The Ugly Twin

נכתב על ידי kim_se_in

149K 14.2K 1.2K

Description "ရူးပါ့ကွာ!!! မင်း ချစ်ခွင့်ပန်လိုက်တာ သူမဟုတ်ဖူးကွ...သူ့အမွှာ" Forward -Kim Jongin, Kim Taemin ... עוד

Forward
Ep(1) That Feeling~~
Ep (2) Flutter ~~
Ep (3) Falling in love ~~
Ep (4) Dream ~~
Ep (5) Shy Smile ~~
Ep (6) Caged Soul~~
Ep (7) Confession~~
Ep (8) Forceful RS ~~
Ep (10) Confusion ~~
Ep (11) Secret ~~
Ep (12) Upset ~~
Ep (13) Night Date ~~
Ep (14) Threat ~~
Ep (15) Bloom ~~
Ep (16) Complicated ~~
Ep (17) Jealousy ~~
Ep (18) Mental Breakdown ~~
Ep (19) Secret Spilled ~~
Ep (20)
Ep (20) Ferris Wheel ~~
Ep (21) Text Message ~~
Ep (22) Poison ~~
Ep (23) Track ~~

Ep (9) Break ~~

5.1K 543 52
נכתב על ידי kim_se_in

Ep ^ 9 ^

စနေနေ့မို့ ကျောင်းပိတ်ရက်ဖြစ်ပေမယ့် တခြားသွားစရာလည်း မရှိတာမို့ Jongin ကိတ်မုန့်လုပ်ဖို့ မီးဖိုချောင်ထဲဆင်းလာလိုက်သည်။ သူ sehun အတွက် Blackforest လုပ်ပေးချင်သည်လေ။

ကိတ်မုန့်လုပ်နေရင်း 'ကိုယ့်ချစ်သူအတွက် ကိတ်မုန့်လုပ်ပေးနေတာ' လို့တွေးမိပြန်တော့ အရင်တုန်းက ကိတ်မုန့်လုပ်ခဲ့တဲ့အချိန်တွေနဲ့မတူ ရင်ထဲမှာ ပိုကြည်နူးမိသည်။

ကြက်ဥဖောက်ထည့်တဲ့အခါပဲဖြစ်ဖြစ် သကြားထည့်တဲ့အခါပဲဖြစ်ဖြစ် sehun ပုံရိပ်လေးကို မြင်ယောင်နေမိတာမို့ မျက်နှာတွေလည်း ပူထူပြီး နီရဲနေမှာ သေချာသည်။

Sehun ဆိုတာ Jongin အတွက်တော့ ဘုရားပေးတဲ့လက်ဆောင်လေးတစ်ခုပါ။ Jongin ရဲ့ ခြောက်ကပ်နေတဲ့ ဘဝလေးထဲကို ဟာသလေးတွေ ရယ်စရာလေးတွေနဲ့ စိုပြေအောင် လုပ်ပေးတတ်တဲ့သူ။ ဒါ့ကြောင့် sehun အနားမှာရှိတဲ့အချိန်တိုင်း Jongin ပေါ့ပေါးပါးပါး ပြုံးရယ်တတ်ပါသည်။

ဒါပေမယ့် sehun Taemin အကြောင်းမေးရင်တော့ Jongin ဝမ်းနည်းမိသည်။

'ဘာလို့ sehun က Taemin အကြောင်းမေးရတာလဲ?'

Jongin ကိတ်လုပ်နေတာခဏရပ်ရင်း နှုတ်ခမ်းလေးကိုက်ပြီး အရင်နေ့က sehun သူ့ကို Taemin အကြောင်းမေးခဲ့တာလေးကို ပြန်တွေးမိတော့ ...

'ဘာလို့ sehun က Taemin မှာ ချစ်သူရှိလား?? တခြားသူတွေနဲ့ရော တအားရင်းနှီးလားလို့ မေးရတာလဲ??
မဟုတ်မှလွဲရော....'

Jongin ရင်ထဲကို လှိုက်တက်လာတဲ့ စိုးရိမ်မှုလေးတွေကြောင့် မျက်တောင်လေး ခပ်မြန်မြန်ပုတ်ရင်း...

မဖြစ်နိုင်တာ... မဖြစ်နိုင်လောက်ပါဘူး... Sehun လိုလူကတော့ Taemin ကို ချစ်မိသွားမယ့် လူစားမျိုးမဟုတ်လောက်ပါဘူး...

ဒါပေမယ့် ဘာလို့ မဖြစ်နိုင်ရမှာလဲ... Taemin ကို သဘောမကျတဲ့သူဆိုတာ ရှိမှ မရှိတာ... ပြီးတော့ Taemin က ကျွန်တော့်ထက်လည်း အများကြီးသာတယ်လေ...

Jongin အတွေးတွေနဲ့အတူ ဝမ်းနည်းလာတာမို့ လေကို ခပ်ပြင်းပြင်းရှူထုတ်လိုက်သည်။

မဖြစ်နိုင်ပါဘူး...မဖြစ်နိုင်လောက်ပါဘူးလေ

Jongin မကောင်းတာတွေ ဆက်မတွေးတော့ဘဲ ကိတ်မုန့်ဆက်လုပ်မယ်ပြင်တော့ အပေါ်ထပ်ကနေ Taemin ဖုန်းပြောရင်း ပြေးဆင်းလာတာမို့ သူလှမ်းကြည့်နေလိုက်သည်။

Taemin - "မင်းအပြင်မှာ ရောက်နေပြီလား... အင်း..အင်း.. ငါအခုလာပြီ .. ခဏစောင့်နော်"

Taemin က သူ့ပစ္စည်းတွေ ယူပြီး ခပ်သုတ်သုတ်ထွက်သွားတာကို Jongin ကြည့်ရင်း တွေးမိတာ 'Taemin က ဒီလောက်အလောတကြီးထွက်သွားရအောင် ဘယ်သူနဲ့ ချိန်းထားလို့ပါလိမ့်.. အေးလေ... သူ့သူငယ်ချင်းတွေနဲ့ပဲ နေမှာပါ.. သူငယ်ချင်းတွေ အများကြီးရှိတာမို့.. ပိတ်ရက်ကို အိမ်မှာပဲ ဘယ်အချိန်ဖြုန်းချင်ပါ့မလဲလေ'

Jongin သက်ပြင်းချမိပေမယ့် သူငယ်ချင်းလို့တွေးမိတာမို့ Chanyeol ကို သတိရမိသည်။

Jongin အနားက သူ့ဖုန်းလေးကို လှမ်းယူရင်း Chanyeol ကို ဖုန်းဆက်လိုက်တော့ ဖုန်းမကိုင်ပါ။ jongin တစ်ဖက်က ကိတ်မုန့်အတွက်ပြင်ရင်း ဆက်ခေါ်နေလိုက်သည်။ ၂ခါ ၃ခါ ဆက်ပေမယ့် မကိုင်တာမို့ Jongin ကိတ်လုပ်တာရပ်ရင်း ထပ်ခေါ်ကြည့်သည်။ အရင်ဆို Chanyeol က သူဖုန်းခေါ်တာနဲ့ ချက်ချင်းကိုင်နေကျ။ အိပ်ပျော်နေရင်တောင် ချက်ချင်းထကိုင်တတ်တာ။ ခုဘာလို့ မကိုင်ပါလိမ့်... ထူးဆန်းတယ်။ Jongin ထပ်ခါ ထပ်ခါ ခေါ်နေမိသည်။

Jongin - "အာာ... တကယ်ပဲ ဒီ Virus ကတော့... ကိုင်ကိုင် မကိုင်ကိုင်ကွာ... အခါ၁၀၀ ခေါ်ရ ခေါ်ရ မကိုင်မချင်း ခေါ်ပစ်မယ်..ဟွန့်"

သူ ဆက်တိုက်ခေါ်နေတာမို့ ခဏကြာတော့ Chanyell ဖုန်းကိုင်လိုက်သည်။

Chanyeol - "အင်း..."

Jongin အမြဲတက်ကြွနေတဲ့ Chanyeol ဆီက အားမရှိသလို အသံလေးကြားလိုက်ရတာမို့ နည်းနည်းတော့ အံ့ဩသွားမိသည်။

Jongin - "ဟေး... Happy virus!! ခုချိန်ထိ အိပ်နေတုန်းလား??"

Chanyeol - "အင်း..."

Jongin - "အာ... sorry... သတိရလို့ ဖုန်းဆက်လိုက်တာ... ဒီညနေ ဆုံရအောင်လေ... အခု အိမ်မှာလည်း ဘယ်သူမှ မရှိ၊ ကိတ်မုန့်လုပ်ပြီးရင်လည်း တခြားလုပ်စရာ မရှိတော့ ညနေတွေ့ကြမလားလို့??"

Jongin မေးနေပေမယ့် Chanyeol က ဘာမှ ပြန်မပြောတာမို့...

Jongin - "Chanyeol-ah?"

Chanyeol - "ငါ.. ငါ မအားလောက်ဖူးထင်တယ် Jongin-ah.."

Chanyeol က သူချိန်းရင် မအားတာ သိပ်မရှိတဲ့သူမို့...

Jongin - "အာာာ... မအားလောက်ဖူးလား??"

Chanyeol - "ကျောင်းက ပရောဂျက်လေးရှိနေလို့လေ... အာ့ အချိန်မမှီမှာစိုးလို့..."

Jongin ပဲ စိတ်ထဲက ထင်နေမိတာလား မသိပေမယ့် Chanyeol အသံက သူ့အပေါ် အေးစက်သွားသလို ခံစားရသည်။

Jongin - "အင်း.. အဲ့လိုဆိုလည်း ထားလိုက်ပါလေ.."

Chanyeol - "အင်း.."

Chanyeol ဘက်က ဖုန်းချတော့မလို အသံကြားလိုက်တာကြောင့်..

Jongin - "Chanyeol-ah??"

Chanyeol - "ဟင်.. အင်း.. ပြောလေ"

Chanyeol တခုခုတော့ ဖြစ်နေမှန်း Jongin ခံစားမိသည်။

Jongin - "ဘာ..ဘာမှမဟုတ်တော့ပါဖူး... Chanyeol-ah.. ငါ..ငါ ဖုန်းဆက်တာ အနှောင့်အယှက်များ ဖြစ်သွားလို့လားဟင်??"

Chanyeol -"...."

Jongin - "ငါ ဒီတိုင်း.."

Chanyeol - "နည်းနည်းတော့ ဖြစ်တယ်"

Jongin မထင်ထားမိတာမို့ ဝမ်းနည်းသွားမိသည်။

Jongin - "အဲ့.. အဲ့လိုဖြစ်သွားရင် တောင်းပန်ပါတယ်..."

Chanyeol - "အင်း..."

Jongin ဘာမှပြန်မပြောခင် Chanyeol ဖုန်းအရင် ချသွားတာမို့ ထူးဆန်းနေသလို၊ အရင်လို သူ့ကို ခင်ခင်မင်မင် နွေးနွေးထွေးထွေးနဲ့ စကားပြန်ပြောတာမျိုး မဟုတ်တာမို့ Jongin တကယ်ကို စိတ်မကောင်းဖြစ်မိသည်။

Jongin - "ငါ ဘာအမှားများ လုပ်မိလို့ပါလိမ့်??"

Jongin သက်ပြင်းချလိုက်တော့... ရင်ဘတ်ထဲက အောင့်လာပြန်သည်။ စားပွဲခုံပေါ် လက်ထောက်ထားပေမယ့် နာကျင်မှုက တိုးသထက် တိုးလာတာမို့ Jongin ကြမ်းပြင်ပေါ်ထိုင်လျက်သားကျသွားသည်။ တဖြေးဖြေးချင်း ပိုနာကျင်လာသလို အသက်ရှူရ ခက်ခဲလာတာမို့ Jongin ရင်ဘတ်ကိုသာ ဖိထားမိသည်။

Jongin ဘာလုပ်ရမှန်းမသိ။ Taemin ကလည်း စောနကမှ အပြင်ထွက်သွားသည်။ Jonginဖေဖေကလည်း ဒီအချိန်ဆို အလုပ်မှာပဲ ရှိနေဦးမှာ သေချာသည်။ Jongin မေမေကလည်း ဦးလေးကို ကြည့်ဖို့ ဆေးရုံသွားတာမို့ Jongin အနားမှာ တစ်ယောက်မှမရှိ။

Jongin နာကျင်နေသည့်ကြားကပင် မျက်ရည်တွေ အလိုလိုကျလာမိသည်။ သူ့အနားမှာ တစ်ယောက်မှ မရှိသလို တဖြေးဖြေး ခန္ဓာကိုယ်တစ်ခုလုံး အင်အားတွေ ကုန်ခမ်းသွားသလို ခံစားလာရသည်။

အဲ့ဒီအချိန်မှာ စောနက စားပွဲခုံပေါ်တင်ထားတဲ့ ဖုန်းက မြည်လာတာမို့ Jongin အားယူပြီး ဖုန်းကိုလှမ်းယူလိုက်သည်။ Jongin ခေါ်တဲ့သူဘယ်သူဘယ်ဝါမှန်းမကြည့်နိုင်တော့... ဒီတိုင်းသာကိုင်လိုက်ရင်း...

Chanyeol - "Jongin-ah... စောနက ငါ.."

အသံဩဩလေးကြောင့် Jongin ဖုန်းဆက်တဲ့သူက Chanyeol မှန်းသိလိုက်တာမို့

'Chanyeol က ဘာလို့ ဖုန်းပြန်ဆက်ပါလိမ့်?'

ဒါပေမယ့် Jongin ဆက်မတွေးနိုင်တော့ဘဲ ရှိသမျှအင်အားလေးနဲ့...

Chanyeol - "Jongin-ah.. Jongin.. ဘာ.. ဘာဖြစ်တာလဲ..??"

Jongin - "Hyung..hyung ကျွန်တော့်ကို ကူပါဦး..."

jongin လက်ကလေးတွေ ဖုန်းကိုတောင် ဆက်လက်ကိုင်ထားနိုင်စွမ်းမရှိတောတာမို့ ဖုန်းလေးက ကြမ်းပြင်ပေါ် လွတ်ကျသွားလေသည်။ ဖုန်းလေးနဲ့အတူ Jongin လည်း ကြမ်းပြင်ပေါ်ကို လဲကျမေ့မြောသွားခဲ့ပါသည်။

******

Luhan - "Jongin နဲ့ အခြေအနေ ဘယ်လိုလဲ??"

Sehun သက်ပြင်းသာချရင်း...

Sehun - "ဒီလိုပါပဲကွာ... နည်းနည်းတော့ ပျင်းဖို့ကောင်းတယ်.."

Luhan - "ငါ ထင်တော့ ထင်ပါတယ်... ဒါပေမယ့် သူ့ကို ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံပါ... သူ့မှာ ဘာအပြစ်မှ မရှိတာဘဲဟာ"

Sehun - "အင်း.. အင်း"

Sehun လေးတိလေးတွဲသာ ပြန်ဖြေမိသည်။ ဒီနေ့ စနေနေ့ပေမယ့် ဘယ်သူနဲ့မှ ချိန်းထားတာ မရှိတာမို့ ဘယ်နေရာမှလည်း မသွားချင်တာနဲ့ Luhan ကို သူ့အိမ်ခေါ်ထားရင် စကားပြောဖြစ်ကြသည်။

Sehun အိမ်မှာ တိတ်ဆိတ်နေတာကို Luhan သတိထားမိတာမို့...

Luhan - "မင်းဖေဖေနဲ့ မေမေ အိမ်မှာ မရှိကြဘူးလား... ငါ စောနက တက်လာကတည်းက မတွေ့မိဘူး.."

Sehun - "အင်း... တွေ့ဆုံပွဲတစ်ခုရှိလို့ သွားကြတယ်လေ.."

Luhan - "ဒါဆို အိမ်မှာ ဘာစားစရာမှ မရှိဘူးပေါ့??"

Sehun - "အင်း... တခုခုမှာစားကြမယ်လေ... Pizza စားမလား??"

Luhan - "အင်း.. ကောင်းသားပဲ.. Cheese များများပါတာလေး မှာလိုက်"

Sehun သူ့ဖုန်းနဲ့ Pizza လှမ်းမှာတော့ luhan လည်း သူ့ဖုန်းလေးယူပြီး Instagram ထဲဝင်လိုက်သည်။

Luhan - "ဟ..ဟေ့ရောင်.. ဒီမှာကြည့်ကြည့်စမ်း... Nichkhun hyung ရဲ့ IG acc မှာ!!"

Sehun Pizza မှာပြီး luhan ဖုန်းကိုကြည့်လိုက်တော့.. Nichkhun hyung နောက်ဆုံးတင်ထားတဲ့ပုံက Taemin ရဲ့ပုံ။

သေသေချာချာပြောရရင် Taemin နဲ့ သူမနေ့ကတွေ့ခဲ့တဲ့ အကခန်းမကို Hyukjae hyung နဲ့ အတူပါလာတဲ့ကောင်လေးရဲ့ပုံ။

ဓာတ်ပုံထဲမှာ Taemin ရော အဲ့ကောင်လေးရော တော့ပိုကီစားနေရင်း ပြုံးနေကြသည်။ caption ကလည်း "ကောင်လေးနှစ်ယောက် ဘယ်သူမှ မသိအောင် ခိုးပြီ ချိန်းတွေ့နေကြတယ်^^ @taemin_kim & @choiminho" တဲ့။

Sehun တအံ့တဩနဲ့...

Sehun - "ချိန်း...ချိန်းတွေ့တာ??"

Luhan - "ပုံစံကြည့်ရတာ Taemin လည်း ချစ်ရတဲ့သူ တွေ့သွားပြီထင်တယ်... အခုတလော သူ့ကို အဲ့ကောင်လေးနဲ့ ခဏခဏ တွဲတွဲတွေ့နေရတယ်.."

Sehun - "မင်းပြောချင်တာ ဒီတိုင်း သူငယ်ချင်းတွေလိုလား.. ဒါ..ဒါမှမဟုတ် ချစ်သူတွေလို မျိုးလား??"

Sehun စိုးရိမ်စွာနဲ့ မေးကြည့်လိုက်တော့..

Luhan - "ချစ်သူတွေလိုမျိုးလေ... "

Sehun - "ဟေ့ရောင် မင်း မနောက်နဲ့နော်... "

Sehun ကုတင်ပေါ်မှာ ထိုင်လိုက်ရင်း...

Sehun - "ဘယ်အချိန်ထဲကလဲ??"

Luhan sehun ကို ကြည့်ရင်း...

Luhan - "သေချာတော့ မသိဘူး.. အရင်အပတ်လောက်က ထင်တာပဲ.."

Sehun ကုတင်ပေါ် ပစ်လှပစ်လိုက်ရင်း..

Sehun - "သေလိုက်ပါတော့ကွာ..."

Luhan - "ဘာဖြစ်တာလဲဟ... မင်းမှာလည်း Jongin ရှိနေတာပဲကို..."

Sehun ပြန်ထထိုင်ရင်း...

Sehun - "မင်းမသိဘူး luhan.. တကယ်ဆို Jongin က ငါ့အတွက် အနှောင့်အယှက်တစ်ခုပဲ.. တကယ်ဆို ငါ Taemin ကို အေးအေးဆေးဆေး ကြိုးစားလို့ရသေးတယ်... ခုတော့ ငါ့မှာ သူရှိနေတော့ Taemin ဆီ ဘယ်လိုလုပ်ချဉ်းကပ်မလဲ??"

ဖောင်း!

Luhan.. sehun ခေါင်းကို သူပိုက်ထားတဲ့ ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်သည်။

Sehun - "ဘာလုပ်တာလဲဟ??"

Luhan - "ငါပြောတာ သေချာနားထောင် ဂေါက်သီး!! အခုလိုဖြစ်လာတာ သူ့အမှားပါလို့လား?? အမွှာနှစ်ယောက်ကို သေချာမခွဲတတ်ခဲ့တဲ့ မင်းအမှားမဟုတ်ဘူးလား??"

Sehun အော်ညည်းရင်း ကုတင်ပေါ်ပြန်လှဲပြီး မျက်နှာကို ခေါင်းအုံးထဲသာ နှစ်ထားမိသည်။ သူ အခု အခန်းထဲက ပစ္စည်းတွေအကုန် ဖျက်ဆီးပစ်ချင်လောက်အောင် စိတ်တွေ တအားရှုပ်ထွေးမွန်းကျပ်နေသည်။

Luhan လည်း ပြောပြီးသွားမှ sehun ပုံစံကို ကြည့်ပြီး စိတ်မကောင်းမိ။ ဒါပေမယ့်လည်း သူပြောတာလည်း မှားတာမှ မဟုတ်ဘဲလေ။ တဖြေးဖြေးတော့ sehun လည်း ဒီအမှန်တရားကို လက်ခံလာရမှာပဲဟာ။

Sehun တစ်ယောက် Taemin ရဲ့ ပြုံးနေတဲ့ပုံလေးတွေ.. သူ့ကို စကားပြောတဲ့ပုံ.. ကနေတဲ့ပုံလေးတွေ.. taemin ရဲ့ ဆံပင်ရှည်လေးတွေ လက်ချောင်းလေးတွေ... တဖြေးဖြေးမြင်ယောင်လာရင်း Taemin နဲ့ တခြားကောင်လေးပုံကိုပါ မြင်ယောင်မိတော့ ဒေါသတွေ ပိုထွက်လာသည်။

သေချင်တယ်.. ohsehun ရေ...

Sehun တစ်ယောက် ပေါက်ကွဲပြီး...

Sehun - " ငါ သူနဲ့ လမ်းခွဲလိုက်တော့မယ်ကွာ!!"

Luhan ဖုန်းကြည့်နေရာကနေ ရုတ်တရက်မို့ sehun ကို မော့ကြည့်ရင်း...

Luhan - "ဘာ??"

Sehun - "ငါမှ သူ့ကို မကြိုက်တာ... အဲ့တော့ မကြိုက်တဲ့သူနဲ့ တွဲပြီး အချိန်ဖြုန်းနေမယ့်အစား ငါချစ်တဲ့သူကိုပဲ ရအောင် ကြိုးစားတော့မယ်!!"

Luhan - "အဲ့လောက်မရူးပါနဲ့ကွာ... မင်းလမ်းခွဲလိုက်ရင် မင်းသဘောကျတဲ့ taemin က မင်းကို ဘယ်လိုမြင်မလဲ မင်းပြန်စဉ်းစားဦး.."

Sehun - "ထားလိုက်ကွာ... ဟိုမှာ Taemin က သူများနောက်ပါသွားပြီလားတောင် မသိတာ.. ငါက မချစ်တဲ့သူ့ကို ဆက်တွဲနေလည်း ဘာမှ ပြောင်းလဲလာမှာမှ မဟုတ်တာ... အဲ့တော့ Taemin ကို ပြန်ကြိုးစားမယ်... အဲ့အတွက် ငါ သူ့အမွှာနဲ့ အရင်လမ်းခွဲရမယ်.."

Luhan - " sehun-ah..အဲ့လိုမလုပ်ပါနဲ့... Jongin နာကျင်ရလိမ့်မယ်..."

Sehun - "သူ့ကိစ္စနဲ့သူကွာ... ငါ နောက်မှ လမ်းခွဲရင်လည်း သူနာကျင်ရမှာပဲ... အဲ့တော့ ခုကတည်းက လမ်းခွဲလိုက်တာ ပိုကောင်းတယ်"

Luhan sehun ဘေးနားသွားထိုင်ရင်း...

Luhan - "မင်း သေချာပြန်စဉ်းစားပါဦးကွာ... သူ့မှာ ဘာအပြစ်မှ ရှိတာမဟုတ်ဘူး.. ပြီးတော့.. သူဘာအမှားမှလည်း လုပ်ခဲ့တာ မဟုတ်ဘူး... မင်းဖွင့်ပြောလို့သာ သူမင်းကို လက်ခံခဲ့တာလေ... မင်း ဒီလို ချက်ချင်းကြီး လမ်းခွဲလိုက်ရင် သူတအားနာကျင်ရလိမ့်မယ်... အချိန်လေးတစ်ခုတော့ စောင့်ပါဦးကွာ..."

Sehun - "ငါ အရင်ကလည်း မင်းပြောလို့ ချက်ချင်း လမ်းမခွဲဘဲ jongin နဲ့ ဆက်တွဲလိုက်တော့ အခု Taemin က ချစ်သူရနေပြီလားတောင်မသိဘူး.. ငါ့အတွက် အခွင့်အရေးတောင် ရှိသေးရဲ့လားမသိတော့ဘူး..."

Luhan ဘာမှ ထပ်မပြောတော့ပါ။

Sehun ကုတင်ပေါ်က ထလိုက်ပြီး...

Sehun - "ငါ ဒီလိုကြီး ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူး Luhan... ငါ မနက်ဖြန်ပဲ Jongin နဲ့ လမ်းခွဲလိုက်တော့မယ်..."

*******

Jongin သတိရလာတော့ ပထမဆုံးမြင်ရတာက အဖြူရောင်မျက်နှာကြတ်လေး...

ကျွန်တော် ဘယ်ရောက်နေတာလဲ?

Jongin နှာခေါင်းကနေ ဆေးနံ့ပြင်းပြင်းကို ရှူရှိုက်မိတာမို့...

ဒါဆို... ကျွန်တော် ဆေးရုံရောက်နေတာပေါ့..

Jongin ခေါင်းနည်းနည်းမူးလာတာမို့ ညည်းလိုက်မိသည်။

Chanyeol - "Jongin-ah?"

Jongin လှည့်ကြည့်လိုက်တော့ သူ့သူငယ်ချင်း Chanyeol... သူ့သည်းသံကြားလိုက်လို့ ပိုစိုးရိမ်သွားတဲ့ မျက်လုံးလေးတွေနဲ့ ငေးကြည့်နေသည်လေ။

Chanyeol ထိုင်နေရာက ထလာပြီး Jongin ကုတင်စွန်လေးပေါ် လက်လေးတင်ရင်း...

Chanyeol - "သက်သာရဲ့လား.. ခု ဘယ်လိုနေသေးလဲ??"

Jongin - "ဘယ်လိုဖြစ်လို့ ဆေးရုံရောက်နေတာလဲဟင်??"

Chanyeol ခုံလေးပေါ်ပြန်ထိုင်ရင်း...

Chanyeol - "မင်း မေ့လဲသွားခဲ့တာလေ... ငါလည်း တအားစိတ်ပူပြီး ဆေးရုံပဲ ခေါ်လာခဲ့တာ... "

Jongin - "အရမ်းမစိုးရိမ်ပါနဲ့ Chanyeol-ah... ငါက အဲ့လိုပဲ ဖြစ်တတ်တယ်... ပြီးတော့လည်း ပြန်ကောင်းသွားတာပဲ.. ဘာမှ စိတ်မပူပါနဲ့တော့ ငါအဆင်ပြေပါတယ်..."

Chanyeol Jongin ကို စိုက်ကြည့်ရင်း..

Chanyeol - "ခဏခဏမေ့လဲနေတာကို ငါ ဘယ်လိုလုပ်မစိုးရိမ်ဘဲ နေမလဲ Jongin ရယ် ငါ အခု မင်းဘာပြောပြော ငါ နားမထောင်တော့ဘူး။ ငါ ဆေးရုံခေါ်လာတာ မမှားဘူးလို့ ထင်တယ်.. ဆရာဝန်လှမ်းခေါ်လိုက်မယ်.. "

Chanyeol Jongin ကုတင်ဘေးနားက ဖုန်းကနေ လှမ်းဆက်ပြီး အကြောင်းကြားလိုက်သည်။

Jongin - "ကျောင်းက ပရောဂျက်လုပ်ရမှာတွေ ရှိတယ်ဆို... အဲ့တာတွေ အခုလုပ်ရတော့မှာ မဟုတ်ဖူးလား... ငါ အနှောက်အယှက်ပေးမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်..."

Chanyeol ချက်ချင်းခေါင်းခါပြရင်း...

Chanyeol - "မဖြစ်ပါဘူး... ရပါတယ် Jonginna.. ပြီးတော့ ပရောဂျက်ကလည်း လုပ်ပြီးသွားပြီ"

Jongin - "wow... အဲ့လောက်မမြန်မှန်း သိပါတယ်ဗျ... ငါ့ကို မလိမ်ပါနဲ့ Yeollie ရယ်... အိမ်ပြန်ပြီး လုပ်စရာရှိတာ ဆက်လုပ်ပါ... ငါတကယ် အဆင်ပြေပါတယ်... ဒီ semester မှာ အမှတ်ကောင်းချင်တယ်ဆို..."

Chanyeol - "ဟင့်အင်း.. မပြန်ချင်ပါဘူး... ငါဒီမှာနေရင်း အဖော်လုပ်ပေးမယ်.."

Jongin ပြုံးရုံလေးပြုံးပြရင်း..

Jongin - "အဲ့လိုမလုပ်ပေးလည်း ရပါတယ်ဆို... ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့..."

Jongin စကားတောင် မဆုံးသေး Chanyeol ဖြတ်ပြောလိုက်သည်။

Chanyeol - "မပြန်ပါဘူးဆို"

Jongin သက်ပြင်းလေးချရင်း...

Jongin - "Hyung... hyung ကို ဒုက္ခပေးမိတာတွေ များနေပြီ.. တကယ်အဆင်ပြေပါတယ်.. hyung ပြန်လို့ရပါတယ်.."

Chanyeol Jongin က သူ့ကို Hyung လို့ခေါ်လိုက်တာမို့ မျက်နှာလေးနည်းနည်း ဆူပုတ်သွားသည်။ Jongin က hyung လို့ခေါ်ပြီး စကားပြောတိုင်း အတည်ပြောတာမို့ အခုလည်း အတင်းပြန်ခိုင်းနေပြန်သည်။

Chanyeol - "ငါ မပြန်ဘဲ မင်းနဲ့ပဲ အတူရှိနေမှာပါဆို...အာ့ကြောင့် စကားမများတော့ဘဲ နားတော့နော်.."

Chanyeol Jongin နဖူးလေးပေါ် လက်ကလေးတင် စမ်းလိုက်တော့ jongin ရယ်လိုက်ရင်း...

Jongin - "ဟေး.. yeollie ရဲ့ လက်အကြီးကြီးက မျက်နှာတစ်ခုလုံးတောင် အုပ်မိတော့မယ်.."

Chanyeol လည်း Jongin ရယ်သံလေးကြောင့် လိုက်ရယ်မိသည်။ သူ့လက်က ကြီးတာမို့ Jongin မျက်နှာသေေးသးလေးကို အုပ်ပြီး စနောက်ရတာကို သူတအား သဘောကျပါသည်။ အဲ့အချိန်ဆို Jongin က ကလေးလေးလို အရမ်းချစ်ဖို့ကောင်းလွန်းသည်။

ဆရာဝန်တွေ သူနာပြုဆရာမတွေ ဝင်လာတာမို့ Chanyeol လည်း ထရပ်လိုက်ရင်း...

Doc - "Mr.Kim အခုရော ဘယ်လိုခံစားရသေးလဲ"

Jongin - "ကျွန်တော် သက်သာပါတယ်..."

Doc - "တခြားနာတာတွေ ဘာတွေရော ရှိသေးလား... လည်ချောင်းနာတာတို့ ရင်ဘတ်အောင့်တာတို့ရော...??"

Jongin - "အခုတော့ ဘယ်လိုမှ မနေတော့ပါဘူး... သက်သာသွားပါပြီ..."

Doc - "အဲ့လို မကြာမကြာ မေ့လဲသွားတတ်တာလား??"

Jongin - "ဟုတ်ကဲ့..."

Doc - "မေ့မလဲခင်ရော တခြားနာကျင်တာတွေ ဘာတွေ ခံစားရသေးလား??"

Jongin ခြုံထားတဲ့စောင်လေးကို လက်လေးနဲ့ အသာကိုင်ဆော့ရင်း..

Jongin - "ဟို... တစ်ခါတစ်လေကျရင်တော့ အသက်ရှူရတာ ခက်ခဲတယ်... ပြီးတော့ ရင်ဘတ်ထဲကလည်း အောင့်တယ်.. ဟို တစ်ယောက်ယောက်က ဆုပ်ချေထားသလိုမျိုးပဲ..."

Doc - "အင်း.. တခြား ခေါင်းကိုက်တာတွေ ဘာတွေရော ခံစားရသေးလား?? ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုက အားနည်းသလိုခံစားရတာမျိုးရော ရှိလား??"

Jongin - "တစ်ခါတစ်လေလည်း ခေါင်းတအားကိုက်တတ်တယ်... ပြီးတော့.. ဘယ်ဘက်လက်မောင်းက တခါတလေ တမျိုးကြီးလိုပဲ..."

ဆရာဝန်ရဲ့ မျက်နှာအမူအရာက တခုခုကို စိုးရမ်သွားတဲ့ပုံပင်။

Doc - "Mr.Kim.. ကျွန်တော် သေချာသွားအောင် စစ်ဆေးချင်တာလေးရှိလို့ မနက်ဖြန် ဆေးရုံကို ထပ်လာခဲ့လို့ ရမလား.."

Jongin မျက်ခုံးလေးပင့်ရင်း...

Jongin - "ဆေးစစ်ဖို့လိုလို့လားဟင်..."

Doc - "ဟုတ်ကဲ့.. ကျွန်တော် သေချာစစ်ဆေးချင်တာလေး ရှိလို့ မနက်ဖြန်မနက် ၈နာရီလောက် လာခဲ့ပေးပါ.."

Chanyeol လည်း စိတ်ပူမိတာမို့...

Chanyeol - "အခု စစ်လို့ မရဘူးလားဆရာ"

Doc - "ကျွန်တော်ရယ် တခြားဆရာဝန်တွေရယ် ခွဲစိတ်ခန်းဝင်ရမှာ ရှိနေတော့... ဒီနေ့ဆို အကြာကြီး စောင့်နေရမှာစိုးလို့ပါ..."

Chanyeol - "ရပါတယ် ဆရာ.. ကိစ္စမရှိ.."

Chanyeol စကားပင်မဆုံးသေး Jongin ဖြတ်ပြောလိုက်သည်။

Jongin - "ဟုတ်ကဲ့... ကျွန်တော် မနက်ဖြန် ထပ်လာခဲ့ပါမယ့်ဆရာ.."

ဆရာဝန်ရယ် သူနာပြုဆရာမရယ် Jongin ကို မေးခွန်းနည်းနည်းထပ်မေးပြီး ပြန်ထွက်သွားကြသည်။

ဘာလို့ ဆရာဝန်ရဲ့ ပုံစံက စိုးရမ်လွန်းနေရပါလိမ့်။ ကျွန်တော်လည်း ဘာနာကျင်မှုမှ မခံစားရတော့ပါဘူး။ အလကားသပ်သပ် ဆေးစစ်ပြီး ပိုက်ဆံကုန်တာပဲ အဖတ်တင်မှာ။

Chanyeol နဲ့ Jongin ဆေးရုံကနေ ထွက်လာရင်း..

Jongin - "ဗိုက်ဆာလိုက်တာ.. တစ်ခုခုသွားစားရအောင်လေ.."

Chanyeol - "ဘာလို့ ဒီနေ့တစ်ခါတည်း ဆေးမစစ်လိုက်တာလဲ??"

Jongin - "ငါ ပိုက်ဆံမထည့်လာမိဘူး.."

Chanyeol - "အဲ့တာဆို ငါပေးပေးမှာပေါ့..."

Jongin - "ဟာာာ.. အဲ့လို မလုပ်ရပါဘူး... ကျွန်တော် ဆေးမစစ်ချင်ဘူး... "

Chanyeol - "Jonginna.. ဆေးစစ်ကြည့်ပါ... ဆရာဝန်က တခုခုလိုအပ်လို့ စစ်ခိုင်းတာ နေမှာပါ.. အကယ်၍ လုံးဝမစစ်ချင်ရင်တောင် နက်ဖြန်တော့ ဆေးရုံပြန်လာကြမယ်မလား??"

Jongin - "မလာဖြစ်လောက်ဘူး..."

Chanyeol စိတ်တိုသွားတဲ့ မျက်နှာလေးနဲ့ Jongin ဘက်ကို လှည့်ကြည့်ရင်း...

Chanyeol - "ဘာလို့လဲ... ငါလည်း မင်းပုံစံကို သိပ်မသင်္ကာဘူး... ဆရာဝန်ကို မင်းပြောပြသွားတာတွေကလည်း စိုးရိမ်စရာတွေချည်းပဲ... သေသေချာချာ ဆေးစစ်ကြည့်လိုက်တာ ကောင်းပါတယ် Jongin ရယ်"

Jongin - "မလိုပါဘူး Yeol ရယ်... အရမ်းပင်ပန်းသွားလို့နေမှာပါ.."

Chanyeol - "အရမ်းပင်ပန်းတာနဲ့ဘဲ ခဏခဏ မေ့လဲပါ့မလား..."

Jongin Chanyeol ပြောတာကို ဆက်နားမထောင်တော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။

Jongin - "ဘာသွားစားရင် ကောင်းမလဲ??"

Chanyeol - "Jongin-ah??"

Jongin - "သူတို့က ဒီတိုင်း ပိုက်ဆံလိုချင်လို့ အတင်းဆေးစစ်ခိုင်းနေတာ Chanyeollie ရ... ပိုက်ဆံလိုချင်လို့ပဲ... ဘာမဟုတ်တဲ့ ပင်ပန်းလို့ မေ့လဲသွားတာလေးကို ပိုက်ဆံအကုန်ခံပြီး ဆေးမစစ်ချင်ပါဘူး.. အခု ဆေးရုံမှာ မေ့လဲတဲ့ခဏလေးတောင် ဘယ်လောက်ပိုက်ဆံ ကုန်သွားလဲကြည့်ပါလား... အဲ့ဆေးရုံကြီးပြန်မသွားချင်ဘူး... အာ့ကြောင့် ငါ့ကို နောက်တစ်ခါ ဆေးရုံသွားဖို့ မပြောပါနဲ့တော့.. မဟုတ်ရင် ငါ မင်းကို မုန်းမိလိမ့်မယ်နော်..."

Chanyeol ဘာမှပြန်မပြောနိုင်တော့ဘဲ Jongin ကိုသာ ငေးကြည့်နေမိသည်။

Jongin - "chanyeol-ah... Donut သွားစားရအောင်လေ... ချောကလက်Donut စားချင်တယ်... ပြီးရင် ညဈေးသွားပြီး KimBap သွားစားရအောင်... အာာ ဗိုက်ဆာလိုက်တာ... သွားရအောင်.. နော်.. နော်.."

Chanyeol ဘာမှ မပြောတော့ဘဲ သက်ပြင်းလေးချရင်း ပြံးလျက်သာ Jongin ဆွဲခေါ်ရာ လိုက်သွားမိပါတော့သည်။

ခေါင်းမာလွန်းတဲ့ Jongin ကို ဘယ်သူမှ ပြောပြလို့ရမှာ မဟုတ်ဘူးလေ။

Ep9 END

A/N

နှစ်ယောက်လုံးက ခေါင်းမာလိုက်တာ!! လမ်းခွဲမယ့်သူနဲ့ ဆေးမစစ်မယ့်သူနဲ့... ဟူး.. ရှင်တို့၂ယောက်နဲ့တော့ စိတ်ချမ်းသာပါတယ်-_-
ဒီအပိုင်းက Kaiyeol လေးတွေ များလာတယ်... Yeol ကလည်း main character တစ်ခုပဲဆိုတော့ နောက်ပိုင်းတွေ ပိုရင်ခုန်လာရတော့မှာပါ^^

ဒီတစ်ခါတော့ အကြာကြီးမစောင့်ရတော့ဘူးနော်^^
Vote လေးတွေအပြင် comment လေးတွေပါ တွေ့ရတော့ အားရှိလာတာကြောင့် မြန်မြန်ရေးဖြစ်သွားတာမို့ ကျေးဇူးအများကြီး တင်ပါတယ်နော်~~
အခုလည်း မျှော်နေပါတယ်လို့ <3

Kai ကတော်လေးတွေရှိရင်လည်း အားတင်းထားကြပါ... Nini လေးကို ဆက်ချစ်ပေးကြပါလို့ ~~

အရေးအသားလိုအပ်တာလေးတွေ စာလုံးပေါင်းအမှားလေးတွေရှိလည်း ဝေဖန်ပေးကြပါ.. ခွင့်လွှတ်ပေးကြပါလို့...

Thank you for your reading^^
Fighting babesis^^

המשך קריאה

You'll Also Like

2.7K 75 25
One school. Two groups. Eight students. With different personalities. Attitudes. And hidden feelings. But got to live in ONE HOUSE. This is BINI fanf...
45.9K 1.4K 49
JhoLet Parallel Universe "bakit ba napaka territorial mo?" -Craye "baka mapunta ka sa iba kung hindi ko yun gagawin."- Justine
113K 3.6K 57
There's one person who are meant for us ... One person that will let us feel how perfectly imperfect we are. When Mikha met Aiah's eyes she knew at t...
81.1K 3.2K 38
ayon sa iba, Ang GREATEST LOVE raw ang hinding-hindi mo makakalimutan sa lahat. Ang GREATEST LOVE raw ang nagturo sayo kung paano totoong magmahal...