Ep ^ 1 ^
ဘာလို့ အရာရာ "သူ" ပဲလဲ.....
"ငါ"ဆိုတဲ့ လူကရော....
ဘာလို့များ "ငါ" ဆိုတဲ့လူကျတော့ မဖြစ်နိုင်ရတာလဲ.....
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမွှာတို့အမေ မနက်စာပြင်ရင်း ထမင်းစားပွဲမှာ ထိုင်နေတဲ့ ရွှေအိုရောင်ဆံပင်နဲ့ ကောင်လေးကို လှမ်းခေါ်ပြီး
Omma - "Taemin-ah, ကျောင်းသွားရခါနီးပြီကို jongin ခုထိ မထသေးဖူး.. တော်တော်အအိပ်မက်တဲ့ကလေး...သွားနှိုးလိုက်တော့"
Taemin - "ဟုတ် မေမေ"
Taemin တစ်ယောက် အပေါ်ထပ်က Jongin အခန်းကို သွက်သွက်တက်သွားလိုက်သည်။
အောက်ထပ် ထမင်းစားဝိုင်းတွင်တော့
Dad - "အဲကလေးတော့ မလွယ်ဖူး.. Taemin နဲ့ အခန်းခွဲနေဖို့ ခွင့်ပြုလိုက်တာ မှားပြီ ထင်တယ်...Taemin က စောစောနိုးလို့ မနက်စာစားဖို့ အဆင်သင့်ဖြစ်နေပြီ...သူက ခုထိ မထသေးဖူး..တွေ့လား... ပြီးရင် ကျောင်းက နောက်ကျဦးမယ်...နောက်ဆို Jongin တခုခု တောင်းဆိုရင် ဘာမှ မလုပ်ပေးနဲ့တော့"
အမွှာတို့အမေ ဘာမှ ပြန်မပြောလဲ သက်ပြင်းသာချမိပါတော့သည်။ ဘာလို့ Jongin က Taemin လို လိမ်လိမ်မာမာ မနေရတာလဲ...
*****
အခုဆို Taemin နဲ့ Jongin နဲ့ အခန်းခွဲနေတာ ၃လကျော်ပြီ...အရင်အတူတူနေထဲက Jongin က အစောကြီးမထနိုင်လို့ Taemin ကပဲ နှိုးပေးနေကြ။ ရုတ်တရက်ကြီး Jongin က သူနဲ့ အခန်းခွဲနေချင်တယ်ဆိုတော့ Taemin အံ့ဩမိသည်။ ခုချိန်ထိ Jongin ဘာလို့ အခန်းခွဲနေချင်မှန်း သူစဉ်းစားလို့မရ။ သူပဲ မနက်ပိုင်း အတင်းနှိုးမိလို့လား...ဒါမှမဟုတ် Zico hyung နဲ့တုန်းက ကိစ္စကြောင့်ပဲလား...။
အကြောင်းပြချက်အမှန်ကို သူတကယ်ပဲ သိချင်မိသည်လေ။
*****
Jongin အခန်းရှေ့ရောက်တော့ အလျင်လိုနေတာမို့ Taemin တံခါးမခေါက်ပဲ ဝင်လာလိုက်သည်။ ကုတင်ပေါ်မှာ စောင်ပုံထဲ ကွေးပြီး jongin တစ်ယောက် အိပ်မောကျနေသည်။
Taemin - "Jongin-ah..ထ..ထတော့.. အမေခေါ်နေပြီ...မြန်မြန်ကျောင်းသွားဖို့ ပြင်တော့...မဟုတ်ရင် အမေကိုယ်တိုင် အပေါ်တက်လာလို့ အဆူခံနေရဦးမယ်"
Taemin က အလောတကြီး နှိုးနေပေမယ့် Jongin ကတော့ Taemin မှန်းသိလို့ စောင်ပုံထဲသာ ပိုတိုးဝင်ပစ်လိုက်သည်။
Taemin - "ဟေ့ရောင်... ငါအတည်ပြောနေတာကွ... ထတော့!!"
Taemin က စောင်ကို အတင်းဆွဲပြီး နှိုးတော့မှ
Jongin - "နိုးပြီ...နိုးပြီ.. အောက်ပြန်ဆင်းတော့"
လို့ပြန်ပြောရင်း ကုတင်ပေါ် ထထိုင်နေသည်။ ဒါတောင် မျက်လုံးက ခုထိ မပွင့်သေး။
Taemin - "မဆင်းဘူးကွာ...မင်းကျောင်းသွားဖို့ မပြင်မချင်း ငါမဆင်းဘူး... ငါခုချိန် အောက်ပြန်ဆင်းရင် မင်းပြန်အိပ်ဦးမှာ.. ငါသိတယ်..ရေချိုးပါတော့ကွာနော်...ငါဒီနေ့ ကျောင်းနောက်မကျချင်ဘူးကွ..."
Taemin ဘယ်လိုပြောပြော ပိတ်ထားတဲ့ မျက်လုံးက ပိတ်ထားဆဲ...
(ငါသာ အဲ့လောက်နှိုးနေရရင် ဆွဲသာ မွပစ်လိုက်ပီ..)
Taemin "Jongin-ah... ငါ အမေ့ကိုပဲ ခေါ်လိုက်ရမလား..ဒါမှမဟုတ် အဖေ့..."
Taemin စကားပင်မဆုံးသေး..Jongin မျက်လုံးလေး ပွင့်လာသည်။ အဲ့တော့မှ သူ့ရှေ့မှာ သပ်သပ်ရပ်ရပ် ပေါ့ပေါ့ပါးပါးဝတ်ထားပြီး ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေတဲ့ taemin ကို တွေ့တော့ သူငေးကြည့်နေမိသည်။
ရွှေအိုရောင်ဆံပင်လေးတွေကို ထိပ်ကနေ ကြက်တောင်စည်းလေးစည်းထားပြီး မျက်ဝန်းညိုညိုလေးတွေနဲ့ Jongin ရဲ့ မျက်ဝန်းနက်နက်လေးတွေကို ပြန်လည်စိုက်ကြည့်နေတဲ့
Kim Taemin... မင်း ဘာလို့ အမြဲတမ်း တောက်ပပြီး ကြည့်ကောင်းနေရတာလဲ....
Omma "Jongin-ah!!!!"
Jongin တစ်ယောက် သူအမေအော်သံကြားတော့မှ အိပ်ရာကနေ ရေချိုးခန်းထဲကို ကမန်းကတန်းထပြေးတော့သည်။
ရေချိုးခန်းထဲ မရောက်ခင် Taemin ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူအံ့ဩပြီး Taemin ကို ပြန်လှည့်ကြည့်မိသည်။
Taemin "Jongin နိုးနေပြီ omma... အခု ရေချိုးနေတယ်..."
အခု Taemin က သူ့အဖေနဲ့ အမေရှေ့မှာ သူ့အတွက် ကူပြောပေးလိုက်တာလား?
ဟူး......သူကတော့ ထူးမခြားနား သားဆိုးတစ်ယောက်ပဲလို့ အထင်ခံရဦးမှာပဲလေ...
Taemin "ဘာလုပ်နေတာလဲ... မြန်မြန်သွားချိုးတော့လေ.. ပြီးရင် မနက်စာစားမယ်..ဆင်းလာခဲ့" လို့ ပြောရင်း အောက်ဆင်းသွားသည်။
*****
Jongin တစ်ယောက် ရေချိုးနေရင်း မှန်ထဲကနေ သူ့ခန္ဓာကိုယ်တစ်လျှောက် စီးကျသွားတဲ့ ရေစက်ကလေးတွေ နောက်ကို ငေးရင်း သူ့မျက်နှာ...သူ့နှုတ်ခမ်း..သူ့ခန္ဓာကိုယ်ကို ငေးနေမိသည်။
ဘာလို့များ Taemin နဲ့ မတူရတာလဲ။ Taeminမှာဆို ချစ်ဖို့ကောင်းတဲ့ မျက်နှာသွယ်သွယ်..ဖြောင့်စင်းနေတဲ့နှာတံသွယ်သွယ်... ပြီးတော့ ဖြူဝင်းနေတဲ့ အသားအရေ။ ကျွန်တော်နဲ့ ဘာမှကို မတူတာ။ ရှားရှားပါးပါး နှုတ်ခမ်းထူထူလေးတွေတော့ တူသား။ ဒါပေမယ့်လည်း Taemin ရဲ့ နှုတ်ခမ်းလေးတွေက နှင်းဆီပန်းလေးတွေလို နီနီလေးနဲ့ ဖူးပြီး လှနေတာ။
ကျွန်တော့နှုတ်ခမ်းတွေကသာ~~~~
ဟူး~~~
Jongin တစ်ယောက် ဆက်မတွေးတော့ဘဲ ကျောင်းသွားဖို့ ခပ်မြန်မြန်သာ ပြင်ဆင်လိုက်တော့သည်။
*****
အောက်ထပ်ရောက်တော့ အမွှာတို့အဖေနဲ့ အမေက မနက်စာစားပြီးသွားပေမယ့် Taemin က ခုထိ မစားသေးပေ။
Omma - "Jongin..မြန်မြန်လာစားတော့... ဒီမှာ Taemin က မင်းကို စောင့်နေတာ.."
သူ Taemin ကို တချက်လှမ်းကြည့်လိုက်သည်။
ကျွန်တော် မနက်စာစားဖို့ နောက်ကျတာကို အဆူမခံရအောင် Hyung က အတူတူစားဖို့ စောင့်ပေးတာပေါ့... နောက်ဆုံးတော့ Hyung လို မနက်စောစော မထတဲ့ ကျွန်တော့အမှားပဲပေါ့....
Jongin သူ့အမေဘေးတွင်သာ ဝင်ထိုင်ပြီး မနက်စာ Pancake ပဲ စားနေလိုက်သည်။
Omma "မင်းအတွက်တော့ ရင်လေးပါတယ် Jongin ရယ်... Taemin လို မနက်စောစောထပါလား... ညဘက်တွေ ဘာတွေလုပ်နေလို့လဲ .. Game တွေ ဆော့နေတာလား.."
Jongin အိပ်ရာထနောက်ကျတာ game တွေ ဆော့နေလို့လဲ မဟုတ်ပါ။ သူ့ မူပိုင် Web blog လေးထဲမှာ ဘယ်သူမှ မသိနိုင်တဲ့ သူ့ရင်ထဲက ခံစားချက်တွေ၊ သူ့ရဲ့ အမွှာအစ်ကို Kim Taemin နဲ့ နှိုင်းယှဉ်ခံလိုက်ရတိုင်း မြိုသိပ်ထားခဲ့ရတဲ့ နာကျင်မှုတွေကို စာတိုလေးတွေ ပြန်တင်ရင်း သူ့ဝမ်းနည်းမှုတွေကို ဖြေဖျောက်နေခဲ့တာပါ။ ဖွင့်ပြောရင်လည်း သူက မနာလိုလို့ ပြောတယ်ဆိုပြီး အဆူခံရဦးမှာမို့ သူဘာမှ ပြန်မပြောဘဲ မနက်စာကိုပဲ ဆက်စားနေလိုက်ပါတော့တယ်။
Jongin ဘာပဲလုပ်လုပ် အမြဲအဆူခံနေရတာမို့ အခုလည်း Taemin တစ်ယောက် သူ့အမေကို အာရုံလွှဲတဲ့အနေနဲ့
Taemin "မေမေ...သားကို ပျားရည်ပုလင်းလေး လှမ်းပေးပါလား.."
Omma "Jongin-ah... ပျားရည်ပုလင်းက မင်းဘေးကပုလင်း... Taemin ကို လှမ်းယူပေးလိုက်... ကိုယ့်အတွက်ပဲ အများကြီး မယူထားနဲ့နော်...မင်းအစ်ကိုက မင်းကို စောင့်နေလို့ ခုထိ ဘာမှ စားရသေးတာမဟုတ်ဘူး.."
Oooops....
ကြားလိုက်ရတဲ့စကားကြောင့် ငိုချင်လောက်အောင် ဝမ်းနည်းသွားပေမယ့် ကျွန်တော်မငိုတော့ပါ။
ပျားရည်ပုလင်းကို မြန်မြန်ယူပေးပြီးသာ မနက်စာကို ဆက်စားနေလိုက်သည်။
Taemin Hyung က ဖေဖေနဲ့မေမေရဲ့ ပိုအလေးပေးခံရတာ ကျွန်တော့အတွက် ပထမဆုံးအကြိမ်မှ မဟုတ်တော့ဘဲလေ။
*****
Taemin နဲ့ Jongin ကျောင်းရောက်တော့ အခန်းမတူတာကြောင့်
Taemin "Jongin-ah...Bye bye"
Taemin က ပြုံးပြရင်း နှုတ်ဆက်ပေမယ့် Jongin ကတော့ သူ့အတန်းဘက်ကိုသာ သူလျှောက်လာလိုက်တော့သည်။
ကျန်ခဲ့တဲ့ Taemin က သူ့အမွှာညီ Jongin ရဲ့ ကျောပြင်ကို ငေးရင်းသာ စိတ်မကောင်းဖြစ်နေမိသည်။ အခုနောက်ပိုင်း Jongin နဲ့ သူနဲ့ အနေစိမ်းနေတာ အတော်ကြာပြီ။ တချို့ရက်တွေဆို စကားတောင် မပြောဖြစ်။
Zico hyung ကိစ္စကြောင့်ပဲလား။
ဒါမယ့် Zico Hyung က taemin ကိုမှ သဘောကျမိသွားတာ သူ့အမှားမှ မဟုတ်တာ။ ပြီးတော့ Jongin ကလည်း Zico hyung ကို သဘောကျနေမှန်း သူမှ မသိခဲ့ဘဲ။ jongin ကိုယ်တိုင်ကလဲ သူ့ခံစားချက်ကို ဘယ်သူ့ကိုမှ ပြောမပြခဲ့ဖူးတာ။ သူ့ကို သဘောကျတဲ့သူတွေမှ အများကြီး.. Jongin ခံစားချက်တွေကိုသာ သူကြိုသိခဲ့ရင် Zico hyung ကို လက်ခံခဲ့မှာ မဟုတ်ဘူးလေ။
သူ့အတွေးမဆုံးခင် အနားရောက်လာတဲ့သူကို ကြည့်လိုက်တော့ သူ့သူငယ်ချင်း
Key "အခုထိ ဆက်ဆံရေးက ကျဲနေတုန်းပဲပေါ့... မင်းကို စိတ်ဆိုးမပြေသေးဖူးထင်တယ် Taemin-ah"
Taemin " ဟုတ်မယ်ထင်တယ်ကွာ..."
Key "ထားလိုက်ပါကွာ...မင်းအမှားမှ မဟုတ်ခဲ့တာ... Jongin က Zico hyung ကို သဘောကျတယ်ဆိုကွာ တစ်ယောက်ယောက်ကို သူပြောပြထားမှာပေါ့... အနည်းဆုံးတော့ မင်းကို ဖြစ်ဖြစ် သူပြောပြထားသင့်တာပဲဟာ...မင်းညီကိုက ကလေးဆန်နေတာပါကွာ..."
Kay ပြောတာကို နားထောင်ရင်း သူနည်းနည်းတော့ စိတ်ဆိုးမိသည်။
အမှန်ဆို သူတို့အမွှာပဲဟာ... Jongin သူ့ကိုတော့ ပြောပြသင့်တယ်မဟုတ်ဘူးလား...
Kay "Jongin ကို ခဏ လွှတ်ထားပေးလိုက်ပါကွာ...လာ ငါတို့ အတန်းထဲပဲ သွားရအောင်..နောက်ကျနေဦးမယ်.."
Taemin သက်ပြင်းချပြီးသာ Key နဲ့အတူ အခန်းဆီကိုပဲ ခြေဦးလှည့်ခဲ့ပါတော့သည်။
*****
Jongin အခန်းထဲရောက်လို့ ကြည့်လိုက်တော့ အားလုံးက သူငယ်ချင်းကိုယ်စီနဲ့ အတူထိုင်ပြီးနေကြပြီ။
အေးလေ...Kim jongin ဆိုတဲ့ ကျွန်တောရဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူဆိုတာ ရှိမှ မရှိခဲ့ဘဲ။ အဲ့တော့ ထုံးစံအတိုင်း တစ်ယောက်ထဲ ထိုင်နေတဲ့ Kyungsoo ဘေးကိုပဲ သူဝင်ထိုင်လိုက်သည်။
Kyungsoo နဲ့ နှစ်တိုင်း အတူထိုင်ဖြစ်ပေမယ့် တအားရင်းနှီးတဲ့ သူတွေတော့ မဟုတ်ပါ။ Kyungsoo က အနေအေးပြီး အချိန်တိုင်း စာဖတ်နေတာများသည်။ အခုလည်း ကျောင်းစတက်တဲ့နေ့ကို ဘာစာအုပ်မို့ အသည်းအသန်ဖတ်နေလဲ မသိ။ ကျွန်တော်လဲ မနှောင့်ယှက်ချင်တာမို့ ဆရာ မလာခင်မှောက်သာအိပ်နေလိုက်သည်။
G1 "OMG... Taemin က ငါ့ရဲ့ IG request ကို လက်ခံပြီး ပြန် follow သွားတယ်ဟ..."
G2 "တကယ်ကြီး!!! ဟဲ့ ဟဲ့ အိနြေ္ဒလေးဘာလေးလဲ ဆည်ဦး ...အဲ့လောက်တောင် ပျော်လား..."
G3 "ပျော်မှာပေါ့ဟ... Taemin က ပုံမှန်ဆို request ပဲ လက်ခံတာ...ခုက ပြန်ပါ follow သွားတာကြီးကို..."
G1 "ငါမနေ့က သူနဲ့ English class တူတူပဲဟ... ငါ့ကိုသတိမထားမိဘူးထင်တာ...ခုပြန် follow တယ်ဆိုတော့....ဟီးဟီး.."
Jongin မှောက်အိပ်နေပေမယ့် အိပ်ချင်ယောင်ဆောင်နေတာမို့ သူအတန်းထဲက သူတွေပြောတာကို ကြားနေရသည်။သူဆက်နားမထောင်ချင်ပါ...
ဘာလို့ လူတိုင်းက Taemin ကိုပဲ သဘောကျတာလဲ...
Taemin ကိုပဲ ဦးစားပေးကြတာလဲ...
တကယ်ဆို Taemin က ကျွန်တော့ရဲ့ အမွှာပဲ မဟုတ်ဘူးလား...
ကျွန်တော်ကရော...
ကျွန်တော်ဆိုတဲ့ လူရဲ့ ဖြစ်တည်မှုကရော...
ကျွန်တော်က အလေးပေးမှုနဲ့ မထိုက်တန်တဲ့ အမြဲ လျစ်လျူရှုခံရတဲ့ Taemin ရဲ့ Ugly Twin ပဲပေါ့လေ...
Jongin တွေးရင်း မျက်ဝန်းထဲ မျက်ရည်တွေ ပြည့်တက်လာတာမို့ သူ Toilet ကိုသာ ထွက်လာခဲ့လိုက်သည်။ အဲ့မှာဆို သူ လွတ်လွတ်လပ်လပ် ငိုလို့ရသည်လေ..
သူငိုရတိုင်း အမြဲတွေးမိသည်။ ဒီလို နာကျင်မှုတွေနဲ့ တဖြေးဖြေး အသားကျသွားမှာပါ... Taemin ရဲ့ အရိပ်အဖြစ် ရှင်သန်နေရတာကနေ သူရုန်းထွက်နိုင်မှာပါလို့ ထင်ထားပေမယ့် အဆုံးတော့ နာကျင်မြဲ နာကျင်ရသူက သူပဲဖြစ်သည်။ အမြဲတမ်း လစ်လျူရှုခံရတဲ့သူ အမြဲတမ်း တခြားသူတစ်ယောက်ရဲ့ အရိပ်လို နေရတဲ့ အရှုံးသမားက သူ... ထာဝရ Kim taemin ရဲ့ အရိပ်ဖြစ်တဲ့ Kim Jongin ဆိုတဲ့ သူပဲ ဖြစ်ပါသည်။
အခု ကျောင်းခေါင်းလောင်းတီးသံကြားပေမယ့် သူဂရုမစိုက်တော့ပါ...ငိုထားလို့ သူ့မျက်လုံးတွေ နီရဲပြီး ဖောင်းနေမှာ သေချာသည်။ သူအတန်းထဲလည်း ပြန်မသွားချင်သေးပါ။ ခဏကြာလို့ ဘာသံမှ မကြားတော့မှ သူထွက်လာပြီး မှန်ထဲကနေ သူ့ပုံရိပ်ကို သူငေးကြည့်နေမိသည်။
မင်းရဲ့ ဖြစ်တည်မှုက Kim Jongin လား...
Kim taemin ရဲ့ အမွှာသပ်သပ်ပဲလား...
ကျွန်တော် ဝင်လာတဲ့ အတွေးတွေကို မောင်းထုတ်ပြီး ငိုထားတာ မသိသာအောင် ရေအေးအေးလေးနဲ့ မျက်နှာကို သစ်လိုက်သည်။
ရုတ်တရက်..... ကျွန်တော့ ခြေထောက်တွေ ယိုင်လာပြီး ကြမ်းပြင်ပေါ်ကို ပုံလျက်သား ခွေကျသွားသည်။ နှလုံးခုန်သံတွေ ရုတ်တရက်ကြီး မြန်လာတာ.. ကျွန်တော့ နှလုံးခုန်သံကိုပင် ကျွန်တော့နားနဲ့ ပြန်ကြားနေရသည်။ အခုတလော ကျွန်တော့်ခဏခဏ အဲ့လိုဖြစ်သည်။ ဘာမှမဟုတ်တာလေးနဲ့ တအားပင်ပန်းနေတတ်ပြီး အရမ်းအားနည်းနေသလို ခံစားရသည်။
Boy "Oh my god .. အဆင်ပြေရဲ့လား..."
အသံကြားလို့ မော့ကြည်လိုက်တော့ Toilet တံခါးအဝမှာ ကျွန်တော့်အတွက် စိုးရိမ်ပြီး ကြည့်နေတဲ့ ကောင်လေးတစ်ယောက်...ချက်ချင်း သူ့ဘောင်းဘီထဲက လက်ကိုင်ပုဝါထုတ်ရင်း ကျွန်တော်ဆီပြေးလာရင်း..
Boy "မင်း ချွေးစီးတွေနဲ့ စိုရွှဲနေတာပဲ... "
ကျွန်တော့အတွက် စိတ်ပူပူနဲ့ ပြောရင်း သူကိုယ်တိုင် ကျွန်တော့မျက်နှာက ချွေးစေးတွေ သုတ်ပေးနေသည်။
Boy "အဆင်ပြေရဲ့လား... လာ...ငါ မင်းကို ကျောင်းဆေးခန်းလိုက်ပို့ပေးမယ်.."
Jongin ဘာပြန်ပြောရမှန်းမသိ... ခေါင်းညိမ့်ပြလိုက်တော့မှ အဲ့ဆံပင်ရွှေအိုရောင်နဲ့ ကောင်လေးက Jongin ကို လက်မောင်းကနေတွဲရင်း ကျောင်းဆေးခန်းကို လိုက်ပို့ပေးသည်။
ကျောင်းဆေးခန်းရောက်တော့ Jongin ကို ခုတင်ပေါ်ခဏလှဲခိုင်းထားပြီး..
Boy " ငါ Doctor ကို သွားခေါ်လိုက်ဦးမယ်နော်.. ဒီမှာ လှဲရင်း ခဏစောင့်..."
ပြောရင်း ပြေးထွက်သွားသည်။
Jongin ကတော့ အဲ့ကောင်လေး ထွက်သွားတဲ့ တံခါးလေးကို ငေးကြည့်ရင်း ကျန်ခဲ့လေသည်။
ခဏကြာတော့... Doctor ဝင်လာပြီး..
Doc "ကျောင်းသား.. Doc ကို ဘာဖြစ်လဲ ပြောပြ..."
Jongin "ဘာမှတော့ မဟုတ်ပါဘူး... ဒီတိုင်း အကိုက်အခဲပျောက်ဆေးသောက်လိုက်ရင် ကောင်းသွားမှာပါ..."
Doctor လည်း ခေါင်းညိမ့်ပြရင်း ဆေးထားတဲ့ ဘက်ကို ခဏ ထွက်သွားသည်။
သူ့နှလုံးခုန်သံ တဖြေးဖြေး ပုံမှန်ဖြစ်လာတော့မှ သူ့လက်ထဲက ပုဝါလေးကို သူသတိရမိသည်။ ဆံပင်ရွှေရောင်နဲ့ကောင်လေး ပဝါကို မေ့ကျန်ခဲ့တာပဲ....
သူသေချာကြည့်မိတော့ ပဝါလေးက အပြာနုရောင် ရိုးရှင်းတဲ့ လက်ကိုင်ပါဝါလေး... ပဝါလေးပေါ် တခုတည်းသော နေရာယူထားတာက
Oh Sehun ဆိုတဲ့ စာလုံးလေး ...
ဒါ သူ့နာမည်များလား...
Jongin တစ်ယောက်စဉ်းစားရင်း အဲ့ကောင်လေးရဲ့ သူ့အတွက် စိုးရိမ်နေတဲ့အကြည့်တွေ စိတ်ပူနေတဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်မိတော့ သူပြုံးမိရင်း ပါးနှစ်ဖက်လုံး နီရဲပြီး ပူလာသလို ခံစားရသည်။ အရင်ကဆို Taemin နဲ့ သူ့အချစ်ဆုံး သူငယ်ချင်း Chanyeol ကလွဲရင် သူ့ကို ဘယ်သူမှ ဂရုစိုက်ခဲ့တာမဟုတ်။ မေတ္တာတရားတွေအပြည့်နဲ့ မျက်ဝန်းတစ်စုံကို သူစိမ်းတစ်ယောက်ဆီက သူပထမဆုံးရရှိခဲ့တာ ဖြစ်သည်။
Oh Sehun လို့ ထိုးထားတဲ့ အပြာနုရောင် လက်ကိုင်ပဝါ ပိုင်ရှင်ကောင်လေးကို သူတကယ် ကျေးဇူးတင်မိသည်လေ။
ထိုအချိန်တွင်
Doc "ကျောင်းသား... ရော့ ဆေးသောက်လိုက်... ပြီးရင် ဒီမှာပဲ ခဏလှဲပြီး နားနေလိုက်ဦးနော်.."
Jongin ခေါင်းညိမ့်ပြရင်း ဆေးယူသောက်လိုက်သည်။
လက်ကိုင်ပဝါလေးကို လက်ထဲ ဆုပ်ကိုင်ထားရင်း သူမျက်လုံးလေး မှိတ်ပြီး ဆက်လှဲနေလိုက်သည်။
အတွေးထဲမှာတော့ သူဒီနေ့ အဖြစ်အပျက်လေးကို Chanyeol ဆီ တအားပြောပြချင်နေမိသည်လေ~~~~
Ep 1 END
" Twins are not meant to be compared. They are both still a different person. They shouldn't be the same or life will be boring. Give them a break, please."
ဒီ Note လေးက original author ရဲ့ note လေးပါ..သဘောကျလွန်းလို့ ep1 မှာ တွဲတင်ပေးလိုက်ပါတယ်~~~
Thank you for your reading^^
Please feel free to Vote & commenrs^^
စပါးလင်အမှားလေးတွေ ရှိရင်လည်း ခွင့်လွှတ်ပေးကြပါ..
Also Thank you my Babe sis <3