Ep ^ 12 ^
Jongin သူ့အခန်းလေးထဲမှာပဲ သီချင်းခပ်ပြင်းပြင်းလေးတစ်ပုဒ်ဖွင့်ပြီး မျက်လုံးလေးတွေ မှိတ်ထားကာ သီချင်းထဲ ခံစားကြည့်နေမိသည်။ တဖြေးဖြေး သူ့အသိအာရုံတွေအားလုံး သီချင်းနဲ့ စီးမျောသွားရင်း သူ့လက်ချောင်းလေးတွေ ခြေထောက်လေးတွေ အပြင် ခန္ဓာကိုယ်တစ်ခုလုံး သီချင်းနဲ့ အတူ စီးမျောကခုန်နေသည်။
Jongin ကနေရင်း တအားမောလာတာမို့ ခဏထိုင်နားဖို့ စိတ်ကူးလိုက်ပါသည်။
ဘယ်လက်လေးကို ကြမ်းပေါ်ထောက်ထားရင်း ထိုင်ချမယ်အလုပ်.. ထောက်ထားတဲ့ လက်ကလေးက ရုတ်တရက် ယိုင်ကျသွားတာမို့ Jongin တစ်ကိုယ်လုံး ကြမ်းပြင်ပေါ်ကို ဘုန်းခနဲ ပြုတ်ကျသွားသည်။
အာ့!! လက်ကောက်ဝတ် လည်သွားပြီထင်တယ်!!!
Jongin နာကျင်နေပေမယ့် မအော်မိအောင် ပြန်ထိန်းထားရင်း ဘယ်ဘက်လက်ကလေးကို ညာလက်လေးနဲ့ အသာမပြီး ထိန်းထားလိုက်သည်။ ကျွန်တော် ဒီနေ့တော့ ဆက်မကနိုင်လောက်တော့ဘူး ထင်တယ်။ ဘာလို့မှန်းမသိ တနေ့တခြား ကျွန်တော့ခန္ဓာကိုယ်က ပို ပိုအားနည်းလာသလိုပဲ။ ခဏလေးနဲ့လည်း မောမောလာတတ်တယ်လေ။
Jongin သူ့ ဘယ်ဘက်လက်ကောက်ဝတ်လေး တဖြေးဖြေး အနာသက်သာသွားတော့မှ သက်ပြင်းအသာချမိသည်။
တော်သေးတာပေါ့... အများကြီး မထိခိုက်မိသွားလို့..
ရုတ်တရက် jongin ဖုန်းထမြည်လာတာမို့ ဖြေးဖြေးချင်းထပြီး သီချင်းပိတ်လိုက်သည်။ ပြီးတော့မှ ဖုန်းကိုင်ဖို့ သွားတော့ ဆက်တဲ့လူရဲ့ နာမည်လေးကြောင့် Jongin အံ့ဩသွားမိသည်။ sehun တဲ့။
Jongin အသံကို မတုန်အောင် အတတ်နိုင်ဆုံးထိန်းရင်း...
Jongin - "H-hello?"
Sehun - "Jongin-ah?"
Jongin - "အင်း.."
Sehun - "အားလားဟင်?"
Jongin - "အ..အခုလား??"
Sehun - "အင်း"
Jongin - "အ-အားပါတယ်"
Sehun - "အဲ့ဒါဆို ဒီနေ့ နေ့လည်စာတူတူစားရအောင်လေ.. ကိုယ်လာခေါ်မယ်.. ဘယ်လိုလဲ??"
Jongin မျက်လုံးလေးတွေ ပြူးရင်း နှလုံးခုန်သံတွေ ပိုမြန်လာသည်။
sehun က အတူတူ နေ့လည်စာစားရအောင်တဲ့!!
Jongin - "အ-အခုလား?"
Sehun - "အင်း..ဆို"
Jongin - "O-okay"
Sehun - "ဒါဆို နောက်နာရီဝက်နေရင် ရောက်မယ်နော်^^ အဆင်သင့်လုပ်ထားပါ.. okay?"
Jongin ပျော်လည်း ပျော်၊ ရှက်လည်း ရှက်မိတာမို့ အသံလေးတိုးတိုးလေးနဲ့ "အင်း" လို့သာ ပြောပြီး ဖုန်းချလိုက်သည်။
jongin ဖုန်းချပြီးသွားတာတောင် ဖုန်းလေးကို အတန်ကြာငေးကြည့်နေပြီးမှ အလိုလိုပြုံးလိုက်မိသည်။
Sehun က နေ့လည်စာတူတူစားဖို့ သူ့ကို လာခေါ်မယ်တဲ့လေ။
Jongin ချက်ချင်း အဝတ်ဘီဒိုဆီ သွားရင်း ခပ်သွက်သွက်လဲဖို့ ပြင်လိုက်သည်။ ဒါပေမယ့် ဘယ်ဘက်လက်ကောက်ဝတ်က နာနေဆဲမို့ ပိုမထိခိုက်မိအောင် သတိထားရင်း ဖြေးဖြေးချင်းသာ လဲလိုက်သည်။
အားလုံးအဆင်သင့်ဖြစ်လို့ သူ့ကိုယ်သူ မှန်ထဲကြည့်မိတော့ ပြုံးမိပြန်သည်။
'ချစ်သူနဲ့အတူ နေ့လည်စာ စားရမယ်...အဟီ'
How Romantic!
******
Sehun Jongin ကို သွားကြိုပြီး seoul ရဲ့ နာမည်ကြီးတဲ့ စားသောက်ဆိုင်တစ်ခုကို ခေါ်လာလိုက်သည်။
ဆိုင်ထဲရောက်တော့ ထောင့်နားက စားပွဲဝိုင်းလေးမှာ ထိုင်ရင်း နေ့လည်စာမှာပြီး စောင့်နေတဲ့အချိန်... sehun jongin ကို ကြည့်လိုက်တော့ စိတ်လှုပ်ရှားတဲ့ပုံပေါ်နေတာမို့....
Sehun - "စိတ်လှုပ်ရှားနေသလိုပဲနော်?"
Sehun ပြောလိုက်တဲ့ စကားကြောင့် Jongin ရှက်ရှက်နဲ့ sehun ကို တစ်ချက်မော့ကြည့်ပြီး ခေါင်းပြန်ငုံ့သွားသည်။
Jongin - "ဒီ..ဒီဆိုင်ကိုလာတာ ပ-ပထမဆုံးအကြိမ်မို့ပါ"
Jongin ရဲ့ အဖြေကို ကြားတော့ sehun တအံ့တဩနဲ့...
Sehun - "တကယ်?? ဒီဆိုင်က အရမ်းနာမည်ကြီးတာ.. Taemin ဆို ဒီဆိုင်မှာ ခဏခဏ လာစားဖြစ်တယ်တဲ့.."
Jongin taemin အကြောင်း sehun ဆီက ကြားရတော့ ရင်ထဲက ဆစ်ခနဲ နာကျင်သွားတာမို့ ခေါင်းငုံ့ထားရာက sehun ကို မော့ကြည့်လိုက်မိသည်။
Sehun က ဘယ်လိုလုပ် Taemin သွားဖူးတဲ့ နေရာတွေကို သိနေရတာလဲ???
Jongin - "ဟုတ်လား?"
Sehun - "အင်း"
Sehun ပြောပြီးသွားမှ jongin မျက်နှာလေးတစ်မျိုးပြောင်းသွားတာ သတိထားမိလိုက်သည်။
Sehun ကိုယ်တိုင်လည်း သူ့ကိုယ်သူ နားမလည်ပါ။ taemin နဲ့ အတူရှိတဲ့အချိန် Taemin နဲ့ Jongin တို့အကြောင်းကို မေးဖို့ စိုးရိမ်နေခဲ့ပေမယ့် Jongin နဲ့ အတူရှိနေရင်တော့ ဘာစိုးရိမ်ထိတ်လန့်စိတ်မှ မရှိဘဲ ဘယ်ကိစ္စမဆို လွယ်လွယ်ကူကူ ပြောဖြစ်သည်။
Sehun - "မင်းတို့အမွှာနှစ်ယောက်.. မင်းရယ် taemin ရယ်လေ.. သိပ်မရင်းနှီးသလိုပဲနော်?"
Jongin မျက်လုံးလေး အနည်းငယ်ဝိုင်းသွားရင်း sehun ကို စိုက်ကြည့်နေမိသည်။
Sehun - "ဒါ..ဒါမှမဟုတ် ကိုယ်ပဲ စိတ်ထင်နေလို့လား??"
Sehun jongin စိတ်မဆိုးအောင် ထိန်းပြီး မေးလိုက်သည်။
Jongin က ခေါင်းလေးငုံ့သွားရင်း...
Jongin - "မင်းစိတ်ထင်လို့ပါ"
Sehun jongin ရဲ့ အဖြေကို သိပ်မယုံတာမို့...
Sehun - "ဒါဆို မင်းတို့နှစ်ယောက်က ရင်းရင်းနှီးနှီးပဲပေါ့?"
Jongin - "အင်း."
Sehun - "ဒါပေမယ့် ကျောင်းမှာကျ မရင်းနှီးသလိုပဲနော်... စကားပြောတာလည်း သိပ်မတွေ့မိသလိုပဲ"
Jongin - "ငါတို့ အိမ်မှာတော့ ပြောဖြစ်ပါတယ်"
Sehun - "ဟုတ်လား? အဲ့ဒါဆို မနေ့က Taemin ဘယ်သွားခဲ့လဲလို့ မင်းကို မေးရင် မင်းဖြေနိုင်မှာလား?"
Jongin ခေါင်းလေးမော့ရင်း sehun ကို စိုက်ကြည့်နေမိသည်။
Jongin ရဲ့ မျက်ဝန်းလေးတွေ မျက်ရည်တွေ ဝိုင်းနေပြီး ပါးလေးတွေလည်း နီမြန်းနေလေသည်။
Sehun လည်း Jongin ရဲ့ ငိုတော့မယ့် မျက်နှာလေးကို မြင်တော့ လန့်သွားမိသည်။
Sehun - 'J-jongin-ah??"
Jongin တုန်ယင်နေတဲ့ အသံလေးနဲ့...
Jongin - "ဘာလို့ အဲ့လောက်ထိ သိချင်နေရတာလဲ?? မင်းအတွက် အဲ့ကိစ္စက အဲ့လောက်အရေးကြီးနေတာလား?"
Sehun - "အဲ့လိုမဟုတ်ပါဘူး.... ဒီတိုင်း..."
Jongin မျက်ရည်မကျအောင် မျက်တောင်လေးတွေ ခပ်မြန်မြန်ပုတ်ရင်း ရှိုက်ငိုသံလေးနဲ့...
Jongin - "အခုချိန်ထိ မင်းမေးခဲ့သမျှ မေးခွန်းတွေက Taemin အကြောင်းတွေချည်းပဲဆိုတာ မင်းကိုယ်တိုင် သတိထားမိရဲ့လား?? Taemin မှာ ကောင်လေးရှိနေပြီလား?? Taemin က ဒီဟာကြိုက်တာလား ဟိုဟာကြိုက်တာလား... မင်း အမြဲတမ်း သူ့အကြောင်းတွေပဲ မေးနေခဲ့တာ..."
Sehun အထိတ်တလန့်နဲ့ မျက်တောင်လေး ပုတ်ခပ်ပုတ်ခပ်လုပ်ရင်း...
Sehun - "အဲ့ဒါက.."
Jongin sehun စကားမဆုံးခင် ရှိုက်ငိုသံလေးပြန်ထိန်းရင်း..
Jongin - "မဟုတ်မှလွဲရော မင်း သူ့ကိုများ ကြိုက်နေတာလား??"
Sehun - "မဟုတ်ပါဘူး!!"
Sehun ချက်ချင်းခေါင်းခါပြီး ငြင်းဆန်လိုက်တာကြောင့် အမှန်ကိုသိနေတဲ့ သူ့နှလုံးသားလေးက သူ့ကို လှောင်ပြောင်နေမှာ သေချာသည်။
Sehun - "ငါ သူ့ကို မကြိုက်ပါဘူး..ဒီတိုင်း.."
Jongin - "ငါ ပြန်တော့မယ်"
Jongin စားပွဲကနေ ထထွက်လာခဲ့ပါတော့
သည်။
Sehun - "Jongin.. ခဏလေး.."
Jongin sehun ခေါ်တာကို မသိချင်ယောင်ဆောင်ပြီးသာ ဆက်လျှောက်လာခဲ့လိုက်သည်။
ဒါပေမယ့် ရုတ်တရက် sehun က သူ့လက်ကလေးကို လှမ်းဆွဲလိုက်တာမို့ jongin ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်။
ဖြစ်ချင်တော့ Sehun လှမ်းဆွဲလိုက်တဲ့ လက်လေးက မနက်က ကရင်း ထိခိုက်မိသွားတဲ့ Jongin ရဲ့ ဘယ်ဘက် လက်ကောက်ဝတ်ကလေး..။
Jongin- "အာ့!"
Sehun လှမ်းဆွဲလိုက်တဲ့ အရှိန်နဲ့မို့ ပိုနာလာသည်လေ။
Sehun - "Jongin-ah.. ကိုယ်ပြောတာ နားထောင်ပါဦး"
Jongin - "လက်ကိုလွှတ်!!"
Sehun က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် လက်က ပိုနာလာတာမို့ jongin သူ့ဘယ်လက်ကို ဘယ်လိုမှ မလှုပ်နိုင်။
Sehun - "Jongin-ah.. မင်းထင်နေသလို မဟုတ်.."
Jongin သူ့ကိုယ်လေးကို sehun ဘက်ကို လှည့်လိုက်တော့ sehun တွေ့လိုက်ရတာက မျက်ရည်တွေအပြည့်နဲ့ ငိုကြွေးနေတဲ့ Jongin မျက်နှာလေး...။
jongin သူ့ညာဘက်လက်ကလေးနဲ့ sehun လက်ကိုလှမ်းကိုင်ရင်း...
Jongin - "နာလို့...နာလို့ပါ.. လွှတ်ပေးပါ"
Sehun jongin လက်လေးကို လွှတ်ပေးလိုက်တော့ jongin က ဘယ်လက်လေးကို ညာလက်လေးနဲ့ ဖြေးဖြေးလေး ကိုင်ထားရင်း ပါးပြင်ထက်မှာလည်း မျက်ရည်တွေ ပိုပိုကျလာသည်။
sehun ဆုပ်ကိုင်ထားလိုက်တဲ့ အရှိန်ကြောင့် လက်ကောက်ဝတ်က ပိုလှည့်လိုက်မိသလို ဖြစ်သွားသည်လေ။
Sehun - "J-J-jongin!! ဘာ..ဘာဖြစ်တာလဲ... လက်..လက်က ဘယ်လိုဖြစ်လို့??"
Jongin ဘာမှပြန်မဖြေဘဲ သူ့ဘယ်ဘက်လက်ကလေးကို နည်းနည်းလှုပ်ကြည့်တော့ ပိုနာလာတာမို့ မျက်နှာလေး ရှံ့သွားမိသည်။
အဲ့တော့မှ sehun သတိထားမိတာက Jongin ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်လေးက ယောင်နေသည်။ သာမန်ကြည့်ရင် မသိနိုင်ပေမယ့် Jongin သူ့လက်လေးကို ကိုင်ထားတဲ့ပုံအရ လက်ကောက်ဝတ်လည်သွားမှန်း သေချာသည်။
Sehun - "Jongin-ah... လက်ကောက်ဝတ်က ဘယ်လိုဖြစ်ပြီး လည်သွားရတာလဲ??"
Jongin.. sehun ကို လျစ်လျူရှုရင်း သူ့လက်ကလေးကို အသာထိန်းရင်း ဆိုင်ထဲက ထွက်လာလိုက်သည်။
Sehun လည်း ပိုက်ဆံရှင်းဖို့ bill စာရွက်လာပေးတဲ့ စားပွဲထိုးကောင်လေးကို လှည့်မကြည့်အားဘဲ jongin နောက်သာ ပြေးလိုက်လာမိသည်။
Jongin ဆိုင်ကနေ ထွက်လာခဲ့ပေမယ့် ဘယ်ရောက်လို့ ရောက်နေမှန်းမသိ.. အခု sehun ရဲ့ အဝေးဆုံးကိုပဲ ထွက်သွားချင်မိပါသည်။
ဒီဟာဆိုလည်း Taemin.. ဟိုဟာဆိုလည်း taemin..
ကြည့်ရတာ sehun လည်း taemin ကို ချစ်မိသွားပြီထင်ပါတယ်...
ဘာလို့လဲ?? ဘာလို့ taemin ပဲဖြစ်နေရတာလဲ??
Jongin တွေးမိရင်း သူ့နှလုံးသားတွေ နာကျင်ရပြန်သည်။
ဘာလို့ သူသဘောကျတဲ့ လူတိုင်း taemin ကိုပဲ သဘောကျသွားရတာလဲ??
ဘာလို့များ သူတန်ဖိုးထားရတဲ့ အရာတိုင်း taemin ဆီပဲ ရောက်ရောက်သွားရတာလဲ??
ကျွန်တော် taemin hyung အပေါ် ဘာတွေများ အမှားလုပ်ခဲ့မိလို့ အမြဲရှုံးနိမ့်သူက ကျွန်တော်ပဲ ဖြစ်နေရတာလဲ???
Jongin သူ့ကို လာခေါ်ပေးဖို့ Chanyeol ဆီ ဖုန်းဆက်မယ်ဆိုပြီး ဖုန်းလေးထုတ်တော့... သူ့ကို နောက်ကလှမ်းဖက်လိုက်တဲ့ လက်တစ်စုံ... sehun!
Sehun - "Jongin-ah.. တောင်းပန်ပါတယ်.."
Sehun ပိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ရင်း..
Sehun - "အခု ဆေးရုံသွားရအောင်နော်... အရင်ဆုံး လက်က ဒဏ်ရာလေးကို ပျောက်အောင် ဆေးရုံသွားရအောင်နော်.."
Jongin - "မသွားချင်ဘူး.."
Jongin.. Chanyeol ကို ဖုန်းခေါ်နေပေမယ့် ဒီလိုအချိန်ကျမှ Chanyeol ကလည်း ဖုန်းမကိုင်ပါ။
Sehun စိတ်မကောင်းလည်းဖြစ်သလို စိုးရိမ်မှုအပြည့်နဲ့...
Sehun - "ဒီတိုင်းထားလိုက်ရင် ပိုဆိုးသွားမှာပေါ့..."
Jongin - "ဂရုစိုက်မနေပါနဲ့..."
Sehun ရုတ်တရက် ပွေ့ချီလိုက်တာမို့ jongin လန့်သွားရင်း..
Jongin - "sehun-ah?"
Sehun - "ဆေးရုံသွားပြီး အဲ့လက်ကောက်ဝတ်ကို ပြရအောင်"
Sehun ပြောရင်း သူ့ကားရပ်ထားခဲ့တဲ့ စားသောက်ဆိုင်ဆီ jongin ကို ချီလာခဲ့သည်။
Jongin - "မသွားချင်ဘူး.. ချပေး... အခုအောက်ချပေးဆို.."
Jongin က အတင်းရုန်းရင်း ပြောနေပေမယ့် sehun ကတော့ မသိချင်ယောင်ဆောင်ပြီးသာ ချီလာခဲ့သည်။ Jongin ကိုယ်လေးက သေးသေးလေးနဲ့ ပေါ့ပေါ့လေးမို့ jongin ရုန်းလည်း sehun အသာလေး ထိန်းထားနိုင်သည်လေ။
Jongin - "sehun-ah?"
Sehun ကားတံခါးလေးဖွင့်ရင်း Jongin ကို အသာချပေးပြီး သူ့မောင်းမယ့်နေရာကို ဝင်ထိုင်လိုက်သည်။ Jongin ခါးပတ်လေးကို
ပတ်ပေးတော့ Jongin မျက်နှာလေးက နီရဲပြီး မျက်ရည်တွေကြားထဲက ဆူပုတ်နေရင်း လက်က နာလို့ ထင်ပါသည်။ အောက်နှုတ်ခမ်းလေးကိုလည်း ဖိကိုက်ထားသည်။
Sehun စိတ်မကောင်းစွာ သက်ပြင်းချရင်း ကားထွက်မယ်လုပ်တော့ စားပွဲထိုးကောင်လေးက bill စာရွက်လေးကိုင်ပြီး ပြေးထွက်လာသည်။
အရေးထဲကွာ!!!
Waiter - "ဆရာ.. အားတော့နာပေမယ့် ကျသင့်ငွေလေး ရှင်းပေးရပါမယ်ဆရာ"
Sehun စိတ်မရှည်စွာ ပိုက်ဆံအိတ်ဆွဲယူရင်း
Sehun - "ရော့... ရပြီမလား!!! ငါ့ချစ်သူက နေမကောင်းပါဘူးဆိုမှ!!!!!"
ဝမ်တစ်သိန်းတန်တစ်ရွက် ပစ်ပေးရင်း မောင်းထွက်ခဲ့သည်။ တစ်ကယ်ဆို ကျသင့်ငွေက အဲ့လောက်မကျမှန်း sehun သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျန်တဲ့အရာတွေထက် jongin ရဲ့ လက်က ဒဏ်ရာ သက်သာဖို့သာ sehun အတွက် အရေးကြီးနေတာမို့ ဆေးရုံကိုသာ မြန်မြန်မောင်းထွက်လာခဲ့လိုက်ပါသည်။
Jongin ရင်ထဲမှာတော့ ဝမ်းနည်းခြင်း စိတ်ထိခိုက်ခြင်း များစွာနဲ့ သစ္စာဖောက်ခံလိုက်ရသလို နာကျင်ခံစားရသည်။ လက်ကောက်ဝတ်က နာတဲ့ ဒဏ်ရာကလည်း ပိုဆိုးသွားခဲ့သည်လေ။
Sehun.. jongin ကို တစ်ချက်လှမ်းကြည့်လိုက်တော့ Jongin ရဲ့ မျက်ဝန်းကနေ မျက်ရည်တွေ တဖြေးဖြေးချင်း လိမ့်ဆင်းလာတာမို့ သူ့ရင်တွေလည်း နာကျင်ရပါသည်။
Sehun - "jongin-ah... မ..မငိုပါနဲ့.. ကျေးဇူးပြုပြီး မငိုပါနဲ့တော့ .."
Sehun ရဲ့ အသံတွေ သိသိသာသာ တုန်ယင်နေခဲ့ပါသည်။
ဒါပေမယ့် jongin ကတော့ မျက်ရည်တွေ ကျနေဆဲပင်။
Zico hyung နဲ့ တုန်းက အဖြစ်အပျက်တွေ.. သူ့မိဘတွေနဲ့ သူငယ်ချင်းတွေရဲ့ လျစ်လျူရှုခံရမှုတွေ.. အားလုံး.. နာကျင်ခဲ့သမျှ အချိန်တွေအားလုံး သူ့အတွေးတွေထဲ တစ်စတစ်စ ပေါ်လာတာမို့ နာကျင်မှုတွေ တိုးလာတာနဲ့အမျှ မျက်ရည်တွေလည်း ပိုကျဆင်းလာလေသည်။
တစ်ဖက်မှာလည်း sehun တစ်ယောက် Jongin အပေါ် အပြစ်ရှိသလို ခံစားရသလို jongin အတွက်လည်း စိတ်ပူမိသည်။ jongin ငိုတာကို ပထမဆုံးအကြိမ် တွေ့ဖူးတာရယ် လက်ကောက်ဝတ်က ဒဏ်ရာကြောင့်ရော sehun jongin အတွက် ပိုစိုးရိမ်မိပါသည်။ ဘယ်လိုဖြစ်ပြီး လက်ကောက်ဝတ်က လည်သွားရတာလဲ??
Jongin ငိုနေရင်း ရှိုက်သံတွေကနေ လည်ချောင်းမှာ တခုခုပိတ်မိထားသလို အစ်သံလေးတွေ ဖြစ်လာသည်။ Jongin တဖြေးဖြေး အသက်ရှူရကျပ်လာသလို ရင်ဘတ်ထဲကလည်း မခံမရပ်နိုင်လောက်အောင် နာကျင်လာတာမို့ သူ့လက်ကလေးနဲ့ ရင်ဘတ်ကို ဆုပ်ထားမိသည်။
Jongin ရဲ့ ထူးဆန်းတဲ့ ပုံစံကြောင့် sehun အလန့်တကြားနဲ့ အော်လိုက်မိသည်။
Sehun - "Jongin-ah!!!"
Jongin သူ့ကိုယ်သူ သတိမလစ်သွားအောင် ကြိုးစားပေမယ့် ခဏကြာတော့ သူ့ခေါင်းလေး ညာဘက်ကို ယိုင်ကျသွားသည်။
Sehun - "Jongin-ah!!!!!!!!!!"
Jongin သူ့ကို အော်ခေါ်နေတဲ့ sehun အသံလေးကိုသာ နောက်ဆုံးကြားလိုက်ရရင်း Jongin တစ်ယောက် sehun ကားထဲမှာတင် မေ့မြောသွားခဲ့ပါသည်။
*******
Jongin သတိရလာတော့ ဆေးနံ့ပြင်းပြင်းကို ရှူရှိုက်လိုက်ရတာမို့ တဖြေးဖြေး မျက်လုံးဖွင့်ကြည့်တော့ ဆေးရုံရောက်နေသည်။
ဘယ်ဘက်လက်ကလေးကို ငုံ့ကြည့်လိုက်တော့ သူ့လက်ကောက်ဝတ်လေးက ပတ်တီးဖြူဖြူလေးနဲ့ပင်။
Sehun - "နိုးလာပြီလား?"
Jongin အသံကြားလို့ ညာဘက်ကို လှည့်ကြည့်လိုက်တော့ သူ့ကို စိုးရိမ်စွာ ကြည့်နေတဲ့ sehun မျက်ဝန်းတွေကို တွေ့လိုက်ရသည်။
Jongin ဘာမှပြန်မဖြေဘဲ ထထိုင်လိုက်တော့...
Sehun - "မလှုပ်နဲ့ဦးလေ.. စောနကတင် မင်းသတိလစ်သွားခဲ့တာ.."
Sehun Jongin ပခုံးလေးကို ညင်ညင်သာသာ ကိုင်ရင်း ပြောလိုက်သည်။ sehun အသံတွေက jongin ကို စိုးရိမ်နေမှန်း သိသာလွန်းပါသည်။
Jongin သူ့အိတ်ကပ်ထဲက ဖုန်းလေးဆွဲထုတ်ရင်း...
Jongin - "အိမ်ပြန်ချင်တယ်..."
Sehun - "ကိုယ်လိုက်ပို့ပေးမှာပေါ့.."
Jongin sehun ပြောတာကို ဂရုမစိုက်ဘဲ ဖုန်းနံပါတ်တစ်ခုကိုသာ ခေါ်နေလိုက်သည်။ သေချာတာတော့ jongin ရဲ့ တစ်ဦးတည်းသော ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်း Chanyeol ဆီပဲဖြစ်ပါသည်။
Chanyeol - "ဘယ်နားကလဲ?? ဆေးရုံနာမည်က ဘာတဲ့လဲ Jongin-ah??"
Sehun - "ဘယ်သူ့ကို ဖုန်းဆက်နေတာလဲ??"
Jongin sehun မေးတာကို လျစ်လျူရှုပြန်ရင်း အခန်းထောင့်တစ်နရာက ဆေးရုံနာမည်တွေ့တော့ 'အော်.. Seoul Sky ဆေးရုံပဲ' လို့ ရေရွတ်မိရင်း...
Sehun - "Jongin-ah??"
Jongin - "Chanyeollie... ငါ့ကို seoul sky ဆေးရုံကို အခုချက်ချင်း လာခေါ်ပေးပါလား???"
Sehun - "Jongin-ah... ကိုယ်လိုက်ပို့ပေးပါ့မယ်ဆို..."
Chanyeol - "ဟင်.. ဆေးရုံမှာ.. Jongin-ah ဘယ်လိုဖြစ်တာလဲ??"
Jongin - "ငါမင်းကို နောက်မှရှင်းပြ..."
Sehun - "Kim Jongin!.."
Sehun သက်ပြင်းလေးချရင်း...
Sehun - "ကိုယ်ပြောတာ နားထောင်ပါဦး..."
Sehun စကားပြောနေပေမယ့် jongin က သူ့ကို ဂရုမစိုက်ဘဲ Chanyeol နဲ့ ဖုန်းပြောတာကိုပဲ အာရုံစိုက်နေတာမို့ jongin လက်ထဲက ဖုန်းလေးကို လှမ်းယူရင်း ဖုန်းချလိုက်ပြီး စားပွဲပေါ်တင်ထားလိုက်တော့...
Jongin - "ဟေး.."
Sehun - "Jongin-ah.. ကိုယ်တောင်းပန်ပါတယ်... အဲ့လိုမေးတာ.. ဟို.. ကိုယ် taemin ကို အဲ့လိုကြိုက်နေလို့ မဟုတ်ပါဘူး.. ဒီတိုင်း.."
Jongin sehun ပြောတာကို ပြီးအောင် နားမထောင်တော့ဘဲ ဆေးသွင်းထားတဲ့ ပိုက်ကို ဖြုတ်၊ ဖုန်းလေးဆွဲယူပြီး ထွက်လာခဲ့လိုက်သည်။
Sehun - "Jongin-ah!!!"
Sehun Jongin နောက်က ပြေးလိုက်ရင်း ဆေးရုံကော်ရစ်ဒါမှာ နှစ်ယောက် အတူလျှောက်နေသလို ဖြစ်သွားသည်။
Jongin ကတော့ sehun သူ့ဘေးမှာ မရှိသလိုဘဲ သဘောထားကာ ကောင်တာမှာ ငွေရှင်းပြီး လှည့်အထွက်..
Sehun - "Jongin-ah.. ကျေးဇူးပြု.."
"Jongin-ah?? Sehun hyung??"
သူတို့နှစ်ယောက်ကို ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ သူ့တို့ကို တအံ့တဩငေးကြည့်နေတဲ့ Taemin..
Sehun - "T-taemin-ah??"
Jongin လည်း မထင်ထားမိတာမို့ မျက်လုံးလေးပြူးသွားရင်း အံ့ဩနေမိသည်။
Taemin - "ဒီမှာ ဘာလုပ်စရာရှိလို့လဲ??"
Jongin - "hyung ကရော?"
Taemin - "ငါက ဦးလေးကို လာကြည့်တာလေ.. အို.. Jongin-ah.. မင်းလက်!! လက်က ဘာဖြစ်တာလဲ??"
Jongin သူ့ဘယ်လက်ကလေးကို သူ့ခန္ဓာကိုယ်နဲ့ ကွယ်လိုက်ရင်း..
Jongin - "ဘာမှမဖြစ်ပါဘူး..."
Sehun တခုခုပြောမလို့ ပြင်လိုက်ပေမယ့် ချက်ချင်းလှည့်ထွက်သွားတော့မယ့် jongin ပုံစံကြောင့် jongin ပခုံးလေးကို အသာဆွဲရင်း သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်သည်။
Sehun - "Jongin-ah.."
Jongin - "ငါ့ကို မထိနဲ့!!"
Jongin ရုန်းရင်း တဖြေးဖြေးနောက်ဆုတ်သွားသည်။ jongin အသံလေးက ဒေါသထွက်နေတာထက် ဝမ်းနည်းနေမှန်းသိသာသည်။ jongin ရဲ့ မျက်လုံးလေးတွေ မျက်နှာ အမူအရာလေးတွေက နာကျင်နေမှန်း သိသာလွန်းနေသည်လေ။
Jongin - "ငါ...အခု မင်းကို မတွေ့ချင်ဘူး..."
Sehun ကတော့ jongin အတည်ပြောနေတာမို့ ကြောင်ပြီး ရပ်နေမိသည်။
taemin လည်း ဘာဖြစ်မှန်းမသိတာမို့ ဒီတိုင်းသာ ငေးကြည့်နေမိသည်။
Jongin sehun နားကနေ တဖြေးဖြေးနောက်ဆုတ်သွားရင်း တစ်ခုခုကို ဝင်တိုက်မိတော့...
Chanyeol - "Jongin-ah?"
ကြားလိုက်ရတဲ့ အသံကြောင့် Chanyeol မှန်းသိလိုက်တာမို့ jongin Chanyeol ဘက်ကို ချက်ချင်းလှည့်လိုက်ရင်း Chanyeol ရင်ခွင်ထဲ ခေါင်းလေးအပ်ပြီး ထိန်းထားတဲ့မျက်ရည်တွေ ငိုချပစ်လိုက်သည်။
အခုအချိန်မှာ Jongin အလိုအပ်ဆုံးက အစ်ကိုတစ်ယောက်လို နွေးထွေးလုံခြုံတဲ့ Chanyeol ရဲ့ ရင်ခွင်တစ်ခုပဲဖြစ်ပါသည်။
Chanyeol - "ဘာ..ဘာဖြစ်တာ.."
Jongin - "ငါ့ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ.. ဒီနေရာနဲ့ ဝေးရာကို မြန်မြန် ခေါ်သွားပေးပါ..."
Jongin chanyeol ရင်ခွင်ထဲကနေ အတင်းတိုးဝင်ရင်း လက်တစ်ဖက်ကလည်း Chanyeol ကို ထွက်ပေါက်ဆီ အတင်းဆွဲခေါ်သွားသည်လေ။
Sehun နဲ့ Taemin က Jongin နဲ့ Chanyeolထွက်သွားတာကို ကြောင်ပြီးသာ ငေးကြည့်နေမိသည်။
Taemin - "ဘာ.. ဘာဖြစ်ကြတာလဲဟင်?"
Sehun အသိစိတ်ထဲမှာ ဘယ်သူပြောတာမှ မကြားတော့။ Chanyeol နဲ့အတူ ထွက်သွားတဲ့ Jongin ပုံရိပ်လေးကိုသာ မြင်ယောင်ရင်း ခေါင်းကိုက်လာတာမို့ သူ့လက်ချောင်းလေးတွေနဲ့ သူ့နားထင်နှစ်ဖက်ကို သာ ဖိထားနေမိသည်။
သူက... Kim jongin ဆိုတဲ့ သူက ကျွန်တော်ဆိုတဲ့ sehun ကို လုံးဝဂရုမစိုက်တော့ဘဲ အဲ့အရပ်ရှည်တဲ့ကောင်နဲ့ ထွက်သွားရင်း ကျွန်တော့်ကို ထားသွားခဲ့သည်လေ။
Shit!
Ep12 END
A/N
ဝမ်းနည်းကြေကွဲစရာတွေတော့ ဖြစ်ကုန်ပြီ... TT TT
ရေးပြီးပြီးချင်း တင်ပေးလိုက်ပါတယ်လို့...
ခုဆို ဒီ TuT fic လေးက 1K vote တဲ့..^^
Vote ပေးတဲ့သူတွေကို ကျေးဇူးများကြီး တင်ပါတယ်။
Comment ပေးတဲ့သူတွေဆို ကျေးဇူးတင်မကဖူး.. normu saranghae yo<3<3 (သူတို့မန့်လေးတွေကြောင့် တစ်ပိုင်း တစ်ပိုင်းရေးဖို့ အားရှိလာတာ...ဟီး)
ဆက်ပြီးလည်း vote လေးတွေ မန့်လေးတွေ မျှော်နေပါတယ်လို့^^
Silent reader တွေကိုလည်း ကျေးဇူးပါလို့။
တခုခုဖတ်ရတာ မရှင်းတာရှိရင် အရေးအသားကျသွားရင်လည်း ပြောပြပေးပါ.. အကြံပေးပါလို့...
စာလုံးပေါင်းအမှားရှိရင်လည်း ခွင့်လွှတ်ပေးကြပါလို့..
Thank you for your reading^^
XieXieNi babesis<3