The Ugly Twin

By kim_se_in

149K 14.2K 1.2K

Description "ရူးပါ့ကွာ!!! မင်း ချစ်ခွင့်ပန်လိုက်တာ သူမဟုတ်ဖူးကွ...သူ့အမွှာ" Forward -Kim Jongin, Kim Taemin ... More

Forward
Ep(1) That Feeling~~
Ep (2) Flutter ~~
Ep (3) Falling in love ~~
Ep (5) Shy Smile ~~
Ep (6) Caged Soul~~
Ep (7) Confession~~
Ep (8) Forceful RS ~~
Ep (9) Break ~~
Ep (10) Confusion ~~
Ep (11) Secret ~~
Ep (12) Upset ~~
Ep (13) Night Date ~~
Ep (14) Threat ~~
Ep (15) Bloom ~~
Ep (16) Complicated ~~
Ep (17) Jealousy ~~
Ep (18) Mental Breakdown ~~
Ep (19) Secret Spilled ~~
Ep (20)
Ep (20) Ferris Wheel ~~
Ep (21) Text Message ~~
Ep (22) Poison ~~
Ep (23) Track ~~

Ep (4) Dream ~~

4.5K 532 8
By kim_se_in

Ep ^ 4 ^

Jongin - "Oh..My GOD!!!"

Jongin တစ်ယောက် Chanyeol ခေါ်လာတဲ့ မုန့်ဆိုင်လေးကို ဝင် ဝင်လာချင်း တအံ့တဩနဲ့ ရေရွတ်မိသည်။

Chanyeol ကတော့ Jongin နောက်ကလိုက်ဝင်လိုက်ပြီး Jongin ကိုပဲ ငေးကြည့်ရင်း ပြုံးနေမိသည်။

Jongin - "wow... လှလိုက်တာ!! "

မုန့်ဆိုင်လေးက သေးသေးလေးပေမယ့် သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာလေး။ ခေတ်ဆန်ဆန်အပြင်အဆင်မျိုးမဟုတ်ဘဲ အဖြူရောင်နဲ့ အပြာနုရောင်လေးကိုပဲ အဓိက သုံးထားလို့ ရိုးရိုးရှင်းရှင်းလေးနဲ့ ဝင်လာသူတိုင်းကို စိတ်အေးချမ်းစေသည်။ ဆိုင်နာမည်လေးကိုက "Jib" (Home) လို့ အမည်ပေးထားတာမို့ နွေးထွေးမှုကိုလည်း ပေးစွမ်းနိုင်သည့် ဆိုင်လေးတစ်ဆိုင်ဖြစ်သည်။

Chanyeol - "ဆိုင်ရှင်နဲ့ မိတ်ဆက်ပေးမယ်..."

ပြောရင်း Chanyeol တစ်ယောက် Jongin ကို wink လုပ်ပြပြီး ဆိုင်ထဲ တစ်နေရာကို ဝင်သွားသည်။

Jongin ကတော့သူ့နားက သစ်သားစားပွဲခုံလေးတွေကို ကြည့်ရင်း သက်ပြင်းဖြေးဖြေးချမိသည်။ ဒီလို ကိတ်မုန့်ဆိုင်မျိုးလေး ပိုင်ခွင့်ရဖို့ သူ့ငယ်ငယ်လေးထဲက စိတ်ကူးယဉ်ခဲ့တာ။
ပေါင်မုန့်အနံ့လေးတွေ ကိတ်မုန့်လေးတွေ သူ့အနားမှာ အတူရှိနေတဲ့ ခံစားချက်ကို သူအရမ်း သဘောကျမိတာလေ...။

Jongin ဆက်ကြည့်ရင်း နံရံပေါ်က ကောင်လေးတွေ ကောင်မလေးတွေ ပျော်ပျော်ရွှင်ရွှင်ရိုက်ထားတဲ့ ပုံကို တွေ့တော့ သူပြုံးလိုက်မိသည်။ အို... နောက်ခံက... အီဖယ်လ်မျှော်စင်မလား???

Chanyeol - "Jonginna..."

Chanyeol ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ Chanyeol နဲ့အတူ ကောင်မလေးတစ်ယောက်ကပါ သူကို ကြည့်နေသည်။ သူ Chanyeol တို့ဆီကို လျှောက်လာရင်း...

Chanyeol - "ဒါ ငါပြောဖူးတဲ့ ဒီဆိုင်ရှင် Minah လေ။ Minah..ဒါ ငါ့သူငယ်ချင်း Kim Jongin တဲ့"

Minah - "မင်္ဂလာပါ..တွေ့ရတာဝမ်းသာပါတယ်.. Minah ပါ.."

Jongin - "Nae...Jongin ပါ..."

Minah - "Chanyeol နဲ့ကတော့ သူ့အိမ်နဲ့ ကပ်ရပ်မို့ ခင်နေကြပြီးသား... Jongin နဲ့က ခုမှ သိတာဆိုတော့ ဆိုင်ကို လိုက်ပြရင်း ကျန်တဲ့သူတွေနဲ့ မိတ်ဆက်ပေးမယ်လေ..."

Minah က သူတို့ နှစ်ယောက်ကို Cashier ကိုခေါ်သွားရင်း

Minah - "Eunji-ah...Taiwanese pearl milk tea ၂ခွက်.."

Cashier ကကောင်မလေးက ခေါင်းညိမ့်ရင်း ပြုံးပြသည်။

Minah - "သူနာမည်က Eunji တဲ့... ဒီမှာ အချိန်ပိုင်း အလုပ်လုပ်ရင်း အထက်တန်းနောက်ဆုံးနှစ်တက်နေတယ်...."

Minah က Chanyeol နဲ့ Jongin တို့ကို ဆိုင်ရဲ့ ဟိုဟိုဒီဒီလိုက်ပြရင်း တချို့သူတွေနဲ့ မိတ်ဆက်ပေးပြီး တစ်နေရာရောက်တော့...

Minah - "အခု ဆိုင်ရဲ့ အမိုက်ဆုံးနေရာကို လိုက်ပြမယ်...လာ..."

Minah ခေါ်သွားတဲ့ နောက်ကို လိုက်သွားရင်း Chanyeol က Jongin နား နားကို ကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။

Chanyeol - "မင်းသဘောကျမယ့်နေရာလေး.."

Minah က အခန်းတစ်ခုရှေ့ရောက်တော့ တံခါးဆွဲဖွင့်လိုက်တော့ အထဲမှာ ကောင်မလေးနှစ်ယောက် သူတို့အလုပ်နဲ့ သူတို့ အလုပ်များနေကြသည်လေ။

Minah - "ဒါ Hara နဲ့ Sohee... ဒီဆိုင်ရဲ့ မုန့်ဖုတ်စပယ်ရှယ်လစ်နှစ်ယောက်ပေါ့..."

Jongin မုန့်ဖုတ်ခန်းထဲကို အံ့ဩစွာနဲ့ သေချာကြည့်မိတော့... cheesecake တွေ... သစ်သီးမျိုးစုံနဲ့ လုပ်ထားတဲ့ Pies တွေ... ကိတ်မုန့်တွေ သူ့ဟာနဲ့သူ လှလှပပ ရှိနေကြသည်လေ။ တစ်ဖက်မှာလည်း ကောင်မလေးနှစ်ယောက်က ဂျုံမှုန့်တွေ...ကြည်ဥတွေ..သကြားတွေ တခြားပစ္စည်းတွေနဲ့ ကြိုးစားပြီး မုန့်လုပ်နေကြသည်။

Chanyeol တစ်ယောက် ငြိမ်သက်နေတဲ့ Jongin ကိုကြည့်မိတော့..

Jongin ရဲ့ ကြည်လင်တောက်ပနေတဲ့ မျက်လုံးလေးတွေ...

Jongin သူအမြဲနှစ်သက်သဘောကျတဲ့ အရာကိုတွေ့တိုင်း ပြုံးနေတတ်တဲ့ အပြုံးမျက်လုံးလေးတွေ....

Chanyeol အရမ်းချစ်ရတဲ့ Jongin ရဲ့ မျက်လုံးလေးတွေပေါ့....

Chanyeol - "Jongin အမြဲ တောင့်တနေတဲ့ အိမ်မက်က အောင်မြင်တဲ့ မုန့်ဖုတ်သမားတစ်ယောက် ဖြစ်လာဖို့လေ..."

သူတို့ ၃ ယောက် ဆိုင်အရှေ့ဘက် ပြန်ထွက်လာရင်း Chanyeol ပြောပြလိုက်သည်။

Minah - "အို...တကယ်!! စောနက Jongin မုန့်ဖုတ်ခန်းကို ကြည့်ရင်း ပြုံးသွားထဲက Minah ထင်မိပါတယ်..Jongin အိမ်မက်တွေ တကယ်ဖြစ်လာပါစေလို့ Minah ဆုတောင်းပေးတယ်..."

Minah ပြောရင်း အလုပ်တစ်ခုပေါ်လာလို့ ထွက်သွားတော့ Jongin နဲ့ Chanyeol ထောင့်နားလေးမှာ ဝင်ထိုင်ရင်း...
Jongin အတွေးလေးတစ်ခု တွေးမိပြန်တော့ မျက်နှာလေး ညှိုးသွားသည်။

သူငယ်ငယ်ထဲက Baker ဖြစ်ချင်ခဲ့တာ ...
ကိတ်မုန့်လေးတွေ ဖန်တီးချင်ခဲ့တာ....

ဖြစ်မှ ဖြစ်မလာနိုင်တာပဲလေ~~
Jongin ရဲ့ အဖေကမှ ခွင့်မပြုဘဲ~~

သူ့အဖေက ပြောတယ်... မုန့်ဖုတ်သမားတစ်ယောက်ရဲ့ ဝင်ငွေက ဘယ်လောက်ရှိမှာမို့လဲတဲ့... တခြားအလုပ်တွေလောက်မှ ပိုက်ဆံမရနိုင်တာမို့ သူ့သားတွေကို အဲ့လို အလုပ်မျိုး လုပ်ခွင့်မပြုနိုင်ဖူးတဲ့လေ။

Jongin ပြောပြချင်ခဲ့တယ်... သူ့အတွက် ပိုက်ဆံမလိုအပ်ဘူး... ငွေကို ရေလို သုံးနိုင်တဲ့ သူငှေးတစ်ယောက်ဖြစ်နေပြီး ပျော်ရွှင်မှု မရှိတဲ့ ဘဝမျိုး သူမလိုချင်ဘူး...

သူလုပ်ချင်တဲ့ အိမ်မက်လေးတွေ အကောင်အထည်ဖော်ရင်း သူ့ဘဝလေးကို ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ပဲ သူဖြတ်သန်းချင်တာ...

ဒါပေမယ့် သူ့အဖေက လက်ခံမှာ မဟုတ်ဘူး... သူ့အဖေက Taemin ရော Jongin ရော နှစ်ယောက်စလုံးကို နာမည်ကြီး company တခုခုမှာ ရာထူးကြီးကြီးပိုင်ဆိုင်ရင်း ဘဝကို ဖြတ်သန်းစေချင်တာ...

Taemin အတွက်ကတော့ အစထဲက စီးပွားရေးဝါသနာပါသူမို့ အဆင်ပြေပေမယ့် Jongin ရဲ့ စိတ်ကူးအိမ်မက်တွေကတော့ အကောင်အထည်ဖော်ဖို့ လမ်းစလေးတောင် မရှိခဲ့ဘူးလေ....

Jongin မုန့်ဆိုင်မှာ အလုပ်လုပ်နေကြတဲ့ သူတွေကို ကြည့်ရင်း သူ အားကျမိသည်။ အားလုံးက တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်တာဝန်နဲ့ကိုယ် အလုပ်ရှုပ်နေကြသည်လေ။

ခဏကြာတော့ သူတို့အတွက် မှာထားတဲ့ MilkTea လေးတစ်ယောက်တစ်ခုယူရင်း အားလုံးကို နှုတ်ဆက်ပီး ဆိုင်ထဲက ထွက်လာလိုက်ကြသည်။

Jongin - "မင်း သူငယ်ချင်းကြည့်ရတာ ပျော်နေတာပဲနော်..."

Chanyeol - "အင်း... သူ ဝမ်းနည်းနေတဲ့အချိန်က တကယ်ကို မရှိသလောက်ပဲ။ ငယ်ငယ်လေးထဲက...သူကို့ ကြည့်လိုက်ရင် အမြဲ ပျော်နေတာပဲ..."

Chanyeol ပြောတာကို ကြားတော့ Jongin ပြုံးရုံလေး ပြုံးရင်း..

Jongin - "ငါလည်း ဘယ်သူ့ဆီကမှ အဆူမခံရဘဲ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ရင်း...ဘဝကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြတ်သန်းခွင့်ရရင် အဲ့လိုပဲ ပျော်နိုင်မလား မသိဖူးနော်..."

Jongin ရဲ့ စကားကို ကြားကြားချင်း Chanyeol ချက်ချင်း သူ့ဘေးက Jongin ကို လှည့်ကြည့်မိတော့

Jongin ရဲ့ ဝမ်းနည်းနေတဲ့ မျက်နှာလေး....

Chanyeol ရင်တွေ နာကျင်ရပြန်သည်။

Chanyeol - "ဟေး..ဟေး...ဒီနေ့ Transformers ရုံတင်ပြီ...သွားကြည့်ကြမလား... ငါတို့ အခုနောက်ဆုံးထွက်တာ မကြည့်ရသေးဖူးလေ..."

Jongin ပြုံးပြီး ခေါင်းညိမ့်ပြရင်း..

Jongin - "let's go!!"

Jongin ရဲ့ မျက်နှာလေး ပြန်ပြုံးသွားတော့မှ Chanyeol လည်း ရယ်မောနိုင်သည်လေ။

ဒီလိုလေးပဲ အမြဲပြုံးနေပါ Jongin ရယ် ~~

ဒီအတိုင်းလေးပဲ အမြဲ ပြုံးနေပေးပါ ~~

မင်းတစ်ယောက်တည်း အဲ့ဒီအပြုံးလေးတွေကို ထိန်းသိမ်းဖို့ ခက်ခဲနေမယ်ဆိုရင် ~~

Chanyeol ဆိုတဲ့ ဒီလူကို မင်းရဲ့အပြုံးလေးတွေ ဆက်လက်တည်မြဲစေဖို့ စောင့်ရှောက်ခွင့်ပြုပါနော် ~~

*****

ကျောင်းပိတ်ရက်မို့ Luhan တစ်ယောက် sehun အိမ်သွားလည်ရင်း sehun အခန်းထဲမှာ ကွန်ပျူတာနဲ့ အင်တာနက်ထိုင်သုံးနေသည်။ sehun ကတော့ အိပ်ရာပေါ်မှာလှဲရင်း ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့မပျက်...

Luhan - "မင်း..Kim Taemin မှာ အမွှာညီရှိတာ သိလား.."

Luhan Taemin အကြောင်းပြောတော့မှ sehun တစ်ယောက် ဂိမ်းဆော့တာ ရပ်ရင်း

Sehun - "ဘယ်လို..အမွှာညီ??"

Luhan - "အင်း...Taemin လိုပဲ စီးပွားရေးဘာသာပဲတက်နေတာတဲ့"

Luhan တစ်ယောက် ကွန်ပျူတာကို အကြည့်မပျက်ဘဲ sehun မေးတာတွေကို ဖြေနေသည်။

Sehun - "မင်းက ဘယ်လိုလုပ်သိလဲ? သူ့အမွှာကရော ဘယ်လိုပုံစံလဲ... သူတို့ IG သုံးလား..ရှိရင် ဝင်ကြည့်ရအောင်.."

Luhan - "အင်း..Taemin မှာ ရှိတယ်...သူ့အမွှာမှာက..."

Luhan ခဏလောက် ငြိမ်သွားပြီးတော့မှ..

Luhan - "ရှိတော့ရှိတယ်...ဒါပေမယ့် သူ့ကိုကြည့်ရတာ သိပ်သုံးတဲ့ပုံ မပေါ်ဘူးကွ.."

Sehun - "ဟုတ်လား...ငါ့ကို ပြကြည့်..သူတို့လို အရမ်းချောတဲ့ အမွှာ ငါတို့ကျောင်းမှာ ရှိတာ ဘယ်လောက်မိုက်လဲ...ဟီးဟီး "

Sehunပါ ကွန်ပျူတာရှေ့ရောက်လာသည်။

Luhan - "ငါထင်တာတော့ သူ့အမွှာက taemin လောက် မမိုက်ဖူးလားလို့... taemin က အများကြီး ပိုသာတယ်ထင်တာပဲဟ..."

Sehun သူ့နှုတ်ခမ်းလေးနှစ်ဖက်ကို ဖိကိုက်ထားရင်း ကွန်ပျူတာကို အနည်းငယ်ငုံ့ကြည့်လိုက်သည်။

Taemin ရဲ့ အမွှာအကောင့်ကိုတွေ့တော့ သူဝင်ကြည့်ရင်း...

Sehun - "Kim Jongin...တစ်နှစ်လုံးမှာမှ ၃ ပုံထဲ တင်ထားတာပဲဟ!! Taemin ညီရဲ့ အကောင့် အစစ်ရော ဟုတ်ရဲ့လား"

Luhan - "ဟ..သေချာတယ်ဟ... ငါ့ညီဝမ်းကွဲဆီက သေချာစုံစမ်းထားတာ... ငါ့ညီဝမ်းကွဲက အထက်တန်းထဲက သူတို့နဲ့ တစ်ကျောင်းထဲလေ... အထက်တန်းထဲက Taemin က ပိုပြီး ပေါ်ပြုလာဖြစ်တာ... စာလည်းတော်တယ်.. ခင်လည်း ခင်တတ်တယ်... ပြီးတော့ အမြဲတက်ကြွနေတာတဲ့..."

Sehun - "သူ့အမွှာကရော???"

Luhan - "အဲ့ Jong..Jongin ဆိုတဲ့ တစ်ယောက်ကတော့ taemin နဲ့ ပြောင်းပြန်ပဲတဲ့...အရမ်းကို အနေအေးပြီး အမြဲလိုလို တစ်ယောက်ထဲ နေတာများတယ်တဲ့... သူငယ်ချင်းတောင် တစ်ယောက်ပဲ ရှိတယ်ဆိုလားပဲ .. ပြီးတော့ သူ့အခန်းဖော်တွေနဲ့လည်း သိပ်အဆင်မပြေဘူးတဲ့... ငါကြားရသလောက်တော့ သူက နည်းနည်း ထူးထူးဆန်းဆန်းပုံစံပဲဟ.."

Luhan ပြောတာကို နားထောင်ရင်း sehun ကွန်ပျူတာထဲက Jongin အကောင့်လေးကို ပြန်ကြည့်မိတော့လည်း
သူ့မျက်လုံးထဲမှာက Kim taemin ရော Kim Jongin ရော တစ်ယောက်ထဲလိုပါပဲ...

Sehun - "နှစ်ယောက်လုံးက ရုပ်ဒီလောက်ဆင်ပြီး ဘာလို့ ဆန့်ကျင်ဘက်ဖြစ်ရလောက်အောင် ကွဲပြားနေပါလိမ့်"

Luhan - "ငါထင်တာတော့ သူတို့နှစ်ယောက်ရဲ့ ပြုမူဆက်ဆံပုံ နေပုံထိုင်ပုံတွေကြောင့်လို့ ထင်တယ်ကွ... Taemin ဆိုကွာ... ငါသေချာတော့ မသိပေမယ့် aegyo လေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ပုံ... အာ... သူတို့ ဆံပင်အရောင်ကွ... သေချာကြည့်ကြည့်... မတူဘူးတွေ့လား... Jongin ဆံပင်အရောင်က ရွှေအိုရောင်... Taemin က အဝါရောင်လေး.. Taemin အရောင်က Jongin အရောင်ထက် နည်းနည်းလေး ပိုတောက်တယ်...တွေ့လား.."

Sehun..luhan ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ရင်း...

Sehun - "wow... မင်းက သိလှချည်လားကွ!"

Luhan - "ဟဲဟဲ...luhan လေကွာ..."

Luhan တစ်ယောက်ကတော့ ကွန်ပျူတာနဲ့ ဆက်အလုပ်ရှုပ်နေပေမယ့် sehun ကတော့ သူ့အိပ်ရာပေါ် ပြန်လှဲရင်း နဖူးပေါ် လက်တင်ပြီး စဉ်းစားနေမိသည်။

Kim Taemin နဲ့ သူရဲ့ အမွှာညီ...

ဆံပင်အဝါရောင်နဲ့ ရွှေအိုရောင်ဆံပင်...

Huh...

Sehun မျက်လုံးထဲမှာ နှစ်ယောက်ကို ဘယ်လိုမှ ခွဲမရ...

သူသိတာက ရွှေအိုရောင်ဆိုတာ အဝါရောင်ပဲ...
အဝါရောင်ဆိုတာလဲ ရွှေအိုရောင်ပါပဲ ~~~

ဟုတ်တယ် မဟုတ်ဖူးလား..

ဘာများ ကွာခြားလို့လဲ...

Sehun တွေးရင်း သက်ပြင်းချမိသည်။ Kim Taemin ရော Kim Jongin ရော သူ့ရှေ့မှာ နှစ်ယောက် အတူတူရပ်နေရင်တော့ သူ သေချာပေါက် ခွဲခြားနိုင်မှာပါ...

ဒါပေမယ့် Taemin ရဲ့ အမွှာ Jongin က တကယ်ပဲ Luhan ပြောသလို ပုံစံမျိုးလား...

Sehun သက်ပြင်းထပ်ချရင်း ဘေးက သူ့ဖုန်းလေးကိုယူ... IG app လေးကို ဖွင့်.. သူသဘောကျတဲ့ကောင်လေး Taemin ရဲ့ အကောင့်ကို ဝင်ကြည့်ရင်း...ပြုံးနေမိသည်။

အမြဲ တောက်ပပြီး တက်ကြွရွှင်လန်းနေတာပဲ... ပြီးတော့ သူသိလိုက်ရတာက Taemin က အမြဲတမ်း ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ပုံပဲ... ပေါ်ပြူလာဖြစ် မဖြစ်ကတော့ follower တွေ များတာ သက်သေပါပဲ...

Sehun - "aigoo.. ဒီကောင်လေး တကယ့်ကို ချစ်စရာလေး..."

Sehun ကိုကြည့်ရင်း luhan ခေါင်းရမ်းမိသည်။

သူ့ သူငယ်ချင်း Oh Sehun တစ်ယောက်တော့ Kim Taemin ကို အရူးအမူးဖြစ်နေရှာပြီတဲ့လေ....

*****

Jongin ပိတ်ရက်မို့ ဧည့်ခန်းမှာ TV ကြည့်ရင်း ပျင်းလာတာမို့ သူ့အခန်းကို သွားဖို့ လှေကားပေါ်ကိုအတက်... သူ့ရင်ဘတ်ထဲက ရုတ်တရက် အောင့်လာသည်။

Jongin - "အာ့...."

Jongin မခံမရပ်နိုင်အောင် အောင့်လာတာမို့ လှေကားမှာ ဒူးထောက်ထိုင်ချပြီး မျက်လုံးတွေကို အတင်း မှိတ်ထားရင်း သူ့ရင်ဘတ်ကို လက်ကလေးနဲ့ ဖိနှိပ်ထားမိသည်။ သူ့ခန္ဓာကိုယ်အနှံ့ချွေးစေးတွေ ထွက်လာပြီး အသက်ရှုနှုန်းနေတွေပါ တအားမြန်လာသည်။

သူ့ နှလုံးခုန်သံတွေကို သူကိုယ်တိုင်တောင် ပြန်ကြားနေရသည်။

ဘာလို့ ဒီလောက်ထိတောင် နာနေရတာလဲ...

ဘာကြောင့် ရုတ်တရက်ကြီး ရင်ဘတ်ထဲက တအားအောင့်လာရတာလဲ...

Mom - "Omona!!!"

Jongin သူ့အမေ အသံကြားပေမယ့် သူမျက်လုံးဖွင့်မကြည့်နိုင်တော့ပေ...

Mom - "Taemin-ah!!! Jong..Jongin ဘာဖြစ်တာလဲ မသိဘူး... လာကူအုံး...မြန်မြန်...အခုချက်ချင်းလာခဲ့...."

Jongin သူ့ဆီကို ပြေးလာနေတဲ့ ခြေသံတွေကို ကြားလိုက်ရသည်။

"Jongin-ah... အဆင်ပြေရဲ့လား..."

Jongin အခုလှမ်းမေးလိုက်တဲ့ အသံက သူ့အမေအသံလား taemin hyung ရဲ့ အသံပဲလား

သူ ခွဲခြားနိုင်စွမ်းမရှိတော့...

Jongin တစ်ကိုယ်လုံး ကြမ်းပြင်ပေါ် လဲကျသွားရင်း သူနောက်ဆုံးခံစားမိတာက သူ့ဦးခေါင်း ကြမ်းပြင်ပေါ်ကို ထိနေပြီး သူ့အမြင်အာရုံတွေ မှောင်မဲသွားပါတော့သည်။

လှေကားထစ်ခြေရင်းလေးမှာပင် Jongin မေ့မျောသွားခဲ့ပါသည် ~~~

Ep4 END

A/n

ခိခိ... ep4 ထိရောက်ပီကွ!! အခုအပိုင်းလေးတွေက ဇာတ်ရှိန်တက်ဖို့ အရှိန်ယူနေတာဆိုတော့ နည်းနည်းပျင်းစရာကောင်းသွားရင် mianhae yo... ဒါပေမယ့် မကြာခင် ရင်ခုန်ရမယ့် အပိုင်းတွေ လာတော့မှာမို့ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပေးကြပါလို့...^^

Btw.. အနော်လည်း တခါတလေ ဆံပင်အဝါနဲ့ ရွှေအိုရောင်နဲ့ မကွဲဖူး...ဟီးဟီး

Thank you so much for your reading...
Vote ပေးကြတဲ့သူတွေ... comments ပေးကြတဲ့သူတွေ.. reading list ထဲ ထည့်ပေးကြတဲ့သူတွေကို အမြဲ ကျေးဇူးတင်ပါတယ် <3
Also thank you babesis..<3





Continue Reading

You'll Also Like

1.2K 272 3
Có tin đồn lớn! Sakura Haruka có bạn gái rồi! Thậm chí còn ôm hôn nữa cơ!!! Mạc Kỳ Khuê Đăng tải trên nền tảng Wattpad và Face ở page: Lạc vào biển C...
11.5M 336K 68
X10 Series: Arthur Evangelista He dumped me at our own wedding. I left. I met HIM. And there came the SECRET. Do you want you to know about it? Let's...
43.2K 1.5K 100
Classmates turns to Lovers. "I will always love you, FOREVER"
339K 7.7K 33
Bored ako