်ယောက် Jongin ဘေးကနေ ကပ်လျှောက်လာရင်း...

Sehun - "ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ..."

Jongin - "ရ..ရပါတယ်... ငါ့ ဘာသာပဲ ပြန်လိုက်တော့မယ်လေ..."

Jongin က ဒီတစ်ခါလည်း သူ့ကို ထပ်ငြင်းပြန်တာမို့ sehun စိတ်မကောင်းဖြစ်မိပါသည်။ ဒါပေမယ့်...

Sehun - "ကိုယ် ပြန်လိုက်ပို့ပေးချင်လို့ပါ.. နော်.. တော်ကြာ ဟိုလူတွေ ပြန်ရောက်လာရင် ဘယ်လိုလုပ်မလဲ??"

Sehun ပြောပြတော့မှ သူစောနက လူတွေကို ပြန်တွေးမိတော့ စိုးရိမ်လာမိသည်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်ကို ထိသွားတဲ့တစ်ယောက်ဆို ပိုကြောက်ဖို့ ကောင်းသည်။ သူတစ်ယောက်တည်းသာဆို ဘယ်လိုမှ ပြန်ခုခံနိုင်မှာ မဟုတ်တာမို့ sehun ပြန်လိုက်ပို့ပေးဖို့ ခေါင်းညိမ့်လိုက်ပါသည်။

အိမ်ပြန်လမ်းတစ်လျှောက် Jongin ကတော့ သူ့အတွေးတွေနဲ့သူမို့ သိပ်စကားမပြောမိ။

sehun ကတော့ တစ်လမ်းလုံး Jongin မျက်နှာလေးကိုပဲ ကြည့်ရင်း လျှောက်လာနေမိတာမို့ တခါတလေ ရှေ့ကိုတောင် သိပ်မကြည့်ဖြစ် [ဓာတ်တိုင်ဝင်တိုက်မိမယ်... ohse.. ဟီး] ဒါပေမယ့် Jongin မျက်နှာလေးက တခုခုကို စိတ်ရှုပ်နေတဲ့ ပုံလေးမို့ sehun ထင်မိတာ

Jongin သူ့ကို စိတ်ဆိုးနေတုန်းပဲ ထင်တယ်....

Jongin နဲ့ Sehun ဘူတာရုံရောက်လို့ ခုံတန်းလေးမှာ ထိုင်နေတော့ Jongin တစ်ယောက် သူ့အတွေးတွေနဲ့ သူအလုပ်ရှုပ်နေရင်း သက်ပြင်းသာ မကြာမကြာချမိနေသလို Sehun လက်ကလေးက သူ့လက်ကလေးကို ညင်ညင်သာသာနဲ့ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားတာတောင် သတိမထားမိ။

ရထားဆိုက်လာတော့မှ sehun က ထရပ်လိုက်ရင်း သူ့လက်ကို အသာဆွဲခေါ်တော့မှ သူ့လက်လေးကို sehun က ဆုပ်ကိုင်ထားမှန်း သိလိုက်တာမို့ အံ့ဩမိသလို အားရှိသွားသလိုလည်း ခံစားရသည်။

ရှုပ်ယှက်ခတ်နေတဲ့ လူတွေကြားထဲ သူ့လက်ကလေးကိုဆွဲပြီး ရှေ့က ဦးဆောင်သွားနေတဲ့ Sehun ကို ကြည့်ရင်း Jongin နှုတ်ခမ်းလေးတွေက ပြုံးနေရင်းသာ sehun နောက်ကို လိုက်ခဲ့လိုက်ပါတော့သည်။

ဘူတာရုံကနေ လမ်းထပ်လျှောက်လာရင်း.. Jongin အိမ်ရှေ့ရောက်လာတော့... Jongin သူ့လက်ကလေးကို အသာဖြုတ်ရင်း...

Jongin - "လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

Sehun က ခေါင်းလေးညိမ့်ပြတော့ Jongin လည်း လက်ပြနှုတ်ဆက်ရင်း အိမ်ထဲဝင်ဖို့ အလှည့်...

Sehun - "Jongin-ah..."

Sehun လှမ်းခေါ်လို့ Jongin လည်း ပြန်လှည့်ကြည့်လိုက်တော့ sehun မျက်နှာလေးက ဝမ်းနည်းနေတဲ့ပုံစံလေး..

Sehun - "ကိုယ့်ကို စိတ်ဆိုးနေတုန်းပဲမလားဟင်... ကိုယ်တကယ်တောင်းပန်ပါတယ် Jongin ရယ်.. ဟို.. Jongin ခွင့်လွှတ်အောင် ကိုယ်ဘာလုပ်ပေးရမလဲ?? ကိုယ် ဘယ်လိုလုပ်ရင် J-Jongin စိတ်ဆိုးပြေမှာလဲဟင်???"

Jongin ခေါင်းလေးခါရင်း...

Jongin - "ငါ.. ငါ စိတ်မဆိုးတော့ပါဘူး..."

Jongin တကယ်ကို sehun ကို စိတ်မဆိုးတော့တာပါ။ သူအစောကြီးထဲက sehun ကို ခွင့်လွှတ်ပေးပြီးသား... အခု Sehun နဲ့ ပတ်သက်ပြီး သူ့စိတ်ထဲမှာ ရှိတာ sehun ကို စိတ်မချတာလေးတစ်ခုပါပဲ။

Sehun - "ဒါ..ဒါပေမယ့် မင်းပုံစံက စိတ်ဆိုးနေတုန်းလိုပဲ.."

Jongin အသာပြုံးလိုက်ရင်း....

Jongin - "ငါ ပင်ပန်းနေလို့ပါ... မိုးတောင်ချုပ်တော့မယ်... sehun လည်း အိမ်ပြန်တော့လေ.. "

Sehun - "Okay..."

Jongin က လက်လေးပြ နှုတ်ဆက်ပြီး အိမ်ထဲ ဝင်သွားသည်။

Sehun တစ်ယောက် သူ့ရှေ့က Jongin ပျောက်သွားတော့ နွေးထွေးမှုလေးတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရတာမို့ Jongin ဝင်သွားတဲ့ ခြံတံခါးလေးကိုသာ ငေးကြည့်နေရင်း စိတ်ထဲက ဝမ်းနည်းလာမိသည်။

Sehun ဘာ့ကြောင့်ရယ်လို့ သေသေချာချာမသိဘဲ ဝမ်းနည်းမှုကို ခံစားတတ်ခဲ့ပြီ... Kim Jongin ဆိုတဲ့ ကောင်လေးကြောင့်ပေါ့...

Ep14 END

A/N

*အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပါဘဲ ခံစားချက်ပေါင်းစုံကို ခံစားတတ်လာပြီဆိုရင် ဒါကို အချစ်လို့ ခေါ်မလား*

Vote လေးတွေ မန့်လေးတွေ RL လေးတွေအတွက် ကျေးဇူးများကြီးတင်ပါတယ်^^
မန့်တစ်ခုချင်းစီတိုင်းကို အလေးအနက်ထားပြီး တစ်ခါမက ပြန်ပြန်ဖတ်ဖြစ်ပါတယ်လို့^^
စာလုံးပေါင်းမှားတာလေးတွေရှိရင် ခွင့်လွှတ်ပေးကြပါလို့ ~~

အခုတလော wattpad က Secret Us နဲ့ Let the more loving one be me ဆိုတဲ့ Sekai fic လေး၂ပုဒ်ကို တအားသဘောကျနေတာရယ်.. အချိန်ရရင် ဖတ်ကြည့်ကြည့်ပါလို့... ^^

Thank you for your reading<3
Babesis.. 5htin&thzU<3

Continue Reading

You'll Also Like

72.9K 2.9K 38
ayon sa iba, Ang GREATEST LOVE raw ang hinding-hindi mo makakalimutan sa lahat. Ang GREATEST LOVE raw ang nagturo sayo kung paano totoong magmahal...
108M 2.3M 100
Now published under Pop Fiction, an imprint of Summit Books. P195, Taglish Part 1 Theirs is a story that started all wrong. Naglayas si Gail sa bahay...
17.3K 952 22
Yndrah Alaianth Xanther- a respected professor and successful doctor in medicine. Known for her sharp mind and distant manner. Her cold demeanor echo...
42K 1.5K 100
Classmates turns to Lovers. "I will always love you, FOREVER"